မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

နေပူရင် ထိခိုက်တာက အသားအရေလို့ပဲ အများက ယူဆထားကြပါတယ်။ တကယ်ကတော့ နေပူဒဏ်ကြောင့် ထိခိုက်တဲ့ထဲမှာ အသားအရေ၊ ဆံသား နဲ့ မျက်လုံးတွေပါ ထိခိုက်တာပါ။ နွေရဲ့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်စေတာကို သိထားကြပေမယ့် မျက်လုံးတွေကို ထိခိုက်တာကိုတော့ သတိထားမိသူ ရှားပါတယ်။ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အပူဒဏ်ကြောင့် မျက်လုံးတွေ မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေအပူဒဏ်ကြောင့် မျက်လုံးမှာ ဘယ်လို ပြဿနာတွေ ခံစားရနိုင်လဲ နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်ကြည်လွှာ နေလောင်တာ မျက်လုံးခြောက်တာ မျက်လုံးပြာတာ မျက်လုံးတွေ ယားတာ မျက်လုံး ကျိန်းစပ်တာ မျက်လုံး အောင့်တာ အမြင်အာရုံတွေ ဝေဝါးတာလိုမျိုး မျက်စိပြဿနာတွေ ခံစားရနိုင်ပါတယ်။ နေပူဒဏ်ကြောင့် […]

မျက်စိကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

အခြားမျက်လုံးပြဿနာများ

ဆီးချိုကြောင့်ဖြစ်သောမျက်စိနောက်ဆက်တွဲပြဿနာများ-မျက်စိအတွင်းတိမ်

ဆီးချိုကြောင့်ဖြစ်သောမျက်စိနောက်ဆက်တွဲပြဿနာများ မျက်စိအတွင်းတိမ် (Cataract) အတွင်းတိမ်(Cataract)ဟာဆီးချိုကြောင့်ဖြစ်တဲ့ အမြင်အာရုံနဲ့သက်ဆိုင်တဲ့ နောက်ဆက်တွဲပြသနာတခုဖြစ်ပြီးအမြက်အာရုံကိုမကြည်မလင် ေဝဝါးခြင်း ဖြစ်စေပါတယ်။ နှစ်စဉ်ပြုရမယ့်ဆီးချိုအတွက် စစ်ဆေးမှုတွေမှာပုံမှန်မျက်စိစစ်ဆေးခြင်းလည်း ပါဝင်ပြီး မျက်လုံးတိမ်ရှိမရှိစောလျင်စွာသိရှိခြင်းဟာသင့်ရဲ့ကျန်းမာရေးစောင့်ရှောက်တဲ့အဖွဲ့အတွက် အထောက်အကူပြုပါတယ်။ အတွင်းတိမ်ဆိုတာဘာလဲ အတွင်းတိမ်ဆိုတာ မျက်လုံးရဲ့ မှန်ဘီလူးမှာတိမ်သဖွယ် အုပ်ဆိုင်းနေခြင်းပဲဖြစ်ပြီးအမြင်အာရုံကို ချို့ယွင်းစေပါတယ်။ ဆီးချိုနဲ့ဆက်စပ်နေတဲ့ မျက်လုံးတိမ်ဟာဂလူးကို့စ်အရည်တမျိုးအဆမတန် မြင့်တက်လာခြင်းကြောင့် မှန်ဘီလူးမှာစုပုံပြီး ဖြစ်ပွားတတ်ပါတယ်။ တိမ်တခုဟာ သင့်အမြင်အာရုံကို နှောက်ယှက်စပြုလာပြီဆိုရင် ခွဲစိတ်မှုခံယူပြီး ပြသနာရှိနေတဲ့ မှန်ဘီလူးနေရာမှာ အခြားမှန်ဘီလူးတခု အစားထိုးဖို့ လိုပါတယ်။ ဘယ်သူတွေ ဒီပြဿနာဖြစ်နိုင်သလဲ ဘယ်သူမဆိုအတွင်းတိမ်ရောဂါဖြစ်နိုင်တယ်ဆိုသော်လည်းသင့်အနေနဲ့ ဆီးချိုရှိနေရင် တခြားဆီးချိုမရှိသူတွေနဲ့ စာရင် မျက်စိပြဿနာကိုငယ်ငယ်ရွယ်ရွယ်မှာတွေ့လာရတတ်ပါတယ်။ ဆီးချိုအပြင် တချို့အရာတွေဟာလည်းအတွင်းတိမ်ရောဂါကို မြန်မြန်ဆန်ဆန်ဖြစ်စေနိုင်ပါတယ်။ အဲဒါတွေကတော့- . ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်း နေရောင်ဖြင့် အချိန်အတော်ကြာထိတွေ့ခြင်း အိုမင်းခြင်းဟာတိမ်ဖြစ်စေတဲ့ အဓိကအကြောင်းဖြစ်ပေမယ့် တိမ်ရှိဖို့အတွက်တော့ စီနီယာမကျသင့်ပါဘူး။ တကယ်တော့ လူအများမှာလေးဆယ်ကျော် ငါးဆယ်အရွယ်တွေမှာအရွယ်ကြောင့်ဖြစ်လာတဲ့တိမ် ဖြစ်ပါားလာတတ်ပါတယ်။ ဒါပေမယ့် သက်လတ်ပိုင်းမှာတိမ်အများစုဟာသေးငယ်ပြီးအမြင်အာရုံကိုမထိခိုက်ပါဘူး။ ခြောက်ဆယ်ကျော်လာရင်တော့ တိမ်ကြောင့် အမြင်ချို့ယွင်းပါပြီ။   မျက်လုံးအတွင်းတိမ်လက္ခဏာတွေဟာဘာတွေလဲ တိမ်အများစုဟာတဖြည်းဖြည်းကြီးထွားလာပြီးအစပိုင်းမှာတော့ အမြင်အာရုံကိုအနှောက်အယှက် […]


အခြားမျက်လုံးပြဿနာများ

မျက်ကပ်မှန်အသုံးပြုနည်း လမ်းညွှန်

မျက်ကပ်မှန်တွေဟာ သင့်ကို ကြည့်လို့လှစေပြီး အမြင်အာရုံကိုလည်း ကြည်လင်စေပါတယ်။ မျက်ကပ်မှန်ကို အခုမှ အသုံးပြုမယ့်သူဆိုရင်တော့ သူတို့ကို ကိုင်တွယ်ခြင်းနဲ့ တပ်ဆင်ခြင်းမှာ ဒုက္ခရောက်နိုင်ပါတယ်။ သင့်မျက်လုံးတွေကို အကျင့်ရစေဖို့ အချိန်အနည်းငယ်လိုအပ်မှာ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ တပ်ထားတယ်ဆိုတာတောင် သတိရမှာ မဟုတ်တော့ပါဘူး။ ဒီဆောင်းပါးမှာတော့ မျက်ကပ်မှန် စတပ်သူတွေအတွက် ဆောင်ရန်ရှောင်ရန်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ၁။ မျက်ကပ်မှန်တပ်ခြင်း စစချင်းမှာတော့ မျက်ကပ်မှန် တပ်ခြင်း၊ ချွတ်ခြင်းဟာ ရှုပ်ထွေးသယောင် ထင်ရမှာ ဖြစ်ပါတယ်။ မျက်လုံးကို ထိရာမှာ အနည်းငယ်ကြမ်းတမ်းနေနိုင်ပါသေးတယ်။ နောက်ပိုင်းမှာတော့ မျက်ကပ်မှန်တပ်ခြင်းဟာ သွားတိုက်ရတာလိုမျိုး လွယ်ကူလာမှာ ဖြစ်ပါတယ်။ လွယ်ကူစွာ တပ်ဆင်နိုင်စေဖို့ တစ်ဆင့်ပြီးတစ်ဆင့် ဖေါ်ပြထားတဲ့ လမ်းညွှန်တွေကို ဖတ်သင့်ပါတယ်။ မျက်စိတစ်ဖက်ကနေပဲ အမြဲစတင်ပါ။ ဒါဆို ရောနေတာမျိုးတွေ ဖြစ်မှာ မဟုတ်တော့ပါဘူး။ မျက်ကပ်မှန် တပ်တဲ့ သူငယ်ချင်းရှိပါသလား။ ဒါဆို […]


အခြားမျက်လုံးပြဿနာများ

မျက်လုံးကျန်းမာရေးကို ဘယ်လိုဂရုစိုက်မလဲ

သင်၏မျက်စိ တစ်စုံကို သတိမပြုဂရုမစိုက်ဘဲ ဘယ်တော့မှ မထားသင့်ပါ။ မျက်ဈိန်းမာရေးအတွက် ချစ်မေတ္တာနှင့် ဂရုစိုက်မှု လိုအပ်ပါသည်။ အောက်ပါတို့သည် သင့်မျက်စိကျန်းမာရေးအတွက် လိုက်နာသင့်သည်များ ဖြစ်ပါသည်။   ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာ မျက်စိကျန်းမာရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာကစတင်ရမည်။ အသက်အရွယ်ကြီးမြင့်လာ သောကြောင့် ဖြစ်သော မျက်စိရောဂါများ(ဥပမာ-မြင်လွှာနောက်ခံအင်္ဂါပျက်စီးခြင်း၊အတွင်းတိမ်)စသည်တို့မှ ကာကွယ်ရန် အိုမီဂါ၃ အက်ဆစ်၊ဇင့်ဓါတ်၊လူတီယင်ဓါတ်၊ဗီတာမင် စီနှင့် အီး တို့ပြည့်ဝနေရန်လိုအပ်သည်။ ထို အာဟာရ ဓါတ်များ ရရှိရန် အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ပင်လယ်ငါး၊ကြက်ဥ၊အစေ့အဆန်၊ပဲ အမျိုးမျိုး၊ချဉ်သောအသီးများ၊ကင်းမွန်၊ နှင့် ဝက်သားတို့ကို စားပေးရမည်။ ကျန်းမာစေသော အာဟာရသည် မျက်စိကွယ်ခြင်း၏ အကြောင်းအရင်းများ ဖြစ်သည့် အဝလွန်ခြင်း နှင့် ဆီးချိုရောဂါ ကို ကင်းဝေးစေသည်။   ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ ဆေးလိပ်သောက်ခြင်းသည်အတွင်းတိမ်ရောဂါ၊အမြင်အာရုံကြောပျက်ဆီးသည့်ရောဂါ နှင့် မြင်လွှာနောက်ခံသားပျက်စီးသည့် ရောဂါတို့ ဖြစ်နိုင်ချေကို တိုးမြင့်စေသည်။ ဆေးလိပ်ဖြတ်ရန် ခက်ခဲသည့် အတွက် ဆေးလိပ်စွဲသူ အများစု သည် ပထမအကြိမ်ကြိုးစားရုံဖြင့်မအောင်မြင်တတ်ပေ။ သို့သော်လည်း […]


ရေတိမ်

Glaucoma (မျက်စိ ရေတိမ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Glaucoma (မျက်စိ ရေတိမ်) ကဘာလဲ။ ရေတိမ်ဆိုသည်မှာ အမြင်အာရုံကြော ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာသော မျက်စိရောဂါဖြစ်ပြီးအမြင်အာရုံ ချို့ယွင်းခြင်း၊ အမြင်ကွယ် ခြင်းများကို ဖြစ်စေနိုင်ပါသည်။ ပုံမှန်အားဖြင့် မျက်စိတွင်းဖိအား များခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမြင်အာရုံကြောသည် အာရုံကြောအမျှင်များစုထားသည့် အစုအစည်းတစ်ခုဖြစ်ပြီးမျက်ကြည်လွှာနှင့် ဦးနှောက်ကိုဆက်သွယ်ထား၏။ အမြင်အာရုံကြောပျက်စီးသည့်အခါ ဦးနှောက်ကိုပို့နေသည့်အမြင်အချက်အလက်များအနှောင့်အယှက်ဖြစ်စေသည်။ ဒီအခြေအနေမှတစ်ဆင့်တဖြည်းဖြည်းနှင့်အမြင်ကွယ်ခြင်းကိုဖြစ်စေနိုင်ပါသည်။ ရေတိမ်အမျိုးအစား အမျိုးမျိုး ရှိပါသည်။ ထောင့်ပွင့်ရေတိမ်၊ ထောင့်ပိတ်ရေတိမ်၊ ပုံမှန်ဖိအားရှိရေတိမ်၊ ရောင်ခြယ်ရေတိမ်၊ မွေးရာပါ ရေတိမ်၊ တစ်ဆင့်ခံရေတိမ်တို့ ဖြစ်သည်။ အတွေ့ရများဆုံးသည် ထောင့်ပွင့်ရေတိမ်ဖြစ်သည်။ Glaucoma (မျက်စိ ရေတိမ်) က ဘယ်လောက်အဖြစ်များသလဲ ရေတိမ်သည် တွေ့နေကျမျက်စိရောဂါဖြစ်သည်။ ၎င်းသည်အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီးအသက် ၆၀ ကျော်များတွင် အတွေ့ရအများဆုံးဖြစ်သည်။ ရေတိမ်သည် အမြင်ကွယ်ခြင်းကိုဖြစ်စေသောအကြောင်းတစ်ခုလည်းဖြစ်၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။   လက္ခဏာများGlaucoma (မျက်စိ ရေတိမ်) ရဲ့လက္ခဏာတွေကဘာတွေလဲ ရေဂါလက္ခဏာများသည် ဖြစ်ပွားနေသောရေတိမ်အမျိုးအစားပေါ်မူတည်ပါသည်။ အောက်ပါတို့သည် လက္ခဏာအချို့ဖြစ်၏။ • ထောင့်ပွင့်ရေတိမ် […]


အတွင်းတိမ်

Cataracts (အတွင်းတိမ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cataracts (အတွင်းတိမ်) ကဘာလဲ။ အတွင်းတိမ်ဆိုသည်မှာ မျက်စိအတွင်းရှိ မှန်ဘီလူး(Lens)ကို တိမ်ဖုံးစေသော မျက်စိရောဂါ တစ်မျိုးဖြစ်ပါတယ်။ အတွင်းတိမ်ဖြစ်နေသော သူသည် မြူနှင်းကျနေသော ပြတင်းပေါက်မှာ တစ်ဆင့် ကြည့်နေရသကဲ့သို့ ခံစားရတယ်။ အတွင်းတိမ် အများစုက တဖြည်းဖြည်း စဖြစ်လာပြီး အစပိုင်းအခြေ အနေတွင် ဒုက္ခမပေးပါ။ သို့သော် အချိန်ကြာလာတာနဲ့အမျှ အတွင်းတိမ်သည် မြင်ကွင်းကို နှောင့်ယှက်လာနိုင်ပါတယ်။ ကားမောင်း၊ စာဖတ်နဲ့ နေ့စဉ်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲများဖြစ်လာ စေတယ်။ Cataracts (အတွင်းတိမ်) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အဖြစ်များပါတယ်။ များသာအားဖြင့် အသက်(၈၀)ကျော် အမျိုးသားရော၊ အမျိုးသမီးမှာပါ ဖြစ်တတ်တယ်။ ဖြစ်ပွားနိုင်ချေကို မြင့်စေသော အကြောင်းရင်းများကို ရှောင်ခြင်း ဖြင့် ရောဂါဖြစ်နိုင်ချေနှုန်းကို လျှော့ချနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများCataracts (အတွင်းတိမ်) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွင်းတိမ်ရဲ့ […]


မျက်စိရောဂါများ

Retinitis Pigmentosa (မျက်လုံး ၏ မြင်လွှာကို ထိခိုက်စေသော ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Retinitis Pigmentosa (မျက်လုံး ၏ မြင်လွှာကို ထိခိုက်စေသော ရောဂါစု) ကဘာလဲ။ retinitis pingmentosa ဆိုသည်မှာ မျက်လုံး၏ မြင်လွှာ ကို ထိခိုက်စေတဲ့ ရောဂါအုပ်စုဖြစ်ပါတယ်။ မြင်လွှာ ဆိုတာ မျက်လုံးအတွင်းအလွှာမှာရှိပြီး ဦးနှောက်ကို ပုံရိပ်တွေ ပို့ပေးတဲ့ အထူးဆဲလ်နှစ်မျိုးပါရှိပါတယ်။ ဒီအလင်းတုံ့ပြန်ဆဲလ်တွေကို rods နှင့် cones လို့ခေါ်ပါတယ်။ retinitis pigmentosa က မျက်ကြည်လွှာအတွင်းရှိ rods တွေကို ထိခိုက်စေခြင်းဖြင့် တဖြည်းဖြည်း အမြင်အာရုံပျောက်ကွယ်စေပြီး နောက်ဆုံးမှာ လုံးဝကန်းသွားသည်ထိ ဖြစ်နိုင်ပါတယ်။ Retinitis Pigmentosa (မျက်လုံး ၏ မြင်လွှာကို ထိခိုက်စေသော ရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ စာရင်းပြုစုထားခြင်းများအရ လူ ၄၀၀၀ မှာ ၁ ယောက်ဟာ ဒီရောဂါဖြစ်နေပါတယ်။ ဖြစ်ပွားနိုင်ချေတွေကို လျှော့ချခြင်းဖြင့် ဒီရောဂါမဖြစ်အောင် […]


မျက်စိရောဂါများ

မျက်ခွံအတွင်းသား ရောင်ရမ်းခြင်း ( Conjunctivitis )

မျက်စိနီရဲရောင်ရမ်းခြင်းလို့ခေါ်တဲ့ မျက်ခွံအတွင်းသားရောင်ရမ်းခြင်းက မျက်ခွံနဲ့ မျက်လုံးအဖြူသားကြားရှိ ပါးလွှာကြည်လင်သော အမြှေးပါးရောင်ရမ်းတဲ့ အခြေအနေတစ်ခုဖြစ်ပြီး နီရဲခြင်းနဲ့ နာကျင်ခြင်းတို့ကို ဖြစ်စေပါသည်။ မျက်စိနီရဲရောင်ခြင်းသည် မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးတွင် ဖြစ်နိုင်ပါသည်။ မျက်စိနီရဲရောင်ခြင်းသည် သက်တောင့်သက်တာမရှိဖြစ်စေကာအရုပ်ဆိုးစေသော်လည်းမျက်စိအမြင်ကိုထိခိုက်ခြင်းရှားပါသည်။ မျက်စိနီရဲရောင်ခြင်းသည် ရောဂါကူးစက်မှုတစ်မျိုးဖြစ်ပြီးအခြားလူများသို့ မကူးစက်စေရန် အချိန်မီကုသသင့်ပါသည်။ Conjunctivitis (မျက်ခွံအတွင်းသား ရောင်ရမ်းခြင်း ) က ဘယ်လောက်အဖြစ်များသလဲ မျက်ခွံအတွင်းသားရောင်ရမ်းခြင်းသည် အလွန်အဖြစ် များသောမျက်စိရောဂါတစ်မျိုးဖြစ်ပါသည်။ ဆေးမသောက် ပါကပျောက်ကင်းမသွားပါ။ မည်သူမဆိုမျက်ခွံအတွင်းသားရောင်ရမ်းခြင်း ဖြစ်နိုင်ပါသည်။ ဆောင်းဦးရာသီတွင် ပို၍ ဖြစ်တတ်ပါသည်။ Conjunctivitis (မျက်ခွံအတွင်းသား ရောင်ရမ်းခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ မျက်ခွံအတွင်းသားရောင်ရမ်းခြင်းဖြစ်ပါကမျက်လုံး၏ အဖြူသားများသည် မျက်ခွံအတွင်းသားသွေးကြောများရောင်ရမ်းခြင်းကြောင့် နီရဲလာပါသည်။ ဓါတ်မတည့်မှု ကြောင့် မျက်လုံးနီခြင်းတွင် သင်သည် ယားယံခြင်းကိုခံစားရမည်။ မျက်ခွံအတွင်းသားရောင်ရမ်းခြင်းကို ဖြစ်စေသောအရာများမှာဝတ်ဆံမှုန်များ၊ အိမ်မွေးတိရစ္ဆာန်မှ ဖောက်များ နှင့် အိမ်ရှိ ဖုန်မှုန့်ေများဖြစ်သည်။ ဗိုင်းရပ်စ်ကူးစက်ခြင်းကြောင့်ဖြစ်ပါကမျက်လုံးသည် ရောင်ရမ်းခြောက်ကပ်လာပြီးမျက်ရည်များစီးကျလာပါ […]


မျက်စိရောဂါများ

မျက်ကြည်လွှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်း

ရှေ့တည့်တည့်မြင်ကွင်းကို မြင်ရအောင် အဓိကလုပ်ဆောင်ပေးတဲ့ macula ခေါ် မျက်ကြည်လွှာ အစိတ်အပိုင်း ပါးသွားခြင်းကြောင့် အမြင်အာရုံဝေဝါးခြင်း၊ ရှေ့တည့်တည့်မြင်နိုင်စွမ်း လျော့ကျခြင်းကို ဆေးပညာအရ dry macular degeneration တနည်းအားဖြင့် မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်း ပျက်စီးခြင်းလို့ခေါ်ပါတယ်။ ဒီရောဂါဟာ မျက်စိတစ်ဖက်မှာ စတင်ဖြစ်ပေါ်ပြီး အချိန်ကြာလာတာနဲ့အမျှ နောက်တစ်ဖက်မှာပါ ထပ်မံဖြစ်ပေါ်နိုင်ပါတယ်။ ဒီရောဂါရှိသူတွေမှာ အမြင်အာရုံတဖြည်းဖြည်း ကျဆင်းလာမှုကြောင့် စာဖတ်တဲ့နေရာ၊ ကားမောင်းတဲ့နေရာနဲ့ မျက်နှာကြည့်ပြီး ဘယ်သူဘယ်ဝါခွဲခြားတဲ့နေရာတွေမှာ အခက်အခဲဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အမြင်အာရုံလုံးဝဆုံးရှုံးသွားမှာတော့ မဟုတ်ပါဘူး။ ရောဂါရှိမှန်း စောစောသိပြီး မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းအားဖြင့် ဒီရောဂါကြောင့် အမြင်အာရုံဆုံးရှုံးမှုကို နှောင့်နှေးအောင်တားဆီးနိုင်ပါတယ်။ မျက်ကြည်လွှာ တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းရဲ့ ရောဂါလက္ခဏာများ မျက်ကြည်လွှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်းရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့ အမြင်အာရုံပျက်ယွင်းခြင်း (ဥပမာ မျဉ်းဖြောင့်များကို မျဉ်းကွေးအဖြစ်မြင်ရခြင်း) မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးရဲ့ ရှေ့တည့်တည့်မြင်နိုင်စွမ်း ကျဆင်းခြင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း