မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

နေပူရင် ထိခိုက်တာက အသားအရေလို့ပဲ အများက ယူဆထားကြပါတယ်။ တကယ်ကတော့ နေပူဒဏ်ကြောင့် ထိခိုက်တဲ့ထဲမှာ အသားအရေ၊ ဆံသား နဲ့ မျက်လုံးတွေပါ ထိခိုက်တာပါ။ နွေရဲ့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်စေတာကို သိထားကြပေမယ့် မျက်လုံးတွေကို ထိခိုက်တာကိုတော့ သတိထားမိသူ ရှားပါတယ်။ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အပူဒဏ်ကြောင့် မျက်လုံးတွေ မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေအပူဒဏ်ကြောင့် မျက်လုံးမှာ ဘယ်လို ပြဿနာတွေ ခံစားရနိုင်လဲ နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်ကြည်လွှာ နေလောင်တာ မျက်လုံးခြောက်တာ မျက်လုံးပြာတာ မျက်လုံးတွေ ယားတာ မျက်လုံး ကျိန်းစပ်တာ မျက်လုံး အောင့်တာ အမြင်အာရုံတွေ ဝေဝါးတာလိုမျိုး မျက်စိပြဿနာတွေ ခံစားရနိုင်ပါတယ်။ နေပူဒဏ်ကြောင့် […]

မျက်စိကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

ဖုန်း နဲ့ ကွန်ပျူတာ ကြည့်တာများလို့ မျက်လုံး ခြောက်ရင် ဘာလုပ်ရမလဲ

မျက်လုံး ထဲ ကျိန်းတာ၊စပ်တာ၊ ခို့လို့ခုလုဖြစ်တာတွေက မျက်လုံးခြောက်သွေ့နေတာဖြစ်နိုင်တယ်။ Dry eye လို့ခေါ်တဲ့ မျက်လုံးခြောက်သွေ့တဲ့ပြဿနာဟာ ကွန်ပျူတာတွေ၊ ဖုန်းတွေလို ဒစ်ဂျစ်တယ်စခရင်မ်တွေကြည့်တာများတဲ့သူတွေမှာဖြစ်နေကျပါ။ တီဗီကိုမထတမ်းကြည့်လေ့ရှိတဲ့သူတွေမှာလည်း ခံစားရတတ်ပါတယ်။ တကယ်တော့ မျက်လုံး ကျန်းမာပြီး အမြင်အာရုံ ကြည်လင်စေဖို့ ထိန်းသိမ်းပေးနိုင်ဖို့ မျက်ရည် မလုံလောက်တဲ့အခါ အခုလိုဖြစ်လာတာပါ။ မျက်လုံး ထဲမှာ ရေဓာတ် ထိန်းသိမ်းနိုင်ဖို့၊ သက်တောင့်သက်သာရှိဖို့၊ အမြင် ကြည်လင်ဖို့၊ အမှုန်အမွှားနဲ့ ပြင်ပက ဖုန်မှုန့်တွေကို မျက်လုံးထဲကဖယ်ရှားပေးဖို့၊ ရောဂါပိုးတွေ ရန်က ကာကွယ်ပေးဖို့ ဆိုတာ မျက်ရည်ရဲ့ လုပ်ဆောင်ချက်တွေ ပါ။ ဒါ့ကြောင့် မျက်ရည်အမြဲအလုံအလောက်ရှိနေဖို့ လိုပါတယ်။ မျက်ရည်ခန်းခြောက်လို့ Dry eye ဖြစ်နေပြီဆို ဒီအချက်လေးတွေ လုပ်ကြည့်ပါ။ မျက်ရည်တု ခတ်ပါ မျက်ရည်တုလို့ခေါ်တဲ့ မျက်စဉ်းလေးတွေကို ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရပါတယ်။ မျက်ရည်တု […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

နေကြတ်တဲ့အခါ မျက်စိနဲ့ တိုက်ရိုက် မကြည့်သင့်ပါ။

မနေ့က ဒေသစံတော်ချိန် ၁၂ နာရီ ကျော်ကော်လောက်က နေကြတ်တဲ့ဖြစ်စဉ် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ နေကြတ်တုန်းက အားပါးတရနဲ့ နေကြတ်တာကို မျက်လုံးနဲ့ ဘာအကာအကွယ်မှ မယူဘဲ ကြည့်လိုက်မိသေးလား။ ခုရော မျက်လုံးက ကြည့်ရတာ အဆင်ပြေရဲ့လား။ လူတော်တော်များများက နေကြတ်တဲ့ဖြစ်စဉ်ကို လူတော်တော်များများက ကြုံတောင့်ကြုံခဲ ဖြစ်စဉ်လို့ မှတ်ယူပြီး အချိန်ပေး စောင့်ကြည့်တတ်ကြပါတယ်။ နေကြတ်တာကို ကြည့်ဖို့ အာရုံ ထားရင်း လူတော်တော်များများ မေ့လျော့နေတာက အဖိုးဖြတ်လို့မရတဲ့ မျက်လုံးတွေကို ကာကွယ်ဖို့ပါ။ တကယ်ကတော့ နေကြတ်တာကို အကာအကွယ် မပါဘဲ သာမန်မျက်လုံးနဲ့ လုံးဝ မကြည့်သင့်ပါဘူး။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ နေကြတ်တယ် ဆိုတာဘာလဲ။ နေကြတ်တယ်ဆိုတာက  လက နေ နဲ့ ကမ္ဘာကြားကို ဖြတ်သန်းသွားတဲ့ အချိန်ပါ။ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

ရွှေသမင်လို မျက်ဝန်းလှလှလေး ပိုင်ဆိုင်စေမယ့် လျှို့ဝှက်ချက်များ

ရွှေသမင်လို ရွှန်းစိုတောက်ပတဲ့ မျက်ဝန်းလှလှလေးတွေ ပိုင်ဆိုင်ထားတာကို အမျိုးသမီးတစ်ယောက်ရဲ့ အလှတရားတစ်ခုလို့ မြန်မာတွေက တင်စားခေါ်ဆိုကြပါတယ်။ ရွှေသမင်လို မျက်ဝန်းဆိုတာက မျက်လုံးအစုံလိုက် ရွှေသမင်နဲ့ တူနေတာကိုဆိုလိုတာမဟုတ်ပါဘူး။ သမင်မျက်ဝန်းလို ရွှန်းစိုတောက်ပနေတာကို ဆိုလိုတာပါ။ ရွှန်းစိုလှပတဲ့ မျက်ဝန်းလေးတစ်စုံကို ပိုင်ဆိုင်နေဖို့ဆိုရင် နေထိုင်ပုံ၊ စားသောက်ပုံတွေမှာ နည်းမှန် လမ်းမှန်နဲ့ နေထိုင်စားသောက်ဖြစ်ဖို့ လိုအပ်ပါတယ်။ နေချင်သလိုနေ၊ စားချင်သလိုစားပြီး မျက်စိကျန်းမာရေးကို ဂရုမစိုက်ဘူးဆိုရင် မွေးရာပါလှပတဲ့ မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ထားသူတောင်မှ အဲ့ဒီအလှတရားကို လက်လွှတ်ဆုံးရှုံးသွားရနိုင်တယ်မဟုတ်လား။ ဒါကြောင့် ကိုယ့်ရဲ့ မျက်ဝန်းလေး လှပနေဖို့ဆိုရင် အနေအထိုင် အစားအသောက်ပိုင်းမှာ ဘယ်လို နေထိုင်၊ စားသောက်ရမယ်ဆိုတာကို လမ်းညွှန်ပေးချင်ပါတယ်။ မျက်ဝန်းကျန်းမာလှပစေသော အစားအစာနှင့် အာဟာရများ မျက်ဝန်းကို ရွှန်းစိုလှပစေဖို့ မှီဝဲပေးသင့်တဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁။ ဗီတာမင် C ဓာတ်ကြွယ်ဝသည့် အသီးအနှံများ (လိမ္မော်သီး၊ သရက်သီး၊ စတော်ဘယ်ရီသီး) ၂။ […]


အခြားမျက်လုံးပြဿနာများ

မျက်ကပ်မှန်တပ်တော့မယ်ဆိုရင် ဒါတွေသိထားဖို့ လိုမယ်နော်

အမြင်အာရုံဝေဝါးလို့ပဲဖြစ်ဖြစ်၊ အလှအပအတွက်ပဲဖြစ်ဖြစ် မျက်ကပ်မှန်တပ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ မျက်ကပ်မှန်ဆိုတာ အမြင်အာရုံချိန်ညှိပေးဖို့အတွက် မျက်လုံးထဲမှာ သက်သောင့်သက်သာ တပ်ဆင်နိုင်အောင် တီထွင်ထုတ်လုပ်ထားတဲ့ ပလတ်စတစ်မှန်ဘီလူးလေးတွေ ဖြစ်ပါတယ်။ အရင်တုန်းကတော့ အနီးမှုန်၊အဝေးမှုန်လို မျက်လုံးအားသိပ်မကောင်းသူတွေပဲ အဓိက အသုံးပြုခဲ့ကြပေမဲ့ အခုချိန်မှာတော့ အလှအပအတွက်ပါ ဒီဇိုင်းကာလာ မျိုးစုံထုတ်လုပ်ပြီး တပ်လာကြပါပြီ။ မျက်စိအားနည်းပေမဲ့ မျက်မှန်ကြီး တစ်ချိန်လုံး တပ်မထားချင်သူတွေအတွက်တော့ မျက်ကပ်မှန်က အတော်လေး အဆင်ပြေစေပါတယ်။ ကိုယ်မျက်စိအားနည်းတာကိုလည်း လူမသိစေသလို မျက်မှန်ကို ဂရုတစိုက်သိမ်းဆည်းရတဲ့ ဒုက္ခလည်း ကင်းဝေးစေပါတယ်။ မျက်ကပ်မှန် တပ်ဆင်တော့မယ်ဆိုရင် မျက်ကပ်မှန်အမျိုးအစားတွေကို သိဖို့အရေးကြီးပါတယ်။ အဓိက မျက်ကပ်မှန်အမျိုးအစား ၂ မျိုးရှိပါတယ် - Soft contact lenses (မျက်ကပ်မှန်အပျော့) - အသုံးအများဆုံးမျက်ကပ်မှန်အမျိုးအစားတွေဖြစ်ပြီး အနီးမှုန်၊ အဝေးမှုန် နဲ့ ပုံရိပ်နှစ်ထပ်မြင်တဲ့ […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

အရာရာကို ဘာလို့ အမြင် မကြည်ရတာလဲ

အမြင် မကြည်ဘူး ဆိုတဲ့ စကားက အဓိပ္ပာယ် နှစ်ခွ ထွက်နိုင်ပါတယ်။ တစ်ယောက်ယောက်ကို ကြည့်မရတာ၊ အဆိုးမြင်နေတာ ဆိုတဲ့ သဘောရယ်၊ အမြင်အာရုံ ကိုက ကြည့်လို့မကောင်းတာ၊ မှုန်ဝါးဝါး ဖြစ်လာတာရယ်ပေါ့။ ဒီဆောင်းပါးမှာတော့ မျက်စိကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမြင်မကြည်ပုံလေး ကို ရည်ညွှန်းပါတယ်နော်။ ဘာလို့ အမြင်မကြည်ရတာလဲ ဆိုတော့ ဖြစ်နိုင်ခြေ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ အမြင် မကြည်ရတဲ့ အကြောင်းရင်းများ (၁) မျက်စိ ညောင်းနေတာ တီဗီ၊ ကွန်ပျူတာ သို့မဟုတ် ဖုန်းကို အကြာကြီး ကြည့်နေတတ်တဲ့သူလား။ ဒီလို ကြည့်တဲ့အခါ မျက်တောင်ခတ်တာနည်းတတ်ပါတယ်။ မျက်တောင်တစ်ခါခတ်တိုင်းမှာ မျက်လုံးထဲမှာ မျက်ရည်တွေကဖြန့်ကြက်ပြီး အစိုဓာတ်ပေးနိုင်တယ်။ လန်းဆန်းစေတယ် ။ ဒါ့ကြောင့် မျက်စိမညောင်းရအောင် ဒီလိုအကြာကြီးကြည့်တဲ့အခါ မကြာခဏ မျက်တောင်ခတ်ဖို့ကို မမေ့ပါနဲ့။ (၂) မျက်မှန် လိုနေတာ မျက်စိ အသုံးပြုရတာများလို့ အပါအဝင် […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

လေဆာမီးနှင့် မျက်စိအန္တရာယ်

လေဆာမီးဆိုတာ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ အသုံးအဆောင်ပစ္စည်းတွေမှာပါတတ်ပါတယ်။ အစည်းအဝေးတွေမှာ presentation လုပ်ရင်သုံးတဲ့ လေဆာ pointer တွေ၊ ကလေးတွေဆော့ကစားတဲ့ သေနတ်တွေမှာ ပါတတ်ပါတယ်။ ငယ်ငယ်က ကလေးအချင်းချင်း သည်လိုသေနတ်တွေနဲ့ ဆော့တဲ့အခါမှာ မျက်စိကိုမထိုးနဲ့၊ မျက်စိပျက်လိမ့်မယ်လို့ အော်ခံထိဖူးကြမှာပါ။ လေဆာရောင်ခြည် LASER ဆိုတာရဲ့အရှည်က Light Amplification Stimulated Emission of Radiation ဖြစ်ပါတယ်။ အလွယ်ဆုံးရှင်းပြရရင်တော့ လေဆာဆိုတာက ရိုးရိုးသာမန်အလင်းရောင်ထက် အဆပေါင်းများစွာ ပြင်းအားကြီးအောင် ဖန်တီးယူထားတဲ့ အလင်းရောင်တစ်မျိုးပါပဲ။ ရိုးရိုးအလင်းရောင်နဲ့ လေဆာရောင်ခြည်က ဘယ်လိုကွာသလဲ ဆိုတော့ ရိုးရိုးအလင်းရောင်မှာက အရောင်ပေါင်းစုံပါပြီး အဖက်ဖက်ကို ဖြာထွက်ပါတယ်။ လေဆာရောင်ခြည်ကတော့ အရောင်တစ်ရောင်တည်းပါပြီး တစ်နေရာတည်းကို စူးစိုက်ထိုးရင် ဖြာထွက်ခြင်းလုံးဝမရှိပါဘူး။ ဒါကြောင့် ရိုးရိုးအလင်းရောင်ထက် အဆပေါင်းများစွာ ပြင်းအားပိုကြီးတာပါ။ လေဆာမီးတွေကို သူတို့ရဲ့ လူကိုထိခိုက်နိုင်စွမ်းပေါ် […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်စိ ကျန်းမာရေးအတွက် အရေးပါတဲ့ Lutein ဓာတ်ကို ဘယ်က ရမလဲ

မျက်စိ အားကောင်းဖို့၊ မျက်စိကျန်းမာဖို့ ဆိုတာ အခုလို ဒစ်ဂျစ်တယ် ခေတ်မှာ ပိုအရေးကြီးလာပြီနော်။ ဟိုးအရင်က မျက်စိ အားကုန်စေတာ စာအုပ် နဲ့ တီဗီ လောက်ပဲ ရှိခဲ့တာပါ။ အခုတော့ လက်ထဲ တောက်လျှောက် ကိုင်နေတဲ့ လက်ကိုင်ဖုန်းရယ်၊ တစ်နေကုန် ထိုင်ကြည့်နေရတဲ့ ကွန်ပျူတာရယ်၊ သွားရင်းလာရင်း ယူသွားကြည့်ရ၊ စာဖတ်ကြတဲ့ အိတ်ဆောင်ကွန်ပျူတာတွေ (Tablet ၊ Ipad သို့မဟုတ် Laptop) ရယ်။ နားနေတဲ့အချိန်မှာတောင် ဒီစခရင်တွေနဲ့ မျက်နှာ မခွာနိုင်ကြပါဘူး။ ဒီတော့ မျက်စိ အားနည်းလာပါရောလား… Lutein ဓာတ် ကို သိကြလား Lutein နဲ့ zeaxanthin ဆိုတာ မျက်စိ ကျန်းမာရေး အတွက် အရေးပါတဲ့ ဓာတ် နှစ်မျိုးပါ။ လူသုံးများတဲ့ မျက်စိအားဆေးတွေမှာ ပါနေကျ ဓာတ်တွေပေါ့။ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

နုနယ်လှတဲ့ မျက်ဝန်းအစုံကို ဂရုစိုက်ကြမယ်

ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အနုနယ်ဆုံးဖြစ်တဲ့ မျက်လုံးကို ပစ်မထားပါနဲ့။ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ ဂရုစိုက်လိုက်ကြရအောင်ပါ။ (၁)    အစားကောင်းကောင်းစားရအောင် သင့်တော်တဲ့ အစားအစာကို ရွေးချယ်စားသောက်တတ်ခြင်းဟာ မျက်လုံးအတွက် အတော်လေး အကျိုးရှိပါတယ်။ အိုမီဂါ - ၃ ဖက်တီးအက်စစ်၊ ဇင့်၊ ဗီတာမင်စီ၊ ဗီတာမင်အီးစတဲ့ အာဟာရတွေကို စားပေးခြင်းဟာ မျက်လုံးမှုန်ဝါးခြင်း၊ အသက်အရွယ်ကြောင့် ယိုယွင်းပျက်စီးလာခြင်းနဲ့ အတွင်းတိမ် ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ အစိမ်းရောင်အရွက်များ(ဟင်းနုနွယ်ရွက်၊ ကိုက်လန်၊ ဂေါ်ဖီစသည်) ဆယ်လ်မွန်ငါး၊ တူနာငါး ကြက်ဥ၊ မြေပဲ၊ ပဲစိမ်းနဲ့ အသားဟင်းမဟုတ်ဘဲ ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အရာတွေ လိမ္မော်သီးနဲ့ အခြားအချဉ်ဓာတ်ပါတဲ့ အသီးတွေ ယောက်သွား၊ ကမာနဲ့ ဝက်သားစတဲ့ အစားတွေကို သင့်တင့်မျှတစွာစားပါ။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်တာဟာ ဆီးချိုရောဂါကို ကာကွယ်နိုင်ပါသေးတယ်။ ဆီးချိုရောဂါ အမျိုးအစား(၂)ဖြစ်တဲ့အခါ မျက်လုံးကိုပြင်းထန်စွာ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

တစ်နေ့လုံး ကွန်ပျူတာကြည့်နေသူတွေအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့

အဲကွန်းခန်းလေးထဲမှာ အလုပ်လုပ်နေတဲ့ သူတွေတိုင်း ဇိမ်ကျပြီး အရမ်း သက်သာမှာပဲလို့ ထင်တတ်ကြပေမယ့် အဲ့လို အလုပ်လုပ်နေရတဲ့ သူတွေမှာလည်း ကြုံရတတ်တဲ့ အခက်အခဲတွေ ရှိပါတယ်။ တစ်နေ့လုံး ထိုင်ပြီး အလုပ်လုပ်နေရတာကြောင့် လူက အဝလွန်လာတာ၊ အဆီ၊ ကယ်လိုရီတွေ လောင်ကျွမ်းနှုန်း နှေးသွားတာ၊ မြန်မြန် အိုမင်းရင့်ရော်လာတာ၊ အသားခြောက်တာ၊ သွေးတိုး၊ ဆီးချို ဖြစ်တာတွေအပြင် မျက်လုံးအောင့်၊ မျက်ရိုးကိုက်တာ၊ ညဘက်ဆိုရင် တစ်နေ့လုံး ကွန်ပျူတာ ကြည့်ထားတဲ့ အရှိန်ကြောင့် မျက်စိကြောင်ပြီး အိပ်မပျော်တာ၊ ဇက်ကြောတက်တာ စတဲ့ ကျန်းမာရေး ပြဿနာ အမျိုးမျိုး ကြုံရပါတယ်။ ဒီလို အခက်အခဲမျိုးကတော့ မလွဲမသွေ ကြုံရမှာပဲဆိုပေမယ့် ကိုယ့်ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံကို အနည်းငယ် ပြင်ဆင်ခြင်းဖြင့် တချို့သော ပြဿနာတွေကို ကာကွယ်ပေးရာ ရောက်သလို […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

အမြင်အာရုံအတွက် အမှားတစ်ရံနဲ့ အမှန်တရားများ

(၁)    တီဗီဖန်သားပြင်နဲ့ နီးကပ်စွာထိုင်ပြီး တီဗီကြည့်ခြင်းဟာ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ မှားပါတယ်။ စခရင်တွေကို နီးကပ်စွာကြည့်ခြင်းဟာ ကြာလာတဲ့အခါမှာ ခေါင်းကိုက်ခြင်းကို ဖြစ်လာစေနိုင် ပါတယ်။ အမြင်အာရုံကို ထိခိုက်စေနိုင်ခြင်းတော့ မရှိပါဘူး။ အထူးသဖြင့် အဝေးမှုန်တဲ့ကလေးတွေဟာ တီဗီ၊ ကွန်ပြူတာတို့ကို နီးကပ်စွာ ကြည့်တတ်ကြပါတယ်။ ဒီလိုလုပ်မယ့်အစား မျက်မှန်တပ်လိုက်ခြင်းက ပိုလို့ အဆင်ပြေ စေမှာပါ။ (၂)    အမှောင်ထဲ စာဖတ်ခြင်းဟာ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ မှားပါတယ်။ တီဗီကို နီးကပ်စွာကြည့်ခြင်းလိုပါပဲ။ သေသေချာချာ မမြင်ရတဲ့အခါ အာရုံစူးစိုက်စွာ ဖတ်ရှုရတာကြောင့် အချိန်ကြာလာတာနဲ့အမျှ ခေါင်းကိုက်လာမှာပါ။ အမြင်အာရုံကို ဆိုးရွားစွာထိခိုက်နိုင်ခြင်းမျိုးတော့ မရှိပါဘူး။ (၃)    မျက်မှန်၊ မျက်ကပ်မှန်တွေ တပ်ဆင်ခြင်းကြောင့် အမြင်စွမ်းအားကို လျော့နည်းစေလာပြီး မျက်လုံးဟာ ထိုအရာတွေကို အမှီသဟဲပြုပြီးမှပဲ မြင်နိုင်ပါတော့တယ်။ မှားပါတယ်။ မှန်ကန်တဲ့မျက်မှန်၊ မျက်ကပ်မှန်တွေကို တပ်ဆင်ခြင်းဟာ အမြင်အာရုံကို ပိုမဆိုးရွားသွားစေနိုင်ပါဘူး။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း