ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေ နဲ့ မျောက်ကျောက်ရောဂါ

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကူးစက်ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါက ကိုယ်ဝန်ဆောင်မေမေတွေမှာ ကူးစက်နိုင်လား။ ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရရင် ဘယ်လိုမျိုး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ။ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ မျောက်ကျောက်ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ မျောက်ကျောက်ရောဂါ ဆိုတာ မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။  Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။ မျောက်ကျောက်ရောဂါကို 1958 […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဖျက်ချပြီးနောက် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နိုင်သလဲ

ကိုယ်ဝန်ဖျက်ချခြင်းသည် မျိုးပွားမှုကို မထိခိုက်နိုင် (သို့) နောက်ကိုယ်ဝန်များတွင် မည်သည့် နောက်ဆက်တွဲပြဿနာမှ မဖြစ်နိုင်ဟု အများစုက ယုံကြည်ကြသည်။ သို့သော် လတ်တလော လေ့လာမှုများအရ ကိုယ်ဝန်ဖျက်ချပြီးနောက်တွင် ခန္ဓာကိုယ်၌ ဘေးထွက်ဆိုးကျိုးအချို့ရှိသည်ဟု သိရှိရသည်။ (မြန်မာနိုင်ငံတွင် တချို့သော အခြေအနေများမှ လွဲ၍ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေအရ ခွင့်မပြုပါ။) လက္ခဏာများ ကျန်းမာရေး အခြေအနေပေါ်တွင် မူတည်ပီး တစ်ဦးနှင့် တစ်ဦး လက္ခဏာများ ကွဲပြားကြသည်။ သို့ရာတွင် အမျိုးသမီးအများစု ကိုယ်ဝန်ဖျက်ချပြီးနောက် ကြုံတွေ့ရမည့် ပုံမှန်လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။ ပထမ နှစ်ပတ်တွင် အချိန်မမှန် သွေးဆင်းခြင်း ပထမနှစ်ပတ်တွင် သားအိမ်ညှစ်ခြင်းကြောင့် ဗိုက်နာခြင်း။ အချို့အမျိုးသမီးများသည် ထိုနာကျင်မှုကို ၆ ပတ်လောက်အထိ ခံစားရသည်။ နှစ်ပတ်မှ သုံးပတ်အထိ စိတ်ပိုင်းဆိုင်ရာသောကများ ခံစားရခြင်း အချင်းကျန်သောကြောင့် ပိုးဝင်ခြင်း ပျို့အန်ခြင်း ထို့ပြင် ကိုယ်ဝန်ဖျက်ချမှုသည် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Cholestasis of pregnancy (ကိုယ်ဝန်ဆောင်ချိန်ကြုံရတတ်တဲ့ယားယံခြင်းအကြောင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cholestasis of pregnancy (ကိုယ်ဝန်ဆောင်ချိန်ကြုံရတတ်တဲ့ယားယံခြင်းအကြောင်း) ကဘာလဲ။ Cholestasis လို့ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်နောက်ပိုင်းလတွေမှာဖြစ်တတ်ပြီး လက်တွေ၊ ခြေထောက်တွေနဲ့ တခြားနေရာတွေမှာ အလွန်အမင်းယားယံခြင်းကိုဖြစ်စေတယ်။ နေရထိုင်ရခက်စေပေမယ့် မိခင်တစ်ယောက်အတွက် သိသာတဲ့ဘေးဖြစ်စေခြင်းမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ဖွံ့ဖြိုးနေတဲ့ရင်သွေးငယ်လေးကိုတော့ ထိခိုက်ကောင်းထိခိုက်နိုင်ပါတယ်။ ဒါကြောင့် များသောအားဖြင့် ဆရာဝန်တွေက စောစောမွေးခိုင်းတတ်တယ်။ Cholestasis ဆိုတာ အသည်းကနေထုတ်ပေးတဲ့ အစာခြေရာမှာသုံးသော အရည်တစ်မျိုးစီးဆင်းမှု ယိုယွင်းခြင်းဖြစ်တယ်။ ကိုယ်ဝန်ဆောင်ခြင်းက အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ တခြားနာမည်တွေကတော့ obstetric cholestasis ၊ intrahepatic cholestasis လို့ခေါ်တတ်ကြတယ်။ Cholestasis of pregnancy (ကိုယ်ဝန်ဆောင်ချိန်ကြုံရတတ်တဲ့ယားယံခြင်းအကြောင်း) က ဘယ်လောက်အဖြစ်များသလဲ Cincinnati ကလေးဆေးရုံကဆေးကုသမှုစင်တာအရတော့ ကိုယ်ဝန်ဆောင် ၁၀၀၀ မှာ တစ်ယောက်ဖြစ်တယ်လို့ဆိုပြီး ဆွီဒင်နိုင်ငံသားတွေနဲ့ ချီလီနိုင်ငံသားတွေမှာ ပိုအဖြစ်များတယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လက္ခဏာများCholestasis of pregnancy (ကိုယ်ဝန်ဆောင်ချိန်ကြုံရတတ်တဲ့ယားယံခြင်းအကြောင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရလေ့ရှိတဲ့လက္ခဏာတွေကတော့ – ယားယံခြင်း၊ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Hydatidiform Mole (စပျစ်သီးသန္ဓေတည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hydatidiform Mole (စပျစ်သီးသန္ဓေတည်ခြင်း) ကဘာလဲ။ စပျစ်သီးသန္ဓေဆိုသည်မှာ သားအိမ်တွင် တည်သော ရိုးရိုးအလုံးဖြစ်သည်။ စပျစ်သီးသန္ဓေသည် မမျိုးဥ မျိုးအောင်သွားပြီး ပုံမှန် သန္ဓေသား ဖြစ်လာရမည့်အစား အချင်းတွင် ပုံမှန်မဟုတ်သော အရည်အိတ်များ ဖြစ်ပေါ်ရာမှ စတင်သည်။ သန္ဓေသားအစစ် မဟုတ်သည့်တိုင် စပျစ်သီး သန္ဓေကိုယ်ဝန်ဆောင်ထားသော အမျိုးသမီးသည် ကိုယ်ဝန်ဆောင်လက္ခဏာများ ခံစားရမည်ဖြစ်သည်။   စပျစ်သီးသန္ဓေကိုယ်ဝန်ကို ချက်ချင်းကုသဖို့ လိုအပ်သည်။ တစ်ရှုးအပိုင်းအစအားလုံးကို ဖယ်ရှားဖို့ လိုအပ်သည်။ ထိုတစ်ရှုးများသည် အချို့အမျိုးသမီးများတွင် ပြင်းထန်သော ပြဿနာများကို ဖြစ်စေနိုင်ပါသည်။ စပျစ်သီးသန္ဓေအမျိုးအစား နှစ်မျိုး ရှိပါသည်။ ပြည့်စုံသော စပျစ်သီးသန္ဓေ ။ ။ သန္ဓေသား (သို့) ပုံမှန် အချင်း တစ်ရှုးလုံး၀ မရှိပါ။ တစ်ပိုင်းတစ်စ စပျစ်သီးသန္ဓေ။ ။ ပုံမှန် မဟုတ်သော သန္ဓေသား နှင့် ပုံမှန်အချင်း တစ်ရှုးအချို့ရှိပါသည်။ သန္ဓေသား […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Stillbirth (ကလေးအသေမွေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Stillbirth (ကလေးအသေမွေးခြင်း) ကဘာလဲ။ ကလေးအသေမွေးခြင်းဆိုသည်မှာ ကိုယ်ဝန်အပတ် ၂၀ နောက်ပိုင်းတွင် မီးဖွားခြင်းဖြစ်ပြီး ထွက်လာသော ကလေးသည် သေဆုံးနေခြင်းဖြစ်သည်။ ကိုယ်ဝန်အပတ် ၂၀ မတိုင်ခင် ကလေးဆုံးရှုံးခြင်းကို ကိုယ်ဝန်ပျက်ကျခြင်းလို့ ခေါ်ပါတယ်။ ကလေးအသေမွေးသော အမျိုးသမီးအများစုသည် နောက်ပိုင်းကိုယ်ဝန်များတွင် ကျန်းမာသော ကလေးလေးကို မွေးဖွားနိုင်ပါသည်။ အကယ်၍ ကလေးအသေမွေးခြင်းသည် ခရိုမိုဆုန်းဆိုင်ရာ ပြဿနာ (သို့) ချက်ကြိုး ပြဿနာကြောင့် ဖြစ်တာဆိုလျှင် နောက်တစ်ကြိမ်ဖြစ်နိုင်ချေ နည်းပါးသည်။ အကယ်၍ မိခင် နာတာရှည် နာမကျန်းမှု (သို့) မိဘ မျိုးရိုးဗီဇရောဂါကြောင့် ဖြစ်တာဆိုလျှင် နောက်တစ်ကြိမ် ဖြစ်နိုင်ချေ အန္တရာယ် မြင့်မားပါသည်။ ပျမ်းမျှအားဖြင့် နောက်ပိုင်းကိုယ်ဝန်တွင် အောင်မြင်နိုင်သော အခွင့်အရေးမှာ ၉၀ ရာခိုင်နှုန်းကျော်ပါသည်။ Stillbirth (ကလေးအသေမွေးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကလေးအသေမွေးခြင်းသည် ဘယ်အသက်အရွယ်မဆို ဖြစ်နိုင်ပါသည်။ ဖြစ်ပွားနိုင်ချေ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Molar Pregnancy (စပျစ်သီးကိုယ်ဝန်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Molar Pregnancy (စပျစ်သီးကိုယ်ဝန်) ကဘာလဲ။ စပျစ်သီးကိုယ်ဝန် သို့မဟုတ် hydatidiform mole ဆိုသည်မှာ သားအိမ်တွင်ဖြစ်ပေါ်လာသော ကင်ဆာမဟုတ် သော အကျိတ်တစ်ခု ဖြစ်သည်။ မျိုးအောင်သော ဥသည် ပုံမှန် အားဖြင့် သန္ဓေသားဖြစ်လာရမည့်အစား သားအိမ်တွင် ပုံမှန် မဟုတ်သော အိတ်ဖြစ်လာသည်။ ၎င်းသည် သန္ဓေသား မဟုတ်သော်လည်း ကိုယ်ဝန်ဆောင်ခြင်း၏ လက္ခဏာများကို ဖြစ်ပေါ်စေသည်။ ဤအခြေအနေသည် သေစေနိုင်ပြီး အချိန်မီ ကုသမှု လိုအပ်သည်။ Molar Pregnancy (စပျစ်သီးကိုယ်ဝန်) က ဘယ်လောက်အဖြစ်များသလဲ စပျစ်သီးကိုယ်ဝန် ဖြစ်နိုင်မှုသည် နေထိုင်ရာနေရာနှင့် လူမျိုးအပေါ်မူတည်ပြီး ကွဲပြားသည်။ အမေရိကန် ပြည်ထောင် စုတွင် ကိုယ်ဝန် ၁၂၀၀ တွင် ၁ယောက် ဖြစ်နိုင်သည်ဟု သတ်မှတ်ထားသည်။ အမျိုးသမီးကိုယ်ဝန်ဆောင် အသက်၏ အစွန်းများတွင် ဖြစ်နိုင်ချေ မြင့်သည်။ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) ကဘာလဲ။ ကိုယ်ဝန်သက်တမ်း အပတ်၂၀မတိုင်ခင် ကိုယ်ဝန်ဆောင်စဉ် တခုခု လွဲချော်ခြင်း/ သန္ဓေသားကောင်းစွာ မကြီးထွားခြင်းတို့ကြောင့် အလိုလျောက်ကိုယ်ဝန်ကို ဆုံးရှုံးရခြင်းကို ခေါ်ပါတယ်။ ကိုယ်ဝန်ရှိမှန်းသြိပီးသူများမှာ ကိုယ်ဝန်ပျက်ကျနှုန်း ၁၀-၂၀%ရှိတယ်လို့ မှတ်တမ်းများရှိပါတယ်။ Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကိုယ်ဝန်ပျက်ကျခြင်းဟာ အတော်အဖြစ်များပါတယ်။ အမျိုးသမီးတစ်ဦး တစ်လရာသီမထိန်ခင်၊ သူမကိုယ်တိုင် ကိုယ်ဝန်ရှိမှန်း မသိလိုက်ခင်မှာပဲ ၅၀%သော ကိုယ်ဝန်များဟာ ပျက်ကျတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန် အပတ်၂၀ကျော်လာလျှင်တော့ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများMiscarriage (ကိုယ်ဝန်ပျက်ကျခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကိုယ်ဝန်ပျက်ကျခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ မိန်းမကိုယ်မှ သွေးဆင်းခြင်း ဗိုက်နာခြင်း/ ခါးကိုက်ခြင်း မိန်းမကိုယ်မှ အရည်၊ အသားစများ ဆင်းခြင်း သွေးဆင်းနည်းရာမှ များလာခြင်း အလွန်ကိုက်ခဲလာခြင်း ဖျားခြင်း အားနည်းခြင်း တို့ဖြစ်ပါတယ်။   အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အသည်းအဆီဖုံးခြင်းနှင့်ကိုယ်ဝန်

ကိုယ်ဝန်ဆောင်ချိန်မှာ ရုတ်တရက် အသည်းအဆီဖုံးခြင်း (AFLP) ဆိုတာ ဘာလဲ။ ကိုယ်ဝန်ဆောင်စဉ် ရုတ်တရက် အသည်းအဆီဖုံးခြင်း (AFLP) ဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ရှားပါးပေမယ့် ပြင်းထန်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အသည်းအတွင်း (သို့) အသည်းဆဲလ်တွေအတွင်းမှာ အဆီပိုတွေနဲ့ ဖုံးနေမှာဖြစ်ပါတယ်။ AFLP ကို ကိုယ်ဝန်ဆောင်ချိန်မှာ ၁: ၇၀၀၀ ကနေ ၁: ၁၅၀၀၀ ကိုယ်ဝန် တွေမှာ တွေ့ရပြီး မိခင်ရော ကလေးပါ အသက်အန္တရာယ် ရှိပါတယ်။ ဒီအခြေအနေတွေဟာ သားဦးမွေးတဲ့ မိခင်တွေမှာ ပိုအဖြစ်များပြီး ကလေးမွေးချိန်နီးတဲ့အခါ များသောအားဖြင့် ရက်သတ္တပတ် ၃၀ ကျော်ရင် အဖြစ်များပါတယ်။ အဆီဟာ အသည်းအတွင်းမှာ Triglycerides နဲ့ fatty acids ပုံစံနဲ့ နေတတ်ပြီး အဆီပိုတွေဟာ အသည်းကို ပျက်စီးစေပါတယယ်။ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန်ကြွက်တက် ခြင်း အကြောင်း သိကောင်းစရာ

ကိုယ်ဝန်ဆောင်ချိန်ကြွက်တက် တာ (အထူးသဖြင့် ကိုယ်ဝန်တတိယပတ်မှာ) အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ တစ်ဝက်လောက်ဟာ ခြေထောက်ကြွက်တက်တာ၊ ကြွက်သားနာကျင်တာတွေကို ခံစားရလေ့ရှိပြီး ညနေဖက်အချိန်တွေမှာ ပိုပြီးအဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကြွက်တက် တာ ဘာကြောင့်လဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေ ကြွက်တက်ရခြင်းအကြောင်းရင်းနဲ့ ပတ်သက်လို့ ဘယ်သူမှ အသေအချာ မသိရသေးပါဘူး။ ဖြစ်နိုင်ချေရှိတာက ကိုယ်ဝန်လရင့်ပြီး ဗိုက်အလေးချိန်ပိုလာတာနဲ့အမျှ အဆိုပါ ကိုယ်ဝန်ကို သယ်ဆောင်ထားရတဲ့ ခြေထောက်ကြွက်သားတွေအနေနဲ့ ပိုပြီးပင်ပန်းနွမ်းနယ်လာတာကြောင့် ဖြစ်နိုင်ပါတယ်။ တဖြည်းဖြည်း ကြီးထွားလာတဲ့ ကိုယ်ဝန်အနေနဲ့ ခြေထောက်ကနေ နှလုံးကိုသွားတဲ့ သွေးပြန်ကြောတွေကို ဖိတဲ့အခါ ဒါမှမဟုတ် ခန္ဓာကိုယ်အပေါ်ပိုင်းကနေ ခြေထောက်ကို သွားတဲ့ အာရုံကြောတွေကို ဖိတဲ့အခါ ဒီအခြေအနေက ပိုဆိုးလာနိုင်ပါတယ်။ ခြေထောက်ကြွက်သား နာကျင်ခြင်း၊ ကြွက်တက်ခြင်းဟာ ကိုယ်ဝန်ဒုတိယပတ်လောက်မှာ စတင်ဖြစ်ပေါ်လာနိုင်ပြီး ကိုယ်ဝန်လရင့်လာလေ ပိုဆိုးလေ ဖြစ်လာပါလိမ့်မယ်။။ ခြေထောက်ကြွက်တက်နာကျင်ခြင်းဟာ နေ့အချိန်မှာလည်း ဖြစ်ပေါ်နိုင်ပေမယ့် ညဖက်မှာ အဓိက […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

စိတ်ကျန်းမာရေးနှင့် ကိုယ်ဝန်ပျက်ကျခြင်း

စိတ်ကျန်းမာရေး နဲ့ ကိုယ်ဝန်ပျက်ကျခြင်းဆက်နွယ်မှုဟာ နှစ်ပေါင်းများစွာ အငြင်းပွားစရာတစ်ခု ဖြစ်နေခဲ့ပါတယ်။ ကိုယ်ဝန်ပျက်ကျဖူးတာဟာ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ နဲ့ ခံစားချက်ပိုင်းဆိုင်ရာအတွက် ပြသနာတွေ ဖြစ်စေနိုင်တယ်လို့ လူတော်တော်များများကာ အတွေးအမြင်ရှိကြပါတယ်။ ကိုယ်ဝန်ပျက်ကျဖူးတဲ့ အမျိုးသမီးတွေမှာ စိတ်ခံစားချက်နဲကိုယ်ခန္ဓါ ကျန်းမာရေးအတွက် သက်ရောက်မှုရှိနိုင်တယ်ဆိုပေမယ့် ဒီဆက်စပ်မှုနဲ့ပတ်သတ်ပြီး မရှင်းမလင်းဖြစ်နေဆဲ ဖြစ်တဲ့အတွက် ဆက်လက်လေ့လာ စစ်ဆေးရှာဖွေဖို့ လိုအပ်ပါတယ်။   ကိုယ်ဝန်ပျက်ကျဖူးတဲ့ အမျိုးသမီးမှာ ဘယ်လို စိတ်ကျန်းမာရေးပြသနာတွေနဲ့ ရင်ဆိုင်ရနိုင်သလဲ? ကိုယ်ဝန်ပျက်ကျပြီး မမျှော်လင့်ထားတဲ့ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေ ကြုံတွေ့ရပြီးနောက်မှာ အမျိုးသမီးအများစုဟာ ဘဝရဲ့ ရိုးရှင်းတဲ့လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ဖို့ သူတို့အတွက် အခက်အခဲဖြစ်လာတာကို သိရှိလာခဲ့ပါတယ်။ ဒီကိုယ်ဝန်ပျက်ကျတာဟာ လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကို ထင်ထားတာထက်ပိုပြီး ထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်းကြောင့် ဖြစ်တဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ မကောင်းတဲ့ပြသနာတွေထဲက အရေးကြီးဆုံးပြသနာက ကလေးဟာ အမြဲတမ်းရှင်သန်နေတယ် လို့ယုံကြည်ထားခြင်းပဲဖြစ်ပါတယ်။ လူတစ်ယောက်ဘဝဟာ မျိုးအောင်သွားတဲ့ အချိန်မှာ စတယ်လို့မယုံကြည်တဲ့သူတွေက ကိုယ်ဝန်ပျက်ကျခြင်းရဲ့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အချင်းအရှေ့ရောက်ခြင်း

အချင်းအရှေ့ရောက်ခြင်း ဆိုတာ ဘာလဲ။ အချင်းအရှေ့ရောက်ခြင်းဆိုသည်မှာ အချင်းသည် သားအိမ်၏ အောက်ဆုံးအပိုင်းတွင် သားအိမ်ခေါင်းတစ်ခုလုံးကို ငုံပြီး တည်ရှိနေခြင်းဖြစ်သည်။ သားအိမ်ခေါင်းဆိုသည်မှာ သားအိမ်၏အဝဖြစ်ပြီး ယင်းသည် မိန်းမကိုယ်နှင့် ဆက်နေသည်။ အများစုသော ကိုယ်ဝန်ဆောင်များတွင် အချင်းသည် ဘိန်းမုန့်ပုံစံရှိပြီး သားအိမ်၏အပေါ်ပိုင်းတွင် ကပ်လျက်အနေအထားတည်ရှိသည်။ အချင်းမှ တဆင့် သနေ္ဓသားဆီသို့ အောက်ဆီဂျင်နှင့် အာဟာရများပို့ပေးပြီး စွန့်ပစ်ပစ္စည်းများကို ကလေးငယ်၏သွေးထဲမှဖယ်ရှားပေးသည်။ အချင်းအရှေ့ရောက်ခြင်းသည် ကိုယ်ဝန်ဆောင်ခြင်း၏နောက်ဆက်တွဲပြသနာတခုဖြစ်ပြီး ထိုသို့ဖြစ်ခြင်းဖြင့် မိခင်ကို မွေးဖွားရခက်စေသလို ကိုယ်ဝန်ဆောင်ချိန်တွင် ပုံမှန်မိခင်လောင်းများထက် အမောမခံနိုင်ခြင်းတို့ဖြစ်စေသည်။ ထို့ပြင် အများစုသော အချင်းအရှေ့ရောက်သူမိခင်လောင်းများသည် ဗိုက်ခွဲမွေးရပါသည်။ အချင်းသည် သားအိမ်ခေါင်းတခုလုံးကိုအုပ်ထားပါက တခုလုံးရှေ့ရောက်ခြင်း၊ သားအိမ်ခေါင်းအနားသတ်ကိုသာ အုပ်ထားပါက အနားသတ်မျှသာ ရှေ့ရောက်ခြင်း နှင့် သားအိမ်ခေါင်းကို တဝက်အုပ်ထားပါက တဝက်ရှေ့ရောက်ခြင်းဟူ၍ အချင်းအရှေ့ရောက်ခြင်း ပုံစံအမျိုးမျိုးရှိပါသည်။   အချင်းအရှေ့ရောက်ခြင်း သည် အဖြစ်များပါသလား။ အချင်းအရှေ့ရောက်ခြင်း သည် ကိုယ်ဝန်သည် အယောက်၂၀၀ တွင် ဖြစ်နိုင်ချေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း