မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

နေပူရင် ထိခိုက်တာက အသားအရေလို့ပဲ အများက ယူဆထားကြပါတယ်။ တကယ်ကတော့ နေပူဒဏ်ကြောင့် ထိခိုက်တဲ့ထဲမှာ အသားအရေ၊ ဆံသား နဲ့ မျက်လုံးတွေပါ ထိခိုက်တာပါ။ နွေရဲ့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်စေတာကို သိထားကြပေမယ့် မျက်လုံးတွေကို ထိခိုက်တာကိုတော့ သတိထားမိသူ ရှားပါတယ်။ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အပူဒဏ်ကြောင့် မျက်လုံးတွေ မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေအပူဒဏ်ကြောင့် မျက်လုံးမှာ ဘယ်လို ပြဿနာတွေ ခံစားရနိုင်လဲ နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်ကြည်လွှာ နေလောင်တာ မျက်လုံးခြောက်တာ မျက်လုံးပြာတာ မျက်လုံးတွေ ယားတာ မျက်လုံး ကျိန်းစပ်တာ မျက်လုံး အောင့်တာ အမြင်အာရုံတွေ ဝေဝါးတာလိုမျိုး မျက်စိပြဿနာတွေ ခံစားရနိုင်ပါတယ်။ နေပူဒဏ်ကြောင့် […]

မျက်စိကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

အခြားမျက်လုံးပြဿနာများ

Blepharitis (မျက်ခွံရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Blepharitis (မျက်ခွံရောင်ရမ်းခြင်း။) ကဘာလဲ။ မျက်ခွံရောင်ရမ်းခြင်းဆိုသည်မှာ မျက်လုံးကို ဖုံးအုပ်ထားသော အပြင်ခွံရောင်ရမ်းခြင်းကို ဆိုလိုသည်။ မျက်ခွံဆိုသည်မှာ မျက်တောင်ရှိရာနေရာနှင့် ဆက်နွယ်နေပြီး မျက်ခွံရောင်ရမ်းခြင်းသည် မျက်လုံး ၂ ဖက်လုံးကို သက်ရောက်စေသည်။ မျက်ခွံရောင်ရမ်းခြင်းသည် မျက်လုံးခြောက်သွေ့ခြင်းကို ဖြစ်စေသော အဓိက အကြောင်းရင်းလဲဖြစ်သည်။ မျက်ခွံရောင်ရမ်းခြင်းသည် မျက်တောင်အောက်ခြေရှိအဆီဂလင်များ ပိတ်ဆို့ရာတွင် ဖြစ်ပွားသည်။ ဒီအခြေအနေသည် မျက်လုံးကို ယားယံစေပြီး နီရဲစေသည်။ များစွာသော ရောဂါများ နှင့် အခြေအနေများသည် မျက်ခွံရောင်ရမ်းခြင်းကို ဖြစ်စေသည်။ မျက်ခွံရောင်ရမ်းခြင်းသည် အများအားဖြင့် နာတာရှည်ဖြစ်တတ်ပြီး ကုသရန် ခက်ခဲတတ်သည်။ မျက်ခွံရောင်ရမ်းခြင်းသည် နေရထိုင်ရခက်တတ်စေပြီး မသိမသာလဲ ဖြစ်တတ်သည်။ သို့သော် မျက်ခွံရောင်ရမ်းခြင်းသည် မျက်လုံး၏ အမြင်အာရုံကို အမြဲထိခိုက်စေမှာမျိုး မဖြစ်စေပါ။ လူနာများ၏ မျက်လုံးများသည် ယားယံပြီး နှီရဲနေသော်လည် မျက်ခွံရောင်ရမ်းခြင်းသည် မကူးစက်တတ်ပါ။ Blepharitis (မျက်ခွံရောင်ရမ်းခြင်း။) […]


အခြားမျက်လုံးပြဿနာများ

Blocked Tear Duct (မျက်ရည်ပြွန် ပိတ်ဆို့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Blocked Tear Duct (မျက်ရည်ပြွန် ပိတ်ဆို့ခြင်) ကဘာလဲ။ မျက်ရည်ပြွန်ပိတ်ဆို့ခြင်းဆိုသည်မှာ မျက်လုံး၏ မျက်ရည်စွန့်ထုတ်သည့် စနစ်သည် တစိတ်တပိုင်း (သို့) အပြည့်ပိတ်ဆို့နေခြင်းကို ဆိုလိုသည်။ ပုံမှန်အတိုင်း မျက်ရည်မစီးဆင်းနိုင်လျှင် မျက်ရည်ဝဲခြင်း၊ ယားယံခြင်း (သို့) နာတာရှည် မျက်လုံးရောဂါဖြစ်စေနိုင်သည်။ ပိတ်ဆို့နေသော မျက်ရည်ပြွန်သည် ပြန်လည် ပြုပြင်၍ရသည်။ ကုသမှုသည် ပိတ်ဆို့ရသည့် အကြောင်းရင်း နှင့် လူနာ၏ အသက်ပေါ်မူတည်သည်။ Blocked Tear Duct (မျက်ရည်ပြွန် ပိတ်ဆို့ခြင်) က ဘယ်လောက်အဖြစ်များသလဲ မျက်ရည်ပြွန်ပိတ်ဆို့ခြင်းသည် မွေးခါစကလေးများတွင် ပို၍ အဖြစ်များသည်။ အရွယ်ရောက်ပြီး သူမျးတွင် မျက်ရည်ပြွန်ပိတ်ဆို့ခြင်းသည် မျက်လုံးကူးစက်ရောဂါပိုး၊ ရောင်ရမ်းခြင်း၊ ဒဏ်ရာ (သို့) အကြိတ် တို့ကြောင့်ဖြစ်သည်။ မျက်ရည်ပြွန်ပိတ်ဆို့ခြင်းကို ဖြစ်စေနိုင်သော အချက်အလက်များကို လျှော့ချခြင်းဖြင့် ထိန်းချုပ်နိုင်သည်။ အခြားသတင်းအချက်အလက်များအတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ လက္ခဏာများBlocked […]


မျက်စိရောဂါများ

Amblyopia (lazy eye) (မျက်စိမြင်အားကျခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Amblyopia (lazy eye) (မျက်စိမြင်အားကျခြင်း) ကဘာလဲ။ မျက်စိမြင်အားကျခြင်းက ကလေးငယ်တွေနဲ့ကလေးဘဝအစမှာ အမြင်အာရုံစူးရှမှုလျော့နည်းသွားခြင်း ဖြစ်ပါတယ်။ မျက်မှန်တပ်ခြင်း၊ မျက်ကပ်မှန်တပ်ဆင်ခြင်းက ဒီအခြေအနေအတွက် အသုံးမဝင်ပါဘူး။ အများစူမှာ မျက်လုံးတစ်ဖက်တည်းဖြစ်ပေမယ့် အမြင်ကျသွားခြင်းက နှစ်ဖက်လုံးမှာဖြစ်နိုင်ပါတယ်။ မကုသဘဲထားမယ်ဆိုရင် မြင်အားကျခြင်းကနေ မျက်စိကန်းတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။   လက္ခဏာများAmblyopia (lazy eye) (မျက်စိမြင်အားကျခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တစ်နှစ်အောက်ကလေလးငယ်တွေနဲ့ ကလေးဘဝအစအမြင်အာရုံဖွ့ဖြိုးမှုပြဿနာဖြစ်တာကြောင့် လက္ခဏာတွေကိုလွယ်လွယ်သတိမထားတတ်ပါဘူး။ ကလေးအများစုက အမြင်ဆိုင်ရာပြဿနာတွေကို သတိမထားမိတတ်ကြပါဘူး။ တစ်ဖက်မျက်လုံးအမြင်ကောင်းပြီး အခြားတစ်ဖက်ကမကောင်းပေမယ့် အခက်အခဲမရှိဘဲနေသားကျနေတတ်ကြပါတယ်။ မျက်လုံးမကြာခဏစွေသွားခြင်း ိသု့ ကောင်ေးကာင်းမြင်ရဖို့ခေါင်းစောင်းခြင်းစတဲ့ အမြင်အာရုံပြဿနာရှိတဲ့အခါမှာ မိဘတွေအနေနဲ့သတိပြုမိနိုင်ပါတယ်။ အချို့ကလးတွေမှာ ရှူထောင့်သုံးခုတေါကို ကြည့်ရာမှာအခက်ခဲဖြစ်နိုငိပါတယ်။   မိဘတစ်ယောက်အနေနဲ့ တစ်ချိန်တည်းမှာ မျက်လုံးတစ်ဖက်ကိုအုပ်ထားပြီး အခြားမျကလုံးတစ်ဖက်ကိုဒီတိုင်းထားခြင်းဖြင့် ကလေးရဲ့အမြင်အာရုံအခြေအနေကိုမေးမြန်းကာ အိမ်မှာပဲပြုလုပ်ကြိုးစားနိုင်ပါတယ်။ ကလေးက မျက်လုံးတစ်ဖက်ကိုအုပ်ထားချိန်မှာ အနှောင့်အယှက်မဖြစ်ပေမယ့် နောက်မျက်လုံးတစ်လုံးကိုအုပ်ထားချိနမှာ မသက်မသာဖြစ်မယ်ဆိုရင်တော့ မအုပ်ထားတဲ့မျက်လုံးက မြင်အားကျနေတယ်လို့ဆိုလိုပါတယ်။ ဒီရိုးရှင်းတဲ့နည်းလမ်းက ပြီးပြည့်စုံတဲ့စစ်ဆေးမှုတော့မဖြစ်နိုင်ပါဘူး။ မိဘတွေက ကလေးမျက်လုံးစစ်ဖို့အတွါက် […]


မျက်စိရောဂါများ

Retinal Artery Occlusion (မျက်လုံးသွေးကြော ပိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Retinal Artery Occlusion (မျက်လုံးသွေးကြော ပိတ်ခြင်း) ကဘာလဲ။ မြင်လွှာ ဆိုတာ ဟာ အမြင်အာရုံ အတွက် လုပ်ဆောင်ပေးမယ့် မျက်လုံးရဲ့ အနောက်ဘက်မှာ ရှိတဲ့ ဝင်လာမယ့် အလင်းကို လက်ခံပေးတဲ့ အလွှာ တစ်ခု ဖြစ်ပါတယ်။ မြင်လွှာဆီသို့ သွေးအထောက်အပံ့မှုအတွက် အထူးသဖြင့် သွေးလွှတ်ကြော တစ်ခုနဲ့ သွေးပြန်ကြော တစ်ခုကနေ တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။ တကယ်လို့ အဲဒီသွေးကြော နှစ်ခု ထဲက တစ်ခု (သို့) သွေးကြော နှစ်ခုကနေ ခွဲထွက်သွားတဲ့ သွေးကြော ငယ်လေးတွေ တစ်ခုခုမှာ ပိတ်သွားပြီဆိုရင်တော့ မြင်လွှာဆီကို သွားတဲ့ သွေးထောက်ပံ့မှုဟာ ပြတ်တောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီ လို ပိတ်သွားတာကို occlusion လို့ခေါ်ပါတယ်။ တကယ်လို့ အဓိကသွေးကြော တစ်ခု သာ ပိတ်သွားမယ်ဆိုရင် […]


မျက်စိရောဂါများ

Central Retinal Artery Occlusion (ပင်မမျက်လုံးသွေးကြော ပိတ်ဆို့ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Central Retinal Artery Occlusion (ပင်မမျက်လုံးသွေးကြော ပိတ်ဆို့ခြင်း ) ကဘာလဲ။ မြင်လွှာ ဆိုတာ ဟာ အမြင်အာရုံ အတွက် လုပ်ဆောင်ပေးမယ့် မျက်လုံးရဲ့ အနောက်ဘက်မှာ ရှိတဲ့ ဝင်လာမယ့် အလင်းကို လက်ခံပေးတဲ့ အလွှာ တစ်ခု ဖြစ်ပါတယ်။ မြင်လွှာဆီသို့ သွေးအထောက်အပံ့မှုအတွက် အထူးသဖြင့် သွေးလွှတ်ကြော တစ်ခုနဲ့ သွေးပြန်ကြော တစ်ခုကနေ တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။ တကယ်လို့ အဲဒီသွေးကြော နှစ်ခု ထဲက တစ်ခု (သို့) သွေးကြော နှစ်ခုကနေ ခွဲထွက်သွားတဲ့ သွေးကြော ငယ်လေးတွေ တစ်ခုခုမှာ ပိတ်သွားပြီဆိုရင်တော့ မြင်လွှာဆီကို သွားတဲ့ သွေးထောက်ပံ့မှုဟာ ပြတ်တောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီ လို ပိတ်သွားတာကို occlusion လို့ခေါ်ပါတယ်။ တကယ်လို့ အဓိကသွေးကြော တစ်ခု […]


မျက်စိရောဂါများ

Black Eyes (မျက်ဝန်းပတ်လည် ညိုမဲစွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Black Eyes (မျက်ဝန်းပတ်လည် ညိုမဲစွဲခြင်း) ကဘာလဲ။ မျက်ဝန်းတဝိုက်ညိုမဲစွဲခြင်းဆိုတာ မျက်လုံးအိမ် သွေးခဲခြင်းလို့ သိကြပြီး မျက်လုံးအောက်က တစ်ရှူးတွေ အညိုအမဲစွဲခြင်း ဖြစ်ပါတယ်။ အများစုမှာ မျက်လုံးကိုတိုက်ရိုက်ထိတာထက် မျက်နှာကို ဒဏ်ရာရတာကြောင့် ပိုပြီး အဖြစ်များပါတယ်။   လက္ခဏာများBlack Eyes (မျက်ဝန်းပတ်လည် ညိုမဲစွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နာကျင်၊ ယောင်ယမ်းပြီး ညိုမဲစွဲတာက အတွေ့ရများတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ အစပိုင်းမှာ ယောင်ယမ်းပြီး အရောင်ပြောင်းတာက အနည်းငယ်သာဖြစ်နိုင်ပါတယ် မျက်လုံးက နီလာပြီး တဖြည်းဖြည်းအရောင်ရင့်လာပါလိမ့်မယ်။ နောက်ပိုင်းမှာ မျက်လုံးဘေးပတ်ပတ်လည်က ခရမ်းရင့်ရောင်၊ အဝါရောင်၊ အစိမ်းရောင် သို့မဟုတ် အမဲရောင်ပြောင်းသွားပါလိမ့်မယ်။ ယောင်ယမ်းတာပိုများလေ အရောင်ပြောင်းတာ ပိုများလေ ဖြစ်ပါတယ်။ ရက်အနည်းငယ်ကြာပြီးနောက် အဲ့နေရာက အရောင်ဖျော့ပြီး အယောင်ကျသွားပါလိမ့်မယ်။ မျက်လုံးယောင်နေတာကြောင့် အမြင်အာရုံေဝဝါးပြီး မျက်လုံးဖွင့်ရခက်တာမျိုး ဖြစ်နိုင်ပေမယ့် အမြင်အာရုံပျက်စီးတာက အဖြစ်နည်းပါတယ်။ ခေါင်းဒဏ်ရာရပြီး မျက်ဝန်းတဝိုက် ညိုမဲစွဲတာမျိုး ဖြစ်တတ်တဲ့အတွက် ခေါင်းကိုက်တာလည်း ခံစားရနိုင်ပါတယ်။ ဒဏ်ရာပြင်းထန်တာရဲ့ လက္ခဏာတွေကတော့- ၂ထပ်မြင်ခြင်း မျက်စိ […]


မျက်စိရောဂါများ

Central Serous Chorioretinopathy (Serous Chorioretinopathy ဆိုတာ ဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Central Serous Chorioretinopathy (Serous Chorioretinopathy ဆိုတာ ဘာလဲ) ကဘာလဲ။ Central serous chorioretinopathy ဆိုတာဟာ မျက်ကြည်လွှာအောက်မှာ အရည်တွေ စုဖွဲ့လာခြင်းပါ။ ဒါဟာ မြင်ကွင်းကို ထိခိုက်စေနိုင်ပါတယ်။ မျက်ကြည်လွှာရဲ့ အောက်အလွှာက စိမ့်ထွက်လာတဲ့ အရည်တွေကို choroid လို့ ခေါ်ပါတယ်။ မျက်လုံးမှာ retinal pigment epithelium (RPE)လို့ခေါ်တဲ့ အခြား ဆဲလ် အလွှာလည်း ရှိနေပါသေးတယ်။ မျက်ကြည်လွှာအောက်မှာ ဖြစ်လာတဲ့ ဒီပြဿနာလေးကပဲ အမြင်အာရုံကို ထိခိုက်စေတော့တာပါပဲ။ Central Serous Chorioretinopathy (Serous Chorioretinopathy ဆိုတာ ဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးအဖြစ်များပြီး အထူးသဖြင့်တော့ သူတို့အသက် ၃၀ကနေ ၅၀ကြားထဲမှာ ပိုဖြစ်ကြပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ကဘာလဲ။ အဝေးမှုန်ခြင်းသည် အဝေးမှအရာဝတ္ထုအားကောင်းမွန်စွာမမြင်နိုင်ခြင်းဖြစ်သည်။ သင့်တွင်အဝေးမှုန်ခြင်းရှိက အဝေးရှိအရာအားမြင်ရန်ခက်ခဲလိမ့်မည်။ဥပမာ အနည်းငယ်ကွာဝေးသောအဝေးပြေးလမ်းပြမှုများကိုမမြင်နိုင်ခြင်း။ဤအခြေအနေသည် ရုတ်ချည်းသို့မဟုတ် တဖြည်းဖြည်းချင်းဖြစ်တတ်သည်။ ကလေးငယ်နှင့် အရွယ်ရောက်ချိန်များတွင်ပို၍ဆိုးတတ်သည်။ Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ ဤရောဂါသည် အသက် ရှစ်နှစ်နှင့် ဆယ့်နှစ်နှစ်ကြားပိုဖြစ်တတ်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများNearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဝေးမှုန်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အဝေးရှိအရာကိုကြည့်ပါက ဝါးခြင်း ရှင်းရှင်းလင်းလင်းမြင်နီုင်ရန် မျက်မှောင်ကျုတ်၍ကြည့်ရန်လိုအပ်ခြင်း မျက်စိကိုက်ခြင်းကြောင့်ခေါင်းကိုက်လာခြင်း ကားမောင်းချိန် များသောအားဖြင့်ညအချိန်များတွင်မြင်ရန်ခက်ခဲခြင်း         ကလေးတွင်ဖြစ်တတ်သောအဝေးမှုန်၏လက္ခဏာများမှာ တောက်လျောက်မျက်မှောင်ကုတ်နေခြင်း ရုပ်ရှင်ကြည့်ရာတွင် အနီးကပ်ကြည့်ရန်လိုအပ်ခြင်း သို့မဟုတ် စာသင်ချိန်တွင် ရှေ့ဆုံးတွင်ထိုင်ရန်လိုအပ်ခြင်း အဝေးမှရှိသောပစ္စည်းများကိုသတိမထားမိခြင်း မျက်တောင်ခဏခဏခတ်နေခြင်း မျက်လုံးခဏခဏပွတ်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ပါအခြေအနေများရှိပါကဆရာဝန်နှင့်ပြသပါ။ အဝေးကအရာကိုကောင်းမွန်စွာမမြင်နိုင်ခြင်းတို့ကြောင့် အလုပ်လုပ်ရန်ခက်ခဲခြင်း။ ပုံမှန်လှုပ်ရှားမှုကိုပါအနှောက်အယှက်ဖြစ်စေခြင်း။ သူ့မြင်ကွင်းအတွင်း အရိပ်တခုရုတ်တရက်ဖုံးလွမ်းသည်ခံစားရခြင်း။ အကြောင်းရင်းများNearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ကိုဘာတွေကဖြစ်စေသလဲ အဝေးမှုန်သည် သင့်မျက်စံရှည်လွန်းခြင်း မျက်ကြည်လွှာကွေးလွန်းခြင်း တို့ကြောင့် ပုံရိပ်အားမျက်စိကြောပေါ်သို့မစုဆုံပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ ပုံရိပ်အားမျက်စိကြောရှေ့တွင် စုဆုံစေပြီး ပုံရိပ်ဝါးခြင်းအားဖြစ်ပေါ်စေသည်။ ဖြစ်နိုင်ခြေများငါ့ဆီမှာ Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ အဝေးမှုန် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ […]


မျက်စိရောဂါများ

Pterygium (မျက်သားတက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pterygium (မျက်သားတက်ခြင်း) ကဘာလဲ။ မျက်သားတက်ခြင်းကို ရေလှိုင်းစီးသမားမျက်လုံးဟုလည်း ခေါ်ပြီး မျက်ဖြူသားကိုဖုံးထားသည့် အမြှေးပါး နောက်ကျိလားသောအခြေအနေဖြစ်ပါသည်။ ၎င်းသည် အပြင်တွင်အနေများသူများ အထူးသဖြင့် ရေလှိုင်းစီးသူများတွင် အဖြစ်များသောကြောင့် ရေလှိုင်းစီးသူမျက်လုံးဟု ခေါ်ဆိုရခြင်းဖြစ်ပါသည်။ ၎င်းသည် ကင်ဆာမဟုတ်ပါ။ ပန်းရောင်ရှိပြီး အနည်းငယ်ဖောင်းကြွနေကာ သွေးကြောများကိုပင် မြင်ရတတ်ပါသည်။ များသောအားဖြင့် မျက်လုံးအတွင်းထောင့်မှစတင်လာပြီးနောက် အပြင်ဖက်ဆီသို့ ပျံ့နှံ့ခြင်းဖြစ်သည်။ ထိုကြီးထွားမှုသည် သူငယ်အိမ်အားဖုံးထားသည့် မျက်ကြည်လွှာထိ ရောက်ရှိနိုင်ပါသည်။ မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်နိုင်ပါသည်။ နှစ်ဖက်စလုံးအား ထိခိုက်သည့်အခါ နှစ်ဖက်ဖြစ် မျက်သားတက်ခြင်း ဟုခေါ်ပါသည်။ Pterygium (မျက်သားတက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည်အဖြစ်များ၏။ အသက် ၂၀ – ၄၀ အတွင်း လူငယ်များတွင်အဖြစ်များ၏ ကလေးများတွင် ရှားပါးသည်။ အမျိုးသမီးထက် အမျိုးသားများတွင် ပိုအဖြစ်များ၏။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ […]


အခြားမျက်လုံးပြဿနာများ

မျက်တောင်လေးတွေထိခိုက်ပျက်စီးစေမယ့် အမူအကျင့်မှား (၉) ခု

ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့မျက်နှာမှာ အလှကိုပြီးပြည့်စုံစေတာက မျက်လုံးမျက်ခုံးလေးတွေပါပဲ။ မျက်လုံးမျက်ခုံးကောင်းရင် မချောရင်တောင် ကြည့်ကောင်းကြပါတယ်။ မိန်းကလေးတွေကတော့ မျက်ခုံးနဲ့ မျက်တောင်အတွက် အလှအပပြင်ဆင်နည်းတွေအများကြီးရှိတာမို့ မျက်နှာအလှအတွက် ပူစရာသိပ်မရှိပါဘူး။ ဒါပေမယ့် မိတ်ကပ်လိမ်းခြယ်တာ ဘယ်လောက်ကောင်းကောင်း မျက်ဝန်းအလှကို မခြယ်သနိုင်ရင် ဆားမပါတဲ့ဟင်းလို ဘာလိုနေမှန်းမသိတဲ့အလှကို ရရှိပါလိမ့်မယ်။ အလှတရားအတွက်က မိတ်ကပ်ကိုဘယ်လိုလေးလိမ်းမယ်၊ ဘယ်လိုလေးခြယ်မယ်၊ မျက်ခုံးတက်တူးလေးထိုးမယ်၊ မျက်တောင်တုလေးတပ်မယ်၊စတဲ့ပြင်ဆင်ပုံနည်းလမ်းတွေရှိနေပေမယ့် အဲဒီအလှကိုရေရှည်ခံစေဖို့က ပင်ကိုယ်မျက်နှာလေးကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ပြောရရင် အလှပြုပြင်မှုတွေဘယ်လောက်ခေတ်မီလာပါစေ မူရင်းကောင်းဖို့လည်းအရေးကြီးပါတယ်။ အခုပြောပြပေးမှာက ကိုယ့်ရဲ့သတိမထားမိတဲ့အပြုအမူလေးတွေကြောင့် မျက်တောင်လေးတွေကို ထိခိုက်စေပြီး အလှပျက်စေတဲ့အကြောင်းပါ။ မသိလိုက်ဘဲ အမြဲလိုလိုဆက်လုပ်မိနေမယ်ဆိုရင် ရှိရင်းစွဲအလှတရားတွေ ပျက်ယွင်းစေနိုင်တာကြောင့် ဒီအချက်တွေကို သတိထားသင့်ပါတယ်။ (၁) မိတ်ကပ်မဖျက်ဘဲ အိပ်ခြင်း တစ်နေ့တာလုံးကုန်ဆုံးတဲ့အချိန် မအိပ်ခင် မျက်နှာသစ်ဖြစ်ရင်တောင် ဖျက်ရခက်တဲ့ရေစိုခံမျက်တောင်ကော့ဆေးနဲ့ဆို အခက်တွေ့ရပါတယ်။ မိတ်ကပ်မဖျက်ဘဲ အိပ်မိရင်တော့ ဝက်ခြံတွေဖြစ်လာစေရုံမက မျက်တောင်လေးတွေကိုပါ ထိခိုက်စေပါလိမ့်မယ်။ မျက်တောင်ကော့ဆေးတွေရဲ့သဘာဝက မျက်တောင်ကိုကော့ပြီးတောင့်စေတာဖြစ်လို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း