ကိုယ်ဝန်ရရှိခြင်း

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍဟာ ဘေဘီလေးလိုချင်တဲ့ စုံတွဲတိုင်း သိထားသင့်တဲ့ အကြောင်းအရာများကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ရရှိခြင်း

စိတ်ဖိစီးမှုတွေ က အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သလား၊၊

စိတ်ဖိစီးမှုတွေ က ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သိထားပြီးမှာ ဖြစ်မှာပါ၊၊ ဒါတင်မက စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ သုက်ကောင်တွေနဲ့ သုက်ရည်အပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတဲ့ လေ့လာချက်တွေ ထွက်ပေါ်လာပါပြီ၊၊ တစ်နည်းအားဖြင့်တော့ စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိနေပါပြီ၊၊ စိတ်ဖိစီးမှုတွေ နဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်း ၂၀၁၄ခုနှစ်က စိတ်ဖိစီးမှုနဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး လေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်၊၊ ဒီလေ့လာချက်မှာ ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ အသက် ၃၈နဲ့ ၄၉နှစ်ကြား အမျိုးသား ၁၉၃ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်၊၊ ဒီလေ့လာချက်မှာ လုပ်ငန်းခွင် ဖိစီးမှု၊ စိတ်ဖိစီးစရာ အဖြစ်အပျက်တွေနဲ့ ကြုံရတာ၊ စိတ်ဖိစီးမှုကို လက်ခံနိုင်စွမ်း စတာတွေကို ထည့်သွင်းလေ့လာခဲ့ပါတယ်၊၊ တွေ့ရှိချက်ကတော့ တစ်နှစ်မှာ စိတ်ဖိစီးစရာ အဖြစ်အပျက် ၂ခုနဲ့အထက် ခံစားခဲ့ရတဲ့ […]

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုယ်ဝန်ရရှိခြင်း ကို ရှာဖွေမည်။

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

သင်သည်ကိုယ်အလေးချိန်လျော့ကျနေပါက ဘယ်လိုကိုယ်ဝန်ရအောင်လုပ်မလဲ

ကလေးတစ်ယောက်ရနိုင်ရန်လမ်းတွင် အချက်အလက်များစွာ ရှိပါသည်။ ကိုယ်အလေးချိန် မပြည့်ခြင်းသည် ထိုထဲမှ တစ်ခုပင်ဖြစ်သည်။ သင်သည် ကိုယ်အလေးချိန်မပြည့်ပဲ ကိုယ်ဝန်ဆောင်နိုင်ဖို့ ခက်ခဲနေသည်ဆိုပါက အောက်ပါတို့ကို တစ်ချက်ဖတ်ကြည့်ပါ။   သင်ကိုယ်အလေးချိန်ပြည့်မပြည့် ဘယ်လိုသိနိုင်မလဲ။ The Advanced Fertility Center of Chicago မှ ခန္ဓါကိုယ်အလေးချိန်ညွှန်းကိန်း(BMI) နည်းသော အမျိုးသမီးများသည် ကိုယ်ဝန်ရရန် ခက်ခဲနိုင်ကြောင်း ပြောထား၏။ BMI ၁၈.၅ အောက် နည်းပါက မျိုးပွားနိုင်စွမ်းကို ထိခိုက်ကြောင်း ယုံကြည်ထားကြသည်။ သင်၏ ကိုယ်အလေးချိန်မပြည့်ခြင်းပြဿနာသည် အပြင်းအထန်ကြီးမဟုတ်တောင်မှပင် ကလေးရနိုင်ချေကို နှောက်ယှက်နေနိုင်ပါသေးသည်။   ကိုယ်အလေးချိန်မပြည့်ခြင်းက သားဥကြွေခြင်းကို ဘယ်လိုထိခိုက်သလဲ။ ပုံမှန်သားဥကြွေနိုင်ရန် အမျိုးသမီးတစ်ဦးသည် အနည်းဆုံး ခန္ဓါကိုယ်အဆီ၏ ၁၇ ရာခိုင်နှုန်းကို လိုအပ်ပါသည်။ သားဥကြွေခြင်းဖြစ်စဉ်သည် သင့်သားဥအိမ်မှ သားအိမ်ထဲသို့ သားဥကိုလွှတ်ထုတ်လိုက်ပြီး သားအိမ်ထဲတွင် သုက်ပိုးဖြင့် သန္ဓေအောင်ခြင်းဖြစ်ရန် စောင့်နေစေပါသည်။ သင့်ခန္ဓါကိုယ်၌ အဆီနည်းပါက ဦးနှောက်မှ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

မိခင်၏အချင်းအား စားသုံးခြင်း။ ဆောင်ရန် ရှောင်ရန်များ

ကလေးမွေးပြီးနောက်မှာ အချင်းကို ဖျော်ရည်လုပ်သောက်သည်၊ အမှုန့်ကြိတ်သောက်သည်ဟု စိတ်ကူးကြည့်ပါ။ နှစ်မြို့စရာတော့ ကောင်းမှာ မဟုတ်ပါဘူး။ တစ်ချို့ မိခင်တွေကတော့ ကလေးမွေးပြီးနောက်မှာ အချင်းကို စားပြစ်ကြဖို့ ရွေးချယ်ကြပါတယ်။ အချင်းစားတယ်ဆိုတာ တိရိစ္ဆာန်တွေ လုပ်နေကြဖြစ်သော်လည်း လူတော်တော်များအတွက်ကတော့ ယင်းက တော်တော်လေး စိတ်အနှောက်အယှက် ဖြစ်စရာပါပဲ။ ကျန်းမာရေးကောင်းတယ်လို့လည်း ပြောကြပါတယ်။ အချင်းစားတယ်ဆိုတာ ကျန်းမာရေးအတွက် တကယ်ကော အကျိုးရှိတာလား။ အချင်းမှာ ကလေးအတွက် သက်စောင့်ဓါတ်တွေ၊ ဓါတ်သထ္တုတွေနဲ့ အာဟာရတွေ ပါတယ်လို့ ယူဆရပါတယ်။ အာဟာရများ ရယူဖို့ သန္ဓေသားနဲ့ သားအိမ်နံရံကို ဆက်သွယ်ပေးထားတဲ့ အင်္ဂါဟာ အချင်းဖြစ်ပါတယ်။ ကလေးမွေးပြီးတဲ့ အခါမှာ ခန္ဓါကိုယ်က အချင်းကို စွန့်ထုတ်လိုက်ပါတယ်။ ရိုးရိုးမွေးမယ်ဆိုရင် အချင်းက မွေးလမ်းကြောင်းကနေ ကလေးနဲ့ အတူထွက်လာမှာပါ။ ခွဲမွေးမယ်ဆိုရင်တော့ အချင်းကို ခွဲတဲ့ နေရာမှပဲ ဆရာဝန်တွေ ထုတ်ပေးကြမှာပါ။ ပန်ကန်ပြားနဲ့ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

ကလေးတွေက မိခင်ရဲ့ ကိုယ်ခံအားစနစ်မှာ ဘယ်လိုအသက်ရှင်လဲ

လူ့ခန္ဓါကိုယ်ဟာ အစိတ်အပိုင်းတွေ အစားထိုးခြင်းကို လက်မခံပါဘူး။ ဒါကြောင့် အစားထိုးဖို့လိုအပ်တဲ့သူတွေကိုတော့ Immunosupressants တွေကို ညွှန်းလေ့ရှိပါတယ်။ ဒါပေမဲ့ သန္ဓေသားကိုတော့ မိခင်ရဲ့ ခုခံအားစနစ်က မငြင်းဆန်ပါဘူး။ ခန္ဓါကိုယ်က ဒီဆုံးဖြတ်ချက်ကို ဘယ်လိုလုပ်ဆောင်သလဲဆိုတာကို သိရဖို့ လေ့လာမှုတွေလုပ်ခဲ့တာ အချိန်တွေလည်း အတော်ကြာခဲ့ပါပြီ။ NYU ဆေးကျောင်းရဲ့ လေ့လာချက် NYU School of Medicin ရဲ့ ကျွမ်းကျင်သူတွေကတော့ ကာလကြာရှည် အဖြေရှာမရခဲ့တဲ့ ဖွံ့ဖြိုးဆဲသန္ဓေသားကို မိခင်ရဲ့ ခုခံအားစနစ်က ဘာကြောင့် ပြင်ပတစ်သျှူးလို့ မသတ်မှတ်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းကို တစ်စိတ်တစ်ပိုင်းဖြေရှင်းနိုင်မယ့် အရေးကြီးတဲ့လေ့လာချက်တစ်ရပ်ကိုထုတ်ပြန်ခဲ့ပါတယ်။ လေ့လာသူတွေက သန္ဓေသားဖြစ်တည်မှုဟာ ခုခံအားစနစ်က ပြင်ပတစ်သျှူးအဖြစ်တိုက်ခိုက်လာနိုင်မယ့်လမ်းကြောင်းကို ပိတ်ပစ်လိုက်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ခုခံစနစ်ရဲ့ဆဲလ်တွေက ဒီသန္ဓေအောင်တဲ့ဖြစ်စဉ်ဘက်ကိုမလှည့်တော့ဘဲ ဖွံ့ဖြိုးနေတဲ့သန္ဓေသားကို မထိခိုက်စေတော့ပါဘူး။   မိခင်ရဲ့ ခုခံအားစနစ်က ဘာကြောင့် သန္ဓေသားကို မငြင်းဆန်တာလဲ။ ခန္ဓါကိုယ်ရဲ့ သဘာဝခုခံအားစနစ်ဟာ ပြင်ပတစ်သျှူးတွေနဲ့ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရှိနေကြောင်းသိနိုင်တဲ့ ရှေ့ပြေးလက္ခဏာများ

ကိုယ်ဝန်ရှိနေကြောင်းသိနိုင်တဲ့ ရှေ့ပြေးလက္ခဏာများ အကယ်၍ သင့်မှာ ရင်သွေးလေး လွယ်နေရလားဆိုတာ သိချင်ရင်တော့ pregnancy test လုပ်ကြည့်ခြင်းက သေချာတဲ့ တစ်ခုတည်းသော နည်းလမ်းပါ။ ဒါပေမယ့် စမ်းသပ်မှုမလုပ်ခင်မှာတည်းက သင့်ကို ကြိုတင်အသိပေးနေတဲ့ သင်္ကေတတွေ ရှိပါသေးတယ်။   သွေးဆင်းခြင်း၊ ဝမ်းဗိုက်ပိုင်း နာကျင်ခြင်း အကယ်၍ သင်ဟာ အောင်အောင်မြင်မြင် ကိုယ်ဝန်လွယ်နိုင်သွားတဲ့ဆိုရင် မျိုးအောင်သွားတဲ့ မျိုးဥလေးဟာ သားအိမ်ထဲမှာ တွယ်ငြိသွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင့်မှာ implantation bleeding လို့ခေါ်တဲ့ သွေးနည်းနည်းဆင်းတာ၊ နာကျင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ယောနိနံရံတွေ ထူလာတာကြောင့် ဖြစ်တဲ့ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းမှုတွေကို သတိထားမိတတ်ပါတယ်။ ဒါဟာ သင့်ကို မသက်မသာဖြစ်စေတာ၊ အနံ့အရမ်းဆိုးတာတွေ မဖြစ်မချင်း အန္တရာယ်မရှိပါဘူး။ ဖြစ်ခဲ့ရင်တော့ ရောဂါပိုးကူးဆက်မှုအတွက် စစ်ဆေးဖို့ လို့အပ်ပါလိမ့်မယ်။   ရင်သားများ နာကျင်ခြင်း ကိုယ်ဝန်ရှိခြင်းက ဟော်မုန်းပမာဏ အတက်အကျကို ဖြစ်စေပါတယ်။ ဒါက […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

မျိုးအောင်နိုင်စေမယ့် အာဟာရဓါတ်များ

ဆေးဝါးနည်းပညာတွေအပြင် သင့်ရဲ့ မျိုးအောင်နိုင်စွမ်းကို တိုးတက်စေမယ့် အကောင်းဆုံးနည်းလမ်းကတော့ စားသောက်မှုပုံစံပြောင်းလဲခြင်းပါပဲ။ စားနေကျ အစားအသောက်တွေကို အနည်းငယ်ပြောင်းလဲပြီး နေ့စဉ်နေ့တိုင်းဖြည်းဖြည်းချင်း တစ်ဆင့်ချင်းစီပြောင်းလဲပါ။ ဒီနောက်မှာတော့ ကိုယ်ဝန်ရနိုင်မယ့်အခွင့်အရေးတွေ အများကြီးတိုးလာပါလိမ့်မယ်။ သင့်ရဲ့ အစားအသောက်တွေထဲမှာ မရှိမဖြစ်ထည့်ထားရမယ့် ပစ္စည်း ၅မျိုးရှိပါတယ်။ ဒီအရာတွေက သင့်ကို အာဟာရတန်ဖိုးမြင့်စေပြီး မျိုးအောင်နိုင်စွမ်းကို တိုးမြှင့်ပေးမယ့် စွမ်းအင်ရင်းမြစ်ကြီးပါပဲ။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ဗီတာမင် D : နောက်ဆုံးလေ့လာချက်တွေမှာတော့ မျိုးမအောင်တဲ့အမျိုးသမီး ၆၇ယောက်မှာ ၇%ကသာ ဗီတာမင် D လယ်ဗယ်ပုံမှန်ဖြစ်နေပါတယ်။ မျိုးဥကြွေခြင်းကို ထိန်းချုပ်ပေးတဲ့ sex hormones တွေကို သင့်ခန္ဓါကိုယ်က ဖန်တီးပေးဖို့အတွက် ဗီတာမင် D ကို လိုအပ်ပါတယ်။ ဗီတာမင် E : သူကတော့ သုက်ပိုးတွေရဲ့ကျန်းမာရေးနဲ့ လှုပ်ရှားရွေ့လျားနိုင်စွမ်းကို တိုးတက်စေပါတယ်။ ဒါက သုက်ပိုးနဲ့ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

သင့်မှာ ကိုယ်ဝန်ဆောင်နေတဲ့လက္ခဏာတွေအားလုံး ရှိနေပေမယ့် တကယ်တမ်း ကိုယ်ဝန်ရှိတာမဟုတ်တဲ့အဖြစ်တွေလည်း ရှိတတ်ပါတယ်

False pregnancy သို့မဟုတ် pseudocyesis (ကိုယ်ဝန်အတု) ဆိုတာ အမျိုးသမီးတစ်ယောက်က သူမကိုယ်ဝန်ဆောင်နေရတာလို့ ယုံကြည်လက်ခံသွားစေနိုင်လောက်တဲ့ အခြေအနေတစ်ခုပါ။ သူမမှာ ကိုယ်ဝန်ဆောင်ခြင်းနဲ့ဆင်တူတဲ့ လက္ခဏာတွေရှိနေပေမယ့် တကယ်တမ်းမှာ ကိုယ်ဝန်ရှိနေတာမဟုတ်ပါဘူး။ False pregnancy ဟာ ကိုယ်ဝန်ပျက်ကျတယ်လို့ အဓိပ္ပာယ်ကောက်လို့လည်းမရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တကယ့်ကလေးက လုံးဝမရှိနေတာကြောင့်ပါ။ ဒါပေမယ့် လက္ခဏာတွေကတော့ သူမကိုရော သူမပတ်ဝန်းကျင်ကသူတွေကိုပါ သူမကိုယ်ဝန်ဆောင်နေတယ်ဆိုတာ ယုံကြည်ရလောက်တဲ့ထိ ကြာမြင့်ပါတယ်။   ဘာက False Pregnancy ကိုဖြစ်စေတာလဲ။ အထူးကုတွေကတော့ pseudocyesis ဟာ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာပြဿနာတစ်ခုလို့ စတင်ပြီး သံသယရှိလာကြပါပြီ။ ဖြစ်ရတဲ့ အကြောင်းရင်း အတိအကျကို မသိရသေးပေမယ့် ဆရာဝန်တွေကတော့ စိတ်ကအတွေးတွေဟာ ခန္ဓာကိုယ်ကို တကယ်ပဲကိုယ်ဝန်ရှိနေတယ်ဆိုပြီး လှည့်ဖျားခဲ့တာလို့ သံသယဝင်နေကြပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်ရမှာကို အလွန်အမင်းကြောက်ရွံ့နေတဲ့အခါ သူမရဲ့ဦးနှောက်က ဒီအချက်ပြမှုတွေကို ကိုယ်ဝန်ဆောင်နေတယ်လို့ ဘာသာပြန်ယူဆလိုက်ပြီး […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

သားသားလား၊ မီးမီးလား ရွေးချယ်နိုင်ပါသလား

ယဉ်ကျေးမှုဆိုင်ရာ အကြောင်းရင်း၊ သားယောက်ျားလေး၊ မိန်းကလေးကို ကြီးပြင်းအောင် စောင့်ရှောက်တဲ့ စိတ်ကူးယဉ်ခြင်းတွေ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် ကလေးရဲ့ လိင်ကို ရွေးချယ်တတ်ကြပါတယ်။ စုံတွဲတိုင်းမှာ သဘာဝအတိုင်း ယောက်ျားလေး၊ မိန်းကလေး ရရှိဖို့ ဖြစ်နိုင်ချေ ၅၀/၅၀ ရှိပါတယ်။ ဘယ်လိုနည်းလမ်းမျိုး အသုံးပြုသည်ဖြစ်စေ ကလေးနဲ့ မိခင်ကို အန္တရာယ် မဖြစ်စေသင့်ပါဘူး။ အောက်ပါနည်းလမ်းတွေကတော့ သင်လိုချင်တဲ့ ကလေးကို ရရှိဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ သဘာဝနည်းလမ်းများ Shettles နည်းလမ်းဟာ ကလေးရဲ့ လိင်ကို ရွေးချယ်မှုအတွက် လူသိအများဆုံး သဘာဝနည်းလမ်း တစ်ခု ဖြစ်ပါတယ်။ ယောက်ျားလေး လိုချင်လျှင် သားဥကြွေခြင်းနဲ့ တတ်နိုင်သမျှ နီးကပ်အောင် လိင်ဆက်ဆံပါ။ သဘောတရားကတော့ Y ခရိုမိုဆုန်းပါတဲ့ သုက်ပိုးဟာ X ခရိုမိုဆုန်းပါတဲ့ သုက်ပိုးထက် ပိုမြန်တာကြောင့် သားဥအိမ်ဆီကို မြန်မြန်ရောက်နိုင်တာကြောင့် […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

အပ်စိုက်ကုသမှုက ကိုယ်ဝန်ရအောင် ကူညီပေးနိုင်သလား

အပ်စိုက်ကုပညာဟာ ရှေးနှစ်ထောင်ပေါင်းများစွာတည်းက အသုံးပြုခဲ့တဲ့ တရုတ်ရိုးရာ တိုင်းရင်းဆေးနည်းပညာ တစ်မျိုး ဖြစ်ပါတယ်။ သူဟာ အလွန်ပါးလွှာပြီး ပိုးသတ်ထာတဲ့ အပ်တွေကို ကိုယ်ခန္ဓါရဲ့ အပ်စိုက်ရမယ့် နေရာတွေပေါ်ကို ထိုးသွင်းခြင်းပဲ ဖြစ်ပါတယ်။ အပ်စိုက်ကုပညာဟာ ကလေးမရရှိစေသော ရောဂါအခံများကို ဖြေရှင်းပေးခြင်းအားဖြင့် ကူညီပေးသည်။ (ဥပမာ သိုင်းရွိုက် လုပ်ငန်းဆောင်တာ နည်းခြင်း၊ များခြင်းကဲ့သို့သော အခြေအနေများ) အပ်စိုက်ကုပညာဟာ ကိုယ်ခန္ဓါအနှံ့ကို ချီ (“chee”) လို့ ခေါ်တဲ့ စွမ်းအင်တစ်မျိုး သဘာဝအတိုင်း ဖြတ်သွားနေတယ်ဆိုတဲ့ သီအိုရီအပေါ် မူတည်ပါတယ်။ ဒီအားအင်ဟာ ပိတ်ခြင်း (သို့) ပြောင်းခြင်းတွေရှိခဲ့ရင် ရောဂါရနိုင်ပါတယ်။ အပ်စိုက်ကုပညာဟာ ကိုယ်ဝန်ရရှိအောင် ကူညီပေးနိုင်ပါသလား။ အပ်စိုက်ကုပညာကို သဘာဝဆေးဖက်ဝင်ဘယဆေးများ နဲ့ ပေါင်းစပ်ပြီး ကလေးမရရှိခြင်းရဲ့ အကြောင်းရင်း အချို့ကိုကုသဖို့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ အပ်စိုက်ကုပညာဟာ အကျိုးရှိမရှိဆိုတာကိုတော့ သိရှိဖို့ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

အသက် ၃၀ ပတ်ဝန်းကျင်မှာ ကိုယ်ဝန်ဆောင်ခြင်း

လူအများစုကတော့ အသက်၃၀အရွယ်ဟာ မိခင်ဘဝကိုစတင်ဖို့ သင့်လျော်တဲ့အချိန်လို့ ယူဆကြပါတယ်။ ဒီအသက်အရွယ်မှာ သင်က သင့်ရဲ့လုပ်ငန်းခွင်နဲ့ လူမှုဆက်ဆံရေးတွေမှာလည်း အောင်မြင်မှုတွေရနေပြီးလောက်ပါပြီ။ ဒါတွေက သင့်ရဲ့မိသားစုဘဝကို စတင်ပျိုးထောင်ဖို့အတွက် ခိုင်မာတဲ့အုတ်မြစ်ကို ပေးစွမ်းနိုင်တယ်မဟုတ်လား။ သင်နဲ့ သင့်ရဲ့ကြင်ဖော်က တစ်ယောက်နဲ့တစ်ယောက် အကြောင်းသိတွေလည်း ဖြစ်နေလောက်ပါပြီ။ ပြီးတော့ သင်တို့ကိုယ်တိုင်လည်း မိဘဆိုတဲ့ နေရာမှာနေဖို့ ပြင်ဆင်ပြီးနေလောက်ပါပြီ။   အားသာချက်များ အသက်၃၀၀န်းကျင်အမျိုးသမီးတွေဟာ သက်လုံနဲ့ ခံနိုင်ရည်အား အရမ်းကောင်းကြပါတယ်။ ဒါဟာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ မရှိမဖြစ်လိုတဲ့အရာပါ။ သူတို့မှာ တည်ငြိမ်တဲ့ စီးပွားရေးအခြေအနေတွေလည်း ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ သူတို့အလုပ်မှာ သူတို့ကိုယ်သူတို့ ထိန်းချုပ်မောင်းနှင်နိုင်နေပြီလေ။ ဒီလိုအခြေအနေမှမရှိခဲ့ရင် သူတို့က ဒီအခြေအနေကြီးကို လက်လွှတ်ပြီး ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့တော့ အဆင်သင့်မဖြစ်သေးဘူးမဟုတ်လား။ သင်နဲ့ကလေးရဲ့ အနာဂတ်တွေ ခိုင်မာဖို့အတွက် သင့်ကလေးကို အချိန်ပေးနိုင်ဖို့ အလုပ်ကဘယ်လောက်အနားယူရမလဲဆိုတာ သေချာချင့်ချိန်တွက်ဆပါ။ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

ကိုယ်ဝန်မရှိဘဲနှင့် နို့ထွက်နိုင်ပါသလား

နို့ထွက်ခြင်းဆိုသည်မှာ မိခင်နို့ထွက်စေတဲ့ဖြစ်စဉ်ကို ဖေါ်ပြတဲ့ စကားအခေါ်အဝေါ်တစ်ခုဖြစ်ပါတယ်။ နို့ထွက်ခြင်းဟာ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ မိခင်အသစ်တွေမှာ ကလေးမွေးလာရင် အာဟာရဓါတ်ဖြည့်တင်းပေးဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ နို့ရည်ထွက်ခြင်းဟာ ပုံမှန်ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်မဆောင်တဲ့သူတွေမှာရော နို့ရည်ထွက်နိုင်ပါသလား။   ကိုယ်ဝန်မရှိဘဲ နို့ထွက်နိုင်ပါသလား။ အဖြေကတော့ ထွက်နိုင်ပါတယ်။ သဘာဝအတိုင်းမှာ estrogen၊ progesterone နဲ့ prolactin ဟော်မုန်းတွေဟာ နို့ထွက်ခြင်းကို လှုံ့ဆော်တဲ့ ဟော်မုန်းသုံးခု ဖြစ်ပါတယ်။ ဟော်မုန်း အစားထိုး အသုံးပြုခြင်း (သို့) လှုံ့ဆော်ခြင်းတွေဟာ ဒီဟော်မုန်းတွေနေရာမှာ အစားထိုးနိုင်တာကြောင့် အမျိုးသမီးတွေဟာ ကိုယ်ဝန်မရှိပဲ နို့ထွက်နိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ဟော်မုန်းပြောင်းလဲမှုဆိုင်ရာ အခြေအနေအချို့ဟာ အမျိုးသမီးတွေမှာ ကိုယ်ဝန်မရှိပဲ နို့ထွက်စေပါတယ်။ ဒီအခြေအနေတွေကတော့ ပုံမှန်မဟုတ်ဘဲနို့ထွက်ခြင်း(Galactorrhoea)။ ။ ဒါဟာ ကိုယ်ဝန်မရှိပဲ နို့ထွက်တဲ့ အဖြစ်အများဆုံးအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ Galactorrhoea ဟာ ရင်သားကနေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း