မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

နေပူရင် ထိခိုက်တာက အသားအရေလို့ပဲ အများက ယူဆထားကြပါတယ်။ တကယ်ကတော့ နေပူဒဏ်ကြောင့် ထိခိုက်တဲ့ထဲမှာ အသားအရေ၊ ဆံသား နဲ့ မျက်လုံးတွေပါ ထိခိုက်တာပါ။ နွေရဲ့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်စေတာကို သိထားကြပေမယ့် မျက်လုံးတွေကို ထိခိုက်တာကိုတော့ သတိထားမိသူ ရှားပါတယ်။ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အပူဒဏ်ကြောင့် မျက်လုံးတွေ မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေအပူဒဏ်ကြောင့် မျက်လုံးမှာ ဘယ်လို ပြဿနာတွေ ခံစားရနိုင်လဲ နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်ကြည်လွှာ နေလောင်တာ မျက်လုံးခြောက်တာ မျက်လုံးပြာတာ မျက်လုံးတွေ ယားတာ မျက်လုံး ကျိန်းစပ်တာ မျက်လုံး အောင့်တာ အမြင်အာရုံတွေ ဝေဝါးတာလိုမျိုး မျက်စိပြဿနာတွေ ခံစားရနိုင်ပါတယ်။ နေပူဒဏ်ကြောင့် […]

မျက်စိကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

အခြားမျက်လုံးပြဿနာများ

ကလေးတွေမှာ ဖြစ်ပွားတတ်တဲ့ ကြက်မျက်သင့်ရောဂါ

ညအချိန်ဟာ ကလေးငယ်လေးတွေအတွက် ကြောက်စရာဖြစ်ပါတယ်(အထူးသဖြင့် သူတို့လေးတွေမှာ ညဖက်ရောက်ရင် ဘာကိုမှ ကောင်းကောင်းမမြင်ရတော့တဲ့ အမြင်ဆိုင်ရာ ပြဿနာတွေပါ ရှိနေရင်ပေါ့)။ ညဖက်ရောက်ရင် ဘာကိုမှ ကောင်းကောင်းမမြင်ရတော့တဲ့ အဆိုပါ ပြဿနာကို ကြက်မျက်သင့်ရောဂါလို့ခေါ်ပြီး ကလေးငယ်ရဲ့ မျက်ကြည်လွှာမှာရှိတဲ့ ဆဲလ်တွေကောင်းစွာ အလုပ်မလုပ်နိုင်တော့ရင် ဒါမျိုးဖြစ်လာနိုင်ပါတယ်။ ကြက်မျက်သင့်ရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းတွေ အမျိုးမျိုးရှိပေမယ့် ဗီတာမင် C ချို့တဲ့ခြင်းကတော့ အဓိက တရားခံပဲ ဖြစ်ပါတယ်။ ကြက်မျက်သင့်ရောဂါ ဘာလို့ဖြစ်တာလဲ။ ကြက်မျက်သင့်ရောဂါဖြစ်နေတဲ့ ကလေးရဲ့မျက်လုံးဟာ ညအမှောင် ဒါမှမဟုတ် အလင်းရောင်ခပ်မှိန်မှိန်ပဲ ရှိတဲ့အချိန်တွေမှာဆိုရင် သေချာမမြင်ရတော့တဲ့အတွက် လုံးဝလင်းထိန်နေတဲ့ အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ သူတို့လေးတွေဟာ မျက်စိမမြင်သူနဲ့ ဘာမှမခြားဖူး ဖြစ်နေပါလိမ့်မယ်။ ကြက်မျက်သင့်ရောဂါဟာ ကလေးငယ်တွေမှာ အများဆုံး ဖြစ်လေ့ရှိပါတယ်။ အမှောင်ကို အရမ်းကြောက်တာ၊အလင်းမှိန်မှိန်ပဲရှိတဲ့ အခန်းထဲမှာ လမ်းလျှောက်တဲ့အခါ ပစ္စည်းတွေကို ဟိုတိုးဒီတိုး ဝင်တိုက်မိတာ၊ညဖက်အိပ်မပျော်တာမျိုးတွေဟာ ကြက်မျက်သင့်ရောဂါရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ကြက်မျက်သင့်ရောဂါ […]


မျက်စိရောဂါများ

Optic Neuritis (မျက်စိအမြင်အာရုံကြောရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Optic Neuritis (မျက်စိအမြင်အာရုံကြောရောင်ခြင်း) ကဘာလဲ။ မျက်စိအမြင်အာရုံကြောရောင်ခြင်းသည် အမြင်အာရုံကို ဦးနှောက်မှ သိရှိစေရန် မျက်စိမှ ဦးနှောက်သို့ ပို့ပေးသော မျက်စိတွင်းရှိ အာရုံကြော အစုအေ၀ ရောင်ရမ်းခြင်းဖြစ်သည်။ ထိုသို့ဖြစ်လျှင် အတွေ့များသော လက္ခဏာများမှာ မျက်လုံးနာခြင်းနှင့် မျက်စိတဖက် မမြင်တော့ခြင်း (ယာယီ)တို့ဖြစ်သည်။ Optic Neuritis (မျက်စိအမြင်အာရုံကြောရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ မျက်စိအမြင်အာရုံကြောရောင်ခြင်းသည် အလွန်အဖြစ်များပါသည်။ အမျိုးသမီးများနှင့် အမျိုးသားများတွင် ဖြစ်နိုင်ချေမှာ ၃ : ၁ ဖြစ်ပြီး အသက် ၁၄ နှစ် မှ ၄၅ နှစ်ကြား အမျိုးသမီးများတွင် ပိုဖြစ်ပါသည်။ လူငယ်များတွင်လည်းဖြစ်နိုင်ပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများOptic Neuritis (မျက်စိအမြင်အာရုံကြောရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများသော ရောဂါလက္ခဏာမှာ မျက်လုံးလှုပ်လိုက်လျှင် နာကျင်ခြင်းဖြစ်သည်။ […]


အခြားမျက်လုံးပြဿနာများ

Subconjunctival Hemorrhage (မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Subconjunctival Hemorrhage (မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း ) ကဘာလဲ။ မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်းဖြစ်လျှင် ရုတ်တရက် မျက်စိများနီရဲလာပြီး ယင်းဖြစ်စဉ်သည် အဖြစ်များပြီး သင်နှင့် သင့်ပတ်ဝန်းကျင်ရှိလူများအတွက် သတိပြုစရာတစ်ခုဖြစ်လာပါသည်။ Subconjunctival Hemorrhage (မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်းသည် မျက်ကြည်လွှာအောက်ရှိသွေးကြောများ ပေါက်ခြင်းကြောင့် အလိုအလျောက်နီရဲလာခြင်းဖြစ်ပြီါ် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်နိုင်ပါသည်။ ယင်းသည် မျက်လုံးတဖက်တည်းတွင် အဖြစ်များပြီး မျက်လုံးနှစ်ဖက်လုံးတွင် ဖြစ်ခဲပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများSubconjunctival Hemorrhage (မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ ပထမအဆင့်တွင် မျက်လုံးနီရဲခြင်းမျှသာဖြစ်ပြီး မည်သည့်ရောဂါလက္ခဏာများကို မျှ မခံစားရပါ။ မှန်ထဲတွင်ကြည့်သော အခါ၊ သူတပါးက မိမိ မျက်စိနီနေကြောင်းပြောသော အခါမှသာလျှင် သိရပါသည်။ မျက်လုံးအလွှာအောက်ရှိသွေးကြောများပေါက်ခြင်းကြောင့် မျက်စိနီရဲခြင်း သည် သိသာသောကြောင့် ယေဘူယျအားဖြင့် ရောဂါသတ်မှတ်ရန် လွယ်ကူပါသည်။ (အထက်တွင် […]


အခြားမျက်လုံးပြဿနာများ

Oculomycosis (မျက်စိမှိုစွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Oculomycosis (မျက်စိမှိုစွဲခြင်း) ကဘာလဲ။ မျက်စိမှိုစွဲခြင်းသည် မျက်စိတွင်မှိုရောဂါပိုးဝင်ခြင်းဖြစ်ပြီး ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ အမီးပါး နှင့်မှိုတို့ကူးစက်ဝင်ရောက်သောကြောင့်ဖြစ်ရသည်။ သို့သော် ထိုရောဂါသည် အင်မတန်ရှားပါးပြီး ဖြစ်လာပါကလည်း အလွန်ပြင်းထန်ပါသည်။ မျက်စိမှုစွဲရောဂါသည် မျက်လုံး၏မည်သည့်အစိတ်အပိုင်းတွင်မဆိုဖြစ်နိုင်ပါသည်။ မျက်စိမှိုစွဲခြင်းတွင် အောက်ပါအတိုင်း ၂ မျိုးရှိပါသည်။ မျက်စိရှေ့လွှာ(cornea)ရောင်ခြင်း ယင်းသည် မျက်စိအရှေ့ဘက်တွင်ကာထားသော မျက်ကြည်လွှာရောင်ခြင်းဖြစ်သည်။ မျက်စိအတွင်းပိုင်းရောင်ခြင်း ယင်းသည် မျက်စိအတွင်းပိုင်း အရည်ရှိသောနေရာများတွင်ဖြစ်ခြင်းဖြစ်ပြီး အတွင်းပိုင်းနှင့် အပြင်ပိုင်းဟူ၍ ၂ မျိုးရှိပါသည်။ အပြင်ပိုင်းတွင် မှိုစွဲခြင်း သည်မျက်လုံးအပြင်ဘက်မှ မှိုများဝင်ရောက်လာခြင်းကြောင့်ဖြစ်ပြီး အတွင်းပိုင်းတွင် မှိုစွဲခြင်း သည် သွေးကြောများမှတဆင့်မှိုရောဂါများပြန့်နှံ့ကာ မျက်စိတဖက်/ နှစ်ဖက်လုံးကွယ်သည်အထိဖြစ်နိုင်ပါသည်။ Oculomycosis (မျက်စိမှိုစွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ မျက်စိမှိုစွဲခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အသက် ၅၀ ကျော်များတွင် ပိုအဖြစ်များကြောင်းတွေ့ရသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများOculomycosis (မျက်စိမှိုစွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မှိုရောဂါပိုးများနှင့် မျက်လုံးကို ထိတွေ့မိလျှင် ရောဂါဖြစ်နိင်ပြီး […]


အခြားမျက်လုံးပြဿနာများ

Stye (မျက်စိစွံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Stye (မျက်စိစွံခြင်း) ကဘာလဲ။ မျက်စိစွန်ခြင်းသည် သင့်မျက်တောင်နှင့် မျက်ခွံစပ်ကြား အပြင်ဘက်အစွန်းနေရာတွင် နီရဲသော အဖုလေးဖြစ်လာခြင်းဖြစ်သည်။ ယင်းသည် မျက်ခွံအတွင်းတွင်လည်းဖြစ်နိုင်သည်။ အချို့သူများသည် မျက်စိစွန်ခြင်း နှင့် မျက်ခွံတွင်အဆီအိတ်ရောင်ခြင်းကို မှားတတ်ကြသည်။ မျက်ခွံတွင်အဆီအိတ်ရောင်ခြင်းသည်လည်း မျက်ခွံဖောင်းလာခြင်းမျိုးဖြစ်ပြီး အဖြစ်များပါသည်။ ယင်းသည် မျက်စိစွန်ခြင်းနှင့် ဆင်တူသော်လည်း မျက်ခွံ၏အစွန်းတွင် မဖြစ်ခြင်း၊ အရွယ်အစားပိုကြီးခြင်း၊ ဖြစ်စေသော အကြောင်းရင်းမတူခြင်း စသည်ဖြင့် ကွဲပြားမှုများရှိပါသည်။ မျက်စိစွန်ခြင်းသည် နာကျင်သော်လည်း ကုသမှုခံယူစရာမလိုဘဲပျောက်ကင်းသည်ကများပြီး ပြင်းထန်သောဆိုးကျိုးများလည်း ဖြစ်ခဲပါသည်။ Stye (မျက်စိစွံခြင်း) က ဘယ်လောက်အဖြစ်များသလဲ မျက်စိစွန်ခြင်း သည် အလွန်အဖြစ်များပြီး အသက်အရွယ်မရွေး ဖြစ်နိုင်ပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများStye (မျက်စိစွံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မျက်လုံးစပ်လာခြင်း၊ နီလာခြင်း၊ မျက်ခွံအစပ်နေရာတွင် ရောင်လာခြင်းနှင့် ခိုးလိုးခုလုဖြစ်လာခြင်း တို့သည် မျက်စိစွန်လျှင်တွေ့ရများသော လက္ခဏာများဖြစ်သည်။ ထို့ပြင် […]


မျက်စိရောဂါများ

Endophthalmitis (မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Endophthalmitis (မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း) ကဘာလဲ။ မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းသည် Staphylococcus , Streptococcus နှင့် Gram negative ဘက်တီးရီးယားများ၊ Candida , Aspergillus မှိုများကြောင့် မျက်စိ၏အတွင်းပိုင်းရှိ တစ်သျူးများပြင်းထန်စွာရောင်ရမ်းမှုဖြစ်ခြင်း ဖြစ်သည်။ ရေယုန်ဖြစ်စေသော Herpes simplex နှင့် Herpes zoster ဗိုင်းရပ်စ်နှငိ Toxocara, Toxoplas Protozoa များကြောင့် ဖြစ်သောမျကိစိရောင်ခြင်းများရှိသော် လည်း ရှားပါသည်။ ပိုးကောင်များကြောင့်မဟုတ်သော ရောင်ရမ်းမှုများသည် မျက်လုံးတိမ်ခွဲစိတ်မှုများအပြီး၊ သို့မဟုတ် မျက်လုံးထဲသို့ ဆေးထိုးသွင်းပြီးကုသရသော ကုသမှုများအပြီး တွင် ဖြစ်လေ့ရှိပါသည်။ Endophthalmitis (မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းသည်လူများ၏၂-၁၅ %အထိသာဖြစ်နိုင်သောကြောင့်ရှားပါးသောရောဂါဖြစ်သည်။ ဆေးရုံတက်သူလူတစ်သောင်တွင် ၅ယောက်သာလျှင် ပျမ်းမျှအားဖြင့် ထိုရောဂါဖြစ်ပြီး မျက်စိတဖက်တည်းရောင်သောလူနာများတွင် ညာဖက်မျက်စိသည် ဘယ်ဖက်မျက်စိထက် ထိခိုက်နိုင်ချေ ၂ ဆပိုများသည်။ အကြောင်းမှာ ညာဖက်မျက်စိသည် မျက်စိကို ထောက်ပံ့ပေးနေသော […]


အခြားမျက်လုံးပြဿနာများ

Ophthalmoxerosis (မျက်ရည်ခမ်းခြောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ophthalmoxerosis (မျက်ရည်ခမ်းခြောက်ခြင်း) ကဘာလဲ။ မျက်လုံးခြောက်ခြင်းသည် မျက်ရည်များမှ မျက်လုံးအတွက် လုံလောက်သည့်ချောဆီအဖြစ် မဆောင်ရွက်နိုင်သည့် အခြေအနေကို ခေါ်ပါသည်။ မျက်ရည်လွှာမကောင်းတော့ခြင်းကြောင့် မျက်လုံးတွင် မအီမသာခံစားရမှု အမြင်အာရုံမကောင်းမှုတို့ဖြင့် သတ်မှတ်နိုင်သည်။ Ophthalmoxerosis (မျက်ရည်ခမ်းခြောက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များ၏။ အထူအသဖြင့် အသက် ၄၀ အထက်တွင် အဖြစ်များသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများOphthalmoxerosis (မျက်ရည်ခမ်းခြောက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မျက်ရည်ခမ်းခြောက်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ- ခြောက်သွေ့ခြင်း၊ စူးအောင့်ခြင်း၊ ပူခြင်း သို့မဟုတ် ယားယံခြင်းများ မျက်လုံးတွင် ခံစားရခြင်း မျက်လုံးအတွင်းနှင့် တစ်ဝိုက်တွင် အကျိအချွဲများ ထွက်ခြင်း အလင်းစူးရှမှုမခံနိုင်ခြင်း မျက်လုံးနီခြင်း မျက်ကပ်မှန်တပ်ရခက်ခြင်း အမြင်ဝါးခြင်း မျက်လုံးတွင်း အမှုန်ဝင်နေသလို ခံစားရခြင်း မျက်ရည်ဝဲခြင်း ၎င်းသည် မျက်လုံးခြောက်ခြင်းအား ခန္ဓါကိုယ်မှ တုန့်ပြန်ခြင်းတစ်မျိုး ဖြစ်သည်။ ပူပြင်းပြီး လေတိုက်သည့်ဒေသများ အပူချိန်မြင့်ပြီး စိုထိုင်းမှုနည်းသည့် […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

Eyelid Ptosis (မျက်ခွံတွဲကျခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Eyelid Ptosis (မျက်ခွံတွဲကျခြင်း) ကဘာလဲ။ အသက်အရွယ်ကြီးလာသည့်အခါ တစ်ခါတစ်ရံ မျက်ခွံများသည် မျက်လုံးနှင့်ဝေးရာ အောက်ဖက်သို့ တွဲကျလာတတ်ပါသည်။ တွဲကျလာခြင်းသည် မျက်ခွံကို ထိန်းချုပ်သည့် ကြွက်သားအရည်အသွေး ကျဆင်းလာခြင်း၏ ရလဒ်ပင်ဖြစ်သည်။ အပေါ်မျက်ခွံသည် အတော်လေးတွဲလာသည့်အခါ (Ptosis) သို့မဟုတ် မျက်ခွံ၏အရေပြားအခေါက်သည် မျက်ခမ်းစွန်းကို ကျော်လာသည့်အခါတွင် မြင်ကွင်းကို ထိခိုက်နိုင်ပါသည်။ အခြေအနေ၏ ဆိုးဝါးမှုပေါ်မူတည်ကာ တွဲကျသောမျက်ခွံသည် သူငယ်အိမ်အား ပိတ်မိသလောက် လုံး၀ မြင်ကွင်းကွယ်ခြင်း သို့ မြင်ကွင်းအကျယ် လျော့ကျသွားခြင်းတို့ ဖြစ်နိုင်ပါသည်။ ဖြစ်ရပ်အများစုတွင် သူ့အလိုလိုသော်လည်းကောင်း သို့မဟုတ် ဆေးဝါးကြောင့်သော်လည်းကောင်း ပျောက်ကင်းနိုင်ပါသည်။ Eyelid Ptosis (မျက်ခွံတွဲကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ မျက်ခွံတွဲကျခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများEyelid Ptosis (မျက်ခွံတွဲကျခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မျက်ခွံတွဲကျခြင်း၏ အဓိကလက္ခဏာသည် မျက်ခွံတစ်ဖက် သို့ နှစ်ဖက်လုံး […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

Eyestrain (မျက်စိညောင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Eyestrain(မျက်စိညောင်းခြင်း) ဆိုတာဘာလဲ။ Eyestrain ဟာ မျက်လုံးကို ပြင်းထန်စွာသုံးစွဲခြင်း ဖြစ်တဲ့ ကားကြာရှည်မောင်းခြင်း၊ စာဖတ်ခြင်း၊ ကွန်ပျူတာသုံးခြင်းတွေကြောင့် ဖြစ်တဲ့ မျက်စိညောင်းခြင်း ဖြစ်ပါတယ်။ မျက်စိ ပင်ပန်းခြင်းဟာ ပြင်းထန်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ အိမ်မှာ၊ အလုပ်ခွင်မှာ၊ အပြင်မှာ သတိထားပြီး ဂရုစိုက်ခြင်းဟာ မျက်စိညောင်းခြင်းကို လျော့ကျစေနိုင်ပါတယ်။ ဒါပေမယ့် တခါတရံမှာ မျက်စိညောင်းခြင်းဟာ ကုသမှုလိုအပ်တဲ့ အခြေအနေတစ်ခုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ Eyestrain (မျက်စိညောင်းခြင်း)ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Eyestrain ဟာ အလွန်အဖြစ်များပြီး အသက်မရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများEyestrain (မျက်စိညောင်းခြင်း)ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Eyestrain ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ မျက်စိနာခြင်း၊ ညောင်းခြင်း၊ ပူခြင်း၊ ယားခြင်း မျက်ရည်ထွက်ခြင်း၊ ခြောက်ခြင်း မျက်လုံးဝါးခြင်း၊ နှစ်ထပ်ဖြစ်ခြင်း ခေါင်းကိုက်ခြင်း လည်ချောင်း၊ ပုခုံး၊ နောက်ကျော […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

Farsightedness (အနီးမှုန်)

Farsighted ဆိုတာဘာလဲ။ Farsighted ကို hyperopia လို့ ခေါ်ကြပြီးသူဟာ အဝေးက ပစ္စည်းတွေကို ကွဲပြားစွာ မြင်နိုင်ပေမယ့် အနီးကပစ္စည်းတွေ မမြင်နိုင်ခြင်းကို ဆိုလိုပါတယ်။ Farsighted ဟာ အာရုံစူးစိုက်မှုကို ထိခိုက်နိုင်ပါတယ်။ ရောဂါပြင်းထန်သူတွေမှာ အလွန်ဝေးတဲ့ အနေရာက ပစ္စည်းတွေကိုသာ မြင်ရပါတော့တယ်။ ဒီအခြေအနေဟာ အသက် အလွန်ငယ်စဉ်မှာအဖြစ်များပြီး မျိုးရိုးလိုက်နိုင်ပါတယ်။   Farsighted ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Farsighted ဟာ အမြင်အာရုံချို့ယွင်းတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ သူဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အများစုကတော့ ငယ်ရွယ်စဉ်မှာ ဖြစ်ကြပါတယ်။ အသက်ကြီးလာခြင်း (သို့) ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   ရောဂါလက္ခဏာများ။ Farsighted ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Farsighted ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အနီးမှ အရာဝတ္ထုတွေကို ဝါးနေခြင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း