ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေ နဲ့ မျောက်ကျောက်ရောဂါ

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကူးစက်ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါက ကိုယ်ဝန်ဆောင်မေမေတွေမှာ ကူးစက်နိုင်လား။ ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရရင် ဘယ်လိုမျိုး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ။ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ မျောက်ကျောက်ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ မျောက်ကျောက်ရောဂါ ဆိုတာ မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။  Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။ မျောက်ကျောက်ရောဂါကို 1958 […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် ပါဗိုဗိုင်းရပ်စ်ရောဂါ (Fifth disease) ဖြစ်ခြင်း

Fifth Disease ဆိုတာဘာလဲ။ Fifth Disease ဆိုတာ human parvovirus B19 (ပါဗို ဗိုင်းရပ်စ်)ကြောင့်ဖြစ်ရတာပါ။ ဒါဟာကူးစက်နိုင်ပြီး ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် ကိုယ်တွင်းအရည်တွေကနေပြီး ကူးစက်တတ်ပါတယ်။ အများအားဖြင့်တော့ ဒီရောဂါဟာ မပြင်းထန်ဘဲ ကုသမှုမခံယူဘဲတောင် အလိုအလျောက်ပျောက်ကင်းလေ့ရှိပါတယ်။ ဒီရောဂါကို ခံစားခဲ့ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုဟာလည်းပဲ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်လေးကို မွေးဖွားပေးနိုင်ပါသေးတယ်။   ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာဖြစ်တဲ့ Fifth disease ရဲ့ ရောဂါလက္ခဏာတွေကဘာတွေလဲ။ Fifth disease ရှိတယ်လို့သတ်မှတ်ခံရတဲ့လူနာတွေမှာ မတူညီတဲ့လက္ခဏာတွေရှိနေပါတယ်။ ဒီထဲမှာ အဆစ်တွေနာကျင်ခြင်း (ဒါကတော့ ရက်အနည်းငယ်သို့မဟုတ် ရက်သတ္တပတ်အနည်းငယ်လောက်ကြာမြင့်နိုင်ပါတယ်။) ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း နဲ့ ပါး၊ ခြေထောက်၊ ဗိုက်နဲ့ လည်ပင်းတွေမှာ အနီကွက်ဖြစ်ခြင်း စတာတွေပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ဒီရောဂါဖြစ်နေတယ်လို့ ဘယ်လိုသတ်မှတ်မလဲ။ ဒီရောဂါဖြစ်နေတယ်လို့ သတ်မှတ်နိုင်ဖို့အတွက်ဆိုရင် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဖျက်ချခြင်း နောက်ဆက်တွဲဆိုးကျိုးများ

ကိုယ်ဝန်ဖျက်ချခြင်းကို ဆေးဝါး (သို့) ခွဲစိတ်ခြင်းဖြင့် အမျိုးသမီးရဲ့ သားအိမ်အတွင်းမှ သန္ဓေသားကို လမစေ့ခင် ထုတ်ပြီး ကိုယ်ဝန်သည်ဘဝကို အဆုံးသတ်စေခြင်းလို့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ကိုယ်ဝန်ဖျက်ချခြင်းဟာ နောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ ရရှိနိုင်တာမို့ သေချာစဉ်းစားသင့်သော လုပ်ရပ်တစ်ခုဖြစ်သည်။ (မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ခွင့်မပြုပါ။) ကိုယ်ဝန်ဖျက်ချခြင်း ရဲ့ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ အန္တရာယ်များ ကိုယ်ဝန်ဖျက်ချပြီး ပထမ ၂-၄ ပတ်အတွင်းမှာ အမျိုးသမီးဟာ အောက်ပါ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ မိန်းမကိုယ်မှ သွေးဆင်းခြင်း ပျို့အန်ခြင်း ဝမ်းလျှောခြင်း ဗိုက်နာခြင်း ဖျားခြင်း သွေးအုပ်စု ဓါတ်မတည့်ခြင်း (Rh sensitization)   ရှားပါးပေမယ့် ပြင်းထန်တဲ့ ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါသေးတယ်။ သူတို့တွေဟာ ရေရှည် ဖြစ်ခြင်း (သို့) အမျိုးသမီးရဲ့ ကိုယ်ခန္ဓါကို တစ်သက်လုံးပျက်စီးစေခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ကျခြင်း

အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်တွင် သွေးပေါင်ကျခြင်းသည် ရှားပါးသော ဖြစ်စဉ်တစ်ခုတော့မဟုတ်ပေ။ သွေးပေါင်ကျခြင်းတွင် တွေ့ရသည့် လက္ခဏာများသည် ပုံမှန်အမျိုးသမီးများတွင် ဖြစ်သည်နှင့်တူတူသာဖြစ်ပြီး ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း ဖြစ်လေ့ရှိသည်။ ထိုင်ရာမှရုတ်တရက်ထလိုက်လျှင် ပိုဆိုးတတ်သည်။ ထိုသို့ရုတ်တရက်မူးသွားခြင်းသည် ကိုယ်ဝန်ဆောင် အမျိုးအမီးအတွက် အလွန် အန္တရာယ်ရှိပါသည်။ အောက်ပါတို့သည် သွေးပေါင်ကျခြင်းကို ဆေးမသောက်ပဲ သဘာအတိုင်း သက်သာအောင်ပြုလုပ်နိုင်မည့် နည်းလမ်း ငါးမျိုးဖြစ်ပါသည်။   အနေအထားပြောင်းလျှင် ဖြည်းဖြည်းပြောင်းပါ။ သွေးပေါင်ကျခြင်းကြောင့် ခေါင်းမူးခြင်းကို သက်သာစေရန် သင်ရှိနေသော အနေအထားပုံစံပြောင်းလဲသည့် အခါ ဖြည်းဖြည်းလှုပ်ရှားသင့်သည်။ မနက်အိပ်ရာမှ ထလျှင်အသက်ကို၀၀ရှူသွင်း ပြီးမှအိပ်ရာမှထပါ။ သင်အိပ်နေသော ပုံစံသည် သွေးပေါင်ကျခြင်းကို ကာကွယ်ရန် အရေးပါပါသည်။ အိပ်သည့်အခါ ခေါင်းကို နည်းနည်းမြင့်ထားခြင်းဖြင့် မြေဆွဲအားကို ဆန့်ကျင်နိုင်သည်။ ကောင်းမွန်စွာအိပ်ပျော်နိုင်ရန် ခေါင်းအုံးပျော့ပျော့အုံးပါ။ မတ်တပ်ရပ်သည့်အချိန်တွင် မူးသွားလျှင် ခြေထောက်ကို ခုံတစ်ခုပေါ်တွင်တင်ပြီး ကိုယ်ကိုအရှေ့သို့ ကိုင်းထားပါ။ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

လမစေ့မီ ကလေးမွေးဖွားခြင်း အကြောင်း

အချိန်မတိုင်ခင် ကလေးမွေးခြင်းဟာ သင့်မွေးရက်ထက် သုံးပတ်ကျောစောပြီး သင့်ကိုယ်ခန္ဓါက အဆင်သင့်မဖြစ်ခင် ကလေးမွေးခြင်းကို ဆိုလိုပါတယ်။ ကိုယ်ဝန်အပြည့်ဆောင်ဖို့ဟာ ရက်သတ္တပတ် ၄၀ ကြာမြင့်ပါတယ်။   ဘယ်အရာတွေကို အချိန်မတိုင်မီ ကလေးမွေးနှုန်းကို မြင့်တက်စေပါသလဲ။ အချိန်မတိုင်မီကလေးမွေးခြင်းကို ဖြစ်စေတဲ့အရာတွေဟာ ကွာခြားမှု ရှိပါတယ်။ အချိန်မတိုင်မီကလေးမွေးခြင်းဖြစ်စေတဲ့အရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ • ဆေးလိပ်သောက်ခြင်း •ကိုယ်ဝန်မဆောင်ခင် ကိုယ်အလေးချိန်များခြင်း (သို့) ကိုယ်အလေးချိန်နည်းခြင်း •ကိုယ်ဝန်ဆောင်စဉ် စောင့်ရှောက်မှု ကောင်းစွာ မရခြင်း •ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ခြင်း • သွေးတိုး၊ သွေးဆိပ်တက်ခြင်း၊ ဆီးချို၊ သွေးမတိတ်ရောဂါ၊ ကူးစက်ရောဂါပိုးများ အစရှိတဲ့ ကျန်းမာရေး အခြေအနေများ ရှိခြင်း • သေချာတဲ့ ကိုယ်ခန္ဓါချို့ယွင်းမှုတွေ ရှိတဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားခြင်း •ဖန်ပြွန်သန္ဓေသားနည်း ဖြင့် ကိုယ်ဝန်ဆောင်ထားခြင်း •အမွှာ (သို့) တစ်ယောက်ထက်ပိုသော ကလေးများကို ကိုယ်ဝန်ဆောင်ထားခြင်း •မိသားစုအတွင်းတွင် အချိန်မတိုင်မီကလေးမွေးသော ရာဇဝင် ရှိခြင်း •ကလေးမွေးပြီးပြီးချင်း နောက်တစ်ယောက် ကိုယ်ဝန်ဆောင်ခြင်း   လက္ခဏာများ ကိုယ်ဝန်ဆောင်ချိန်မှာ အောက်ပါ လက္ခဏာတွေကို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ်အဝလွန်ခြင်း၏ အန္တရာယ်

ကိုယ်ဝန်ဆောင်နေစဉ် ဝလာတယ်ဆိုတာ ပုံမှန်ဖြစ်ရပ်ပဲလို့ လူတွေကယုံကြည်ကြပါတယ်။ သင့်ကလေးကြီးထွားမှုကို ထောက်ပံ့ပေးနိုင်ဖို့ လုံလောက်တဲ့ အာဟာရတွေရရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ဒီကာလမှာ သင့်ကိုယ်အလေးချိန်ကိုမထိန်းနိုင်ခဲ့ဘူးဆိုရင် သင်နဲ့ သင့်ကလေးရဲ့ကျန်းမာရေးအခြေအနေကိုအန္တရာယ်ပေးနိုင်ချေ မြင့်မားလာစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာအလေးချိန်တိုးလာတာဟာ သဘာဝပါပဲ။ ဒါပေမယ့် ဒါကဆိုးကျိုးတွေအများကြီးဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါ ဆီးချိုရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမ်းတွေမှာ ကိုယ်ဝန်ဆောင်နေစဉ် သွေးတွင်းသကြားဓါတ်မြင့်တက်လာဖို့ လွယ်ကူပါတယ်။ ကလေးမွေးဖွားပြီးချိန်မှာ အဆိုပါအမျိုးသမီးတွေရဲ့ကလေးတွေဟာ အသက်၃နှစ်အရွယ်မှာ အဝလွန်လာနိုင်ဖို့များပါတယ်။ သူတို့မှာ အသားဝါ၊ အသက်ရှူခြင်းဆိုင်ရာပြဿနာတွေ၊ သွေးတွင်းသကြားဓါတ်နည်းတာ စတဲ့ အခြေအနေတွေလည်းဖြစ်ပေါ်လာနိုင်ပါသေးတယ်။ အစားအသောက်ပုံစံ သင့်ရဲ့ဆရာဝန် သို့မဟုတ် အာဟာရဆိုင်ရာပညာရှင်က သင့်ရဲ့သွေးထဲက glucose ကို ကျန်းမာရေးနဲ့ညီညွတ်တဲ့အတိုင်းအတာမှာထားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ သူတို့က သင့်ကို အစားအသောက်အမျိုးအစားဘယ်လိုခွဲရမယ်ဆိုတာနဲ့ အစာစားချိန်ကို ညွှန်ကြားပေးနိုင်ပါလိမ့်မယ်။ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေ၊ ဂျုံကြမ်းပေါင်မုန့်တွေ၊ လုံးတီးဂျုံနဲ့လုပ်ထားတဲ့ ဘီစကစ်တွေနဲ့ အုတ်၊ဂျုံစတဲ့အနှံမျိုးဝင်တွေဟာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ သဘာဝအာဟာရဓါတ်တွေပါဝင်တဲ့ သဘာဝအမျှင်ဓါတ်တွေလို့ လူသိများပါတယ်။ နေ့စဉ် အစာစားချိန်တိုင်းမှာ အမျှင်ပမာဏ၁၀ဂရမ်တိုးခြင်းဟာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အော်တစ်ဇင်ရောဂါဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာကတည်းက အစပျိုးလာနိုင်တယ်ဆိုတဲ့ လက္ခဏာများ

အော်တစ်ဇင်ရောဂါဟာပညာရေး၊လူမှုပေါင်းသင်းဆက်ဆံရေးအစရှိတဲ့ကလေးရဲ့ဘဝမှာအရေးပါတဲ့အခြင်းအရာတွေကိုထိခိုက်စေတယ်ဆိုတာအားလုံးသိကြမှာပါ။ ဒါကြောင့်အော်တစ်ဇင်ကလေးကိုကုသရတယ်ဆိုတာအင်မတန်ခက်ခဲတဲ့တိုက်ပွဲတစ်ပွဲကိုတိုက်ရသလိုပဲအခက်အခဲတွေအများကြီးရှိပါတယ်။ ဒီနေရာမှာအံ့ဩဖို့ကောင်းတဲ့အချက်ကအော်တစ်ဇင်ဟာကလေးငယ်မိခင်ရဲ့ဝမ်းကြာတိုက်ထဲမှာရှိနေစဉ်ကတည်းကကိုစတင်ဖြစ်ပေါ်လာနိုင်တယ်ဆိုတာပါပဲ။ အော်တစ်ဇင်ဟာဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်ခြင်းနဲ့ဆက်စပ်နေတယ်။ အော်တစ်ဇင်ဟာသန္ဓေသားရဲ့ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်ခြင်းနဲ့ဆက်စပ်နေတယ်လို့သုတေသီတွေကယူဆခဲ့ကြတာအချိန်အတော်ကြာခဲ့ပါပြီ။ ဒါ့အပြင်ဒီပြဿနာဟာစတင်မျိုးအောင်ချိန်ထဲက ဖြစ်ပွားနေခဲ့တာပါလို့လည်းဆိုပါတယ်။ ဒါပေမယ့်အော်တစ်ဇင်ဝေဒနာခံစားနေရတဲ့ကလေးတွေရဲ့ဦးနှောက်အပြင်အလွှာမှာပုံမှန်မဟုတ်ထိခိုက်ထားတဲ့နေရာလေးတွေရှိတာကိုတွေ့ရှိခဲ့တာတော့မကြာသေးပါဖူး။ အော်တစ်ဇင်ရောဂါဟာကိုယ်ဝန်ဆောင်စဉ်ကာလမှာကတည်းကအစပျိုးလာနိုင်တယ်။ ဒီပြဿနာကိုလေ့လာအဖြေရှာဖို့အတွက်သုတေသနပညာရှင်တွေဟာကွယ်လွန်ပြီးကလေးနှစ်ဆယ့်နှစ်ယောက်ရဲ့ဦးနှောက်တစ်ရှူးတွေကိုလေ့လာခဲ့ကြပါတယ်။ အဲ့ဒီကလေးနှစ်ဆယ့်နှစ်ယောက်မှာတစ်ဝက်ဟာအော်တစ်ဇင်ရောဂါရှိခဲ့ပြီးနောက်တဝက်ကတော့ပုံမှန်ဖြစ်ပါတယ်။ ရလာဒ်အနေနဲ့ကတော့အော်တစ်ဇင်ရောဂါရှိသူကလေးတွေရဲ့ဦးနှောက်အပြင်လွှာမှာပုံမှန်မဟုတ်တဲ့နေရာလေးတွေကိုတွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင်ဒီလိုပုံမမှန်နေရာလေးတွေဟာသန္ဓေသားဘဝမှာပဲ ဖြစ်ပေါ်နိုင်တယ်ဆိုတာကိုသိပ္ပံပညာရှင်များအနေနဲ့သိရှိပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်အော်တစ်ဇင်ဟာမိခင်ဗိုက်ထဲမှာကတည်းကစတင်ဖြစ်ခဲ့လိမ့်မယ်လို့အခိုင်အမာယုံကြည်ရပါတယ်။ သုတေသနပညာရှင်တွေဟာတဆင့်တက်ပြီးအဆိုပါပုံမှန်မဟုတ်တဲ့နေရာလေးတွေရဲ့အခြေအနေအသေးစိတ်ကိုဆက်လက်လေ့လာခဲ့ကြပါတယ်။ ဒီလိုလေ့လာတဲ့အခါအော်တစ်ဇင်ကလေးတွေရဲ့ဦးနှောက်တစ်ရှူးမှာရှိနေတဲ့အဲ့ဒီနေရာလေးတွေဟာပုံမှန်ရှိရမယ့်မျိုးဗီဇဆိုင်ရာလက္ခဏာလေးတွေမရှိတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင်ထူးခြားတာကအဆိုပါမူမမှန်နေရာလေးတွေဟာဦးနှောက်ရဲ့အရေးပါအရာရောက်တဲ့နေရာတွေမှာတည်ရှိနေတယ်ဆိုတာပါပဲ။ စောစောသိစောစောကုရင်အခြေအနေကောင်းနိုင်တဲ့အော်တစ်ဇင်ရောဂါ ကံကောင်းတာကဦးနှောက်မှာရှိတဲ့ဒီပုံမမှန်နေရာလေးတွေဟာအရွယ်ခပ်သေးသေးဖြစ်ပြီးအခြေအနေအရမ်းကြီးမဆိုးခင်ရပ်ဆိုင်းသွားတာပါပဲ။ ဒါကြောင့်စောစီးစွာကုသနိုင်မယ်ဆိုရင်အတော်အကျိုးရှိမှာပါ။ မှန်ကန်တဲ့ကုသမှုကိုအသုံးပြုနိုင်မယ်ဆိုရင်မတ်တပ်ပြေးအရွယ်အော်တစ်ဇင်ကလေးတွေမှာအခြေအနေတိုးတက်လာနိုင်ပါတယ်။ ဒါဟာဘာလို့လဲဆိုတော့ဦးနှောက်ဟာဒီအပြစ်အနာအဆာခပ်သေးသေးကိုကျော်လွှားကောင်းကျော်လွှားနိုင်မှာမို့ပါ။ ပညာရှင်တွေအားလုံးလက်ခံထားတာကတော့စောစောကုလေအခြေအနေကောင်းလေဆိုတာပါပဲ။ အော်တစ်ဇင်ကိုစောစီးစွာသိနိုင်မယ့်နည်းလမ်းအသစ်တွေကိုလည်းရှာဖွေနေကြပါတယ်။ အသေးစိတ်ထပ်စဉ်းစားမယ် >အော်တစ်ဇင်ဘာလို့ဖြစ်တာလဲ။ အော်တစ်ဇင်ဘာလို့ဖြစ်ရတာလဲဆိုတဲ့ကိစ္စမှာအဖြေရှာမရနိုင်သေးတဲ့ ပြဿနာတွေရှိနေပါတယ်။ ပထမတစ်ချက်ကကိုယ်ဝန်ရဲ့ဘယ်အဆင့်မှာအော်တစ်ဇင်စဖြစ်နိုင်တယ်ဆိုတာမသိရသေးပါဖူး။ ဒုတိယနဲ့ပိုအရေးကြီးတဲ့အချက်ကအပေါ်မှာပြောခဲ့တဲ့ပုံမှန်မဟုတ်တဲ့နေရာလေးတွေဟာလနုသေးတဲ့သန္ဓေသားလေးရဲ့ဦးနှောက်မှာဘာလို့လာဖြစ်နေရတာလဲဆိုတဲ့အချက်ဖြစ်ပါတယ်။ အော်တစ်ဇင်ဟာမျိုးရိုးဗီဇနဲ့ဆိုင်သလိုပတ်ဝန်းကျင်အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့သိပ္ပံပညာရှင်တွေအားလုံးကသဘောတူလက်ခံထားပါတယ်။ တချို့အနေအထားတွေမှာနှစ်မျိုးလုံးကြောင့် ဖြစ်နိုင်ပါတယ်။ ပတ်ဝန်းကျင်အခြေအနေတွေနဲ့ပတ်သက်လို့သုတေသနပညာရှင်တွေအနေနဲ့လေ့လာစမ်းသပ်မှုတွေအများကြီးလုပ်ခဲ့ကြပြီးလေထုညစ်ညမ်းမှုနဲ့ကာလကြာရှည်ထိတွေ့တာ၊ဗီတာမင်ဘီ၊ဖောလစ်အက်ဆစ်ဓာတ်ချို့တဲ့တာဒါမှမဟုတ်ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းတွေကြောင့် ဖြစ်နိုင်တယ်လို့ကောက်ချက်ချခဲ့ကြပါတယ်။


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ အကြောင်း သိကောင်းစရာ

သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါမှာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေဆီ အောက်စီဂျင်ပို့ပေးတဲ့ ကောင်းမွန်တဲ့ သွေးနီဥတွေ နည်းသွားပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ရနိုင်ခြေပိုများပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဘာလို့ရတာလဲ အောက်စီဂျင်ကို သယ်ဆောင်ဖို့ သွေးနီဥတွေမှာ ဟေမိုဂလိုဘင် လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးလိုအပ်ပြီး ဒီပရိုတင်းထုတ်လုပ်ဖို့ သံဓာတ် လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ကလေးအတွက်ပါ သွေးထုတ်လုပ်ပေးနေရတဲ့အတွက် မူလလိုအပ်သော သံဓာတ်ထက် ပမာဏပိုလိုအပ်တယ်။ သံဓာတ်အလုံအလောက်မရှိပါက သင့်မှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ ကလေးကို ထိခိုက်နိုင်လား ပြင်းထန်တဲ့ သွေးအားနည်းရောဂါကြောင့် နေ့မစေ့လမစေ့ မီးဖွားခြင်း၊ ပေါင်မပြည့်ခြင်းနဲ့ မီးဖွားပြီး စိတ်ကျဝေဒနာခံစားရခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ တချို့သော လေ့လာမှုတွေမှာ သန္ဓေသားသေဆုံးနိုင်ခြေနဲ့ပါ ဆက်စပ်နေတတ်တယ်လို့ ဖော်ပြကြတယ် (မမွေးခင် သို့မဟုတ် မွေးပြီးပြီးချင်း သေဆုံးခြင်း)။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ရနိုင်ခြေရှိမရှိဘယ်လိုသိမလဲ တကယ်လို့ ကိုယ်ဝန်ဆောင်ခြင်း တစ်ကြိမ်နဲ့ တစ်ကြိမ် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

မွေးကင်းစကလေး ပေါင်မပြည့်ခြင်း ဖြစ်ပွားရသောအကြောင်းရင်းများနှင့် ကုသမှုများ

တကယ်လို့သာ သင့်ကလေးက မွေးကင်းစမှာ အလေးချိန် ၂.၅ ကီလိုဂရမ် အောက် လျော့နည်းနေမယ် ဆိုရင် ပေါင်မပြည့်ဘူးလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ လမစေဘဲမွေးတဲ့ ကလေးတွေမှာ ပေါင်မပြည့်နိုင်ချေ များပါတယ်။ အကယ်၍ လမစေ့ဘဲ မွေးခဲ့မယ်ဆိုရင် ထိုကလေးရဲ့အခြေအနေက နေ့စေ့လစေ့ ၃၇ နဲ့ ၄၂ ပတ် ကြား မွေးတဲ့ ပေါင်မပြည့်တဲ့ ကလေးတွေနဲ့ ကွာခြားပါတယ်။ ဘာတွေက ပေါင်မပြည့်ခြင်းကို ဖြစ်စေတာလဲ။ ပေါင်မပြည့်ခြင်း ဖြစ်စေတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ သင့်မိသားစုထဲမှာ သင့်ကလေးက နဂိုတိုင်း သေးကွေးနေတာလဲ ဖြစ်နိုင်ပါတယ်။   ပေါင်မပြည့်ခြင်း ကိုဖြစ်စေတဲ့ အခြားအကြောင်းရင်းတွေကတော့ သင့်ကလေးက လမစေ့ဘဲ မွေးတာကြောင့် ကောင်းကောင်း ဖွံ့ဖြိုး ချိန် မရတာ ဖြစ်နိုင်တယ်။ မိခင်က အမြွှာမွေးခဲ့ရင် ကလေးတွေကလည်း လမစေ့ဘဲ မွေးနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်နှင့်အရေပြားလေးဖက်နာ

အရေပြားလေးဖက်နာရောဂါရှိသူတွေကို ကလေးရော မိခင်အတွက်ပါ အန္တရာယ်တွေများတာကြောင့် ကိုယ်ဝန်မဆောင်ဖို့ဆရာဝန်တွေကအကြံပေးထားပါတယ်။ သို့သော်လည်း ရောဂါရှိသူအမျိုးသမီးအများစု ကိုယ်ဝန်ဆောင်ပြီး ကျန်းမာတဲ့ကလေးလေးတွေ မွေးဖွားနိုင်တာမျိုးတွေလည်းရှိပါတယ်။ တကယ်လို့သင်ဟာ အရေပြားလေးဖက်နာရောဂါရှိပြီး ကလေးယူဖို့စဉ်းစားနေတယ်ဆိုရင်တော့ သင်သိထားရမယ့် ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်တွေ၊ ပြဿနာတွေနဲ့ သင်နဲ့သင့်ကလေးအတွက် အကောင်းဆုံးဖြစ်ဖို့ ဆရာဝန်က ကူညီနိုင်မှာတွေကို ဖော်ပြပေးလိုက်ပါတယ်။   ကိုယ်ဝန်ဆောင်ချိန်အတွက်အသင့်ပြင်ထားပါ အန္တရာယ်ကင်းတဲ့ကိုယ်ဝန်နဲ့ ကျန်းမာတဲ့ကလေးအတွက် ပထမဆုံးခြေလှမ်းက သင်ကိုယ်ဝန်မယူခင်ကတည်းက စတင်ပါတယ်။ တကယ်လို့ သင်ဟာကလေးယူဖို့ ပြင်ဆင်နေတယ်ဆိုရင် ဒီအချက်တွေလိုအပ်မှာပါ: -သင့်ရောဂါအခြေအနေမဆိုးရွားအောင် ကုသထိန်းသိမ်းပါ။ ကိုယ်ဝန်ယူစဉ် သင်ကျန်းမာနေလေလေ၊ အဆင်ပြေချောမွေ့တဲ့ကိုယ်ဝန်နဲ့ကလေးလေးရဖို့ ဖြစ်နိုင်ချေအရှိဆုံးဖြစ်လေလေဖြစ်ပါတယ်။ -ကိုယ်ဝန်ဆောင်ခြင်းဟာ ကျောက်ကပ်ပေါ်ဝန်ပိစေပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်ချိန်မှာ ကျောက်ကပ်ရောဂါရခြင်းဟာ ကိုယ်ဝန်ကိုဒုက္ခပေးနိုင်ပြီး ကလေးဆုံးရှုံးသည်ထိဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ပါက သင့်ရောဂါအခြေအနေ အနည်းဆုံး၆လလောက်ကြာအောင် သက်သာနေပြီဆိုကာမှ ကိုယ်ဝန်ဆောင်ဖို့အကြံပေးပါရစေ။ အထူးသဖြင့် သင့်ရောဂါက ကျောက်ကပ်ကိုထိခိုက်ထားတဲ့ အခြေအနေမျိုးမှာဆိုရင်ပေါ့။ -ဆေးကုသမှုအတွက်ဆရာဝန်နဲ့တိုင်ပင်ပါ။ တချို့ဆေးတွေကသင့်ကလေးကိုထိခိုက်နိုင်ပေမယ့် တချို့သောဆေးတွေက ကိုယ်ဝန်အတွက် အန္တရာယ်ကင်းပါတယ်။ ဒါကြောင့် သင်ကိုယ်ဝန်မယူခင်မှာ ကုသမှုကိုရပ်တန့်သင့်လား၊ ပြောင်းလဲသင့်လား […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကလေးအသေမွေးခြင်းနှင့်ပတ်သက်၍ သိသင့်သည်များ

ကလေးအသေမွေးခြင်းဆိုတာမိခင်များကိုယ်ဝန်ဆောင်စဉ်ကြုံတွေ့လေ့ရှိတဲ့စိုးရိမ်ရသောအခြအနေပါ။ ထိုအခြေအနေကိုသိရှိထားခြင်းဟာကလေးအသေမွေးခြင်းရာခိုင်နှုန်းကိုလျော့ချပေးမှာပါ။ ကလေးအသေမွေးခြင်းဆိုတာဘာလဲ။ ကလေးအသေမွေးခြင်းဆိုတာကလေးဟာမိခင်ရဲ့သားအိမ်အတွင်းမှာရက်သက်တပက်၂၀ဒါမှမဟုတ်၂၀ကျော်အတွင်းသေဆုံးနေခြင်းကိုခေါ်ပါတယ်။ အဲဒါဟာသဘာဝက ဒဏ်ခတ်ခြင်းမဟုတ်ပါ။ မိန်းမတိုင်းမှာဖြစ်နိုင်ခြေရှိပါတယ်။ ကလေးအသေမွေးပြီးသောမိန်းမတို့ရဲ့၉၈ရာခိုင်းနှုန်းဟာနဂိုအတိုင်းကိုယ်ဝန်ဆောင်နိုင်၊ကလေးမွေးနိုင်ပါသေးတယ်။   ဘယ်အရာတွေက ကလေးအသေမွေးစေနိုင်သလဲ။ ကလေးအသေမွေးစေနိုင်သောအကြောင်းအရာပေါင်းများစွာရှိပါတယ်။ဥပမာအားဖြင့် ဆီးချို၊သွေးခှိုရှိသောမိခင်များ အသက်၃၅နှစ်ကျော်နေသောမိခင်များ ကိုယ်ဝန်မဆောင်မှီကတည်းကအဝလွန်နေသာမိခင်များ ကိုယ်ဝန်ဆောင်စဉ်အတွင်းရှိသင့်သောကလေးအရွယ်အစားထက်ကြီးနေခြင်း၊သေးနေခြင်း ကိုယ်အလေးချိန်နည်းသောကလေးမွေးခြင်း၊အချိန်မတိုင်ခင်မွေးဖွားခြင်း၊အသေမွေးခြင်း၊ကိုယ်ဝန်ဆိပ်တက်ခြင်း၊SIDS(severe infant death syndrome) တို့ဖြစ်ခဲ့သောမိခင်များ ဆေးလိပ်၊အရက်၊မူးယစ်ဆေးနှင့်အကိုက်အခဲပျောက်ဆေးသုံးစွဲသောမိခင်များ အာဖရိကမိခင်များ(၂ဆကနေ၃ဆအထိဖြစ်နိုင်ခြေပိုများပါတယ်)   ကလေးအသေမွေးခြင်းကိုအများဆုံးဖြစ်စေတဲ့အကြောင်းရင်း ကလေးအသေမွေးတယ်ဆိုတာက မိခင်၊ရင်သွေး၊သားအိမ်နဲ့ချက်ကြိုးတစ်ခုခုချို့ယွင်းသောကြောင့်ဖြစ်နိုင်ပါတယ်။ သားအိမ်မကောင်းခြင်း အမေ၊ကလေးနှင့်သားအိမ်တို့ပိုးဝင်ခြင်း ချက်ကြိုးမကောင်းခြင်း၊မတော်တဆဖြစ်ခြင်း ကလေးချို့ယွင်းခြင်း၊မျိုးရိုးဗီဇပုံမှန်မဟုတ်ခြင်း ကလေးကြီးထွားမှုရပ်တန့်ခြင်း တို့ပါဝင်ပါတယ်။   အမေ့ဗိုက်ထဲကရင်သွေးလေးကိုဘယ်လိုကာကွယ်ရမလဲ။ ယခုခေတ်သစ်ဆေးလောကမှာတောင်မှကလေးအသေမွေးခြင်းကိုမှန်းဆကာကွယ်ဖို့ဆိုတာခက်ခဲပါသေးတယ်။ ဒါပေမဲ့ကိုယ်ဝန်ဆောင်မိခင်များကိုယ်တိုင်ကတော့ကလေးအသေမွေးနိုင်တဲ့ရာခိုင်နှုန်းကိုအောက်ပါတို့ဖြင့်လျော့ချနိုင်ပါတယ်။ ကိုယ်ဝန်ကိုဂရုတစိုက်စောင့်ရှောက်ဖို့လိုအပ်ပါတယ်။ ကိုယ်ဝန်ရှိသည်ဟုသိပြီးချိန်မှစရ်ျဆရာဝန်ဖြင့်ရက်ချိန်းပုံမှန်ပြကာပေးသောအကြံဉာဏ်များကိုလိုက်နာပါ။ ဆေးလိပ်၊အရက်၊မူးယစ်ဆေးတို့ကိုဖြတ်နိုင်သမျှမြန်မြန်ဖြတ်ပါ။ ဆီးချို၊သွေးတိုးတို့ရှိပါကဆရာဝန်အားပြောပြပါ။ ကုသပါ။ မအင်္ဂါမှသွေးထွက်ခြင်း၊သွေးယိုခြင်းနှင့်နာကျင်ခြင်းတို့ဖြစ်ပါကနီးစပ်ရာဆေးရုံဆေးခန်းဆရာဝန်တို့ထံသွားရန်မတွန့်ဆုတ်ပါနှင့်။ နောက်ဆုံးသုံးလပတ်အချိန်မှစကာကလေးအလှုပ်ဆုံးအချိန်တွင်ဘယ်နှစ်ကြိမ်ကန်လဲဆိုတာကိုနေ့တိုင်းသေချာဂရုစိုက်ရေတွက်သင့်ပါတယ်။ ၄၂ပတ်ကျော်သောကိုယ်ဝန်သည်အသေမွေးဖို့များသောကြောင့်ဂျူးဒိတ်ကျော်သွားပါကဆရာဝန်ကိုအသိပေးပါ။   ကလေးကန်တယ်ဆိုတာဘယ်လိုမျိုးလဲ။ ကလေးကန်တယ်ဆိုတာသူဘယ်လောက်ကျန်းမာလဲဆိုတာကိုပြတာပါ။၂၈ပတ်မှစကာကလေးဘယ်လောက်ကန်လဲ၊လှည့်သလဲ၊ရစ်သလဲ၊လည်သလဲ၊လှိမ့်သလဲစရေတွက်သင့်ပါတယ်။ ကလေးတကယ်လှုပ်လာလျှင်ထိုသို့ရေတွက်ခြင်းကဘယ်လိုမူမှန်တာတွေရှိလည်းသိလာနိုင်အောင်ကူညီပါလိမ့်မယ်။ အောက်ပါလမ်းညွှန်မှုများကိုလိုက်နာနိုင်ပါတယ်။ ကလေးအလှုပ်ဆုံးအချိန်တွင်စတင်ပါ။ ခြေထောက်တင်ထိုင်ပါဒါမှမဟုတ်ဘေးစောင်းအိပ်ပါ။ ၁၀ခေါက်မကန်မချင်းရီပါ။၁၅မိနစ်လောက်တောင်မကြာပါ။ ဆယ်ခေါက်ကန်ရန်ကြာချိန်ကိုဇယားတစ်ခုဖြင့်မှတ်ထားပါ။ ကန်ချက်တိုးလာလားရော့သွားလားကြည့်ပါ ၂နာရီအတွင်းဆယ်ခါမကန်ပါကဆရာဝန်နှင့်ချက်ချင်းတွေ့ပါ။ Stillbirth သည်အမေတိုင်းကိုစိတ်ပိုင်းဆိုင်ရာကောရုပ်ပိုင်းဆိုင်ရာပါထိခိုက်နာကျင်စေပါတယ်။ ဒါကြောင့်ကိုယ်ဝန်စဆောင်ကတည်းကသေချာပြင်ဆင်ထားခြင်းဟာကလေးအသေမွေးနိုင်ခြေကိုလျော့ချစေနိုင်ပါလိမ့်မယ်။   Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း