ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေ နဲ့ မျောက်ကျောက်ရောဂါ

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကူးစက်ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါက ကိုယ်ဝန်ဆောင်မေမေတွေမှာ ကူးစက်နိုင်လား။ ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရရင် ဘယ်လိုမျိုး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ။ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ မျောက်ကျောက်ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ မျောက်ကျောက်ရောဂါ ဆိုတာ မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။  Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။ မျောက်ကျောက်ရောဂါကို 1958 […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်နဲ့ လိပ်ခေါင်းပြဿနာ

လိပ်ခေါင်းဆိုတာဘာလဲ။   အူမကြီးအဆုံးပိုင်းနဲ့စအိုတဝိုက်မှာရှိတဲ့သွေးပြန်ကြောတွေဖောင်းကားရောင်ရမ်းတာကိုလိပ်ခေါင်းလို့အလွယ်ခေါ်ကြပါတယ်။ တချို့လူနာတွေမှာဆိုရင်အဲ့ဒီသွေးကြောလေးတွေဟာဖောင်းကားလွန်းနေပြီးအရမ်းတင်းနေတာကြောင့်ပါးလှပ်နေပြီးအပြင်ကိုကျွံထွက်လာတတ်ကာနေရာတာကသိကအောင့်ဖြစ်ပြီးနာကျင်စေပါတယ်(အထူးသဖြင့်အိမ်သာတက်တဲ့အချိန်တွေမှာပေါ့)။ ဒီနာကျင်ပြီးကသိကအောက်ဖြစ်ရတဲ့အခြေအနေဟာကိုယ်ဝန်ဆောင်မိခင်တွေမှာအရမ်းကိုအဖြစ်များလှပါတယ်။ အထူးသဖြင့်ကိုယ်ဝန်၂၇ပတ်နောက်ပိုင်းမှာအဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာဘာလို့လိပ်ခေါင်းဖြစ်တာလဲ။   ဝမ်းချုပ်တာကနေပြီးတော့လည်းလိပ်ခေါင်းဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလိပ်ခေါင်းဖြစ်ရခြင်းရဲ့အဓိကအကြောင်းရင်းခံကတော့အူမကြီးအဆုံးပိုင်းနဲ့စအိုနားတဝိုက်မှာဖိအားတွေပိုလာလို့ဖြစ်ပြီးဝမ်းချုပ်တာကလည်းတတပ်တအားပါဝင်ပတ်သက်နေပါတယ်။ လိပ်ခေါင်းရောဂါရဲ့လက္ခဏာတွေကဘာတွေလဲ။ လိပ်ခေါင်းရောဂါရဲ့အတွေ့ရများတဲ့လက္ခဏာတွေက စအိုနားတဝိုက်မှာအနေရခက်တာ၊ယားတာဒါမှမဟုတ်နာတာ။ အိမ်သာတက်ပြီးသန့်စင်တဲ့အခါသုံးတဲ့တစ်ရှူးမှာဒါမှမဟုတ်အိမ်သာကြွေခွက်မှာသွေးတွေပေနေတာ။ စအိုဝတဝိုက်မှာခပ်စိုစိုပန်းရောင်ရှိတဲ့အသားစိုင်တခုရှိနေတာဒါမှမဟုတ်စအိုဝကနေထွက်လာတာ။ ဘယ်အချိန်မှာဆေးဝါးကုသမှုခံယူရမလဲ။ စအိုကသွေးထွက်တာဟာဆိုးရွားပြီးအရေးကြီးတဲ့ရောဂါတွေဖြစ်တဲ့အူမကြီးအနာတွေ၊အူမကြီးရောင်တာ၊Crohn's disease၊ diverticulitis နဲ့အူမကြီးကင်ဆာတွေရဲ့ရှေ့ပြေးလက္ခဏာဖြစ်နိုင်တဲ့အတွက်သိသိချင်းဆရာဝန်နဲ့ ပြဖို့အရမ်းအရေးကြီးပါတယ်။   လိပ်ခေါင်းရောဂါမှန်းဘယ်လိုသိနိုင်မလဲ။ သင့်ရဲ့စအိုတဝိုက်ကိုဆရာဝန်ကစမ်းသပ်စစ်ဆေးပါလိမ့်မယ်။ ချောဆီသုတ်ထားပြီးလက်အိတ်စွတ်ထားတဲ့လက်ကိုဒါမှမဟုတ်အထူးပြုလုပ်ထားတဲ့ကိရိယာတခုကိုသင့်စအိုထဲထည့်သွင်းပြီးစမ်းသပ်ပါလိမ့်မယ်။ အများဆုံးအသုံးပြုလေ့ရှိတဲ့ကိရိယာကိုစအိုတွင်းထည့်မှန်ပြောင်း (anoscope) လို့ခေါ်ပါတယ်(ဒီမှန်ပြောင်းဟာအလင်းပါတဲ့အခေါင်းပေါက် ပြွန်လေးဖြစ်ပြီးအူမကြီးအဆုံးပိုင်းရဲ့လက်မအနည်းငယ်ကိုလေ့လာကြည့်ရှုနိုင်ပါတယ်)။Proctoscopeလို့ခေါ်တဲ့ကိရိယာဟာanoscopeနဲ့အလုပ်လုပ်ပုံခပ်ဆင်ဆင်တူပြီးသူကတော့အူမကြီးထဲကိုပိုပြီးကောင်းကောင်းမြင်စေနိုင်ပါတယ်။ အတွင်းလိပ်ခေါင်းဖြစ်ခဲ့ရင်ဒါမှမဟုတ်တခြားသောစအိုကသွေးယိုစေတဲ့ရောဂါတွေဟုတ်မဟုတ်သေချာသိချင်ရင်တခြားစမ်းသပ်စစ်ဆေးမှုတွေကိုလည်းထပ်လုပ်ဖို့လိုကောင်းလိုဦးမှာဖြစ်ပါတယ်။   ကိုယ်ဝန်ဆောင်စဉ်လိပ်ခေါင်းကြောင့်နာတာကိုဘယ်လိုသက်သာစေမလဲ။ ကံကောင်းတာကကိုယ်ဝန်ကြောင့်ဖြစ်တဲ့လိပ်ခေါင်းဟာကလေးမွေးပြီးတာနဲ့သူတို့ပါလိုက်ပျောက်သွားတာပဲ ဖြစ်ပါတယ်။ ကြားကာလမှာနာကျင်တာတွေကိုသက်သာစေဖို့အတွက်အောက်ပါနည်းလမ်းလေးတွေကိုအသုံးပြုနိုင်ပါတယ်။ ရေနွေးစိမ်ပါ။ ရေဇလုံထဲရေနွေးသန့်သန့်ထည့်ပြီးတနေ့ကိုအကြိမ်အနည်းငယ်စိမ်ပေးပါ။ Witch hazel ဂျဲလ်အရည်ကိုစအိုတဝိုက်လိမ်းပေးပါ။ ကပ်ခွာကိုမကြာခဏလဲပေးပါ။ အချိန်အကြာကြီးထိုင်ခြင်းဟာအူမကြီးနဲ့စအိုတဝိုက်ကသွေးပြန်ကြောတွေကိုဖိအားများစေတဲ့အတွက်အကြာကြီးမထိုင်ပါနဲ။ ဘေးတစောင်းအိပ်ရင်အိပ်ဒါမှမဟုတ် ဖြစ်နိုင်ရင်မကြာခဏမတ်တပ်ရပ်ပေးပါ။ အချိန်အတော်ကြာအောင်ထိုင်ပြီးတိုင်းခဏတဖြုတ်နားပါ။ လမ်းထလျှောက်ပါ။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်သင့်တော်မယ့်လိပ်ခေါင်းလိမ်းတဲ့ခရင်မ်ကိုသုံးနိုင်ဖို့ဆရာဝန်ကိုမေးမြန်းပါ။ သိထားရမှာကအဲဒီခရင်မ်တွေလိမ်းလို့လိပ်ခေါင်းပျောက်သွားမှာမဟုတ်ဘဲသူတို့ကလိပ်ခေါင်းကြောင့်နာကျင်တာကိုသက်သာစေရုံသာရည်ရွယ်တယ်ဆိုတာကိုပါ။ Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကလေး အသေမွေးခြင်း

ကလေးအသေမွေးခြင်း(stillbirth) ဆိုတဲ့ စကားလုံးကို ကိုယ်ဝန်ဆောင်စဉ် ရက်သတ္တပတ် ၂၀ကို ကျော်လွန်ပြီး အောင်မြင်စွာမမွေးဖွားနိုင်မီ စပ်ကြား ကိုယ်ဝန်ပျက်ကျရာမှာ သုံးကြပါတယ်။ အသေမွေးခြင်း ကို အမျိုးအစား၃မျိုးခွဲလို့ရပါတယ်။ သန္ဓေသားသေဆုံးရဲ့အချိန်ကာလတွေပေါ်မူတည်ပြီး ရက်သတ္တပတ် ၂၀မှ ၂၇ပတ်အတွင်း ကို အစောပိုင်း ၊ ရက်သတ္တပတ် ၂၈မှ ၃၆ပတ်အတွင်း ကို နှောင်းပိုင်း၊၃၇ပတ်နောက်ပိုင်း ကို နေ့စေ့ အသေးမွေးခြင်း စသဖြင့် ၃မျိုးခွဲခြားထားပါတယ်။ ကလေးအသေမွေးနိုင်ချေကိုလျှော့ချနိုင်ဖို့အတွက် မိဘတွေဟာ ဒီအခြေအနေကိုကောင်းမွန်စွာနားလည်ထားနိုင်တဲ့ ဗဟုသုတရှိရပါလိမ့်မယ်။ ကလေးအသေမွေးခြင်း နဲ့ပတ်သက်ပြီး သင်သိကိုသိရမယ့် အချက်၃ချက်ကိုဖော်ပြထားပါတယ်။   ၁။ ကလေးအသေမွေးဖွားခြင်းဟာ ဘယ်လောက်များများဖြစ်တတ်သလဲ။ ကလေးအသေမွေးဖွားခြင်းဟာ ဖြစ်ခဲတဲ့ရောဂါတစ်ခုမဟုတ်သလို လူတိုင်းနေရာတိုင်းမှာ လူမျိုးမရွေး၊ လူမှုအဆင့်အတန်းမရွေးဖြစ်တတ်ကြပါတယ်။ အမေရိကမှာ နှစ်တိုင်း ကလေးငယ်၂၅၀၀၀ လောက်ဟာ အသက်မပါဘဲမွေးလာကြပြီး ဒါဟာတစ်ရက်ကို ကလေးအသေမွေးလာတဲ့ပြဿနာ ၇၀ နီးနီးလောက်ရှိတာနဲ့ ညီမျှပါတယ်။ ကလေးအသေမွေးနိုင်ချေကိုတွက်ရရင် ကလေး ၁၆၀ မွေးတိုင်းမှာ ၁ ယောက်က […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ဖိစီးမှုတွေက အော်တစ်ဇင်ဖြစ်ဖို့ ဦးတည်စေသလား။

ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ဖိစီးမှု များပြားခြင်းဟာ အော်တစ်ဇင်အပါအဝင် တခြား မကောင်းတဲ့ အခြေအနေတွေဆီကို ဦးတည်စေပါတယ်။University of Missouri School of Medicine တက္ကသိုလ်မှာရှိတဲ့ ပညာရှင်တွေဟာ stress-sensitive gene လို့ခေါ်တဲ့ စိတ်ဖိစီးမှုကို တုန့်ပြန်တဲ့ gene တွေပြုမူပုံ နဲ့ ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ဖိစီးမှု အခြေအနေတွေနဲ့ ကြုံတွေ့ရတဲ့ အော်တစ်ဇင်ကလေးတွေရဲ့ မိခင်တွေကို အုပ်စုနှစ်စုခွဲပြီး လေ့လာခဲ့ကြပါတယ်။ အော်တစ်ဇင်ဟာ မျိုးဗီဇကြောင့်အဓိကဖြစ်တဲ့ ရောဂါတခုလို့ သတ်မှတ်ထားခဲ့ကြပေမယ့် စိတ်ဖိစီးမှုလိုမျိုး ပတ်ဝန်းကျင် အခြေအနေတွေကလည်း အော်တစ်ဇင်ဝေဒနာခံစားရစေဖို့ တထောင့်တနေရာကနေ ပါဝင်နေပြန်တာကို နောက်ပိုင်းလေ့လာမှုတွေအရ သိရှိရပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ စိတ်ဖိစီးမှုဒါဏ်ကို ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ တချို့မိခင်တွေကမွေးတဲ့ ကလေးတွေမှာ အော်တစ်ဇင် ရောဂါမရှိသလို တချို့မိခင်တွေကျပြန်တော့လည်း အော်တစ်ဇင်ဝေဒနာရှင်ကလေးတွေကို မွေးဖွားကြရပြန်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတဲ့ အဖြေကို သိရဖို့အတွက် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်တာ ဘာတွေစိုးရိမ်ရလဲ

ရေကျောက်ဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး မိခင်ရော ကလေးကိုပါ ထိခိုက်စေပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ ဒီကူးစက်ရောဂါနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်ငါးချက်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်တာ ဘာတွေစိုးရိမ်ရလဲ ဆိုတာကို ဖတ်ကြည့်လိုက်ပါဦး။ ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်တာ ဘာတွေစိုးရိမ်ရလဲ ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်တာ နမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ ကလေးကိုပါ ထိခိုက်မလား၊ မထိခိုက်ဖူးလားဆိုတာက ကိုယ်ဝန်အပတ်နဲ့ ဆိုင်ပါတယ်။ တကယ်လို့ ကိုယ်ဝန် ရှစ်ပတ်နဲ့ အပတ်နှစ်ဆယ်ကြားမှာ မိခင် ရေကျောက်ပေါက်တယ်ဆိုရင် ကလေးမှာ Congenital Varicella Syndrome လို့ခေါ်တဲ့ ဆိုးရွားပြင်းထန်တဲ့ မွေးရာပါ ရောဂါတစ်မျိုးကို ခံစားရမှာပါ။ ဒီရောဂါကြောင့် ဆက်ဖြစ်နိုင်တာတွေက ကလေးဟာ ခြေလက်တွေ ပုံစံမမှန်ဘဲ မွေးလာမယ်၊ အရေပြားမှာ အမာရွတ်တွေလိုမျိုး ပါလာမယ်၊ ခေါင်းလေးက အရမ်းသေးနေမယ်၊ မျက်လုံးတွေ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ပျက်ကျရခြင်း၏ အကြောင်းရင်းများ

ကိုယ်ဝန်ပျက်ကျရခြင်း၏ အကြောင်းရင်းများ ကလေးယူဖို့ပြင်ဆင်နေတဲ့ စုံတွဲအတွက်ကတော့ ကိုယ်ဝန်ပျက်ကျခြင်းကို အကြောက်ဆုံးပါ။ ရှောင်လွှဲလို့မရနိုင်တဲ့ အကြောင်းရင်းတွေရှိတယ်ဆိုပေမယ့်လည်း ကိုယ့်ကိုကိုယ် ဘယ်လိုဂရုစိုက်ရမလဲ ဆိုတာသိခြင်းအားဖြင့် ထိန်းချုပ်ကာကွယ်လို့တော့ရပါတယ်။ ရှောင်လွှဲလို့မရသောအကြောင်းရင်းများ မျိုးရိုးဗီဇ သင် သို့မဟုတ် သင့်ရဲ့ကလေး၏ မျိုးရိုးဗီဇမှာ ချို့ယွင်းချက်ရှိနေခဲ့ရင် ကိုယ်ဝန်ပျက်ကျဖို့ နီးစပ်ပါတယ်။ ပထမသုံးလပတ်အတွင်းပျက်ကျမှုတွေရဲ့ ၇၀ ရာခိုင်နှုန်း နှင့် ဒုတိယသုံးလပတ်အတွင်းပျက်ကျမှုတွေရဲ့ ၂၀ ရာခိုင်နှုန်း က သန္ဓေသားရဲ့ မျိုးရိုးဗီဇ ချို့ယွင်းမှုကြောင့်ဖြစ်ပါတယ်။ သွေးစီးဆင်းမှု နည်းခြင်း သွေးချို ဆီးချိုရောဂါ၊ လည်ပင်းအကျိတ်ရောဂါ၊ နှလုံးရောဂါ နှင့် သားအိမ်တွင်းပိုးဝင်၍ရောင်ရမ်းခြင်း ကဲ့သို့သော ရောဂါများသည် သားအိမ်သို့သွေးစီးဆင်းမှုကို နည်းပါးစေပြီး ကိုယ်ဝန်ပျက်ကျစေပါတယ်။ ကိုယ်ခံအားစနစ်ပျက်ယွင်းသည့်ရောဂါများ ကိုယ်ခံအားစနစ် အားကောင်းလွန်းခြင်း သို့မဟုတ် အားနည်းလွန်းတဲ့ အခြေအနေတွေမှာ ကိုယ်ဝန်ကို သားအိမ်ကလက်မခံနိုင်စေတဲ့အတွက် မကြာခဏကိုယ်ဝန်ပျက်ကျတတ်ပါတယ်။ ဟော်မုန်းဓါတ်မညီမျှခြင်း ဟော်မုန်းဓါတ်တွေဟာ ကိုယ်ဝန်ရယူဖို့ တည်မြဲဖို့အတွက် အလွန်အရေးကြီးပါတယ်။ ဥပမာ၊ အချင်းမှ ထုတ်လွတ်သော ပရိုဂျက်စရုန်း လို့ခေါ်တဲ့ဟော်မုန်းဓါတ်ဟာ သားအိမ်နံရံ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ်ကိုယ်အလေးချိန်ပိုခြင်း နှင့် ကလေးများနှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ဆက်စပ်ခြင်း

မိခင်လောင်းများဟာ ကိုယ်ဝန်ဆောင်ကာလမှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုသင့်ဘူးလို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကိုယ်အလေးချိန်ပိုခြင်း က အလေးချိန်များတဲ့ ကလေးမွေးနိုင်ခြေကို များစေပြီး မွေးရာပါ နှလုံးရောဂါ ဖြစ်နိုင်ခြေလည်း ရှိပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကိုယ်အလေးချိန်ပိုခြင်း နှင့် ကလေးများနှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ဆက်စပ်ခြင်း ဗြိတိန်နိုင်ငံမှ သုတေသနတခုမှာ ကော့ကေးရှန်းလူမျိုး အဓိကပါဝင်တဲ့ အမျိုးသမီးပေါင်း ၆၇၀၀ ကို သူတို့ရဲ့ ကလေးများအပါအဝင် ၉နှစ်ကြာ လေ့လာခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ကိုယ်အလေးချိန်၊ ကလေးများရဲ့ ခန္ဓာကိုယ်အတိုင်းအတာ၊ သွေးပေါင်ချိန် စတာတွေကို မှတ်တမ်းတင်ခြင်းများ ပါဝင်ပါတယ်။ ရလဒ်တွေအရ ကိုယ်ဝန်ဆောင်ကာလ စံပြုထားတဲ့ ကိုယ်အလေးချိန်ထက် ပိုနေသူများရဲ့ ကလေးတွေမှာ သာမန်ကိုယ်အလေးချိန်ရှိသူ အမျိုးသမီးတွေထက် BMI များခြင်း၊ ခါးအရွယ်အစားကြီးခြင်း၊ အဆီပိုစုခြင်း၊ သွေးတိုးခြင်း၊ ရောင်ရမ်းမှု ညွှန်းကိန်းမြင့်ခြင်း၊ အကျိုးပြုကိုလက်စထရောနည်းခြင်း စတာတွေ ကြုံနိုင်ပါတယ်။ မိခင်ဖြစ်သူဟာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဖျက်ချပြီးနောက် ကျန်းမာလာအောင် ဘယ်လို အစားအသောက်တွေ စားမလဲ

ကျန်းမာရေးဆိုင်ရာ ကိုယ်ဝန်ဖျက်ချမှု အပြီးမှာ အမေဟာ အမြဲတမ်း စိတ်ရော ကိုယ်ပါ ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ နေ့စဉ်စားသောက်တဲ့ အစားအသောက်တွေကို သေသေချာချာ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုယ်ဝန်ဖျက်ချပြီးနောက် ကျန်းမာလာအောင် ဘယ်လို အစားအသောက်တွေ စားမလဲ ဆိုတာကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဖျက်ချပြီးနောက် ကျန်းမာလာအောင် ဘယ်လို အစားအသောက်တွေ စားမလဲ ကိုယ်ဝန်ဖျက်ချမှု တစ်ခုဖြစ်ချိန်မှာ သင့်ခန္ဓါကိုယ်ဟာ ကိုယ်ဝန် ပြောင်းလဲခြင်းပြဿနာတွေကို ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ဒီအချိန်အတွင်းမှာ ကယ်လ်ဆီရမ်၊ ဖောလစ်အက်စစ် ၊ ဗီတာမင် ဘီ ၉ နဲ့ သံဓါတ်လိုအပ်မှုဟာ မြင့်တက်လာပါတယ်။ ကျန်းမာရေးဆိုင်ရာ ကိုယ်ဝန်ဖျက်ဖျမှု ပြီးသွားတဲ့အခါ သင့်ကိုယ်ခန္ဓါဟာ အချိန်အတော်ကြာ သွေးဆင်းခြင်းကို ခံစားရပါလိမ့်မယ်။ ဒါ့ကြောင် ဗီတာမင် ဘီ ၁၂၊ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Ectopic Pregnancy (သားအိမ်ပြင်ပသန္ဓေတည်ခြင်း)

Ectopic Pregnancy (သားအိမ်ပြင်ပသန္ဓေတည်ခြင်း) အကြောင်း လေ့လာရအောင်။ အဓိပ္ပာယ်ဖွင့်ဆိုချက် Ectopic Pregnancy (သားအိမ်ပြင်ပသန္ဓေတည်ခြင်း)ဆိုတာ ဘာလဲ။ အမျိုးသမီးတစ်ဦးမှာ ကိုယ်ဝန်ရှိလာတဲ့အခါ မျိုးအောင်ခြင်းက သားဥပြွန်မှာ ဖြစ်ပေါ်ပြီး သားအိမ်ဆီကို ရွေ့လျားသွားပါတယ်။ သားအိမ်နံရံမှာ သူကိုယ်တိုင်တွယ်ကပ်ပြီးနောက် သန္ဓေသားငယ် ဖြစ်လာပါတယ်။ ဒါပေမယ့် မျိုးအောင်ပြီး သားဥက သားအိမ်ကို ဆင်းသွားရမယ့်အစား သားဥပြွန်မှာ တွယ်ကပ်ပြီး ကြီးထွားတဲ့ အခြေအနေများလည်း ရှိပါတယ်။ ဒီအခြေအနေကို သားအိမ်ပြင်ပ သန္ဓေတည်ခြင်းလို့ ခေါ်ပါတယ်။ ဒီအခြေအနေက အလွန်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပြီး ကိုယ်ဝန်ရဲ့ ပထမပတ်အတောအတွင်းတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒီလိုဖြစ်လာတဲ့ အခြေအနေ အများစုမှာ ကလေးကို ဆက်ထိန်းသိမ်းထားဖို့ မလွယ်ကူတော့ပါဘူး။ ဆိုလိုတာက ကိုယ်ဝန်ပျက်ဖို့ များပါတယ်။ Ectopic Pregnancy (သားအိမ်ပြင်ပသန္ဓေတည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါက ပျမ်းမျှအားဖြင့် အလွန်အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးအယောက် ၅၀မှာ ၁ယောက်နှုန်း […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Pre-Eclampsia (ကိုယ်ဝန်ဆိပ်တက်ခြင်း ပဏာမအဆင့်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pre-Eclampsia (ကိုယ်ဝန်ဆိပ်တက်ခြင်း ပဏာမအဆင့်) ကဘာလဲ။ သင်ဟာ ပထမ ကိုယ်ဝန်တုန်းက ကိုယ်ဝန်ဆိပ်တက်ဖူးလျှင် နောက်ကိုယ်ဝန်တွေမှာလည်း ကိုယ်ဝန်ဆိပ်တက်နိုင်မှု ဖြစ်နိုင်ချေ မြင့်မားပါတယ်။ Pre-Eclampsia (ကိုယ်ဝန်ဆိပ်တက်ခြင်း ပဏာမအဆင့်) က ဘယ်လောက်အဖြစ်များသလဲ ဖြစ်ပွားနိုင်ချေဟာ အရင် ကိုယ်ဝန်မှာတုန်းက ကိုယ်ဝန်ဆိပ်တက်တဲ့ အချိန်နဲ့ ရောဂါရဲ့ ပြင်းထန်မှုအပေါ်မူတည်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တာ စောတာနဲ့ အမျှ ရောဂါပြင်းထန်နိုင်ပြီး နောက်တစ်ခါလည်း ထပ်ဖြစ်နိုင်ပါတယ်။ လက္ခဏာများPre-Eclampsia (ကိုယ်ဝန်ဆိပ်တက်ခြင်း ပဏာမအဆင့်) ရဲ့လက္ခဏာတွေကဘာတွေလဲ HELLP syngdrome ဆိုတာ ကိုယ်ဝန်ဆောင်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါဖြစ်ပြီး ကိုယ်ဝန်ဆိပ်တက်ခြင်းကနေ ခွဲထွက်တဲ့ ရောဂါအမျိုးအစားဖြစ်တယ်လို့ ယူဆရပါတယ်။ ဒီ အခြေအနေ နှစ်ရပ်လုံးဟာ ကိုယ်ဝန်ရင့်ချိန်နဲ့ ကလေးမွေးပြီးချိန်တို့မှာ အဖြစ်များပါတယ်။ HELLP syndrome ကို Dr.Louis Weinstein က ၁၉၈၂ မှာ အောက်ပါအချက်အလက်တွေ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Placenta Previa (အချင်းရှေ့ရောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Placenta Previa (အချင်းရှေ့ရောက်ခြင်း) ကဘာလဲ။ အချင်းသည် သားအိမ်၏ အပေါ်ပိုင်းတွင်ရှိသော ဘိန်း မုန့်နှင့်တူသော အင်္ဂါတစ်ခု ဖြစ်ပါသည်။ သန္ဓေသားအား အောက်ဆီဂျင်နှင့် အာဟာရများ ကျွေးမွေးရန်နှင့် ကလေး ငယ်၏ သွေးအတွင်းမှ အညစ်အကြေးပစ္စည်းများကို ဖယ် ရှားပစ်ရန် လုပ်ဆောင်ပေးပါသည်။ သားအိမ်ခေါင်းသည် သားအိမ်၏ အပေါက်ဖြစ်ပြီး မွေးလမ်းကြောင်းနှင့် ဆက် သွယ်ထားပါသည်။ အချင်းရှေ့ရောက်ခြင်း သည် အချင်းက သားအိမ်အောက်စွန်းမှ ကြီးထွားလာပြီး သားအိမ်ခေါင်း တစ်ခုလုံးကို ဖုံးအုပ်သွားသောကြောင့် ဖြစ်ပွားပါသည်။ ကိုယ်ဝန်ဆောင်ဆိုးကျိုးတစ်ခုဖြစ်ပြီး ကလေးမွေးဖွား ရာတွင် ခက်ခဲစေပါသည်။ ကိုယ်ဝန်ကို ညစ်ထုတ်ရန် ကန့် သတ်ထားပါသည်။ အချင်းရှေ့ရောက်ခြင်း ဖြစ်သော အမျိုးသမီး အများစုသည် သားအိမ်အားခွဲ၍ ကလေး မွေးဖွားခြင်း ကိုလိုအပ်ပါသည်။ အချင်းသည် သားအိမ်ခေါင်းကို အပြည့်ဖုံးအုပ်ထား ပါက လုံးဝ သို့မဟုတ် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း