ကိုယ်ဝန်ရရှိခြင်း

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍဟာ ဘေဘီလေးလိုချင်တဲ့ စုံတွဲတိုင်း သိထားသင့်တဲ့ အကြောင်းအရာများကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ရရှိခြင်း

စိတ်ဖိစီးမှုတွေ က အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သလား၊၊

စိတ်ဖိစီးမှုတွေ က ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သိထားပြီးမှာ ဖြစ်မှာပါ၊၊ ဒါတင်မက စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ သုက်ကောင်တွေနဲ့ သုက်ရည်အပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတဲ့ လေ့လာချက်တွေ ထွက်ပေါ်လာပါပြီ၊၊ တစ်နည်းအားဖြင့်တော့ စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိနေပါပြီ၊၊ စိတ်ဖိစီးမှုတွေ နဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်း ၂၀၁၄ခုနှစ်က စိတ်ဖိစီးမှုနဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး လေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်၊၊ ဒီလေ့လာချက်မှာ ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ အသက် ၃၈နဲ့ ၄၉နှစ်ကြား အမျိုးသား ၁၉၃ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်၊၊ ဒီလေ့လာချက်မှာ လုပ်ငန်းခွင် ဖိစီးမှု၊ စိတ်ဖိစီးစရာ အဖြစ်အပျက်တွေနဲ့ ကြုံရတာ၊ စိတ်ဖိစီးမှုကို လက်ခံနိုင်စွမ်း စတာတွေကို ထည့်သွင်းလေ့လာခဲ့ပါတယ်၊၊ တွေ့ရှိချက်ကတော့ တစ်နှစ်မှာ စိတ်ဖိစီးစရာ အဖြစ်အပျက် ၂ခုနဲ့အထက် ခံစားခဲ့ရတဲ့ […]

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုယ်ဝန်ရရှိခြင်း ကို ရှာဖွေမည်။

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

မျိုးပွားခြင်းကို လွှမ်းမိုးနိုင်သော ရောဂါများ နှင့် အခြေအနေများ

ရင်သွေးတစ်ယောက်ရရှိနိုင်ရန်မှာ တွေးထားသည်ထက် ပို၍ ခက်ခဲပါသည်။ မျိုးပွားခြင်းကို အမှန်တကယ် လွှမ်းမိုးနိုင်သော အချက်အလက်များ၊ အခြေအနေများ နှင့် ရောဂါများစွာ ရှိနေသောကြောင့် ဖြစ်သည်။   ၁။ သားအိမ်ကြက်သားပျံ့နှံ့ပွားများသည့် ရောဂါတစ်မျိုး (Endometriosis) ဒီရောဂါသည် အမျိုးသမီးများ၏ တင်ပဆုံအတွင်းပိုင်းကို ထိခိုက်သည်။ သားအိမ်၏ အတွင်းဘက်ဆုံး endometrium ဟုခေါ်သော အလွှာမှ အပိုင်းအစများသည် သားအိမ်အပြင်ဘက်သို့ ပွားများပျံ့နှံ့နေပြီး အလုပလုပ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မျိုးမအောင်ခြင်း နှင့်ဓမ္မတာလာစဉ် နာကျင်ခြင်းများကို ဖြစ်စေနိုင်သော အကြောင်းရင်းများတွင် ပါဝင်သည်။ ၂။ မျိုးပွားလမ်းကြောင်း ရောဂါပိုးဝင်ခြင်း။ အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးတွင် မျိုးမအောင်ခြင်း၏ အဓိကအကြောင်းရင်း တစ်ခုမှာ လိင်မှတဆင့် ကူးစက်သော ရောဂါများဖြစ်သည်။ အဖြစ်များဆုံး ၂ ခုမှာ မှိုပေါက်ပွားခြင်းရောဂါ နှင့် ဆီးပူညောင်းကျရောဂါ တို့ဖြစ်သည်။ မကုသဘဲ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရစေရန် အစာအာဟာရထဲ ပါဝင်သင့်သည့် အချက် (၄) ချက်

စုံတွဲများသည် ကိုယ်ဝန်ရရှိနိုင်ရန် ကြိုးစားနေကြလျှင် အနှေးနှင့် အမြန် ကိုယ်ဝန်ရရန် မျှော်မှန်းကြပေသည်။ ကိုယ်ဝန်ရစေရန် ကြိုတင်ပြင်ဆင်ရာတွင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ လိင်ဆက်ဆံသည့် အချိန်၊ ကျန်းမာသည့် သန္ဓေသားဖွံ့ဖြိုးစေမည့် ကျန်းမာသည့် အစာအာဟာရ စသည့် များစွာသော အရာများကို သတိထားမိသည်။ ကိုယ်ဝန်ရစေရန် အစာအာဟာရထဲ ပါဝင်သင့်သည့် အချက် (၄) ချက် ကိုယ်ဝန်ရစေရန် အစာအာဟာရထဲ ပါဝင်သင့်သည့် အရာများကတော့ ဖောလစ်အက်စစ် (Folic Acid) ဖောလစ်အက်စစ်ကို အစားအစာများတွင် ဖောလိတ် (Folate )ဟုလည်း သိကြပြီး ဗိုက်တာမင် ဘီ အုပ်စုထဲတွင် ပါဝင်သည်။ Neural Tube Defect ဟုခေါ်သော ဦးနှောက်နှင့် အာရုံကြောမကြီးတွင် ဖြစ်ပွားသော မွေးရာပါ ချို့ယွင်းချက်များကို ကာကွယ်ပေးနိုင်သည်။ Neural Tube Defect သည် သန္ဓေအောင်ပြီး […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

သားသမီးရတနာ ထွန်းကားစေမည့် နည်းလမ်းများ

ချစ်သူစုံတွဲအများစုအတွက်တော့ အိမ်ထောင်ပြုပြီးရင် သားသားမီးမီးလိုချင်တတ်ကြတာ ဓမ္မတာပဲဖြစ်ပါတယ်။ ဖေဖေမေမေ ဖြစ်ချင်သူတွေ သားသမီးရတနာ ထွန်းကားစေမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ဖော်ပြသွားမှာဖြစ်ပါတယ်။   မျိုးဥကြွေချိန်ကိုခန့်မှန်းပြီး ချစ်တင်းနှီးနှောပါ အမျိုးသမီးရဲ့ ရာသီစက်ဝန်းကို မှတ်သားပြီး မျိုးဥကြွေမယ့်ရက်တွေကို ခန့်မှန်းပါ။ သုက်အားကောင်းစေဖို့ တစ်ပတ်လျှင် အနည်းဆုံးသုံးကြိမ် ချစ်တင်းနှီးနှောပါ။ ကြွေကျပြီး မျိုးဥတစ်လုံးရဲ့ သက်တမ်းက အချိန်တစ်ရက်ခန့်သာရှိပေမယ့် သုက်ကောင်တွေကတော့ အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲမှာ အနည်းဆုံး ၃ရက် ရှင်သန်နိုင်ပါတယ်။ ဒါကြောင့် မျိုးဥမကြွေမီ ၃ရက်ခန့်အလိုကတည်းက ချစ်တင်းနှီးနှောခြင်းအားဖြင့် အကျိုးထူးနိုင်မှာဖြစ်ပါတယ်။ ရာသီစက်ဝန်းကို မှတ်သားထားရုံနဲ့ မျိုးဥကြွေရက်နဲ့ သန္ဓေအောင်နိုင်ချေ အမြင့်မားဆုံးရက်တွေကို တွက်ထုတ်ပေးနိုင်တဲ့ application တွေ အများကြီးရှိပါတယ်။ လိင်ဆက်ဆံရာမှာ ချောဆီအသုံးပြုခြင်းဖြင့်လည်း ဆက်ဆံရလွယ်ကူစေသလို သုက်ကောင်တွေရဲ့လှုပ်ရှားမှုကို ပိုမိုချောမွေ့စေမှာ ဖြစ်ပါတယ်။ အာဟာရပြည့်ဝသော အစားအစာများကို စားသုံးပါ ဖေဖေမေမေ ဖြစ်ချင်သူတွေအနေနဲ့ ပရိုတင်း၊ သံဓာတ်၊ ဇင့်၊ ဗိုက်တာမင် […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ပထမကလေးမွေးပြီးနောက်တစ်ကြိမ် ကိုယ်ဝန်ရရန် သင် ဘာကြောင့် ခက်ခဲနေတာလဲ

စုံတွဲများသည် မိသားစုတွင် ကလေးတစ်ယောက်ထက် ပိုလိုချင်ကြသည်။ သို့သော် တစ်ခါတစ်ရံတွင် သူတို့၏ ဆုတောင်းသည် အလွယ်တကူ မပြည့်ဝတတ်ပါ။ အဘယ်ကြောင့်ဆိုသော် ပထမကလေး မွေးပြီးနောက်ပိုင်း ကိုယ်ဝန်ထပ်ဆောင်ရန် အခက်အခဲကြုံရသောကြောင့် ဖြစ်သည်။ ထိုအခြေအနေကို ယခင် ကလေးမွေးဖူးသော်လည်း နောက်ထပ် ကိုယ်ဝန်ဆောင်နိုင်စွမ်းမရှိခြင်း (Secondary infertility) ဟု ခေါ်ပါသည်။ ၎င်းသည် တစ်ခါမျှ ကိုယ်ဝန်မဆောင်နိုင်ခြင်း၊မြုံခြင်းထက် ပိုအဖြစ်များပါသည်။ ထိုကိစ္စဖြစ်ရခြင်း၏ နောက်ကွယ်တွင် အကြောင်းရင်းများစွာ ရှိပါသည်။ သင့်မျိုးပွားစနစ်တွင် ဖြစ်နိုင်ချေရှိသော ပြဿနာများ ယေဘုယျအားဖြင့် သင်၏ ကိုယ်ဝန်ရနိုင်စွမ်းသည် အသက်အရွယ်အလိုက် ကျဆင်းသွားသည်။ အထူးသဖြင့် အသက် ၃၅ နှစ်နှင့် အထက်မှာပေါ့။ တစ်ဖက်တွင်လည်း သင်ကလေးမမွေးခင် (သို့) မွေးပြီးတွင် သင့် မျိုးပွားစနစ်၌ အခြားသော ပြဿနာများရှိကောင်းရှိနိုင်ပြီး ထိုပြဿနာက တဖြည်းဖြည်းပိုဆိုးလာတာဖြစ်နိုင်သည်။ သင့်ကိုယ်ဝန်ဆောင်နိုင်စွမ်းကို […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

မျိုးဥကြွေခြင်း ဆိုတာဘာလဲ

ကျန်းမာသော အမျိုးသမီးတိုင်းသည် တစ်လ တစ်ခါ မျိုးဥကြွေကြပါသည်။ မျိုးဥကြွေခြင်းသည် အမျိုးသမီးများ၏ကိုယ်ထဲတွင်ဖြစ်သော သဘာဝဖြစ်စဉ်များထဲမှ တစ်ခုဖြစ်ပါသည်။ သို့သော် လူအတော်အများသည် မျိုးဥကြွေခြင်းနှင့် ပတ်သက်ပြီး မသိကြသလို ယင်းဖြစ်စဉ်သည် လူသားများကို ဘယ်လို ကူညီပေးသလဲ အများစုက သေချာစွာ မသိကြပါ။ မျိုးဥကြွေခြင်း ဆိုတာဘာလဲ။ မျိုးဥကြွေခြင်း သည် အမျိုးသမီးများတွင် ဓမ္မတာလာခြင်းဖြစ်စဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ မျိုးဥကြွေနေချိန်တွင် မျိုးအိတ်ထဲမှ မ မျိုးဥကလေးသည် ထွက်ကျလာပြီး သားဥပြွန်တလျှောက်ဆင်းသွားကာ သနေ္ဓတည်ရန်အဆင်သင့်အနေအထားဖြစ်နေပါသည်။ ဘယ်အချိန်မှာ မျိုးဥကြွေခြင်း ဖြစ်သလဲ။ အများစုသော မိန်းကလေးများသည် အသက် ၉ နှစ်နှင့် ၁၅နှစ်ကြားတွင် ရာသီလာကြပါသည်။ ထိုအချိန်မှ စပြီး ကိုယ်ဝန်ဆောင်နိုင်လာပါသည်။ အမျိုးသမီးတစ်ဦးသည် မျိုးပွားသည့်အရွယ်အတွင် စမ္မတာပေါ်နေစဉ် ၁၀ ရက်မြောက်နေ့နှင့် ၁၉ ရက်မြောက်နေ့အတွင်းတွင် မျိုးဥကြွေပါသည်။ ဓမ္မတာလာချိန်တွင် ပထမဦးဆုံးရက်မှ စပြီး […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

မျိုးဥအေးခဲနည်းမလုပ်ဆောင်မီ သင်သိဖို့လိုတဲ့အချက်များ

တကယ်လို့သင်က လက်ရှိမှာ ကိုယ်ဝန်မလိုချင်သေးဘူးဆိုရင် သင့်ရဲ့ မျိုးဥတွေ အသုံးပြုဖို့ အရည်အသွေးကောင်းနေသေးတဲ့အချိန်မှာ အေးခဲထားဖို့ စိတ်ကူးကြည့်သင့်ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေမလုပ်ခင်မှာ သင်သိဖို့လိုတာတွေကို အောက်မှာဖော်ပြထားပါတယ်။ မျိုးဥအေးခဲနည်းမလုပ်ဆောင်မီ သင်သိဖို့လိုတဲ့အချက်များ မျိုးဥအေးခဲနည်းမလုပ်ဆောင်မီ သိထားဖို့လိုတဲ့အချက်များ အပ်မကြောက်ဖို့ လိုပါမယ်။ ဘေဘီလေး သေချာပေါက်ရမယ်လို့ အာမခံချက် မရှိပါဘူး။ ကုန်ကျစရိတ် မနည်းပါဘူး။ မလုပ်ဆောင်ခင်မှာ အရင်ဆုံး စစ်ဆေးမှု ခံယူရပါမယ် လက်တွဲဖော်နဲ့ သေချာ တိုင်ပင်ဖို့ လိုပါမယ်။ မျိုးဥအေးခဲနည်းမလုပ်ဆောင်မီ သင်သိဖို့လိုတဲ့အချက်များ က ဘာတွေများ ဖြစ်မလဲ..... သင့်အနေနဲ့ အပ်တွေကို မကြောက်အောင် ကြိုးစားရပါမယ်။ သင့်ရဲ့ သားဥအိမ်ကို လှုံ့ဆော်မှုတွေပေးဖို့ ဆေးတွေကို ထိုးဆေးအနေနဲ့ နေ့စဉ်ထိုးနေဖို့လိုပါလိမ့်မယ်။ ကံကောင်းတာကတော့ အပ်က (ကလေးတွေ အင်ဆူလင်ထိုးသလိုအပ်) သေးငယ်ပြီး အရေပြားပေါ်မှာ အပေါက်သေးသေးသာဖြစ်စေပါလိမ့်မယ်။ ဒါ့အပြင် သူနာပြုကလည်း ဆေးထိုးစဉ် သင်သက်တောင့်သက်သာရှိဖို့ ကူညီပေးပါလိမ့်မယ်။ အာမခံချက်မရှိပါဘူး သင်သိဖို့လိုတာက […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

မမျှော်လင့်ထားသောကိုယ်ဝန်က သင့်ကိုအံ့သြသွားစေမလား

အမျိုူသမီးအများစုသည် ကိုယ်ဝန်ဆောင်မည်ကို လများစွာကြိုတင်ပြီး စီစဉ်ထားလေ့ရှိကြပါသည်။ သို့သော် တစ်ချို့တွင် လိင်သဘာဝနှင့် သားဆက်ခြားဆိုင်ရာ အခြေခံအသိများ နားလည်လွဲသွားခြင်းကြောင့် မလိုအပ်သည့် ကိုယ်ဝန်မျိုး ရလာနိုင်ပါသည်။ ထို့ကြောင့် တစ်ရက်ရက်မှာ မမျှော်လင့်သောကိုယ်ဝန်မျိုး သင်ရလာနိုင်မလားဆိုတာကို တွေးတောဖူးပါသလား သို့မဟုတ် သင်လိုချင်သည့်အချိန်မှပဲ ရလိမ့်မည်ဟု ယုံကြည်ချက်ရှိပါသလား။ သားဆက်ခြားခြင်းအကြောင်း သင်ဘယ်လောက်ထိ သိထားသလဲ။ ကွန်ဒုံး၊ တားဆေး၊ သားအိမ်တွင်းပစ္စည်းထည့်ခြင်း စသည်ဖြင့် သားဆက်ခြားနည်း အမျိုးမျိုးရှိပါသည်။ ၎င်းတို့သည် ၉၀% နီးပါးထိ အောင်မြင်နိုင်သောနည်းများ ဖြစ်ပါသည်။ ထို့အတူ အမျိုးသမီးသားကြောဖြတ်ခြင်း သို့မဟုတ် အမျိုးသားသာကြောဖြတ်ခြင်းတို့ မအောင်မြင်သည်လည်း ရှားပါသည်။ သို့သော် သားဆက်ခြားနည်းများကိုသုံးနေရင်းပင် မတော်တဆဆိုတာ ဖြစ်လာနိုင်ပါသည်။ ဒါဆို ဘာကြောင့် ဖြစ်ရမလဲ။ သားဆက်ခြားဆေးများကို မှားယွင်းစွာသုံးနေပါက ကလေးရနိုင်ချေ များပါသည်။ ဥပမာအားဖြင့် သင်ပါ့တနာမှ ကွန်ဒုံးသုံးသည်ဆိုပါစို့။ ကွန်ဒုံးတွင် အပေါက်သေးသေးလေး […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

အမွှာလေးမွေးစေရန် အထောက်အကူပြုမည့် အချက်များ

ချွတ်စွပ်တူသည့်အမွှာများသည် ကိုယ်ဝန်ဆောင် သုံးယောက်တွင် တစ်ယောက်မွေးနိုင်ပါသည်။ မမျိုးဥတစ်ဥတည်းမှ သဘာဝအတိုင်းဖြစ်တည်လာပြီး တခြားသောအချက်များ ဘာကြောင့်မှမဟုတ်ပါ။ သို့သော် ရုပ်မတူသည့်အမွှာ သို့မဟုတ် သုံးမွှာ တို့သည် မတူညီသော မမျိုးဥများမှဖြစ်တည်လာပြီး ဖြစ်လာရသည့်အကြောင်းရင်းများလည်း ရှိပါသည်။ ထို့ကြောင့် သင့်မိသားစုရာဇဝင်၊ သင့်အစားအသောက်၊ သင်မွေးထားသည့်ကလေးအရေအတွက်၊ မိခင်အသက်၊ သင်နေထိုင်ရာနှင့် မျိုးပွားကုထုံးများပေါ်မူတည်ပြီး နှစ်မွှာ သို့ ထိုထက်များအောင် ပြုလုပ်ရန် ဖြစ်နိုင်ပါသည်။ မိသားစုရာဇဝင် မိသားစုရာဇဝင်ဆိုသည်မှာ မိခင်ဖက်ကို ဆိုလိုသည်။ ဖခင်ဖက်မပါပါ။ သင့်အမျိုးသားဖက်မှ အမွှာရှိရှိ မရှိရှိ သင့်နှင့်မဆိုင်ပါ။ အဓိကသော့ချက်က အမျိုးသမီး၌သာရှိ၏။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးကသာ သားဥထုတ်သူမဟုတ်ပါလား။ ထို့ကြောင့် သင့်မျိုးရိုးတွင် အမွှာကိုယ်ဝန်ဆောင်ဖူးသူများရှိထားပါက သင့်မှာလဲ ကိုယ်ဝန်ဆောင်နိုင်ချေ ရှိပါသည်။ အစားအသောက် အမျိုးမျိုးသောအစားအသောက်များသည် ဟော်မုန်းအပြောင်းအလဲကို ဖြစ်စေနိုင်ပါသည်။ ဟော်မုန်းပြောင်းခြင်းသည် အမွှာရနိုင်ချေ ရှိမရှိကို တိုးစေ လျော့စေနိုင်ပါသည်။ သဘောအားဖြင့် သင်သည် […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ဖန်ပြွန်သန္ဓေတည်မှု မအောင်မြင်ခြင်း

ဖန်ပြွန်သန္ဓေတည်ခြင်းက အောင်မြင်ပေမယ့်လည်း အချို့အခြေအနေတွေမှာ အမျိုးသမီးဆီမှာသန္ဓေမတည်နိုင်ခြင်း ဖြစ်ပါတယ်။ မိန်းမကိုယ်အပြင်ဘက်မှာ မမျိုးဥနဲ့ဖိုသုက်ကောင်ကို သန္ဓေစပ်ခြင်းနည်းလမ်းဖြစ်ပါတယ်။ မျိုးအောင်သွားတဲ့ဥကို မိန်းမခန္ဓါကိုယ်ထဲပြောင်းထည့်ပြီး သဘာဝအတိုင်း ဆက်လက်ကြီးထွားစေပါတယ်။ ပထမအကြိမ်မအောင်မြင်ခြင်းက အလားတူဖြစ်ရပ်လုပ်ရပ်ကိုရှောင်ကြဉ်ခြင်းဖြင့် မအောင်မြင်ရခြင်းအကြောင်းရင်းက ဒုတိယအကြိမ်ကြိုးစားမှုကို အထောက်အကူပြုပါတယ်။ ဖန်ပြွန်သန္ဓေမအောင်မြင်ခြင်းဆိုတာ ဘာလဲ။ မအောင်မြင်ရတဲ့ကိစ္စတော်တော်များများမှာ အကြောင်းရင်းတစ်ခုထက်ပိုပါတယ်။ အထူးကုတွေက သန္ဓေသားရဲ့ပုံရိပိကိုကြည့်ပြီး ကြီးထွားမှုနှုန်းကိုယူပါလိမ့်မယ။ အကြောင်းရင်းကိုတွေ့တဲ့အခါမှာ ကာကွယ်ဖို့အစီအစဉ်ကို မိသားစုနဲ့တိုင်ပင်ပါလိမ့်မယ်။ အကြောင်းရင်းတချို့ကိုတော့ မိခင်ဖြစ်သူရဲ့အသက်အရွယ်စတာကိုတော့ ဖြုတ်ပစ်လိုက်ပါတယ်။ ဓါတ်ခွဲအထူးကုက အခြားထည့်စဉ်းစားရမယ့်အကြောင်းရင်တွေကို ပြောပြပါလိမ့်မယ်။ ဖန်ပြွန်သန္ဓေအောင်မြင်ဖို့အတွက် အရေးကြီးဆုံးက ကျန်းမာတဲ့မမျိုးဥ၊ သုတ်ကောင်စွမ်းနိုင်ဖို့နဲ့ ကလေးကြီးထွားမှုကိုစောင့်ရှောက်အားပေးနိုင်တဲ့ သားအိမ်တို့ဖြစ်ပါတယ်။ မမျိုးဥမူမမှန်ခြင်းများ ဆဲလကွဲပွားပြီး မျိုးရိုးဗီဇတွေက ကောင်းကောင်းမပွားဘူးဆိုရင် ဖြ်စနိုင်ပါတယ်။ မျိုးရိုးဗီစပြတ်တောက်မှုတွေကနေ မျိုးရိုးဗီဇဖြန့်ဝေရာမှာ ပုံမှန်မဟုတ်ခြင်းတွေဖြစ်စေပြီး သန္ဓေသားလောင်းကိုပုံမမှန်ဖြစ်စေပါတယ်။ အမျိုးသမီးတွေအသက်ရလာတဲ့အခါမှာ ပိုဖြစ်လေ့ရှိပါတယ်။ သုတ်ကောင်မူမမှန်ခြင်း သုတ်ကောင်ဘက်ကမူမမှန်ခြင်းက မမျိုးဥထက်အဖြစ်နည်းပေမယ့်လည်း ဖြစ်ခဲံမယ်ဆိုရင် မျိုးရိုးဗီဇမူမမှန်မှုအဆင့်သတ်မှတ်ချက်လည်း ပိုကြီးသွားနိုင်ပါတယ်။ ရလဒ်ကတော့ မမျိုးဥနဲ့သန္ဓေအောင်မပေါင်းစပ်နုင်တော့ခြင်းဖြစ်ပါတယ်။ သန္ဓေသားရွေးချယ်ခြင်းနည်းလမ်းများ မိန်းမကိုယ်ထဲကိုပြောင်းထည့်ပေးရမှာက ဥအနေနဲ့လား၊ သားလောင်းအနေနဲ့လားဆိုတာကို သက်ဆိုင်ရာအထူးကုက ဆုံးဖြတ်ပါလိမ့်မယ်။ ရွေးချယ်ဖို့အရေးကြိးတဲ့အချက်၃ချက်ပေါ်မူတည်ပါတယ်။ ဆဲလ်အဆင့်၊ သားလောင်းအဆင့်၊ […]


ကိုယ်ဝန်ရရှိခြင်း

သင်ဘယ်လို ကိုယ်ဝန်ရရှိသလဲ

Conception (ကိုယ်ဝန်ရရှိခြင်း) ဆိုတာက သားဥ (egg) နဲ့ သုက်ပိုး (sperm) တို့တွေ့ဆုံချိန်ကို ခေါ်တာပါ။ သုက်ပိုးတစ်ကောင် သားဥပြွန် (conception ဖြစ်သည့်နေရာ) သို့ ချဉ်းကပ်လာနိုင်ရန် ၄၅ မိနစ်မှ ၁၂ နာရီထိ ကြာနိုင်ပါသည်။ ဒါကြောင့် သားဥကြွေခြင်း (ovulation) ဖြစ်မည်ဆိုလျှင် လိင်ဆက်ဆံပြီး တစ်ပတ်အထိ ကိုယ်ဝန်ရနိုင်ပါသည်။ အခုတစ်ခေါက်တော့ သင်ဘယ်လို ကိုယ်ဝန်ရရှိသလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ စိတ်ဝင်စားဖွယ် ဤလမ်းကြောင်းနှင့် ဘဝတစ်ခု ဘယ်လိုစတယ်ဆိုတာ ဆက်လေ့လာကြည့်ကြရအောင်။ သင်ဘယ်လို ကိုယ်ဝန်ရရှိသလဲ သင်ဘယ်လို ကိုယ်ဝန်ရရှိသလဲ ဆိုတော့ အခုလို ဖြစ်စဉ်တွေကို ကျော်ဖြတ်ပြီးမှ ရရှိတာပါ။ သင်လိင်ဆက်ဆံစဉ် ဘာတွေဖြစ်လဲ။ ဟာသအနေဖြင့် ပြောရလျှင် သင့်မျှော်လင့်ချက်များသည် (orgasm) ကာမအထွတ်အထိပ်ရောက်ချိန်တွင် အားလုံး ပျောက်ကွယ်သွားကြသည်။ ကာမအထွတ်အထိပ် ရောက်ခြင်းတွင် မရှိမဖြစ် […]

ad iconကြော်ငြာ
ad iconကြော်ငြာ





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း