ကိုယ်ဝန်ရရှိခြင်း

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍဟာ ဘေဘီလေးလိုချင်တဲ့ စုံတွဲတိုင်း သိထားသင့်တဲ့ အကြောင်းအရာများကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ရရှိခြင်း

စိတ်ဖိစီးမှုတွေ က အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သလား၊၊

စိတ်ဖိစီးမှုတွေ က ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သိထားပြီးမှာ ဖြစ်မှာပါ၊၊ ဒါတင်မက စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ သုက်ကောင်တွေနဲ့ သုက်ရည်အပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတဲ့ လေ့လာချက်တွေ ထွက်ပေါ်လာပါပြီ၊၊ တစ်နည်းအားဖြင့်တော့ စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိနေပါပြီ၊၊ စိတ်ဖိစီးမှုတွေ နဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်း ၂၀၁၄ခုနှစ်က စိတ်ဖိစီးမှုနဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး လေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်၊၊ ဒီလေ့လာချက်မှာ ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ အသက် ၃၈နဲ့ ၄၉နှစ်ကြား အမျိုးသား ၁၉၃ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်၊၊ ဒီလေ့လာချက်မှာ လုပ်ငန်းခွင် ဖိစီးမှု၊ စိတ်ဖိစီးစရာ အဖြစ်အပျက်တွေနဲ့ ကြုံရတာ၊ စိတ်ဖိစီးမှုကို လက်ခံနိုင်စွမ်း စတာတွေကို ထည့်သွင်းလေ့လာခဲ့ပါတယ်၊၊ တွေ့ရှိချက်ကတော့ တစ်နှစ်မှာ စိတ်ဖိစီးစရာ အဖြစ်အပျက် ၂ခုနဲ့အထက် ခံစားခဲ့ရတဲ့ […]

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုယ်ဝန်ရရှိခြင်း ကို ရှာဖွေမည်။

အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

ပထမဆုံး ရာသီစက်ဝန်းမတိုင်မီ ကိုယ်ဝန်ဆောင်ရခဲ့ခြင်း

Menarche ဆိုတာ ပထမဆုံးဓမ္မတာလာတဲ့ အချိန်ကို ရည်ညွှန်းတဲ့ စကားလုံးဖြစ်ပါတယ်။ တကယ်လို့ မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ ပထမဆုံး ဓမ္မတာလာခြင်းကို ရင်ဆိုင်ရပြီဆိုရင် သူမရဲ့ခန္ဓါကိုယ်က အပြည့်အဝမဖွံ့ဖြိုးသေးစေကာမူ သူမဟာ မိခင်တစ်ယောက်ဖြစ်နိုင်နေတာပဲလို့ အဓိပ္ပါယ်ရပါတယ်။ အသက် ၁၀နှစ် သို့မဟုတ် ၁၁နှစ်ကြားမှာရှိတဲ့ မိန်းကလေးအတော်များများဟာ ကိုယ်ဝန်ဆောင်နေရတယ်လို့ စာရင်းရှိတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ ပထမဆုံး ရာသီစက်ဝန်းမတိုင်ခင် တစ်လအတွင်းမှာတည်းက ကိုယ်ဝန်ဆောင်နိုင်နေပါပြီ။ ဒီမေးခွန်းဟာ အမျိုးသမီးတွေရဲ့ မျိုးဥကြွေချိန်ကို နားလည်မှုလွဲကြခြင်းအချို့ကြောင့် မြင့်တက်လာတဲ့ မေးခွန်းပါပဲ။ ကိုယ်ဝန်ဆောင်ခြင်းဟာ အမျိုးသမီးတွေရဲ့မျိုးုဥတွေမှာ သုက်ပိုးတွေကြောင့် မျိုးအောင်သွားတဲ့အခါ ဖြစ်ပေါ်ပါတယ်။ မျိုးဥကြွေခြင်းဟာ ရာသီမလာခင်မှာဘဲ ဖြစ်ပေါ်တာကြောင့် ပထမဆုံးရာသီမလာခင် လိင်ဆက်ဆံမှုရှိခဲ့တယ်ဆို ကိုယ်ဝန်ရနိုင်ပါပြီ။ ဒါ့အပြင် သင်သိထားရမျာ နောက်တစ်ခုကတော့ သုက်ပိုးတွေဟာ အမျိုးသမီးတွေရဲ့ခန္ဓါကိုယ်ထဲမှာ ရက်သတ္တတစ်ပတ်နဲ့အထက် ရှင်သန်နိုင်တယ်ဆိုတာပါပဲ။ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

သားသားလေးလား မီးမီးလေးလား မသိချင်ဘူးလား

ကိုယ်ဝန်ဆောင်ခြင်းဟာ အိမ်ထောင်သည်တွေအတွက် စိလှုပ်ရှားစရာအကောင်းဆုံးနဲ့ မမေ့နိုင်ဆုံး ကာလလေးပါ။ မိဘတွေတင်မက တခြားမိသားစုဝင်တွေ ဆွေမျိုးသားချင်းတွေ အားလုံးယောက်ျားလေးလား မိန်းကလေးလား သိချင်ကြပါတယ်။ ဒါပေမယ့် တချို့မိဘတွေက ခေတ်ပေါ်နည်းတွေ ဘယ်လိုပဲထွန်းကားနေပါစေ ကြိုတင်မသိချင်ကြပါဘူး။ ဘာလို့လဲ…… အံ့အားသင့်စရာလေးတစ်ခု သင့်ရဲ့အလုပ်များလှတဲ့ဘဝကြီးမှာ အံ့အားသင့်စရာလေးတွေ ရှိထားတာထက် စိတ်ဝင်စားစရာကောင်းတာမရှိတော့ပါဘူး။ သင်ကိုယ်ဝန်ဆောင်ကာလမှာ သင်နဲ့ သင့်ခင်ပွန်းတွေ့ကြုံရမယ့် စိတ်ခံစားမှုလေးတွေကို တွေးကြည့်လိုက်ပါ။ စိတ်လှုပ်ရှားစရာ၊ စူးစမ်းစရာ၊ အံ့အားသင့်စရာတွေက သင့်ရဲ့အလုပ်များခဲ့တဲ့နေ့တွေကို တောက်ပစေမှာ…ဒါကြောင့်လည်း တချို့မိဘတွေက သားလေးလားသမီးလေးလား ကြိုပြီးမသိချင်ကြတာဖြစ်နိုင်ပါတယ်။ မီးဖွားနေစဉ်မှာ တွန်းအားတစ်ခု ဒါကြီးကတော့ထူးဆန်းပါတယ်လို့ တွေးကောင်းတွေးနေနိုင်ပါတယ်။ ကိုယ်ဝန်သည်တော်တော်များများက ၁၀လကြာလွယ်လာပြီးတဲ့အခါမှ အခုကလေးက ဘာလေးလဲဆိုတာ သိချင်စိတ်နဲ့ မီးဖွားရာမှာ ပိုပြီးအားစိုက်တတ်ကြပါတယ်။ မျှော်လင့်နေရာတဲ့ ခံစားချက်လေးအပြင် ‘ယောက်ျားလေး’‘မိန်းကလေး’လို့ ဇာတ်လမ်းတွေထဲမှာလိုသိလိုက်ရတဲ့ အခိုက်အတန့်လေးကို အမေတွေ လိုချင်ကြတာဖြစ်ပါလိမ့်မယ်။ စိတ်ပျက်မှုကို လျှော့ဖို့ ‘ယောက်ျားလေးမှ’‘မိန်းကလေးမှ’စသည်ဖြင့် မျှော်လင့်ထားတဲ့ မိဘတွေက ဒီကြောင်းပြချက်ကို နားလည်ပါလိမ့်မယ်။ သားတွေပဲဒါမှမဟုတ် သမီးတွေပဲရထားတဲ့အခါ […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ကလေးယူ ဖို့ ဘယ်အသက်အရွယ်က အကောင်းဆုံးလဲ

လက်ထပ်ပြီး အခြေတကျဖြစ်ပြီးချိန်မှာ အမျိုးသမီးအများစုက ကလေးယူ ပြီး မိသားစုဘဝလေးကို စတင်တည်ထောင်ဖို့ စီစဉ်လာကြပါတယ်။ ဒါ့ကြောင့် အသက် ၂၀၊ ၃၀ ဝန်းကျင် အမျိုးသမီးတွေအတွက် ဘယ်အချိန်မှာ ကိုယ်ဝန်ဆောင်သင့်သလဲဆိုတဲ့မေးခွန်းက လွှမ်းမိုးနေလေ့ရှိပါတယ်။ မိခင်သာမက ကလေးကျန်းမာရေးအတွက်ပါ စဉ်းစားပြီး အကောင်းဆုံးပြင်ဆင်နိုင်ဖို့အတွက် နည်းလမ်းကျကျ အချက်အလက်တွေနဲ့ စဉ်းစားဆုံးဖြတ်ကြဖို့ အကြံပြုလိုပါတယ်။ ဘယ်အသက်အရွယ်မှာ ကလေးယူ ဖို့ အကောင်းဆုံးလဲ ၂၀ ကျော်အသက်အရွယ်ဟာ ကလေးယူဖို့နဲ့ ကလေးကိုစောင့်ရှောက်နိုင်တဲ့ အကောင်းဆုံးအချိန်ပါ။ ယောက်ျားရော မိန်းမတွေအတွက်ပါ မျိုးဆက်ပွားဖို့ အကောင်းဆုံးလို့ သတ်မှတ်နိုင်တဲ့ အသက်အရွယ်တွေဖြစ်ပါတယ်။ အဲဒီအသက်အရွယ်ဟာ မိန်းကလေးတွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ရာသီလာ(သွေးဆင်း)တဲ့ အချိန်တွေက ပိုပြီးပုံမှန်ဖြစ်နေပြီး မမျိုးဥလေးတွေကလည်း သန်မာကောင်းမွန်နေချိန် ဖြစ်ပါတယ်။ ( ဘ၀ တလျှောက်လုံး မမျိုးဥပေါင်း ၄၀၀၀၀၀ ခန့်ထွက်ပါတယ်။) ဒါ့ကြောင့် အဲ့ဒီအသက်အရွယ်မှာ မျိုးမအောင်ဖို့ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်မဆောင်ခင် ဘာကာကွယ်ဆေးတွေ ထိုးဖို့လိုသလဲ

အမျိုးသမီးတွေရဲ့ ကိုယ်ခံအားစနစ်ဟာ ကိုယ်ဝန်ဆောင်ကာလမှာပုံမှန်ထက်ပိုပြီး အားနည်းနေလေ့ရှိတာကြောင့် နာမကျန်းဖြစ်မှုတွေ၊ကူးစက်ပိုးဝင်မှုတွေကိုခံစားရနိုင်ပြီး မိခင်ကိုရောဖွံ့ဖြိုးဆဲကလေးကိုပါ ထိခိုက်စေနိုင်တဲ့အတွက် ကာကွယ်ဆေးတွေ ထိုးထားခြင်းဟာဒီလိုအခြေအနေတွေ မဖြစ်ရလေအောင် ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ကိုယ်ဝန်ဆောင်ဖို့အစီအစဉ် ရှိတယ်ဆိုရင် ကာကွယ်ဆေးတွေအားလုံးကိုအပြည့်အစုံထိုးထားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဖြစ်ပွားလာနိုင်ပြီးကာကွယ်လို့ရတဲ့ ရောဂါတွေ ဖြစ်တဲ့ ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုးနဲ့ ရေကျောက်ကာကွယ်ဆေးတွေကို ထိုးထားသင့်ပါတယ်။ ဒါ့အပြင် သင့်သွေးထဲမှာ ဒီရောဂါတွေကိုခုခံကာကွယ်နိုင်တဲ့ ခုခံအားတွေ ရှိမရှိကိုသိနိုင်ဖို့အတွက် ကိုယ်ဝန်မရသေးခင်ကာလမှာသွေးစစ်ကြည့်ဖို့ လိုအပ်ပြီးမရှိဘူးဆိုရင်တော့ ကိုယ်ဝန်မဆောင်ခင် ကြိုတင်ပြီးကာကွယ်ဆေးတွေကို ထိုးထားနိုင်ပါတယ်။ ကာကွယ်ဆေးတွေဟာသက်ရှိ ဗိုင်းရပ်စ်တွေကနေထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် သင့်ကလေးကို ထိခိုက်စေနိုင်တာကြောင့် ကာကွယ်ဆေးထိုးပြီး တစ်လအတွင်းမှာကိုယ်ဝန်မရှိအောင် တားဆီးထားရပါမယ်။ ဒါပေမယ့် သင့်အနေနဲ့ ကိုယ်ဝန်မရှိခင်ကာလမှာဒီကာကွယ်ဆေးတွေကို မထိုးခဲ့ရဖူးဆိုရင် ကလေးမွေးပြီးတာနဲ့ တတ်နိုင်သမျှ အမြန်ဆုံးထိုးရပါမယ်။ နို့တိုက်မိခင်တွေကိုကာကွယ်ဆေးထိုးပေးနိုင်ပြီး ဒီလိုထိုးပေးခြင်းအားဖြင့် ကလေးဆီရောဂါကူးစက်နိုင်ခြေကိုလျော့နည်းစေပါတယ်။   ၁။ ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုးသုံးမျိုးစပ် ကာကွယ်ဆေး […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ကလေးရမရ စစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

ကလေးမရခြင်းဟာ ကနေ့ခတ် လူအတော်များများရင်ဆိုင်နေရတဲ့ ပြဿနာတခုဖြစ်တဲ့အတွက် ဒီလိုစစ်ဆေးခြင်းဟာ သင်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အသေအချာသိရှိစေပြီး ဘယ်ပုံဘယ်နည်းဖြေရှင်းရမယ်ဆိုတာကို သိစေနိုင်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ဘယ်အချိန်မှာ ပြသတိုင်ပင်သင့်သလဲ။ ကလေးယူဖို့ကြိုးစားနေတဲ့ စုံတွဲတွေဟာ ဒီကိစ္စမှာတတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသဆွေးနွေးလေ့ရှိကြပါတယ်။ တကယ်လို့သင့်မှာမျိုးပွားအင်္ဂါပိုးဝင်တာ ဒါမှမဟုတ် Pelvic Inflammatory Disease ဖြစ်ဖူးရင်ဒါမှမဟုတ် DES မိခင်ဖြစ်နေခဲ့ရင် (DES မိခင်ဆိုတာသဘာဝအလျောက်မဟုတ်ဘဲ လူကဖန်တီးထုတ်လုပ်ထားသော estrogen(မဟော်မုန်းတမျိုး)ဖြစ်တဲ့ diethylstilbestrol ကို ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာသောက်နေခဲ့ရတဲ့ မိခင်တွေကိုဆိုလိုပါတယ်) သင့်အနေနဲ့ကလေးရမရသိရှိနိုင်ဖို့စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ in-vitro fertilization (IVF) ဒါမှမဟုတ် gamete intra-fallopian transfer (GIFT) တို့လို သဘာဝမဟုတ်တဲ့နည်းတွေနဲ့ကလေးရဖို့ကြိုးစားမယ်ဆိုရင်လည်း စစ်ဆေးမှုတွေကိုဦးစွာ ပြုလုပ်သင့်ပါတယ်။ ကလေးရနိုင်ခြင်းရှိမရှိကို စစ်ဆေးကြသူအများအပြားဟာ အောက်ပါအနေအထားတွေရှိတဲ့ အမျိုးသမီးတွေ ဖြစ်လေ့ရှိကြပါတယ်။ • ၁နှစ်လောက်ကြိုးစားပြီးတဲ့အထိကလေးမရသေးတဲ့အသက်၃၅နှစ်အောက်အမျိုးသမီးတွေ။ • ၆လလောက်ကြိုးစားပြီးတဲ့အထိကလေးမရသေးတဲ့အသက်၃၅နှစ်အထက်အမျိုးသမီးတွေ။ • အသက်၃၅နှစ်ကျော်တဲ့အထိကလေးမရနိုင်သေးတဲ့အမျိုးသမီးတွေ။ • ကိုယ်ဝန်သုံးခါနဲ့အထက်ပျက်ကျဖူးတဲ့အမျိုးသမီးတွေ။ • endometriosis ရောဂါကြောင့်ကုသမှုခံယူနေရသူတွေ။ • […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်း ကိုကာကွယ်ခြင်း

ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် အနေနဲ့ သူမရဲ့ ဆယ်ကျော်သက်ဘဝမှာ တွေ့ကြုံဖြတ်သန်း ဖို့စောင့်မျှော်နေတယ့် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သူမဘ၀ ကိုအဆုံးထိရောက်အောင် ဆွဲချသွားနိုင်တဲ့ အမှားတစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ အရွယ်မတိုင်ခင် ဆယ်ကျော်ဘဝမှာ ကိုယ်ဝန်ရှိသွားခြင်းပါပဲ။ ဒီအချက်က မိခင်သာမက ကလေးအတွက်ပါ ကြီးမားတဲ့လူမှုဆက်ဆံရေး နဲ့ပတ်သတ်တဲ့နောက်ဆက်တွဲ ပြသနာတွေ ကိုယူဆောင်လာနိုင်ရုံသာမက တစ်ကမ္ဘာလုံးမှာ ဖြစ်ပျက်နေတဲ့ လူမှုဆက်ဆံရေးပြသနာတွေ ထဲက အရှုပ်ထွေးဆုံးတစ်ခုလည်း ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ဒီလို ဆယ်ကျော်သက်ကလေးတွေရဲ့ ဘဝကို အပြည့်အဝထိန်းချုပ်လို့ မရတာမှန်ပေမယ့် အရှေ့မှာပြောခဲ့သလို နောင်တရစရာ အခြေအနေတွေ ရှောင်ရှားနိုင်အောင် မိဘတွေအနေနဲ့ လုပ်နိုင်တာလေးတွေ အများကြီးရှိပါတယ်။ ၁။ လိင်မှုကိစ္စနဲ့ ပတ်သတ်တာတွေကို လုံး၀ မထုတ်ဖော် မပြောပြသင့်တဲ့ကိစ္စ အနေနဲ့ မသတ်မှတ်သင့်ပါ။ လူတစ်ယောက်ရဲ့ဘဝအတွက်အရးကြီးတဲ့ သင်ခန်းစာ တွေက ကျောင်းကပေးတဲ့ သင်ခန်းစာတွေထဲကဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

သင်ကိုယ်ဝန်ရှိနေတာကို လျှို့ဝှက်ထားချင်ပါသလား

ကိုယ်ဝန်ဆောင်ချိန်ရဲ့ ပထမပိုင်းကာလဟာ ကိုယ်ဝန်သည်တွေအတွက် အန္တရာယ်အများဆုံးအချိန်ပါ။ ဒါကြောင့် ပထမ ၁၂ပတ်ကာလကို တခြားလူတွေမသိသေးအောင် လျို့ဝှက်ထားချင်တယ်ဆိုရင် နားလည်နိုင်စရာပါ။ လျို့ဝှက်ထားနိုင်ဖို့ အကြံတစ်ချို့ပါ : ပြောမလား မပြောဘူးလား ဒါဟာသင့်ရဲ့လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ပါ။ ဒါပေမယ့် သင့်ကလေးတွေ (အကယ်လို့ရှိပါက) ဒါမှမဟုတ် တူတွေ တူမတွေကိုတော့ မပြောပါနဲ့၊ သူတို့က ဒါဟာသတင်းကောင်းပဲဆိုပြီး လူတကာကိုလိုက်ပြောမှာပါ။ လူလည်းမသိစေချင်သေးဘူး၊ ဒါပေမယ့် တစ်ယောက်ယောက်ကိုလည်း ပြောချင်တဲ့ဆန္ဒပြင်းပြတယ်ဆိုရင်တော့ သင့်ခင်ပွန်းမဟုတ်ဘဲ တခြားယုံရတဲ့လူတစ်ယောက်ယောက်ကိုတော့ ပြောချင်ပြောထားနိုင်ပါတယ်။ အလုပ်မှာဆိုရင် သင်မပြောရင်တောင်မှ သင့်ရဲ့အပြုအမူပုံစံတွေပြောင်းလဲနေတာကြည့်ပြီး သံသယဝင်ကောင်းဝင်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာဆိုရင် အဖြူရောင်မုသားများကို သုံးနိုင်ပါတယ်။ “ကျန်းမာရေးအခြေအနေကြောင့် အရက်သောက်လို့မရတာပါ”(မှန်နေတာပါပဲ) ဒါမှမဟုတ် “စားတာများလို့ဗိုက်ပူလာတယ်” စသည်ဖြင့်ပေါ့။ ဒါပေမယ့် တတိယ ၃ လပိုင်းကိုရောက်ရင်တော့ လူတိုင်းသိမှာတော့အသေအချာပဲမို့ သိပ်ပြီးရှုပ်ထွေးသွားအောင်မလုပ်ဘဲ သိမ်မွေ့ညင်သာစွာပဲ ဖုံးကွယ်ပါ။ ပျို့အန်ခြင်းကိုရှောင်ရှားမယ် အလုပ်မှာဆိုရင် ဂျင်းလက်ဖက်ရည် လိုမျိုး၊ သံပရာသကြားလုံးလိုမျိုး၊ ဒါမှမဟုတ် […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု မြင့်တက်လာခြင်း

လတ်တလော စစ်တမ်းများအရ ဆယ်ကျော်သက်တွေကြားက ကိုယ်ဝန်ဆောင်မှုပြဿနာဟာ စိုးရိမ်ဖွယ်ရာအရှိန်နှုန်းနဲ့ တရှိန်ထိုးမြင့်တက်လျက်ရှိတယ်။ ၂၀၁၂ မှာ တကမ္ဘာလုံးဆိုင်ရာကျောင်းက စုံစမ်းလိုက်ရာမှာတော့ အင်တာဗျူးလာရောက်ဖြေဆိုသော ဆယ်ကျော်သက်တွေမှာ အသက် ၁၃ နှင့် ၁၇ ကြားမှာရှိပါတယ်။ အနှီစစ်တမ်းက နိုင်ငံသားတွေကို မထင်ထားတဲ့ရလဒ်တစ်ခုပေးခဲ့ပါတယ် ဒါကတော့ အင်တာဗျူးလာဖြေတဲ့ ဆယ်ကျော်သက်တွေဟာ သူတို့ ၁၄ နှစ်မပြည့်သေးခင်မှာတင် လိင်ဆက်ဆံခဲ့ကြပါတယ်လို့ ဝန်ခံခဲ့ကြခြင်းဖြစ်ပါတယ်။ အဆိုပါ ပြဿနာအပေါ်တွင် မိဘတို့၏တာဝန် ၎င်းပြဿနာဟာ အစိုးရက ကျောင်းတွေ၊ အထူးသဖြင့် အလယ်တန်းကျောင်းတွေမှာ ပြည့်စုံကျယ်ပြန့်တဲ့ လိင်ပိုင်းဆိုင်ရာကျန်းမာရေးအသိပေးဖို့နောက်ကျတာကြောင့် ဆိုပြီး အစိုးရကိုအပြစ်တင်စောလို့မရပါဘူး။ ပထမဆုံးနဲ့ အဓိကတာဝန်က မိဘတွေဆီမှာပါ၊ သူတို့တွေက သူတို့ဆယ်ကျော်သက် သားတွေ သမီးတွေကို ခန္တာကိုယ်ရဲ့ အဖို အမ အင်္ဂါအစိတ်အပိုင်းတွေနဲ့ပက်သက်လို့ သင်ပြလမ်းညွှန်ပြောပြပေးသင့်တယ်ဆိုတာ သိဖို့လိုပါတယ်။ ဆယ်ကျော်သက်ကလေးတွေ လိင်ကိစ္စနဲ့ပတ်သတ်ပြီး ဆုံးဖြတ်တာမှာ မိဘတွေရဲ့အခန်းကဏ္ဍကအရေးကြီးပါတယ်။ မိဘတွေနဲ့ သားသမီးတွေကြားက ရင်းနှီးမှုဟာ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ဆောင် ဆယ်ကျော်သက် သမီးငယ်ကိုကူညီပါ

ကိုယ်ဝန်ဆောင်ရခြင်းဟာ အမျိုးသမီးတစ်ယောက်အတွက် အခက်ခဲဆုံးအတေ့ွအကြုံဖြစ်ရပ်ပါ။ ထိုမိခင်လောင်းဟာ ဆယ်ကျော်သက်ဆိုရင် ပိုခက်ခဲတာပေါ့။ တကယ်လို့ သင့်ဆယ်ကျော်သက်သမီးငယ်ဟာ ထိုကဲ့သို့အခက်အခဲကို ရင်ဆိုင်နေရတယ်ဆိုရင်တော့ သင့်ဆီကနေ မေတ္တာတွေ အားပေးမှုတွေ နင့်နေအောင်လိုအပ်ပါလိမ့်မယ်။ အမြဲသူ့အတွက်ရှိနေပေးပါ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ရခြင်းဟာ ထိုကာယကံရှင်မိန်းကလေးနဲ့ သူ့မိသားစုအတွက်သာမက သက်ဆိုင်တဲ့ကောင်လေးအတွက်ပါ အိပ်မက်ဆိုးတစ်ခုပါ။ ဒေါသတွေ၊ အပြစ်တင်စိတ်တွေအပြီးမှာ သင့်သမီးငယ်ဟာ စိတ်ဓါတ်ကျမှုနဲ့ စိုးရိပ်ကြောင့်ကြမှုတွေ ကြုံနေရမှာပါ။ ဒါကြောင့် သူ့ကိုစကားပြောကြည့်ပြီး သူ့ရွေးချယ်မှုကို နားလည်ကူညီပေးဖို့ အရေးကြီးပါလိမ့်မယ်။ ထိုကိုယ်ဝန်နဲ့ပတ်သက်လို့ဘာလုပ်နိုင်မလဲ •ကလေးကိုပျိုးထောင်ခြင်း ဆယ်ကျော်သက်မိခင်အများစုဟာ သူတို့ကလေးကို ဆက်လက်ပျိုးထောင်တတ်ပါတယ်။ တချို့က ကလေးဖခင်နဲ့ လက်ထပ်လိုက်ကြသော်လည်း တချို့ကတစ်ဦးတည်းအဖြစ်သာ ရပ်တည်ပါတယ်။ သင်ရော၊ သင်တို့မိသားစုရော သမီးဖြစ်သူကို ကူညီနိုင်မယ်ဆိုရင်တောင်မှ ကလေးတစ်ယောက်ကို ပျိုးထောင်ရင်း ကျောင်းပြီးအောင်တက်ဖို့၊ အလုပ်ကောင်းကောင်းရဖို့ဆိုတာ ဘယ်လိုမှမလွယ်ပါဘူး။ ဒါကြောင့် သမီးဖြစ်သူက ကလေးကိုမွေးမြူမယ်လို့ ဆုံးဖြတ်မယ်ဆိုရင် ဘာတွေတွေ့ကြုံလာရမယ်၊ ဘာတွေကစောင့်ကြိုနေမယ်ဆိုတာ အရင်သိပါစေ။ •မွေးစားဖို့ ပေးလိုက်မယ် ကလေးကိုမွေးစားဖို့ ပေးပစ်လိုက်မှာက နောက်ထပ်ရွေးစရာတစ်ခုပါ။ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရှိနေတာကို ကာယကံရှင် ကိုယ်တိုင်မသိဘူးဆိုတာ ဖြစ်နိုင်လား

"အမျိုးသမီးတယောက်က ကလေးမွေးခါနီးအထိ ကိုယ်ဝန်ရှိနေတာကို မသိဖူး" "ဟိုကောင်မလေးပေါ့ ဗိုက်ထဲက ကလေးကတိုးထွက်လာတော့မှ ကိုယ်ဝန်ရှိမှန်းသိတာ" စသဖြင့်ပြောကြတာကို ကြားဖူးကောင်းကြားဖူးကြပါလိမ့်မယ်။ ဒီလိုကြားမိတဲ့အခါ သင်တွေးပါလိမ့်မယ်။ ကိုယ့်ဗိုက်ထဲမှာ ကလေးတယောက်လုံးရှိနေတာကို မသိဖူးဆိုတာ ဖြစ်နိုင်ပါ့မလားပေါ့။ သင့်မှာကိုယ်ဝန်ရှိနေတာကို သင်ကိုယ်တိုင်မသိတာဖြစ်နိုင်သလား။ ဒါဟာ တကယ်ပဲ ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးကို ကိုယ်ဝန်ကို ငြင်းဆန်ခြင်းလို့ ခေါ်ပါတယ်။ ဘယ်လို အနေအထားမျိုးတွေမှာ ဒီကိစ္စမျိုးဖြစ်လာနိုင်သလဲ ဆက်ကြည့်ရအောင်။ သင့်မှာ စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေ ရှိနေမယ်။ ကိုယ်ဝန်ရှိလာမှာကို ကြောက်နေတာ၊စိတ်ဖိစီးမှုတွေ အရမ်းများတာမျိုး ဖြစ်နေနိုင်ပါတယ်။ ကလေးရလာမှာ၊အမေတယောက်ဖြစ်ရမှာကို ကြောက်နေမယ်ဆိုရင် သင်ကြောက်နေတဲ့ အရာတွေကို သင့်ခန္ဓါကိုယ်နဲ့ မသိစိတ်က ငြင်းဆန်တာ ဒါသဘာဝပါ။ သင့်ခန္ဓါကိုယ်ရဲ့ ပြောင်းလဲမှုတွေကို လျစ်လျူရှုပြီး ဒါကိုယ်ဝန်မဟုတ်နိုင်ပါဖူးလေ ဆိုပြီး တွေးမိနေပါလိမ့်မယ်။ တချို့အမျိုးသမီးတွေမှာကျတော့ (အိမ်ထောင်မရှိသူတွေ) ကိုယ်ဝန်ရှိလာရင် သူတို့မှာ လိင်မှုကိစ္စရှိနေတာကို လူတွေသိသွားမှာ ဒါမှမဟုတ် လူမှုရေးဖောက်ပြန်တဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း