မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

နေပူရင် ထိခိုက်တာက အသားအရေလို့ပဲ အများက ယူဆထားကြပါတယ်။ တကယ်ကတော့ နေပူဒဏ်ကြောင့် ထိခိုက်တဲ့ထဲမှာ အသားအရေ၊ ဆံသား နဲ့ မျက်လုံးတွေပါ ထိခိုက်တာပါ။ နွေရဲ့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်စေတာကို သိထားကြပေမယ့် မျက်လုံးတွေကို ထိခိုက်တာကိုတော့ သတိထားမိသူ ရှားပါတယ်။ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အပူဒဏ်ကြောင့် မျက်လုံးတွေ မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေအပူဒဏ်ကြောင့် မျက်လုံးမှာ ဘယ်လို ပြဿနာတွေ ခံစားရနိုင်လဲ နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်ကြည်လွှာ နေလောင်တာ မျက်လုံးခြောက်တာ မျက်လုံးပြာတာ မျက်လုံးတွေ ယားတာ မျက်လုံး ကျိန်းစပ်တာ မျက်လုံး အောင့်တာ အမြင်အာရုံတွေ ဝေဝါးတာလိုမျိုး မျက်စိပြဿနာတွေ ခံစားရနိုင်ပါတယ်။ နေပူဒဏ်ကြောင့် […]

မျက်စိကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

အခြားမျက်လုံးပြဿနာများ

ရေချိုးပြီးတိုင်း မျက်လုံးနီ နေရတဲ့ အကြောင်းအရင်း

ရေချိုးပြီးတိုင်း မျက်လုံးရဲ တတ်တဲ့သူများ ရှိပါသလား။ ဒါဆိုရင်တော့ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတော်တော်များများက ရေချိုးပြီးရင် မျက်လုံးရဲတတ်ကြပါတယ်။ တစ်ဖက်တည်း ဒါမှမဟုတ် နှစ်ဖက်လုံး ဖြစ်တတ်ပါတယ်။ တစ်ခါတလေ မျက်လုံးကြီးသိပ်ရဲနေတာကြောင့် လေများဖြတ်ချင်နေတာလား (အထူးသဖြင့် လူကြီးတွေမှာ)ဆိုပြီး တွေးတတ်ကြပါတယ်။ ဒါဟာ ဘာကြောင့်လဲ။ သူများတွေ ပြောသလို အန္တရာယ်ရှိတဲ့ အခြေအနေလားဆိုတာ ကြည့်ကြရအောင်။ မျက်လုံးဘာကြောင့်ရဲရတာလဲ။ မျက်လုံးရဲရတဲ့ အကြောင်းတွေကတော့ အများကြီးပါပဲ။ မျက်လုံးခြောက်တာ နေရောင်ထဲ ထွက်တာများတာ ဖုန်ဝင်တာ ဓာတ်မတည့်တာ ပိုးဝင်တာ ထိခိုက်မိတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါတွေထဲမှာ မပါတာကတော့ ရေချိုးပြီးရင်လည်း မျက်လုံးရဲတတ်တယ်ဆိုတာပါပဲ။ ရေချိုးပြီးရင် ဘာကြောင့် မျက်လုံးရဲရတာလဲ။ ရေမသန့်တာ တစ်ခါတလေမှာ သင်ချိုးတဲ့ ရေထဲမှာ အမှုန်တွေ၊ အမှိုက်သေးသေးလေးတွေ ပါနေတတ်ပါတယ်။ ဒါလေးတွေ မျက်လုံးထဲကို ဝင်လာတဲ့အခါ မျက်သားကို ကလိကလိ ဖြစ်စေပါတယ်။ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်မှန်တပ်သူတိုင်း သိထားဖို့ လိုတဲ့ ဆောင်ရန်၊ ရှောင်ရန်များ

မျက်မှန်တပ်တယ်ဆိုတာ သိပ်ပြီး ထူးဆန်းတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ အသက်အရွယ် သို့မဟုတ် နေထိုင်တဲ့ပုံစံအရ မျက်စိအမြင်အာရုံတွေ မှုန်ဝါးလာတာ၊ မျက်စိစွေတာ၊ မွေးရာပါ မျက်စိအမြင်အာရုံ ပြဿနာရှိနေတာ စတဲ့ ပြဿနာများကြောင့် မျက်မှန်တပ်လာကြတဲ့သူတွေ များပါတယ်။ အရင်တုန်းကတော့ လူကြီးပိုင်းတွေမှာသာ မျက်မှန်တပ်တာများပြီး ဒီဘက်ခေတ်မှာတော့ လူငယ်တွေပါ မျက်မှန်တွေ အတပ်များလာတာကို တွေ့ရပါတယ်။ မျက်မှန်တပ်တော့မယ်ဆိုရင် သို့မဟုတ် မျက်မှန်တပ်နေသူတိုင်း ဘာတွေ သိထားသင့်လဲ။ ၁။ မျက်မှန်ကိုင်း အမျိုးအစားကို သေချာရွေးချယ်ပါ။ မျက်မှန်ကို အချိန်ကြာရှည်စွာ တပ်ထားရတဲ့အခါ မျက်စိအာရုံကြောသာမက နားထင်စပ်တွေပါ နာပြီး ညောင်းကိုက်လာတတ်ပါတယ်။ ဒီအတွက် မျက်မှန်ကိုင်းကို တတ်နိုင်သလောက် ပါးတာမျိုးပဲ ရွေးတပ်ပေးပါ။ နောက်ထပ် ကောင်းတာတစ်ချက်က ပါးပြီးသေးတဲ့ မျက်မှန်ကိုင်းတွေမှာ အသုံးပြုရတဲ့ မှန်တွေကလည်း ပါးတဲ့အတွက် တော်ရုံ မျက်စိအားမစိုက်ရသလို မျက်စိပါဝါတက်တာလည်း သိပ်မမြန်တော့ပါဘူး။ ၂။ […]


အခြားမျက်လုံးပြဿနာများ

ခေါင်းဆောင့်ပြီးနောက် မျက်လုံးထဲ ကြယ်တာရာတွေမြင်လာရတဲ့အခါ

ကာတွန်းကားကြည့်ဖူးတဲ့သူ အများစု ဒီဖြစ်စဉ်ကို တွေ့ကြုံဖူးကြမှာပါ။ ဇာတ်ကောင် ကာတွန်းလေးတွေ တစ်ခုခုနဲ့ ခေါင်းကို ပြင်းထန်စွာ ဆောင့်မိလိုက်တဲ့အခါ ခေါင်းပေါ်မှာ ကြယ်တာရာလေးတွေ တန်းစီပေါ်လာပြီး လဲကျသွားတာမျိုးပေါ့။ တကယ်လည်း အပြင်မှာ ဒီလိုဖြစ်စဉ်မျိုးတွေ ရှိနိုင်ပါတယ်။ ကာတွန်းကားနဲ့တော့ လုံးဝ ဆင်တူတာမျိုး မဟုတ်ပါဘူး။ လောကကြီးမှာ ဖြစ်တဲ့ပုံစံက တစ်ခုခုနဲ့ ဆောင့်မိရင် မျက်လုံးထဲ ကြယ်လေးတွေ လက်သလို အဖြူရောင်အမှုန်လေးတွေ လက်လက်ထလာတာမျိုးကို မြင်နေရတာမျိုးပါ။ ဒီလို ဖြစ်ရခြင်းဟာ ဦးခေါင်းကို ဆောင့်မိတဲ့အခါ မျက်စိအာရုံကြောကိုပါ သွားပြီးထိခိုက်မိတဲ့အထိ ပြင်းထန်သွားတာကြောင့်ပါ။ မျက်ဆံထဲမှာရှိတဲ့ ဂျယ်လ်တွေက မျက်လွှာကို ဆွဲမိသလို ဖြစ်တဲ့အခါမှာလည်း ဒီလိုဖြစ်တတ်ပါတယ်။ ၁။ ဦးခေါင်းကို ထိခိုက်မိခြင်း ဦးခေါင်းကို မာကြောတဲ့ အရာဝတ္ထုတစ်ခုခုနဲ့ ပြင်းထန်စွာ ထိခိုက်မိတဲ့အခါ နီးစပ်ရာ ဦးနှောက်အပြင် အာရုံကြောတွေကိုပါ ကမောက်ကမ ဖြစ်သွားစေပါတယ်။ […]


အခြားမျက်လုံးပြဿနာများ

ညမအိပ်တဲ့ ဇီးကွက်လေးတို့ မျက်စိ မထိခိုက်ကြစေဖို့

ညဆို တော်တော်နဲ့ မအိပ်တဲ့ ဇီးကွက်လေးတို့ရေ။ ယူတို့က မအိပ်ရုံတင် မကဘူး၊ မျက်စိ ကို အမျိုးစုံ အသုံးချလေ့ရှိကြတာနော်။ တစ်နေကုန် အသုံးပြုနေရတဲ့ မျက်လုံးလေးတွေကလေ လူအိပ်ချိန်မှာမှ နားရတာပါ။ ဒါကို အိပ်လည်းမပျော်ရော တီဗီကြည့်လိုက်၊ စာဖတ်လိုက်၊ ဖုန်းကြည့်လိုက်၊ ကွန်ပျူတာ ကြည့်လိုက်နဲ့ တစ်နေ့လုံးစာထက်တောင် ပိုပင်ပန်းနေရရှာတာပေါ့။ ဘာဆက်ဖြစ်လာမလဲ ဘာဖြစ်ရမလဲ… မနက်ကျ အဲဒီမျက်လုံးက ကြည့်လို့ မကောင်းတော့ဘူး၊ အိပ်ရေးပျက်တော့ မျက်စိ တွေ ကျိန်းစပ်၊ မျက်ရည်ခြောက်သွေ့၊ အမြင်အာရုံမကောင်း၊ အာရုံစူးစိုက်ကြည့်လို့မရ၊ မျက်ရည်ပူတွေကျ၊ မျက်လုံးအောင့်တာတွေ တစ်ခုမဟုတ် တစ်ခု ဖြစ်ပြီး အလုပ်လုပ်လို့ ဘယ်ကောင်းတော့မှာလဲ။ ဒီလိုဖြစ်နေရတဲ့ ယူတို့အတွက် အသုံးဝင်မယ့် နည်းလေးတွေက - မျက်လုံး အဖွင့်အပိတ် လုပ်ပေးပါ မျက်လုံး ထဲမှာ ခိုးလိုးခုလု ဖြစ်နေတယ်လို့ ခံစားနေရပြီး ကျိန်းစပ်သလို၊ အောင့်သလို ခံစားနေရရင် […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်စိ ကျန်းမာ စေဖို့ ဘာတွေ လုပ်လေ့ ရှိကြလဲ

ဘာလုပ်ကြမလဲ ဆိုတော့လေ။ မျက်စိက ကြည့်လို့ မကောင်းတာ၊ မျက်သားခြောက်သွေ့တာ၊ မျက်ရိုးကိုက်တာ၊ မျက်လုံးအောင့်တာ၊ မှုန်ဝါးတာတွေအတွက် မျက်စိ အားဆေး ဝယ်သောက်မယ်၊ မျက်စဉ်း ခတ်မယ်လေ။ မရရင် ဆေးခန်းပြမယ်၊ မျက်မှန် လုပ်မယ်။ ဒါပေမယ့် လိုအပ်ချက်တွေ ရှိလို့ ဆန္ဒပြနေတဲ့ ကိုယ့် ခန္ဓာကိုယ်ကို ချော့ရကောင်းမှန်း မသိကြပါဘူး။ လိုအပ်နေတဲ့ အာဟာရတွေကို ပြန်ဖြည့်ပေးမယ်၊ လွဲမှားနေတဲ့ အမူအကျင့်တွေကို ပြန်ပြင်မယ် ဆို ဆေးတွေ မလိုအပ်ခင် တော်ရုံတန်ရုံ ပြဿနာတွေကို အလိုလို ကုသနိုင်ပါတယ်နော်။ မျက်စိ ကျန်းမာဖို့ ဒါတွေ ဂရုစိုက်လိုက်ပါ (၁) အသီးအရွက် နဲ့ အာဟာရ ဖြစ်တာတွေ များများ စားပါ အစားအသောက် ဆိုတာ ကိုယ့်ကျန်းမာရေးကို ကောင်းအောင်လည်း လုပ်ပေးနိုင်သလို ဆိုးအောင်လည်း လုပ်ပေးနိုင်တဲ့အရာတွေပါ။ အားလုံးသိကြတဲ့ အတိုင်း […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

Contact lenses လို့ခေါ်တဲ့ မျက်ကပ်မှန် လေးတွေ တပ်မယ်ဆိုရင်

နောက်ပိုင်းမှာ မျက်ကပ်မှန် လေးတွေကို အနီးမှုန်၊ အဝေးမှုန် ပါဝါတွေကြောင့်ရော၊ ပါဝါမပါဘဲ အလှအနေနဲ့ရော တပ်ဆင်လာကြပါတယ်။ တချို့ကတော့ မျက်ကပ်မှန်တပ်ရမှာ ကြောက်ကြပေမယ့် တချို့ကတော့ မျက်မှန်အလေးကြီးတွေအစား ပေါ့ပါးတဲ့မျက်ကပ်မှန်လေးတွေတပ်ရတာကို ပိုကြိုက်နှစ်သက်ကြပါတယ်။ ဒါ့အပြင် မျက်လုံးကို အရောင်မျိုးစုံ ဒီဇိုင်းမျိုးစုံ အလှဆင်နိုင်တဲ့အတွက်လည်း မျက်ကပ်မှန်တွေက လူငယ်တွေကြားမှာ ပိုပြီး ခေတ်စားလာခဲ့ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မျက်ကပ်မှန်တပ်လေ့ရှိတဲ့ သူတွေအတွက် အန္တရာယ်မဖြစ်စေဖို့အတွက် ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာပါ။ hello ဆရာဝန် ပရိသတ်ကြီးထဲမှာလည်း မျက်ကပ်မှန်လေးတွေ တပ်တဲ့ သူတွေ ရှိမယ်ဆိုရင် ဒီဆောင်းပါးလေးကို မဖြစ်မနေဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ မျက်ကပ်မှန်တွေဟာ သေသေချာချာဂရုမစိုက်ဘူးဆိုရင် (သို့) မမှန်ကန်တဲ့ တပ်ဆင်နည်း၊ သိမ်းဆည်းနည်းတွေနဲ့ အသုံးပြုမယ်ဆိုရင် မျက်လုံးကို ထိခိုက်စေတဲ့အပြင် မျက်လုံးထဲကို ပိုးဝင်စေနိုင်ပြီး ဆိုးရွားတဲ့ နောက်ဆက်တွဲတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် […]


မျက်စိရောဂါများ

သင်က colour blind တစ်ယောက်လား။

ငယ်ငယ်တုန်းကဆို သူငယ်ချင်း အချင်းချင်း အရောင်တွေ မှားပြောနေပြီဆိုရင် နင်က colour blind လား လို့ စ လေ့ရှိတယ်ဟုတ်။ ပတ်ဝန်းကျင်မှာ colour blindလေးတွေ တွေ့ဖူးကြလားမသိ။ သူတို့က blindလို့ ပြောပေမယ့် အရောင်တွေကို မမြင်ရတာ မဟုတ်ပါဘူး။ အရောင်တွေကို မြင်ရပါတယ်။ တချို့အရောင်တွေကို အမျိုးအမည် မခွဲနိုင်တာပါ။ အမြင်အာရုံလည်း တခြား လူတွေလို ပုံမှန်ပါပဲ။ ချို့ယွင်းချက်လေး တစ်ခုဖြစ်သွားလို့ မမြင်ရတော့တာပါ။ သူတို့အကြောင်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အနားမှာ colour blind သူငယ်ချင်းလေး တစ်ယောက်လောက် ရှိရင် ကူညီပေးနိုင်အောင် ကြည့်ကြည့်ရအောင်။ Colour blind က ဘာကြောင့် ဖြစ်တာလဲ။ အဓိကကတော့ မျိုးရိုးဗီဇကြောင့်ပါပဲ။ မိဘ (အထူးသဖြင့် အမေ)ဆီမှာ မျိုးဗီဇရှိနေရင် သားသမီးဆီကို ရောက်သွားပြီး […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

နေကာမျက်မှန် ကို ဘာကြောင့်တပ်သင့်သလဲ။

နွေတုန်းကဆို ပူလိုက်တာမှ ခေါင်းတွေပါ ကိုက်လာတဲ့အထိပဲ။ နားထင်ကြောတွေထင်းပြီး မျက်လုံးတွေပါ ဝါးလာတယ်ဟုတ်။ နွေရာသီမှာ ထီးတွေဆောင်း suncreamတွေ လိမ်းကြပေမယ့် မသိလိုက် မသိလိုက်ဘာသာနဲ့ ဂရုစိုက်ဖို့ လွတ်သွားတာ ရှိပါတယ်။ ဒါကတော့ မျက်လုံးပါ။ မျက်လုံးကို တော်ရုံတန်ရုံ ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ မျက်လုံးကို အပူဒဏ်က ကာကွယ်ဖို့ဆိုရင် နေကာမျက်မှန် တပ်ရမှာပါ။ အရင်ကတော့ နေကာမျက်မှန်ဆိုတာ ဖက်ရှင်တစ်ခုလို စတိုင်ထုတ်ပြီး တပ်ကြပေမယ့် အောက်က ဆောင်းပါးကို ဖတ်ပြီးသွားရင်တော့ ကျန်းမာရေးအရလည်း နေကာမျက်မှန်ဆိုတာ လိုပါလားလို့ သိသွားမှာပါ။ နေကာမျက်မှန် ဝယ်မယ်ဆိုရင် အဲ့တာ အရင်မပြောခင် အရင်ဆုံး နေကာမျက်မှန်ကို ဘယ်လို ရွေးရမလဲဆိုတာ ပြောပြပေးပါ့မယ်။ မျက်နှာနဲ့ လိုက်ဖက်တာတွေ၊ brandတွေကို ခဏထားပြီး ကျန်းမာရေး အရ သင့်တော်တဲ့ နေကာမျက်မှန်ကို အရင်ရွေးရအောင်။ […]


မျက်စိရောဂါများ

မျက်သားတက် တာ စိုးရိမ်ရလား

မျက်လုံးရဲ့ အဖြူသားပေါ်မှာ အကြည်ရောင်တြိဂံပုံ အဖတ်လေး ကပ်နေတာ မြင်ဖူးပါသလား။ အထူးသဖြင့် လူကြီးတွေမှာပေါ့။ တစ်ခါတစ်လေဆို မျက်ဆံအမည်းပေါ်ထိတောင် ရောက်လာတယ်လေ။ ဒါကို မျက်သားတက် တယ်လို့ ခေါ်ပါတယ်။ လူကြီးတွေကတော့ မျက်လုံးမှာ တစ်ခုခုကပ်နေတယ်ဆိုပြီး ပြောတတ်ကြပါတယ်။ သူတို့က စိတ်ထဲမှာ တစ်ခုခု ဖြစ်သွားမှာကို ကြောက်တတ်ကြပါတယ်။ တကယ်တော့ မျက်သားတက်တာက လူကို ဒုက္ခပေးလေ့မရှိပါဘူး။ တစ်ခါတစ်လေ သူ့ဟာသူ အလိုလို ပျောက်သွားတာမျိုးလည်း ရှိပါတယ်။ မပျောက်လည်း  ထူးထူးခြားခြား ခံစားရတာမျိုးမရှိရင် အရေးတယူကုနေစရာ မလိုပါဘူး။ ဒါပေမယ့် မျက်သားတက်တာကြောင့် မျက်လုံးထဲမှာ ခုလုခုလုဖြစ်နေပြီး နေလို့မကောင်းရင်၊ မျက်စိကြည့်လို့မကောင်းရင်တော့ ဒါကို ဖယ်ထုတ်နိုင်ပါတယ်။ ဘာကြောင့် မျက်သားတက် တာလဲ။ မျက်သားတက်ရတဲ့ အကြောင်းအရင်းကိုတော့ အသေအချာ မပြောနိုင်ကြသေးပါဘူး။ အပြောများတဲ့ကိစ္စတစ်ခုကတော့ UV lightက မျက်သားတက်တာကို ပိုဆိုးစေပါတယ်တဲ့။ […]


မျက်စိရောဂါများ

မျက်ကြောဆွဲ ခြင်း

မျက်ခွံလေး အကြောမဆွဲလိုက်နဲ့။ ငါတော့ မျက်ခုံးလှုပ်နေပြီ ဘာဖြစ်တော့မလဲမသိဘူးလို့ တွေးဖူးကြတယ်ဟုတ်။ မျက်ခွံမှာ ရှိတာတွေက ကြွက်သားတွေပါ။ ဒီကြွက်သားတွေကြောင့် မျက်လုံးအဖွင့်အပိတ် လုပ်လို့ရတာပေါ့။ ကြွက်သားတွေ ကျုံ့ဖို့ ဆန့်ဖို့ဆိုရင် လျှပ်စီးဓာတ်လိုပါတယ်။ ဟုတ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ လျှပ်စီးဓာတ်ရှိပါတယ်။ Action potentialလို့ ခေါ်ပါတယ်။ ဒီလျှပ်စီးဓာတ်ကြောင့်ပဲ နှလုံးကြွက်သားကစလို့ ဒီမျက်ခွံကြွက်သားသေးသေးလေးတွေအထိ ကျုံ့နိုင်ဆန့်နိုင်တာပေါ့။ လျှပ်စီးဓာတ်ဆိုတော့ သိတဲ့အတိုင်းပဲ သူတို့လည်း တစ်ခါတလေ circuitလွဲပြီး လုပ်ချင်ရာ လုပ်တတ်ပါတယ်။ ဘာမှန်းမသိ မျက်ကြောဆွဲ တာ၊ အသားလှုပ်တာ၊ ဟိုနား ဒီနား ဆတ်ခနဲတုန်တာတွေက ဒါကြောင့်ပါ။ များသောအားဖြင့်တော့ အန္တရာယ်မရှိတတ်ပါဘူး။ ဖြစ်ဖြစ် ပျောက်ပျောက်တွေပါပဲ။ ဒါပေမယ့် ဘယ်လိုအခါမှာ စိုးရိမ်ရမလဲ။ ဆရာဝန်နဲ့ ပြရမလဲ စသဖြင့် သတိထားရမယ့် အခြေအနေတွေလည်း ရှိပါတယ်။ ဒါတွေကို ဆက်ကြည့်ရအောင်။ မျက်ကြောဆွဲ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း