မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

နေပူရင် ထိခိုက်တာက အသားအရေလို့ပဲ အများက ယူဆထားကြပါတယ်။ တကယ်ကတော့ နေပူဒဏ်ကြောင့် ထိခိုက်တဲ့ထဲမှာ အသားအရေ၊ ဆံသား နဲ့ မျက်လုံးတွေပါ ထိခိုက်တာပါ။ နွေရဲ့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်စေတာကို သိထားကြပေမယ့် မျက်လုံးတွေကို ထိခိုက်တာကိုတော့ သတိထားမိသူ ရှားပါတယ်။ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အပူဒဏ်ကြောင့် မျက်လုံးတွေ မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေအပူဒဏ်ကြောင့် မျက်လုံးမှာ ဘယ်လို ပြဿနာတွေ ခံစားရနိုင်လဲ နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်ကြည်လွှာ နေလောင်တာ မျက်လုံးခြောက်တာ မျက်လုံးပြာတာ မျက်လုံးတွေ ယားတာ မျက်လုံး ကျိန်းစပ်တာ မျက်လုံး အောင့်တာ အမြင်အာရုံတွေ ဝေဝါးတာလိုမျိုး မျက်စိပြဿနာတွေ ခံစားရနိုင်ပါတယ်။ နေပူဒဏ်ကြောင့် […]

မျက်စိကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

အခြားမျက်လုံးပြဿနာများ

မျက်လုံးခြောက်ရတဲ့ အကြောင်းရင်းကို အဖြေရှာကြမယ်

မျက်လုံးခြောက်တာ ဘယ်လိုမျိုးလဲ။ ကြည်လင်ဝင်းပတဲ့ မျက်ဝန်း တစ်စုံကို ရရှိဖို့ မျက်ရည်ထဲမှာ ရေ၊ အချွဲ၊ အဆီ ပမာဏ မျှတစွာ ရှိနေဖို့ လိုအပ်ပါတယ်။ ဒီပမာဏ မျှခြေ ပျက်ယွင်းသွားရင်၊ ခမ်းခြောက်နေရင်တော့ မျက်လုံးခြောက်တာမျိုး ဖြစ်တတ်ပါတယ်။ မျက်လုံးခြောက်နေပြီဆိုတာ သိနိုင်မယ့် လက္ခဏာတွေကတော့ • မျက်မှန် တပ်လိုက်တဲ့အခါ မျက်လုံးက ကြည့်လို့ သိပ်အဆင်မပြေတာ၊ အထဲက ယားသလိုလို နေရခက်သလို ဖြစ်လာတာ • အမြင်အာရုံ ဝေဝါးလာတာ၊ တစ်ခုခု ဖုံးနေတယ်လို့ ခံစားရတာ • မျက်ရည် ခဏခဏ ထွက်တာ၊ သို့မဟုတ် မျက်ရည် လုံးဝ မထွက်နိုင်တော့တာ • မျက်လုံးက ယားယံပြီး နီရဲနေတာ • စပ်ဖျဉ်းဖျဉ်း ဖြစ်နေတာ • မျက်လုံးထဲ တစ်ခုခု ဝင်သွားလိုမျိုး ခံစားချက်မျိုး အမြဲ ရနေတာ • မျက်လုံးက […]


အခြားမျက်လုံးပြဿနာများ

မျက်စိအောင့်တာမျိုး မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

မျက်စိအောင့်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။ မျက်လုံးက ဖွင့်ထားနေတဲ့ အချိန်မှာ နာလာတာ၊ ပူစပ်လာတာ၊ မျက်ရည်ပူတွေ ကျလာတာမျိုး၊ အထဲကနေ အောင့်ပြီး ယားယံလာတာမျိုး စတဲ့ ခံစားချက်မျိုး ဖြစ်ဖူးကြမှာပါ။ အထူးသဖြင့် အိပ်ခါနီး အချိန်တွေ၊ ဖုန်းနဲ့ ကွန်ပျူတာကို အကြာကြီး စိုက်ကြည့်ပြီးလို့ မျက်လုံးခွာလိုက်တဲ့ အခါမျိုးမှာ ပိုတွေ့ရတတ်ပါတယ်။ မျက်စိကိုက်တာအပြင် မျက်ရိုးကိုက်တယ်လို့လည်း ခေါ်တတ်ကြပါတယ်။ ဒီဘက်ခေတ်လို နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ဖုန်း၊ ကွန်ပျူတာ၊ အီလက်ထရောနစ် ပစ္စည်းတွေကို နေ့စဉ် အချိန်နာရီပေါင်းများစွာ အသုံးပြုလာကြပါတယ်။ ကောင်းတဲ့ အချက်တွေလည်း ရှိသလို ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ဆိုးကျိုး ဖြစ်နိုင်တာတွေ တွေ့ရပါတယ်။ ဥပမာ အပေါ်မှာ ပြောထားခဲ့တဲ့ မျက်စိအောင့်တာမျိုး၊ အထိုင်များပြီး လှုပ်ရှားမှု နည်းသွားလို့ အဝလွန်လာတာ၊ ကယ်လိုရီ လောင်ကျွမ်းမှု […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်စိ အားဆေး သောက်ဖို့ မလို၊ အကုန်အကျ မများတဲ့ သဘာဝအာဟာရလေးများ

မျက်စိ အားနည်းတယ်၊ မျက်ရိုးကိုက်တယ်၊ ပါဝါတက်တယ်၊ မျက်လုံးခြောက်တယ်၊ မျက်ရည်ပူတွေကျတယ် စတဲ့ မျက်စိကျန်းမာရေးနဲ့ ဆိုင်တဲ့ ပြဿနာတွေအတွက် ဆေးစရိတ် ကုန်ကျကြရပါတယ်။ အားဆေးသောက်တယ်၊ ဆေးခန်းပြတယ်၊ မျက်စဉ်းခတ်တယ်၊ မျက်မှန် လုပ်ရတယ်ပေါ့။ ဒါတွေ မဖြစ်အောင် ကိုယ့်စားနေတဲ့ အာဟာရထဲ မျက်စိကျန်းမာရေးအတွက် ထည့်စဉ်းစားမယ်ဆိုရင် ဒီစရိတ်တွေ မကုန်ရတော့ဘူးလေ။ အဖိုးနည်းပေမယ့် အကျိုးကျေးဇူးများတဲ့ ဒီသဘာဝအာဟာရတွေကိုသာ ပြည့်စုံအောင် စားလိုက်ပါ။ ဘာ အားဆေးမှ မလိုတော့လောက်ပါဘူး - ကြက်ဥ ကြက်ဥမှာ အမြင်အာရုံ ကောင်းစေပြီး ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E နဲ့ ဇင့်ဓာတ်တွေအပြင် တခြားသော အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ရေ ရေဟာ မျက်စိကျန်းမာရေးအတွက်သာမက လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အကျိုးဖြစ်စေတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ ရေများများသောက်ပေးမှ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

အိမ်တွင်းပုန်းလေးတွေ မျက်လုံးညောင်း သက်သာစေဖို့

ခုလို တစ်နေကုန် အိမ်တွင်းအောင်းနေရတဲ့ အချိန်မှာ အလုပ်အများဆုံးက ဖုန်းကြည့်တာပါပဲ။ သာမန်အချိန်မှာတောင် ဖုန်းကို လက်ကမချနိုင် ဖြစ်နေတာ ခုလို အချိန်မျိုးဆိုရင်တော့ ပြောစရာတောင် မလိုပါဘူး။ ဖုန်းကြည့်လိုက် ဖုန်းအားကုန်ခါနီးရင် ဖုန်းအား သွင်းပြီး တီဗွီသွားကြည့်လိုက် ဂိမ်းဆော့လိုက်နဲ့ ဇယ်ဆက်သလိုပါပဲ။ အလုပ်လည်း သွားစရာ မလိုဘူးဆိုတော့ ညဉ့်နက်တဲ့ အထိ ရုပ်ရှင်ကြည့်လို့ရပြီလေ။ ဒါတွေရဲ့ ဘေးထွက်ဆိုးကျိုးကတော့ မျက်လုံးညောင်း လာတာပါပဲ။ မျက်လုံး ဟိုဘက် ဒီဘက်ကြည့်နိုင်ဖို့ဆိုရင် သူ့ဘေးက ကြွက်သားတွေက အလုပ်လုပ်ရပါတယ်။ ကြွက်သားတွေရဲ့ ထုံးစံအရ အလုပ်လုပ်ပါ များရင် ညောင်းလာပါတယ်။ ကိုယ်က စိတ်ဝင်တစား ကြည့်နေလို့သာ မသိတာ အချိန်ကြာလာတာနဲ့အမျှ မျက်လုံးက ပင်ပန်းလာပြီး မျက်ရိုးကိုက်တာ၊ စပ်ဖျဉ်းဖျဉ်း ဖြစ်တာတွေ ဖြစ်လာပါတယ်။ ကဲ ဒီတော့ နေ့စဉ်နဲ့အမျှ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်လုံးကျန်းမာရေးအတွက် ဒါတွေသိထားသင့်တယ်နော်

လူအတော်များများက ရောဂါလို့ဆိုလိုက်ရင် နှလုံးတို့၊ သွေးတိုးတို့လို တကယ့်အကြီးကြီးတွေကို အရင်ပြေးမြင်မိတတ်ကြမှာပါ။တကယ်တော့တစ်ကိုယ်လုံးမှာရောဂါမဖြစ်တဲ့အစိတ်အပိုင်းဆိုတာမရှိပါဘူး။  ဒီလိုပဲ နေ့တိုင်းမရှိမဖြစ်အသုံးပြုနေရတဲ့ မျက်လုံး၊ ပါးစပ်၊ နှာခေါင်း လိုအစိတ်အပိုင်းတွေလည်း ပြဿနာပေါ်တတ်တာမေ့နေတတ်ကြပါတယ်။ ဒါ့ကြောင့် အခုတစ်ခေါက်တော့ ကျွန်တော်တို့ အမြဲတမ်းသုံးနေရပြီး ဂရုစိုက်ဖို့မေ့နေတတ်တဲ့ မျက်လုံးတစ်စုံအတွက် ဂရုစိုက်ရမှာလေးတွေ ပြောပြပေးချင်ပါတယ်။ ၁. တစ်နှစ်တစ်ခါ မျက်လုံးမစစ်ဆေးဘူး ‘ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်း၏’ ဆိုတာ ဘယ်ရောဂါအတွက်မဆိုမှန်ပါတယ်။ အသက် ၄၀ ကျော်သူတိုင်း ကိုယ့်မျက်လုံးကို တစ်နှစ်တစ်ခါတော့ မှန်မှန်စစ်ဆေးသင့်ပါတယ်။ ဒါမှရေတိမ်စွဲတာလို အန္တရာယ်များတဲ့မျက်လုံး ရောဂါတချို့ကို အချိန်မီတားဆီးနိုင်မှာပေါ့။ မိသားစုမျိုးရိုးမှာ မျက်လုံးပြဿနာရှိသူတွေဆို ပိုတောင်ဂရုစိုက်စစ်ဆေးသင့်ပါသေးတယ်။ ၂. မျက်လုံးယားနေတာကို ဂရုမစိုက်ဘူး မျက်လုံးကဘာကြောင့်မှန်းမသိဘဲ ခဏခဏယားနေတာ၊ နီရဲလာတာ၊ ပူစပ်ပူလောင်ခံစားရတာတွေက မျက်လုံးပြဿနာတစ်မျိုးမျိုးရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်နိုင်ပါတယ်။ နောက်ပြီး မျက်လုံးက အလင်းရောင်ဒဏ်မခံနိုင်တာ၊ မျက်တောင်ခတ်ရင် ခိုးလို့ခုလုဖြစ်နေတာ၊ မျက်ဝတ်ခဏခဏထွက်တာတွေကလည်း မျက်စိဆရာဝန်နဲ့ သေချာပြသပြီးလိုအပ်သလို ကုသမှုခံယူသင့်တဲ့အခြေအနေတွေပါ။ ၃. […]


မျက်စိကျန်းမာရေး

မျက်သားတွေ နီမြန်း စေတဲ့ အကြောင်းရင်း (၉) ခု

မျက်လုံးထဲက မျက်သား နီမြန်း တာ ဖြစ်ဖူးပါသလား။ မျက်စိညောင်းတာ၊ မျက်လုံးခြောက်သွေ့တာ၊ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများတာ၊ မျက်စိနာခြင်း၊ ရေတိမ် သို့မဟုတ် မျက်ကြည်လွှာပေါက်ပြဲခြင်းတို့ ကြောင့် မျက်စိနီရဲတတ်ပါတယ်။ မျက်စိနာခြင်း၊ မျက်ခွံရောင်ခြင်း၊ မျက်နက်ဆံရောင်ခြင်း၊ မျက်ကြည်လွှာအနာဖြစ်ခြင်း တို့လို ရောင်ရမ်းခြင်းနဲ့ ရောဂါပိုးဝင်ခြင်း တို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ နီရဲနေပြီး စိတ်ညစ်စရာ မျက်လုံးအခြေအနေကြောင့် မသက်မသာ ခံရခက်နေမှာပါ။ မျက်စိနီရဲစေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ တချို့က ဆေးကုသဖို့ လိုနိုင်ပေမယ့် လုံးဝအန္တရာယ်မရှိနိုင်တာတွေလည်း ရှိပါတယ်။ ဒီ ဖြစ်နိုင်ခြေ အကြောင်းရင်းတွေကို အရင်ဖတ် ၊ ကိုယ့်အခြေအနေကို မူတည်ပြီး ဆရာဝန် ပြသင့်မပြသင့် ဆုံးဖြတ်ပေါ့။ ဘာတွေကြောင့် မျက်စိ၊ မျက်သား နီမြန်း လာတတ်လဲ (၁) မျက်စိညောင်းညာခြင်း တစ်ခါတစ်ရံကျရင် မျက်စိနီလာတာ မျက်လုံးညောင်းညာခြင်းကြောင့် ဖြစ်နေနိုင်ပါတယ်။ ဖုန်းတွေ၊ ကွန်ပျူတာတွေ ကြည့်တဲ့အချိန် များသွား၊ ကြာသွားခဲ့ရင် […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

ယာယီ အမြင်အာရုံဆုံးရှုံးမှု ဝေဒနာမခံစားရဖို့ဆိုရင်

ယာယီ အမြင်အာရုံ ဆုံးရှုံးမှု (Temporary Blindness) ဆိုတဲ့ ဝေဒနာဟာ လူတိုင်းမှာဖြစ်နိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပြီးတော့ အသက်အရွယ်မရွေးမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ရှားပါးတဲ့ ဝေဒနာတစ်မျိုးဖြစ်ပေမယ့် ကျန်းမာရေးအခြေအနေ တစ်မျိုးမျိုးနဲ့ ဆပ်စပ်ပြီး ဖြစ်ပွားနိုင်ခြေရှိတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ များသောအားဖြင့် Temporary Blindness ဟာ ခေါင်းကိုက်မှုနဲ့ ဆက်စပ်နေလေ့ရှိပါတယ်။ Temporary Blindness ဖြစ်စေနိုင်တဲ့ အကြောင်းပြချက် အများအပြားရှိပေမယ့် ခေါင်းကိုက်ဝေဒနာဟာ အဖြစ်အများဆုံး အဓိက အကြောင်းအရင်းတမျိုးပါ။ ယာယီ အမြင်အာရုံမဆုံးရှုံးခင်မှာ ခေါင်းအလွန်အကျွံကိုက်လေ့ရှိပါတယ်။ ကိုယ့်မှာရှိနေတဲ့ ရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ် Temporary Blindness ဝေဒနာဟာ ကိုယ့်မှာရှိနေတဲ့ ရောဂါဝေဒနာအခံတွေကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။ ဒါတွေကတော့ … ဆီးချို၊ ဆေးလိပ် အလွန်အကျွံသောက်သုံးတာ၊ Sickle cell disease၊ Acute angle-closure glaucoma၊ သွေးတိုး၊ နှလုံးရောဂါ၊ […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

မျက်စိနှစ်ကွင်း အလင်းမရသူတစ်ယောက်ရဲ့ အတွေး၊ အမြင်တွေထဲမှာ ဘာတွေရှိနေမလဲ

အမြင်အာရုံဆုံးရှုံးနေတဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ အရာရာ ခက်ခဲလှပါတယ်။ သာမန်လူတွေအကြားမှာ ဘဝကို လမ်းကြောင်းမှန်ပေါ်ကနေ မချော်ထွက်သွားအောင် ရပ်တည်ရှင်သန်နေထိုင်နေကြတဲ့ မျက်စိနှစ်ကွင်း အလင်းမရသူတွေဟာ အထင်ကြီးလေးစားဖွယ် ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်။ မျက်စိနှစ်ကွင်း အလင်းမရတဲ့ လူတစ်ယောက်ရဲ့ အတွေးတွေထဲမှာ ဘာတွေရှိနေမလဲ? ဒီလိုအတွေးမျိုး သင်တွေးမိဖူးရဲ့လား? သူတို့ ဘယ်လိုခံစားနေကြရသလဲ? သူတို့က လုံးဝ အမြင်အာရုံ ကွယ်ပျောက်သွားတာလား? တချို့တလေသော အရာတွေကို မြင်တွေ့ရနိုင်သလား? သူတို့ရဲ့ ဘဝကို တွေးဝင်ခံစားကြည့်ကြရအောင်။ အမြင်အာရုံဆုံးရှုံးနေသူတွေဟာ ဘယ်လိုသိရှိနိုင်ကြသလဲ? ဒီကိစ္စက ယေဘုယျဆန်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ သာမန် အမြင်အာရုံပြည့်စုံနေသူတစ်ယောက်အနေနဲ့ အမြင်အာရုံချို့တဲ့နေသူတစ်ဦးရဲ့ ရှုမြင်ပုံ၊ ခံစားပုံ၊ သိရှိနိုင်ပုံတွေကို နားလည်နိုင်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ အမြင်အာရုံချို့တဲ့နေသူအများစုဟာ ရောဂါအခြေအနေ အနုအရင့်နဲ့ နက်ရှိုင်းမှုအပေါ်မူတည်ပြီး အာရုံခံနိုင်စွမ်း သိရှိနိုင်စွမ်းလည်း ကွာခြားလေ့ရှိပါတယ်။ ဒါပေမယ့် သာမန်လူတွေနဲ့ တူညီတဲ့အချက်ကတော့ ဦးနှောက်ဟာ အချက်အလက်တွေကို […]


အတွင်းတိမ်

အတွင်းတိမ် ဆိုတာဘာလဲ

အတွင်းတိမ် ဆိုတာ မျက်လုံးမှာရှိတဲ့ မှန်ဘီလူးဝါးသွားတာပါ။ ဒါကြောင့် အတွင်းတိမ် ရှိတဲ့သူတွေက ဘယ်ကိုပဲကြည့်ကြည့် မြူကျနေသလိုပါပဲ။ ဒီလိုမြင်နေရတဲ့အတွက် စာဖတ်ရခက်တာ၊ ကားမောင်းရခက်တာ (အထူးသဖြင့်ညဘက်မှာ)၊ လူတွေကို ကောင်းကောင်းမမြင်ရတာတာတွေ ဖြစ်တတ်ပါတယ်။ အတွင်းတိမ်တော်တော်များများက တဖြည်းဖြည်းချင်းဖြစ်လာပြီး စစချင်းမှာတော့ အမြင်မဝါးသေးပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ပိုပြီးဝါးလာမှာပါ။ ကြည့်မရအောင်ဝါးနေပြီဆိုရင်တော့ ခွဲစိတ်မှုလုပ်ဖို့လိုပါမယ်။ ဘာကြောင့် အတွင်းတိမ် ဖြစ်တာလဲ။ အသက်ကြီးလို့ပဲဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာရလို့ပဲဖြစ်ဖြစ် မျက်လုံးမှန်ဘီလူးရဲ့  တစ်ရှူးတွေက ပျက်စီးလာပါတယ်။ တချို့သော မျိုးဗီဇဆိုင်ရာပြဿနာတွေကလည်း အတွင်းတိမ် ဖြစ်နိုင်ချေကို မြင့်စေပါတယ်။ အရင်က မျက်လုံးခွဲစိတ်မှုလုပ်ဖူးတာ၊ ဆီးချိုရောဂါရှိတာ၊ စတီးရွိုက်တွေကို ရေရှည်သုံးတာကလည်း အတွင်းတိမ်ကို ပိုဖြစ်စေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ မျက်လုံးမှန်ဘီလူးက ပိုမာလာတယ်၊ ပိုထူလာတယ်၊ ပိုမှုန်လာပါတယ်။ အသက်ကြီးလာလို့ပဲဖြစ်ဖြစ်၊ တခြားရောဂါတစ်ခုခုရှိလို့ပဲဖြစ်ဖြစ် မှန်ဘီလူးမှာရှိတဲ့ တစ်ရှူးတွေပျက်စီးပြီး မှန်ဘီလူးမှာ တိမ်ထူသလိုဖြစ်ပါတယ်။ ဒီအတိုင်း ဆက်ဖြစ်မယ်ဆိုရင် တိမ်ထူသလိုဖြစ်တာက […]


ရေတိမ်

ရေတိမ် အကြောင်း သိကောင်းစရာ

ရေတိမ် ဆိုတာ မျက်လုံးထဲမှာရှိတဲ့ အာရုံကြောကို ထိခိုက်စေတဲ့ ရောဂါအခြေအနေတစ်မျိုးပါ။ မျက်လုံးထဲမှာ အကြောင်းတစ်စုံတစ်ရာကြောင့် ဖိအားများလာတဲ့အခါ အာရုံကြောကို ဖိမိပြီး ပျက်စီးတတ်ပါတယ်။ သိပ်ပြင်းထန်လွန်းရင် အမြင်အာရုံလုံးဝဆုံးရှုံးတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ရေတိမ်ရှိတဲ့သူတော်တော်များများဟာ နာတာ၊ တခြားလက္ခဏာခံစားရတာမျိုးမရှိပါဘူး။ တဖြည်းဖြည်းချင်း ပိုဆိုးလာပြီး နောက်ဆုံးအမြင်အာရုံလုံးဝကွယ်သွားတာပါ။ ဒီလိုကွယ်သွားပြီးရင် ပြန်မကောင်းလာနိုင်တဲ့အတွက် စောစောသိ စောစောကုနိုင်ဖို့လိုပါတယ်။ ဘာလို့ ရေတိမ် ဖြစ်တာလဲ။ ရေတိမ်ဆိုတာ မျက်လုံးအာရုံကြောပျက်စီးရာကနေဖြစ်လာတာပါ။ အာရုံကြောက တဖြည်းဖြည်းပျက်စီးလာတဲ့အတွက် အမြင်အာရုံထိခိုက်လာပါတယ်။ ဘာကြောင့်လဲဆိုတာ အတိအကျမပြောနိုင်ပေမယ့် ဒီလိုအာရုံကြောပျက်စီးတာက မျက်လုံးထဲမှာ ဖိအားများလာတာနဲ့ ဆက်စပ်နေပါတယ်။ ဒီလိုဖိအားများလာရတာကတော့ မျက်လုံးထဲမှာရှိတဲ့ အရည်ကြည်တွေ များလာလို့ပါပဲ။ ပုံမှန်ဆိုရင် ဒီအရည်တွေက မျက်ကြည်လွှာနဲ့ မျက်ဆံကြားမှာရှိတဲ့ တောင့်ကနေ ထွက်သွားတာပါ။ အရည်ထုတ်တာများရင်ပဲဖြစ်ဖြစ်၊ အရည်ထွက်သွားတဲ့နေရာက ကောင်းကောင်းအလုပ်မလုပ်ရင်ပဲဖြစ်ဖြစ် အရည်တွေစုလာပြီး မျက်လုံးထဲက ဖိအားတွေများလာပါတယ်။ ရေတိမ်က မျိုးရိုးလိုက်တတ်ပါတယ်တဲ့။ တချို့မျိုးဗီဇတွေက မျက်လုံးတွင်းဖိအားများတာ၊ မျက်လုံးအာရုံကြောပျက်စီးတာနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း