လမစေ့မီ ကလေးမွေးဖွားခြင်း အကြောင်း
အချိန်မတိုင်ခင် ကလေးမွေးခြင်းဟာ သင့်မွေးရက်ထက် သုံးပတ်ကျောစောပြီး သင့်ကိုယ်ခန္ဓါက အဆင်သင့်မဖြစ်ခင် ကလေးမွေးခြင်းကို ဆိုလိုပါတယ်။ ကိုယ်ဝန်အပြည့်ဆောင်ဖို့ဟာ ရက်သတ္တပတ် ၄၀ ကြာမြင့်ပါတယ်။

ဘယ်အရာတွေကို အချိန်မတိုင်မီ ကလေးမွေးနှုန်းကို မြင့်တက်စေပါသလဲ။
အချိန်မတိုင်မီကလေးမွေးခြင်းကို ဖြစ်စေတဲ့အရာတွေဟာ ကွာခြားမှု ရှိပါတယ်။ အချိန်မတိုင်မီကလေးမွေးခြင်းဖြစ်စေတဲ့အရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
• ဆေးလိပ်သောက်ခြင်း
•ကိုယ်ဝန်မဆောင်ခင် ကိုယ်အလေးချိန်များခြင်း (သို့) ကိုယ်အလေးချိန်နည်းခြင်း
•ကိုယ်ဝန်ဆောင်စဉ် စောင့်ရှောက်မှု ကောင်းစွာ မရခြင်း
•ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ခြင်း
• သွေးတိုး၊ သွေးဆိပ်တက်ခြင်း၊ ဆီးချို၊ သွေးမတိတ်ရောဂါ၊ ကူးစက်ရောဂါပိုးများ အစရှိတဲ့ ကျန်းမာရေး အခြေအနေများ ရှိခြင်း
• သေချာတဲ့ ကိုယ်ခန္ဓါချို့ယွင်းမှုတွေ ရှိတဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားခြင်း
•ဖန်ပြွန်သန္ဓေသားနည်း ဖြင့် ကိုယ်ဝန်ဆောင်ထားခြင်း
•အမွှာ (သို့) တစ်ယောက်ထက်ပိုသော ကလေးများကို ကိုယ်ဝန်ဆောင်ထားခြင်း
•မိသားစုအတွင်းတွင် အချိန်မတိုင်မီကလေးမွေးသော ရာဇဝင် ရှိခြင်း
•ကလေးမွေးပြီးပြီးချင်း နောက်တစ်ယောက် ကိုယ်ဝန်ဆောင်ခြင်း
လက္ခဏာများ
ကိုယ်ဝန်ဆောင်ချိန်မှာ အောက်ပါ လက္ခဏာတွေကို သတိထားသင့်ပါတယ်။
- ခါးနာခြင်း – များသောအားဖြင့် ခါးအောက်ပိုင်း နာတတ်ပါတယ်။ ဒါဟာ ဆက်တိုက် (သို့) ပေါ်လိုက် ပျောက်လိုက် ဖြစ်တတ်ပြီး နာကျင်မှုဟာ နေထိုင်ပုံပြောင်းလိုက်ရင် (သို့) သက်သာအောင် တစ်ခုခု လုပ်လိုက်ရင်တောင် ပျောက်မသွားတတ်ပါဘူး။
- ဆယ်မိနစ်တစ်ခါ သားအိမ်ကျုံ့ခြင်း ဖြစ်ပွားပါတယ်။
- ဗိုက်အောက်ပိုင်းနာခြင်း (သို့) ရာသီလာစဉ် ဗိုက်နာခြင်းနဲ့ တူတဲ့ နာကျင်ခြင်းတွေ ဖြစ်ပွားပါတယ်။ ဒါတွေဟာ ဝမ်းလျှောခြင်းနဲ့ အတူဖြစ်လာတဲ့ လေအောင့်ခြင်းနဲ့ ဆင်တူနိုင်ပါတယ်။
- မိန်းမကိုယ်မှ အရည်ဆင်းခြင်း
- တုတ်ကွေး လက္ခဏာတွေ ဖြစ်တဲ့ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း။ တကယ်လို့ ပြင်းထန်ခြင်းမရှိခဲ့ရင်တောင် ဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။ ၈နာရီကြာပြီးမှ မသက်သာရင်တော့ ဆရာဝန်ကို ပြကိုပြမှ ဖြစ်မှာပါ။
- တင်ပါးဆုံ (သို့) မိန်းမကိုယ်အတွင်း ဖိအားများခြင်း
- မိန်းမကိုယ် အရည်ထွက်များခြင်း
- မိန်းမကိုယ်မှ သွေးဆင်းခြင်း
ဘယ်တော့ ဆရာဝန်နဲ့ ပြသသင့်သလဲ။
အချိန်မတိုင်ခင် ကလေးမွေးတော့မယ်ဆိုတဲ့ လက္ခဏာတွေ ဖြစ်လာခဲ့ရင် ဆရာဝန်ကို ချက်ချင်း ဆက်သွယ် သင့်ပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုးများ
တကယ်လို့ အချိန်မတိုင်မီ ကလေးမွေးခြင်းကို မရပ်တန့်နိုင်ဘူးဆိုရင် ကလေးဟာ မွေးဖွားလာပါလိမ့်မယ်။ ဒါဟာ ကလေးအပေါ်မှာ ဆိုးကျိုးတွေ အများကြီး ရှိပြီး ကိုယ်အလေးချိန်နည်းခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ ကိုယ်အင်္ဂါ မဖွံ့ဖြိုးခြင်း နဲ့ အမြင်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ အချိန်မတိုင်မီ မွေးလာတဲ့ ကလေးတွေဟာ သင်ကြားမှုဆိုင်ရာနဲ့ အပြုအမူဆိုင်ရာ အခက်အခဲတွေ ရှိတတ်ပါတယ်။
ကာကွယ်ခြင်း
အချိန်မတိုင်မီ ကလေးမွေးဖွားခြင်းကို ကာကွယ်ဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။
- ကိုယ်ဝန်ဆောင်စဉ် ဆရာဝန်ပုံမှန်ပြပါ။ သင့်ဆရာဝန်က သင်ရော သင့်ကလေးရဲ့ ကျန်းမာရေးကိုပါ ပုံမှန် စစ်ဆေးပေးနိုင်ပါတယ်။
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပါ။ ကိုယ်ဝန်ဆောင်စဉ်မှာ Folic acid, calcium, iron နဲ့ အခြား အာဟာရတွေ ပိုလိုနိုင်ပါတယ်။
- အန္တရာယ် ရှိတဲ့ အခြေအနေတွေကို ရှောင်ကျဉ်ပါ။ ဆေးလိပ်သောက်တယ်ဆိုရင် အချိန်မတိုင်မီ ကလေးမွေးခြင်းကို ရှောင်ကျဉ်ဖို့ ဆေးလိပ်ဖြတ်သင့်ပါတယ်။
- ကိုယ်ဝန် အချိန်ခြားပြီး ဆောင်ဖို့ စဉ်စားပါ။ ကိုယ်ဝန် ခြောက်လထက်နည်းပြီး ဆက်တိုက်ဆောင်ခြင်းဟာ အချိန်မတိုင်မီ ကလေးမွေးဖွားမှုနဲ့ ဆက်စပ်မှု ရှိတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
- ဆေးတစ်ခုခု မသုံးစွဲခင် (သို့) ART အသုံးမပြုခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။