ကိုယ်ဝန်ရရှိခြင်း

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍဟာ ဘေဘီလေးလိုချင်တဲ့ စုံတွဲတိုင်း သိထားသင့်တဲ့ အကြောင်းအရာများကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ရရှိခြင်း

စိတ်ဖိစီးမှုတွေ က အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သလား၊၊

စိတ်ဖိစီးမှုတွေ က ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သိထားပြီးမှာ ဖြစ်မှာပါ၊၊ ဒါတင်မက စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ သုက်ကောင်တွေနဲ့ သုက်ရည်အပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတဲ့ လေ့လာချက်တွေ ထွက်ပေါ်လာပါပြီ၊၊ တစ်နည်းအားဖြင့်တော့ စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိနေပါပြီ၊၊ စိတ်ဖိစီးမှုတွေ နဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်း ၂၀၁၄ခုနှစ်က စိတ်ဖိစီးမှုနဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး လေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်၊၊ ဒီလေ့လာချက်မှာ ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ အသက် ၃၈နဲ့ ၄၉နှစ်ကြား အမျိုးသား ၁၉၃ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်၊၊ ဒီလေ့လာချက်မှာ လုပ်ငန်းခွင် ဖိစီးမှု၊ စိတ်ဖိစီးစရာ အဖြစ်အပျက်တွေနဲ့ ကြုံရတာ၊ စိတ်ဖိစီးမှုကို လက်ခံနိုင်စွမ်း စတာတွေကို ထည့်သွင်းလေ့လာခဲ့ပါတယ်၊၊ တွေ့ရှိချက်ကတော့ တစ်နှစ်မှာ စိတ်ဖိစီးစရာ အဖြစ်အပျက် ၂ခုနဲ့အထက် ခံစားခဲ့ရတဲ့ […]

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုယ်ဝန်ရရှိခြင်း ကို ရှာဖွေမည်။

ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ယောက်ျားလေးကိုယ်ဝန်ရမလား၊ မိန်းကလေးကိုယ်ဝန်ရမလားဆိုတာ သင့်အလေ့အကျင့်က လုပ်ယူပေးနိုင်လား

ဖန်ပြွန်သန္ဓေဆောင်ခြင်း၊ သုက်ပိုးထည့်သွင်း၍ ကိုယ်ဝန်ဆောင်စေခြင်းစတဲ့ ရှားရှားပါးပါး နည်းပညာအချို့အရ ယောက်ျားလေးမွေးမလား၊ မိန်းကလေးမွေးမလားဆိုတာ ကံကြမ္မာအရပါပဲ။ ဒါပေမယ့် ကလေးရဲ့ ယောက်ျားလေးဖြစ်မလား၊ မိန်းကလေးဖြစ်မလား ဆိုတာအပေါ် လွှမ်းမိုးတဲ့ အချက်တွေ ရှိပါတယ်။ ဒါကို တိတိပပတော့ သက်သေမပြနိုင်ပေမယ့် ရိုးရှင်းတဲ့နည်းလမ်းတချို့ကို ကျင့်သုံးခြင်းဟာ သင့်ကို အကျိုးတော့မယုတ်စေပါဘူး။ စားသာက်မှုပုံစံ ဗြိတိန်က သုတေသနတစ်ခုမှာ ပထမအကြိမ် ကိုယ်ဝန်ဆောင်သူ ၇၂၁ဦးကို သူတို့ရဲ့ ကိုယ်ဝန် မဆောင်မီနဲ့ ကိုယ်ဝန်ဆောင် ပထမ၃လအတွင်း စားသောက်မှုပုံစံတွေကို စာရင်းပြုစုခဲ့ပါတယ်။ ပုံမှန်စားနေကြ အစားအစာတွေအပြင် ကိုယ်ဝန်ဆောင်ကာလမှာ စားသုံးမှုများကိုပါ မှတ်တမ်းတင်စေခဲ့ပါတယ်။ သုတေသီများဟာ အမျိုးသမီးများကို အုပ်စု၃စု ခွဲခြားပြီး စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးချက်အရ တစ်နေ့ကို ကယ်လိုရီ ၂၂၀၀ နဲ့အထက် စားသုံးသူ အမျိုးသမီးများဟာ ပုံမှန်ပမာဏ ၁၈၅၀ ခန့်သာ စားသုံးတဲ့ အမျိုးသမီးများထက် […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

ကိုယ်ဝန်ရစေနိုင်သော ဆေးဝါးများ

အချိန်မတိုင်မီ မျိုးဥကြွေခြင်းအား ဟန့်တားပေးသော ဆေးဝါးများ Gonadotropin ထွက်စေသော ဟော်မုန်းဆေးများ (GnRH ပေါင်းစပ်ဆေးများ) GnRH ဆေးများကို နေ့စဉ်ဖြစ်စေ လစဉ်ဖြစ်စေ ထိုးဆေးအနေနဲ့ သုံးစွဲနိုင်ပါတယ်။ Luzon၊ Zoladex စတဲ့နာမည်တွေနဲ့ ဈေးကွက်မှာ ရှိပါတယ်။ နှာခေါင်းဖြန်းဆေးအနေနဲ့လည်း သုံးနိုင်ပါတယ်။ Synarel ဆိုတဲ့ တံဆိပ် ဖြစ်ပါတယ်။ ဒီဆေးဝါးများဟာ ဓမ္မတာကာလ အလယ်ပိုင်းမှာ မြင့်တက်လာတဲ့ ဟော်မုန်းထွက်ခြင်းကို တားဆီးပေးပါတယ်။ ဒါကြောင့် မျိုးဥအိမ်ကနေ စောစီးစွာ ပယ်ဖျက်ပြီး မျိုးဥအရေအတွက် မြင့်တက်လာခြင်းကို တားဆီးပေးပါတယ်။ ဒီဆေးတွေကို Gonadotrophin ဆေးများ မထိုးမီနဲ့ ထိုးစဉ်မှာ သုံးစွဲနိုင်ပါတယ်။ Gonadotropin ထွက်စေသော ဟော်မုန်း ဆန့်ကျင်ဆေးများ (GnRH ဆန့်ကျင်ဆေးများ) အရေပြားအောက် ထိုးဆေးပုံစံနဲ့ ၃-၄ရက်ခန့် နေ့စဉ် ထိုးပေးနိုင်ပါတယ်။ GnRH ဆန့်ကျင်ဆေးဟာ gonadotrophin […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ပျက်ကျပြီး နောက် ဘယ်လိုဖြေသိမ့်ရမလဲ

ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ ကြိုသိနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ တကယ်တမ်းကြုံလာတဲ့အခါ ကိုယ့်ရင်သွေးလေးကို ဆုံးရှုံးလိုက်ရပြီဆိုတဲ့ ဝမ်းနည်းမှုအတိုင်းအတာက ထင်ထားထက်ကို ပိုနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျပြီး တဲ့အချိန်က တကယ်ကိုအရေးကြီးပါတယ်။ ဖြစ်ပြီးသွားတဲ့အရာကို ဘာမှမတတ်နိုင်တော့ဘူးဆိုပေမယ့် လက်ရှိမိခင်လောင်းရဲ့ ကျန်းမာရေးက အဓိကထားရမယ့်အချက်ပါ။ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေက ခန္ဓာကိုယ်ရုပ်ပိုင်းထက် အနာကျက်ဖို့ အချိန်ပိုကြာလေ့ရှိပါတယ်။ ဒါ့ကြောင့် ဆုံးရှုံးမှုအပေါ် ဝမ်းနည်းပူဆွေးစိတ်တွေ သက်သာအောင် ကိုယ့်ဘာသာကြိုးစားတာကပဲ အချိန်ကြာလာတာနဲ့အမျှ လက်ရှိအခြေအနေကို လက်ခံပေးနိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ ကိုယ်ဝန်က ဘယ်နှစ်လပဲဖြစ်ဖြစ် ကိုယ်ဝန်ပျက်ကျပြီးရင် အပြစ်မကင်းစိတ်တွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ဝမ်းနည်းစိတ်တွေဖြစ်လာမယ့်ကာလကို ကျော်ဖြတ်ရမှာ သဘာဝပါပဲ။ ဘာ့ကြောင့်များဒီလိုဖြစ်ရတာလဲဆိုပြီး နှမျောတသစိတ်နဲ့ တွေးနေမိမှာလည်းသေချာပါတယ်။ ကိုယ်ဝန်ပျက်ကျပြီးနောက် ဖြစ်လာနိုင်ခြေရှိတဲ့ ခံစားချက်တွေက အပြစ်တင်စိတ် - ဒီလိုဖြစ်ရတာတွေက ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဆိုတာ မတွေးပါနဲ့။ လုပ်ရပ်ကိစ္စတစ်ခုခုကြောင့် ဖြစ်လာတာမျိုးက နည်းပါတယ်။ ဒေါသစိတ် -တစ်ခါတလေ ကိုယ့်အနီးအနားကသူတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေကို […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရှိမရှိ စစ်ဆေးမှုများ : ကိုယ်ဝန်ရှိနေသော်လည်း မရှိကြောင်း အဖြေရခြင်း နှင့် ကိုယ်ဝန်မရှိသော်လည်း ရှိကြောင်း အဖြေရခြင်း

အမျိုးသမီးများသည် ရာသီသွေးမပေါ်တော့လျှင် အလွယ်နည်များဖြင့် မိမိအိမ်တွင်ပင် ကိုယ်ဝန်ရှိမရှိစစ်ဆေးကြသော်လည်း ထိုစစ်ဆေးမှုများသည် တိကျမှုမရှိကြောင်း လေ့လာမှုများအရသိရှိရသည်။ အကြောင်းမှာ ထိုနည်းများသည် လူတို့ထင်ထားသလောက်တိကျသော အဖြေကို ပေးနိုင်သော နည်းလမ်းမဟုတ်ပါ၊ ရာသီမပေါ်ပြီး ၁ ပတ်ခန့်ကြာမှ စစ်ဆေးခြင်းက ပိုပြီးစိတ်ချရပါသည်။ သို့သော်လည်း စစ်ဆေးမှုရလဓ်များသည် မှားနိုင်ချေ ၂ မျိုးရှိပါသည်။   ကိုယ်ဝန်ရှိနေသော်လည်း မရှိကြောင်း အဖြေရခြင်း ဆိုတာဘာလဲ။ ကိုယ်ဝန်ရှိနေသော်လည်း မရှိကြောင်း အဖြေရခြင်း ဆိုသည်မှာ သင့်တွင် ကိုယ်ဝန်မရှိသော်လည်း ရှိကြောင်းပြနေသော အဖြေများကို ခေါ်ပါသည်။ ထိုသို့ဖြစ်ရခြင်း အကြောင်းများမှာ သွေးဆုံးသွားခြင်း၊ နေရာမှား သန္ဓေတည်ခြင်း သို့မဟုတ် မျိုးဥအိမ်တွင် ချို့ယွင်းမှုများရှိခြင်းတို့ကြောင့်ဖြစ်နိုင်ပါသည်။ ထို့ပြင် မျိုးအောင်ပြီးသော မျိုးဥသည် သားအိမ်နံရံတွင် မကပ်တွယ်နိုင်ဘဲပျက်စီးသွားခြင်း၊ HCG ဟော်မုန်းပါသော မျိုးအောင်ဆေးများသောက်ပြီး ခဏအကြာတွင် ကိုယ်ဝန်ကို စစ်ဆေးမိခြင်းတို့ကြောင့်လည်းဖြစ်နိုင်ပါသည်။(HCG ဟော်မုန်းဆိုသည်မှာ မျိုးအောင်ပြီးသော ဥသည် သားအိမ်တွင်ကပ်တွယ်ပြီးနောက် […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ဇီကာရောဂါ ဖြစ်ပွားနေတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်ခြင်းကို ရှောင်ကျဉ်သင့်လား

ယခုအခါ ကလေးယူဖို့ စိတ်ကူးရှိနေမယ်ဆိုရင် ဇီကာဗိုင်းရပ်စ်ဟာ အရေးတယူ စဉ်စားရမယ့် ကိစ္စတစ်ခုဖြစ်လာပါပြီ။ မိန်းမအများစုက ဇီကာဗိုင်းရပ်စ်ဆိုတာဘာလဲ၊ ဘယ်လိုကုသနိုင်မလဲ၊ ရောဂါလက္ခဏာတွေက ဘာတွေလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ၊ ဇီကာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်သင့်လား၊ မသင့်ဘူးလားဆိုတာကို သိချင်နေကြပါတယ်။   ဇီကာဗိုင်းရပ်စ်ဆိုတာဘာလဲ။ ဇီကာရောဂါဟာ ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရတာပါ။ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (WHO)က ကိုယ်ဝန်ဆောင်များအတွက် ဇီကာဗိုင်းရပ်စ်နဲ့ ဇီကာရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြအနေအဖြစ် သတ်မှတ်ပြီးပါပြီ။ ထိုအခြေအနေသည် ရိုးရိုးသာမန်လူများထက် ကိုယ်ဝန်ဆောင်မိခင်တို့ဖြင့် ဆက်စပ်မှုရှိနေပါတယ်။ ဇီကာရောဂါက မွေးရာပါချို့ယွင်းချက် အများအပြားကို ဖြစ်စေပါတယ်။ ထိုဗိုင်းရပ်စ်နဲ့ ရောဂါတို့က Microcephaly လို့ခေါ်တဲ့ ဦးနှောက်ထိခိုက် ခံရနိုင်ဖွယ်ရှိသော ဦးခေါင်းသေးရင်သွေးငယ်များ မွေးဖွားလာစေပါတယ်။   ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အဖျားတက်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်ကိုက်ခဲခြင်း၊ မျက်လုံးနီခြင်းတို့လိုမျိုး လက္ခဏာတွေဟာ ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာနိုင်ပါတယ်။ ၂ရက်ကနေ ၇ရက်အထိ ကြာမြင့်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ ဇီကာဗိုင်းရပ်စ် […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

မျိုးအောင်နိုင်သော်လည်း ကလေးမရနိုင်သည့် အကြောင်းအရင်းများ

ကလေးမရဘူး ဆိုတာ မျိုးမအောင်ခြင်း တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကလေးရနိုင်ခြေ ဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာတို့နဲ့ ဆက်နွယ်လျက် ရှိပါတယ်။ ဒီအချက်အလက်တွေကို သတိပြုမိဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ မျိုးအောင်နိုင်သော်လည်း ကလေးမရနိုင်သည့် အကြောင်းအရင်းများ ကို ပြောပြပေးချင်ပါတယ်။ ဒါမှပဲ ကလေးမရခြင်းကို ဖြေရှင်းနိုင်ရန်အတွက် တိကျကောင်းမွန်တဲ့ ချဉ်းကပ်မှုတွေကို ပြုလုပ်နိုင်မှာပါ။ မျိုးအောင်နိုင်သော်လည်း ကလေးမရနိုင်သည့် အကြောင်းအရင်းများ မျိုးအောင်နိုင်သော်လည်း ကလေးမရနိုင်သည့် အကြောင်းအရင်းများ ကတော့ အမျိုးသားနဲ့ဆိုင်တဲ့ ပြဿနာများ သုက်ပိုးတွေရဲ့ အရည်အသွေးက ကလေးရနိုင်ခြေ အပေါ် အများကြီး လွှမ်းမိုးနေပါတယ်။ အရည်အသွေး ညံ့ဖျင်းတဲ့ သုက်ပိုးတွေက မမျိုးဥဆီ ရောက်ရှိဖို့ ခက်ခဲသွားတာကြောင့် မျိုးအောင်နိုင်ခြေသည် လျော့ကျသွားပါတယ်။ ဒါ့အပြင် သုက်ပို့ပြွန် ပုံသဏ္ဍန်မမှန်ခြင်းကလည်း သုက်ရည်စီးဆင်းမှုကို နှောင့်နှေးစေပါတယ်။ ၃၀-၄၀% သော ဇနီးမောင်နှံတွေက ဒီအခြေအနေကြောင့် ကလေးရဖို့ ခက်ခဲတတ်ပါတယ်။ သားအိမ်သွေးလုံးတည်ခြင်း/ […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

အသက် ၄၀ ကျော်အရွယ် ကိုယ်ဝန်ဆောင်များတွင်ဖြစ်နိုင်သော အန ္တရာယ်များ

များစွာသော အကြောင်းများကြောင့် ယနေ့ခေတ်တွင် အမျိုးသမီးများသည် အသက်ကြီးမှ ကလေးယူဖြစ်ကြသည်။ အဓိကအားဖြင့် မိမိတို့၏ အလုပ်အကိုင်အခြေအနေနှင့် ၊ ပညာရေးတပိုင်းတစမဖြစ်လိုသောကြောင့် ထိုသို့ဖြစ်ခြင်းဖြစ်နိုင်သည်။ သို့သော် သက်လတ်ပိုင်းရောက်မှ ကလေးမွေးခြင်းသည် ကလေးငယ်တွင် Down ရောဂါစု နှင့် မိခင်ရော ကလေးကိုပါ အခြားသောဖြစ်နိုင်ချေများသည့်နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေနိုင်ပါသည်။ သိပ္ပံ ပညာရှင်များ၏ အထောက်အထားများအရ သက်လတ်ပိုင်းရောက်မှ ကလေးမွေးခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးပိုများကြောင်း ဖော်ပြထားပါသည်။ သက်လတ်ပိုင်း မိခင်များသည် ကလေးမွေးရာတွင် အကူပစ္စည်းများမွေးရခြင်း၊ ခန္ဓါကိုယ်ရှိကြွက်သားများသည် အလိုက်သင့် လှုပ်ရှားနိုင်ခြင်းမရှိတော့ခြင်းကြောင့် ရိုးရိုးမမွေးနိုင်ဘဲ ဗိုက်ခွဲမွေးရလေ့ရှိပါသည်။ ထို့ကြောင့် သူတို့သည် ကလေးမွေးနေစဉ် အန ္တရာယ်များနှင့် ကြုံရနိုင်ချေများပါသည်။ ထို့ပြင် သက်လတ်ပိုင်း မိခင်များသည် အသက်ငယ်သူများထက် ကိုယ်ဝန် ပျက်ကျနိုင်ချေပိုများပါသည်။ လေ့လာချက်များအရ အသက် ၂၀ မှ ၂၄ နှစ်အတွင်းကိုယ်ဝန်ဆောင်များ၏ ၉%သည် […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကလေးမယူမီ စီစဉ်သင့်သောအရာများ

သင်သည် ကလေးယူရန် ဆုံးဖြတ်ပြီးပြီလား။ သင်သည် မိခင်တစ်ဦးအဖြစ်ခံယူရန် စိတ်ထဲတွင် အဆင်သင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် သင့်တွင် ရုပ်ပိုင်းဆိုင်ရာအရလည်း အဆင်သင့်ဖြစ်နေရန် လိုအပ်ပါသည်။ ကိုယ်ဝန်မဆောင်မီ လိုအပ်သည်များကို အစီအစဉ်တကျပြုလုပ်ခြင်းသည် ကိုယ်ဝန်ဆောင်မည့်သူတိုင်း ပြုလုပ်သင့်သောအရာများဖြစ်ပါသည်။ အောက်ပါမေးခွန်းများကို လေ့လာကြည့်ပါ။ မည်သည့် သန္ဓေတားဆေးမျိုးကို သင်အသုံးပြု နေသလဲ။ သင်သည် ကိုယ်ဝန်တားရန် သောက်ဆေးသုံးသူဖြစ်ပါက ရာသီသွေးပေါ်ခြင်းသည် ဆေးဖြတ်ပြီး ၂ ပတ်ခန့်အထိနောက်ကျနိုင်ပါသည်။ သေချာအောင် လအနည်းငယ်မျှ ထပ်စောင့်ကြည့်ချင်လျှင် ကွန်ဒုံးသုံးခြင်းဖြင့် အတူနေနိုင်သည်။ သင်သည် Progestrone ထိုးဆေးများ (ကြာရှည် သန္ဓေတားဆေးများ)ထိုးနေလျှင် ဆေးရပ်ပြီး ပုံမှန်ရာသီစက်ဝန်း ပြန်ရောက်ရှိရန် အတော်ကြာပေးလိမ့်မည်။ လေ့လာမှုများအရ အမျိုးသမီးများ၏ ၅၀% သည် ထိုးဆေးရပ်ပြီး ၇ လခန့်ကြာမှသာကိုယ်ဝန်ရကြောင်း တွေ့ရသည်။ ကာကွယ်ဆေးများ အပတ်မီအောင် ထိုးထားရဲ့လား။ ရေကျောက်၊ ဂျိုက်သိုး ကဲ့သို့သောရောဂါများသည် သင့်ဗိုက်ထဲတွင်ရှိသော ကလေးကို အသက်အန္တရာယ်ဖြစ်စေနိုင်သည်။ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်မဆောင်ခင် ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေ

ကိုယ်ဝန်မဆောင်ခင် သင့်တော်တဲ့ ကာကွယ်ဆေးတွေ ထိုးထားခြင်းအားဖြင့် သင့်အတွက်ရော ရင်သွေးလေးရဲ့ ကျန်းမာရေးအတွက်ပါ စိတ်ချရစေပါတယ်။ သင့်ခုခံအားစနစ်ဟာ သင့်ကလေးရဲ့ အကြီးဆုံးနဲ့ ပထမဆုံး ခံတပ်ကြီးဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကလေးယူတော့မယ်၊ကိုယ်ဝန်ဆောင်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ကာကွယ်ဆေးတွေကို လိုအပ်သမျှ ပြည့်စုံအောင် ထိုးထားရမှာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ကိုဒုက္ခပေးနိုင်တဲ့ အချို့သော ကူးစက်ရောဂါတွေဟာ ကြိုတင်ကာကွယ်လို့ရနိုင်ပါတယ်။ သင့်အနေနဲ့ အဆိုပါ ရောဂါတွေကို ခုခံတိုက်ထုတ်နိုင်တဲ့ ခုခံအား ရှိမရှိ သိနိုင်ဖို့အတွက် ကိုယ်ဝန်မဆောင်ခင်မှာ သွေးစစ်ဆေးမှုလေးတွေ ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့ သင့်မှာ ခုခံအားမရှိသေးဖူးဆိုရင် ကာကွယ်ဆေးထိုးသင့်ပါတယ်။ ၎င်းကာကွယ်ဆေးတွေဟာ ဗိုင်းရပ်စ်အရှင်တွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ကလေးကိုထိခိုက်နိုင်တဲ့အတွက် သင့်အနေနဲ့ ဆေးထိုးပြီး တစ်လအတွင်း ကိုယ်ဝန်မရအောင် ဆင်ခြင်ရပါမယ်။   ၁။ ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးကာကွယ်ဆေး ဝက်သက်ဟာ ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ဖျားနာခြင်း၊ချောင်းဆိုးခြင်း၊နှာစေးခြင်း စတဲ့ […]


ကိုယ်ဝန်ရစေမည့်နည်းလမ်းများ

သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်းလေးတွေ

သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်း (၆)မျိုးကို အောက်မှာ ဖော်ပြပေးထားပါတယ်။ သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်းလေးတွေ သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်းလေးတွေ ကတော့ သဘာဝနည်းလမ်း (၁) : မှန်ကန်တဲ့ အချိန်မှာ ချစ်တင်းနှောပေးပါ။ ဒါဟာ ကိုယ်ဝန်ရဖို့အတွက် အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။ ကွန်ဒုံး ဒါမှမဟုတ် အခြားသော သားဆက်ခြားနည်းလမ်းတွေ မသုံးဘဲ အချိန်မှန်မှန် လိင်ဆက်ဆံပေးပါ။ ဒါပေမယ့် နေ့တိုင်းကြီး လိင်ဆက်ဆံဖို့မလိုသလို သားဥကြွေချိန်ကိုလည်း အရမ်းကြီးမယုံစားပါနဲ့။ ဒီလိုအချက်တွေပေါ် အရမ်းကြီးစိတ်ရောက်နေရင်လည်း လိင်ဆက်ဆံရာမှာ စိတ်မပါဖြစ်တတ်ပါတယ်။ သဘာဝနည်းလမ်း (၂) : သင့်ရာသီစက်ဝန်းကို အတိအကျသိပါစေ။ တလလုံးတောက်လျှောက် လိင်ဆက်ဆံနိုင်တယ်ဆိုပေမယ့် သင့်ရာသီစက်ဝန်းကိုလည်း သိထားသင့်ပါတယ်။ မမျိုးဥနဲ့ အဖိုသုက်ပိုးတို့ ပေါင်းစုံပြီး မျိုးအောင်မှသာ ကိုယ်ဝန်ရရှိမှာဖြစ်ကာ ဒီအခြေအနေဟာ ရာသီစက်ဝန်းရဲ့ ၁၄ရက်ပတ်လည်လောက်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ တလလုံး စိတ်ပါသလို လိင်ဆက်ဆံနိုင်ပေမယ့် ကိုယ်ဝန်ရနိုင်ခြေ အများဆုံးအချိန်ကိုလည်း မမေ့ပါနဲ့။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း