မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

နေပူရင် ထိခိုက်တာက အသားအရေလို့ပဲ အများက ယူဆထားကြပါတယ်။ တကယ်ကတော့ နေပူဒဏ်ကြောင့် ထိခိုက်တဲ့ထဲမှာ အသားအရေ၊ ဆံသား နဲ့ မျက်လုံးတွေပါ ထိခိုက်တာပါ။ နွေရဲ့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်စေတာကို သိထားကြပေမယ့် မျက်လုံးတွေကို ထိခိုက်တာကိုတော့ သတိထားမိသူ ရှားပါတယ်။ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အပူဒဏ်ကြောင့် မျက်လုံးတွေ မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေအပူဒဏ်ကြောင့် မျက်လုံးမှာ ဘယ်လို ပြဿနာတွေ ခံစားရနိုင်လဲ နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်ကြည်လွှာ နေလောင်တာ မျက်လုံးခြောက်တာ မျက်လုံးပြာတာ မျက်လုံးတွေ ယားတာ မျက်လုံး ကျိန်းစပ်တာ မျက်လုံး အောင့်တာ အမြင်အာရုံတွေ ဝေဝါးတာလိုမျိုး မျက်စိပြဿနာတွေ ခံစားရနိုင်ပါတယ်။ နေပူဒဏ်ကြောင့် […]

မျက်စိကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

Astigmatism (မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Astigmatism (မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်း) ကဘာလဲ။ မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော မျက်စိပြသနာ တခုဖြစ်ပါသည်။ ထိုသို့ဖြစ်ပါက မကုသဘဲထားလျှင် ရောဂါဖြစ်သောမျက်စိတဖက်တွင် အမြင်အာရုံချို့တဲ့ခြင်းဖြစ်နိုင်ပါသည်။ Astigmatism (မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပုံမှန်အားဖြင့် လူတယောက်၏မျက်လုံးပုံစံသည် လုံးဝန်းပြီး မှန်ဘီလူးခုံးသည်လည်း အလိုက်သင့်ညီညာစွာ ခုံးနေသည်။ ထိုမှန်ဘီလူးခုံးသည် မျက်လုံးအနောက်တွင်ရှိသော အာရုံခံလွှာပေါ်သို့ အလင်းတန်းများစုဆုံလာစေရန်လုပ်ဆောင်ပေးခြင်း အမြင်အာရုံကိုကြည်လင်စေသည်။ မှန်ဘီလူးခုံးမညီညာသောရောဂါတွင် အထက်ပါဖြစ်စဉ်အတိုင်းမဖြစ်တော့ဘဲ အလင်းတန်းများ မစုဆုံတော့သောကြောင့် အလင်းပြန်မှုများ မူမမှန်ဖြစ်စေနိုင်သည်။ ထို့ပြင် မျက်လုံးသည် ဇွန်း၏ကျောဘက်ကဲ့သို့ဖြစ်သွားသောအခါ အလင်းတန်းများသည် တဖက်သို့ဦးတည်သွားပြီး အရာဝတ္ထု၏ အစိတ်အပိုင်း တချို့ကိုသာဖမ်းယူပေးသည်။ ၎င်းသည် အနီးအဝေးရှိ ဝတ္ထုများကို ဝါးသွားစေခြင်း၊ ပြန်သားစွာမမြင်ခြင်းတို့ဖြစ်စေသည်။   လက္ခဏာများAstigmatism (မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်း တွင် မျက်ကြည်လွှာခုံးခြင်းနှင့် မှန်ဘီလူးခုံးခြင်းဟူ၍၂ မျိုးရှိပါသည်။ မျက်ကြည်လွှာခုံးခြင်း ည် မျက်ကြည်လွှာ ပုံမကျခြင်းကြောင့်ဖြစ်ပြီး မှန်ဘီလူးခုံးခြင်းသည် မှန်ဘီလူး ပုံမကျခြင်းကြောင့်ဖြစ်သည်။       အကြောင်းရင်းများAstigmatism (မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်း) […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်စိမကောင်းတဲ့ သက်ကြီးရွယ်အိုတွေကို ဘယ်လိုကူညီကြမလဲ

အချိန်ကြာလာတာနဲ့ အမျှ အမြင်အာရုံြေပါင်းလဲခြင်းဟာ အသက်ကြီးခြင်းရဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြောင်းလဲမှုတွေဟာ အသက်ကြီးသူတွေကို ထိခိုက်စရာ မလိုပါဘူး။ သင်က အသက်ကြီးသူတွေကို ဘာတွေ မျှော်လင့်ထားရမလဲဆိုတာ သိစေပြီး နေ့စဉ်ဘဝမှာ ပံ့ပိုးကူညီသင့်ပါတယ်။ ဘာကို မျှော်လင့်ထားရမလဲဆိုတာ သိစေပါ။ မျက်လုံးမှ ပြောင်းလဲမှုတွေဟာ အသက်ကြီးသူတွေကို စိုးရိမ်ပူပန်စေပါလိမ့်မယ်။ ဒါကြောင့် သူတို့ကို အဖြစ်များပြီး သူတို့ ဖြစ်နိုင်တဲ့ မျက်စိရောဂါအကြောင်းတွေကို ပြောပြထားသင့်ပါတယ်။ ဒါမှသာ ဒီပြဿနာတွေဖြစ်လာရင် ကြိုတင်ပြင်ဆင်ပြီး ဖြစ်နိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ အဖြစ်များတဲ့ မျက်လုံးပြဿနာတွေ ဖြစ်ပါတယ်။ မျက်လုံးခြောက်ခြင်း ဒါဟာ အဖြစ်များတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အသက်ကြီးသူတွေမှ မျက်ရည် ဂလင်းဟာ မျက်ရည်ကို ကောင်းစွာ မထုတ်နိုင်တော့ပါဘူး (မျက်ရည် လုံလောက်စွာ မထုတ်ခြင်း (သို့) မျက်ရည် အရည်အသွေးကျဆင်းခြင်း)။ ဒါကြောင့် မျက်လုံးတွေဟာ ရေဓါတ်ကို […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

အသက်အရွယ် ကြီးရင့်သူများတွင် ဖြစ်သော မျက်စိတိမ်စွဲခြင်း

လူတို့သည် အသက်အရွယ်ကြီးလာသည်နှင့်အမျှ ရောဂါဖြစ်နိုင်ခြေပိုများလကြသည်။ အတွင်းတိမ်စွဲခြင်းသည် အသက်ကြီးသူများတွင် အဖြစ်များပြီးမျက်စိ ၁လုံး၊ ၂လုံးလုံးကို ပါကွယ်စေနိုင်ပါသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများသည် မျက်လုံးအတွင်းတိမ်စွဲခြင်းနှင့် ပက်သက်၍ပိုကောင်းအောင် ပြုလုပ်နိုင်သောကျန်းမာရေးအသိရှိသင့်ပါသည်။ မျက်လုံး တိမ်စွဲခြင်း ဆိုတာ ဘာလဲ မျက်လုံးတိမ်စွဲခြင်းသည် မျက်လုံးအတွင်းရှိ မျက်နက်ဝန်းနှင့် သူငယ်အိမ်၏အနောက်တွင်ရှိသောမှန်ဘီလူးတွင် တိမ်စွဲခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် အလင်းတန်းများသည် မျက်လုံးအတွင်းရှိမှန်ဘီလူးမှတဆင့် မျက်ကြည်လွှာပေါ်သို့ရောက်ရှိကြပြီးဦးနှောက်သို့ ရောက်ကြသည်။ ထို့ကြောင့် ပြတ်သားသောပုံရိမ်များမြင်နိုင်ရန် မှန်ဘီလူးကြည်လင်နေဖို့လိုပါသည်။ မှန်ဘီလူးတိမ်စွဲနေလျှင် အမြင်ဝါးနေမည်ဖြစ်သည်။ အသက်ကြီးသူများ၏ ၄၀ % ခန့်သည် အတွင်းတိမ်စွဲကြပြီး ၎င်းသည် ကမ္ဘာပေါ်တွင်မျက်စိကွယ်နေသူများ၏ အဓိကအကြောင်းရင်းတရပ်ဖြစ်သည်။ ဘာကြောင့် မျက်လုံးအတွင်းတိမ်ဖြစ်ရသလဲ။ မျက်လုံးတွင်းမှန်ဘီလူးသည် ရေ၊ ပရိုတင်းဓါတ်တို့ဖြင့်ဖွဲ့စည်းထားသည်။ ပရိုတင်းဓါတ်သည် မှန်ဘီလူးကို ကြည်လင်နေရန်နှင့် အလင်းတန်းများဖြတ်သွားနိုင်ရန် လုပ်ဆောင်ပေးသည်။ ကျွနုပ်တို့ အသက်ကြီးလာသည်နှင့်အမျှ ပရိုတင်းများသည် မှန်ဘီလူးထဲတွင် တစ်ခုနှင့် တစ်ခုကပ်သွားပြီး တိမ်ဖြစ်သွားခြင်းဖြစ်သည်။ မှန်ဘီလူးတွင် တိမ်များပိုဆိုးလာသောအခါ […]


ရေတိမ်

အသက်ရွယ်ကြီးရင့်သူများတွင် ဖြစ်သော မျက်လုံးရေတိမ်ဖြစ်ခြင်း

လူတို့သည် အသက်ကြီးလာသည်နှင့်အမျှ ပိုအားနည်းလာကြပြီး ရောဂါဖြစ်နိုင်ခြေနှင့် ဖျားနာနိုင်ခြေပိုများလာကြသည်။ မျက်လုံးအာရုံကြောများပျက်စီး၍ ဖြစ်သောမျက်လုံးရေတိမ်စွဲခြင်းသည် အသက်ကြီးသူများတွင် ဖြစ်လေ့ရှိသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည်။ ထိုရောဂါ၏ ဖြစ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ရန် ဂရုပြုဆောင်ရွက်သင့်ပါသည်။ မျက်လုံးရေတိမ်ဖြစ်ခြင်းဆိုတာဘာလဲ။ မျက်လုံးရေတိမ်ဖြစ်ခြင်းသည် မျက်လုံးအတွင်းရှိ အာရုံကြောပျက်စီးသွားသောကြောင့်ဖြစ်သောရောဂါဖြစ်သည်။ ထိုအမြင်အာရုံကြောသည် မျက်လုံးတွင်းရှိမျက်ကြည်လွှာမှ ဖမ်းယူပေးသောအလင်းရောင်နှင့် ပုံရိပ်များကိုဦးနှောက်သို့ ပို့ပေးခြင်းဖြင့် ကျွန်ုပ်တို့ကို မြင်ရစေသည်။ မျက်လုံးရေတိမ်ဖြစ်လျှင် မျက်လုံးအတွင်းဖိအားများမှုကြောင့် အာရုံကြောမျှင်များပျက်စီးသွားသည်။ အာရုံကြောမျှင်များအတော်အတန်ပျက်စီးသွားသောအခါ အရာဝတ္ထုများကိုမမြင်နိုင်သော blind spot ဟုခေါ်သည့်နေရာကို ပိုကြီးမားလာစေပြီး မျက်လုံးအမြင်အာရုံချို့တဲ့လာခြင်းဖြစ်သည်။ ထိုမှတဆင့် မျက်လုံးကွယ်သွားလျှင် တစ်သက်စာပြန်ကုမရတော့ချေ။ လူအများစုသည် အာရုံကြောများအတော်ပျက်စီးသွားသည်အထိ မျက်စိမကွယ်ဘဲရှိနေနိုင်သော်လည်း အမြင်အာရုံကြောတခုလုံးပျက်စီးသွားလျှင် လုံးဝမျက်စိကွယ်သွားမည်ဖြစ်သည်။ မျက်လုံးရေတိမ်ဖြစ်ခြင်းသည် အသက်ကြီးသူများတွင် မျက်စိကွယ်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပြီး ရောဂါကိုစောသိပြီးကုသမှုခံယူခြင်း၊ မျက်စိဆရာဝန်နှင့်ပြသကာထပ်ဖြစ်လာနိုင်သော အာရုံကြောပျက်စီးမှုများကို ကာကွယ်ခြင်းတို့ပြုလုပ်သင့်ပါသည်။ ရောဂါလက္ခဏာများ • အမှောင်ထဲသို့သွားလျှင် ပုံမှန်လူများကဲ့သို့ကျင့်သားရရန်ခက်ခဲခြင်း • အနီး၊အဝေးရှိပစ္စည်းများကို အာရုံထားပြီးကြည့်ရန် ခက်ခဲခြင်း • အလင်းရောင်နှင့် စူးရှတောက်ပသောအလင်းများကိုမခံနိုင်သောကြောင့် မျက်တောင်တဖျတ်ဖျတ်ခတ်ခြင်း • […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

Eye Fatigue (မျက်စိညောင်းညာကိုက်ခဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Eye Fatigue (မျက်စိညောင်းညာကိုက်ခဲခြင်း) ကဘာလဲ။ မျက်စိညောင်းတယ်၊ကိုက်တယ်ဆိုတာ သင့်မျက်စိကို ပြင်းပြင်းထန်ထန် အသုံးပြုပြီးတဲ့အခါ (ဥပမာ အကြာကြီးစာဖတ်တာ၊ခရီးဝေးကားမောင်းတာ ဒါမှမဟုတ် ဖုံး၊ကွန်ပြူတာ အစရှိတာတွေကို အချိန်ကြာမြင့်စွာ အသုံးပြုတာ) မျက်စိပင်ပန်းသွားတာ၊ညောင်းသွားတာကို ဆိုလိုပါတယ်။ ဒါဟာ စိတ်အနှောင့်အယှက်ဖြစ်စရာပေမယ့် သင့်အနေနဲ့ မျက်စိကို အနားပေးလိုက်တဲ့အခါ ဒါမှမဟုတ် တခြားနည်းလမ်းတွေနဲ့ မျက်စိကို သက်တောင့်သက်သာ ရှိအောင်လုပ်ပေးလိုက်တဲ့အခါ မျက်စိညောင်းတာ ပျောက်သွားလေ့ရှိတာမို့ အန္တရာယ်ရှိတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။   ဘယ်အရာတွေက မျက်စိကို ညောင်းညာကိုက်ခဲစေနိုင်သလဲ။ ကားအကြာကြီးမောင်းတာ ဒါမှမဟုတ် အကြာကြီး စာဖတ်တာလိုမျိုး မျက်စိကို အင်မတန်အလုပ်လုပ်ခိုင်းထားတဲ့ အခြေအနေတွေအားလုံးဟာ မျက်စိညောင်းစေ၊ကိုက်စေပါတယ်။ အောက်ပါအရာတွေကို အကြာကြီးပြုလုပ်ရင် မျက်စိညောင်းစေပါတယ်။ စာဖတ်ခြင်း စာရေးခြင်း ကားမောင်းခြင်း အလင်းစူးစူးကို အကြာကြီးကြည့်တာ ဒါမှမဟုတ် အလင်းရောင်အားနည်းတဲ့ နေရာမှာ စာဖတ်ဖို့၊တခုခုကို မြင်ရဖို့ အပြင်းအထန်ကြိုးစားရင်လည်း မျက်စိညောင်းစေပါတယ်။ မျက်စိညောင်းညာကိုက်ခဲစေတဲ့ အဓိကအပြုအမူတွေထဲမှာ ကွန်ပြူတာ၊စမတ်ဖုန်း စတာတွေကို […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

Eye Twitching (မျက်ခွံအကြောလိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Eye Twitching (မျက်ခွံအကြောလိုက်ခြင်း) ကဘာလဲ။ သင့်မျက်ခွံတွေ ထိန်းချုပ်လို့မရဘဲ အလိုလျောက် လှုပ်နေတာကို မျက်ခွံအကြောလိုက်တယ်လို့ ခေါ်ပါတယ်။ အပေါ်၊အောက် မျက်ခွံနှစ်ခုလုံးမှာ ဒီလိုအကြောလိုက်တာမျိုး ဖြစ်နိုင်ပေမယ့် အပေါ်မျက်ခွံမှာပဲ အဓိက ဖြစ်ပေါ်ပါတယ်။ လူအများစုအတွက် ဒီလိုအကြောလိုက်တာဟာ မသိမသာဖြစ်ပြီး မျက်ခွံလေးတချက်အသာလေး လှုပ်သွားတယ်လို့ပဲ ခံစားရလေ့ရှိပါတယ်။ တချို့တွေကျပြန်တော့လည်း မျက်ခွံအကြောဆွဲတာ အတော်ဆိုးတဲ့အတွက် မျက်လုံးကို လုံးဝမှိတ်ထားလိုက်ရတာမျိုးလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ တချို့လူတွေမှာ ဒါမျိုးဘယ်တော့မှ ဖြစ်ပေါ်လေ့မရှိပါဘူး။   Eye Twitching (မျက်ခွံအကြောလိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အောက်ပါအချက်တွေက မျက်ခွံအကြောလိုက်အောင် ဆွပေးနိုင်ပါတယ်။ အရက်သောက်ခြင်း အလင်းရောင်စူးစူး ကဖင်းဓါတ်အလွန်အကျွံသောက်ခြင်း ပင်ပန်းနွမ်းနယ်ခြင်း မျက်စိအသား ဒါမှမဟုတ် မျက်ခွံအတွင်းပိုင်းမှာ နေမထိထိုင်မသာ ဖြစ်ခြင်း ပင်ပင်ပန်းပန်းလှုပ်ရှားထားခြင်း ဆေးလိပ်သောက်ခြင်း စိတ်ဖိစီးမှု များခြင်း လေတိုက်ခြင်း လက္ခဏာများEye Twitching (မျက်ခွံအကြောလိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။ မျက်ခွံမှာ ရှိတဲ့ကြွက်သားတွေ ထိန်းချုပ်လို့မရဘဲ တဆတ်ဆတ်လှုပ်နေခြင်းပဲ ဖြစ်ပါတယ်။   ဘယ်အချိန်မှာ ဆေးကုသမှု ခံယူသင့်သလဲ။ မျက်ခွံအကြောလိုက်တာဟာ ကာလကြာရှည်ဖြစ်နေတယ် ဒါမှမဟုတ် အောက်ပါဝေဒနာတွေပါ ခံစားနေရပြီဆိုရင်တော့ […]


မျက်စိရောဂါများ

အိပ်မက်များကို အဖြေရှာခြင်း

အိပ်မက်တွေမှာ ဘယ်လိုအဓိပ္ပါယ်တွေရှိသလဲဆိုတာနဲ့ အိပ်မက်တွေက သင့်ကိုဘာတွေပြောပြနေသလဲဆိုတာကို သင်စိတ်ဝင်တစား သိချင်မိပါသလား။ သိချင်တယ်ဆိုရင်တော့ သင့်အိပ်မက်တွေကိုအဖြေရှာဖို့ အောက်ဖော်ပြပါအချက်တွေကိုလိုက်နာကြည့်ပါ။ အိပ်မက်တွေကို မှတ်မိနေဖို့သင်ယူပါ။ အိပ်မက်တွေကိုအဓိပ္ပါယ်ပြန်တတ်ဖို့က ခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ ဒါကြောင့် အိပ်မက်တွေကို သေချာမမှတ်မိနေဘူးဆိုရင် အိပ်မက်ကို ဘာသာပြန်ဖို့ ပိုပြီးခက်ခဲစေပါလိမ့်မယ်။ အိပ်မက်တွေကို မှတ်မိနိုင်ဖို့ခက်ခဲစေမယ့် ဝါးတားတားပုံရိပ်တွေ မဖြစ်ပေါ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းဖြစ်ပြီး အောက်ပါအချက်တွေကိုလည်း တတ်နိုင်သမျှ လိုက်နာကြည့်ပါ။ အိပ်ရာဘေးမှာ မှတ်တမ်းစာအုပ်ကိုထားပါ။ ဒါမှ သင်အိပ်မက်မက်ပြီး နိုးလာတဲ့အချိန်မှာ မှတ်တမ်းစာအုပ်ကို အလွယ်တကူယူပြီး ရေးမှတ်ထားလို့ရနိုင်မှာပေါ့။ မရေးချလိုက်ဘဲ နိုးတဲ့အချိန်ကြာသွားတဲ့အခါမှာ လူတွေက အိပ်မက်တွေကို မေ့သွားတတ်ကြပါတယ်။ ဒါကြောင့် နံနက်ခင်းတိုင်းမှာ တခြားဘာမှမလုပ်ခင် ဒါလေးကိုအရင်လုပ်သင့်ပါတယ်။ အိပ်မက်မက်တဲ့အရာမှန်သမျှကို ချရေးပါ။ မဖြစ်နိုင်တဲ့အကြောင်းအရာတွေ၊ တန်ဖိုးမရှိတဲ့အရာတွေ မက်ခဲ့ရင်တောင်မှ အားလုံးကိုချရေးထားပါ။ တစ်ခါတလေမှာ အဓိပ္ပါယ်မရှိဘူးလို့ထင်တဲ့အရာတွေက တန်ဖိုးအရှိဆုံးနိမိတတ်တွေဖြစ်လာနိုင်ပါတယ်။   အိပ်မက်တွေဟာ လက်တွေ့ဘဝအခြေအနေတွေကို ထင်ဟပ်နေတာလားဆိုတာ ဆုံးဖြတ်ပါ။ သင့်ဘဝမှာ […]


မျက်စိရောဂါများ

Strabismus (မျက်စိစွေခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Strabismus (မျက်စိစွေခြင်း) ကဘာလဲ။ မျက်စိစွေခြင်း ဆိုသည်မှာ မျက်စိနှစ်လုံးစလုံးက ဦးတည်ရာ တစ်နေရာတည်းကို ကြည့်လို့မရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ မျက်စိနှစ်လုံးဟာ တောင်တစ်လုံး၊မြောက်တစ်လုံးဆိုသလို ဖြစ်နေပါလိမ့်မယ်။ မျက်စိတစ်လုံး (သို့) နှစ်လုံး စလုံးက အတွင်းဖက် ဒါမှမဟုတ် အပြင်ဖက်ကို ကြည့်နေတဲ့ ပုံစံ ဖြစ်နေမှာပါ။ ပိုအားကောင်းတဲ့ မျက်လုံးက ထုတ်ပေးတဲ့ အချက်ပြမှုတွေကိုပဲ ဦးနှောက်က အသုံးပြုတာဖြစ်တဲ့အတွက် အချိန်ကြာလာတဲ့အခါ အားနည်းတဲ့ မျက်လုံးကို အသုံးပြုတာ နည်းလာတာကြောင့် စောစီးစွာ မကုသဖူးဆိုရင် အမြင်အာရုံဆုံးရှုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ Strabismus (မျက်စိစွေခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ ကလေးတွေမှာ အလွန်အဖြစ်များသလို အရွယ်ရောက်ပြီး လူကြီးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ကလေးတွေမှာ မျက်စိစွေတာဟာ မွေးရာပါဖြစ်ပြီး အသက်သုံးလလောက်ရောက်တဲ့အထိ သတိမထားမိဘဲ ရှိနေတတ်ပါတယ်။ လူကြီးတွေမှာ ဆိုရင်တော့ ဆီးချို၊လေဖြတ်တာ ဒါမှမဟုတ် မျက်လုံးထိခိုက်ဒါဏ်ရာ […]


အခြားမျက်လုံးပြဿနာများ

Corneal Foreign Body And Corneal Abrasion (မျက်ကြည်လွှာပြင်ပပစ္စည်းဝင်ခြင်း နှင့် မျက်ကြည်လွှာ ပွန်းပဲ့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Corneal Foreign Body And Corneal Abrasion (မျက်ကြည်လွှာပြင်ပပစ္စည်းဝင်ခြင်း နှင့် မျက်ကြည်လွှာ ပွန်းပဲ့ခြင်း) ကဘာလဲ။ မျက်ကြည်လွှာ ပွန်းပဲ့ခြင်းဆိုသည်မှာ ပြင်ပပစ္စည်းတစ်ခု ကြောင့် မျက်ကြည်လွှာ မျက်နှာပြင်တွင် ခြစ်ရာထင်ခြင်းကို ခေါ်ပါသည်။ မျက်ကြည်လွှာသည် မျက်လုံးအပြင်ဘက် ရှိ ကြည်လင်တောက်ပသော အရည်အလွှာတစ်ခုဖြစ်ပြီး အကာ အကွယ်ပေးသော ဒိုင်းအဖြစ် ဆောင်ရွက်ပေးပါသည်။ အရာ ဝတ္ထုမှလာသော အလင်းကို မျက်လုံးတွင်းရှိ ပုံရိပ်ဖော်အလွှာ (retina) တွင် စုဆုံစေပါသည်။ ဖုန်မှုန့်၊ သဲမှုန့်၊ သေးငယ်သော အင်းဆက်များ စသော ပြင်ပပစ္စည်းများသည် မျက်လုံးတွင်း ဝင်ရောက်ကာ မျက်ကြည်လွှာတွင် ကပ်ကျန်နေနိုင်ပါသည်။ သေချာ မကုသပါက မျက်ကြည်လွှာ လုံး၀ ပျက်စီးဆုံးရှုံးသွားနိုင်ပါသည်။ Corneal Foreign Body And Corneal Abrasion (မျက်ကြည်လွှာပြင်ပပစ္စည်းဝင်ခြင်း […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

သင့်ကလေး မျက်လုံးကောင်းဖို့ ဘာတွေစားရမလဲ

မုန်လာဥနီဟာ မျက်စိကျန်းမာရေးအတွက်အဓိကအရေးပါတဲ့ အစားအစာဖြစ်တယ်လို့ကျွန်တော်တို့သိထားကြပါတယ်။ မုန်လာဥနီမှာ ပါဝင်တဲ့ beta-carotene ဓါတ်ဟာ မြင်လွှာအပါအဝင်အခြားသော မျက်စိအစိတ်အပိုင်းတွေ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီဆောင်ရွက်ပေးတာကြောင့် မုန်လာဥနီဟာ မျက်စိရောဂါတွေအတွက် ကောင်းတယ်ဆိုတာ အရမ်းမှန်ပါတယ်။ ဒါပေမယ့် သင့်ကလေး မျက်လုံးကောင်းဖို့ အတွက် လိုအပ်တဲ့ တခြားဗီတာမင်ဓါတ်တွေလည်း ရှိပါသေးတယ်။ သင့်ရင်သွေးလေး အမြင်အာရုံစူးရှမှသာ ပတ်ဝန်းကျင်က စိတ်ဝင်စားစရာအရာတွေကို ပျော်ပျော်ပါးပါးလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေ မျက်စိအားကောင်းအောင် ကူညီပေးနိုင်တဲ့အစားအစာတွေအကြောင်း ဖတ်ကြည့်လိုက်ရအောင်။ သင့်ကလေး မျက်လုံးကောင်းဖို့ ဘာတွေစားရမလဲ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်တွေ ဒီအသီးအရွက်တွေဟာ သင့်ခန္ဓါကိုယ်အိုမင်းရင့်ရော်မှုကို တားဆီးကာကွယ်ပေးနိုင်တဲ့ antioxidants တွေများစွာ ပါဝင်တဲ့အပြင် lutein, zeaxanthin, beta-carotene, vitamin A, vitamin C, vitamin E,vitamin K, ကယ်လ်ဆီယမ်, ဇင့်ဓါတ်, သံဓါတ်နဲ့အမျှင်ဓါတ်တွေလည်းပါဝင်နေပါသေးတယ်။ lutein နဲ့zeaxanthinတို့ဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း