ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေ နဲ့ မျောက်ကျောက်ရောဂါ

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကူးစက်ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါက ကိုယ်ဝန်ဆောင်မေမေတွေမှာ ကူးစက်နိုင်လား။ ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရရင် ဘယ်လိုမျိုး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ။ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ မျောက်ကျောက်ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ မျောက်ကျောက်ရောဂါ ဆိုတာ မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။  Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။ မျောက်ကျောက်ရောဂါကို 1958 […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ဆေးတွေလျှောက်သောက်လို့မရတဲ့ ကိုယ်ဝန်သည်တွေ လေထိုးလေအောင့်ဖြစ်ရင် ဘာလုပ်ကြမလဲ ။ ။

လေထိုးလေအောင့် ဖြစ်တယ်ဆိုတာ သာမာန် အချိန်တွေမှာတောင် တော်တော်ခံရခက်တာ အမျိုးသမီးတို့ရဲ့ အရေးကြီးဆုံး အချိန်ဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ လေထိုးလေအောင့် ဖြစ်ရင် ဘယ်လောက်တောင်ပိုဆိုးမလဲဆိုတာ စဉ်းစားသာကြည့်ပေတော့။ ကိုယ်ဝန်နဲ့ဆိုတော့ တွေ့ကရာ ဆေးတွေသောက်လို့ကလည်း မရ၊ လေထိုးလေအောင့်ကလည်း ဖြစ်ဆိုတော့ ကိုယ်ဝန်ရှိနေချိန် လေအောင့်ခဲ့ရင် ဘာလုပ်ကြမလဲ ။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘာလို့ ပိုပြီးလေထတတ်တာလဲ ။ ။ ကိုယ်ဝန်သည်တွေမှာ လေထစေတဲ့ တရားခံကို စဉ်းစားလိုက်ရင် progesterone ဟော်မုန်းကိုသာ အပြစ်တင်ရပါလိမ့်မယ်။ progesterone ဟော်မုန်းရဲ့ကြွက်သားတွေကို ပြေလျော့စေတဲ့ အာနိသင်ကြောင့် အူလမ်းကြောင်းက ကြွက်သားတွေ ပြေလျော့သွားပြီး အစာခြေအားနည်းသွားပါတယ်။ ဒီလိုနဲ့ အစာမကြေ လေထိုးလေအောင့်တွေ ဖြစ်လာတော့တာပါပဲ။ ။ ကိုယ်ဝန်ဆောင်စဉ် လေအောင့်ခဲ့ရင် သက်သာအောင် လုပ်နိုင်မယ့် နည်းများ ။ ။ ကိုယ်ဝန်ဆောင်တဲ့ အချိန် ကိုယ့်ရင့်သွေးလေးကို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Rh - အနှုတ်သွေးပိုင်ရှင်မေမေတို့ ကိုယ်ဝန်ဆောင်တဲ့အခါ ဘာတွေ သတိထားရမလဲ ။ ။

အပေါင်းသွေး အနှုတ်သွေးတွေရဲ့ ကိုယ်ဝန် အပေါ်သက်ရောက်မှု ။ ။ သွေး အမျိုးအစား ၄ မျိုးဖြစ်တဲ့ Aသွေး၊ B သွေး၊ AB သွေး၊ O သွေး တို့ကိုအားလုံးသိကြမှာပါ။ ကိုယ်က ဘာသွေးအမျိုးအစားပိုင်ရှင်လဲဆိုတာ သိချင်လို့ သွားစစ်တဲ့ အခါကျရင် A တွေ B တွေ ချည်းနဲ့ပဲ အဖြေပြန်ထွက်ထာတာ မဟုတ်ပါဘူး။ A+ A- ဆိုပြီး အပေါင်းတွေ အနှုတ်နဲ့ အတူ အဖြေပြန်ထွက်လာတာပါ။ အဲဒီမှာပါနေတဲ့ + နဲ့ - က ဘာကိုပြောတာလဲ ။ ။ ဒီ အပေါင်းသွေး အနှုတ်သွေးတွေကို Rh + နဲ့ Rh - လို့ ခေါ်ကြပါတယ်။ ဒီ နှစ်ခုထဲမှာ […]


ကိုယ်ဝန်ဆောင်ကာလ

ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ

ကိုယ်ဝန်ဆောင်တဲ့အခါ ခန္ဓာယ်မှာပြောင်းလဲတာတွေဖြစ်ပေါ်လာပါတယ်။ ဒီပြောင်းလဲမှုတွေကို ကိုယ်ဝန်ဆောင်အစောပိုင်းကာလပြောင်းလဲမှုတွေလို့ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ခန္ဓာကိုယ်မှာ ဘယ်လိုပြောင်းလဲလာလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ ကိုယ်ဝန်ရှိလာတဲ့အခါ ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ် ကိုယ်ဝန်ရှိလာတဲ့အခါ ခန္ဓာကိုယ်မှာ အခုလို ပြောင်းလဲမှုတွေ ခံစားလာရနိုင်ပါတယ်။ ကိုယ်ဝန်ရှိလာတဲ့အခါ ရင်သားတွေကြီးလာမယ်၊ တင်းပြီးနာမယ် ရင်သားတွေက ကိုယ်ဝန်ရှိနေပြီဆိုတာကို အရင်ဆုံးသိရှိစေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေပေါ့။ ကိုယ်ဝန်စရှိပြီး နှစ်ပတ်လောက်ကာလအတွင်းမှာဟော်မုန်းပြောင်းလဲမှုကြောင့် ရင်သားတွေပြည့်တင်းလာပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ခြေကုန်လက်ပန်းကျမယ် ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ပရိုဂျက်စတင်ဟော်မုန်းတက်လာတာကြောင့် ပင်ပန်းနွမ်းနယ်တာ နည်းနည်းလောက်လှုပ်ရှားမိရင်ကိုခြေကုန်လက်ပမ်းကျတာမျိုးကြုံရနိုင်ပါတယ်။ ပုံမှန်လှုပ်ရှားမှုလေးတွေလုပ်ရင်းနဲ့ကို ခြေကုန်လက်ပန်းကျသလိုခံစားရနိုင်ပါတယ်။ သွေးနည်းနည်းဆင်းမယ် တစ်ခါတလေမှာ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာသွေးအနည်းငယ်ဆင်းတာမျိုးကြုံရနိုင်ပါတယ်။ အများကြီးတော့မဟုတ်ပါဘူး။ သန္ဓေအောင်သွားတဲ့ မျိုးဥက သားအိမ်နံရံမှာ တွယ်ကပ်တာကြောင့်သွေးအနည်းငယ်ဆင်းတာပါ။ ဗိုက်နည်းနည်းအောင့်မယ် ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ဗိုက်ကရာသီလာစဉ်နာကျင်ကိုက်ခဲသလိုမျိုး အနည်းငယ်ခံစားရနိုင်ပါတယ်။ ဒါကလည် အပေါ်မှာပြောခဲ့သလို သန္ဓေအောင်တဲ့ မျိုးဥက သားအိမ်နံရံကို တွယ်ကပ်တာကြောင့်ပါ။ မအီမသာဖြစ်မယ် ကိုယ်တွင်းမှာ အက်စထရိုဂျင်ဟော်မုန်အလျင်အမြန်မြင့်တက်လာမှုကြောင့် ရင်ပြည့်ရင်ကယ်သလိုမျိုး မအီမသာဖြစ်တာမျိုးခံစားရတာပါ။ ဟင်းနံ့တွေမခံနိုင်တာ၊ စီးကရက်နံ့တွေနဲ့ အခြားသောအနံ့စူးစူးတွေရတဲ့အခါ အန်ချင်သလိုဖြစ်တာမျိုးခံစားရနိုင်ပါတယ်။ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်ယားယံခြင်း

ကိုယ်ဝန်ဆောင်နေစဉ် မိန်းမကိုယ်ယားယံခြင်း ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မောပန်းလွယ်ခြင်း၊ မနက်ပိုင်း ပျို့အန်ခြင်း၊ သားအိမ်ခေါင်းအချွဲဆင်းခြင်းတွေ အပြင် မိန်းမကိုယ်ယားယံခြင်းဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ မိန်းမကိုယ် ယားယံခြင်းဟာ ဆိုးရွားတဲ့ စိုးရိမ်စရာအခြေအနေတစ်ခုမဟုတ်ပေမယ့် လိင်မှတဆင့်ကူးစက်တတ်တဲ့ ကာလသား ရောဂါလိုမျိုး နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်လာစေဖို့ ဖြစ်နိုင်သမျှမြန်မြန် စစ်ဆေးကုသသင့်ပါတယ်။   ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်ယားယံခြင်းဟာ ဘာကြောင့်ဖြစ်တာလဲ။ • အရည်လိုအပ်မှုပိုများလာခြင်း။ ။ ကိုယ်ဝန်ရဲ့ပထမသုံးလတာ ကာလမှာ ကလေးရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အရည်ဓာတ်များစွာလိုအပ်တာကြောင့် မိန်းမကိုယ်အတွင်းသားတွေ ခြောက်သွေ့လာပြီး စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း နဲ့ ယားယံ ခြင်းကိုဖြစ်စေပါတယ်။ • မိန်းမကိုယ်တဝိုက်ချွေးထွက်များခြင်း။ ။ မိန်းမကိုယ်တဝိုက် ကြားနေရာလေးတွေမှာ ချွေးစုလာတဲ့အတွက် ပူနွေးစိုစွတ်မှုကြောင့် ယားယံခြင်းကိုဖြစ်စေနိုင်ပါတယ်။ • တချို့သော ထုတ်ကုန်ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်း။ ။ ရေမွှေး၊ အဝတ်လျှော်ဆပ်ပြာ၊ ကွန်ဒုံး နဲ့ မိန်းမကိုယ်အတွင်းပိုင်းကို ဆေးကြောတဲ့ဆေးရည် စတဲ့အရာတွေမှာ မိန်းမကိုယ်တစ်ဝိုက်ကို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

HELLP Syndrome

အဓိပ္ပါယ်ဖွင့်ဆိုချက်HELLP syndrome ဆိုတာဘာလဲ။ HELLP syndrome က ကိုယ်ဝန်ဆောင်စဉ်မှာဖြစ်တဲ့ အသက်အန္တရာယ်ပေးအခြေအနေဖြစ်တယ်။ ကိုယ်ဝန်ဆိပ်သင့်တာနဲ့ဆက်စပ်မှုရှိပြီး ကိုယ်ဝန်ဆောင် ၅-၈% မှာတွေ့ရပါတယ်။ များသောအားဖြင့် ကိုယ်ဝန်ပတ် ၂၀ မြောက်မှာ အဖြစ်များတယ်။ HELLP syndrome က အသည်းနဲ့သွေးမှာဖြစ်တဲ့ရောဂါဖြစ်ပြီး မကုသပဲထားလိုက်ရင် အသက်သေနိုင်ပါတယ်။ HELLP syndrome ရဲ့လက္ခဏာတွေက အများကြီးဖြစ်သလို မသဲမကွဲလဲဖြစ်တတ်တဲ့အပြင် ကနဦးအစမှာ အတည်ပြုဖို့ခက်ပါတယ်။ HELLP ဆိုတာက အစပိုင်းဓါတ်ခွဲစစ်ဆေးတဲ့အခါမှာ တွေ့ရတဲ့မူမမှန်စစ်ဆေးမှုတွေကို အစွဲပြုပေးတာပါ။ Haemolysis (သွေးဆဲလ်ကွဲပျက်ခြင်း) EL: အသည်းအင်ဇိုင်းတက်ခြင်း LP: သွေးမွှားဥအရေအတွက်နည်းခြင်း သွေးဆဲလ်ကွဲပျက်တဲ့လူတွေမှာ သွေးနီဥတွေ အရွယ်မတိုင်ခင် မြန်မြန်ပျက်စီးနေတတ်ပါတယ်။ ဒါကြောင့် သွေးနီဥအရေအတွက် နည်းလာပြီး နောက်ဆုံးမှာ သွေးအားနည်းရောဂါဖြစ်လာပါတယ်။ သွေးအားနည်းရောဂါဆိုတာ ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီထောက်ပံ့ဖို့ လုံလောက်တဲ့အောက်စီဂျင်ကို သွေးက မသယ်နိုင်တော့တဲ့ရောဂါဖြစ်ပါတယ်။ အသည်းအင်ဇိုင်းမြင့်တက်လာတာက အသည်းက လုပ်ငန်းကောင်းကောင်းမလုပ်တော့တဲ့ လက္ခဏာပါ။ ရောင်နေတဲ့အသည်း ထိခိုက်ထားတဲ့အသည်းက […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်လွယ်ထားရချိန် ထိခိုက်ဒဏ်ရာတွေနဲ့နာကျင်မှုဝေဒနာ သက်သာစေဖို့

ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်ဟာ မိခင်လောင်းတွေအတွက် စိတ်အလှုပ်ရှားရဆုံးဖြစ်သလို ဘာပဲလုပ်လုပ် သတိကြီးကြီးထားရတဲ့အချိန်လည်းဖြစ်ပါတယ်။ မိခင်နဲ့ကလေးက တစ်တွဲတည်းဖြစ်နေချိန်မှာ လုံးဝအထိခိုက်မခံနိုင်ဘူးလေ။ နှစ်ယောက်လုံးရဲ့ကျန်းမာရေးကို သိပ်ကိုဂရုစိုက်ရတဲ့အပြင် မတော်တဆထိခိုက်မှုအန္တရာယ်ဆိုတာ မထင်မှတ်ဘဲ ဖြစ်လာတတ်တာကြောင့် သွားသတိ၊ စားသတိ အမြဲရှိသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ရတဲ့အခါ ဗိုက်ထဲက ကလေး ကြီးထွားဖွံ့ဖြိုးလာဖို့နဲ့ ကောင်းမွန်စွာမွေးဖွားနိုင်ဖို့ ခန္ဓာကိုယ်က အားအင်တွေ စုပ်ယူ၊ အလိုအလျောက်စတင်ပြင်ဆင်နေပါပြီ။ လရင့်လာတာနဲ့အမျှ ကလေးမွေးဖို့အတွက် ခန္ဓာကိုယ်ကပြင်ဆင်နေတာကြောင့် အဆစ်အမြစ်တွေက စတင်လျော့ရဲလာပါတယ်။ အိပ်ချင်တာ၊ မအီမသာဖြစ်တာ၊ စိတ်နဲ့လူမကပ်တာတွေလည်း ခံစားရနိုင်တယ်။ ဒါနဲ့ပဲ ချော်လဲတာ၊ ချော်ကျတာတွေ ဖြစ်လွယ်ပြီး ထိခိုက်ဒဏ်ရာလည်း ရလွယ်ပါတယ်။ ဒီလိုဂရုစိုက်နေတဲ့ကြားက ကိုယ်ဝန်ဆောင်မေမေတို့ရဲ့အဖြစ်များတတ်ကြတဲ့ ထိခိုက်ဒဏ်ရာနဲ့ နာကျင်မှုတွေအကြောင်းလေး ပြောပြရဦးမယ်။ မေမေဗိုက်တို့ ခံစားရတတ်တဲ့ ထိခိုက်ဒဏ်ရာနဲ့ နာကျင်မှုဝေဒနာတွေ အရေပြားပေါက်ပြဲဒဏ်ရာနဲ့ ပြတ်ရှဒဏ်ရာ - ဘယ်လောက်ပဲသတိထားတယ်၊ နားနေတယ် ဆိုဆို မတော်တဆ ထိခိုက်မှုဆိုတာ မကင်းနိုင်ကြတာမို့ရှောင်လွှဲရမလွယ်ပါဘူး။ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ခန္ဓါကိုယ်ပြင်ပသန္ဓေ္ဓတည်ခြင်းအကြောင်း

ခန္ဓါကိုယ်ပြင်ပသန္ဓေတည်ခြင်း၊ တနည်း ယခင်ဖန်ပြွန်သန္ဓေသားနည်း လို့ သိခဲ့ကြတဲ့ In vitro fertilization (IVF) ဟာ မျိုးဆက်မပွားနိုင်ခြင်းအတွက် နာမည်ကြီးကုသနည်းဖြစ်တယ်။ လိုအပ်တဲ့လုပ်ဆောင်ချက်ကတော့ သားဥများကို သုတ်ပိုးနဲ့ ဓါတ်ခွဲခန်းထဲမှာ သားအောင်စေပြီး သန္ဓေသားလောင်း သို့ သန္ဓေ သားလောင်းများဖန်တီးခြင်းဖြစ်တယ်။ မိဘဖြစ်လိုသူတွေရဲ့ သားဥနဲ့သုက်ပိုးကိုသုံးနိုင်သလို၊ အမည်မဖော်သူအလှူရှင်တွေဆီကလည်း အသုံးပြုနိုင်ပါတယ်။ အောက်ပါတို့ကတော့ ဖန်ပြွန်သန္ဓေ္ဓသားမယူခင် သိထားသင့်တဲ့အချက်တွေဖြစ်တယ်။ ဖန်ပြွန်သန္ဓေ္ဓသားနည်းနဲ့ဖြေရှင်းလို့ရနိုင်တဲ့မျိုးမပွားနိုင်ခြင်းများ သားအိမ်နံရံတစ်သျူးများပုံမှန်မဟုတ်ခြင်း၊ သားဥအိမ်ရောဂါများ၊ သားအိမ် သို့ သားဥပြွန်အနေအထားမကောင်းခြင်း၊ သုက်ပိုးနည်းခြင်း၊ သုက်ပိုးမှသားဥအားသားမဖောက်နိုင်ခြင်း၊ နှင့် အခြားသောမျိုးမပွားနိုင်သည့်အခြေအနေများရှိပါက ခန္ဓါကိုယ်ပြင်သန္ဓေ္ဓအောင်ခြင်းနည်းကို အသုံးပြုနိုင်ပါတယ်။ လုပ်ဆောင်ပုံ အစပိုင်းမှာ အမျိုးသမီးသွေးပြန်ကြောထဲသို့ ဟော်မုန်းကုထုံးထည့်ကာ သားဥအိတ်ထဲတွင် သားဥပေါင်းများစွာဖြစ်လာအောင် လှုံ့ဆော်ပါလိမ့်မယ်။ ထို့နောက် ထိုသားဥများကိုစုပြီး ဖန်ပြွန်တစ်ခုထဲမှာ သန္ဓေ္ဓအောင်စေပါမယ်(ဒါကြောင့် ဖန်ပြွန်သန္ဓေ္ဓသား လို့ခေါ်ပါတယ်)။ သန္ဓေ္ဓသားလောင်းများပေါ်လာပါက သန္ဓေ္ဓသားလောင်းတစ်ယောက် သို့ သန္ဓေသားလောင်းများကို အမျိုးသမီးရဲ့ မွေးလမ်းကြောင်း […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်နောက်ပိုင်းကာလ ပျက်ကျခြင်း

ကိုယ်ဝန်ရှိချိန်မှာ မမျှော်လင့်ဘဲ ပျက်ကျတာမျိုး ဖြစ်တတ်ပါတယ်။ ဒီဆောင်းပါးမှာ ကိုယ်ဝန်ပျက်ကျခြင်း အကြောင်းနဲ့ ဘယ်လိုကာကွယ်မလဲဆိုတာ ဖော်ပြထားပါတယ်။ ကိုယ်ဝန်နောက်ပိုင်းကာလ ပျက်ကျခြင်းဆိုတာ ဘာလဲ ကိုယ်ဝန်ပျက်ကျခြင်းဆိုတာ ကိုယ်ဝန် ၁၂ပတ် နောက်ပိုင်းနဲ့ ၂၄ပတ်မတိုင်ခင်မှာ ဖြစ်ပေါ်တတ်ပါတယ်။ ၂၄ပတ်နောက်ပိုင်းမှာ ကလေးကို ဆုံးရှုံးတာဆိုရင်တော့ ကလေးအသေမွေးခြင်းလို့ ခေါ်ပါတယ်။ အစောပိုင်းကာလတွေမှာ ပျက်ကျခြင်းနဲ့ ယှဉ်ကြည့်ရင် နောက်ပိုင်းမှာ ပျက်ကျတာ ပိုရှားပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအားလုံးရဲ့ ၁-၂% လောက်သာ ဒုတိယသုံးလပတ်မှာ ပျက်ကျတတ်ပါတယ်။ ကိုယ်ဝန်ပျက်ကျရတဲ့အခါ မိခင်အပါအဝင် တမိသားစုလုံးအတွက် ဝမ်းနည်းကြေကွဲစရာ ဖြစ်ပါတယ်။ ဆေးရုံဝန်ထမ်းများနဲ့ ဆရာဝန်များကလည်း ဒီလိုခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်နိုင်ဖို့ နှစ်သိမ့်ကူညီပါလိမ့်မယ်။   ကိုယ်ဝန်နောက်ပိုင်းကာလ ပျက်ကျခြင်းကို ဘယ်လိုသိနိုင်သလဲ အထင်ရှားဆုံး လက္ခဏာကတော့ မိန်းမကိုယ်မှ သွေးဆင်းခြင်းနဲ့ မီးဖွားချိန်ဗိုက်နာသလို နာကျင်ခြင်း ဖြစ်ပါတယ်။ သွေးဆင်းတဲ့ပမာဏဟာ အလွန်များပြီး သွေးခဲများအနေနဲ့ ဆင်းတတ်ပါတယ်။ တခါတရံ ရှားရှားပါးပါး […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ဆေးလိပ်သောက်ခြင်းနှင့် ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်မရခင်နဲ့ ကိုယ်ဝန်ဆောင်နေချိန်မှာ ဆေးလိပ်ဖြတ်ဖို့ဆိုတာ အရေးကြီး လုပ်သင့်တဲ့ အရာတစ်ခုပါ။ ဆေးလိပ်သောက်ခြင်းက သင်နဲ့ သင့်ကလေးအတွက် ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်း ကိုယ်ဝန်လွယ်နေချိန်မှာ နာကျင်ခြင်း၊ သွေးထွက်ခြင်းနဲ့ ခွဲမွေးဖို့ လိုအပ်နိုင်ချေ မြင့်လာနိုင်ခြင်း စောမွေးခြင်း (ကိုယ်ဝန်ဆောင်ချိန် ၃၇ပတ်အောက် နည်းခြင်း) ပေါင်မပြည့်ခြင်း၊ ဒါ့ကြောင့် ရောဂါပိုးနဲ့ တခြားကျန်းမာရေး ပြဿနာများ ပိုဖြစ်နိုင်ခြင်း ကလေးငယ်လေးတွေအတွက် သေဆုံးနိုင်ချေ နည်းပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်တာက Sudden Infant Death Syndrome (SIDS / cot death) ကို ဖြစ်စေနိုင်ပါတယ်။ မွေးပြီး သိပ်မကြာခင် သေဆုံးနိုင်ချေ ပိုမြင့်လာနိုင်ပါတယ်။ ယေဘုယျ အချက်အလက်များ “ ကလေးပေါင်ချိန်မပြည့်တာ ဘာမှ ပြဿနာ မရှိဘူး၊ မွေးရတာ ပိုတောင် လွယ်သေးတယ် “ အချက်အလက်၊ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆိပ်တက်ခြင်း အကြောင်း မသိမဖြစ် အချက် ၅ ချက်

အမျိုးသမီးတဦးရဲ့ ဘဝမှာ ကိုယ်ဝန်ဆောင်ခြင်းဟာ သွေးထွက်သံယိုဖြစ်ခြင်းနဲ့ ကလေးမွေးရတဲ့ ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ သွေးကြောများထဲ သွေးခဲခြင်းပြသနာဖြစ်နိုင်ခြေ ရှိပါတယ်။ သွေးတိုးလူနာတွေမှာ ဖြစ်တတ်ပါတယ်။ ဒီပြသနာအကြောင်းကို လေ့လာကြည့်ကြပါစို့ ၁။ ကိုယ်ဝန်ဆိပ်တက်ခြင်းဆိုတာ ဘာလဲ ကိုယ်ဝန်ဆိပ် တက်ခြင်းဆိုတာ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးသူတွေမှာ တက်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် သွေးတက်ခြင်းဟာ ကိုယ်ဝန်ဆောင်ကာလ တဝက်လောက်ကနေ မွေးဖွားချိန်အထိ ဖြစ်တတ်ပါတယ်။ သွေးပေါင်ချိန်၊ ကျောက်ကပ်၊ အသည်း စတာတွေကို ထိခိုက်တတ်ပြီး တခါတရံမှာ သန္ဓေသားဖွံ့ဖြိုးမှုကိုပါ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပါတယ်။ ဒီရောဂါရဲ့ အခြေအနေပေါ်မူတည်ပြီး အမျိုးသမီးတချို့ဟာ ဆေးရုံကို ရက်ချိန်းပြန်လည် ပြသရပါတယ်။ ဒါပေမယ့် သွေးတိုးရှိသူတိုင်း ဒီပြသနာတွေ မကြုံရပါဘူး ၂။ ကိုယ်ဝန်ဆိပ်တက်ခြင်း ဘာကြောင့်ဖြစ်သလဲ ကိုယ်ဝန်ဆိပ် တက်ခြင်းဟာ ပထမဆုံး ကိုယ်ဝန်တွေနဲ့ အသက်ငယ်သေးတဲ့ မိခင်တွေမှာ တွေ့ရတာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း