ကိုယ်ဝန်ရရှိခြင်း

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍဟာ ဘေဘီလေးလိုချင်တဲ့ စုံတွဲတိုင်း သိထားသင့်တဲ့ အကြောင်းအရာများကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ရရှိခြင်း

စိတ်ဖိစီးမှုတွေ က အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သလား၊၊

စိတ်ဖိစီးမှုတွေ က ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သိထားပြီးမှာ ဖြစ်မှာပါ၊၊ ဒါတင်မက စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ သုက်ကောင်တွေနဲ့ သုက်ရည်အပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတဲ့ လေ့လာချက်တွေ ထွက်ပေါ်လာပါပြီ၊၊ တစ်နည်းအားဖြင့်တော့ စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိနေပါပြီ၊၊ စိတ်ဖိစီးမှုတွေ နဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်း ၂၀၁၄ခုနှစ်က စိတ်ဖိစီးမှုနဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး လေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်၊၊ ဒီလေ့လာချက်မှာ ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ အသက် ၃၈နဲ့ ၄၉နှစ်ကြား အမျိုးသား ၁၉၃ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်၊၊ ဒီလေ့လာချက်မှာ လုပ်ငန်းခွင် ဖိစီးမှု၊ စိတ်ဖိစီးစရာ အဖြစ်အပျက်တွေနဲ့ ကြုံရတာ၊ စိတ်ဖိစီးမှုကို လက်ခံနိုင်စွမ်း စတာတွေကို ထည့်သွင်းလေ့လာခဲ့ပါတယ်၊၊ တွေ့ရှိချက်ကတော့ တစ်နှစ်မှာ စိတ်ဖိစီးစရာ အဖြစ်အပျက် ၂ခုနဲ့အထက် ခံစားခဲ့ရတဲ့ […]

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုယ်ဝန်ရရှိခြင်း ကို ရှာဖွေမည်။

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ယူလိုလျှင်ပြင်ဆင်သင့်သော အချက်များ

ကလေးရရှိခြင်းဟာ ဘဝရဲ့ပျော်ရွင် စိတ်လှုပ်ရှားစရာ အစိတ်အပိုင်းဖြစ်ပါသည်။ ဒါပေမယ့် ကလေးမယူခင် ပြင်ဆင်သင့်သည်များကို ပြင်ဆင် ထားမှ မိခင်ရော ကလေးပါ ကျန်းမာမည်ဖြစ်သည်။ ကိုယ်ဝန်ယူရန် ဆရာဝန်နှင့်ဆွေးနွေးပါ။ ကိုယ်ဝန်မဆောင်ခင် ကျန်းမာရေး စစ်ဆေးချက်များကြိုတင်လုပ်ဆောင်သင့်ပါသည်။ တစ်နှစ်ခန့်ကြိုတင် စစ်ဆေးနိုင်ပါသည်။ ကျန်းမာရေးအနေအထား၊ နေထိုင်မှုပုံစံတို့က ကိုယ်ဝန်ရရှိခြင်းကို ဟန့်တားစေပါသည်။ ဒါကြောင့် ဆရာဝန် ညွန်ကြားသည့်အတိုင်းလိုက်နာ ရန်လိုအပ်ပါသည်။ အရက်၊ ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်ပါ။ ဆေးလိပ်သောင်ခြင်းဟာ ကလေးကို ဆိုးဝါးစွာထိခိုက်စေပါသည်။ သားပျက်သားလျှောခြင်း။ လမစေ့၊ ပေါင်မပြည့်ဘဲ မွေးခြင်း ဖြစ်စေနိုင်ပါသည်။ အချို့သော ဆေးဝါးများမှာ လည်းသွေးထဲတွင် အချိန်အတော်ကြာကျန်ရှိနိုင်သည်မို့ လိုအပ်ပါက ကြိုတင်ရပ်ထားသင့်ပါသည်။ အရက်သောက်ခြင်းဟာ ပုံမှန်ပမာဏ ဖြစ်ပါက ( တစ်ရက်တခွက်) ဘေးမဖြစ်နိုင်သော်လည်း ပမာဏများပါက အန ္တရာယ်ရှိစေပါသည်။ လတ်ဆတ်သော အစားအစာများရွေးချယ်စားပါ။ ကျန်းမာသော အစားအစာကို […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

ကလေးယူရာတွင်မှားလေ့ရှိသော အချက် ၁၀ချက်

အိမ်ထောင်သည် တော်တော်များများဟာ ကလေးယူဖို့ကြိုးစားတဲ့ နေရာမှာတူညီတဲ့အမှားမျိုးရှိနေတတ်ကြပါသည်။ ဒီအချက်တွေကြောင့် သင့်ရဲ့ကြိုးစားခြင်းရလဒ်ကို မပြောင်းလဲပါစေနှင့်။ (၁) လိင်ဆက်ဆံမှုလုံလောက်စွာမရှိခြင်း သင့်အနေနှင့် အမျိုးသား၏ သုတ်ပိုးကို ထိန်းသိမ်းသည့်အနေနှင့် လိင်ဆက်ဆံ အကြိမ်ရေတွက်နည်းခြင်း(သို့)မမျိုးဥ ကြွေချိန်တွင်သာ လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရခြင်းလွယ်ကူစေသည်ဟုထင်ပါလိမ့်မည်။ သို့သော် ရက်များစွာ လိင်ဆက်ဆံ မှုမရှိခြင်းကတော့ ကိုယ်ဝန်ရစေခြင်းကို ကြန့်ကြာစေပါသည် (၂) လိင်ဆက်ဆံမှုများခြင်း လိင်ဆက်ဆံမှုများခြင်းဟာ ကလေးရခြင်းကို မြန်စေသည်ဟူသော အယူအဆများလည်းရှိပါသည်။ အကြိမ်ရေများများဆက်ဆံတာက သုက်ပိုးတွေရဲ့ အင်အားကို မလျော့သွားစေပေမယ့် ကလေးရအောင်လုပ်တဲ့နေရာမှာ ပြဿနာတွေတော့ ဖြစ်စေတာပါပဲ။ (၃) ဆက်ဆံခြင်းနည်းတစ်မျိုးတည်းသာ အသုံးပြုခြင်း အများအားဖြင့် အမျိုးသမီးက အောက်မှ နေ၍ တင်ပါးမြင့်ဆက်ဆံခြင်းဟာ ကလေးရနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းလို့ ယုံကြည်ကြပါတယ်။ အဲဒါက မှားပါတယ်။ သင်ဖြစ်ဖြစ် သင့်အဖော်ဖြစ်ဖြစ် အပေါ်မှာနေတာသော်လည်းကောင်း ပုံစံအသစ်ကို စမ်းသပ်ကြည့်တာသော်လည်းကောင်းလုပ်ပေမယ့်လည်း ရလဒ်ကတော့ အတူတူပါပဲ။ (၄) အမျိုးသမီးအားအပြစ်တင်ခြင်း အိမ်ထောင်ရှင် စုံတွဲတွေ ကလေးယူခြင်းကြိုးစားချိန်ကြာမြင့်လာပါက စုံတွဲအပါအဝင် လူအများစုက […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

အသက် ၄၀ နောက်ပိုင်း ကိုယ်ဝန်ရနိုင်အောင် ဘာတွေလုပ်ဆောင်သင့်သလဲ

အသက် ၄၀ နောက်ပိုင်း ကိုယ်ဝန်ရနိုင်အောင် ဘာတွေလုပ်ဆောင်သင့်သလဲ ............ တကယ်လို့ သင့်အနေနဲ့ ကိုယ်ဝန်ဆောင်ဖို့ စိတ်ကူးရှိတယ်ဆိုရင် ကလေးရော ရနိုင်ပါ့မလား၊ ရအောင်ရော လုပ်လို့ရနိုင်ပါ့မလားလို့ စိတ်ပူနေမယ်ထင်ပါတယ်။ သင့်ရဲ့ မျိုးပွားနိုင်စွမ်းကို ထိခိုက်စေတဲ့ ကျန်းမာရေးပြဿနာတချို့လို အကြောင်းရင်းတွေကိုတော့ သင့်အနေနဲ့ ပြောင်းလဲလို့မရနိုင်ပါဘူး။ ဒါပေမယ့် ဒါဟာ အဆုံးသတ်တော့ မဟုတ်သေးပါဘူး။ သင့်ရဲ့ နေ့စဉ်နေထိုင်မှုက မျိုးပွားနိုင်စွမ်းအပေါ် သက်ရောက်မှုရှိပါတယ်။ အသက် ၄၀ နောက်ပိုင်း ကိုယ်ဝန်ရနိုင်အောင် ဘာတွေလုပ်ဆောင်သင့်သလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ အသက် ၄၀ နောက်ပိုင်း ကိုယ်ဝန်ရနိုင်အောင် ဘာတွေလုပ်ဆောင်သင့်သလဲ အသက် ၄၀ နောက်ပိုင်း ကိုယ်ဝန်ရနိုင်အောင် ဘာတွေလုပ်ဆောင်သင့်သလဲ ဆိုတာကို မပြောခင် အမျိုးသမီးတွေရဲ့ မျိုးပွားနိုင်စွမ်းအကြောင်းကနေ စပြောချင်ပါတယ်။ အမျိုးသမီးမျိုးပွားနိုင်စွမ်း ဆိုတာဘာလဲ အမျိုးသမီးတစ်ယောက် မျိုးပွားနိုင်စွမ်းဆိုတာ ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်နိုင်စွမ်းကို ဆိုလိုတာဖြစ်ပါတယ်။ တကယ်လို့ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကို […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ကိုယ်ဝန်ရှိမရှိ အိမ်မှာ အရင်စစ်မယ်

သင့်ဗိုက်ထဲမှာ ရင်သွေးလေး ရှိနေပြီဖြစ်တဲ့ အကြောင်း ဆရာဝန်ဆီက တရားဝင် မကြားရသေးခင် အိမ်မှာပဲ သင်ကိုယ်တိုင် ဦးစွာ စစ်ဆေးကြည့်နိုင်ပါတယ်။ ဒီဆောင်းပါးလေးက ကိုယ်ဝန်ရှိမရှိ အိမ်မှာ ဘယ်လိုစစ်ဆေးမလဲဆိုတာကို လမ်းညွှန်ပေးထားတာဖြစ်ပါတယ်။   ဘယ်လိုအချိန်မှာ စစ်ဆေးရမလဲ။ ပုံမှန် ဓမ္မတာလာချိန်ထက် အနည်းဆုံး တပတ်လောက် နောက်ကျနေပြီဆိုရင် စစ်ဆေးကြည့်သင့်ပြီး သင့်အနေနဲ့ အတိကျဆုံးရလာဒ်ကို ရရှိမှာဖြစ်ပါတယ်။ အရမ်းကြီး စောစစ်မိမယ်ဆိုရင် သင့်အနေနဲ့ ကိုယ်ဝန်ရှိနေပေမယ့် စစ်ဆေးမှုမှာ ကိုယ်ဝန်မရှိဖူးလို့ အဖြေထွက်လာနိုင်ပါတယ်။ စစ်မယ်ဆိုရင်လည်း ဆီးထဲမှာ ဟော်မုန်းပါဝင်မှု အများဆုံးအချိန်ဖြစ်တဲ့ မနက်စောစော အချိန်မှာ စစ်ဆေးသင့်ပါတယ်။   ဒီစစ်ဆေးမှုဟာ ဘယ်လောက်တိကျသလဲ။ ကိုယ်ဝန်ရှိမရှိ သိဖို့စစ်ဆေးနိုင်တဲ့ နည်းလမ်းနှစ်သွယ် ရှိပါတယ်။ အိမ်မှာ ဆီးစစ်တာနဲ့ ဆေးရုံ၊ဆေးခန်းမှာ သွေးစစ်တာတို့ ဖြစ်ပါတယ်။ ဆီးစစ်တာဟာ ၉၉ရာခိုင်နှုန်း တိကျမှန်ကန်ပြီး သွေးစစ်တာက ပိုလို့တောင်မှန်ပါသေးတယ်။ ကိုယ်ဝန်ရှိမရှိ စစ်ဆေးတဲ့ စစ်ဆေးမှုတွေရဲ့ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

အသင့်စား အစာတွေfast food တွေက သင့်ကို ကလေးမရတာ ဖြစ်စေနိုင်သလား

ကလေးမရနိုင်တာဟာ အိမ်ထောင်သည်အများစုအတွက် အရေးကြီးတဲ့ ပြဿနာ တခုပါ။ သင့်ဘေးနားပတ်ဝန်းကျင်မှာ ကလေးမရနိုင်တဲ့ စုံတွဲတွေကို သင်တွေ့မိမှာပါ။ လွန်ခဲ့တဲ့ နှစ်ကာလတွေတုန်းက ကလေးမရနိုင်ဖူးဆိုတာ အင်မတန်ရှားပေမယ့် လက်ရှိအချိန်မှာတော့ စုံတွဲငါးတွဲမှာ တတွဲဟာ ဒီပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆောင်းပါးမှာ သဘာဝအတိုင်း ကိုယ်ဝန်ရနိုင်ဖို့အတွက် သိထားဖို့လိုတဲ့ သတင်းလေးတွေ နဲ့ နည်းလမ်းလေးတွေကို သင်ရှာဖွေ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးမှာ အခုကျွန်တော်တို့ ဆွေးနွေးချင်တာက လက်ရှိခေတ်ရဲ့ ကံအကောင်းဆုံးလို့ ပြောလို့ရသလို ကံအဆိုးဆုံးလို့လည်း ပြောလို့ရတဲ့ အချက်ကိုပါ။ အသင့်စား အစာတွေ (ကြက်ကြော်၊ဟမ်ဘာဂါ၊အာလူးကြော် စတာတွေပေါ့)ဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အပြင် ဈေးလည်း ပေါလှတယ်ရယ် မဟုတ်တဲ့အတွက် မစားကြပါနဲ့လို့ ပြောတာတွေကို သင်မကြာခဏ ကြားကောင်းကြားမိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ အတော်များများဟာ ကြက်ကြော်တို့၊ဘာဂါတို့ကို အပြစ်မမြင်ဘဲ အချစ်တွေသာတဖွားဖွားဝင်ပြီး […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ

ရင်သွေးလေးရဖို့ ကြိုးစားနေတဲ့ကာလမှာ သင့်အနေနဲ့ စိတ်ဖိစီးမှုတွေ ကြုံတွေ့နေရပါသလား။ သင့်အဖြေက ဟုတ်တယ်ဆိုရင် သင့်ကို ကလေးမရစေတဲ့ အဓိက တရားခံတွေက အဲဒီ စိတ်ဖိစီးမှုတွေပဲ ဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။ ဆိုတော့ ဒီ စိတ်ဖိစီးမှုတွေကို ဘယ်လိုလျှော့ချမလဲ။ ဒီဆောင်းပါးလေးက သင့်ကို အကြံဉာဏ်လေးတွေ ပေးနိုင်မှာပါ။ ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာ ဆက်ကြည့်လိုက်စို့နော်။ ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတော့ (၁) ရင်ဖွင့်ဖို့ ဒိုင်ယာရီရေးပါ။ ဒိုင်ယာရီရေးတာ ကလေးကလားဆန်ပြီး ခေတ်လည်းနောက်ကျနေပြီလို့ သင်ထင်ကောင်းထင်နေမှာပါ။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ သုတေသနပြုချက် အများအပြားအရ ဒိုင်ယာရီရေးတာဟာ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့နဲ့ သင့်ရင်ထဲရှိတာတွေ ဖွင့်ထုတ်လိုက်ဖို့အတွက် အင်မတန်မှ အကျိုးရှိတဲ့ နည်းလမ်းတခု ဖြစ်တယ်လို့ သိရပါတယ်။ ဒိုင်ယာရီကို […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ကျန်းမာတဲ့သုက်ရည်- ပိုမိုကောင်းမွန်တဲ့မျိုးအောင်နိုင်စွမ်း

အမျိုးသားတွေဟာ ၉လလွယ်ဆယ်လဖွားဆိုတဲ့ ကိုယ်ဝန်ဆောင်ကာလတွေကိုမဖြတ်ကျော်ရပေမယ့်လည်း သူတို့ဟာ အသက်တစ်ချောင်းဖြစ်ပေါ်လာဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားရပါတယ်။ မျိုးဥနဲ့ပေါင်းစည်းပြီး သန္ဓေတည်နိုင်ဖို့ ကျန်းမာသန်စွမ်းတဲ့ သုကပိုးတွေကို ထုတ်ပေးရတယ်လေ။ သုက်ပိုးတွေရဲ့ အရည်အသွေးဟာ သင့်ကလေးရဲ့ကျန်းမာရေးအခြေအနေကိုဆုံးဖြတ်ပေးနိုင်ပါတယ်။ သင့်အမျိုးသားရဲ့သုက်ပိုးကို ကျန်းမာသန်စွမ်းအောင်ပြုလုပ်ပေးနိုင်တဲ့ ရိုးရှင်းတဲ့အချက်၄ချက်ကို ဖော်ပြထားပေးပါတယ်။ ပုံမှန်ကိုယ်အလေးချိန်စစ်ပါ။ ကိုယ်အလေးချိန်နည်းလွန်းခြင်း သို့မဟုတ် များလွန်းခြင်းဟာ အမျိုးသားတွေရဲ့ သုက်ပိုးအပေါ် သက်ရောက်မှုရှိနိုင်ပြီး ကြင်ဖော်၂ဦးချစ်တင်းနှီးနှောမှုကိုလည်း အဆုံးသတ်ပေးသလိုဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်အလေးချိန်ပြဿနာဟာ အမျိုးသားရဲ့ လိင်စိတ်ဆန္ဒနဲ့ စွမ်းဆောင်ရည်ကို သက်ရောက်စေနိုင်လို့ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားသုံးခြင်းနဲ့ ရက်သတ္တပတ်ရဲ့ နေ့ရက်အများစုမှာ ကိုယ်ကာယလှုပ်ရှားမှု တွေပြုလုပ်ခြင်းက ကျန်းမာတဲ့အလေးချိန်ကို ထိန်းသိမ်းထားပေးနိုင်ပါတယ်။ ဒီလိုအစားအစာတွေထဲမှာ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အနှံနဲ့ နို့ထွက်ပစ္စည်းတွေပါဝင်ပါတယ်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ လုံးတီးအနှံတွေနဲ့ အဆီနည်းပရိုတိန်းတွေဟာ အမျိုးသားတွေအတွက် အရည်အသွေးအကောင်းဆုံးသုက်ပိုးတွေကိုထုတ်ပေးနိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်တွေချို့တဲ့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် စီနဲ့ အီး၊ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရဖို့ ကြိုးစားစဉ်မှာ လုပ်လေ့ရှိသော အမှား ၁၀ မျိုး

လူတွေဟာ ကလေးရဖို့ ကြိုးစားစဉ်မှာ အမှားတော်တော်များများကို လုပ်လေ့ရှိပါတယ်။ ဒါကြောင့် ကလေးရဖို့အတွက် ပိုပြီးစိတ်ဖိစီးကာ ခက်ခဲနေနိုင်ပါတယ်။ ၁ ။ သားဥကြွေသော အချိန်ကို မသိရှိခြင်း။ ပုံမှန်အားဖြင့် အမျိုးသမီးတစ်ယောက်ဟာ ဓမ္မတာ စက်ဝန်းကာလ ၂၈ရက် ရှိတယ်လို့ လိင်မှုဆိုင်ရာ ပညာပေးအချို့က ဖော်ပြလေ့ရှိပါတယ်။ သို့သော် အချို့ အမျိုးသမီးများမှာတော့ ဒီစက်ဝန်းဟာ ပိုပြီး ရှည်နိုင်သလို ပိုပြီးလည်း တိုနိုင်ပါတယ်။ ဒီလိုရာသီစက်ဝန်း အချိန်တွေဟာ သင့်အတွက် လိုအပ်လို့လားလို့ မတွေးပါနဲ့။ တကယ်လို့သင်ဟာ သားဥကြွေတဲ့ ရက်အတိအကျကို သိချင်တယ်ဆိုရင် သင့်ရဲ့ ဓမ္မတာ စလာတဲ့ ရက်မှ အနောက်ကို ၁၄ ရက် နောက်ပြန်ဆုတ်ပြီး ရေတွက်လိုက်ပါ။ ၎င်းရက်ဟာ သားဥကြွေတဲ့ ရက် ဖြစ်ပါတယ်။ ၂။ အထူးကုဆရာဝန်ဆီသို့ စောစောသွားပါ။ တကယ်လို့ သင်ဟာ အသက် […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကလေးရနိုင်ခြေမြင့်မားနိုင်စေတဲ့ လိင်ဆက်ဆံပုံနည်းလမ်းတွေ

လိင်ဆက်ဆံမှု ပုံစံတွေဟာ မျိုးအောင်ဖို့အတွက် အရေးကြီးတယ်လို့ ယူဆကြပါတယ်။ လူအချို့အတွက် ဘယ်ပုံစံဟာ အကောင်းဆုံးလဲဆိုတာ စိတ်ရှုပ်ထွေးဖွယ်နဲ့ မေးခွန်းထုတ်စရာ ဖြစ်နေဆဲဖြစ်ပါတယ်။ သင်ဟာလည်း သူတို့ထဲက တစ်ယောက်ဆိုရင် ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်တဲ့ အချက်အလက်တွေကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ Case Western Reserve University School of Medicine in Cleveland က Dr Sheryl A Kingsberg က ကလေးရရှိရန်အတွက် အကောင်းဆုံး လိင်ဆက်ဆံမှုပုံစံနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ သက်သေတွေ (သို့) အသေးစိတ် သုတေသနလုပ်ထားတာတွေ မရှိဘူးလို့ဆိုပါတယ်။ သိပ္ပံပညာရှင်တွေက ဒီလိုပုံစံတွေနဲ့ ပတ်သက်ပြီး ဘာမှ မပြောထားပေမယ့် လိင်ဆက်ဆံမှု ပုံစံနဲ့ ပတ်သက်တဲ့ သီအိုရီတွေပေါ်မှာ အခြေခံပြီး ကြိုးစားကြည့်နိုင်ပါတယ်။   ယောကျာ်းလေးရရှိဖို့အတွက် အကောင်းဆုံး […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

မိမိဖာသာ ကိုယ်ဝန်ဖျက်ချခြင်း၏ အန ္တရာယ်

ဟိုအရင်တည်းက ကမ္ဘာပေါ်က အမျိုးသမီးတွေဟာ ကိုယ်ဝန်ဖျက်ခြခြင်းဟာ တရားဝင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူတို့ရဲ့ ကျန်းမာရေးကို အထိခိုက်ခံပြီး ကိုယ်တိုင် ဖျက်ချခြင်း(သို့) အန္တရာယ်ရှိတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ပြီး မလိုချင်တဲ့ ကိုယ်ဝန်တွေကို အသုံးသတ်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။ အခုခေတ်မှာတော့ ကိုယ်ဝန်ဖျက်ချခြင်းဟာ ဆေးပညာ ရှုထောင့်အရ အများဆုံးလုပ်ဆောင်ပေးနေရတဲ့ လုပ်ဆောင်မှု ဖြစ်ပြီး ကိုယ်ဝန်ဖျက်ချမှုကြောင့် သေဆုံးခြင်းဟာ အလွန်တရာ နည်းပါးပါတယ် (ဆယ်သိန်းမှာ ခြောက်ယောက်) လို့ WHO က ပြောပါတယ်။   WHO က မသန့်ရှင်းတဲ့ ကိုယ်ဝန်ဖျက်ချမှုဆိုတာဟာ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ မရှိတဲ့ သူတစ်ယောက်က လုပ်ဆောင်ခြင်း (သို့) ဆေးပညာအရ အနည်းဆုံးလိုအပ်တဲ့ စံနှုန်းမရှိတဲ့ ပတ်ဝန်းကျင်မှာ ဖျက်ချခြင်း (သို့) နှစ်မျိုးလုံးကို ဆိုလိုပါတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ မသန့်ရှင်းတဲ့ ကိုယ်ဝန်ဖျက်ချမှုဆိုတာဟာ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း