မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

နေပူရင် ထိခိုက်တာက အသားအရေလို့ပဲ အများက ယူဆထားကြပါတယ်။ တကယ်ကတော့ နေပူဒဏ်ကြောင့် ထိခိုက်တဲ့ထဲမှာ အသားအရေ၊ ဆံသား နဲ့ မျက်လုံးတွေပါ ထိခိုက်တာပါ။ နွေရဲ့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်စေတာကို သိထားကြပေမယ့် မျက်လုံးတွေကို ထိခိုက်တာကိုတော့ သတိထားမိသူ ရှားပါတယ်။ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အပူဒဏ်ကြောင့် မျက်လုံးတွေ မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေအပူဒဏ်ကြောင့် မျက်လုံးမှာ ဘယ်လို ပြဿနာတွေ ခံစားရနိုင်လဲ နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်ကြည်လွှာ နေလောင်တာ မျက်လုံးခြောက်တာ မျက်လုံးပြာတာ မျက်လုံးတွေ ယားတာ မျက်လုံး ကျိန်းစပ်တာ မျက်လုံး အောင့်တာ အမြင်အာရုံတွေ ဝေဝါးတာလိုမျိုး မျက်စိပြဿနာတွေ ခံစားရနိုင်ပါတယ်။ နေပူဒဏ်ကြောင့် […]

မျက်စိကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်ဝန်း အလှ အမြဲရချင်တယ် ဆိုရင်ဖြင့်

မျက်ဝန်း လေးလှနေဖို့  မျက်တောင်ကော့ရ၊ လိုင်နာဆိုးရ၊ မျက်တောင်စိုက်ရတာ၊ ရှဲဒိုးအရောင်ခြယ်သရတာတွေ လုပ်ကြတယ်နော်။ ဒါပေမယ့် အလှပြင်တဲ့အခါ ပန်းချီဆွဲသလို ခြယ်မှုန်းပြင်ဆင်မယ်၊ ပြီးရင်ပြန်ဖျက်မယ် ဒီနှစ်ဆင့်ကိုပဲ အာရုံစိုက်ထားလို့ မဖြစ်ပါဘူး။ တကယ်လို့ မျက်ဝန်းလေး မကျန်းမာရင် ဘယ်လိုပြင်ပြင် မလှနိုင်တော့ဘူးဆိုတာ မမေ့ပါနဲ့။ အရည်အသွေးမကောင်းတဲ့ အလှကုန်တွေသုံးတာ၊ သန့်ရှင်းမှုမရှိတာ၊ အပြင်းစားဓာတုပါတာတွေ သုံးတာက ရေရှည်မှာ အလှတရားနဲ့ဝေးပြီး ဆိုးကျိုးတွေပဲ ကျန်ရစ်ခဲ့နိုင်ပါတယ်။ နုနယ်လွန်းတဲ့ မျက်စိကျန်းမာရေးကို မထိခိုက်စေဖို့ ဒီအချက်တွေပါ ဂရုစိုက်သင့်ပါတယ်။ မျက်ဝန်း နဲ့ပတ်သက်တဲ့ အလှကုန်တွေကို နေပူတိုက်ရိုက် မထိတွေ့ပါစေနဲ့ eyeliner၊ eye shadow စတာတွေကို နေပူမယ့်နေရာမှာ မထားပါနဲ့။ 85° F အောက် အပူချိန်မှာပဲသိမ်းဆည်းထားရှိပါ။ ဒါ့ကြောင့် ဒီပစ္စည်းတွေကို ကားထဲမှာ မထားသင့်ဘူးလို့ဆိုလိုတာဖြစ်ပါတယ်။ အပေါစား eyeliner တွေကို မသုံးပါနဲ့ အရောင်စွဲလွန်းတဲ့permanent coloringတွေပါတဲ့ဈေးပေါတဲ့ပစ္စည်းတွေကိုရှောင်ပါ။ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

နေ့စဉ်လုပ်ဆောင်မှုတွေထဲမှာ သင့် မျက်လုံး မထိခိုက်စေဖို့

လှပတဲ့ ရှုခင်းလေးတွေ နဲ့ ချစ်ခင်ရသူတွေကို အချိန်တိုင်း ကြည်ကြည်လင်လင်နဲ့ မြင်ချင်တဲ့ ဆန္ဒရှိလား။ ဒါဆိုရင်တော့ မျက်လုံး ကျန်းမာရေးကို ဂရုစိုက်ဖို့ မဖြစ်မနေလိုမှာပါ။ မျက်လုံး တွေက ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့အစိတ်အပိုင်းပါ။ မျက်လုံး ကျန်းမာရေးက ခန္ဓာကိုယ် ကျန်းမာရေးအပေါ်ကို အများကြီး သက်ရောက်မှုရှိနေနိုင်ပါတယ်။ ဒါကြောင့် လှပတဲ့ အခိုက်အတန့်တိုင်းကို အကောင်းဆုံး ခံစားနိုင်ဖို့ဆိုရင် မျက်လုံး ကျန်းမာရေးကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ နေ့စဉ်လုပ်ဆောင်မှုတွေကြောင့် မျက်လုံး ကိုမထိခိုက်စေဖို့ တစ်ခါတလေ ကိုယ်တောင်မသိလိုက်ဘဲ လုပ်မိလိုက်တဲ့ အပြုအမူတွေက မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးထိခိုက်မှု ကင်းစေဖို့ဆိုရင် ဒီအချက်လေးတွေကို သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။ နေပူထဲသွားရင် နေကာမျက်မှန်ဝတ်ပါ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ နေ့စည် ခရမ်းလွန်ရောင်ခြည်တွေနဲ့ ထိတွေ့မှုက အချိန်ကြာလာတဲ့ အခါ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

အမြင်အာရုံ ထိခိုက်စေနိုင်တဲ့အချက်တစ်ခု၊ ကျန်းမာရေးနဲ့မညီတဲ့ စားသောက်မှုပုံစံ

ကျန်းမာပျော်ရွှင်စွာအသက်ကြီးချင်လား.... အသက်ကြီးတဲ့အထိ မျက်လုံးကောင်းကောင်းလေးနဲ့ အလှအပတရားတွေကို ခံစားချင်တယ်ဟုတ်။ ဒါဆိုရင်တော့ အခုကတည်းက အစားကို ဂရုစိုက်လို့ အမြင်အာရုံ ကို ဂရုစိုက်ဖို့ ပြောပါရစေနော်။ ဒီလိုပြောရတဲ့အကြောင်းလေးကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဆယ်စုနှစ် ၂ စုကြာလေ့လာမှု ရလဒ် ဆယ်စုနှစ် ၂ စုကြာလေ့လာမှုတစ်ရပ်ရဲ့ ရလဒ်အရသိလိုက်ရတာက ငယ်စဉ်မှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသောက်မှုပုံစံ ကို ပိုင်ဆိုင်ထားသူတွေက အသက်ကြီးလာတဲ့အခါ အမြင်အာရုံ ဆုံးရှုံးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။  ဒါဆို မျက်လုံးလေး ကျန်းမာစေဖို့ဘာတွေများစားလို့ ဘာတွေများရှောင်ရမလဲလို့ မေးစရာရှိလာပြီလား...... လေ့လာမှုတော်တော်များများမှာတွေ့ရှိခဲ့ရတာက အနီရောင်အသားအစားများတာ၊ ဆီကြော်မုန့်တွေစားတာ၊ အဆီများတဲ့ နို့ထွက်ပစ္စည်းတွေစားသုံးတာ၊ သန့်စင်ထားတဲ့ ​ကောက်နှံတွေကို စားသုံးတာက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်သလို ကင်ဆာဖြစ်နိုင်ခြေများစေတယ်၊ လို့ပဲ တွေ့ရှိခဲ့တာပါ။ တော်တော်များများ သတိမထားမိလိုက်တာက ကျန်းမာရေးနဲ့ မညီတဲ့ စားသုံးမှုက နှလုံးရောဂါ နဲ့ […]


အခြားမျက်လုံးပြဿနာများ

မျက်စိ ကျန်းမာရေး အတွက် အကောင်းဆုံးဗီတာမင်နဲ့ အာဟာရဓာတ်များ

မျက်စိ ဆိုတာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတွေထဲမှာ ပါဝင်ပါတယ်။ အမြင်အာရုံမကောင်းရင် လူရဲ့လုပ်ဆောင်နိုင်စွမ်းကျဆင်းရသလို ထိခိုက်မှုအန္တရာယ်တွေလည်း မကာကွယ်နိုင်တော့ပါဘူး။ ဒါ့ကြောင့် အမြင်အာရုံအတွက် လိုအပ်တဲ့ဗီတာမင်တွေအလုံအလောက်ရဖို့က ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် အရေးကြီးပါတယ်။ မျက်စိနဲ့အမြင်အာရုံအတွက် အရေးကြီးတဲ့ ဗီတာမင်နဲ့အာဟာရဓာတ်တွေကတော့ - ဗီတာမင် C ဗီတာမင် C ဟာ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံက အရေးပါတဲ့အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ လိမ္မော်သီး၊ ကီဝီ ၊စတော်ဘယ်ရီလို သီးနှံတွေနဲ့ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်သီး စတဲ့ ဟင်းသီးဟင်းရွက်တွေမှာပါဝင်လေ့ရှိပါတယ်။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေအပြင် မျက်စိအတွင်းတိမ်မဖြစ်စေဖို့ကာကွယ်ပေးနိုင်တယ်၊ အသက်အရွယ်ကြောင့် အမြင်အာရုံချို့ယွင်းမှုအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဗီတာမင် E ဗီတာမင် E ကလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုလို လုပ်ဆောင်ပေးပြီး မျက်စိအတွင်းတိမ်ဖြစ်ခြင်းနဲ့ အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင် E ကို ဗာဒံစေ့၊ မြေပဲ၊ နေကြာစေ့ တို့လို အစေ့အဆန်တွေကနေ […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

ပါဝါနဲ့ ဆလင်ဒါကို လျှော့နိုင်မယ့် မျက်စိကျန်းမာရေး အကြံပြုချက်(၆) ချက်

မျက်စိ ပါဝါနဲ့ ဆလင်ဒါ ဆိုတာ မျက်စိစမ်းသပ်တဲ့အခါတိုင်း မျက်စိဆရာဝန်ဆီက ကြားရလေ့ရှိတဲ့ အသုံးအနှုန်းတွေပါ။ ပါဝါ ဘယ်လောက်ရှိတယ်၊ ဆလင်ဒါရှိတယ် ဆိုတာတွေကို မျက်မှန်လုပ်ဖို့အတွက်လောက်ပဲ သိထားကြပါတယ်။ တချို့ဆို စစ်ဆေးချက်ကိုတောင် မကြည့်ဘဲ မျက်မှန်ဆိုင်ကို စာရွက်ထိုးပြပြီး အပ်လိုက်တာပဲ။ မျက်စိပါဝါဆိုတာ အနီးမှုန်နဲ့ အဝေးမှုန်ကို တိုင်းတာတဲ့ရလဒ်ဖြစ်ပြီး မျက်စိစမ်းသပ်တဲ့အခါ Sphereလို့ဖော်ပြပါတယ်။မျက်စိပါဝါကို diopters (D) unit နဲ့တိုင်းပါတယ်။ Sphere မှာ (+) လက္ခဏာ သို့မဟုတ် ဘာလက္ခဏာမှမပါဘဲ ဆိုရင် အနီးမှုန်(farsighted) ပါဝါကိုဖော်ပြပြီး (-) နဲ့ဆိုရင် အဝေးမှုန်(nearsighted) ပါဝါဖြစ်ပါတယ်။ Hyperopia လို့ ခေါ်ကြတဲ့Farsighted (အနီးမှုန်ခြင်း) ဆိုတာ အဝေးက ပစ္စည်းတွေကို ကွဲပြားစွာ မြင်နိုင်ပေမယ့် အနီးကပစ္စည်းတွေ မမြင်နိုင်ခြင်းကို ဆိုလိုပါတယ်။ အနီးမှုန်ခြင်းက အာရုံစူးစိုက်မှုကို […]


အခြားမျက်လုံးပြဿနာများ

မျက်ကပ်မှန် တပ်သူတို့ မမေ့သင့်တဲ့ အချက်လေးတွေ

မျက်ကပ်မှန်‌ လေးတွေရောင်စုံနဲ့ မျက်ဝန်းကိုအလှဆင်ဖို့ခေတ်စားနေတာ ကြာပါပြီ။ မျက်စိပါဝါရှိသူတွေ မျက်မှန်လွတ်ချင်တဲ့အခါ မျက်ကပ်မှန်အစားထိုးတပ်ဆင်ကြသလို အလှသက်သက် အရောင်လေးတွေနဲ့ မျက်ကပ်မှန်တွေ၊ Big Eye မျက်နက်ဆံအကြီးနဲ့ မျက်ကပ်မှန်တွေ တပ်လာကြပါတယ်။ မျက်မှန်နဲ့လို ရုပ်မရင့်တော့ဘူး၊ပေါ့ပါးတယ်၊ မျက်ဆံပိုလှ၊ပိုထင်ရှားစေတယ် ဆိုတော့ ပိုအဆင်ပြေတာပေါ့။ ဒါပေမယ့် မျက်မှန်ထက် ပိုပြီး မျက်လုံးမှာ ထိတွေ့နီးကပ်ရတာမို့ သန့်ရှင်းမှုဂရုစိုက်ဖို့၊မထိခိုက်မိစေဖို့ နဲ့ရောဂါပိုးမဝင်စေဖို့ကို ပိုသတိထားရပါလိမ့်မယ်။ တစ်ကိုယ်လုံးမှာ အနုနယ်ဆုံးပြင်ပအစိတ်အပိုင်းဖြစ်တဲ့ မျက်စိကျန်းမာရေးအတွက် မျက်ကပ်မှန်တပ်သူတွေ သိထားသင့်တဲ့ အချက်တွေကို အကြံပြုလိုက်ပါတယ်။ အရင်ဆုံးပြောချင်တာက မျက်စိပါဝါ‌ေကြာင့်ပဲဖြစ်ဖြစ်၊ အလှအပအတွက်ပဲဖြစ်ဖြစ် မျက်ကပ်မှန်တပ်မယ်ဆိုရင်ဈေးပေါတာတွေ မသုံးပါနဲ့။ အရည်အသွေးမကောင်းတဲ့ မျက်ကပ်မှန်တွေဟာ မျက်စိကျန်းမာရေးအတွက်ကောင်းကျိုးမပေးနိုင်သလို တာရှည်ခံတဲ့ သက်တမ်းလည်း တိုပါတယ်။ အမြဲမတပ်ဘူး၊သိပ်မသုံးဖြစ်လို့ ဆိုရင်တောင် သုံးသင့်တဲ့သက်တမ်းကျော်လွန်ရင် ဆက်မသုံးပါနဲ့။ ကြာနေပြီဆို အသစ်လဲလိုက်ပါ။ မျက်ကပ်မှန်ကို မကိုင်တွယ်ခင် လက်ကိုသေချာဆေးကြောပြီးခြောက်သွေ့အောင်သုတ်ပါ။ ဒါပေမယ့် […]


အခြားမျက်လုံးပြဿနာများ

မျက်စိပါဝါကို လေဆာပစ်ပြီးဖျောက်ရာဝယ် (About LASIK treatment)

ကွန်ပြူတာ၊ စမတ်ဖုန်းအသုံးပြုသူတွေ အခုခေတ်ထဲများလာတာနဲ့အမျှ ဒါတွေကို အာရုံစိုက်ကြည့်ရတဲ့သူတွေအနေနဲ့ မျက်လုံးနဲ့ပတ်သက်ပြီး အဝေးမှုန်အနီးမှုန်တွေ အဖြစ်များလာကြတယ်။ ဒါပေမဲ့လည်း ခေတ်မီတိုးတက်မှုက ဆိုးကျိုးတင်မက ကောင်းတဲ့အချက်လေးတွေပါ တွဲပါလာလေတော့ ဒီလို မျက်စိမှုန်တာ၊ ဝါးတာတွေကို ပြန်ဖျောက်တဲ့နည်းလမ်းတွေလည်း ရှိလာပါတယ်။ အခုဒီမျက်စိပါဝါဖျောက်တဲ့ ကုသနည်းကိုတစ်ချက်လောက်လေ့လာကြည့်ရအောင်ပါ။ မျက်လုံးကို လေဆာပစ်ပြီး ပါဝါဖျောက်တာကို အင်္ဂလိပ်လို LASIK (Laser-assisted in situ keratomileusis) လို့ခေါ်ပါတယ်။ ၁၉၈၅ ခုနှစ်လောက်က စပြီးကျင့်သုံးခဲ့တဲ့ ဒီနည်းဟာ အခုဆို တစ်ကမ္ဘာလုံးမှာ အတော်လေးလေးကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပါပြီ။ လေဆာနဲ့မျက်လုံးကို ကုသရာမှာ တခြားနည်းတွေလည်း ရှိပေမဲ့ ဒီနည်းက အတော်လေးအသုံးများပါတယ်။ သူ့ကို မျက်စိ အနီးမှုန်၊ အဝေးမှုန်နဲ့ မျက်စိသူငယ်အိမ်စောင်းတာတွေကိုပါ ကုသရာမှာသုံးပါတယ်။ တခြားမျက်စိအမြင်အာရုံကို ပြုပြင်ပေးတဲ့ ကုသနည်းတွေလိုပဲ ဒီနည်းမှာလည်း မျက်ကြည်လွှာကိုပြန်ပုံသွင်းပေးတဲ့နည်းနဲ့ ကုသပါတယ်။ […]


မျက်စိကျန်းမာရေး

မျက်စိအားဆေး သောက်ဖို့မလိုအောင် အားဖြည့်ပေးမယ့် အစားအသောက်လေးတွေ

မျက်ခုံးလှုပ်တယ်၊ မျက်ခွံလှုပ်တယ်၊ မျက်ခမ်းလှုပ်တယ် ဆိုတာနဲ့ ကံမကောင်းတော့ဘူးပဲ ထင်နေတာလား။ အမှန်က မျက်စိက ကြည့်ရတာမကောင်းဘူး၊ မျက်လုံးတွေကျိန်းစပ်တယ်၊ မျက်လုံးခြောက်တယ်၊ မျက်ရိုးကိုက်တယ်၊ မျက်လုံးတဝိုက် ကြွက်သားလေးတွေလှုပ်တယ်၊ မျက်လုံးအောင့်တယ် ဆိုတာတွေက မျက်စိအားနည်းနေတဲ့လက္ခဏာတွေပါ။ မျက်စိအားနည်းရင် အားဆေးတွေသောက်လို့ရတယ်ဆိုပေမယ့် ဆေးကိုအရင်အားမကိုးဘဲ ကိုယ့်ရဲ့နေ့စဉ်အာဟာရထဲမှာ အစားအသောက်တချို့ကို ဦးစားပေးလိုက်ရုံနဲ့ ဒီဓာတ်တွေကို သဘာဝအတိုင်းရနိုင်နေတာပဲလေ။ ဒီတော့ မျက်စိအားဆေးမသောက်ခင် ဒီအစားအစာလေးတွေနဲ့ အရင်ကုစားကြည့်ရအောင်လား … (၁) ငါး ငါးတွေမှာ မျက်လုံးအတွက် ကောင်းတဲ့ အကျိုးပြုအဆီဓာတ် Omega-3 fatty acid တွေ ပါဝင်တဲ့အတွက် မျက်စိအားကောင်းစေဖို့ စားပေးသင့်ပါတယ်။ တူနာငါး၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး အစရှိတဲ့ ငါးတွေမှာ Omega-3 fatty acid တွေ ပေါကြွယ်ဝလို့ အမြင်အာရုံကောင်းစေပြီး မျက်လုံးခြောက်သွေ့တာကိုပါ သက်သာစေပါတယ်။ (၂) ပဲ နဲ့ […]


မျက်စိရောဂါများ

ညဘက်တွေမှာ ဘာကြောင့် မျက်စိယားယံ တာလဲ၊ ဘယ်လိုဖြေရှင်းမလဲ

မျက်စိယားယံ တယ်ဆိုတာ များသောအားဖြင့် ကိုယ့်ရဲ့ နေထိုင်မှုပုံစံကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ လက္ခဏာတစ်မျိုးဖြစ်ပါတယ်၊၊ ဒီဆောင်းပါးမှာ ညဘက်တွေမှာမှ မကြာခဏဆိုသလို မျက်စိယားယံစေတဲ့ တရားခံအကြောင်းရင်းတွေနဲ့ ဘယ်လိုသက်သာအောင် လုပ်လို့ရမလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။ မျက်စိယားယံ ရတဲ့ အကြောင်းရင်း ၁။ ကိုယ့်အသားအရေနဲ့ ဓာတ်မတည့်တဲ့ ဆပ်ပြာ၊ ဓာတုဗေဒပစ္စည်းတစ်မျိုးမျိုး ဒါမှမဟုတ် အဝတ်လျှော်ဆပ်ပြာနဲ့ လျှော်ထားတဲ့အဝတ်နဲ့ မျက်လုံးကို ပွတ်မိလိုက်တဲ့အခါ မျက်စိက နီရဲပြီး ယားယံလာတတ်ပါတယ်။ ၂။ အပြင်က ဝင်လာတဲ့ ဖုန်မှုန့်တွေ၊ ဆေးလိပ်မီးခိုးငွေ့နဲ့ ရေမွှေးဖျန်းလိုက်တဲ့အခါ ထွက်လာတဲ့ ရေစက်အမှုန်အမွှားတွေဟာလည်း မျက်စိမှာ ကပ်နေနိုင်ပြီး တဖြည်းဖြည်းနဲ့ ယားယံလာတာမျိုးလည်း ရှိပါတယ်။ ၃။ တစ်နေ့လုံး ကွန်ပျူတာ အသုံးပြုပြီး အလုပ်လုပ်နေရတာ၊ တီဗီကြည့်နေတာ၊ ဖုန်းကို မျက်နှာနဲ့ နီးနီးကပ်ကပ်အသုံးပြုတဲ့အခါ ညရောက်လာရင် မျက်စိက ညောင်းကိုက်ပြီး ယားယံခြင်းဖြစ်စေနိုင်ပါတယ်။ ၄။ နံပါတ် […]


မျက်စိရောဂါများ

မျက်စိစွံတာ မြန်မြန်သက်သာစေဖို့

မျက်စိစွံလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အတူတူဖတ်ပြီး မျက်စိစွံတဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းရအောင်လား။ မျက်စိစွံတယ်ဆိုတာ ဘာလဲ.... မျက်စိစွံတယ်ဆိုတာက မျက်ခမ်းသားမှာ နီရဲနေတဲ့ အဖုလေးဖြစ်တာပါ။ မျက်တောင်နားမှာဖြစ်တာဖြစ်ပြီး မျက်ခွံအောက်နားနဲ့ မျက်ခွံအတွင်းထဲမှာလည်း ဖြစ်တတ်ပါတယ်။ ဒီပြဿနာက ကြီးကြီးမားမားမဟုတ်ပေမယ့် ခံစားရသူအရေအတွက်က မနည်းလှပါဘူး။ မျက်စိစွံတာက ပြင်းထန်တဲ့ရောဂါတစ်ခုမဟုတ်ပေမယ့် နေရခက်စေပြီး နာကျင်မှုကို ခံစားရစေပါတယ်။ မျက်စိစွံတာက ဖြစ်တဲ့နေရာကိုလိုက်ပြီး အမျိုးအစားကွဲပြားနိုင်ပါတယ်။ ပြင်ပမှာဖြစ်တဲ့ မျက်စိစွံခြင်း - မျက်ခွံအောက်ဘက်မျက်ခမ်းသားနားက မျက်တောင်မွှေး မွှေးညှင်းအိတ်လေးတွေနားမှာဖြစ်တာပါ။ အတွင်းမှာဖြစ်တဲ့ မျက်စိစွံခြင်း - မျက်ခွံအောက်ဘက်ခြမ်းနဲ့ အတွင်းဘက်က အဆီဂလင်းတွေမှာဖြစ်တတ်တဲ့ မျက်စိစွံခြင်းတစ်မျိုးပါ။ မျက်စိစွံတာကို သက်သာစေဖို့ မျက်စိစွံတာကို အိမ်မှာတင် အလွယ်တကူ ကုသလို့ရပါတယ်။ ဘယ်လိုများလုပ်ရမလဲဆိုတာကို သိချင်ရင်တော့ ဆက်ကြည့်လိုက်ရအောင်နော်။ လက်ကိုပုံမှန်ဆေးကြောပေးပါ - လက်ကို အမြဲသန့်စင်ပေးတာက မျက်လုံးကိုဖုန်မှုန့်တွေကပ်ငြိနေတဲ့ လက်နဲ့ ပွတ်မိနိုင်ခြေနည်းစေပါတယ်။ ဂလင်းလေးတွေ ပိတ်ဆို့နိုင်ခြေကိုလျှော့ချပေးနိုင်ပြီး မျက်စိမစွံအောင် ကာကွယ်ပေးနိုင်သလို မျက်စိစွံတာကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း