မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

နေပူရင် ထိခိုက်တာက အသားအရေလို့ပဲ အများက ယူဆထားကြပါတယ်။ တကယ်ကတော့ နေပူဒဏ်ကြောင့် ထိခိုက်တဲ့ထဲမှာ အသားအရေ၊ ဆံသား နဲ့ မျက်လုံးတွေပါ ထိခိုက်တာပါ။ နွေရဲ့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်စေတာကို သိထားကြပေမယ့် မျက်လုံးတွေကို ထိခိုက်တာကိုတော့ သတိထားမိသူ ရှားပါတယ်။ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အပူဒဏ်ကြောင့် မျက်လုံးတွေ မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေအပူဒဏ်ကြောင့် မျက်လုံးမှာ ဘယ်လို ပြဿနာတွေ ခံစားရနိုင်လဲ နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်ကြည်လွှာ နေလောင်တာ မျက်လုံးခြောက်တာ မျက်လုံးပြာတာ မျက်လုံးတွေ ယားတာ မျက်လုံး ကျိန်းစပ်တာ မျက်လုံး အောင့်တာ အမြင်အာရုံတွေ ဝေဝါးတာလိုမျိုး မျက်စိပြဿနာတွေ ခံစားရနိုင်ပါတယ်။ နေပူဒဏ်ကြောင့် […]

မျက်စိကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

မျက်စိရောဂါများ

မျက်စိစွံတာနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းလေးတွေ

မျက်ခမ်းမှာအနီရောင်အဖုလေးပေါက်ပြီး ကြည့်ရခက်နေပြီဆိုရင်တော့ မျက်စိစွံနေတာပါ။ ဒါက ပြဿနာကြီးကြီးမားမားမဟုတ်ဘူးဆိုပေမယ့်  မျက်လုံးကြည့်ရခက်သလို တစ်နေ့တာလုပ်ဆောင်မှုတွေကို ထိခိုက်စေတာ အမှန်ပါ။ ဒီတော့ ကြည့်ရခက်စေတဲ့ မျက်စိစွံတဲ့ ပြဿနာကို ဒီဆောင်းပါးလေး ကနေတဆင့် ပြောပြပေးမယ်နော်။ မျက်စိစွံတယ်ဆိုတာ ဘာလဲ.... မျက်စိစွံတယ်ဆိုတာက မျက်ခမ်းသားမှာ နီရဲနေတဲ့ အဖုလေးဖြစ်တာပါ။ မျက်တောင်နားမှာဖြစ်တာဖြစ်ပြီး မျက်ခွံအောက်နားနဲ့ မျက်ခွံအတွင်းထဲမှာလည်း ဖြစ်တတ်ပါတယ်။ ဒီပြဿနာက ကြီးကြီးမားမားမဟုတ်ပေမယ့် ခံစားရသူအရေအတွက်က မနည်းလှပါဘူး။ မျက်စိစွံတာက ပြင်းထန်တဲ့ရောဂါတစ်ခုမဟုတ်ပေမယ့် နေရခက်စေပြီး နာကျင်မှုကို ခံစားရစေပါတယ်။ မျက်စိစွံတဲ့ အမျိုးအစားဘယ်နှစ်မျိုးရှိလဲ............ မျက်စိစွံတာက ဖြစ်တဲ့နေရာကိုလိုက်ပြီး အမျိုးအစားကွဲပြားနိုင်ပါတယ်။ ပြင်ပမှာဖြစ်တဲ့ မျက်စိစွံခြင်း - မျက်ခွံအောက်ဘက်မျက်ခမ်းသားနားက မျက်တောင်မွေး မွေးညှင်းအိတ်လေးတွေနားမှာဖြစ်တာပါ။ အတွင်းမှာဖြစ်တဲ့ မျက်စိစွံခြင်း - မျက်ခွံအောက်ဘက်ခြမ်းနဲ့ အတွင်းဘက်က အဆီဂလင်းတွေမှာဖြစ်တတ်တဲ့ မျက်စိစွံခြင်းတစ်မျိုးပါ။ ဘာကြောင့် မျက်စိစွံတာလဲ........ မျက်စိစွံတာက လူတိုင်းမှာဖြစ်နိုင်သလို အိမ်မှာပဲ အလွယ်တကူကုသလို့ရပါတယ်။ မျက်စိစွံတယ်ဆိုတာက မျက်ခွံမှာရှိတဲ့ မျက်တောင်မွေး မွေးညှင်းအိတ်ကလေးတွေထဲကို ပိုးဝင်ကူးစက်မှုတွေကြောင့်ဖြစ်ရတာပါ။ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်စိကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာ ၇ မျိုး

မျက်စိကျန်းမာရေးကောင်းစေဖို့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းအချို့ လိုအပ်ပါတယ်။ အဓိကအားဖြင့် အောက်ပါအာဟာရဓါတ်တွေ ဖြစ်ပါတယ်။ ဗီတာမင် အေ၊ စီ၊ အီး ဘီတာ ကရိုတင်း ဇင့် omega-3 fatty acid zeaxanthin lutein ဒီအာဟာရဓါတ်တွေအတွက် နေ့စဉ်စားသောက်နေတဲ့ အစားအသောက်မျိုးစုံကနေ ရရှိနိုင်ပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအသောက်တွေမှာ ပြည့်ဝဆီတွေပါဝင်ပြီး သကြားဓါတ်လွန်ကဲစွာ ပါဝင်လို့ ရှောင်ကြဉ်သင့်ပါတယ်။ အောက်ပါအစားအစာတွေကတော့ မျက်လုံးအတွက် အကောင်းဆုံးလို့ ယူဆထားတဲ့အစားအစာတွေပဲ ဖြစ်ပါတယ်။ အများစုဟာ ရာသီမရွေး တနှစ်တာကာလပတ်လုံး သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်တဲ့ အစားအစာမျိုးတွေ ဖြစ်ပါတယ်။ ၁။ ငါးအမျိုးမျိုး ငါးအမျိုးမျိုးစားသုံးခြင်းဟာ မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်။ အထူးသဖြင့် ဆယ်လ်မွန်ငါး ဖြစ်ပါတယ်။ အဲဒီငါးတွေမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ omega-3 fatty acid တွေ ပါဝင်ပါတယ်။ omega-3 fatty acid […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

သင့်မျက်ဝန်းများ တောက်ပရွှန်းစိုနိုင်စေဖို့

တောက်ပရွှန်းစိုတဲ့ မျက်ဝန်းများဟာ လူမှုဆက်ဆံရေးမှာ အရေးပါပါတယ်။ မျက်ဝန်းများဟာ စိတ်ရဲ့ပြတင်းပေါက်လို့လည်း ဆိုနိုင်ပါတယ်။ ဒါ့အပြင် လူအချင်းချင်းဆက်သွယ်ရာမှာလည်း အကြည့်ချင်းဆုံ eye contact ယူပြီး ပြောဆိုဆက်ဆံရာမှာ ပိုမိုထိရောက်ပါတယ်။ ဒါကြောင့် သင့်မျက်ဝန်းတွေကို ပိုပြီးတောက်ပလာအောင် ဂရုစိုက်ခြင်းဟာ လူမှုဆက်ဆံရေးအတွက် အထောက်အကူပြုမှာ သေချာပါတယ်။ ပထမဆုံးတင်ပြချင်တာကတော့ မျက်ဝန်းများဟာ နီရဲခြောက်သွေ့နေရင် သဘာဝအတိုင်း တောက်ပနိုင်မှာ မဟုတ်ပါဘူး။ သင့်မျက်စိများရဲ့ ကျန်းမာရေးကို ကောင်းမွန်ပြီး အနာအဆာမရှိအောင် ဂရုစိုက်ခြင်းဟာ တောက်ပရွှန်းစိုဖို့ ပိုမိုအလေးသာပါတယ်။ မျက်စိဘေးဝန်းကျင်က အရေပြားများဟာလည်း အရေးကြီးပါတယ်။ မျက်စိဘေးဝန်းကျင်က အရေပြားမှာ တင်းတိပ်မှဲ့ခြောက်များရှိနေခြင်း၊ မျက်ခွံများ မို့အစ်နေခြင်း စတာတွေဟာ မျက်ဝန်းရဲ့အလှတရားကို မှေးမှိန်စေပါတယ်။ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ သင့်ရဲ့မျက်ဝန်းတွေကို တောက်ပအောင် ဘယ်လိုနည်းလမ်းတွေ ကျင့်သုံးသင့်တယ်ဆိုတဲ့ အကြောင်းပါ။ အောက်ပါအချက်တွေပဲ ဖြစ်ပါတယ်။ ၁။ ခြောက်သွေ့တဲ့လေကို ရှောင်ကြဉ်ပါ။ ကုန်းမြင့်ဒေသတွေ၊ ခြောက်သွေ့ပူပြင်းတဲ့ ဒေသတွေမှာ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

ကွန်ပျူတာ၊ဖုန်းတွေကြောင့်ဖြစ်တဲ့(Digital eye strain) မျက်စိအောင့်တာကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ ။

အရင်တုန်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိ ဆေးခန်းသွားရ မျက်မှန်တပ်ရတာမျိုးတွေ မရှိပေမယ့် ခုနောက်ပိုင်း ဖုန်းခေတ် ကွန်ပျူတာခေတ်ရောက်မှ မျက်စိဆေးခန်းတွေလူပြည့်၊ ငယ်ငယ်လေးနဲ့ မျက်မှန်သမားတွေဖြစ် မျက်လုံးဝေဒနာတွေတစ်ပုံကြီခံစားနေရတဲ့ သူတွေ အများကြီးပါ။ ဒီထဲကမှ အများဆုံးကတော့ Digital eye strain လို့ခေါ်တဲ့ ကွန်ပျုတာ ဖုန်းတွေက ထွက်လာတဲ့ရောင်ခြည်ကြောင့် မျက်လုံးညောင်း မျက်လုံးကိုက်တဲ့ဝေဒနာကို ခံစားနေရတဲ့သူတွေက ပိုများပါတယ်။ ဘာ့ကြောင့် ဒီ ကွန်ပျူတာ ဖုန်း တွေက မျက်လုံးညောင်းတာကိုဖြစ်စေရတာလဲ။ မျက်လုံးမခြောက်အောင်လို့ ပုံမှန်ဆို တစ်မိနစ်ကို ၁၅ ကြိမ်ကနေအကြိမ်၂၀လောက် မျက်တောင်ခတ်တတ်ကြပါတယ်။ ဒါပေမယ့် ရုပ်ရှင်ကြည့် ဖုန်းပွတ် ကွန်ပျူတာသုံးတဲ့အချိန်တွေမှာဆို မျက်တောင်ခတ်နှုန်းက တစ်ဝက်လောက် လျော့ကျသွားတယ်လို့ လေ့လာချက်တွေ အရသိရပါတယ်။ နောက်ပြီး ဖန်သားပြင်ရဲ့ အလင်းအမှောင်၊ ရောင်ခြည်တွေနဲ့ စာလုံးတွေကလည်း မျက်လုံးညောင်း မျက်လုံးအောင့်တာကို ဖြစ်စေတဲ့ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်ဝန်းလေးအပေါ် သင်လုပ်မိနေတဲ့ အမှား (၁၀) ခု

အချစ်မှာမျက်စိမရှိလို့ ရနိုင်ပေမယ့် လူ့ဘဝမှာ မျက်စိမရှိရင် ဘယ်လောက်ဒုက္ခများမလဲကြည့်လိုက်ပါ။ကိုယ်ရှင်သန်နေတဲ့ဘဝမှာ မျက်စိက သိပ်ကိုအရေးပါတယ်ဆိုတာ လက်ခံတယ်မဟုတ်လား။ အလုပ်ပဲဖြစ်ဖြစ်၊ ဘဝတိုးတက်ရေးပဲဖြစ်ဖြစ်၊ အလှအပအတွက်ပဲဖြစ်ဖြစ် မျက်စိက သိပ်ကိုအရေးပါတဲ့အထောက်အပံ့တစ်ခုဖြစ်ပါတယ်။ မျက်လုံး၊ မျက်ခုံးလေး၊ မျက်တောင်လေးကြည့်ကောင်းဖို့ကို ယောကျာ်း၊မိန်းမ မရွေးပြုပြင်ဂရုစိုက်နေကြတာပဲလေ။ ဘယ်လိုဂရုစိုက်သလဲ မျက်စဉ်းလေးဝယ်ခတ်တာ၊ မျက်တောင်ကော့ဆေး သုံးတာလောက်က လုံလောက်တဲ့ဂရုစိုက်မှုမဟုတ်ပါဘူး။ ဒါတင်မကဘဲ မျက်လုံးနဲ့ပတ်သက်ပြီး ကိုယ်လုပ်မိနေတဲ့အမှားတွေ ဘယ်လောက်များရှိနေပြီလဲ။ ဆက်ပြီးကြည့်ရအောင် - (၁) မျက်စိကျန်းမာရေးစစ်ဆေးမှု ပုံမှန်မလုပ်ဘူး မျက်စိဆရာဝန်နဲ့ ပုံမှန်စစ်ဆေးပြသမှု ရှိတာကောင်းပါတယ်။ ဒါမှ ဖြည့်သင့်တာဖြည့်၊ ကုသင့်တာကုဖို့ မျက်စိအမြင်အာရုံအခြေအနေကို စောစောသိနိုင်မှာပါ။ မျက်စိပါဝါတက်လာသလား၊ ထိခိုက်မှုရှိသလား၊ တိမ်စွဲနေသလား၊ ကုသဖို့လိုသလား ဆိုတာ စစ်ဆေးမှသိနိုင်မှာပါ။ တစ်ခုခုဖြစ်မှ သွားပြတာထက် ပုံမှန်ပြရင်းစောစောဖြေရှင်းနိုင်တာ ပိုကောင်းပါတယ်။ (၂) မျက်စိပြဿနာကို ပေါ့ဆတာ မျက်စိနီပြီး မျက်ရည်တွေထွက်တာ၊ ယားတာ၊ ပူတာတွေက ဓာတ်မတည့်မှုလက္ခဏာတွေဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့ ဒီလက္ခဏာတွေပါဖြစ်နေတယ်ဆိုရင် […]


မျက်စိရောဂါများ

မျက်လုံးတွေ ဘာ့ကြောင့် နီနေရတာလဲ ။ ။

ဖြူကြည်နေရမယ့် မျက်လုံး လေး ရုတ်တရက်နီလာတာ၊ ပွတ်လိုက်လို့ နီလာတာ စတဲ့ အဖြစ်မျိုး အ ားလုံးကြုံတွေ့ဖူးကြမှာပါ။ တစ်ချို့ဆို သူ့ဘာသာ ပြန်ပျောက်သွားပေမယ့် တစ်ချို့ကျ သေချာစမ်းသပ်စစ်ဆေးပြီး ဆေးကုသဖို့လိုအပ်တာမျိုးတွေ ရှိပါတယ်။ ဒီတော့ ဘယ်လို အကြောင်းတွေကြောင့် မျက်လုံးနီရဲတာတွေ ဖြစ်ရတာလဲ ။ မျက်လုံးနီတယ်ဆိုတာ ဘာကိုပြောတာလဲ ။။ မျက်သားဖြူမှာ ပွတ်လိုက်တာဖြစ်ဖြစ်၊ သွေးတွေထွက်လာတာဖြစ်ဖြစ် နီရဲလာတာကို မျက်လုံးနီတယ်လို့ ပြောကြပါတယ်။ မျက်လုံးတစ်ခုလုံး နီနေတာလည်း ဖြစ်နိုင်သလို မျက်လုံးတစ်နေရာတည်း ကွက်ပြီး နီနေတာလည်းဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းပေါ် မူတည်ပြီး တစ်ခါတစ်လေ နီရဲနေသလို တစ်ခါတစ်ခါ ပန်းရောင်သန်းတာလောက်ပဲ ဖြစ်တတ်ပါတယ်။ မျက်လုံးနီတာနဲ့အတူ လာတတ်တဲ့ အခြားလက္ခဏာတွေကတော့ မျက်လုံးထဲ တစ်ခုခု ဝင်နေတသလိုဖြစ်တာ မျက်လုံး ပူစပ်ပူစပ်ဖြစ်နေတာ မျက်လုံးယားတာ မျက်လုံးခြောက်တာ မျက်လုံးအောင့်တာ မျက်ရည်ပူတွေ မျက်ဝတ်တွေ […]


အခြားမျက်လုံးပြဿနာများ

ဖုန်း၊ကွန်ပျူတာ အကြည့်များလွန်းလို့ မျက်လုံးအောင့်နေပြီလား ။ ။

ဖုန်းတို့ ကွန်ပျူတာတို့အကြည့်များပြီး မျက်လုံး အောင့်တာ မျက်လုံးညောင်းတာမျိုးတွေ မဖြစ်ဖူးတဲ့သူဆိုလို့ ခုခေတ်ကြီးမှာ ခပ်ရှားရှားပါ။ အရင်တုန်းကတော့ မျက်လုံးအားနည်းတာ၊ မျက်လုံးအားမစိုက်နိုင်တာ မျက်လုံးညောင်းတာမျိုးတွေက အသက်ကြီးလာမှ ဖြစ်တယ်ဆိုပေမယ့် ခုခေတ်ကြီးမှာတော့ မျက်လုံးပြဿနာဟာ အသက်အရွယ်မရွေးတော့ပါဘူး။ တစ်နေ့လုံးကွန်ပျူတာရှေ့ အလုပ်လုပ်နေရတဲ့သူတွေ၊ အင်တာနက်သုံး ဖုန်းပွတ် ဂိမ်းဆော့နေတဲ့သူတွေအတွက် စိတ်အညစ်ရဆုံး မျက်လုံးပြဿနာကတော့ မျက်လုံးအောင့်တာပဲ ဖြစ်ပါတယ်။ ဖုန်းမပွတ်သာနေလို့ရမယ်။ ကွန်ပျူတာနဲ့ အလုပ်လုပ်နေရတဲ့သူတွေအတွက်ကတော့ ဘယ်လိုမှ ရှောင်လွဲမရတာကြောင့် ဖြစ်နေတဲ့ မျက်လုံးအောင့်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ကသာ အဓိကဖြစ်နေတာပေ့ါ။ ဒီတော့ မျက်လုံးအောင့်တာကို ဘယ်လိုသက်သာအောင်လုပ်ကြမလဲ ။ ။ လောလောလတ်လတ် မျက်လုံး အရမ်းအောင့်နေတဲ့အခါ မျက်တောင်ခဏခဏ ခတ်ပါ။ အရမ်းအာရုံစိုက်လိုက်တဲ့အခါ မျက်တောင်ခတ်ဖို့ မေ့နေတတ်ကြပါတယ်။ မျက်တောင်ခတ်ခြင်းက မျက်လုံးကို ခဏအနားပေးတာဖြစ်သလို မျက်ရည်ကြည် တွေကိုလည်း ထုတ်ပေးတာကြောင့် မျက်လုံခြောက်တာ၊ မျက်လုံးအောင့်တာတွေကိုလည်း […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်မှန်အစား မျက်ကပ်မှန်ကို ရွေးချယ်တော့မယ်ဆိုရင် ။ ။

ပါဝါမျက်မှန်မတပ်ချင်လို့၊ ပါဝါမရှိပေမယ့်လည်း မျက်လုံးလေးလှအောင် ဆိုပြီး ခုနောက်ပိုင်း မျက်ကပ်မှန်တပ်တာတွေ ခေတ်စားလာပါတယ်။ ဒါပေယ့် မျက်ကပ်မှန်ဆိုတာ မျက်မှန်တွေလိုမျို းထားချင်တဲ့နေရာ ပစ်ထားလို့ရတဲ့ အရာ မဟုတ်ပါဘူး။ မျက်လုံးနဲ့ အနီးကပ်ဆုံးနေရာမှာ ကပ်ထားရမှာ ဖြစ်တဲ့အတွက်ကြောင့် သူသန့်ရှင်းနေဖို့ ၊ နည်းလမ်းမှန်မှန်နဲ့ အသုံးပြုတတ်ဖို့ကလည်း လုံးဝကို အရေးကြီးတဲ့အရာတစ်ခုပါ။ ဒါ့ကြောင့် မျက်မှန်အစား မျက်ကပ်မှန်ကိုရွေးချယ်တော့မယ့်သူတိုင်း ဒီနည်းလမ်းလေးတွေကို သိထားသင့်ပါတယ်။ ဘယ်လို အခြေအနေတွေမှာ မျက်ကပ်မှန်အသုံး မပြုသင့်ဘူးလဲ ။ ။ ဘယ်လောက်ပဲ မျက်ကပ်မှန်တွေကိ ုအပြင်မှ ာလွယ်လွယ်ကူကူ ဝယ်လို့ရတယ်ပြောပြော မျက်ကပ်မှန် မတပ်ခင် ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ပြသဖို့ လိုပါတယ်။ ဒါမှ ကိုယ့်မျက်လုံး အခြေအနေက မျက်ကပ်မှန်တပ်သင့်ရဲ့လား၊ ဘယ်လိုအမျိုးအစားတပ်သင့်လဲဆိုတာကို ဆရာဝန်က သေချာ လမ်းညွှန်ပေးနိုင်မှာပါ။ ခုပြောပြမယ့် အခြေအနေတွေက မျက်ကပ်မှန် […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်စိအားနည်းသူတွေ စားသင့်တဲ့ ဓါတ်စာ (၁၀) မျိုး

အမြင်အာရုံတွေသိပ်မကောင်းဘူး၊ ကြည့်ရတာလည်းမကြည်လင်ဘူး၊ မျက်ခမ်းတွေလှုပ်တယ်၊ မျက်လုံးခြောက်တယ်ဆိုတာတွေက မျက်စိအားနည်းတဲ့လက္ခဏာတွေပါ။ မျက်စိဆိုတာ ခန္ဓါကိုယ်ရဲ့လုပ်ဆောင်နိုင်စွမ်းမှန်သမျှမှာ အရမ်းကိုအရေးပါတဲ့အပြင် အနုဆုံးအစိတ်အပိုင်းထဲမှာလည်းပါဝင်တာကြောင့် ပိုပြီးဂရုစိုက်ရပါမယ်။ စာဖတ်လည်း ဒီမျက်စိနဲ့ပဲ၊ အလုပ်ခွင်မှာအာရုံစိုက်လည်း ဒီမျက်စိ၊ အိမ်မှာအနားယူလည်း ရုပ်ရှင်ကြည့်တာဒီမျက်စိ၊ မျက်စိကိုအနားပေးတဲ့အချိန်က အိပ်ချိန်လေးပဲရှိပါတယ်။ ဒါ့ကြောင့် အရမ်းအလုပ်လုပ်နေရတဲ့ သူ့ကိုအားပြည့်အောင်ဖြည့်တင်းပေးဖို့က ကိုယ့်တာဝန်မဟုတ်လား။ မျက်စိအားကောင်းစေဖို့က ဇင့်ဓါတ်၊ ဗီတာမင် A ၊ဗီတာမင် C၊ ဗီတာမင် E ၊ Omega-3 fatty acid စတဲ့ အာဟာရဓါတ်တွေ ညီညွတ်မျှတအောင်စားဖို့လိုပါတယ်။ ဒီဓါတ်တွေက ကိုယ်စားနေကျအစားအစာတွေထဲပါဝင်တာမို့ မျက်စိအားနည်းတဲ့သူတွေ စားသင့်တဲ့ ဓါတ်စာ (၁၀) မျိုးကိုဖော်ပြပေးလိုက်တယ်နော်။ (၁) ငါး ငါးတွေမှာ မျက်လုံးအတွက် ကောင်းတဲ့ အကျိုးပြုအဆီဓါတ် Omega-3 fatty acid တွေ ပါဝင်တဲ့အတွက် မျက်စိအားကောင်းစေဖို့ စားပေးသင့်ပါတယ်။ တူနာငါး၊ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်လုံးလေးကို ကြင်နာပါ

တိုးတက်လာတဲ့ခေတ်မှာ စာရေးရင်တောင် လက်ပ်တော့နဲ့ဖြစ်နေပြီ ကားစီးရင်း အချိန်ကြာရင်တောင် တစ်ယောက်နဲ့တစ်ယောက် စကားပြောမယ့်အစား ဖုန်းလေးပွတ်နေမိတယ်ဟုတ်။ ဒီလိုအပြုအမူတွေ အလေ့အထတွေကြောင့် ခန္ဓါကိုယ်မှာ အထိခိုက်ဆုံးအစိတ်အပိုင်းတစ်ခုရှိပါတယ်။ ဒါကတော့ ဘာလုပ်လုပ်မပါမဖြစ်ပါနေရတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မျက်လုံးပါ။ ပြောင်းလဲလာတဲ့နေ့စဉ်ဘဝနေထိုင်မှုပုံစံ အရင်ခေတ်က စာရေးရင် ကျောက်သင်ပုန်းနဲ့ကျောက်တံသုံးပြီးရေးတယ်။ နောက်တော့ စာရွက်နဲ့ဘောပင်၊ မင်တံသုံးရေးတယ်၊ရှေးရှေးတုန်းကတော့ကျောက်စာထွင်းတယ်၊ မင်စာရေးတယ်၊ ပေ၊ပုရပိုက်စာရေးတယ်။နောက်ပိုင်းကျ လက်နှိပ်စက်သုံးပြီးစာရေးတယ်။ အခုတော့ ကွန်ပျူတာသုံးပြီးရေးတယ်။ ဒီတော့ မျက်လုံးက လိုတာထက်ပိုအာရုံစိုက်ရပြီလေ။နောက်တစ်ခုရှိသေးတယ်။ တိုးတက်လာတာနဲ့အမျှ ဖုန်းတွေကို တစ်ချိန်လုံးသုံးနေတာကလည်း မျက်လုံးကို ထိခိုက်စေနိုင်တာပါပဲ။ မျက်လုံးက ဘဝတလျှောက်လုံးမှာကောင်းစွာရှင်သန်နိုင်ဖို့လိုအပ်ပါတယ်။ပြောင်းလဲမှုကြောင့် မျက်လုံးကို ထိခိုက်မှုတွေမဖြစ်အောင် ဂရုစိုက်ပေးဖို့လိုမယ်ဆိုတာပြောနေစရာတောင် မလိုအောင်ပါပဲ။ မျက်လုံးလေးတွေကို ကြင်နာပါ မျက်လုံးလေးကို ကိုယ့်ရဲ့နေ့စဉ်အပြုအမူကြောင့် ထိခိုက်မှုမဖြစ်စေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးပါ။ ကွန်ပျူတာကို အချိန်အကန့်အသတ်နဲ့သုံးပါ အလုပ်ခွင်ထဲမှာ တစ်ချိန်လုံး ကွန်ပျူတာသုံးရတယ်ဆိုရင်ပြန်လာတဲ့အချိန်လေးတော့ မျက်လုံးကို အနားပေးဖို့ မမေ့ပါနဲ့။ ညအိပ်ခါနီးအထိ ကွန်ပျူတာသုံးပြီး အလုပ်လုပ်တာ၊ ရုပ်ရှင်ကြည့်တာမျိုးကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း