ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ
ကိုယ်ဝန်ဆောင်မေမေ နဲ့ မျောက်ကျောက်ရောဂါ
ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကူးစက်ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါက ကိုယ်ဝန်ဆောင်မေမေတွေမှာ ကူးစက်နိုင်လား။ ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရရင် ဘယ်လိုမျိုး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ။ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ မျောက်ကျောက်ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ မျောက်ကျောက်ရောဂါ ဆိုတာ မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။ Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။ မျောက်ကျောက်ရောဂါကို 1958 […]
































