ကိုယ်ဝန်ရရှိခြင်း

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍဟာ ဘေဘီလေးလိုချင်တဲ့ စုံတွဲတိုင်း သိထားသင့်တဲ့ အကြောင်းအရာများကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ရရှိခြင်း

စိတ်ဖိစီးမှုတွေ က အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သလား၊၊

စိတ်ဖိစီးမှုတွေ က ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သိထားပြီးမှာ ဖြစ်မှာပါ၊၊ ဒါတင်မက စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ သုက်ကောင်တွေနဲ့ သုက်ရည်အပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတဲ့ လေ့လာချက်တွေ ထွက်ပေါ်လာပါပြီ၊၊ တစ်နည်းအားဖြင့်တော့ စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိနေပါပြီ၊၊ စိတ်ဖိစီးမှုတွေ နဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်း ၂၀၁၄ခုနှစ်က စိတ်ဖိစီးမှုနဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး လေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်၊၊ ဒီလေ့လာချက်မှာ ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ အသက် ၃၈နဲ့ ၄၉နှစ်ကြား အမျိုးသား ၁၉၃ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်၊၊ ဒီလေ့လာချက်မှာ လုပ်ငန်းခွင် ဖိစီးမှု၊ စိတ်ဖိစီးစရာ အဖြစ်အပျက်တွေနဲ့ ကြုံရတာ၊ စိတ်ဖိစီးမှုကို လက်ခံနိုင်စွမ်း စတာတွေကို ထည့်သွင်းလေ့လာခဲ့ပါတယ်၊၊ တွေ့ရှိချက်ကတော့ တစ်နှစ်မှာ စိတ်ဖိစီးစရာ အဖြစ်အပျက် ၂ခုနဲ့အထက် ခံစားခဲ့ရတဲ့ […]

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုယ်ဝန်ရရှိခြင်း ကို ရှာဖွေမည်။

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

သားလေး လိုချင်တဲ့ စုံတွဲတိုင်းအတွက် ။ ။

မိသားစု ဘဝ ထူထောင်ထားတဲ့ စုံတွဲတိုင်း သူ့တို့ဆီ ရောက်လာမယ့် ရင်သွေးလေးတွေ အတွက် ကြိုပြီးရင်ခုန်ကြတဲ့သူချည်းပါပဲ။ ဦးဆုံးလေးကို သားလေး လိုချင်တဲ့ သူရှိသလို သမီးလေးလိုချင်တဲ့သူရှိပါတယ်။ တချို့ကျတော့လည်း သမီးလေးတွေချည်းမွေးထားတော့ သားလေးလိုချင်လို့ ကြိုးစားနေကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီဆောင်းပါးထဲမှာတော့ သားဦးလေးလိုချင်တဲ့သူတွေအတွက်ရော၊ သမီးလေးတွေရှိနေလို့ သားလေးလိုချင်တဲ့သူတွေ အတွက်ရော သိထားသင့်တဲ့ ကြိုးစားနည်းလေးတွေပဲ ဖြစ်ပါတယ် ။ သားလေး လိုချင်တဲ့ စုံတွဲတိုင်းအတွက် နည်းလမ်းကောင်းများ ၁ ။ The Shettles Method Dr. Landrum Shettles ပြောကြားချက်အရ သားလေး မွေးစေမယ့် အမျိုးသား သုက်ကောင်လေးတွေဟာ အမျိုးသမီး သုက်ကောင်လေးတွေထက် အပြေးပိုသန်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မမျိုးဥကြွေချိန်မှာ အမျိုးသားနဲ့ အတူနေလိုက်ရင် သားလေးပိုရနိုင်လို့လည်း ဆိုပါတယ်။ ၂ ။ သားလေးရနိုင်ဖို့ ဆက်ဆံသင့်တဲ့ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

တားဆေးသောက်တာရပ်ရပ်ချင်း ကိုယ်ဝန်ရနိုင်ပါသလား ။ ။

ကိုယ်ဝန်မရအောင် တားတဲ့ သန္ဓေတားနည်း တွေထဲမှာ သန္ဓေတား သောက်ဆေးက လူသုံး အများဆုံး ၊ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးလို့ ဆိုလို့ ရပါတယ်။ လူတိုင်းနီးပါး သုံးကြတဲ့ အလျောက် သန္ဓေတားဆေး သောက်ဆေးနဲ့ ပတ်သက်ပြီး လူတိုင်းမေးနေကျ မေးခွန်း တစ်ခု ရှိပါတယ်။ ဒါက တားဆေးကို ရပ်ပြီးပြီးချင်း ကိုယ်ဝန် ရနိုင်သလား ဆိုတဲ့ မေးခွန်းပါ။ တားဆေးသောက်တာရပ်ရပ်ချင်း ကိုယ်ဝန်ရနိုင်ပါသလား ။ ။ တားဆေးသောက်တာရပ်ရပ်ချင်း ကိုယ်ဝန်ရနိုင်ပါသလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေက တားဆေးကို ဘယ်အချိန်မှာရပ်လိုက်တာလဲ။ တားဆေး သောက်တာ ဘယ်လောက်ကြာပြီလဲဆိုတာနဲ့ ဟော်မုန်း ဘယ်နှစ်မျိုးပါတဲ့ တားဆေးကို သောက်နေတာလဲ ဆိုတဲ့ အပေါ် မူတည်ပါတယ်။ တားဆေးကို ဘယ်အချိန်မှာရပ်လိုက်ရင် ကိုယ်ဝန်တန်းရနိုင်သလဲ။ သောက်နေတဲ့ တားဆေးကဒ် အလယ်လောက် ရောက်တဲ့ အချိန်မှာ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ဆယ်ကျော်သက် ကိုယ်ဝန်ကြောင့် ထိခိုက်သွားမယ့် ဘဝလေးများ

ဆယ်ကျော်သက် အရွယ်ဆိုတာ ပျော်လို့ကောင်းတုန်း ၊ လွတ်လပ်ခြင်းရဲ့ အရသာကို ခံစားလို့ကောင်းတုန်း အရွယ်ပဲရှိရမှာပါ။ ဒါပေမယ့်လည်း ထိန်းရအခက်ဆုံး၊ စူးစမ်းလေ့လာချင်စိတ်အများဆုံး၊ အပျိုဖော် လူပျိုဖော် ဝင်ခါစလေးဆိုတော့ ဆန့်ကျင်ဘက်လိင်အပေါ် စိတ်တွေ တိမ်းညွတ်တာဟာလည်း ဒီအရွယ်မှာပဲ စတာဖြစ်တဲ့အတွက်ကြောင့် သေချာမှ မထိန်းသိမ်းရင် ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျသွားတာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမိဘအဖြစ်ခံယူရတာမျိုးတွေရှိတတ်ပါတယ်။ ငယ်တုန်းအချိန် အိမ်ထောင်ပြုတာ ကျန်းမာတဲ့ကလေးတွေ မွေးဖွားနိုင်တယ်ဆိုပေမယ့် ဆယ်ကျော်သက်စွန်းစွန်း ၁၅ နှစ် ၁၆ နှစ်လောက်နဲ့ အိမ်ထောင်ပြု ကလေးယူတဲ့အခါ မွေးလာမယ့်ကလေးအတွက်ရော ငယ်ငယ်လေးနဲ့ဖြစ်မယ့်မိဘတွေ အပေါ်မှာရော ဆိုးကျိုးတွေ အများကြီးသက်ရောက်စေပါတယ်။ ဘယ်လိုတွေ သက်ရောက်စေတတ်လဲ ကြည့်ရအောင် ။ ။ ဆယ်ကျော်သက် မိဘတွေကြောင့် ကလေးအပေါ်သက်ရောက်မှု ။ ။ ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်ရဲ့ အသက်ကလည်း ငယ်သေးတဲ့အတွက်ကြောင့် မိခင်လောင်းတစ်ယောက်ရဲ့ တာဝန်တွေကို […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

အမျိုးသမီးတို့ရဲ့ အသက်အရွယ် အလိုက် ကလေးရနိုင်ခြေကို တွက်ချက်ခြင်း

ကလေးရနိုင်ခြေအကြောင်းကို အရင်မပြောခင် ကလေးရနိုင်ဖို့ လုံးဝကို အဓိက ကျတဲ့ မမျိုးဥ အကြောင်းကို အရင်ပြောပြချင်ပါတယ်။ မိန်းကလေးတစ်ယောက် စပြီးမွေးဖွားလာတည်းက သူတို့ရဲ့ မျိုးဥအိမ်မှာ မျိုးဥပေါင်း ၁သန်း ကနေ ၂ သန်းလောက်ရှိပါတယ်။ ဒါပေမယ့် အပျိုဖော်ဝင်စအချိန်ဖြစ်တဲ့ အသက် ၁၂ နှစ် ရာသီသွေးစပေါ်တဲ့အချိန်မှာတော့ မျိုးဥ ၄ သိန်းလောက်သာကျန်ပါတော့တယ်။ ရာသီစက်ဝန်း တစ်လတစ်လမှာတော့ မမျိုးဥပေါင်း ရာနဲ့ချီ ဆုံးရှုံးပြီး သူတို့ထဲကမှ အသန်စွမ်းဆုံးနဲ့ ကျန်းမာဆုံး မျိုးဥကပဲ မျိုးအောင်နိုင်စွမ်းရှိတာပါ။ အမျိုးသမီးတို့ရဲ့ အသက်အရွယ် အလိုက် မျိုးအောင်နိုင်စွမ်းက ပြောင်းလဲနေပါတယ်။ အမျိုးသမီးတို့ရဲ့ အသက်အရွယ် အလိုက် ကလေးရနိုင်ခြေကို တွက်ချက်ခြင်း အသက်ကြီးလာတဲ့အခါ မျိုးဥအရေအတွက်တွေ တဖြည်းဖြည်းလျော့လာပြီး သန်စွမ်းမှုလည်း လျော့ကျလာတာကြောင့် အသက်ကြီးလာတဲ့အခါ မျိုးအောင်နိုင်စွမ်း လျော့ကျလာရတာဖြစ်ပါတယ်။ ကဲ ဒီတော့ […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ဖန်ပြွန်သန္ဓေသားနည်းလမ်းနဲ့ ကလေးမယူခင် သိထားသင့်တဲ့ (၅) ချက်

ကလေးမရသေးတာက သားသမီးမျှော်လင့်နေတဲ့အိမ်ထောင်ရှင်တွေအတွက်တော့ အားနည်းချက်တစ်ခုလိုဖြစ်နေရတဲ့ကိစ္စပါ။ ကလေးယူဖို့ ဆရာဝန်ပြပြီး အကြံပြုချက်ယူတယ်၊ ကြိုးစားတယ်ဆိုပေမယ့် အချိန်ကြာလာပြီး မအောင်မြင်တဲ့အခါ ဖန်ပြွန်သန္ဓေသား(IVF)နည်းလမ်းက အဆင်ပြေနိုင်ပါတယ်။ ဖန်ပြွန်သန္ဓေသားနည်းလမ်းကို မခံယူခင် ဒီအချက်လေးတွေတော့ အရင်စဉ်းစားထားသင့်ပါတယ်။ IVF အကြောင်း အချက်အလက်တွေကို လေ့လာသိရှိအောင်တတ်နိုင်သလောက်ကြိုးစားဖို့က မိဘလောင်းတွေအတွက် အရေးကြီးပါတယ်။ အကောင်းဆုံးရလဒ်ရနိုင်ဖို့ ကိုယ့်မှာဒီအချက်တွေပြည့်စုံနေပြီလား ဆန်းစစ်ပါ။ (၁) လုပ်ငန်းစဉ်ကို လေ့လာပါ IVF ကိုရွေးချယ်ဖို့မဆုံးဖြတ်ခင်ဆေးပညာလုပ်ငန်းစဉ်တွေနဲ့ ဘာပြီးရင်ဘာဆက်လုပ်မှာလဲဆိုတာတွေ အဆင့်ဆင့်ကိုသိအောင် လုပိထားပါ။ သိလိုတာရှိရင် ဆရာဝန်ကိုသေချာမေးမြန်းပါ။ ဒါမှ စိတ်ကိုရော၊ လူကျန်းမာရေးအတွက်ရော အကောင်းဆုံး ကြိုတင်ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်နိုင်မှာပါ။အောင်မြင်နိုင်တဲ့နှုန်းကတော့ဆေးခန်း၊ဆေးရုံတစ်ခုနဲ့တစ်ခုမတူနိုင်လို့အောင်မြင်နိုင်ဖို့အခွင့်အလမ်းရာခိုင်နှုန်းတွေကိုမေးမြန်းဖို့ကို တွန့်နှေးမနေပါနဲ့။ (၂) တတ်နိုင်သလောက် ကျန်းမာရေးကောင်းအောင်နေပါ လူကျန်းမာအောင်ဂရုစိုက်တာက ကလေးယူတာ အောင်မြင်ဖို့ အကောင်းဆုံးကြိုတင်ပြင်ဆင်မှုပါ။ စိတ်ရောကိုယ်ပါကျန်းမာတဲ့ အမျိုးသမီးတွေဟာ IVF သန္ဓေယူဖို့အောင်မြင်နိုင်ခြေအမြင့်ဆုံးဖြစ်တယ်လို့လေ့လာမှုတွေက ဆိုပါတယ်။ အဝလွန်နေတဲ့အမျိုးသမီးတွေမှာတော့ ရလဒ်ပိုကောင်းစေဖို့ ကိုယ်အလေးချိန်ကိုအရင် ညှိသင့်ပါတယ်။ (၃) အချိန်က အရေးကြီးတယ် ဖန်ပြွန်သန္ဓေယူတာက ခန္ဓာကိုယ်မှာရော၊ […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

အိမ်ထောင်သက်တမ်းကလည်း ကြာနေပြီ။ ကြိုးစားပေမယ့်လည်း ကလေးကခုထိမရသေးဘူး။ ဘာကြောင့်လဲ။

လူတော်တော်များများ ဘယ်လိုပဲ ကြိုးစား ကြိုးစားကလေးမရသေးရင် အမျိုးသမီးတွေကို အရင်ဆုံး အပြစ်ပြေးမြင်တတ်ကြပါတယ်။ ဒီမိန်းကလေးက မြုံနေလို့ ခုထိကလေးမရနိုင်တာဆိုပြီးပေါ့။ တကယ်တော့ ကလေးမရနိုင်တဲ့ စုံတွဲတစ်တွဲမှာ မိန်းကလေးကပဲ အပြစ်အနာအဆာရှိနေတာမဟုတ်ပါဘူး။ အမျိုးသားမှာလည်း ချို့ယွင်းချက်ရှိလို့ ကလေးမရတာဖြစ်နိုင်သလို အခြား အကြောင်းအရာတွေလည်းရှိပါသေးတယ်။ ဘယ်လိုအကြောင်းအရာတွေကြောင့် ကလေးမရနိုင်တာမျိုး ဖြစ်သလဲဆိုတာ ကြည့်ရအောင်။ ။ ကလေးမရနိုင်သေးတဲ့ စုံတွဲတွေ ဒါလေးတွေ သိထားသင့်ပါတယ်။ ။ ၁ - ကိုယ်ဝန်ရဖို့ ကြိုးစားနေတာ ဘယ်လောက်ကြာပြီလဲ ။ ။ တချို့မလိုချင်တဲ့သူတွေကျ တစ်ခါဆိုတစ်ခါတည်းနဲ့ ကလေးတန်းရသွားတတ်ပေမယ့် လိုချင်တဲ့သူတွေမှာကျ တန်းပြီး ကလေးရသွားတာရှားပါတယ်။ ဒီတော့ ကိုယ်ဝန်ရဖို့ ကိုယ်ကြိုးစားနေတာ ဘယ်လောက်ကြာပြီလဲဆိုတာက အရေးကြီးလာပါပြီ။ စုံတွဲအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းက ကိုယ်ဝန်ရဖို့ ကြိုးစားတဲ့ ၆လ အတွင်းမှာ ကလေးရသွားတတ်ပြီး တချို့ ဆို […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

သားဥအိမ် နှစ်ဖက်လုံး ထုတ်ပြီးရင် ကလေးရနိုင်သေးလား

သားဥအိမ် ဆိုတာဘာလဲ သားဥအိမ် ဆိုတာ သန္ဓေသား တစ်ခု ဖြစ်တည်လာဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ သားဥတွေကို ထုတ်ပေးနေတဲ့ နေရာတစ်ခုပါ။ သားဥအိမ်ကနေ ထုတ်လိုက်တဲ့ သားဥနဲ့ အမျိုးသားဆီက သုက်ကောင်လေးတို့ တွေ့မှ ကိုယ်ဝန်တစ်ခုဖြစ်တည်လာရတာပါ။ ဒါတင်မကသေးပါဘူး။ ဓမ္မတာ စက်ဝန်း ကိုထိန်းချုပ်တဲ့ ဟော်မုန်းတွေကိုလည်း ဒီသားဥအိမ်ကနေပဲ ထုတ်တဲ့အတွက် သားဥအိမ်ဆိုတာ အမျိုးသမီးတစ်ယောက်အတွက် မရှိမဖြစ်တဲ့ အရာတစ်ခုပါ။ သားဥအိမ် မရှိတော့ရင် ဘာတွေဖြစ်သွားမလဲ။ ကိုယ်ဝန်ရော ရနိုင်သေးလား။ သားဥအိမ်ကို ထုတ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။ သားဥအိမ်ထုတ်တာကို ဆေးပညာအရ oophorectomy လို့ ခေါ်ပါတယ်။ သားအိမ် တစ်ဘက်တစ်ချက်စီမှာရှိတဲ့ သားဥအိမ် တစ်လုံးကို ဖြစ်စေ၊ နှစ်ခုလုံးကို ဖြစ်စေ မေ့ဆေး ( ဒါမှမဟုတ်) ခါးထုံဆေး ပေးပြီး ခွဲထုတ်တဲ့ အကြီးစား ခွဲစိတ်မှုတစ်ခုပါ။ သားဥအိမ် ထုတ်ရတဲ့ […]


မမွေးဖွားခင်ကာလ ကိုယ်ဝန်စောင့်ရှောက်ခြင်း

ကိုယ်ဝန်ဆောင်မေမေတွေနဲ့ အသည်းရောင် အသားဝါရောဂါ

သားသမီးတွေကို အကောင်းဆုံးတွေပဲဖြစ်စေချင်တာက မိဘတွေရဲ့ဆန္ဒပါ။ ကိုယ့်ကြောင့် တစ်ခုခုထိခိုက်သွားမှာကို အရမ်းစိုးရိမ်တတ်တာကလည်း မိဘမေတ္တာပေါ့။ ဒီတစ်ခေါက်တော့ မေမေတွေသိချင်နေတဲ့ ကိုယ့်မှာ အသည်းရောင် အသားဝါ ရောဂါပိုးရှိရင် သားသမီးလေးကို ကူးစက်စေနိုင်မလားဆိုတဲ့ ကိစ္စလေးကိုဆွေးနွေးချင်တာပါနော်။ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ အသည်းရောင် အသားဝါရောဂါ အကြောင်း အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ အသည်းရောင် အသားဝါရောဂါ အသည်းရောင် အသားဝါဆိုတာက အသည်းကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုးပါ။ ကိုယ်ဝန်ရှိနေမယ်ဆိုရင် မိခင်ကနေတဆင့်မွေးလာမယ့် ကလေးငယ်ကို ကူးစက်နိုင်ခြေတော့ ရှိပါတယ်။ အသည်းရာင်အသားဝါပိုးက တစ်ခါတလေမှာ ကူးစက်ခံထားရရင်တောင် ကူးစက်ခံထားရမှန်းမသိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါဆို အသည်းရောင်အသားဝါပိုးတွေက မွေးလာမယ့် ကလေးငယ်ကို ထိခိုက်စေနိုင်လား။ ကိုယ်ဝန်ကိုရော ထိခိုက်စေနိုင်လားဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါနော်။ အသည်းရောင် အသားဝါ စီပိုး သွေးကနေတဆင့် ကူးစက်နိုင်တာပါ။ ဆေးထိုးအပ်မျှသုံးတာကြောင့် ကူးစက်နိုင်ပါတယ်နော်။ မိခင်ဝမ်းထဲမှာနေနေစဉ်၊ မွေးဖွားတဲ့အချိန်နဲ့ မွေးဖွားပြီးချိန်တွေမှာ ကူးစက်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရှိမရှိ အဖြေထုတ်ပေးတဲ့ hCGဟော်မုန်း ဆိုတာဘာလဲ ။ ။

ကိုယ်ဝန် ရှိမရှိသိဖို့ဆို အိမ်မှာ ဆီးစစ်ကြည့်လေ့ရှိတယ်မလား။ အဲဒီမှာ ၂ ကြောင်းပေါ်ရင် ကိုယ်ဝန်ရှိတယ်။ တစ်ကြောင်းတည်းပေါ်ရင် ကိုယ်ဝန် မရှိဘူးဆိုတဲ့ အဖြေတွေထုတ်ပေးတယ်လေ။ ဒီလို ကိုယ်ဝန်ရှိမရှိ ဆီးစစ်တာနဲ့တင် အဖြေတွေထုတ်နိုင်အောင် လုပ်ပေးနေတဲ့ နောက်ကွယ်က ဇာတ်လိုက်တစ်ယောက်ရှိပါတယ်။ သူကတော့ hCGဟော်မုန်း ပဲ ဖြစ်ပါတယ်။ hCG ဟော်မုန်းဆိုတာ ဘာလဲ ။ ။ hCG ရဲ့ အရှည်ကောက်က Human chorionic gonadotropin ဟော်မုန်းဖြစ်ပြီး beta human chorionic gonadotropin (b-HCG)လို့လည်း သိကြပါတယ်။ သူက ကိုယ်ဝန်ရှိကြောင်း မရှိကြောင်းကို အဖြေထုတ်ပေးနိုင်တဲ့ ဟော်မုန်းတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ hCG ဟော်မုန်းကို ကိုယ်ဝန်ရှိမှ ဖြစ်တည်လာတဲ့ အချင်းက ထုတ်ပေးတဲ့ အတွက်ကြောင့်ပါ။ hCG ကို ဘယ်အချိန်မှာ စစ်ကြည့်လို့ရလဲ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

မတော်တဆ ကိုယ်ဝန်ရ သွားနိုင်တဲ့ လမ်းကြောင်းအသွယ်သွယ်

အိမ်ထောင်ပြုပီးသား စုံတွဲတွေ၊ ကလေးလိုချင်တဲ့ စုံတွဲတွေ အတွက်ကတော့ ကိုယ်ဝန်ဆိုတာ ဘုရားက ပေးတဲ့ လက်ဆောင်တစ်ခုပါ။ ဒါပေမယ့် သမီးရည်းစား ဘဝမှာတင် မရည်ရွယ်ဘဲ ကိုယ်ဝန်ရ သွားပြီဆိုရင်တော့ ပတ်ဝန်းကျင်က ရှုံ့ချတာ ခံရမယ့်အပြင် ကိုယ့်ဘဝတက်လမ်းကိုပါ ရိုက်ချိုးသလိုဖြစ်သွားတတ်ပါတယ်။ ဒီလိုနဲ့ တရားမဝင် ကိုယ်ဝန်တွေ ဖျက်ချကြပြီး အသက်ဆုံးရှုံးကြတာတွေဖြစ်လာပါတယ်။ ဒါတွေ အားလုံးရဲ့ တရားခံကတော့ လိင်မှုကိစ္စနဲ့ ပက်သက်ပြီး လူငယ်တွေ သိပ်ဗဟုသုတ မရှိတာကို လက်ညှိုးထိုးစရာရှိပါတယ်။ အရှက်အကြောက်ကြီးပြီး လိင်ကိစ္စတွေကို ကလေးတွေကို ပေးမသိဘူးဆိုတဲ့ အသိုင်းအဝိုင်းက ဆင်းသက်လာကြတော့ ကလေးတွေမှာ လိင်မှုဆိုင်ရာ ဗဟုသုတတွေ အရမ်းနည်းနေကြပါတယ်။ လိင်ကိစ္စနဲ့ ပက်သက်လို့ ၊ ကိုယ်ဝန်ရ ခြင်း မရနိုင်ခြင်းနဲ့ ပက်သက်လို့ အမေးများတဲ့ မေးခွန်းများ တစ်ခုကောင်းတာက အရင်တုန်းကထက် ပိုပြီးပွင့်လင်း မြင်သာရှိလာတဲ့ အခုခေတ်ကြီးမှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း