ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဗိုက်ထဲက ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် အနေအထိုင် အစားအသောက် အစစအရာရာကို ဂရုစိုက် ရပါတယ်။ အစားအသောက်ကိုတောင် ဂရုစိုက်နေရချိန်မှာ ဆေးသောက်ဖို့ဆိုရင် ပိုပြီးတောင် ဂရုစိုက်ရမှာပါ။ ဒီလို အစစအရာရာ ဂရုစိုက်နေရချိန်မှာ သိချင်နေလောက်မယ့် မေးခွန်းလေးတစ်ခု အကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား ဆိုတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သန်ချလို့ရလား ဆိုတာကို မပြောခင် သန်ချတာနဲ့ ပတ်သက်တဲ့ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဘာတွေကများ ကိုယ်ဝန်ဆောင် မေမေတွေကို သန်ထစေတာလဲ ကိုယ်ဝန်ဆောင် မေမေတွေကို သန်ထစေတဲ့ အကြောင်းအရင်းတွေကတော့ သေချာ ကျက်အောင် မချက်ထားတဲ့ ငါးတွေကို စားတာ သေချာ ကျက်အောင် ချက်မထားတဲ့ ဝက်သားစားတာ သေချာ ချက်မထားတဲ့ အမဲသား စားမိတာ လူတွေဆီကနေ အချင်းချင်း ကူးစက်ခံရတာ […]








































































