ကိုယ်ဝန်ရရှိခြင်း

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍဟာ ဘေဘီလေးလိုချင်တဲ့ စုံတွဲတိုင်း သိထားသင့်တဲ့ အကြောင်းအရာများကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ရရှိခြင်း

စိတ်ဖိစီးမှုတွေ က အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သလား၊၊

စိတ်ဖိစီးမှုတွေ က ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သိထားပြီးမှာ ဖြစ်မှာပါ၊၊ ဒါတင်မက စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ သုက်ကောင်တွေနဲ့ သုက်ရည်အပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတဲ့ လေ့လာချက်တွေ ထွက်ပေါ်လာပါပြီ၊၊ တစ်နည်းအားဖြင့်တော့ စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိနေပါပြီ၊၊ စိတ်ဖိစီးမှုတွေ နဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်း ၂၀၁၄ခုနှစ်က စိတ်ဖိစီးမှုနဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး လေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်၊၊ ဒီလေ့လာချက်မှာ ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ အသက် ၃၈နဲ့ ၄၉နှစ်ကြား အမျိုးသား ၁၉၃ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်၊၊ ဒီလေ့လာချက်မှာ လုပ်ငန်းခွင် ဖိစီးမှု၊ စိတ်ဖိစီးစရာ အဖြစ်အပျက်တွေနဲ့ ကြုံရတာ၊ စိတ်ဖိစီးမှုကို လက်ခံနိုင်စွမ်း စတာတွေကို ထည့်သွင်းလေ့လာခဲ့ပါတယ်၊၊ တွေ့ရှိချက်ကတော့ တစ်နှစ်မှာ စိတ်ဖိစီးစရာ အဖြစ်အပျက် ၂ခုနဲ့အထက် ခံစားခဲ့ရတဲ့ […]

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုယ်ဝန်ရရှိခြင်း ကို ရှာဖွေမည်။

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

မြုံခြင်းကို ဖြစ်စေသော အကြောင်းရင်းများနှင့် ပြဿနာကိုဖြေရှင်းနိုင်သော အစားအစာများ

လူအများစုဟာ အမျိုးသမီးတစ်ယောက် သန္ဓေအောင်နိုင်စွမ်းဟာ သူမအသက်ကြီးလာတာနဲ့အမျှ ကျဆင်းသွားတယ် (သို့)လူမှုဘဝနေထိုင်မှုပုံစံ၊ အလုပ်စိတ်ဖိစီးမှု၊ ဆက်ဆံရေးကြောင့် ရရှိတဲ့ စိတ်ဖိစီးမှုတွေကြောင့်ကျဆင်းသွားတယ်လို့ ယုံကြည်ကြပါတယ်။ စုံတွဲတွေဟာ သန္ဓေအောင်ခြင်းကို အကျိုးသက်ရောက်မှုရှိတဲ့ အချက်အလက်တွေ အကုန်လုံးကို မထိန်းချုပ်နိုင်သော်လည်းသူတို့ရဲ့ စားသောက်မှုပုံစံကိုတော့ ထိန်းချုပ်နိုင်ပါတယ်။ Harvard ဆေးတက္ကသိုလ်ရဲ့ အစားအသောက်နဲ့သန္ဓေအောင်ခြင်းဆိုင်ရာလေ့လာချက်တွေအရအာဟာရနဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ဟာသန္ဓေအောင်ဖို့အတွက် ဆေးကုသမှုလိုပဲ အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ဆိုပါတယ်။ မြုံခြင်းရဲ့ အကြောင်းရင်းများ အဝလွန်ခြင်း အဝလွန်ခြင်းဟာ ဟော်မုန်းထုတ်လုပ်မှုကို လျော့ကျစေပြီး အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရဖို့ ပိုမိုခက်ခဲစေပါတယ်။ Jefferson Medical College, Thomas Jefferson University, Philadelphia ရဲ့ မီးယပ်သားဖွားဌာန ဥက္ကဌWilliam Schlaff က အမျိုးသမီးတစ်ယောက် ကိုယ်အလေးချိန်တက်လာလေလေ သူမရဲ့ သားဥအိမ် လုပ်ငန်းဆောင်နိုင်စွမ်း အကျိုးသက်ရောက်မှုတွေလျော့နည်းလာလေလေလို့ ပြောကြားခဲ့ပါတယ်။ ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း ပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာက ၂၀၁၃မှာ […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

အမျိုးသမီးများ ကိုယ်ဝန်ရနိုင်ရန် ကူညီပေးသော နည်းလမ်းများ

သင်သည်ယခု (သို့မဟုတ်) မကြာခင်ကိုယ်ဝန်ရလိုပါက သန္ဓေအောင်ခြင်းအကြောင်းနှင့် သန္ဓေရနိုင်သည့်နည်းလမ်းများကိုသိထားသင့်ပါသည်။ သင်မသိသောအမျိုးသမီးများ၏ ကျန်းမာရေးအခြေအနေနှင့်တကွ နေ့စဉ်နေထိုင်စားသောက်မှုပုံစံများသည်သန္ဓေအောင်ခြင်းဖြစ်စဉ်အပေါ်သက်ရောက်မှုရှိသည်ကိုတွေ့ရပါသည်။ အမျိုးသမီးသန္ဓေအောင်ခြင်း ရင်သွေးငယ်တစ်ဦးရရှိနိုင်သောအမျိုးသမီးတစ်ဦး၏စွမ်းရည်ကိုသန္ဓေအောင်ခြင်းဟုခေါ်ပါသည်။ သင်နှင့်သင့်အမျိုးသားသည် ကိုယ်ဝန်ရလိုပါကသင်တို့သည် ကလေးရနိုင် မရနိုင်သိချင်ပေလိမ့်မည်။ သင်တို့သည်အမျိုးသားနှင့်အမျိုးသမီးအတူနေလျက်တစ်နှစ်ခန့်ကြာသည်အထိကိုယ်ဝန်မရလျှင်သော်လည်းကောင်း၊ အသက် ၄၀ ကျော်အမျိုးသမီးတစ်ဦးအနေဖြင့် ၆ လအထိလည်းကောင်း ကိုယ်ဝန်မရပါက စဉ်းစားရန်လိုအပ်လာပေသည်။ အမျိုးသမီးသန္ဓေအောင်ခြင်းဆိုင်ရာပြဿနာများ အမျိုးသမီးတစ်ဦး၏သန္ဓေအောင် ဖြစ်စဉ်တွင် - အသက်အရွယ် ၊ သားဥကြွေခြင်းအခြေအနေ ၊ သားအိမ်၏အနေအထား ၊သားဥပြွန်များတွင်ပိတ်ဆို့နေသောရောဂါများ၊ မီးယပ်ရောင်ရမ်းရောဂါများ၊ Endometriosis ဟုခေါ်သည့် သားအိမ်တွင်းဆဲလ်များသားအိမ်ပြင်ပသို့ရောက်သောမီးယပ်ရောဂါများကိုလည်း ထည့်သွင်းစဉ်းစားရသည်။ အသက်ကြီးမှကိုယ်ဝန်ဆောင်လိုခြင်းသည် သန္ဓေအောင်နိုင်ခြေကိုနည်းပါးစေသည်။ အသက်ကြီးသောအမျိုးသမီးများကအသက်ငယ်သောအမျိုးသမီးများထက် သန္ဓေအောင်နိုင်ခြေနည်းပါးသည်။ သန္ဓေအောင်ပြီးလျှင်လည်းပုံမှန်အတိုင်းဖွံ့ဖြိုးမှုမရှိခြင်းမျိုးလည်း ဖြစ်နိုင်သည်။   အမျိုးသမီးတစ်ဦး၏ သန္ဓေအောင်ခြင်းကိုတိုးတတ်ကောင်းမွန်စေနိုင်သောနည်းလမ်းများ (၁)ကိုယ်အလေးချိန်ထိန်းသိမ်းပါ - ရှိသင့်သည့်ကိုယ်အလေးချိန်ထက် များခြင်းနည်းခြင်းသည် ဟော်မုန်းများအပေါ်အကျိုးသက်ရောက်သဖြင့်သားဥကြွေခြင်းကိုတားဆီးသည်။ ရှိသင့်သောကိုယ်အလေးချိန်ကိုထိန်းထားနိုင်ပါကသားဥကြွေခြင်းကို ဖြစ်စေပြီးကိုယ်ဝန်ရစေနိုင်သည်။ (၂)လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများကိုကာကွယ်ပါ - ဆီးပူညောင်းကျရောဂါနှင့် Chlamydia ရောဂါ (Chlamydia ပိုးကြောင့်ဖြစ်သော လိင်ဆက်ဆံရာမှ ကူးစက်တတ်သည့်ရောဂါ) တို့သည် […]

ad iconကြော်ငြာ
ad iconကြော်ငြာ





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း