ကိုယ်ဝန်ရရှိခြင်း

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍဟာ ဘေဘီလေးလိုချင်တဲ့ စုံတွဲတိုင်း သိထားသင့်တဲ့ အကြောင်းအရာများကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ရရှိခြင်း

စိတ်ဖိစီးမှုတွေ က အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သလား၊၊

စိတ်ဖိစီးမှုတွေ က ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သိထားပြီးမှာ ဖြစ်မှာပါ၊၊ ဒါတင်မက စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ သုက်ကောင်တွေနဲ့ သုက်ရည်အပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတဲ့ လေ့လာချက်တွေ ထွက်ပေါ်လာပါပြီ၊၊ တစ်နည်းအားဖြင့်တော့ စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိနေပါပြီ၊၊ စိတ်ဖိစီးမှုတွေ နဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်း ၂၀၁၄ခုနှစ်က စိတ်ဖိစီးမှုနဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး လေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်၊၊ ဒီလေ့လာချက်မှာ ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ အသက် ၃၈နဲ့ ၄၉နှစ်ကြား အမျိုးသား ၁၉၃ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်၊၊ ဒီလေ့လာချက်မှာ လုပ်ငန်းခွင် ဖိစီးမှု၊ စိတ်ဖိစီးစရာ အဖြစ်အပျက်တွေနဲ့ ကြုံရတာ၊ စိတ်ဖိစီးမှုကို လက်ခံနိုင်စွမ်း စတာတွေကို ထည့်သွင်းလေ့လာခဲ့ပါတယ်၊၊ တွေ့ရှိချက်ကတော့ တစ်နှစ်မှာ စိတ်ဖိစီးစရာ အဖြစ်အပျက် ၂ခုနဲ့အထက် ခံစားခဲ့ရတဲ့ […]

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုယ်ဝန်ရရှိခြင်း ကို ရှာဖွေမည်။

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

အသက်ကြီးမှ ကလေးယူမယ်ဆိုရင်

အသက်အရွယ်က ကိုယ်ဝန်ဆောင်ဖို့ ကိစ္စအပေါ် ဘယ်လိုသက်ရောက်မှုဖြစ်စေသလဲဆိုတာ ပြောပြပေးသွား ချင်ပါတယ်။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အသက်ကြီးလာလေ မျိုးဆက်ပွားစွမ်းရည် ကျဆင်းလာလေပါပဲ။ အသက် ၃၀ ကျော်ရင် ကလေးရဖို့ခက်ခဲလာသလို ကိုယ်ဝန်ပြဿနာတွေနဲ့ ကလေးမှာ နောက်ဆက်တွဲဆိုးကျိုးတွေလည်း ပိုများလာတတ်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ အမျိုးသမီးတွေရဲ့ အသက်အရွယ်နဲ့ ကိုယ်ဝန်ဆောင်ခြင်း ဆက်စပ်မှုအကြောင်းပြောပြချင်ပါတယ်။ ပုံမှန်ဆို မိန်းကလေးတွေက အသက် ၂၀ လောက်မှာ ကိုယ်ဝန်ဆောင်ဖို့အကောင်းဆုံးဖြစ်ပြီး အသက် ၃၀ ကျော်လာရင်တော့ ကလေးရနိုင်ချေ ကျဆင်းလာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မိန်းကလေးတစ်ယောက် အသက်ကြီးလာလေ သားဥအိမ်ထဲက ထုတ်ပေးနိုင်တဲ့ သားဥအရေအတွက်ရော အရည်အသွေးပါ ကျဆင်းလာတာကြောင့်ပဲ ဖြစ်ပါတယ်။ နောက်ပြီး ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲတွေပါ ဖြစ်တဲ့အတွက် ကိုယ်ဝန်ရသွားရင်တောင် ကျန်းမာတဲ့ကိုယ်ဝန်ဖြစ်ဖို့ ခက်ခဲပါတယ်။ သားအိမ်အလုံးအကျိတ်နဲ့ endometriosis လို မီးယပ်ရောဂါ ဖြစ်ပွားမှုတွေ ကလည်း အသက်ကြီးတာနဲ့ […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ကလေးရ ဖို့ခက်ခဲသူတွေအတွက် နည်းလမ်းကောင်းများ

အခုအခါမှာ ကလေးရ ဖို့ခက်ခဲနေသူတွေအတွက် ခေတ်မီနည်းလမ်းတွေ အများကြီး ရှိနေပါပြီ။ ဒီစုံတွဲတွေကို ဘာတွေ စစ်ဆေးမှာလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ ကုသလို့ရလဲဆိုတာ ပြောပြပေးသွားပါမယ်။ ကနဦးအဆင့် အရင်ဆုံး မျိုးမအောင်ဘူးလို့ ပြောဖို့အတွက်ဆိုရင် အနည်းဆုံး တစ်နှစ်လောက် အကာအကွယ်မပါဘဲ ပုံမှန်အတူနေသည့်တိုင်အောင် ကလေးမရမှ မျိုးမအောင်ဘူးလို့ ပြောလို့ရမှာပါ။ ဆေးစစ်တာတွေ၊ ကုသတာတွေ မစခင်မှာ အရင်ဆုံး သင်နဲ့ သင့်အဖော်ကို တခြားလူနာတွေလိုပဲ ရောဂါရာဇဝင်တွေ မေးမြန်းတာ၊ စမ်းသပ်တာတွေ လုပ်မှာပါ။ ဒီထဲမှာ သင်တို့ရဲ့ နဂို ရောဂါအခံတွေ၊ စွဲသောက်နေတဲ့ ဆေးတွေ၊ အတူနေဖြစ်တဲ့ အကြိမ်အရေအတွက်တွေ စတာတွေကို မေးမြန်းမှာပါ။ ပြီးတော့ နှစ်ယောက်လုံးရဲ့ မျိုးပွားအင်္ဂါတွေမှာ ချို့ယွင်းချက်ရှိမရှိ စမ်းသပ်တာတွေလည်း လုပ်ရမှာပါ။ ကလေးရ နိုင် မရနိုင် ဆေးစစ်ချက်များ အမျိုးသားအတွက် ဆေးစစ်ချက် အမျိုးသားတွေ မျိုးအောင်ဖို့အတွက်ဆိုရင် သူ့ရဲ့ ဝှေးစေ့ကနေ ကျန်းမာတဲ့ […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

စုံတွဲတွေ ကလေးမရ တာ ဘာကြောင့်လဲ

ရတာမလို၊ လိုတာမရတဲ့ အထဲမှာ သားသမီးရတနာလည်း ပါပါတယ်။ မလိုချင်တဲ့ သူတွေကျတော့ တစ်ကြိမ်တစ်ခါလောက်နဲ့ ထီပေါက်သွားသလို လိုချင်တဲ့ သူတွေကျတော့လည်း သားဆုပန်တာတောင် ခက်ခဲနေတုန်းပါပဲ။နောက်ပြီး ကလေးရမရဆိုတာ မိန်းမနဲ့ပဲ ဆိုင်တာ မဟုတ်ပါဘူး။ နှစ်ယောက်ပေါင်းမှ တစ်ဘဝဖြစ်တဲ့အတွက် မိန်းမကြောင့်လည်း ဖြစ်နိုင်သလို ယောကျာ်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လက်ထပ်ပြီးတာကြာတဲ့ စုံတွဲတွေက ကလေးမရ တဲ့အခါ ကိုယ်ကိုယ်တိုင်ရော၊ ဆွေမျိုးမိဘတွေရဲ့ ဖိအားကြောင့်ရော စိတ်ညစ်ရတတ်ပါတယ်။ ဒါကြောင့် ဘယ်လောက်ကြာတဲ့အခါ ကလေးမရရင် ဆရာဝန်နဲ့ တိုင်ပင်ရမလဲ။ ဘာအကြောင်းတွေကြောင့် ဖြစ်နိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။ ဘယ်လိုအခါမျိုးမှာ မျိုးမအောင်ဘူးလို့ ပြောမှာလဲ။ ယေဘုယျအားဖြင့်တော့ မျိုးမအောင်ဘူးလို့ ပြောဖို့အတွက် အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ ၁နှစ်ရှိတာတောင် ကလေးမရဘူးဆိုရင် မျိုးမအောင်ဘူးလို့ ပြောလို့ရပါတယ်။ နောက်ပြီးတော့ အမျိုးသမီးတွေက အသက်ကြီးလာလေလေ မျိုးအောင်နိုင်စွမ်းကျလာလေလေပါပဲ။ ဒါကြောင့် ခုနောက်ပိုင်းမှာ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကလေးယူဖို့ သေချာပြင်ဆင် ပြီးပြီလားဆိုတာ ပြန်တွေးကြည့်ပါ

ကလေးယူဖို့ ဘယ်အချိန်မှာ စမလဲ။ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ပြီးပြီ။ သားသမီးလေးတွေ မွေးမယ်။ ပျော်စရာ မိသားစုအသိုက်အမြုံလေးတစ်ခု ဖန်တီးမယ်။ ကိုယ့်အတွေးနဲ့ ကိုယ်တော့ တော်တော်လေး သာယာစရာကောင်းတယ်ဆိုပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ ကလေးယူတယ်ဆိုတဲ့ကိစ္စရဲ့ နောက်မှာ လိုက်လာနိုင်တဲ့ ပြဿနာတွေ၊ ဖြေရှင်းစရာတွေ အများကြီးရှိပါတယ်။ ကလေးယူဖို့ သေချာပြင်ဆင် ထားသင့်တာတွေ အများကြီးပါပဲ။ အဲ့တော့ အိမ်ထောင်ကျပြီးပြီဆိုတာနဲ့ ခင်ပွန်းရော ဇနီးပါ အတူတိုင်ပင်ပြီး ဘယ်အချိန်မှာ ကလေးယူသင့်လဲ၊ ကလေးယူချင်တာရော သေချာရဲ့လားဆိုတာ သေချာဆွေးနွေးကြည့်သင့်ပါတယ်။ ကလေးမွေးတဲ့အချိန်နဲ့ ပတ်သက်လို့တော့ အတိအကျပြောလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါတွေက မိဘလောင်းဖြစ်မယ့်သူရဲ့ အခြေအနေနဲ့လည်း အများကြီးသက်ဆိုင်နေတယ်လေ။ အဲ့တော့ အိမ်ထောင်ပြုပြီး ကလေးယူဖို့ ပြင်ဆင်နေတဲ့ မိဘလောင်းတွေ ခုပြောပြပေးမယ့် အချက်တွေကို သေချာစဉ်းစားပြီးပြီလားဆိုတာ တစ်ချက်ကြည့်လိုက်ကြရအောင်။ ကလေးယူဖို့ သေချာပြင်ဆင် ပြီးပြီလားဆိုတာ ပြန်တွေးကြည့်ပါ ၁။ ကလေးယူချင်တာ […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

အမျိုးသမီးများ ကလေးမရနိုင်သည့် အကြောင်းရင်းများ

အချို့သောစုံတွဲများ ကလေးလိုချင်၍ ကြိုးစားသော်လည်း မျှော်လင့်ထားသည့်အတိုင်း မဖြစ်လာတာမျိုးရှိတတ်ပါတယ်။ ကလေးမရရသည့် အကြောင်းရင်းများအနက် သုံးပုံတစ်ပုံခန့်မှာ အမျိုးသမီးဖြစ်သူရဲ့ပြဿနာကြောင့်ဖြစ်နိုင်သလို၊ သုံးပုံတစ်ပုံတစ်ခန့်မှာ အမျိုးသားဖြစ်သူရဲ့ ပြဿနာကြောင့်လည်းဖြစ်နိုင်ပါတယ်။(ကျန် သုံးပုံတစ်ပုံကတော့ အမျိုးသား၊ အမျိုးသမီး ၂ဦးစလုံးရဲ့ လိုအပ်ချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။) ဒီနေ့ဆောင်းပါးလေးမှာတော့ အမျိုးသမီးတွေမှာတွေ့ရတတ်သော ကလေးရရန်ခက်ခဲစေတဲ့ပြဿနာများကို ဖော်ပြပေးလိုက်ပါတယ်။ (၁)သားဥကြွေခြင်းဆိုင်ရာ ပုံမမှန်မှုများ ပုံမှန်အားဖြင့်တော့ စုံတွဲတစ်တွဲမှာ သန္ဓေအောင်ပြီး ကိုယ်ဝန်ရဖို့ဆိုရင် သားဥအိမ်ကထုတ်ပေးလိုက်တယ့် 'မ'မျိုးဥနဲ့ အမျိုးသားဆီက သုက်ပိုးတို့ သားဥပြွန်ထဲမှာ ပေါင်းစပ်ပြီး.....ထိုမှတစ်ဆင့် သားအိမ်ထဲမှာသန္ဓေလာတည်ရပါမယ်။ အောက်ဖော်ပြပါ သားဥကြွေခြင်းဆိုင်ရာအခြေအနေရှိသူများအတွက်တော့ ကလေးရရန် ခက်ခဲပါလိမ့်မယ်။ - သားဥအိမ်ထဲတွင်အိတ်ကလေးများစွာရှိနေသူများ - အရွယ်မတိုင်မီ သားဥအိမ်အလုပ်မလုပ်တော့သူများ - ဟိုက်ပိုသဲလမတ်စ် ပုံမှန်အလုပ်မလုပ်ခြင်း - ပရိုလက်တင်ဟော်မုန်းအလွန်များနေသူများ (၂)သားဥပြွန်များ ထိခိုက်ပျက်စီးခြင်း (ဥပမာ - သားအိမ်နှင့်သားဥပြွန်များ ပိုးဝင်ခြင်း၊ တင်ပဆုံကွင်းအတွင်းခွဲစိတ်မှုခံယူဖူးခြင်း၊သားဥပြွန်အတွင်း နေရာလွဲမှား သန္ဓေတည်ဖူးခြင်း၊တင်ပဆုံကွင်းအတွင်း တီဘီဖြစ်ဖူးခြင်း) (၃)သားအိမ်တစ်သျှူးများ သားအိမ်ပြင်ပတွင်တည်ရှိနေခြင်း (၄)သားအိမ်(သို့)သားအိမ်ခေါင်းဆိုင်ရာ ပုံမမှန်မှုများ - သားအိမ်အတွင်းအလုံးများ အကျိတ်များရှိနေခြင်း - မွေးရာပါသားအိမ်အနေအထားမမှန်ခြင်း - သားအိမ်ခေါင်းကျဉ်းခြင်း - သားအိမ်ခေါင်းမှထုတ်သော […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

သင်ကလေးမရတာ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်

အိမ်ထောင်ရှင်အမျိုးသမီးတိုင်းက မေမေဖြစ်ချင်တဲ့ ဆန္ဒရှိကြစမြဲပါ။ အိမ်ထောင်ကျတာကကြာပြီး အခုထိလည်း ကလေးမရသေးဘူး။ သားဆက်ခြားနည်းတစ်ခုခုသုံးထားတာမျိုးလည်း မရှိပါဘူးဆိုတဲ့ Hello ဆရာဝန်ရဲ့ အိမ်ထောင်ရှင်လေဒီလေးတွေရှိလား။ ဒါဆိုရင်တော့ အခုပြောမယ့်အချက်ထဲက ဘယ်တစ်ချက်ကများ ကိုယ်နဲ့သက်ဆိုင်နေတာလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်နော်။ အိမ်ထောင်ကျတာကြာပြီ ခုထိဘေဘီလေးမရသေးတာ ဒီအချက်တွေကြောင့်ပါ အိမ်ထောင်သက်တမ်းကြာနေပြီး ဒါပေမယ့် ကလေးမရသေးဘူးဆိုရင် ဒီအချက်တွေကြောင့်ဖြစ်နေနိုင်လို့ သေချာလေးဆန်းစစ်ကြည့်စေချင်ပါတယ်။ စိတ်ဖိစီးမှုများတာ စိတ်ဖိစီးမှုကို​ဖြစ်ပေါ်စေတဲ့ ကော်တီစောဟော်မုန်းများတာက လေဒီလေးတို့မှာ သားဥကြွေမှုအပေါ်သက်ရောက်မှုရှိစေပြီး ကလေးရရှိနိုင်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။  စိတ်ဖိစီးမှုက သန္ဓေအောင်မှုအပေါ်မှာ တော်တော်လေးသက်ရောက်မှုရှိနေတဲ့ အချက်တစ်ခုပါ။ လေ့လာမှုတွေအရ စိတ်ဖိစီးမှုများတာဟာ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းနဲ့ သားဥ​ကြွေမှုအပေါ်မှာ သက်ရောက်မှုများနေပြီး အဆိုပါလုပ်ငန်းစဉ်ကို ပုံမှန်အတိုင်းလည်ပတ်နိုင်စေဖို့ခက်ခဲသွားစေတာက ဘေဘီလေးရရှိနိုင်ခြေကို ထိခိုက်စေရတဲ့အကြောင်းအရင်းပါ။ အချိန်ကိုက်မဖြစ်တာ ဘေဘီလေးယူဖို့ ဆန္ဒရှိတယ်ဆိုရင် ဒီအချက်ကလည်း ထည့်ပြီးစဉ်းစားသင့်တဲ့အချက်တွေထဲက တစ်ခုပေါ့။ သားဥကြွေတဲ့ရက်မှာ ဆက်ဆံတာက ကလေးရရှိနိုင်ခြေမရှိပါဘူး။ ကလေးလိုချင်တယ်ဆိုရင် အကောင်းဆုံးက သားဥမကြွေခင်ရက်မှာ လိင်ဆက်ဆံပေးရမှာပါ။ ဒါမှ သုက်ပိုးလေးက သားဥပြွန်ထဲမှာ […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ကိုယ်က အမြွာမွေးနိုင်ချေများတဲ့ လူတစ်ယောက်လား။

ကိုယ်ဝန်ဆောင်တဲ့ အခါ ကလေးတစ်ယောက်တည်းထက် အမြွာလေးတွေ လိုချင်တဲ့သူပိုများကြပါတယ်။ ဗိုက်လည်းတစ်ခါပဲ အနာခံရတယ်၊ ကလေးက ၂ ယောက်တောင်ရမှာ။ ပြီးတော့ အမြွာလေးတွေဆိုတော့ ကလေးအချင်းချင်းလည်း ကစားဖော်ကစားဖက်ရှိတော့ သူတို့လည်း မပျင်းရတော့ဘူးလေ။ နောက်ပိုင်းမှာ ကလေးတစ်ယောက်တည်းထက် အမြွာလေးတွေမွေးတာကလည်း ပိုခေတ်စားလာတာဆိုတော့ အမြွာလိုချင်တဲ့စုံတွဲတိုင်း ဒါလေးတွေသိထားသင့်တယ်နော်။ ။ အမြွာလေးမွေးမလား မမွေးဘူးလားဆိုတဲ့ အပေါ် ဘယ်လိုအချက်တွေက သက်ရောက်တာလဲ ။ ။ မျိုးရိုး။ မျိုးရိုးထဲမှာ အမြွာလေးမွေးထားတဲ့သူရှိတဲ့အခါ ကိုယ့်မှာလည်း အမြွာလေးမွေးနိုင်ချေများပါတယ်။ အထူးသ့ဖြင့် အမေဘက်က အဒေါ်တွေ အဖွားတွေက အမြွှာလေးမွေးဖူးထားရင် ကိုယ်လည်း အမြွာလေးတွေ မွေးနိုင်ချေရှိပါတယ်။ လူမျိုး ။ အနောက်တိုင်းသားတွေက အာရှသားတွေထက် အမြွာလေးတွေ မွေးနိုင်ချေ ပိုများပါတယ်။ အနောက်နိုင်ငံသားတွေထဲကမှ လူမည်းတွေလူဖြူတွေထက် အမြွှာလေးတွေ မွေးနိုင်ချေပိုများပါတယ် ကလေးအများကြီးမွေးထားတဲ့အခါ ရှေ့မှာ ကလေးတွေ အများကြီးမွေးထားတဲ့သူတွေကပိုပြီး အမြွာလေးတွေ မွေးနိုင်ချေပိုများပါတယ်။ ကလေး ၈ […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ရင်သွေးလေးကို မီးမီးလေးမှ လိုချင်တယ်ဆိုတဲ့ စုံတွဲတိုင်းအတွက်။ ။

သားဦးလေးကို မီးမီးလေးအရင်လိုချင်တယ်၊ သားသားလေးက ရှိနေပြီဆိုတော့ နောက်တစ်ယောက်ကို မီးမီးလေးလိုချင်တယ်ဆိုတဲ့ စုံတွဲတွေရှိလား။ သားလေးလိုချင်ရင် ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်ဆိုတာတွေက များနေတော့ ဒီတစ်ခေါက် မီးမီးလေးလိုချင်ရင် လုပ်သင့်တဲ့ အချက်တွေ အကြောင်းပြောပြပေးချင်ပါတယ်။ သားသမီးရတနာဆိုတာ ကံကပေးတယ်ဆိုပေမယ့် ခုလို ကြိုးစားကြည့်ထားတော့ မမှားဘူးပေါ့။ မီးမီးလေး လိုချင်ရင် ဒါတွေလုပ်ကြည့်လို့ရပါတယ်။ ဒီလို စားပါ။ မေမေဆို အက်ဆစ်ပြောင်းစေမယ့် အစားအစာတွေစားပါ။ အက်ဆစ်ဓါတ်များတဲံ အစားအစာတွေစားသင့်တယ်ဆိုပေမယ့် များကြီးစားဖို့တော့ မလိုအပ်ပါဘူး။ အက်ဆစ်ဓါတ်များတဲ့ အစားအစာဆိုတိုင်း ချဉ်တဲ့အစားအစာတွေ အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို ပြောတာမဟုတ်ပါဘူး။ ကိုယ်ထဲကို ရောက်သွားတာနဲ့ အက်ဆစ်ဓါတ်ဘက်ကို ရောက်သွားမယ့် အစးအစာတွေကို ပြောတာဖြစ်ပါတယ်။ ကိုယ်တွင်း အက်ဆစ်ဓါတ်အပြောင်းအလဲကိုဖြစ်စေမယ့် အစားအစာတွေကတော့ နေ့စဉ်စားနေတဲ့ အသားငါး ၊နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ထမင်း၊ ဂျုံ၊ ပြောင်းဖူး၊ ကြက်ဥ အကာ၊ ချော့ကလက်နဲ့ အခြား ချဉ်တဲ့အသီးတွေဖြစ်တဲ့ […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

မမျိုးဥအိမ် ရေအိတ်တည်ခြင်းနဲ့ ကိုယ်ဝန်ရခြင်း မရခြင်း ။ ။

မမျိုးဥအိမ် ရေအိတ်တည်တဲ့ပြဿနာဟာ မိန်းကလေးတော်တော်များများမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါ။ ဖြစ်လေ့ရှိကြတဲ့ဆိုပေမယ့် မမျိုးဥအိမ်မှာ ရေအိတ်တည်တဲ့ ပြဿနာ ကိုယ့်မှာရှိနေတယ်ဆိုတဲ့အကြောင်း သိတဲ့ မိန်းကလေးတွေက နည်းပါတယ်။ အများစုကတော့ အာထရာဆောင်းရိုက်ရင်းနဲ့မှ မတော်တဆ တွေ့သွားတတ်ကြတာများပါတယ်။ ကြားဖူးကြတာရှိတယ်မလား။ မမျိုးဥအိမ်မှာ ရေအိတ်တည်ရင် ကိုယ်ဝန်ရဖို့ အနှောင့်အယှက်ရှိနိုင်တဲ့ ဆိုတဲ့ အကြောင်းတွေ။ ဒါတွေက အမှန်ပဲလား။ မျိုးဥအိမ်ကရေအိတ်နဲ့ ကိုယ်ဝန်အကြောင်း မပြောခင် မမျိုးဥအိမ်မှာ ရေအိတ်တည်တာ ဘယ်လိုဖြစ်တာလဲဆိုတဲ့အကြောင်း အရင်သိဖို့လိုအပ်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွားအင်္ဂါအစိတ်အပိုင်းမှာ မက်မွန်သီးနဲ့ ပုံစံရော၊ အရွယ်အစားပါ အတူတူ လောက် ရှိတဲ့ မျိုးဥအိမ် ၂ခုရှိပါတယ်။ မျိုးဥအိမ် တစ်ခုက သားအိမ် ရဲ့တစ်ဖက် တစ်ချက်စီမှာ တည်ရှိပါတယ်။ မျိုးဥတွေဟာ မျိုးဥအိမ် ထဲမှာကြီးထွားလာပြီး လစဉ် ဓမ္မတာ စက်ဝန်းကာလအတွင်းမှာ မျိုးဥအိမ်က ထွက်ရှိပါတယ်။ မျိုးဥအိမ် […]


အခြားသော ကိုယ်ဝန်ဆောင်ခြင်း အကြောင်းအရာများ

သားအိမ်က ရှိသင့်တဲ့အရွယ်အစားထက်သေးနေတယ်၊ ကိုယ်ဝန်ရနိုင်လား

အိမ်ထောင်ရက်သားကျသွားပြီဖြစ်တဲ့လေဒီလေးတွေရဲ့ စိတ်ကူးက ကိုယ်နဲ့တူတဲ့ မီးမီးလေး၊ ချစ်ချစ်နဲ့တူတဲ့ သားသားလေးမွေးချင်တာပါ။ မိန်းကလေးတွေက မွေးရာပါ မိခင်စိတ်ပါလာကြသူတွေဖြစ်သလို ရင်သွေးလေးတွေကို အကောင်းဆုံးပျိုးထောင်ပေးချင်တဲ့ စိတ်ကူးရှိသူတွေပေါ့။ ဒါပေမယ့် ဒီစိတ်ကူးကလေဒီတိုင်းမပြည့်နိုင်ကြပါဘူး။လေဒီလေးတွေကို သားသားမီးမီးလေးတွေမွေးဖွားရာမှာ အခက်တွေ့စေနိုင်တဲ့ အခြေအနေလေးတစ်ရပ်အကြောင်း အခုတစ်ခေါက်ပြောပြပေးချင်ပါတယ်။ ဒါကတော့သားအိမ်ကရှိသင့်တဲ့ အရွယ်အစားထက်သေးနေတယ်။ သားသားမီးမီးလေးလိုချင်တယ်။ ရနိုင်ပါ့မလားဆိုတဲ့ ကိစ္စလေးပါ။ သားအိမ်ကရှိသင့်တဲ့အရွယ်အစားထက်သေးနေတယ် (Uterine Hypoplasia) ဒါကတော့ မိန်းကလေးတစ်ယောက်ရှိသင့်တဲ့ သားအိမ်အရွယ်အစားထက်သေးနေတဲ့ သားအိမ်နဲ့မွေးဖွားလာတဲ့ အခြေအနေတစ်ရပ်ပါ။မွေးရာပါအခြေအနေတစ်ခုပေါ့။ သားအိမ်ကပြည့်ပြည့်ဝဝမဖွံ့ဖြိုးခဲ့တဲ့ အခြေအနေပါ။ သားအိမ်ကရှိသင့်တဲ့ အရွယ်အစားထက်တော်တော်လေးသေးနေတဲ့အနေအထားပါ။ ဒီအခြေအနေက အမြဲမွေးရာပါလို့တော့ ဆိုလို့မရပါဘူး။ အချို့မိန်းကလေးတွေမှာက အပျိုဖော်ဝင်ချိန်မှ ဒီအခြေအနေကိုကြုံတွေ့ရတာပါ။ prolactin ပမာဏမြင့်တက်မှုကြောင့် သားအိမ်အရွယ်အစားက ကြီးမလာတော့တာပါ။prolactin ဟော်မုန်းက ဦးနှောက်ထဲမှာရှိတဲ့ ပစ်ကျူထရီဂလင်းကနေ ထုတ်လွှတ်ပေးတာပါ။ အပျိုဖော်မဝင်ခင်မှာ ပစ်ကျူထရီဂလင်းက prolactin ဟော်မုန်းကို အလွန်အကျွံထုတ်လွှတ်ပေးတာကြောင့် သားအိမ်အပါအဝင် မျိုးပွားအင်္ဂါတွေရဲ့ ပုံမှန် […]

ad iconကြော်ငြာ
ad iconကြော်ငြာ





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း