ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေ နဲ့ မျောက်ကျောက်ရောဂါ

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကူးစက်ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါက ကိုယ်ဝန်ဆောင်မေမေတွေမှာ ကူးစက်နိုင်လား။ ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရရင် ဘယ်လိုမျိုး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ။ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ မျောက်ကျောက်ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ မျောက်ကျောက်ရောဂါ ဆိုတာ မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။  Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။ မျောက်ကျောက်ရောဂါကို 1958 […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဖျက်ချမှုဟာ တရားဝင်သလား

အခုတလော ဆိုရှယ်မီဒီယာတွေမှာ ကိုယ်ဝန်ဖျက်ဆေးတွေ၊ ကိုယ်ဝန်ဖျက်နည်းတွေကို ပြောင်ပြောင်တင်းတင်းရေးသားလာကြတာကို တွေ့လာရပါတယ်။ ကိုယ်ဝန်ဖျက်ချမှုဟာ တရားဝင်သလား ဆိုတာ နဲ့ ဥပဒေရှုထာင့်၊ လူမှုရေးရှုထောင့် ဘယ်လိုရှိပါသလဲ။ ကိုယ်ဝန်ဖျက်ချမှုဟာ တရားဝင်သလား ကိုယ်ဝန်ဖျက်ချမှုဟာ တရားဝင်သလား ဆိုတော့ ကိုယ်ဝန်ဖျက်ချခြင်းဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မတူညီတဲ့ ယဉ်ကျေးမှုစံနှုန်းတွေ၊ နောက်ခံအခြေအနေတွေအရ ရှုမြင်ပုံ အမျိုးမျိုးကွဲပြားပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ဘာသာရေးအရ သူတစ်ပါးအသက်နဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်လို့ မကောင်းမှုတစ်ခုအနေနဲ့ ယူဆထားပါတယ်။ ဥပဒေနှင့် မညီပါ ပထမဆုံးတင်ပြချင်တာကတော့ မြန်မာနိုင်ငံမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၁၂ အရ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ထားပါတယ်။ ထောင်ဒဏ် (၃) နှစ်ကျခံနိုင်တဲ့ ဥပဒေဖြစ်ပါတယ်။ ကိုယ်ဝန်ရင့်မာချိန် ကလေးလှုပ်ပြီဆိုရင် (၇)နှစ်ထိ ကျခံနိုင်ပြီး တရားမဝင်ကိုယ်ဝန်ဖျက်ချချိန်မှာ မိခင်သေဆုံးရင် ပြစ်ဒဏ်ပိုများသွားပါတယ်။ နောက်တစ်ချက်က မိမိကိုယ်ဝန်ကိုပျက်ကျစေဖို့ ကိုယ်တိုင်အားထုတ်တယ်ဆိုရင် ကိုယ်ဝန်ဆောင်အမျိုးသမီးဟာလည်း ဒီပုဒ်မနဲ့ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ဗိုက်ထဲက ရင်သွေးလေးမှာ ဦးခေါင်းခွံပါမလာခြင်း ( Anencephaly) အကြောင်း သိကောင်းစရာများ ။ ။

ကိုယ်ဝန်စရှိပြီဆိုတည်းက မွေးလာမယ့် ကလေးလေး အဂါၤအစုံပါလာဖို့ဆိုတဲ့ ဆုတောင်းက မိဘတိုင်းရဲ့ ပထမဆုံး တောင်းဆုပါ။ ဒါ့ကြောင့်ပဲ ကိုယ်ဝန်တစ်လျှောက်သေချာ ပြုစုစောင့်ရှောက်ကြ၊ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ကြ၊ အားဆေး ေတွသောက်ကြတာပေ့ါ။ အားဆေးတွေထဲမှာဆို မေမေတိုင်းသိတဲ့ Folic acid။ အဲဒီ Folic acid က ဗိုက်ထဲက ကလေးဖွံ့ဖြိုးမှုအတွက် အရမ်းကို အ ရေးပါတဲ့ ဓါတ်တစ်ခု။ အထူးသဖြင့် ကလေးရဲ့ အာရုံကြောပြွန်ဖွံ့ဖြိုးဖို့အတွက် folic acid က မရှိမဖြစ်။ ဒီ folic acid ချို့တဲ့သွားခဲ့ရင် ( ဒါမှမဟုတ်) မွေးရာပါချို့ယွင်းချက် တစ်ခုခုရှိခဲ့ရင် ခုပြောမယ့် ( Anencephaly ) လို့ခေါ်တဲ့ ဦးခေါင်းခွံ ပါမလာတဲ့ ပြဿနာ ကလေးမှာ ဖြစ်တတ်ပါတယ်။ မွေးလာမယ့် ကလေး […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ပျက်ကျပြီးနောက် သိထားသင့်တာလေးတွေ။ ။

ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ သားသမီးလိုချင်နေတဲ့ မိခင်တိုင်းအတွက် ဆုံးရှုံးမှုကြီးတစ်ခုပါ။ ဒါပေမယ့် ရှောင်လွဲလို့မရဘဲ ဒီလို ကိုယ်ဝန်ပျက်ကျတဲ့အဖြစ်မျိုးကြုံတွေ့ပြီးနောက် ကိုယ်ခန္ဓါမှာ ဘာတွေ ပြောင်းလဲသလဲဆိုတာလေးတွေ သိထားဖို့လိုပါတယ်။ ဒါမှ ဒါတွေက ကိုယ်ဝန်ပျက်ကျပြီး ပုံမှန်ကြုံရတတ်တာလား။ အခြား ဘာပြဿနာများ ရှိနေလားဆိုတာလေးတွေ ခွဲခြားနိုင်မှာဖြစ်ပါတယ်။ ကိုယ်ဝန်ပျက်ကျပြီး ဘယ်လောက်ဆို ပုံမှန် ပြန်ဖြစ်သွားမှာလဲ။ ကိုယ်ဝန်ပျက်ကျတာကနေ ကိုယ်ခန္ဓါပုံမှန်ပြန်ဖြစ်ဖို့ဆိုတာ သင်ဘယ်နှစ်ပတ်နဲ့ ကိုယ်ဝန် ပျက်ကျခဲ့လဲဆိုတဲ့အပေါ်မူတည်ပါတယ်။ အရေးကြီးဆုံးကတော့ကိုယ်ဝန်ပျက်ကျပြီး သားအိမ်ထဲမှာ သန္ဓေသား အကြွင်းအကျန်တွေ မကျန်ခဲ့ဖို့ပဲ ဖြစ်ပါတယ်။ သွေးဆင်းတာ သက်တောင့်သက်သာမရှိတာတွေလည် းကြုံတွေ့ရတတ်ပါတယ်။ ကိုယ်ဝန်ပျက်ကျြပီးပြီးချင်း ၂ ပတ်လောက်အထိ မိန်းမကိုယ်က သွေးဆင်းတာမျိုးတွေ ကြုံတွေရတတ်ပါတယ်။ အဲဒီ အချိန်သိရမှာတွေကတေ့ အမျိုးသမီးလစဉ်သုံး ပစ္စည်း padကိုသုံးပါ။ တမ်ပွန် မသုံးပါနဲ့။ တစ်ခါတစ်ရံ ဗိုက်အောင့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သွေးဆင်းတာမရပ်ခင် အမျိုးသားနဲ့ အတူနေတာ၊ ရေဆင်းကူးတာမျိုးတွေ မလုပ်ပါနဲ့။ ဆရာဝန်ဆီချက်ချင်းသွားဖို့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင် ရေမြွှာရည်နည်းရင်

ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင် တွေတွေ့ကြုံရနိုင်တဲ့ပြဿနာတစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်ရေမြွှာရည်နည်းတဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောပြပေးပါရစေ။ မေမေတိုင်းကြုံရတာမဟုတ်ပေမယ့် တကယ်လို့များဆိုတဲ့အခြေအနေအတွက်ကာကွယ်နိုင်စေဖို့နဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရေမြွှာရည်ပြဿနာကင်းစေဖို့ ဂရုစိုက်သင့်တဲ့ စားသောက်နေထိုင်မှုပုံစံလေးကို မျှဝေပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ရေမြွှာပြဿနာ ကိုယ်ဝန်ဆောင်ချိန်မှာကြုံရနိုင်တဲ့ရေမြွှာပြဿနာတွေက ရေမြွှာရည်များလွန်းခြင်း ရေမြွှာရည်နည်းလွန်းခြင်း ရေမြွှာရည်ပိုးဝင်ကူးစက်ခြင်း စတဲ့ပြဿနာတွေပါ။ ရေမြွှာရည်နည်းရင် ကလေးကို ဘယ်လိုထိခိုက်စေနိုင်လဲ...... ရေမြွှာရည်နည်းရင် ဗိုက်ထဲကဘေဘီလေးကို အခုလိုမျိုးတွေထိခိုက်စေနိုင်ပါတယ်။ ကလေးရဲ့ ကြွက်သားဖွံ့ဖြိုးမှု ထိခိုက်စေနိုင်ပါတယ် ကလေးရဲ့ခြေလက်ဖွံ့ဖြိုးမှုထိခိုက်စေနိုင်တယ် ကလေးရဲ့ အဆုတ်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ် အစာခြေစနစ် ဖွံ့ဖြိုးမှုထိခိုက်စေနိုင်ပါတယ်။ ရေမြွှာရည်မနည်းစေဖို့ လိုက်နာသင့်တဲ့နေထိုင်စားသောက်မှုပုံစံ ကိုယ်ဝန်ဆောင်ချိန်မှာရေမြွှာရည်မနည်းချင်ဘူးဆိုရင် ဒီအချက်လေးတွေက အသုံးတည့်မှာပါ။ ရေများများသောက်ပါ - ဒါကတော့ရေမြွှာရည်များစေမယ့် အလွယ်ကူဆုံးနည်းလမ်းပါ။ ကိုယ်တွင်းရေပမာဏတိုးလာလေလေရေမြွှာရည်က တိုးလာလေလေပါ။ ဒါကြောင့်ရေသောက်မပျင်းပါနဲ့။ အရည်ဓါတ်များတဲ့ အသီးတွေစားပေးပါ - ကိုယ်ဝန်ဆောင်ချိန်မှာ အရည်ဓါတ်များတဲ့ အသီးအနှံတွေစားပေးတာကရေမြွှာရည်မနည်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ အယ်လ်ကိုဟောပါတာတွေကိုရှောင်ပါ - အယ်လ်ကိုဟောပါတာတွေက ကိုယ်တွင်းရေဓါတ်ကိုဆုံးရှုံးစေတဲ့အရာတစ်ခုပါ။ ဒါကြောင့်ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ခန္ဓါကိုယ်မှာရေဓါတ်ဆုံးရှုံးပြီးရေမြွှာရည်နည်းတာမျိုးမဖြစ်စေဖို့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုရှောင်ပါ။ ကဖင်းရှောင်ပါ - ကဖင်းကလည်း အယ်လ်ကိုဟောလိုပါပဲ။ ဒါကြောင့်ရေဓါတ်ဆုံးရှုံးမှုဖြစ်ပြီး ရေမြွှာရည်မနည်းစေချင်ဘူးဆိုရင် ကဖင်းပါတဲ့ စားစရာသောက်စရာတွေကိုရှောင်ရပါမယ်။ ဆေးဖက်ဝင်သောက်စရာတွေကိုရှောင်ပါ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အတက်ရောဂါရှိတဲ့ မေမေကိုယ်ဝန်ဆောင်တဲ့အခါ

ရောဂါတစ်ခုခုခံစားနေရရင် ကိုယ်ဝန်ဆောင်တဲ့အခါမွေးလာမယ့်ကလေးကို ထိခိုက်မလား၊ ကိုယ်ဝန်ရောဆောင်လို့ရပါ့မလားဆိုပြီး စိတ်ပူတတ်ကြတာ အမျိုးသမီးတိုင်းနီးပါးပါ။မေမေဖြစ်ချင်ပေမယ့် အတက်ရောဂါရှိနေလို့မေမေဖြစ်ခွင့်ရပါ့မလားလို့တွေးနေတဲ့မေမေတို့အနေနဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ။ အမျိုးသမီးများနဲ့ အတက်ရောဂါ အတက်ရောဂါက အမျိုးသမီးတွေအနေနဲ့ မပေါ့သင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အတက်ရောဂါကိုခံစားရပုံချင်း ကအမျိုးသမီးတစ်ဦးနဲ့ တစ်ဦးမှာလည်း မတူတတ်ကြပြန်ပါဘူး။ ကိုယ်တွင်းကဟော်မုန်းပမာဏ၊ ရာသီစက်ဝန်း၊ ကိုယ်ဝန်ဆောင်ကာလ၊သွေးဆုံးချိန်တွေပေါ်မှာလိုက်ပြီးကွာခြားနိုင်ပါတယ်။ အတက်ရောဂါကို ကုသမှုကဟော်မုန်းပမာဏကို ထိခိုက်နိုင်ပါတယ်။ ကိုယ်တွင်းမှာ အမျိုးသမီးတွေအတွက်အရေးပါတဲ့ အက်စထရိုဂျင်ဟော်မုန်းနဲ့ progesterone တို့မျှတမှုမရှိတဲ့အခါ အတက်ရောဂါဖြစ်လာရတာပါ။ အတက်ရောဂါရှိသူတွေကိုယ်ဝန်ဆောင်လို့ရလား........ အတက်ရောဂါရှိသူ အမျိုးသမီးအများစုက ကိုယ်ဝန်ဆောင်လို့ရပါတယ်။ ဒါပေမယ့် သာမန်အမျိုးသမီးတွေထက်စာရင်တော့ အန္တရာယ်များတာပေါ့။ ဘယ်လိုထိခိုက်မှုတွေဖြစ်နိုင်လဲဆိုတော့ အတက်ရောဂါကြောင့် မိခင်ကျန်းမာရေးကို ထိခိုက်နိုင်သလိုဘေဘီလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒီလိုဆိုတာနဲ့ ကိုယ်ဝန်မဆောင်ရတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ အတက်ရောဂါရှိနေပေမယ့်လည်း ကျန်းမာရေးကိုသေချာလေးဂရုစိုက်မယ်ဆိုရင် အတက်ရောဂါရှိပေမယ့်လည်း ကိုယ်ဝန်ဆောင်နိုင်မှာပါ။ ဒါပေမယ့် အတက်ရောဂါရှိသူတွေက သန္ဓေအောင်နိုင်ခြေနည်းပါတယ်။ အတက်ရောဂါရှိတဲ့လေဒီတွေရဲ့ မျိုးအောင်နိုင်စွမ်းက ပုံမှန်ထက်နည်းနေတတ်ပြီး ရာခိုင်နှုန်းအနေနဲ့ပြောမယ်ဆိုရင် ၂၅ ရာခိုင်နှုန်းကနေ […]


ကိုယ်ဝန်ဆောင်ကာလ

ကိုယ်ဝန်ဆောင်မေမေ မူးယစ်ဆေးသုံးမိတဲ့အခါ

ကိုယ်ဝန်ဆောင်ချိန်ကဆောင်ရရှောင်ရများတဲ့ကာလပေါ့။မေမေအတွက်ရောဘေဘီလေးအတွက်ရော အရာရာဆင်ခြင်နိုင်မှတော်ကာကျမှာလေ။ ဒီလိုအခြေအနေမှာ ကဖင်းပါတာတောင်သောက်ဖို့သတိထားနေရတာပါ။ ဒီလိုအချိန်မှာများမေမေက မဆင်မခြင်နဲ့ စိတ်အလိုလိုက်ပြီးဆေးလိပ်အပါအဝင် မူးယစ်ဆေးတစ်မျိုးမျိုးကို သုံးမိတယ်ဆိုရင်ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကတော်တော်များပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ မူးယစ်ဆေးသုံးမိတဲ့အခါဖြစ်လာနိုင်တဲ့ အကျိုးဆက်လေးတွေအကြောင်းပြောပြပေးပါရစေ။ မေမေတစ်ယောက်ဖြစ်လာပြီဆိုရင် မေမေတစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ်တိုင်ကျန်းမာဖို့အတွက်ရော ဗိုက်ထဲကဘေဘီလေး ကျန်းမာဖို့အတွက်ပါ အစားအသောက် အနေအထိုင်ကအစ အစစအရာရာသတိထားရပါတယ်။ ဒီလိုသတိထားနိုင်မှ မိခင်ရောကလေးပါ အန္တရာယ်ကင်းပြီး ကျန်းမာမှာလေ။ ဒီလိုအတိမ်းအစောင်းမခံတဲ့အချိန်မှာ မူးယစ်ဆေးသုံးမိမယ်ဆိုရင် အကျိုးဆက်က ဘယ်လောက်ထိဆိုးလိုက်မလဲ။ ကိုယ်ဝန်ဆောင်မေမေ မူးယစ်ဆေးသုံးမိတဲ့အခါ ကိုယ်ဝန်ဆောင်ချိန်မှာ မူးယစ်ဆေးသုံးတာက သန္ဓေသားကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။မေမေကဆေးလိပ်သောက်မယ်၊ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုသောက်မယ်ဆိုရင် ဗိုက်ထဲက ကလေးလေးကို ထိခိုက်စေမှာ အသေအချာပါ။ ကိုယ်ဝန်ဆောင်ချိန်က မူးယစ်ဆေးမပြောနဲ့ ကဖင်းနဲ့ အချိုရည်တွေကိုတောင်ရှောင်သင့်တာပါ။မွေးလာမယ့်ကလေးမျာမွေးရာပါထိခိုက်မှုတွေဖြစ်နိုင်သလို လမစေ့ဘဲမွေးတာ၊ပေါင်မပြည့်ဘဲမွေးတာအပါအဝင် ကလေးပျက်ကျတာ၊ အသေလေးမွေးတာ၊ အချင်းကွာကျတာမျိုးဖြစ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ မိခင်ရော ကလေးပါ အသက်ဆုံးရှုံးရတာပါ။ အရက်သောက်တဲ့ မိခင်ကမွေးဖွားလာတဲ့ ကလေးငယ်တွေက အပြုအမူပိုင်းဆိုင်ရာပြဿနာတွေရှိနေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေဆေးခြောက်သုံးရင်....... ကိုယ်ဝန်ဆောင်မေမေဆေးခြောက်သုံးတဲ့အခါ အချင်းကနေတဆင့်ဘေဘီလေးဆီရောက်သွားနိုင်ပါတယ်။ဆေးခြောက်ကိုရှုမယ်ဆိုရင်လည်း ကလေးဆီကိုထောက်ပံ့ပေးတဲ့အောက်ဆီဂျင်ကနေတဆင့် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

မေမေဗိုက်တို့ ချောင်းဆိုးလာတဲ့အခါ

ကိုယ်ဝန်စရှိလာတည်းကမေမေတို့ရဲ့ကိုယ်ခံအားစနစ်ကပြောင်းလဲလာလေ့ရှိပါတယ်။ ဒီလိုပြောင်းလဲလာတာကြောင့်ပဲမေမေဗိုက်တို့မှာ အအေးမိ၊ချောင်းဆိုးဝေဒနာတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒီဝေဒနာတွေက အကြာကြီးတော့မဟုတ်ပါဘူး။နောက်ထပ်သတင်းကောင်းတစ်ခုကမေမေတို့နေမကောင်းဖြစ်လို့ ပင်ပန်းနွမ်းလျနေရင်တောင် အအေးမိ၊ချောင်းဆိုး လက္ခဏာတွေက ဗိုက်ထဲကဘေဘီအတွက် အန္တရာယ်မရှိနိုင်ပါဘူးတဲ့။ ဆရာဝန်ပြပြီး ထိုက်သင့်တဲ့ကုသစောင့်ရှောက်မှုကိုခံယူဖို့တော့ လိုတာပေါ့လေ။ ကိုယ်ဝန်ဆောင်ကာလမှာ အအေးမိ၊ ချောင်းဆိုးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ ကိုယ်ဝန်ဆောင်ကာလမှာ အအေးမိတာ ဖျားနာ၊ချောင်းဆိုးတာတွေ ဖြစ်လာရင် သူများတွေလို ဆေးအလွယ်သောက်လို့ မရတာ မမေ့ပါနဲ့နော်။ နောက်ပြန်သက်သာတယ်ပဲထား နေမကောင်းလိုက်တာနဲ့ လူကအားနည်းသွားပြီဆိုတော့ ကလေးအတွက် အာဟာရတွေ အလုံအလောက် ဘယ်ပေးနိုင်တော့မလဲ။ ကိုယ့်ဘေဘီလေးအတွက် စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပေးပါ။ ဒါတွေကြိုတင်ကာကွယ်ဖို့ အကောင်းဆုံးနည်းက ကျန်းမာတဲ့နေထိုင်မှုပုံစံကိုထိန်းသိမ်းဖို့ပါ။ကိုယ်ကြိုက်တာမကြိုက်တာထက် အာဟာရပြည့်ဖို့၊ အဓိကထားပြီးစားပါ။ အိပ်ရေးဝအောင်အိပ်ပါ။ ကိုယ်ခံအားပြည့်ဖို့ ဂရုစိုက်ပါ။ ပုံမှန်လှုပ်ရှားမှုလေးလုပ်ပါ ၊ ဥပမာလမ်းလျှောက်တာမျိုး။ ဆရာဝန်နဲ့တိုင်ပင်ပြီး ကိုယ်ဝန်ဆောင်အားဆေးတစ်ခုခုသောက်ရင် ပိုကောင်းပါတယ်။ လက်ဆေးတဲ့အကျင့်လုပ်ပါ။သူများဆီကရောဂါပိုးမွှားတွေ မကူးစက်အောင်လို့ လက်ဆေးတတ်တဲ့အကျင့်ကိုမွေးထားပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုကိုဂရုစိုက်ပါ။နေမကောင်းတဲ့သူတွေအနားကို နီးနီးနေတာ၊ ထိတွေ့တာရှောင်ပါ။ ကိုယ့်အနားကလူတစ်ယောက်ယောက် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ရေမြွာရည်ပိုးဝင်ကူးစက်ခြင်း

ကိုယ်ဝန်ဆောင်ချိန်က မိခင်ရော ကလေးပါကျန်းမာဖို့လိုတာကြောင့် ပေါ့ပေါ့ဆဆနေလို့မဖြစ်ပါဘူး။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေတို့ သိထားဖို့လိုမယ်ရေမြွာရည်ကို ပိုးဝင်ကူးစက်တဲ့အကြောင်းလေးပြောပြပေးချင်ပါတယ်။ ရေမြွာဆိုတာ ရေမြွာဆိုတာက အရည်တွေနဲ့ပြည့်နေတဲ့အိတ်လေးပါ။ ရေမြွာအိတ်ကလေးက ဘေဘီလေးအတွက် အိမ်ကလေးပေါ့။ ဘေဘီလေးရဲ့ ရှင်သန်ကြီးထွားမှုကို ထောက်ပံ့ပေးနေတဲ့ စနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရေမြွာရည်တွေက သားအိမ်ထဲက သန္ဓေသား လေးကို ဖုံးလွှမ်းပေးထားပါတယ်။ ရေမြွာအိတ်ဟာ တစ်ခါတလေမှာ အရည်နည်းလွန်းတာတွေ၊ များလွန်းတာတွေဖြစ်တတ်ပြီး ဒါတွေက အချင်းကို ပိုးဝင်စေပါတယ်။ ရေမြွာရည်ပိုးဝင်ကူးစက်ခြင်း ရေမြွာရည်ပိုးဝင်ကူးစက်တယ်ဆိုတာက သန္ဓေသား၊ ချက်ကြိုး၊ အချင်းတို့ကို ကာကွယ်ပေးထားတဲ့ ရေမြွာအိတ်ရဲ့ အမြှေးပါး ဒါမှမဟုတ် အရည်ထဲကို ဝင်ရောက်ကူးစက်တာပါ။ ဒီကူးစက်မှုက မိခင်ရော ကလေးကိုပါထိခိုက်စေနိုင်ပါတယ်။ များသောအားဖြင့် မိန်းမကိုယ်ကနေတင့် ဘက်တီးရီးယားတွေကူးစက်တာကြောင့်ဖြစ်ရတာပါ။ E. coli ဒါမှမဟုတ်B streptococci အမျိုးအစား ဘက်တီးရီးယားတွေကူးစက်ခံရတာကြောင့်ဖြစ်တာပါ။ ကိုယ်ဝန်ဆောင်ကာလ ၃၅ ပတ်လောက်မှာ စစ်ဆေးသိရှိနိုင်ပါတယ်။ ဘယ်လောက်ထိအဖြစ်များလဲ ကိုယ်ဝန်ဆောင်အမျိုးသမီး ၅ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

မပေါ့ဆသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုး

ကိုယ်ဝန်ဆောင်ချိန်က ခန္ဓါကိုယ်မှာရောဂါတွေအလွယ်တကူဝင်ရောက်လာနိုင်တဲ့ အချိန်တစ်ခုပါပဲ။ ဒီလို ကိုယ်ဝန်ဆောင်ချိန်မှာ အနေအထိုင် အစားအသောက်ကိုသေချာဂရုမစိုက်ဘူးဆိုရင်မေမေရောဘေဘီလေးကိုပါထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေတိုင်း သတိထားသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုးကိစ္စလေးကိုပြောပြပေးပါရစေနော်။ သွေးတိုးဆိုတာ သွေးတိုးဆိုတာကသွေးကြောနံရံတွေအပေါ်မှာ သက်ရောက်နေတဲ့သွေးဖိအားပုံမှန်ထက်များနေတဲ့ အခြေအနေပါ။ နှလုံးကသွေးကြောတွေဆီကိုသွေးကို ညှစ်ထုတ်ပေးပြီးသွေးကြောတွေကသွေးတွေကို ခန္ဓါကိုယ်အနှံ့ကို သယ်ပို့ပေးပါတယ်။သွေးတိုးဖြစ်တဲ့အခါမှာတော့သွေးကြောတွေထဲမှာရှိနေတဲ့ ဖိအားတွေက ပုံမှန်ထက်ပိုများနေတဲ့ အခြေအနေတစ်ရပ်ဖြစ်ပေါ်နေတာပါ။ မပေါ့ဆသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုး ကိုယ်ဝန်ဆောင်သွေးတိုးဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ ရှိသင့်တဲ့သွေးပေါင်ချိန်ထက်တွေထက်များနေတဲ့ အခြေအနေတစ်ရပ်ပါ။ မိခင်က ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးရောဂါ ခံစားရမယ်ဆိုရင်နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေများနိုင်သလိုမေမေရော ကလေးအတွက်ပါ စိုးရိမ်ရပါတယ်။ ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀နောက်ပိုင်းမှာဖြစ်လာတဲ့ လက္ခဏာတစ်ခုပါ။ ဒီကာလကနေ ကိုယ်ဝန်မွေးဖွားတဲ့အချိန်ထိတောက်လျှောက်ခံစားရမယ့် အခြေအနေတစ်ရပ်ပေါ့။ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးရှိနေပြီဆိုရင်သွေးပေါင်ချိန်ကြည့်တဲ့အခါ အပေါ်သွေးက ၁၄၀ mmHg ရှိနေပြီး အောက်သွေးက ၉၀ mmHg ရှိနေနိုင်ပါတယ်။ ဒီအခြေအနေက အမြဲလိုလိုဖြစ်နေမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်သွေးတိုးရှိနေပြီလို့ပြောလို့ရပါတယ်။ ကိုယ်ဝန်ဆောင်သွေးတိုးဆိုတဲ့နေရာမှာလည်း သွေးတိုးရောဂါအခံရှိတာ - ကိုယ်ဝန်မဆောင်ခင်ကတည်းကသွေးတိုးရှိနေတဲ့ အခြေအနေ Chronic hypertension with superimposed […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်သွေးတိုး ကို ဒီလိုသက်သာအောင်လုပ်ပါ

ကိုယ်ဝန်ဆောင်ချိန်က အခြားကာလတွေလို မဟုတ်ပါဘူး။ လုံးဝကို အတိမ်းအစောင်းမခံတဲ့အချိန်ပါ။ နဂိုက သွေးတိုးရှိပြီး ကိုယ်ဝန်ဆောင်နေရရင်ပဲဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်မှ သွေးတိုးလာရင်ပဲ ဖြစ်ဖြစ် ဂရုစိုက်ဖို့ လိုပါတယ်၊၊ ကိုယ်ဝန်ဆောင်သွေးတိုး ကြောင့် စိတ်မညစ်ရစေဖို့ ဒီနည်းလေးတွေကို အဆင်ပြေစေမှာပါနော်။ ကိုယ်ဝန်ဆောင်သွေးတိုး ဆိုတာ ကိုယ်ဝန်ဆောင်သွေးတိုးဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ ရှိသင့်တဲ့ သွေးပေါင်ချိန်ထက်များနေတဲ့ အခြေအနေတစ်ရပ်ပါ။ ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀နောက်ပိုင်းမှာဖြစ်လာတဲ့ လက္ခဏာတစ်ခုပါ။ ဒီကာလကနေ ကိုယ်ဝန်မွေးဖွားတဲ့အချိန်ထိ တောက်လျှောက်ခံစားရမယ့် အခြေအနေတစ်ရပ်ပေါ့။ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးရှိနေပြီဆိုရင် သွေးပေါင်ချိန်ကြည့်တဲ့အခါ အပေါ်သွေးက ၁၄၀ mmHg ရှိနေပြီး အောက်သွေးက ၉၀ mmHg ရှိနေနိုင်ပါတယ်။ ဒီအခြေအနေက အမြဲလိုလိုဖြစ်နေမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်သွေးတိုးရှိနေပြီဆိုတာသေချာနေပါပြီ။ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ ကိုယ်ဝန်ဆောင်သွေးတိုး က ကိုယ်ဝန်ဆောင်တိုင်းမှာဖြစ်တယ်တော့မဟုတ်ပါဘူး။ အခုပြောပြမယ့်သူတွေကတော့ ကိုယ်ဝန်ဆောင်သွေးတိုးခံစားရနိုင်ခြေမြင့်နေသူတွေပါနော်။ ပထမဆုံး ကိုယ်ဝန်ဆောင်တဲ့မေမေတွေ မိခင်နဲ့ အစ်မတော်စပ်သူတွေက ကိုယ်ဝန်ဆောင်သွေးတိုးခံစားဖူးတဲ့မေမေတွေ အမြွှာကိုယ်ဝန်ဆောင်ထားရတဲ့မေမေတွေ အသက် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း