မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

နေပူရင် ထိခိုက်တာက အသားအရေလို့ပဲ အများက ယူဆထားကြပါတယ်။ တကယ်ကတော့ နေပူဒဏ်ကြောင့် ထိခိုက်တဲ့ထဲမှာ အသားအရေ၊ ဆံသား နဲ့ မျက်လုံးတွေပါ ထိခိုက်တာပါ။ နွေရဲ့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်စေတာကို သိထားကြပေမယ့် မျက်လုံးတွေကို ထိခိုက်တာကိုတော့ သတိထားမိသူ ရှားပါတယ်။ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အပူဒဏ်ကြောင့် မျက်လုံးတွေ မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေအပူဒဏ်ကြောင့် မျက်လုံးမှာ ဘယ်လို ပြဿနာတွေ ခံစားရနိုင်လဲ နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်ကြည်လွှာ နေလောင်တာ မျက်လုံးခြောက်တာ မျက်လုံးပြာတာ မျက်လုံးတွေ ယားတာ မျက်လုံး ကျိန်းစပ်တာ မျက်လုံး အောင့်တာ အမြင်အာရုံတွေ ဝေဝါးတာလိုမျိုး မျက်စိပြဿနာတွေ ခံစားရနိုင်ပါတယ်။ နေပူဒဏ်ကြောင့် […]

မျက်စိကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

အခြားမျက်လုံးပြဿနာများ

မျက်ကပ်မှန်ကပိုကောင်းလား။ မျက်မှန်က ပိုကောင်းလား ။ ။

အမြင်အာရုံ အားနည်းတဲ့သူတွေအတွက် မျက်မှန်တို့ မျက်ကပ်မှန်တို့ဆိုတာ တကယ်မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ တစ်ခုရှိတာက မျက်လုံးအားနည်းနေလို့ မျက်မှန်တပ်မလား မျက်ကပ်မှန်တပ်မလားဆိုတာကတော့ ကိုယ့်ရဲ့ရွေးချယ်မှု အပေါ်မှာ မူတည်တာများပါတယ်။ မျက်မှန်ကျတော့ တပ်ထားရင် ရုပ်ရင့်စေလို့ မျက်ကပ်မှန်ကျတော့ တပ်ထားမှန်းမသိဘဲ နဂိုပုံစံအတိုင်းလေးပဲဆိုတော့ ပိုကောင်းစေလို့ဆိုပြီး ကြိုက်နှစ်သက်ရာကို ရွေးချယ်တတ်ကြပါတယ်။ နှစ်ခုလုံးက အမြင်အာရုံကို ပြန်ပြီး တည့်မတ်ပေးတယ်ဆိုပေမယ့် သူတို့နှစ်ခု ဘယ်သူကပိုကောင်းလဲဆိုတာ အငြင်းပွားလာကြတာခုထိပါ။ မျက်မှန်နဲ့ မျက်ကပ်မှန် ဘယ်ဟာက ပိုကောင်းလဲ ။ ။ မျက်မှန် အားသာချက် - မျက်မှန်က မျက်လုံး အပြင်ပိုင်းကနေ အမြင်အာရုံကို တည့်မတ်ပေးတာဖြစ်လို့ မျက်လုံးကို လက်နဲ့ထိစရာမလိုပါဘူး။ ဒီတော့ မျက်လုံးထဲဖုန်ဝင်တာ၊ ပိုးဝင်တာတွေ ကင်းပြီး မျက်စိနာတာတွေဖြစ်ေစေမှာ မဟုတ်ပါဘူး။ နဂိုတည်းက ကွန်ပျူတာ အကြည့်များပြီး မျက်လုံးခြောက်တဲ့သူတွေအတွက်ဆို မျက်မှန်က ကွန်ပျူတာက […]


အခြားမျက်လုံးပြဿနာများ

ပြင်းပြီး စူးရှတဲ့နေရောင်ကြောင့် အသားအရေတင်မဟုတ် မျက်လုံးလည်းထိခိုက်နိုင်ပါသေးတယ် ။ ။

နေပူထဲ သွားတဲ့အခါ အသားအရေကိုသာ စိတ်ပူကြတာများပါတယ်။ နေပူထဲက ခရမ်းလွန်ရောင်ခြည် တွေက အသားအရေတင်မဟုတ် မျက်လုံးကိုပါ ပြဿာနာတွေဖြစ်စေတယ်ဆိုတာ သင်သိပါသလား။ နေရောင်ထဲမှာ ခရမ်းလွန်ရောင်ခြည် UVA UVB နဲ့ UVC ဆိုပြီး ၃ မျိုးပါတယ်ဆိုတာ အားလုံးသိကြမှာပါ။ အဲဒီ သုံးမျိုးထဲမှာ အပြင်းထန်ဆုံးက UVC ပါ။ ကံကောင်းတာတစ်ခုက UVC ကို လူသားတွေ အပေါ်မကျရောက်အောင် အိုဇုန်းလွှာက ကာကွယ်ပေးတားတယ်ဆိုတာပါပဲ။ ဒါပေမယ့် ခုနောက်ပိုင်း အိုဇုန်းလွှာပါးလွှာလာမှုကြောင့် ခရမ်းလွန်ရောင်ခြည် တွေကို မတားဆီးပေးနိုင်တော့ဘဲ နေရောင်ထဲမှာ UVA နဲ့ UVB ပါဝင်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဒီတော့ ဒီ ခရမ်းလွန်ရောင်ခြည် နှစ်မျိုးကပဲ မျက်လုံး၊ အသားအရေနဲ့ ဆံပင်တို့ကို ပြဿနာတက်စေတာပါ ။ ။ ပြင်းထန်တဲ့နေရောင်က သင့်မျက်လုံးကို […]


အခြားမျက်လုံးပြဿနာများ

ဆေးလိပ်မီးခိုးကြောင့် ထိခိုက်တာ အဆုတ်တစ်ခုတည်းမဟုတ်ပါ

ဆေးလိပ်မသောက်နဲ့ အဆုတ်ထိခိုက်မယ်၊ဆေးလိပ်ငွေ့တွေ မရှူမိစေနဲ့ အဆုတ်ပျက်စီးမယ် ဆိုတာ အရင်တည်းကသိကြပြီးသား အကြောင်းအရာပါ။ ဒီတစ်ခါတော့ဆေးလိပ်ငွေ့ကြောင့် အမြင်အာရုံကို ထိခိုက်စေနိုင်တယ်ဆိုတာကို သုတေသနအသစ်က သက်သေပြခဲ့ပါတယ်။ ဆေးလိပ်အရမ်းသောက်တဲ့သူတွေဟာ အရောင်ခွဲခြားနိုင်စွမ်းပြဿနာရှိနိုင်ပြီး အလင်းရောင်မှိန်ရင် သိပ်မမြင်နိုင်တာမျိုးဖြစ်လာနိုင်တယ်လို့ သုတေသီတွေကဖော်ပြခဲ့ပါတယ်။ သုတေသနမှာဆေးလိပ်မသောက်တတ်သူ ၇၁ ဦးနဲ့ တစ်နေ့ကို အလိပ် ၂၀ ထက်မက သောက်တတ်တဲ့သူ ၆၃ ဦးကိုလေ့လာခဲ့တာဖြစ်ပါတယ်။ သူတို့ထဲမှာ အမြင်အာရုံပုံမှန်ရှိသူတွေနဲ့ မျက်မှန်တပ်ရသူတွေပါဝင်ပြီး အသက် ၂၅ နှစ်ကနေ ၄၅ နှစ်အတွင်းရှိသူတွေဖြစ်ပါတယ်။ ဆေးလိပ်ငွေ့တွေကြားမှာပျော်မွေ့တဲ့ ဆေးလိပ်အရမ်းသောက်သူတွေဟာ အရောင်ခွဲခြားနိုင်စွမ်းမှာ သိသိသာသာပြောင်းလဲလာတာတွေ့ရပြီး အလင်းမှိန်တဲ့နေရာမှာပြတ်သားစွာမြင်နိုင်စွမ်း အခက်အခဲပိုရှိနေတာတွေ့ရပါတယ်။ ဘာကြောင့်လဲ "စီးကရက်သောက်လွန်းတာ ဒါမှမဟုတ်ဆေးလိပ်မှာပါတဲ့ဒြပ်ပေါင်းတွေနဲ့ ကြာရှည်ထိတွေ့မှုများနေတာက အမြင်အာရုံထင်ရှားပြတ်သားနိုင်စွမ်းမှာ ထိခိုက်စေတယ်လို့လေ့လာမှုရလဒ်တွေက ညွှန်ပြနေပါတယ်။ စီးကရက်မှာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ဒြပ်ပေါင်းတွေအများကြီးပါတယ်။ ဦးနှောက်ရဲ့အလွှာတွေကို ထူထဲမှုလျော့စေတယ်၊ ဦးနှောက်ထိခိုက်မှုတွေနဲ့ဆက်နွှယ်နေပါတယ်။ " လို့Rutgers University Behavioral Health Care မှ […]


အခြားမျက်လုံးပြဿနာများ

ကြည့်လေရာ မြင်ကွင်းတိုင်း ဘာကြောင့် ဝါးနေရတာလဲ ။ ။

အိပ်ရာနိုးလာလို့ မျက်လုံးဖွင့်ပြီး ကြည့်လိုက်တာနဲ့ ကိုယ်ကြည့်တဲ့ မြင်ကွင်းက ကြည်မနေရင် လူတိုင်း စိတ်ရှုပ်ကြရပါတယ်။ မျက်လုံးကောင်းနေတဲ့အချိန်တုန်းကတော့ မျက်လုံးရဲ့ အရေးကြီးပုံကို သတိမထားပေမယ့်လည်း ချို့ယွင်းချက်ဖြစ်ပြီဆိုရင်တော့ တကယ်ကို စိတ်ရှုပ်ရတဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ မျက်လုံးက ထိပ်ဆုံးက ပါပါတယ်။ ဒီဆောင်းပါးထဲမှာ ကြည့်လေရာ မြင်ကွင်းတိုင်းကို မှုန်ဝါးစေတဲ့ မျက်လုံး ပြဿနာတွေ အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ။ ကြည့်လေရာ မြင်ကွင်းတိုင်း ဘာကြောင့် ဝါးနေရတာလဲ ။ ။ Myopia ( အဝေးမှုန်ခြင်း) – ဒီ အဝေးမှုန်တဲ့ ပြဿနာဟာ မျက်လုံး တစ်ဖက်တည်းဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ်ကို ပြဿနာတက်စေနိုင်တဲ့အရာပါ။ အဝေးတစ်နေရာရှိနေတဲ့ အရာကို ပြတ်သားစွာ မမြင်ရတော့တဲ့ သူတွေဟာ ငယ်ငယ်တည်းက အရာဝတ္တုတစ်ခုကို အရမ်းအနီးကပ်ပြီး ကြည့်လေ့ရှိသူတွေနဲ့ အဝေးမှုန်တဲ့ ပြဿနာ မိဘမျိုးရိုးရှိတဲ့သူတွေ […]


အခြားမျက်လုံးပြဿနာများ

မျက်လုံး ပြဿနာပေါင်း သောင်းခြောက်ထောင် ။ ။

လူတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ မျက်လုံးနဲ့ပက်သက်တဲ့ ပြဿနာတွေ ဖြစ်ဖူးကြမှာပါ။ တချို့မျက်လုံး ပြဿနာတွေက သူ့ဘာသာ ပျောက်သွားပေမယ့် တချို့ပြဿာနာတွေကတော့ မျက်လုံးဆရာဝန်ဆီမှာ သေချာသွားကုမှ ပျောက်တာမျိုးတွေရှိပါတယ်။ ရှိတာမှ ဒီမျက်လုံးလေးတစ်စုံမလား။ ဒီမျက်လုံးလေးမှာ ဖြစ်လိုက်တဲ့ ပြဿနာတွေကလည်း စုံလို့။ ကဲ အဖြစ်အများဆုံး မျက်လုံး ပြဿာနာတွေက ဘာတွေလဲ ။ ။ မျက်လုံးမှာ အဖြစ်များတဲ့ ရောဂါများ Eyestrain ( မျက်လုံးညောင်းခြင်း) စာအကြာကြီးဖတ်သူ၊ ကွန်ပျူတာကြည့်ပြီးအကြာကြီး အလုပ်လုပ်ရသူ၊ ကားအကြာကြီးမောင်းရသူတိုင်း ခံစားဖူးတဲ့အရာပါ။ အခြားကိုယ်ပေါ်က အရာတွေလိုပါပဲ။ မျက်လုံးကလည်း အကြာကြီးအလုပ်လုပ်ရရင် ပင်ပန်းတတ်ပြီး သူ့ကို အနားပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာ ၁ နာရီလောက်ကြည့်ပြီးရင် မျက်လုံးကို ၁၀ မိနစ်ခန့် ပိတ်ထားပါ ( ဒါမှမဟုတ်) ၂၀ပေ အကွာအဝေးလောက်မှာရှိတဲ့ အရာတစ်ခုကို […]


အခြားမျက်လုံးပြဿနာများ

မျက်လုံးက ပြောနေတဲ့ သင့်ကျန်းမာရေးအကြောင်း ။ ။

ကိုယ်ခန္ဓာ ဆိုတာကလည်း တစ်ကယ်ကို ထူးဆန်းတဲ့အရာတစ်ခုပါ။ တစ်ကိုယ်လုံးမှာရှိတဲ့ အစိတ်အပိုင်းတွေအားလုံးက ဆက်စပ်နေပြီး တစ်နေရာမှာ ရောဂါဖြစ်နေပြီ ဆိုတာနဲ့ ဖြစ်နေတဲ့ ရောဂါနဲ့ ပက်သက်တာတွေက ကိုယ်ခန္ဓာအစိတ်အပိုင်းတော်တော်များများ ပေါ်နေလေ့ရှိပါတယ်။ ဥပမာ လက်သည်းတို့၊ ဆီးတို့၊ ဝမ်းတို့ အသားအရောင်တို့ပေါ့ ။ ဒီလိုပဲ မျက်လုံးကနေ သင့်ကျန်းမာရေးအကြောင်း သိနိုင်တာတွေရှိပါတယ်။ ဘာတွေလဲ။ ။ မျက်လုံး ပုံမှန်ထက် ပိုပြူးနေခြင်း ။ ။ ( Bulging eyes) Graves’ Disease လို့ခေါ်တဲ့ လည်ပင်းကြီးရောဂါမှာ သိုင်းရွိုက်ဟော်မုန်းတွေ အများကြီးထွက်လို့ မျက်လုံးက တစ်ရှူးတွေ ရောင်လာပြီး မျက်လုံးပုံမှန်ထက် ပိုပြူးလာရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်မျက်လုံး ပုံမှန်ထက် အပြင်ကို ပြူးထွက်လာပြီဆိုရင် သိုင်းရွိုက် ဟုတ်၊ မဟုတ် ဆရာဝန်ဆီ သွားပြီး စစ်ဆေးသင့်ပါတယ်။ ကိုယ့်မျက်လုံး ပြူးနေလားဆိုတာကို […]


အခြားမျက်လုံးပြဿနာများ

မျက်လုံး လေးကို ဂရုစိုက်ရမှာ သင်ကိုယ်တိုင်ပါ

ကိုယ်ချစ်တဲ့သူတွေကို မြင်ရဖို့၊ သဘာဝရဲ့ အလှတရားကိုခံစားဖို့၊ ရုပ်ရှင်ကြည့်ဖို့ နေ့စဉ် လုပ်နေတဲ့ အလုပ်တွေကို လုပ်ဖို့အတွက် မျက်လုံး ရဲ့ အမြင်အာရုံက မရှိမဖြစ် အရေးပါပါတယ်။ ဒီလို အရေးကြီးလှတဲ့ အမြင်အာရုံ လေးကို မထိခိုက်စေဖို့အတွက် ကိုယ့်ဘက်က လုပ်ပေးရမယ့် အပိုင်းလေးတွေရှိပါတယ်။ ကဲ မျက်လုံးကျန်းမာရေးအတွက် ဘယ်လို အချက်တွေကိုလိုက်နာဖို့ လိုမလဲဆိုတာကို ကြည့်ရအောင်။ ရွှန်းစိုကျန်းမာတဲ့ မျက်လုံး တစ်စုံ ပိုင်ဆိုင်ဖို့ လိုက်နာသင့်တဲ့ အချက်များ  ညီညွတ်မျှတတဲ့ အစားအသောက်တွေစားပါ။  အစားအသောက်ဆိုတာ ကိုယ့်ကျန်းမာရေးကို ကောင်းအောင်လည်း လုပ်ပေးနိုင်သလို ဆိုးအောင်လည်း လုပ်ပေးနိုင်တဲ့အရာတွေပါ။ အားလုံးသိကြတဲ့အတိုင်း မျက်လုံးကျန်းမာရေးအတွက်ဆို ဗီတာမင် A ကြွယ်ဝတဲ့ မုန်လာဥနီ၊ မြင်းခွာရွက်၊ ဟင်းနုနွယ်တို့ကို စားပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဆောလ်မွန်ငါး၊ ကြက်ဥ နဲ့ အခြား အဆီများတဲ့ […]


အခြားမျက်လုံးပြဿနာများ

မျက်လုံးခြောက်သူတွေအတွက် ဓါတ်စာ

အမြင်အာရုံက သက်ရှိတွေအတွက်တော်ေ်တာ်လေးအရေးကြီးပါတယ်။ တစ်ခုခုကို စတွေ့ပြီဆိုရင်အရင်ဆုံး ခံစားတာက အမြင်အာရုံနဲ့ပါ။ အမြင်အာရုံမရှိဘူးဆိုရင် အကောင်းအဆိုးကိုတောင်ခွဲခြားဖို့ခက်သွားမှာပါ။ ဒီတော့အရေးကြီးတဲ့အမြင်အာရုံကို တတ်နိုင်သမျှမစောင့်ရှောက်သင့်ဘူးလား။ တစ်နေ့တာမှာ ကွန်ပျူတာေတွအမြဲမပြတ်အသုံးပြုနေရသူဆိုရင် မျက်လုံးခြောက်တာ၊ မျက်စိတွေအောင့်တာမျိုးကြုံရနိုင်ပါတယ်။ ခန္ဓါကိုယ်အတွက် ဗီတာမင်တွေနဲ့အာဟာရဓါတ်တွေလိုအပ်သလို အမြင်အာရုံကျန်းမာဖို့အတွက်လည်း ဗီတာမင် နဲ့ သတ္တုဓါတ်တွေလိုအပ်ပါတယ်။ တကယ်လို့ သင်က တစ်နေ့တာမှာ ကွန်ပျူတာတွေ၊ဖုန်းတွေသုံးနေရလို့ မျက်လုံးတွေခြောက်နေပြီဆိုရင်တော့ ဒီအစားအစာလေးတွေနဲ့ အားဖြည့်လိုက်ပါနော်။ မျက်လုံးတွေခြောက်နေရင် ဘာစားမလဲ ငါး ငါးကအမြင်အာရုံကိုကျန်းမာစေနိုင်ပါတယ်။ ငါးစားတဲ့အခါ Omega - 3 fatty acids ကြွယ်ဝစွာပါဝင်နေတဲ့ ငါးတွေစားပေးပါ။ တူနာ၊ ဆာဒင်း၊ မက်ကာရယ်၊ ဆာဒင်းငါးနဲ့ ဆယ်လ်မွန်ငါးတို့စားသုံးပေးပါ။ အခွံမာသီး Omega-3 fatty acid နဲ့ ဗီတာမင် E တို့ကြွယ်ဝစွာပါဝင်နေပြီး မျက်လုံးခြောက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ သစ်ကြားသီး၊ သီဟိုဠ်သီး၊မြေပဲတို့ကိုစားသုံးပေးလို့ရပါတယ်။ အစေ့အဆန်တွေ အခွံမာသီးတွေလိုပဲOmega-3 fatty acid နဲ့ ဗီတာမင် […]


အခြားမျက်လုံးပြဿနာများ

မျက်စိကျန်းမာစေဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်များ

လူသားတိုင်း ကိုယ့်ကျန်းမာရေးကို အမြဲဂရုစိုက်သလို မျက်စိကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ နေ့စဉ် ကိုယ်ပြုမူလုပ်ဆောင်နေတဲ့ အရာတွေက မျက်စိအပေါ်မှာ သွားပြီး သက်ရောက်မှုရှိနေပါတယ်။ မျက်စိမှုန်တာ၊ မျက်စိအားနည်းတာ အစရှိတဲ့ အမြင်အာရုံဆိုင်ရာ ကျန်းမာရေးပြဿနာတွေ မဖြစ်လာစေဖို့ နေ့စဉ် ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ၁။ နေ့စဉ် အစာအာဟာရကို ဂရုစိုက်ပါ။ ကိုယ်ခန္ဓါ ကျန်းမာစေဖို့အတွက်မှ မဟုတ်ပါဘူး။ မျက်စိကျန်းမာရေးအတွက်လည်း အာဟာရဖြစ်စေတဲ့ အစားအစာတွေကို ဂရုစိုက်ပြီး စားသင့်ပါတယ်။ မျက်စိအားကောင်းစေတဲ့ Omega-3 fatty acid ငါးကြီးဆီ၊ ဗီတာမင် A ၊ ဗီတာမင် C နဲ့ ဗီတာမင် E ပါဝင်တဲ့ အစားအစာတွေကို များများ စားပေးသင့်ပါတယ်။ အစာအာဟာရ မျှတစွာ စားသုံးပေးရင် အဝလွန်ေရာဂါအပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ […]


အခြားမျက်လုံးပြဿနာများ

မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ

မျက်လုံးတွေကြည့်လို့မကောင်းဘူး၊ ရီဝေဝေနဲ့ရယ်။ စာဖတ်လို့လည်းအဆင်မပြေဘူး။ ကြည့်ရတာ အားမရဘူး ဆိုတာ မကြာခဏကြားရပါတယ်။ အကြောင်းရင်းတွေက အများကြီးရှိနိုင်တယ်နော်။ ဖြစ်နိုင်ခြေရှိတာတွေက - မျက်မှန်လိုနေပြီ မျက်စိအသုံးပြုရတာများလို့ အပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် အဝေးမှုန်၊ အနီးမှုန် မျက်စိပါဝါတွေရှိလာတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ မျက်စိကျန်းမာရေးစစ်ဆေးပြီး မျက်မှန်လုပ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ မျက်စိညောင်းနေတာဖြစ်နိုင်တယ် တီဗီ၊ ကွန်ပျူတာ သို့မဟုတ် ဖုန်းကို အကြာကြီး ကြည့်နေတတ်တဲ့သူလား။ ဒီလိုကြည့်တဲ့အခါ မျက်တောင်ခတ်တာနည်းတတ်ပါတယ်။ မျက်တောင်တစ်ခါခတ်တိုင်းမှာ မျက်လုံးထဲမှာ မျက်ရည်တွေကဖြန့်ကြက်ပြီး အစိုဓါတ်ပေးနိုင်တယ်၊လန်းဆန်းစေတယ် ။ ဒါ့ကြောင့် မျက်စိမညောင်းရအောင် ဒီလိုအကြာကြီးကြည့်တဲ့အခါ မကြာခဏမျက်တောင်ခတ်ဖို့ကို မမေ့ပါနဲ့။ အသက်ကြီးလာလို့ အသက် ၄၀လောက်ရောက်တဲ့အခါ စာဖတ်တာကအစ အနီးကပ်အာရုံစိုက်ရအဆင်မပြေတော့တာ သတိထားမိလာပါလိမ့်မယ်။ ဒါဟာ အသက်ကြီးလာတဲ့ပုံမှန်လက္ခဏာတစ်ခုပါပဲ။ စာကြည့်မျက်မှန်တွေဖြစ်ဖြစ် ဆရာဝန်နဲ့တိုင်ပင်ပြီး အသုံးပြုသင့်ပါတယ်။ ဆီးချိုရှိနေတာများလား သွေးတွင်းသကြားဓါတ်ကိုကောင်းကောင်းမထိန်းချုပ်နိုင်တဲ့အခါ မျက်စိမှန်ဘီလူးအတွင်းကို အရည်တွေစိမ့်ဝင်စေနိုင်ပြီးဖောင်းလာစေပါတယ်။ ဒါကို ကုသမှုမလုပ်မချင်း ဆက်ပြီးဖြစ်နေနိုင်တဲ့လက္ခဏာပါ။ သကြားဓါတ်ပမာဏပုံမှန်ဖြစ်မှ မှန်ဘီလူးလည်း ပုံမှန်ပြန်ဖြစ်မှာပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း