မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

နေပူရင် ထိခိုက်တာက အသားအရေလို့ပဲ အများက ယူဆထားကြပါတယ်။ တကယ်ကတော့ နေပူဒဏ်ကြောင့် ထိခိုက်တဲ့ထဲမှာ အသားအရေ၊ ဆံသား နဲ့ မျက်လုံးတွေပါ ထိခိုက်တာပါ။ နွေရဲ့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်စေတာကို သိထားကြပေမယ့် မျက်လုံးတွေကို ထိခိုက်တာကိုတော့ သတိထားမိသူ ရှားပါတယ်။ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အပူဒဏ်ကြောင့် မျက်လုံးတွေ မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေအပူဒဏ်ကြောင့် မျက်လုံးမှာ ဘယ်လို ပြဿနာတွေ ခံစားရနိုင်လဲ နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်ကြည်လွှာ နေလောင်တာ မျက်လုံးခြောက်တာ မျက်လုံးပြာတာ မျက်လုံးတွေ ယားတာ မျက်လုံး ကျိန်းစပ်တာ မျက်လုံး အောင့်တာ အမြင်အာရုံတွေ ဝေဝါးတာလိုမျိုး မျက်စိပြဿနာတွေ ခံစားရနိုင်ပါတယ်။ နေပူဒဏ်ကြောင့် […]

မျက်စိကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

မျက်စိရောဂါများ

Black Eyes (မျက်ဝန်းပတ်လည် ညိုမဲစွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်မျက်ဝန်းတဝိုက် ညိုမဲစွဲခြင်းဆိုတာဘာလဲ။ မျက်ဝန်းတဝိုက်ညိုမဲစွဲခြင်းဆိုတာ မျက်လုံးအိမ် သွေးခဲခြင်းလို့ သိကြပြီး မျက်လုံးအောက်က တစ်ရှူးတွေ အညိုအမဲစွဲခြင်း ဖြစ်ပါတယ်။ အများစုမှာ မျက်လုံးကိုတိုက်ရိုက်ထိတာထက် မျက်နှာကို ဒဏ်ရာရတာကြောင့် ပိုပြီး အဖြစ်များပါတယ်။ မျက်ဝန်းတဝိုက် ညိုမဲစွဲတာက ဘယ်လောက်အဖြစ်များသလဲ။ ပြည့်စုံသော သတင်းအချက်အလက်ရရန် ဆရာဝန်နှင့် တိုင်ပင်ပါ။ လက္ခဏာများမျက်ဝန်းတဝိုက် ညိုမဲစွဲတာရဲ့ လက္ခဏာက ဘာတွေလဲ။ နာကျင်၊ ယောင်ယမ်းပြီး ညိုမဲစွဲတာက အတွေ့ရများတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ အစပိုင်းမှာ ယောင်ယမ်းပြီး အရောင်ပြောင်းတာက အနည်းငယ်သာဖြစ်နိုင်ပါတယ် မျက်လုံးက နီလာပြီး တဖြည်းဖြည်းအရောင်ရင့်လာပါလိမ့်မယ်။ နောက်ပိုင်းမှာ မျက်လုံးဘေးပတ်ပတ်လည်က ခရမ်းရင့်ရောင်၊ အဝါရောင်၊ အစိမ်းရောင် သို့မဟုတ် အမဲရောင်ပြောင်းသွားပါလိမ့်မယ်။ ယောင်ယမ်းတာပိုများလေ အရောင်ပြောင်းတာ ပိုများလေ ဖြစ်ပါတယ်။ ရက်အနည်းငယ်ကြာပြီးနောက် အဲ့နေရာက အရောင်ဖျော့ပြီး အယောင်ကျသွားပါလိမ့်မယ်။ မျက်လုံးယောင်နေတာကြောင့် အမြင်အာရုံေဝဝါးပြီး မျက်လုံးဖွင့်ရခက်တာမျိုး ဖြစ်နိုင်ပေမယ့် အမြင်အာရုံပျက်စီးတာက အဖြစ်နည်းပါတယ်။ ခေါင်းဒဏ်ရာရပြီး မျက်ဝန်းတဝိုက် ညိုမဲစွဲတာမျိုး ဖြစ်တတ်တဲ့အတွက် ခေါင်းကိုက်တာလည်း ခံစားရနိုင်ပါတယ်။ ဒဏ်ရာပြင်းထန်တာရဲ့ […]


အခြားမျက်လုံးပြဿနာများ

Corneal Ulcer (မျက်ကြည်လွှာအနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Corneal Ulcer (မျက်ကြည်လွှာအနာ) ကဘာလဲ။ မျက်လုံးမှာ ပုံရိပ်တွေကိုစုပေးတဲ့ အပိုင်း၂ပိုင်းရှိပါတယ်။ မျက်ကြည်လွှာ မျက်လုံးရဲ့ကြည်လင်တဲ့အရှေ့မျက်နှာပြင် မှန်ဘီလူး မျက်လုံးအတွင်းတည်ရှိတဲ့ အရာဝတ္ထူတွေကို စုဆုံပေးရန် ပုံရိပ်တွေကိုပြောင်းလဲပေးတဲ့ ကြည်လင်တဲ့အရာဝတ္ထုလေးဖြစ်ပါတယ်။ မျက်ကြည်လွှာက မျက်လုံးရဲ့ပြတင်းပေါက်ဖြစ်ပြီး အလင်းတွေကို မျက်လုံးထဲဝင်စေပါတယ်။ မျက်ရည်က မျက်ကြည်လွှာကို ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ နဲ့ မှိုတွေကနေ ကာကွယ်ပေးပါတယ်။ မျက်ကြည်လွှာပေါက်ပြဲခြင်းက မျက်ကြည်လွှာမှာအနာပေါက် ဖြစ်သွားစေပါတယ်။ ကူးစက်ပိုးဝင်ခြင်းကြောင့်ဖြစ်ပါတယ်။ မျက်လုံးကိုသေးသေးလေးထိခိုက်မိခြင်း ဒါမှမဟုတ် မျက်ကပ်မှန်အကြာကြီးတပ်ခြင်းကြာင့် ပေါက်သွားခြင်းက ကူးစကပ်ပိုးတွေကိုဝင်စေပါတယ်။ Corneal Ulcer (မျက်ကြည်လွှာအနာ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများCorneal Ulcer (မျက်ကြည်လွှာအနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ မျက်ကြည်လွှာအနာ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ မျက်လုံးနီခြင်း ပြင်းပြင်းထန်ထန်နာခြင်း မျက်လုံးထဲတစ်ခုခုရှိနေသလို ခံစားရခြင်း မျက်ရည်လည်ခြင်း မျက်လုံးမှ အရည်ထွက်ခြင်း အမြင်ဝါးခြင်း အလင်းကိုမခံနိုင်ခြင်း မျက်လုံးရောင်ခြင်း မျက်ခွံရောင်ခြင်း မျက်ကြည်လွှာတွေင် အဖြူစက်ပေါ်ခြင်း( အနာကြီးလျှင် မျက်လုံးနဲ့မြင်နိုင်ပါတယ်။ […]


မျက်စိရောဂါများ

Vitreous Opacities (ဗစ်ထရီးရပ်စ် အိုပတ်စတီးစ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vitreous Opacities (ဗစ်ထရီးရပ်စ် အိုပတ်စတီးစ်) ကဘာလဲ။ မျက်လုံးထဲတွင် ရေမြုပ်လေးများရှိနေသလို ခံစားရခြင်းဖြစ်ပါတယ်။ အမြင်အာရုံတစ်လျှောက်လိုက်ရွေ့နေတဲ့ အစက်အပြောက်သေးသေးလေးတွေ ဖြစ်ပါတယ်။ စာရွက်အဖြူရောင်၊ ကောင်းကင်ပြာပြာစတဲ့ တောက်ပတဲ့အရာတွေကို ကြည့်လိုက်တဲ့အခါမှာ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ သင့်အမြင်အာရုံကိုအနှောင့်အယှက်မပေးနိုင်ပေမယ့် သင့်စိတ်ကသိကအောက်ဖြစ်စေနိုင်ပါတယ်။ Vitreous Opacities (ဗစ်ထရီးရပ်စ် အိုပတ်စတီးစ်) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများVitreous Opacities (ဗစ်ထရီးရပ်စ် အိုပတ်စတီးစ်) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ရေမြုပ်ကြည်ကြည်လေးတွေလို အမြင်အာရုံမှာပေါ်လာခြင်း မျက်လုံးရွေ့လိုက်တာမျိုးမှာ လိုက်ရွေ့သွားပြီး ကြည့်ဖို့ကြိုးစားတဲ့အခါမျိုးမျာ သင့်အမြင်စက်ဝန်းကနေ ရုတ်တရက်ပျောက်သွားတာမျိုး ကောင်းကင်ပြာ၊ သို့ အဖြူရောင်နံရံကဲံသို့သော တောက်ပတဲ့နောက်ခံပြောင်တစ်ခုကို ကြည့်လိုက်တဲ့အခါမှာ ပိုပြီးထင်ရှားသွားတာမျိုး တဖြည်းဖြည်းချင်း အမြင်အာရုံကနေ ပျောက်သွားတာမျိုး ရေမြုပ်လေးတွေလိုပဲ မျက်လုံးတစ်ဝိုက်ရွေ့လျားသွားနေတာကြောင့် ဖြစ်ပါတယ်။ ကြည့်ဖို့ကြိုးစားလိုက်တဲ့အခါမှာ ပျေက်သွားတတ်ကြပါတယ်။ တစ်ကြိမ်မိသွားပြီးရင် နောက်ထပ်ထပ်မေရွေ့တော့ပါဘူး။ အချိန်တွေကြာလေ ပိုဆိုးလာနိုင်လေဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး […]


အခြားမျက်လုံးပြဿနာများ

Macular Degeneration (မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Macular Degeneration (မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း) ကဘာလဲ။ Macular degeneration ဆိုသည်မှာ လူအများစုတွင် အသက်အရွယ်ကြီးလာခြင်းကြောင့်ဖြစ်ခြင်းဖြစ်သည်။ အချို့လူငယ်များတွင်လည်း မွေးရာပါ ရောဂါကဲ့သို့ဖြစ်နိုင်သည်။ ၎င်းသည် တဖြည်းဖြည်းဖြင့် သင့်မျက်လုံး၏ နောက်ဘက်နေရာများ ပျက်စီးလာပြီး အလယ်တည့်တည့်ကို သေချာစွာ မမြင်ရတော့ခြင်းဖြစ်သည်။ ဘေးဘက်မြင်ကွင်းများ ထိခိုက်မှုမရှိပေ။ ၎င်းသည် ကြာရှည်ဖြစ်သော ရောဂါဖြစ်ပြီးပျောက်ကင်းအောင်ကုသ၍ မရပေ။ Macular Degeneration (မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဤကျန်းမာရေးအခြေအနေသည်အလွန်ပင်အဖြစ်များသည်။ အမြင်အာရုံဆုံးရှုံးခြင်း၏ အဓိက အကြောင်းရင်းလည်းဖြစ်သည်။ အသက်အရွယ်မရွေးထိခိုက်နိုင်ပြီး အမျိုးသမီးများတွင် အမျိုးသားများထက် ပိုဖြစ်နိုင်သည်။ ၎င်းသည် အသက် ၆၀ နှင့် အထက်တွင် များသောအားဖြင့် ဖြစ်ပွားပြီး မျက်စိကွယ်ခြင်း၏ ၅၀% ကိုဖြစ်စေသော အကြောင်းရင်းဖြစ်သည်။ အသက် ၅၀ အထက်တွင် ၇ ယောက်လျှင် တစ်ယောက်ထိခိုက်နိုင်သည်။ လေ့လာမှု တစ်ခုတွင် ၂၀၃၀ သို့ရောက်လျင် […]


အခြားမျက်လုံးပြဿနာများ

Pink Eye (မျက်ခွံအတွင်းသားရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pink Eye (မျက်ခွံအတွင်းသားရောင်ရမ်းခြင်း) ကဘာလဲ။ Pink eye ( မျက်ခွံအတွင်းသားရောင်ရမ်းခြင်း)ဆိုသည်မှာ မျက်လုံးရဲ့အဖြူရောင်အစိတ်အပိုင်းနေရာတွင်အနီရောင်သို့ပန်းရောင်များပေါ်လာခြင်းဖြစ်ပါတယ် ။ သင့်မျက်လုံးရဲ့မျက်ခွံနဲ့မျက်လုံးအဖြူရောင်အပိုင်းကိုကာကွယ်ပေးထားတဲ့အမြှေးပါးရောင်ရမ်း၍ဖြစ်စေ ပိုးဝင်၍ဖြစ်စေ ရောဂါဖြစ်စေပါတယ်။ Pink Eye (မျက်ခွံအတွင်းသားရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ မျက်ခွံအတွင်းသားရောင်ခြင်းဟာတော်တော်အဖြစ်များပါတယ် ။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ် ။ အန္တရာယ်ရှိသည်များကိုရှောင်ရှား၍ ရောဂါဖြစ်နိုင်ချေကိုလျှော့ချနိုင်ပါတယ် ။ အသေးစိတ်သိရဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်မေးမြန်းသင့်ပါတယ်။ လက္ခဏာများPink Eye (မျက်ခွံအတွင်းသားရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးလက္ခဏာတွေကတော့….နီမြန်းခြင်း ၊ ယားယံခြင်း၊ ကြမ်းတမ်းနေသလိုခံစားရခြင်း၊ ညတွင်ထွက်သောအရည်အချွဲများခဲနေ၍ မနက်ဖက်တွင်မျက်လုံးဖွင့်မရခြင်း၊ မျက်ရည်ကျခြင်း.. တို့ပဲဖြစ်ပါတယ်။ အထက်ဖော်ပြပါစာရင်းထဲမှာမပါတဲ့ ရောဂါလက္ခဏာများ လည်းရှိနိုင်ပါသေးတယ် ။ လက္ခဏာတွေနဲ့ပတ်သတ်ပြီးအသေးစိတ်သိချင်လျှင်တော့ ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အကယ်၍သင့်တွင်နီမြန်းခြင်း ၊ ယားယံခြင်း၊ ကြမ်းတမ်းနေသလိုခံစားရခြင်း၊ ညတွင်ထွက်သောအရည်အချွဲများခဲနေ၍ မနက်ဖက်တွင်မျက်လုံးဖွင့်မရခြင်း ၊ မျက်ရည်ကျခြင်း.. စတဲ့လက္ခဏာတွေဖြစ်ပေါ်နေပြီဆိုလျှင်တော့ဆရာဝန်နှင့် ပြသသင့်ပါပြီ။ လူတစ်ယောက်နှင့်တစ်ယောက်မတူညီနိုင်ကြပါဘူး ။ အကောင်းဆုံးအဖြေကိုရရှိဖို့ဆရာဝန်နဲ့ပြသသင့်ပါတယ်။ အကြောင်းရင်းများPink Eye (မျက်ခွံအတွင်းသားရောင်ရမ်းခြင်း) […]


ရေတိမ်

Primary Congenital Glaucoma (ကလေးများနှင့် မွေးရာပါရေတိမ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Primary Congenital Glaucoma (ကလေးများနှင့် မွေးရာပါရေတိမ်) ကဘာလဲ။ မွေးရာပါရေတိမ် (PCG) ရေတိမ်အမျိုးအစားတွေထဲကတစ်ခုဖြစ်ပြီး မြင့်မားသောအရည်ဖိအားက သင့်မျက်စိပတ်လည်ကိုဖိကာ မျက်စိအာရုံကြော ပျက်စီးဆုံးရှုံးနိုင်ပါတယ်။ဤရောဂါကို များသောအားဖြင့်မွေးဖွားပြီးခါစ သို့မဟုတ်မကြာမီမှာ တွေ့ရှိတတ်ပြီး နှင့်အများဆုံးကတော့ တစ်နှစ်အတွင်းဖြစ်ပါတယ်။PCG ဟာ မျက်စိရဲ့အရည်စီးဆင်းမှုလမ်းကြောင်းလေးတွေ (trabecular meshwork လို့ခေါ်တဲ့မျက်စိထဲက ဖွဲ့စည်းမှု) ရဲ့ ဖွံ့ဖြိုးမှု မူမမှန်သဖြင့်ဖြစ်လာတဲ့သွင်ပြင်လက္ခဏာဖြစ်ပါတယ်။ aqueous လို့ခေါ်တဲ့ အရည်ကြည်လေးတွေက မျက်လုံးနောက် iris လို့ခေါ်တဲ့နေရာကနေ ဇကာပေါက်လေးတွေနဲ့တူတဲ့ trabecular meshwork ဆီကို ကိုစဉ်ဆက်မပြတ်စီးဆင်းပြီး သွေးကြောထဲကိုရောက်ရှိပါတယ်။ အဆိုပါ trabecular meshworkက PCG မှာကောင်းစွာအလုပ်မလုပ်ပါဘူး။ ဒါကြောင့်, မျက်စိရေကြည် တွေစီးဆင်းမှုမကောင်းပဲ မျက်စိအတွင်းပိုင်းမှာ မြင့်မားသောဖိအားရရှိလာတဲ့ချို့ယွင်းချက်ဖြစ်ပါတယ်။ ဤ ဖိအားက မျက်စိ အာရုံကြော ကိုပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်နိုင်ပြီး ချက်ချင်းကုသမပေးလျှင် အမြင်အာရုံကို […]


အခြားမျက်လုံးပြဿနာများ

Color Blindness (ကာလာဘလိုင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Color Blindness (ကာလာဘလိုင်း) ကဘာလဲ။ Color blind ဟာ အရောင်တွေကို မမြင်နိုင်တဲ့ အခြေအနေကို ဆိုလိုပါတယ်။ အချို့အရောင်တွေကို ခွဲခြားနိုင်စွမ်း နည်းပါးတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ နောက်တစ်မျိုးပြောရရင် သင့်မှာ အနီရောင်၊ အစိမ်းရောင်၊ အပြာရောင် (သို့) အခြားအရောင်တွေကို မြင်နိုင်ခြင်း မရှိပါဘူး။ Color blind လူနာ တွေမှာ ဘာအရောင်မှ မမြင်ရသူဟာ ရှားပါးပါတယ်။ Color Blindness (ကာလာဘလိုင်း) က ဘယ်လောက်အဖြစ်များသလဲ Color blind ဟာ အဖြစ်နည်းပါတယ်။ ယောက်ျားလေးတွေမှာ မိန်းကလေးတွေမှာထက် ပိုဖြစ်နိုင်ပါတယ်။ အမျိုးသားတွေဟာ အမြင်အာရုံ မကောင်းခြင်းနဲ့ မွေးဖွားလာနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများColor Blindness (ကာလာဘလိုင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Color blind ရဲ့ […]


အခြားမျက်လုံးပြဿနာများ

ညှို့အားပြင်းတဲ့မျက်ဝန်းတစ်စုံကို အန္တရာယ်ကင်းကင်းနဲ့ ဘယ်လိုပိုင်ဆိုင်နိုင်မလဲ

လူတစ်ယောက်ရဲ့မျက်နှာမှာ မျက်လုံးက အရေးပါဆုံးအစိတ်အပိုင်းပါ။ လူတစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အချိန်ပဲဖြစ်ဖြစ် တွေ့ဆုံကြတဲ့အချိန်မှာဖြစ်ဖြစ် သတိပြုမိကြတာဟာ မျက်ဝန်းတွေပါပဲ။ လှပတဲ့မျက်ဝန်းတစ်တစ်စုံက မျက်နှာတစ်ခုလုံးရဲ့ အလှအပကို ပိုမိုထင်ရှားစေပြီး စွဲဆောင်မှုပိုမိုစေပါတယ်။ညှို့အားကောင်းတဲ့မျက်ဝန်းလှလှလေးကို လူတိုင်းလိုချင်ကြတယ်လေ။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ ဒီအတွက် မျက်ဝန်းအလှအပကို အားဖြည့်ပေးနိုင်အောင် ကြိုးစားကြပြီး eye cosmeticsတွေကိုအသုံးပြုကြတယ်။ အထူးသဖြင့် မျက်ဝန်းအနားသတ်ကို လိုင်းဖော်ပေါ်လွင်စေတဲ့ eyeliner က မျက်ဝန်းရဲ့အလှအပကို သိသာထင်ရှားစေအောင် အားဖြည့်ပေးနိုင်တဲ့အတွက် အမျိုးသမီးတွေ အသုံးပြုကြပါတယ်။ အောက်မှာဖော်ပြထားတာကတော့ Eyeliner အသုံးပြုတဲ့သူတွေအနေနဲ့ဘေးကင်းစိတ်ချစွာစွဲဆောင်မှုရှိနိုင်ဖို့အတွက် လိုက်နာသင့်တဲ့ဆောင်ရန်ရှောင်ရန်တွေပါ။ (၁) မျက်စိနဲ့ပတ်သက်တဲ့အလှကုန်တွေကိုအေးတဲ့နေရာမှာထားပါ eyeliner၊ eye shadow စတာတွေကို85° Fအောက် အပူချိန်မှာပဲသိမ်းဆည်းထားရှိပါ။ ဒါ့ကြောင့် ဒီပစ္စည်းတွေကို ကားထဲမှာ မထားသင့်ဘူးလို့ဆိုလိုတာဖြစ်ပါတယ်။   (၂) ခဲဓါတ်ပါတဲ့ eyelinerတွေကိုမသုံးပါနဲ့ အရောင်စွဲလွန်းတဲ့permanent coloringတွေပါတဲ့ဈေးပေါတဲ့ပစ္စည်းတွေကိုရှောင်ပါ။ အသုံးမတော်ရင် ပြန်ကုသမရတဲ့ မျက်စိထိခိုက်မှုကိုဖြစ်စေနိုင်ပြီး မျက်စိပါကွယ်စေနိုင်ပါတယ်။   (၃) အသုံးပြုသင့်တဲ့ သက်တမ်းကျော်လွန်ရင် အသစ်လဲပါ eyeliner […]


အခြားမျက်လုံးပြဿနာများ

ကလေးလေးတွေ မျက်လုံးခဏခဏပွတ်တတ်တာဘာ့ကြောင့်လဲ

ကလေးတွေ မျက်လုံးပွတ်တာ ချစ်စရာကောင်းတဲ့အမူအရာလို့ မိဘတွေကမြင်ကြပါတယ်။ သူတို့မျက်လုံးပွတ်နေချိန်မှာ နှာခေါင်းလေးတွေ၊ မျက်နှာလေးတွေနီလာတာကိုကြည့်ရတာလည်း ချစ်စရာကောင်းနေမှာပါ။ ဒါပေမယ့် ဘာမှမလုပ်ဘဲ ကလေးကိုပဲသေချာစောင့်ကြည့်ကြည့်ပါ။ အဲဒီအမူအရာလေးကတဆင့် သင့်ကို သူပြောပြချင်နေတဲ့ အကြောင်းတစ်ခုခုရှိနေတာသိလာရင် သင်မျက်နှာလွှဲနိုင်တော့မှာမဟုတ်ပါဘူး။ သူ အိပ်ချင်နေတာ ဒါမှမဟုတ် ပင်ပန်းနေတာ စသည်ဖြင့် အခြေအနေတစ်ခုခုကို ညွှန်ပြချင်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါဟာ ကလေးတစ်ယောက်ရဲ့ခြေဟန်လက်ဟန်တစ်ခုလောက်ပဲလို့ ယူဆမယ်ဆို မှားယွင်းနေပါတယ်။ ကလေးလေးတွေက မျက်စိကို ပွတ်နေတာဟာ သူဘာလိုချင်သလဲဆိုတာ သင့်ကိုသိစေချင်နေတဲ့အကြောင်းရင်းကအများကြီးရှိနေနိုင်ပါတယ်။ ကလေးလေးတွေ မျက်လုံးခဏခဏပွတ်တတ်တာဘာ့ကြောင့်လဲ။ သူကဘာကိုပြောချင်နေတာဖြစ်နိုင်မလဲ။အောက်ပါဖြစ်နိုင်ခြေတွေကိုလေ့လာကြည့်ရအောင်ပါ။ ကလေးလေးတွေ မျက်လုံးခဏခဏပွတ်တတ်တာဘာ့ကြောင့်လဲ ကလေးလေးတွေ မျက်လုံးခဏခဏပွတ်တတ်တာဘာ့ကြောင့်လဲ ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ မျက်စိညောင်းလာခြင်း ကလေးတစ်ယောက်ပင်ပန်းလာပြီဆိုရင် မျက်လုံးလေးတွေစင်းလာတတ်ပါတယ်။ သူမျက်လုံးတွေပွတ်နေတဲ့အခါ သူဟာမျက်လုံးတစ်ဝိုက်က၊ မျက်လုံးထဲက၊မျက်ခွံထဲမှာ ကြွက်သားနာကျင်တောင့်တင်းမှုကိုလျော့စေဖို့ လုပ်နေတာဖြစ်ပါတယ်။ ကလေးက မျက်စိညောင်းလာတဲ့အခါ သူ့မျက်လုံးထဲမှာ မျက်သား ခြောက်သွေ့လာပါတယ်။ မျက်လုံးရှေ့ဘက်ခြမ်းကအကာအကွယ်အလွှာပါးမှာ လေနဲ့ထိတွေ့တာကြာလာတဲ့အခါ မျက်သားခြောက်သွေ့လာတတ်ပါတယ်။ မျက်လုံးပွတ်ခြင်းက မျက်ရည်ထွက်အောင်လှုံ့ဆော်ပေးပြီး မျက်လုံးထဲမှာ အစိုဓာတ်ပြန်လည်ထိန်းသိမ်းစေနိုင်ပါတယ်။ မျက်သားခြောက်သွေ့ခြင်း မောပန်းနေရခြင်းရဲ့ အကျိုးဆက်နောက်တစ်ခုက ကလေးရဲ့မျက်လုံးတအားခြောက်လာတာပဲဖြစ်ပါတယ်။ […]


အခြားမျက်လုံးပြဿနာများ

လေဆာဖြင့်မျက်စိပါဝါဖျောက်ခြင်း (Lasik Surgery)

LASIK eye surgery ဆိုတာဘာလဲ LASIK လို့ခေါ်တဲ့ laser in-situ keratomileusis ဆိုတာဟာ အနီးမှုန်၊ အဝေးမှုန်သူတွေ နဲ့ သူငယ်အိမ်စောင်းခြင်း (astigmatism) ရှိသူတွေကို အမြင်အာရုံကောင်းမွန်အောင် လေဆာနည်းနဲ့မျက်စိကုသခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒီကုသမှုက မျက်ကြည်လွှာရဲ့အသွင်သဏ္ဍာန်ကိုပြောင်းလဲစေပါတယ်။ လေဆာဖြင့်မျက်စိပါဝါဖျောက်ခြင်း (LASIK ) ကုထုံးမှာ မျက်စိအထူးကုပညာရှင်က အရင်ဆုံး microkeratome ကိရိယာကိုသုံးပြီး မျက်ကြည်လွှာမှာ တိကျပါးလွှာတဲ့corneal flap တစ်ခုကို အရာပေး ဖန်တီးပါတယ်။ ပြီးမှ flap ကိုခွာပြီး မျက်ကြည်လွှာတစ်ရှူုးအောက်ခံလွှာပေါ်လာစေပါတယ်။ အဲ့ဒီနောက်မှာတော့ အထူးပြုလုပ်ထားတဲ့ excimer laser နဲ့ လူနာရဲ့မျက်စိပါဝါအနေအထားကိုမူတည်ပြီး မျက်ကြည်လွှာကို ပြန်လည်ပုံသွင်း ကုသပေးပါတယ်။နောက်မှ ပြန်ချုပ်စရာမလိုဘဲ flapလေးကို မျက်ကြည်လွှာပေါ်ညင်သာစွာနေရာပြန်ချပေးတာဖြစ်ပါတယ်။ Refractive error (မျက်မှန်လို၍မျက်စိမှုန်ခြင်း) လူသားတွေရဲ့မျက်လုံးမှာ မျက်လုံးအတွင်းမှာရှိတဲ့မျက်ကြည်လွှာနဲ့မှန်ဘီလူးတို့က မျက်စိအာရုံစူးစိုက်မှုစနစ်ကို လုပ်ဆောင်ပေးပြီးမြင်လွှာပေါ်ကို အလင်းရောင်ကျရောက်မှုကို ကင်မရာတွေမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း