ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေ နဲ့ မျောက်ကျောက်ရောဂါ

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကူးစက်ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါက ကိုယ်ဝန်ဆောင်မေမေတွေမှာ ကူးစက်နိုင်လား။ ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရရင် ဘယ်လိုမျိုး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ။ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ မျောက်ကျောက်ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ မျောက်ကျောက်ရောဂါ ဆိုတာ မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။  Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။ မျောက်ကျောက်ရောဂါကို 1958 […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Gestational Diabetes (ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဆီးချိုသွေးချို)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gestational Diabetes (ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဆီးချိုသွေးချို) ကဘာလဲ။ ဒီဆီးချိုအမျိုးအစားသည် ကိုယ်ဝန် ၂၄ပတ် ဝန်းကျင် မှသာ စဖြစ်သော ဆီးချိုသွေးချို တစ်မျိုး ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်စဉ် ဖြစ်သော ဆီးချို သွေးချို သည် သင်၏ဆဲလ်များက သကြား (ဂလူးကို့စ်) သုံးခြင်းကို ထိခိုက်စေပြီး သွေးတွင်း သကြားဓါတ်ကို များစေ ပါသည်။ သွေးတွင်း သကြားပမာဏများခြင်း သည် သင်နှင့် သင့် ကလေးအတွက် မကောင်းပါ။ ကိုယ်ဝန်ဆောင်စဉ်ဖြစ်သောဆီးချိုသွေးချိုတွင် သွေးတွင်း သကြားပမာဏ သည် မွေးဖွားပြီးသော အခါ ပုံမှန်သို့ ပြန်ရောက်သွားလေ့ ရှိပါသည်။ သို့သော် ကိုယ်ဝန်ဆောင် စဉ်ဖြစ်သော ဆီးချိုသွေးချိုရှိပါက ဆီးချိုသွေးချို အမျိုးအစား၂ ပါရှိလာနိုင်ပါသည်။ ဆရာဝန်နှင့်အတူ သင့်၏ သွေးတွင်း သကြားဓါတ် ကို စောင့်ကြည့်ထိန်းသိမ်းပါ။ ဆီးချိုသွေးချို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Hyperemesis Gravidarum (ကိုယ်ဝန်ဆောင် အအန်လွန်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hyperemesis Gravidarum (ကိုယ်ဝန်ဆောင် အအန်လွန်ရောဂါ) ကဘာလဲ။ ကိုယ်ဝန်ဆောင်အအန်လွန်ရောဂါဆိုသည်မှာ ပြင်းထန်သောနံနက်ပိုင်းပျို့ခြင်း နှင့် အော့အန်ခြင်းဖြစ်ပါသည်။ ထိုရောဂါသည်ရေဓါတ်ခမ်းခြောက်ခြင်း၊ဇီဝကမ္မဖြစ်စဉ်များပြောင်းလဲမှု (electrolytes နှင့် ketones ကဲ့သို့သောဓါတုဗေဒပစ္စည်းများပမာဏမမှန်ဖြစ်ခြင်း) နှင့်ကိုယ်အလေးချိန်ကျခြင်းတို့ကိုဦးတည်စေပါသည်။ဤပြောင်းလဲမှုများသည်ဆေးရုံတက်ရသည်အထိဖြစ်စေနိုင်ပါသည်။ ကိုယ်ဝန်ဆောင်အအန်လွန်ရောဂါ၏ဆိုးကျိုးများသည်ပြင်းထန်ပြီး ကျောက်ကပ် အာရုံကြောအဖွဲ့အစည်းနှင့်အသည်းတို့ကိုထိခိုက် ပျက်စီးစေပါသည်။ Hyperemesis Gravidarum (ကိုယ်ဝန်ဆောင် အအန်လွန်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ကိုယ်ဝန်ဆောင်အအန်လွန်ရောဂါသည်ရှားပါးပါသည်။ အမျိုးသမီးများ၏ ၇၀% မှ ၈၅% သည် နံနက်ပိုင်းအော့အန်ခြင်းရှိကြပါသည်။ ၁% မှ ၂% သာလျှင်ကိုယ်ဝန်ဆောင်အအန်လွန်ရောဂါ ရှိကြပါသည်။ ကိုယ်ဝန်အအန်လွန်ရောဂါခံစားနေရခြင်းသည်ကလေးတစ်ယောက်ထက်ပို၍ (အမွှာပုူးနှင့် အထက်)ကိုယ်ဝန်ဆောင်ထားရခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။   လက္ခဏာများHyperemesis Gravidarum (ကိုယ်ဝန်ဆောင် အအန်လွန်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါလက္ခဏာများသည်များသောအားဖြင့်ကိုယ်ဝန်၏လေးပတ်နှင့်ရှစ်ပတ်ကြားတွင်စတင်ပြီး ၁၆ ပတ်အထိကြာပါသည်။ ဖြစ်ပွားသောအမျိုးသမီးအများစုသည်တစ်နေကုန်အော့အန်တတ်ပါသည်။ တခြားရောဂါလက္ခဏာများမှာမအီမသာဖြစ်ခြင်း၊ကိုယ်အလေးချိန်ကျခြင်း၊ဆီးသွားမှုနည်းပါးခြင်း၊ခေါင်းကိုက်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊သတိလစ်ခြင်းနှင့်အသားဝါခြင်းတို့ပါဝင်ပါသည်။ Ketones များဆီးထဲတွင်ပါဝင်ခြင်း၊သွေးခုန်နှုန်းမြင့်တက်ခြင်းနှင့်သွေးပေါင်ချိန်ကျဆင်းခြင်းတို့သည်ရေဓါတ် ခမ်းခြောက်မှုကိုညွှန်ပြပါသည်။ အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ကိုယ်ဝန်ရှိသောလက္ခဏာများတွေ့ရပါကပိုမိုတိကျသောညွှွှန်ကြားချက်များနှင့် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Abortion (ကိုယ်ဝန်ဖျက်ချခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Abortion (ကိုယ်ဝန်ဖျက်ချခြင်း) ကဘာလဲ။ ကိုယ်ဝန်ဖျက်ချခြင်းဆိုသည်မှာကိုယ်ဝန်ကိုစောစီးစွာအဆုံးသတ်လိုက်ခြင်းကိုခေါ်ပါသည်။ သန္ဓေသား နှင့် အချင်းကိုသားအိမ်မှ ဖယ်ရန် ဆေးများသို့မဟုတ် ခွဲစိတ်ကုသခြင်းကိုအသုံးပြုနိုင် ပါသည်။ ဤလုပ်ငန်းကိုလိုင်စင်ရထားသောကျန်းမာရေးပညာရှင် မှ လုပ်ကိုင်နိုင်ပါသည်။ Abortion (ကိုယ်ဝန်ဖျက်ချခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကိုယ်ဝန်ဖျက်ချခြင်းသည် သင်၏ရွေးချယ်မှု အပေါ် မူတည်သောကိုယ်ရေးကိုယ်တာ ပြဿနာတစ်ခုဖြစ်ပါသည်။ အန္တရာယ်ရှိသောအချက်များကိုရှောင်ရှားပြီးကိုယ်ဝန်ဖျက်ချခြင်းကိုစီမံနိုင်ပါသည်။ ပိုမိုသောအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပါ။ လက္ခဏာများAbortion (ကိုယ်ဝန်ဖျက်ချခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့ရများသောလက္ခဏာများမှာသွေးဆင်းခြင်း၊ အချိန်အပိုင်းအခြားတစ်ခုဖြင့် နာကျင်ခြင်းသို့မဟုတ် မသက်မသာ ဖြစ်ခြင်းတို့ဖြစ်ပါသည်။ ကိုယ်ဝန်ဖျက်ချပြီးနောက် ၁၄ ရက်အထိသွေးဆင်းခြင်းနှင့် အချိန်အပိုင်းအခြားတစ်ခုဖြင့် နာကျင်ခြင်းတို့ကိုခံစားရနိုင်ပါသည်။ အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ပါလက္ခဏာများပေါ်ပေါက် လာပါကဆရာဝန်နှင့် ဆက်သွယ်ပါ။ ကိုယ်အပူချိန် မြင့်တက်ခြင်း မိန်းမအင်္ဂါမှ အညစ်အကြေးများဆင်းခြင်း အနာသက်သာဆေးများသောက်သော်လည်းမသက်သာသောဝမ်းဗိုက်ပိုင်းနာကျင်ခြင်း ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။ အကြောင်းရင်းများAbortion (ကိုယ်ဝန်ဖျက်ချခြင်း) ကိုဘာတွေကဖြစ်စေသလဲ ဖြစ်ပွားမှုအကြောင်းရင်းများ။ ဘယ်အချိန်မှာ ကိုယ်ဝန်ဖျက်ချကြသလဲ။ မလိုချင်သောကိုယ်ဝန်ကိုလွယ်ထားရသောကိုယ်ဝန်ဆောင်အမျိုးသမီးကဆုံးဖြတ်သောအခါနှင့် မွေးရာပါချို့ယွင်းချက်များပါလာသောကလေးကိုမမွေးလိုသောအချိန်များတွင် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေ ကြွက်တက်ခဲ့ရင်

လေဒီတို့အတွက် စွန့်စားရဆုံးနဲ့ အပျော်ရဆုံး အချိန်က ကိုယ်ဝန်ဆောင်ထားချိန်နော်။ ကိုယ်ချစ်ရတဲ့ ရင်သွေးလေးကို လွယ်ထားရတာက မလွယ်ကူပေမယ့် ချစ်တဲ့စိတ်နဲ့ ပျော်ရွှင်နေမိတာက မေမေတိုင်းလိုလို ဖြစ်မယ် ထင်ပါတယ်နော်။ ဒီလို ပျော်ရွှင်နေချိန်မှာ မေမေက ကျန်းမာရေးကို သေချာလေး ဂရုစိုက်မှ မွေးလာမယ့် ဘေဘီလေးရော မေမေပါ ကျန်းမာမှာပါ။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေ တော်တော်များများမှာ ခံစားရနိုင်တဲ့ ကိုယ်ဝန်ဆောင်ချိန် ခြေထောက်ကြွက်တက်တာကို ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတာကို ပြောပြပေးပါရစေ။ ကိုယ်ဝန်ဆောင်ချိန်မေမေ ကြွက်တက်တာက ဖြစ်လေ့ဖြစ်ထရှိလား... ကိုယ်ဝန်ဆောင်ချိန်မှာ ခြေသလုံးကြွက်တက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေ တစ်ခုလို့ပဲ ဆိုပါရစေ။ ဘယ်လိုအချိန်မှာ ပိုဖြစ်နိုင်လဲ............ ကိုယ်ဝန်ဆောင်ချိန်ရဲ့ ဒုတိယ ၃ လပတ်နဲ့ တတိယ ၃ လပတ်တွေမှာ ခြေသလုံး ကြွက်တက်တာက ပိုအဖြစ်များပြီး ညဘက်တွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ကိုယ်ဝန်ဆောင်မေမေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း