မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

နေပူရင် ထိခိုက်တာက အသားအရေလို့ပဲ အများက ယူဆထားကြပါတယ်။ တကယ်ကတော့ နေပူဒဏ်ကြောင့် ထိခိုက်တဲ့ထဲမှာ အသားအရေ၊ ဆံသား နဲ့ မျက်လုံးတွေပါ ထိခိုက်တာပါ။ နွေရဲ့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်စေတာကို သိထားကြပေမယ့် မျက်လုံးတွေကို ထိခိုက်တာကိုတော့ သတိထားမိသူ ရှားပါတယ်။ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အပူဒဏ်ကြောင့် မျက်လုံးတွေ မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေအပူဒဏ်ကြောင့် မျက်လုံးမှာ ဘယ်လို ပြဿနာတွေ ခံစားရနိုင်လဲ နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်ကြည်လွှာ နေလောင်တာ မျက်လုံးခြောက်တာ မျက်လုံးပြာတာ မျက်လုံးတွေ ယားတာ မျက်လုံး ကျိန်းစပ်တာ မျက်လုံး အောင့်တာ အမြင်အာရုံတွေ ဝေဝါးတာလိုမျိုး မျက်စိပြဿနာတွေ ခံစားရနိုင်ပါတယ်။ နေပူဒဏ်ကြောင့် […]

မျက်စိကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

အခြားမျက်လုံးပြဿနာများ

မျက်ဝန်းထဲက သင်္ကေတလေးများ

မျက်ဝန်းထဲက အဓိပ္ပါယ် ဘာညာနဲ့ ကဗျာဆန်တဲ့တင်စားမှုတွေကြားဖူးကြမှာပေါ့။ အခုပြောမယ့် မျက်ဝန်းထဲက သင်္ကေတတွေကတော့ ကဗျာမဆန်လောက်ပါဘူး။ ကိုယ့်မှာရောဂါတစ်ခုခုဖြစ်နေပြီဆိုတာ မျက်ဝန်းကတဆင့်ဖော်ပြလာတဲ့ လက္ခဏာတွေအကြောင်းမို့လို့ပါ။ ဒီလက္ခဏာတွေ ကိုယ့်မျက်ဝန်းမှာဖြစ်နေပြီဆို ဘာကြောင့်ဖြစ်တာလဲသိရှိပြီး ကြိုတင်သတိထားနိုင်ဖို့၊စောစောကုသနိုင်ဖို့ဆောင်းပါးလေးက ကူညီပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ ဘယ်လိုလက္ခဏာတွေဖြစ်မလဲ ကြည့်ရအောင် - မျက်စိနီတာ ဒေါသအရမ်းထွက်တဲ့အခါ ဒါမှမဟုတ် ရောဂါပိုးဝင်တဲ့အခါ မျက်လုံးထဲကသွေးကြောမျှင်လေးတွေကပြန့်ကားလာ၊ပေါက်သွားနိုင်ပါတယ်။ ဒါက အဖြစ်များကြပြီး ကုသစရာမလိုဘဲပြန်ကောင်းသွားတတ်ပါတယ်။ ထိခိုက်မှု၊ရေတိမ်၊ ကွဲရှ၊ခြစ်မိ၊ မျက်ကြည်လွှာမှာဖြစ်တဲ့အနာကြောင့်ဆိုရင်တော့ ပိုပြင်းထန်နိုင်လို့ သတိထားသင့်ပါတယ်။ မျက်စိနီရဲနေတာ တစ်ရက်၊နှစ်ရက်နဲ့မသက်သာဘူးဆိုရင်တော့ ဆရာဝန်အမြန်ပြသင့်ပါတယ်။ မျက်စိကျိန်းစပ်နေတာ အသုံးပြုတာများလို့ မျက်စိညောင်းလာတာကြောင့် ဒါမှမဟုတ် ဖုန်မှုန့်တွေ မီးခိုးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။blepharitis လို့ခေါ်တဲ့ မျက်ခွံရောင်ရမ်းမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။blepharitis ဆိုတာ ဘက်တီးရီးယားပိုးဝင်လို့ မျက်ခွံမှာ အဖတ်အဖတ်လေးတွေလန်ပြီးရောင်ရမ်းစေတဲ့ရောဂါပါ။ မျက်လုံးက မျက်ရည်အလုံအလောက်မထုတ်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်။ ပိုဆိုးလာရင်တော့ မျက်ကြည်လွှာရောင်ရမ်းမှုဖြစ်လာနိုင်ပါတယ်။ မျက်ဝတ်တွေထွက်နေတာ မျက်ဝတ်တွေ/မျက်ချေးတွေက မနက်အိပ်ရာထချိန်မှာ နည်းနည်းထွက်တာ ပုံမှန်ပါပဲ။ ဒါပေမယ့် ပုံမှန်မဟုတ်ဘဲ မျက်ဝတ်က အဝါရောင်၊ အစိမ်းရောင်သမ်းနေတာ၊ တခြားလက္ခဏာတွေရှိနေတာဆိုရင် […]


အခြားမျက်လုံးပြဿနာများ

မျက်စိမှုန်တဲ့ ကလေးတွေအတွက် အစာအာဟာရ

မျက်စိဟာ လူ့ခန္ဓါကိုယ်အတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အကြောင်းအမျိုးမျိုးကြောင့် မျက်စိအမြင်အာရုံချို့ယွင်းလာတဲ့အခါမှာ နေ့စဉ်ဘဝနဲ့ လုပ်ငန်းဆောင်တာကိုပါ နှောင့်နှေးကြန့်ကြာစေနိုင်ပါတယ်။ ဘာကြောင့် ကလေးအရွယ်မှာ မျက်စိမှုန်လာကြတာလဲ၊ ဒီလို မျက်စိမှုန်တဲ့ ကလေးတွေအတွက် ဘယ်လိုအစားအစာတွေကို ပိုစားပေးသင့်လဲဆိုတာ ဝေမျှပေးချင်ပါတယ်။ ကလေးများနဲ့ မျက်စိမှုန်ခြင်း အဓိကမျက်စိမှုန်လာရတဲ့ အကြောင်းရင်းအများစုထဲမှာ ကလေးတွေ တီဗီအကြည့်များတာ၊ ဖုန်းကို မျက်လုံးနဲ့ နီးနီးကပ်ကပ်အသုံးပြုလွန်းတာ၊ မီးအလင်းရောင်သိပ်မကောင်းတဲ့နေရာမှာ စာဖတ်တာ စသဖြင့် အစုံပါပဲ။ မွေးရာပါ အမြင်အာရုံချို့ယွင်းတာ၊ မျိုးရိုးဗီဇေကြာင့်လည်း ကလေးတွေမှာ မျက်စိမှုန်နိုင်ပါတယ်။ ကိုယ့်ကလေးရဲ့ မျက်စိအမြင်အာရုံမှာ ချို့ယွင်းချက်တွေ ရှိုနေလားဆိုတာကို သူတို့ရဲ့ အမူအရာ၊ လုပ်ပုံကိုင်ပုံတွေကို လေ့လာရင်းနဲ့ သိနိုင်ပါတယ်။ အဝေးမှာ ရှိတဲ့အရာတွေကို ကောင်းကောင်းမမြင်ရတာ၊ ကျောက်သင်ပုန်းက စာတွေကို သေချာမမြင်ရတာ၊ စာဖတ်တဲ့အချိန်၊ တီဗီကြည့်တဲ့အချိန်မှာ အခက်အခဲ ဖြစ်လာပြီဆိုရင် ကိုယ့်ကလေးရဲ့ အမြင်အာရုံမှာ ချို့ယွင်းချက်ရှိနေတယ်ဆိုတာ […]


မျက်စိရောဂါများ

Hyphema (Bleeding in the eye) (ဟိုက်ဖီးမား (မျက်လုံးတွင်းသွေးထွက်ခြင်း))

အဓိပ္ပါယ်ဖွင့်ဆိုချက်ဟိုက်ဖီးမားဆိုတာဘာလဲ။ ဟိုက်ဖီးမားဆိုတာ မျက်လုံးတွင်း အရှေ့ဘက်အခန်း (မျက်ကြည်လွှာနှင့် မျက်ဝန်းကြားမှာ သွေးများစုပုံတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးက မျက်ဝန်းနဲ့ သူငယ်အိမ်တစ်ခုလုံး သို့မဟုတ် တစ်ခုလုံးနီးပါကို ကာလိုက်ပြီး အမြင်အာရုံ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝကို ဆုံးရှုံးသွားစေပါတယ်။ များသောအားဖြင့် နာကျင်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင် အမြင်အာရုံ ထာဝရ ဆုံးရှုံးခြင်းတို့ ဖြစ်ပွားလာနိုင်ပါတယ် ဟိုက်ဖီးမားဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဟိုက်ဖီးမားက ရှားပါးသော်လည်း အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများဟိုက်ဖီးမားရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဟိုက်ဖီးမားရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ဖြစ်ပါတယ်။ မျက်လုံးရှေ့ဘက်တွင်သွေးများကိုတွေ့ရခြင်း အလင်းစူးခြင်း နာကျင်ခြင်း အမြင်ဝါးခြင်း၊ တိမ်ကွယ်သလိုဖြစ်ခြင်းနဲ့ အမြင်ပိတ်ခြင်း ဟိုက်ဖီးမားက သေးငယ်မယ်ဆိုရင်တော့ သွေးတွေကို မြင်နိုင်မှာမဟုတ်ပါဘူး အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ […]


ရေတိမ်

ရေတိမ်ဘာကြောင့် ဖြစ်ရတာလဲ

ရေတိမ်ဆိုတာ မျက်လုံးထဲမှာ ဖိအား အရမ်းများတဲ့အတွက် အမြင်အာရုံကြော ပျက်ဆီးသွားတဲ့ ဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။ အမြင်အာရုံကြောဟာ အမြင်အာရုံအတွက် အရမ်း အရေးပါတဲ့ လုပ်ဆောင်ချက်ကို လုပ်နေတဲ့ အာရုံကြော တစ်ခုပါ။ ဒီအာရုံကြောဟာ မျက်လုံးက အချက်ပြချက်တွေကို ဦးနှောက်သို့ပို့ပေးပြီး ဦးနှောက်မှ တစ်ဆင့် ပုံရိပ်များအဖြစ် ပြန်ပြောင်းပေးတာ ဖြစ်ပါတယ်။ ဒီကြားခံ ဆက်သွယ်ပေးနေတဲ့ အမြင်အာရုံကြောက ကောင်းကောင်း အလုပ်မလုပ်ဘူးဆိုရင် အမြင်ထိခိုက်လာနိုင်ပြီး မျက်လုံးကန်းသည် အထိဖြစ်စေနိုင်ပါတယ်။ ဘာကြောင့် ရေတိမ် ဖြစ်ရတာလဲ။ မျက်လုံးဟာ မျက်လုံးအတွင်းထဲက တစ်ရှုးတွေကို သန့်ရှင်းပြီး အာဟာရထုတ်လုပ်ပေးတဲ့ အရည်တွေကို ထုတ်လုပ်ပေးပါတယ်။ ဒီအရည်တွေကို aqueous humour လို့ခေါ်ပါတယ်။ ဒီ aqueous humour ဟာ မျက်ရည်နဲ့ မဆိုင်ပါဘူး။ မျက်ရည်ထွက်ခြင်းဟာ aqueous humour […]


အခြားမျက်လုံးပြဿနာများ

မျက်လုံးစမ်းသပ်ရုံနှင့် သင့်မှာ ကိုလက်စထရောများကြောင်း သင်သိနိုင်မလား

ကိုလက်စထရောများခြင်းက မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အကြောင်း အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။ ထင်ထင်ရှားရှား ဥပမာနှစ်ခုကတော့ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ လေဖြတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ခန္ဓါကိုယ်တွင်း ကိုလက်စထရောပမာဏကို သိရှိနိုင်ဖို့ သွေးစစ်ဆေးရမှာဖြစ်ပေမယ့် အံ့သြစရာကောင်းလောက်အောင်ပဲ မျက်လုံးစပ်သပ်ခြင်းကနေတဆင့်လည်း ကိုလက်စထရောမြင့်တက်ခြင်းနဲ့ အခြားအကြောင်းအရာတွေကို သိရှိနိုင်ပါတယ်။ မျက်ခွံ မျက်ခွံဆိုတာ မျက်လုံးကို ဝိုင်းရံပြီးကာကွယ်ထားတဲ့ အရေပြားအလွှာပါး ဖြစ်ပါတယ်။ ကိုလက်စထရောတက်လာခြင်းက မျက်ခွံအောက်မှာ အဆီအိတ်ကလေးတွေ ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ လူတွေသတိထားမိမှာ မဟုတ်ပါဘူး။ ဒီအဆီအိတ်ကလေးတွေကို ဆေးပညာအရ xanthelasmas လို့ခေါ်ပြီး မျက်ခွံပေါ်မှာ အဝါရောင်ပုံသဏ္ဍာန်မျိုးနဲ့ တွေ့ရမှာဖြစ်ပါတယ်။ Xanthelasmas များလာရင် နေရထိုင်ရမခက်ပေမယ့် ၎င်းတို့ကို ခွဲစိတ်ဖယ်ရှားပစ်မှသာ ပျောက်ကင်းနိုင်မှာ ဖြစ်တဲ့အတွက် ကြည့်ရဆိုးနိုင်ပါတယ်။ မျက်ခွံအဆီအိတ်ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများစွာရှိပြီး ကိုယ့်မျက်ခွံမှာ သတိပြုမိပြီဆိုတာနဲ့ ကျန်းမာရေးစစ်ဆေးမှု ခံယူဖို့ မဖြစ်မနေစီစဉ်သင့်ပါတယ်။ မျက်သားအကြည် မျက်သားအကြည် (cornea) ဆိုတာ အနက်ရောင်၊ […]


အခြားမျက်လုံးပြဿနာများ

မျက်လုံးနဲ့ ပတ်သတ်ပြီး လူအများ လုပ်လေ့ရှိကြတဲ့ အမှားများ

မျက်လုံးဆိုတဲ့ အာရုံခံစနစ်တစ်ခုထဲက ပေးပို့တဲ့ သတင်းအချက်အလက်တွေဟာကျန်အာရုံခံစနစ်တွေဖြစ်တဲ့ အကြား၊ အရသာ၊ အနံ့အသက် နဲ့ အထိအတွေ့တို့ ပေးပို့တဲ့ သတင်းအချက်အလက် စုစုပေါင်းထက်ပိုများပါတယ်။ မျက်လုံးကို တာဝန်ယူထားရတဲ့ ဦးနှောက် အစိတ်အပိုင်းကလည်း ကျန်အာရုံခံစနစ် စုစုပေါင်းထက် ပိုများပါတယ်။ မျက်လုံးတွေဟာ သိစိတ်က ပေးပို့တဲ့ သတင်းအချက်အလက်ပမာဏ တစ်ဝက်ခန့်ကို ပေးပို့နိုင်တဲ့ အင်္ဂါတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မျက်လုံးတွေဟာ ခန္ဓါကိုယ်ရဲ့ အရှုပ်ထွေးဆုံး အာရုံခံ အင်္ဂါတစ်ခုလည်း ဖြစ်ပါတယ်။ လူတော်တော်များများဟာ အမြင်အာရုံပျက်စီးခြင်းဆိုတာ ဇရာကြောင့် မလွဲမသွေဖြစ်ရတဲ့ ရလဒ်လို့သာ အထင်မှားတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း မျက်လုံးကျန်းမာရေးနဲ့ လျော်ညီတဲ့ အလေ့အကျင့်တွေ ရှိမယ်ဆိုရင် မျက်လုံးကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ရောဂါ တော်တော်များများကို ကာကွယ်နိုင်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ကျွန်တော်တို့ အတွက် အရမ်း […]


အခြားမျက်လုံးပြဿနာများ

မျက်လုံးအောင့်တာ သက်သာစေမယ့်နည်းလမ်း (၅)ခု

မျက်လုံးအောင့်တာ၊ ကျိန်းစပ်တာတွေ ခံစားနေရလား။ တစ်နေကုန် ကွန်ပျူတာမျက်နှာပြင်ပဲစိုက်ကြည့်နေရတဲ့ အလုပ်ကြောင့် ဒါမှမဟုတ် ပြင်ပက လေထုတွင်းအမှုန်တွေကြောင့် ဖြစ်နိုင်ပါတယ်။ မျက်စိပိုးဝင်ခြင်းကြောင့်လည်း ဒီလိုဖြစ်နိုင်ပါတယ်။ မျက်စိဆိုတာ ခန္ဓာကိုယ်မှာ ထိခိုက်လွယ်ဆုံး၊ အနုနယ်ဆုံးအပိုင်းဖြစ်တာကြောင့် နည်းနည်းနာကျင်ရရင်ပဲ စိုးရိမ်တတ်ကြပါတယ်။ ကွန်ပျူတာ၊ ဖုန်း၊ တီဗီ၊ စာအုပ် အကြည့်များလို့ တော်တန်ရုံမျက်စိညောင်းတာ၊ မျက်လုံးအောင့်တာဆိုရင်တော့ ခဏနဲ့သက်သာနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် အမြန်သက်သာစေမယ့်နည်းလေးတွေက လွယ်လွယ်လေးပါ။ (၁) မျက်လုံးအဖွင့်အပိတ် လုပ်ပေးပါ မျက်လုံးထဲမှာ ခို့လို့ခုလုဖြစ်နေတယ်လို့ ခံစားနေရပြီး ကျိန်းစပ်သလို အောင့်သလို ခံစားနေရရင် မျက်လုံးအဖွင့်အပိတ်လေ့ကျင့်ခန်းလုပ်ကြည့်ပါ။ မျက်စိအကြောပြေပြီး နေရသက်သာပါလိမ့်မယ်။ ဒီနည်းက မျက်ရည်ခမ်းခြင်းကို သက်သာစေပြီး အမှုန်ဝင်နေရင်လည်း သူ့အလိုလိုဖယ်ရှားပြီးသားဖြစ်စေနိုင်ပါတယ်။ မျက်စိတဝိုက် သွေးလည်ပတ်မှုကောင်းစေပြီး မျက်စိညောင်းသက်သာစေပါတယ်။ မျက်စိမှိတ်ပြီး ၂ စက္ကန့်နေပါ။ မျက်စိမှိတ်လျက်နဲ့ မျက်ခွံကိုကျုံ့ပြီး ၂ စက္ကန့်။ ပြီးရင် မျက်စိပြန်ဖွင့်ပြီး […]


အခြားမျက်လုံးပြဿနာများ

မျက်လုံးပွတ်ခြင်း၏ အန္တရာယ်

လူတွေက မျက်လုံးထဲ ပြင်ပအရာတစ်ခုခု ဝင်သွားပါက သို့မဟုတ် ပင်ပန်းပြီး အိပ်ငိုက်သောအခါ မျက်လုံးကို လက်နှင့် ပွတ်တတ်သော အလေ့အကျင့်ရှိကြပါတယ်။ ၎င်းမှာ မကောင်းသော အလေ့အကျင့်ဖြစ်ပြီး မျက်လုံးတွင် နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ်။ မျက်လုံးကို ပွတ်ခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲ။ ကြည့်ရဆိုးခြင်း မျက်လုံးများကို ပွတ်လိုက်ပါက ကြည့်ရဆိုးပါတယ်။ မျက်လုံးထဲရှိ သေးငယ်သော သွေးကြောလေးများ ပေါက်ကာ အနီစက်များ ပေါ်သွားသောကြောင့်ဖြစ်ပါတယ်။ ထို့ပြင် မျက်ကွင်းများကို လည်း ညိုမဲစေနိုင်ပါတယ်။ မျက်လုံးရောင်ခြင်း မျက်လုံးကို ပွတ်ခြင်းက မျက်လုံးရောင်စေပါတယ်။ လက်တွင် ပိုးမွှားများစွာ ကပ်နေသည်ကို လူတိုင်းသိကြပါတယ်။ ထို့ကြောင့် မျက်လုံးကို လက်နှင့် ပွတ်ပါက ပိုးများဝင်ကာ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ မျက်ကြည်လွှာ ပျက်စီးခြင်း မျက်လုံးထဲတွင် ပြင်ပအရာတစ်ခုခု ဝင်ပြီးထုတ်မရတော့တာမျိုး ရှိတတ်ပါတယ်။ ထိုအခါ ဆက်တိုက် လက်နဲ့ ပွတ်မိတတ်ပါတယ်။ […]


အခြားမျက်လုံးပြဿနာများ

ကလေးတွေမှာဖြစ်တဲ့ မျက်စိထိခိုက်ခြင်း

မျက်လုံးထိခိုက်ခြင်းဆိုတာဘာလဲ။ ကလေးတွင်ဖြစ်သောမျက်လုံးထိခိုက်ခြင်းက များသောအားဖြင့်မပြင်းထန်ပါ။ အဓိကအရေးကြီးဆုံးမှာ ပြင်းထန်သောမျက်စိထိခိုက်ခြင်းကြောင့်အမြင်အာရုံပျက်စီးသွားခြင်းဖြစ်သည်။ အရွယ်ရောက်နေပြီဖြစ်သောကလေးများက မျက်လုံးဝါးသွားသည်ကိုပြောနိုင်သည်။ ပြင်းထန်သောမျက်စိထိခိုက်ခြင်းရှိပါက ချက်ချင်းစမ်းသပ်ပြီး မျက်စိအထူးကုနှင့် သွားရောက်ပြသရန်ညွှန်ကြားပေးနိုင်သည်။ မျက်စိထိခိုက်ခြင်း ဖြစ်စေသောအကြောင်းနှင့်လက္ခဏာတွေကဘာလဲ။ ဓါတုထိခိုက်ခြင်း။ ဓါတုမျက်လုံးထိခိုက်ခြင်းက မျက်လုံးနှင့်မျက်ခွံတွင် ဓါတုပစ္စည်းထိမိခြင်းကြောင့်ဖြစ်သည်။ အဖြစ်များဆုံးလက္ခဏာမှာ နာခြင်း သို့မဟုတ် လောင်ကျွမ်းခြင်းတို့ဖြစ်သည်။ မျက်ရည်တောက်လျောက်ထွက်လာခြင်း နီလာခြင်းနှင့် မျက်ခွံယောင်လာခြင်းတို့ဖြစ်နိုင်သည်။ မျက်စိတွင်းသွေးယိုခြင်း။ ဆိုလိုသည်မှာ မျက်စိနီခြင်းနှင့် အတွင်းသွေးယိုခြင်းဖြစ်စေသောကြောင့်ဖြစ်သည်။ ယေဘုယျအားဖြင့် နာကျင်ခြင်း၊ အမြင်ထိခိုက်ခြင်းများမရှိပေ။ မျက်လုံးအဖြူသားတွင် အနီစက်များတွေ့နိုင်သည်။ မျက်လုံးအတွင်းရှိသွေးကြောငယ်လေးများကွာခြင်းကြောင့်ဖြစ်သည်။ အခြားမျက်စိထိခိုက်မှုရှိ၊ မရှိပေါ်မူတည်ပြီး နီနေသောနေရာကကြီးခြင်း သိသာနေခြင်းဖြစ်နိုင်သည်။ မျက်စိသွေးယိုခြင်းက ထိခိုက်မှုပြင်းထန်ခြင်းအပေါ်မမူတည်ဘဲ များသောအားဖြင့်ကုသမှု မလိုဘဲ ၄ရက်မှ ၁၀ရက်အတွင်းပျောက်သွားနိုင်သည်။ မျက်ကြည်လွာပြဲခြင်း။ မျက်ကြည်လွှာပေါ်တွင်ခြစ်မိခြင်း၊ ထိခိုက်မိခြင်းကြောင့်ဖြစ်နိုင်သည်။ မျက်ကြည်လွှာသည် အကြည်တစ်သျူးတစ်ခုဖြစ်ပြီး မျက်စိသူငယ်အိမ်နှင့် မျက်စိအတွင်းကြွက်သားများပေါ်တွင်ရှိသည်။ ကလေးတွေရဲ့ မျက်ကြည်လွှာကို အရုပ်၊ သတ္ထုပစ္စည်းတစ်ခုခု၊ ကလေးလက်သည်း သို့မဟုတ် အပင်နှင့်ထိခိုက်မိပါကဖြစ်နိုင်သည်။ လက္ခဏာများတွင်နာခြင်း မျက်ရည်ထွက်ခြင်း အလင်းမခံနိုင်ခြင်း တို့ဖြစ်နိုင်သည်။ သူငယ်အိမ်ကြွက်သားယောင်ခြင်း။ […]


အခြားမျက်လုံးပြဿနာများ

မျက်စိစွေခြင်းဆိုတာဘာလဲ

မျက်စိစွေခြင်း သည် ကလေးများတွင်အဖြစ်များသော မျက်စိပြဿနာတစ်ခုဖြစ်သည်။ မျက်စိစွေခြင်းကိုနောက်ဆက်တွဲများ ဥပမာ အန်ဘိုင်လိုပီယား နှင့် အခြား အမြင်ပြဿနာများမဖြစ်ခင် စေစာစောသိပြီး ကုသရန်လိုအပ်သည်။ မျက်စိစွေခြင်းနှင့်ဖြစ်စေသောအကြောင်းများ။ မျက်စိစွေခြင်း သည် အမြင်အာရုံပြဿနာတစ်ခုဖြစ်ပြီး မျက်လုံးမညီခြင်း လားရာမတူခြင်းကြောင့်ဖြစ်သည်။ တစ်လုံးက အရှေ့သို့ကြည့်နေပြီး အခြားမျက်စိတစ်ဖက်က အပေါ်သို့ အောက်သို့ အတွင်းသို့ သို့မဟုတ် အပြင်သို့ ထွက်နေတတ်သည်။ ပုံမှန်အားဖြင့် မျက်ဝန်းရှိကြွက်သားများ (ခြောက်ခု)က မျက်လုံးကိုတွယ်ထားပြီးမျက်လုံးလှုပ်ရှားမှုကိုထိန်းချုပ်ပေးသည်။ ထိုသို့မျက်လုံးစွေခြင်းသည် မျက်လုံးကြွက်သားများလှုပ်ရှားမှုတွင် အတူတကွအလုပ်မလုပ်တော့ခြင်း ကြောင့် မျက်လုံးများမညီညာတော့ပဲ တူညီသောလားရာကိုတစ်ကြိမ်တည်းမကြည့်နိုင်ခြင်းတို့ဖြစ်နိုင်သည်။ မျက်စိစွေခြင်းလုံးမျိုးရိုးလိုက်နိုင်သည်။ အချို့ကမွေးရာပါဖြစ်သည်။ ပုံရိပ်ပြန်သောမှားယွင်းခြင်းများရှိခြင်းဥပမာ (အဝေးမှုန်ခြင်း) အနီးမှုန်ခြင်း အမြင်အာရုံချို့ယွင်းခြင်းကြောင့်ဖြစ်နိုင်သည်။ ဖျားခြင်း ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ကြွက်သားအာရုံကြောများထိခိုက်မိခြင်းကြောင့်လည်းဖြစ်နိုင်သည်။ များသောအားဖြင့် မျက်စိစွေခြင်းသည် ကြွက်သားပြသာနာများကြောင့်အဓိကမဟုတ်ပဲ ဦးနောက်ရှိ ထိန်းချုပ်သောစနစ်မူမမှန်ခြင်းကြောင့်ဖြစ်သည်။ ကလေးတွင် မျက်စိစွေခြင်းရှိ၊မရှိကိုမိဘတွေဘယ်လိုသိနိုင်မလဲ။ မျက်စိစွေခြင်းသည်သိသာသည်-မျက်စိနှစ်လုံး ညီမျှမှုမရှိခြင်း လားရာမတူကို တစ်ချိန်တည်းတွင်ကြည့်နေခြင်းတို့ဖြစ်သည်။ မွေးကင်းစများတွင် အဓိကအားဖြင့်ပင်ပန်းချိန်တွင် မျက်စိမညီခြင်းရှိနိုင်သော်လည်း ထိုသို့ဖြစ်ခြင်းသည် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း