ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေ နဲ့ မျောက်ကျောက်ရောဂါ

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကူးစက်ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါက ကိုယ်ဝန်ဆောင်မေမေတွေမှာ ကူးစက်နိုင်လား။ ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရရင် ဘယ်လိုမျိုး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ။ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ မျောက်ကျောက်ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ မျောက်ကျောက်ရောဂါ ဆိုတာ မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။  Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။ မျောက်ကျောက်ရောဂါကို 1958 […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ကျခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန်ကျတာ သိပ်တော့ မတွေ့ရပါဘူး။ အမျိုးသမီးအများစုအနေနဲ့ ကိုယ်ဝန်ဟာ သွေးပေါင်ချိန်အပေါ် သက်ရောက်မှု ရှိတယ်ဆိုတာ မသိကြပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးလှည့်ပတ်မှုဟာ ပိုမိုကျယ်ပြန့်လာပြီး ဟော်မုန်းပြောင်းလဲခြင်းများဟာ သွေးကြောတွေကို ကျယ်သွားစေတဲ့အတွက် သွေးပေါင်ချိန် လျော့နည်းရခြင်း ဖြစ်ပါတယ်။ သွေးပေါင်ချိန်ဟာ ကိုယ်ဝန်ဆောင်ချိန် အစောပိုင်းမှာ ကျတတ်ပြီး ဒုတိယသုံးလပတ်အတွင်းပိုင်းမှာ အကျဆုံး ဖြစ်တတ်ပါတယ်။ ဆရာဝန်များကတာ့ အောက်မှာဖော်ပြတဲ့ လက္ခဏာတွေရှိပြီး ပုံမှန်အတိုင်းအတာမှာ မရှိဘူးဆိုရင် သွေးပေါင်ကျခြင်းလို့ သတ်မှတ်ပါတယ်။ အမျိုးသမီးများဟာ ကိုယ်ဝန်ဆောင်ချိန် သွေးပေါင်ကျခြင်းကို ကြုံတွေ့ရပါတယ်။ လက္ခဏာအားလုံးဟာ သွေးပေါင်ချိန်ကျတတ်သူတွေ ကြုံနေကြ လက္ခဏာအတိုင်းပဲ ဖြစ်ပါတယ်။ အများစုကတော့ မူးဝေခြင်း၊ တခါတရံ မူးမေ့တတ်ခြင်း ဖြစ်တတ်ပါတယ်။ မူးမေ့ခြင်းဟာ လှဲလျောင်းနေရာမှာ ရုတ်တရက်ထရပ်ရင် ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန် သွေးပေါင်ချိန် ကျတတ်ခြင်းဟာ သွေးလန့်တဲ့ အခြေအနေက […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် ကာလရှည်ကြာသွေးတိုးခြင်းကို ဘယ်လိုကုသမလဲ

သွေးပေါင်ချိန်ဟာ ၁၄၀/၉၀ ထက်မြင့်နေရင် သွေးတိုးရှိတယ်လို့ သတ်မှတ်ပါတယ်။ သွေးတိုးရှိတဲ့ အမျိုးသမီးအများစုဟာ ပုံမှန်ကိုယ်ဝန် ဆောင်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးရှိခြင်းဟာ မိခင်အတွက်ရော ကလေးအတွက်ပါ နောက်ဆက်တွဲပြသနာတွေ ဖြစ်နိုင်ပါတယ်။ နာတာရှည်သွေးတိုးရောဂါနဲ့ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးရောဂါကို ခွဲခြားဖို့ လိုအပ်ပါတယ်။ နာတာရှည်သွေးတိုးရောဂါဆိုရင်တော့ ကိုယ်ဝန်ပတ် ၂၀မတိုင်မီနဲ့ မွေးဖွားပြီး ၁၂ပတ်ထက် ပိုကြာပြီးတော့ တွေ့နိုင်ပါတယ်။ နာတာရှည်သွေးတိုးရောဂါကို လုံးဝပျောက်ကင်းအောင် မကုသနိုင်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန်ကို ကောင်းစွာ ထိန်းထားနိုင်အောင် နည်းလမ်းတွေရှိပါတယ်။ ကလေးအတွက် အကောင်းဆုံးဂရုစိုက်ခြင်းကတော့ မိမိကိုယ်ကို ဂရုစိုက်ခြင်းပဲ ဖြစ်ပါတယ်။ အောက်ပါနည်းလမ်းတချို့ ပါဝင်ပါတယ်။ - ကျန်းမာရေးနှင့် ညီညွတ်မျှတအောင် စားသောက်ပြီး ဆားသုံးစွဲမှုကို လျှော့ချရပါမယ်။ ဆားမှာပါဝင်တဲ့ ဆိုဒီယမ်ဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ - ကိုယ်ဝန်ဆောင်ကာလမှာ ဆရာဝန်ချိန်းဆိုတိုင်း ပြသပါ။ - မိမိမှာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ဟမ်မာတိုးခြေချောင်းရောဂါ အကြောင်းသိကောင်းစရာ

အဓိပ္ပါယ်ဖွင့်ဆိုချက်ဟမ်မာတိုးခြေချောင်းရောဂါ သည်ခြေညှိုး၊ခြေသူကြွယ်(သို့) ခြေသန်းရှိ အဆစ်တခု(သို့)နှစ်ခုတွင် ဖြစ်ပွားသော ခြေထောက်ရှိ ချို့ယွင်းမှုတခုဖြစ်သည်။ ထိုခြေချောင်းများအား တည့်မတ်အောင်ထိန်းထားပေးသော ကြွက်သားများ၊အရွတ်ပြားများတွင် မညီမျှမှုဖြစ်ခြင်းကြောင့် ဖြစ်တတ်သည်။ ထိုရောဂါသည် အများအားဖြင့် ခြေချောင်းသေးလေးများကို ဖိ၍ ကွေးစေသည့် သင့်တော်မှုမရှိသောဖိနပ်များကြောင့်ဖြစ်တတ်သည်။ ခြေချောင်းသည်ကွေး၍ အနေအထားတခုထဲတွင်သာ ကြာရှည်စွာရှိနေပါက ထိုခြေချောင်းများအား တည့်မတ်စေသော ကြွက်သားများသည် မဆန့်ထွက်နိုင်တော့ပေ။ ဒေါက်မြင့်ဖိနပ်များသည်လည်း ဖိအားများစေပြီး ခြေထောက်ကိုအောက်သို့ဖိတွန်းထားသောအခါ ခြေချောင်းများကို ကွေးစေသည်။ နောက်ဆုံးတွင် ခြေထောက်အားအံဝင်ခွင်ကျဖြစ်စေသောဖိနပ်များစီးလျှင်ပင် ထိုခြေချောင်းကြွက်သားများသည် ခြေချောင်းများအားမဆန့်နိုင်စေတော့ပေ။ ဟမ်မာတိုးခြေချောင်းရောဂါ၏ လက္ခဏာများ အဖြစ်အများဆုံးသော လက္ခဏာမှာ ကွေးသွားသောခြေချောင်း၏ထိပ်တွင် ပွန်းခြင်းဖြစ်သည်။ ဝေဒနာရှင်များသည် ဖြစ်ပွားသည့် ခြေချောင်းအားလှုပ်ရှားပါက နာကျင်ခြင်း(သို့)ခက်ခဲခြင်းတို့ကို ကြုံတွေ့ရတတ်သည်။ ထိုခြေချောင်းများသည်ရှူးဖိနပ်အတွင်းနှင့် ပွတ်တိုက်မိသောအခါ အသားမာများလည်းဖြစ်ပေါ်တတ်သည်။ စီးသောဖိနပ်အမျိုးအစားကြောင့် အမျိုးသမီးများတွင် အမျိုးသမားများထက်ဖြစ်ပွားတတ်သည်။ အထူးသ ဖြင့်ဆီးချိုရောဂါသည်များနှင့်သွေးလည်ပတ်မှုမကောင်းသောသူများတွင်အကယ်၍လမ်းမလျှောက်နိုင်လောက်အောင်နာကျင်လာပါက ဆေးပညာအကူအညီကို ရယူသင့်ပါသည်။ ဟမ်မာတိုးခြေချောင်းရောဂါ၏အမျိုးအစားများ ပျော့ပျောင်းသောဟမ်မာတိုးနှင့် မာကျောကာဟမ်မာတိုးဟူ၍ နှစ်မျိုးရှိသည်။ အကယ်၍ ခြေချောင်းအဆစ်အားလှုပ်ရသေးပါက […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Round ligament pain during pregnancy (ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Round ligament pain during pregnancy (ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်း) ကဘာလဲ။ ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်းသည် စူးပြီးနာခြင်း သို့မဟုတ် ဆတ်ခနဲနာခြင်းမျိုးဖြစ်ပြီး ဗိုက်အောက် သို့မဟုတ် ပေါင်ခြံကြားတစ်ဖက်သို့မဟုတ်နှစ်ဖက်လုံးတွင်ဖြစ်တတ်သည်။ ထိုအခြေအနေသည် အဖြစ်အများဆုံးပြောပြချက်ဖြစ်ပြီး ကိုယ်ဝန်ဆောင်ခြင်း၏ပုံမှန်အပိုင်းတစ်ခုတွင်ပါသည်။ ဒုတိယကိုယ်ဝန်ကာလတွင်ပိုဖြစ်တတ်သည်။ Round ligament pain during pregnancy (ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများRound ligament pain during pregnancy (ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်းသည် စိတ်မသက်သာဖြစ်စေသည်။ သို့သော် ကိုယ်ဝန်ဆောင်ခြင်း၏ပုံမှန်အပိုင်းဟုယူဆ၍ရသည်။ ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်မှနာခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့ ရုတ်တရပ် ဗိုက်တွင် စူးပြီးအောင့်ခြင်းဖြစ်သည်။ များသောအားဖြင့်ညာဘက်တွင်ဖြစ်သော်လည်း နှစ်ဖက်လုံးတွင်ဖြစ်နိုင်သည်။ စက္ကန့်အနည်းငယ်သာကြာတတ်သည်။ လေ့ကျင့်ခန်းလုပ်ချင်းကြောင့်နာနိုင်သကဲ့လို့ လျှင်မြန်သောလှုပ်ရှားမှု ဥပမာ နှာချေခြင်း ချောင်းဆိုးခြင်း ရယ်ခြင်း အိပ်ရာတွင်လှိမ့်နေခြင်း မတ်တတ်အမြန်ရပ်လိုက်ခြင်း ကြောင့်လဲဖြစ်နိုင်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Premature labor (လမစေ့မီမွေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Premature labor (လမစေ့မီမွေးခြင်း) ကဘာလဲ။ လမစေ့မီမွေးခြင်းကို preterm labor ဟုလည်းခေါ်သည်။ ဆိုလိုသည်မှာ ကိုယ်ဝန်ဆောင်နေစဉ်တွင် စောစီးစွာ သင်၏ကိုယ်မှ မွေးဖွားရန်အသင့်ဖြစ်လာခြင်းဖြစ်သည်။ မွေးရမည့်ရက် ထက်3 ပတ်စောမွေးပါက ထိုကဲ့သို့မွေးဖွားခြင်းကို ကိုယ်ဝန်မရင့်မီ မွေးဖွားခြင်းဟုခေါ်သည်။ သတင်းကောင်းမှာ ဆရာဝန်များသည် ထိုကဲ့သို့စောစီးစွာမွေးဖွားခြင်းကို ကြန့်ကြာအောင် အလွန်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ သင်၏ကလေးသည် မွေးရက်မစေ့မီ ဗိုက်ထဲတွင် အချိန်ကြာကြာကြီးထွားခွင့်ရလေလေ ထိုကလေးတွင် မွေးဖွားပြီး ရောဂါနှင့် ပြဿနာများနည်းလေလေဖြစ်သည်။ Premature labor (လမစေ့မီမွေးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကိုယ်ဝန်အားလုံး၏ 12ရာခိုင်နှုန်းတွင် လမစေ့ပဲမွေးဖွားနေသည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPremature labor (လမစေ့မီမွေးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လမစေ့မီမွေးခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ လမစေ့မီမွေးဖွားခြင်းကို ရပ်တန့်ရန် သတိပေးသည့် လက္ခဏာရပ်များကိုသိရှိရန်လိုအပ်ပါသည်။ လျင်မြန်စွာဆောင်ရွက်နိုင်မှုသည်ကြီးမားသောခြားနားချက်ကိုဖြစ်ပွားသွားစေနိုင်သည်။ သားဖွားဆရာမ (သို့) ဆရာဝန် ကို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Premature Birth (ကလေးစောမွေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Premature Birth (ကလေးစောမွေးခြင်း) ကဘာလဲ။ ကိုယ်ဝန်ဆောင်ချိန်၃၇ပတ်မတိုင်ခင် ကလေးမွေးခြင်းကို စောမွေးတယ်လို့ခေါ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်ဟာ ရက်သတ္တပတ်၄၀ရှိပါတယ်။ ကလေးစောမွေးတဲ့အခါမှာ သားအိမ်ထဲမှာ လုံလောက်တဲ့ ဖွံ့ဖြိုးချိန်မရှိတော့ပါဘူး။ စောစောမွေးလေ ပိုဒုက္ခများလေပါပဲ။ ကလေးဘယ်လောက်စောစောမွေးတယ်ပေါ်မူတည်ပြီး အောက်ပါတို့အဖြစ်သတ်မှတ်နိုင်ပါတယ်။ ရက်သတ္တပတ်၃၄ပတ်နဲ့၃၆ပတ်အတွင်းမှာ မွေးတယ်ဆိုရင် အနည်းငယ်စောမွေးခြင်း ၃၂ပတ်နဲ့၃၄ပတ်အတွင်းဆိုရင်တော့ အတော်အသင့်စောမွေးခြင်း ၃၂ပတ်အောက်ဆိုရင်တော့ အလွန်အကျွန်စောမွေးခြင်း ၂၅ပတ်နှင့်အောက်ဆိုရင် ဆိုးရွားစွာစောမွေးခြင်း အများစုကတော့ အနည်းငယ်သာစောမွေးကြပါတယ်။ Premature Birth (ကလေးစောမွေးခြင်း) က ဘယ်လောက်အဖြစ်များသလဲ လူမဲမိန်းမတွေဟာ အခြားမျိုးနွယ်မိန်းမတွေထက် ကလေးစောမွေးနိုင်ခြေ ပိုများပါတယ်။ ဒါပေမယ့်လည်း မိန်းမတိုင်းလိုလိုမှာ ဖြစ်နိုင်ခြေရှိပါတယ်။ အမှန်အတိုင်းပြောရရင်တော့ ဘာကြောင့်လဲဆိုတာ တိတိပပမရှိပါဘူး။ အန္တရာယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းအားဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများPremature Birth (ကလေးစောမွေးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကလေးစောမွေးတယ်ဆိုတာ ကလေးအပြင်လောကမှာ အသက်ရှင်နေထိုင်နိုင်ဖို့ လုံလောက်တဲ့ ဖွံ့ဖြိုချိန်မရရှိခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ ခန္ဓါကိုယ်သေးကွေးပြီး ခေါင်းကြီးနေခြင်း အဆီးနည်းပါးတဲ့အတွက်ကြောင့် ပုံမှန်ကလေးတွေထက် ကြုံလှီသွေးကွေးနေခြင်း တစ်ကိုယ်လုံးတွင် အမွှေးငယ်လေးများ ဖုံးအုပ်နေခြင်း ခန္ဓါကိုယ်အပူချိန်နည်းခြင်း အထူးသဖြင့် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Fetal Macrosomia (ကြီးမားသောသန္ဓေသား)

အဓိပ္ပါယ်ဖွင့်ဆိုချက်Fetal Macrosomia (ကြီးမားသောသန္ဓေသား) ကဘာလဲ။ ကြီးမားသောသန္ဓေသားကို “fetal macrosomia” လို့လည်းခေါ်ပြီး ပုံမှန်ထက် သိသိသာသာ ကြီးလွန်းနေသောကလေးကို ဆိုလိုပါသည်။ ကြီးမားသောသန္ဓေသားဆိုသည်မှာ ကိုယ်ဝန်သက်ကိုထည့်မတွက်ပဲ ၈ ပေါင် ၁၃ အောင်စ (၄၀၀၀ ဂရမ်) နှင့်အထက်ကလေးကို ဆိုလိုပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာရ မွေးဖွားနေသော ကလေးအားလုံး၏ ၉ % သည် ၈ ပေါင် ၁၃ အောင်စထက် ပိုနေသော ကလေးများ ဖြစ်သည်။ သို့သော် ကြီးမားသောသန္ဓေသားနှင့် ဆက်စပ်နေသည့် အန္တရာယ်များမှာ ၉ ပေါင် ၁၅ အောင်စ အထက် (၄၅၀၀ ဂရမ်) ကျော်လေလေ ပိုများလေလေပင်။ ကြီးမားသောသန္ဓေသားမှာ မိန်းမကိုယ်မှမီးဖွားခြင်းကို ပြဿနာများစေနိုင်ပြီး မွေးဖွားစဉ်ကလေးဒဏ်ရာရခြင်း ဖြစ်စေနိုင်ပါသည်။ မွေးပြီးနောက်လည်း ကလေးတွင် ကျန်းမာရေးပြဿနာများ များစွာဖြစ်လာနိုင်သည့် အန္တရာယ်မျိုး ရှိနိုင်ပါသည်။ Fetal […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း လက္ခဏာစုများဆိုတာ ဘာလဲ

အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း ပြသနာများသည်သည် ကိုယ်ဝန်ဆောင်ချိန်တွင် အချင်း မူမမှန်မှုကြောင့်ဖြစ်သော ပြသနာများဖြစ်ပါသည်။ ထိုသို့ဖြစ်ရခြင်းသည် ကလေးနှစ်ယောက်သည် အချင်းတစ်ခုတည်းနှင့် အချင်းရှိသွေးကြောများကို မျှပြီး အသုံးပြုနေရသောကြောင့် ဖြစ်ပါသည်။ ဒီလို မျှပြီး သုံးရတဲ့အတွက် ကလေး တစ်ယောက်က ပိုရပြီး တစ်ယောက်က လျော့ရတာမျိုး ဖြစ်နိုင်ပါတယ်။ အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း ပြသနာများသည် အဖြစ်များပါသလား။ ယင်းဖြစ်စဉ်သည် ထပ်တူညီသော အမြွှာများ၏ ၁၅ % တွင် ဖြစ်လေ့ရှိပါသည်။ အချင်းသီးသန့်စီရှိသော အမြွှာများတွင် ထိုပြသနာ မဖြစ်ပါ။ ကံမကောင်းစွာပင် ထိုသို့ဖြစ်ခြင်းသည် ကာကွယ်မရသော အခြေအနေဖြစ်ပါသည်။ အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း ပြသနာများကို မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။ ကိုယ်ဝန်ဆောင်ချိန်တွင် အယ်ထွာဆောင်းကို ကြည့်ခြင်းဖြင့် ဆရာဝန်သည် သင့်ကလေးတွင် ထိုပြသနာရှိနိုင်ကြောင်း ခန့်မှန်းနိင်ပါသည်။ ယင်းတို့မှာ · ကလေး […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကလေးအသေ မွေးခြင်း အကြောင်းများက ဘာတွေလဲ။

ကလေးအသေမွေးခြင်းဆိုသည်မှာ ကိုယ်ဝန်ကာလ အပတ် ၂၀ နောက်ပိုင်းတွင် ကလေးအသေမွေးခြင်းကို ဆိုလိုပါသည်။ ကမ္ဘာအနှံ့တွင် ကလေးအသေမွေးခြင်းသည် အဖြစ်များပါသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းများစွာရှိသော ကြောင့် မိဘများအနေဖြင့် ကလေး၏ကျန်းမာရေးကို ဂရုစိုက်ပြီး ပတ်ဝန်းကျင်တွင် ဂရုတစိုက်နေထိုင်ခြင်းဖြင့် ကလေးအသေမွေးနှုန်းကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ပါလိမ့်မည်။ ယခုဆောင်းပါးတွင် ကလေးအသေမွေးခြင်းကို ဖြစ်စေသော အကြောင်းရင်းများကို အဓိကထားဖော်ပြသွားမည်ဖြစ်ပါသည်။   ကလေးအသေမွေးခြင်းကို ဖြစ်စေသော အကြောင်းရင်းများ ယနေ့အချိန်အထိ အသေမွေးသော ကလေးများ ရာထောင်ချီပြီးမွေးနေခြင်းကို မရှင်းပြနိုင်သေးပါ။ အကြောင်းမှာ ထိုသို့ဖြစ်ရခြင်း၏ ပင်မအကြောင်းရင်းကို တိတိကျကျဖော်ထုတ်နိုင်မည့် ဆေးဘက်ဆိုင်ရာ နည်းပညာများ အားနည်းနေသေးသောကြောင့် ဖြစ်ပါသည်။ သို့သော် ဖြစ်နိုင်ချေအများဆုံး အကြောင်းရင်းများကို ဆရာဝန်များက အောက်ပါအတိုင်းဖော်ပြထားပါသည်။ အချင်း၏ နောက်ဆက်တွဲပြသနာများ အချင်းဆိုသည်မှာ သန္ဓေသားနှင့် မိခင်၏သားအိမ်တို့ကို ဆက်ထားပေးသော အချိတ်အဆက်ဖြစ်ပါသည်။ ထိုလမ်းကြောင်းသည် ကလေးငယ်အတွက် အသက်ရှင်နိုင်မည့် အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို ပေးနိုင်သော တစ်ခုတည်းသော […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

မည်သည့် အချက်များက သင့်တွင် အမွှာကိုယ်ဝန်ရနိုင်ချေကို သက်ရောက်မှုရှိသလဲ

ယခုအချိန်သည် သင့်မိသားစုမျိုးရိုးရာဇဝင်နှင့် စားသောက်ပုံများကို စဉ်းစားရမည့် အချိန်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချက်များသည် သင့်တွင် အမွှာပူးကိုယ်ဝန်ဆောင်နိုင်ချေရှိမရှိ ခန့်မှန်းနိုင်သော အချက်များဖြစ်သောကြောင့် ဖြစ်ပါသည်။ အောက်ပါအချက်များသည် အမျိုးသမီးများအတွက် ကလေးတစ်ယောက်နှင့် အထက်ကို တစ်ပြိုင်တည်းကိုယ်ဝန်ဆောင်နိုင်ချေများစေသော အချက်များဖြစ်ပါသည်။ အမျိုးသမီးဘက်မှ မိသားစုရာဇဝင် မိခင်ဘက်မှ မိသားစုရာဇဝင်တွင် အမွှာပူးမွေးဖွားခြင်းရှိမှာ အကျုံးဝင်မည်ဖြစ်သည်။ သဘောမှာ ဖခင်ဘက်မှ အမွှာပူးမွေးဖွားခြင်းရာဇဝင်နှင့် သက်ဆိုင်မှုမရှိဟု ဆိုလိုခြင်းဖြစ်သည်။ သင်သည် မျိုးဥများကို ထုတ်လုပ်သူဖြစ်သည့်အတွက် သင့်အရင်ကိုယ်ဝန် သို့မဟုတ် သင့်အမေ သို့မဟုတ် သင့်အမ၊ ညီမတွင် အမွှာမွေးဖွားခြင်းများရှိပါက သင့်တွင်လည်း အမွှာကိုယ်ဝန်ရနိုင်ချေပိုများပါသည်။ သင့်စားသောက်ပုံ အမျိုးသမီးများသည် အများအားဖြင့် အဆီနည်းသော အစားအစာများ (ဥပမာ- အသီးအရွက်များ )ကို စားတတ်ကြပြီး ထိုအမျိုးသမီးများသည် နို့များ၊ အသားများကိုစားသော အမျိုးသမီးများထက် အမွှာကိုယ်ဝန်ရနိုင်ချေ ပိုနည်းကြောင်း တွေ့ရပါသည်။ ထိုသို့ဖြစ်ခြင်းသည် အစားအသောက်များအပေါ်မူတည်ပြီး ဟော်မုန်းပြောင်းလဲမှုများဖြစ်ခြင်းကြောင့်ဖြစ်ပါသည်။ အဆီများသော အစားအစာများကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း