ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေ နဲ့ မျောက်ကျောက်ရောဂါ

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကူးစက်ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါက ကိုယ်ဝန်ဆောင်မေမေတွေမှာ ကူးစက်နိုင်လား။ ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရရင် ဘယ်လိုမျိုး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ။ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ မျောက်ကျောက်ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ မျောက်ကျောက်ရောဂါ ဆိုတာ မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။  Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။ မျောက်ကျောက်ရောဂါကို 1958 […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ရှိနေတာကို မသိလိုက်ဘဲ သန္ဓေတားသောက်ဆေး သောက်လိုက်မိတယ်

ကိုယ်ဝန် ရှိနေတာကို မသိလိုက်ဘူး။ ပုံမှန် အတိုင်းပဲ တားဆေးကို ဆက်သောက်လိုက်မိတယ် ဆိုတဲ့ လေဒီလေးတွေများရှိလား။ ဒါက ဖြစ်ခဲတယ် ဆိုပေမယ့် ဒီလိုဖြစ်ခဲ့ရင် ဘာတွေများ ဖြစ်နိုင်မလဲ ဆိုပြီး တွေးပူနေမိတဲ့ လေဒီလေးတွေ ရှိလား။ ဒါဆိုရင် ကိုယ်ဝန်ရှိနေတာကို မသိလိုက်ဘဲ သန္ဓေတားသောက်ဆေး သောက်လိုက်မိတယ် ဆိုတဲ့ လေဒီလေးတွေအတွက် ရေးထားတဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ကိုယ်ဝန်ရှိနေတာကို မသိလိုက်ဘဲ သန္ဓေတားသောက်ဆေး သောက်လိုက်မိတယ် ကိုယ်ဝန် ရှိနေတုန်း တားဆေး သောက်မိတာက ကလေးကို ထိခိုက်နိုင်လား........... ဒါက အမျိုးသမီး တော်တော်များများ သိချင်ကြတဲ့ အကြောင်းက ကိုယ်ဝန် ရှိနေမှန်း မသိလိုက်ဘဲ တားဆေး သောက်လိုက်မိတယ်။ ဒါဆိုရင် ကလေးကို ထိခိုက်မိနိုင်လား ဆိုတာပါ။ လေ့လာချက်တွေအရ သိရတာက ကိုယ်ဝန်ဆောင်အစောပိုင်း ကာလမှာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန် လနုစဉ် မူးဝေပျို့အန်ခြင်း

ကိုယ်ဝန် ရှိခါစ လနုစဉ်မှာ မူး‌ဝေပျို့အန်တတ်တာကို ရုပ်ရှင် ဇာတ်လမ်းတွေမှာရော လက်တွေ့ဘဝမှာပါ ကိုယ်ဝန်ဆောင် အမျိုးသမီးတော်တော်များများ ခံစားရတတ်ပါတယ်။ အဲ့ဒါကို morning sickness လို့ ခေါ်ပါတယ်။ စစ်တမ်းတွေအရ ၅၀% သော ကိုယ်ဝန်ဆောင်အမျိုးသမီးများဟာ ကိုယ်ဝန်ရှိခါစမှာ morning sickness ခံစားရတယ်လို့ဆိုပါတယ်။ ကိုယ်ဝန် ၆ပတ် လောက်ကနေ ၁၂ပတ်အတွင်း ဖြစ်တတ်ပြီး ကိုယ်ဝန် ၁၂ပတ် ကျော်ရင် သူ့အလိုလို ရပ်သွားတတ်ပါတယ်။ ကိုယ်ဝန်ရှိခါစမှာ အမျိုးသမီး ဟော်မုန်းများပြောင်းလဲမြင့်တက်လာခြင်းကြောင့် အော့အန်ချင်စိတ်များ ဖြစ်ပေါ်လာရပြီး အချို့သော အမျိုးသမီးများမှာတော့ ကိုယ်ဝန်ဆောင်စဉ်သက်တမ်းတလျှောက် တစ်ကြိမ်တစ်ခါမှ ပျို့အန်ချင်စိတ်မပေါ်ပေါက်ဘူးလို့ ဆိုပါတယ်။ နောက်ထပ် မှတ်သားစရာ တစ်ခုက morning sickness လို့သာခေါ်ပေမယ့် မနက်ပိုင်းမှာပဲ ဖြစ်တတ်တာမျိုးလည်းမဟုတ်ပါဘူးနော်။ ပုံမှန်အားဖြင့်တော့ Morning sickness ဟာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် ဘယ်အချိန်မှာ စပြီးပျို့အန်ကြတာလဲ

ကိုယ်ဝန်ဆောင်စဉ် ပျို့အန်တတ်တဲ့ ပြဿနာကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်း မဖြစ်မနေ ကြုံတွေ့ပြီး ကျော်ဖြတ်ရမယ့် အခက်အခဲတွေထဲက တစ်ခုပါပဲ။ တချို့တွေကျတော့လည်း ဟိုတလောလေးကမှ ကိုယ့်ချစ်သူနဲ့ အတူနေထားတယ်၊ တားဆေးလည်း မသုံးမိဘူး၊ ကိုယ့်မှာ ကိုယ်ဝန်ရှိ၊ မရှိဆိုတာ မစစ်ရသေးတော့ မနက်ခင်း ရုတ်တရက် ပျို့အန်လာတဲ့အခါ ကိုယ်ဝန်များရှိနေလားဆိုတဲ့ အတွေးတွေ ဖြစ်တတ်တာပေါ့။ ဒီနေ့ဆောင်းပါးမှာ လေဒီလေးတို့ အမေးများတဲ့ ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်းနဲ့ ပတ်သက်ပြီး ဗဟုသုတရစေဖို့ ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဘာကြောင့် ပျို့အန်တာလဲ။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ ကိုယ်ခန္ဓာကနေ ဟော်မုန်းတွေ အများအပြားထုတ်လွှတ်တဲ့အတွက် မျှခြေကမောက်ကမဖြစ်ပြီး မူးဝေခြင်း၊ ပျို့အန်ခြင်း၊ အစာစားလို့မရခြင်း စတဲ့ လက္ခဏာတွေ ပြပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်းကို “Morning Sickness” လို့ ခေါ်ကြပေမယ့် တကယ်တမ်းမှာတော့ မနက်ခင်းတစ်ချိန်တည်းသာ ပျို့အန်တာမဟုတ်ဘဲ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်တိုင်းသိထားသင့်တဲ့ အချင်းပြဿနာများ။

ကိုယ်ဝန်ဆောင်တယ်ဆိုတာ မိန်းမသားတိုင်းအတွက် စိန်ခေါ်မှု တစ်ခုပါ။ ၉ လလွယ် ၁၀ လလောက်ဒီ ကိုယ်ဝန်ကို လွယ်ထားရတယ်၊ အစားအသောက်ရှောင်ရတယ်၊ အသွားအလာဆင်ခြင်ရတယ်။ ကိုယ့်ရင်သွေးလေး ဒီလောကကြီးထဲ ကျန်းကျန်းမာမာရောက်လာဖို့က မိခင်တိုင်းရဲ့ အတောင့်တဆုံး ဆန္ဒလေ။ ဒါပေမယ့် ကိုယ့်ဘက်က ဘယ်လောက်ပဲ ဆင်ခြင်ဆင်ခြင် ကိုယ်ဝန်ကို အဖတ်မတင် ပျက်ကျစေတဲ့ အကြောင်းအရင်းတွေကလည်း အများကြီး မဟုတ်လား။ ဒီအထဲမှာ အချင်းပြဿနာတွေလည်း ပါတာပေါ့။ ဒီတော့ ကိုယ်ဝန်ဆောင်တိုင်း သိထားသင့်တဲ့ အချင်းပြဿနာတွေက ဘာတွေများ ဖြစ်မလဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြူံတွေ့ရနိုင်တဲ့ အချင်းပြဿနာတွေ ။ ။ Placenra previa ( အချင်းရှေ့ရောက်ခြင်း) အားလုံးကြားဖူးကြမှာပါ။ အချင်းကကလေးဆင်းရမယ့် လမ်းကြောင်းရှေ့ ရောက်နေတဲ့ ပြဿနာ။ ကလေးအပေါ်ပိုင်းမှာ ရှိနေရမယ့်ဟာကို ကလေးဆင်းမယ့် လမ်းကြောင်းအရှေ့ဘက်မှာ အချင်းရောက်နေတာကြောင့် ကလေးဆက်မဆင်းနိုင်တော့ပါဘူး။ ဒါကို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

စပျစ်သီးသန္ဓေ တည်ခြင်းနဲ့ ပက်သက်လို့ သိထားသင့်တဲ့ အကြောင်းများ ။ ။

ကိုယ်ဝန်ဆောင်နဲ့ ပက်သက်တဲ့ ရောဂါတွေ အများကြီးကြားဖူးကြမှာပါ။ အဲဒီအထဲမှာ H-Mole လို့ခေါ်တဲ့ စပျစ်သီးသန္ဓေတည်ခြင်း ကလည်း တစ်ခုအပါအဝင်ပေါ့။ စပျစ်သီးသန္ဓေ တည်တယ်လို့သာ ကြားဖူးနေကြတာ ဘယ်ကဘယ်လိုဖြစ်တာလဲ။ ဒါကြီးက ဘာကြီးလဲလို့ မသိဖြစ်နေကြတဲ့သူတွေအတွက် ဒီ ဆောင်းပါးလေးက ရည်ရွယ်ပါတယ်။ စပျစ်သီးသန္ဓေ တည်တယ်ဆိုတာဘာလဲ။ Hydatidiform mole လို့လည်း လူသိများကြတဲ့ ဒီ စပျစ်သီးသန္ဓေတည်ခြင်း ဟာ ကိုယ်ဝန် လနုတဲ့အချိန် သားအိမ်ထဲမှာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ ဒီအထဲက အဓိက တရားခံကိုပြောပါဆိုရင် အချင်းကိုပြောရမှာပဲ။ မျိုးဥလေးကတော့ ပုံမှန်အတိုင်း သန္ဓေအောင်သွားပါရဲ့။ အချင်းက ပုံမှန်မဟုတ်ဘဲပွားပွားလာပြီး အရည်တွေပြည့်နေတဲ့ အိတ်လေးတွေ အဖြစ်ကွဲသွားတာကြောင့် ကြည့်လိုက်ရင် စပျစ်သီးလိုမျိုး အလုံးလေးတွေ ပုံစံဖြစ်နေရတာပါ။ ဒီလို အချင်းက ပုံမှန်မဟုတ်တော့တာကြောင့် မျိုးအောင်ထားတဲ့ သန္ဓေသားလေးကို အောက်ဆီဂျင်နဲ့ လိုအပ်တဲ့ အာဟာရတွေကောင်းကောင်းမပေးနိုင်တော့တဲ့အတွက် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အမြွှာကိုယ်ဝန်ဆောင် မေမေတိုင်း ကြုံတွေ့ရမယ့် လက္ခဏာတွေ ။ ။

အမြွှာကိုယ်ဝန်လေးဆို မလိုချင်တဲ့သူမရှိပါဘူး။ ကိုယ်လည်းတစ်ခါပဲ ဗိုက်နာရတယ်၊ ကလေးအချင်းချင်းလည်း အဖော်ရတယ်မလား။ ပြီးတော့ နှစ်ယောက်လုံးကို ဆင်တူလေးတွေ ဝတ်ပေး၊ ချစ်စရာလေး ဘယ်လောက်ကောင်းလိုက်လဲ။ ဒါပေမယ့် ဒီလို ပျော်စရာကောင်းတာတွေက ကလေးမွေးပြီး နောက်ပိုင်းမှပါ။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာတော့ မေမေတို့ ခံစားရတဲ့ ဝေဒနာတွေက မသေးလှပါဘူး။ အမြွှာကိုယ်ဝန်ဆောင်ထားတဲ့ မေမေတိုင်း ဘယ်လို လက္ခဏာတွေ ကြုံတွေ့ရနိုင်လဲ။ ။ ကိုယ်ဝန်ဆောင်ချိန် ဗိုက်ထဲ ရင်သွေးလေး တစ်ယောက်တည်းရှိတာတောင် ပျို့ချင် အန်ချင်တာ၊ ဗိုက်အောင့်ဗိုက်နာတာတွေ ခြေလက်ဖောရောင်တာတွေ ဖြစ်တာ နှစ်ယောက်တောင် ရှိတယ်ဆိုရင် ပြောမနေနဲ့တော့။ ကဲ ဘယ်လို တွေ ကြုံတွေ့ရမလဲ။ Morning Sickness ကိုယ်ဝန်စစချင်းရဲ့ အစောပိုင်း လက္ခဏာတွေထဲမှာ Morning Sickness မနက်ပိုင်းပျို့အန်ခြင်းက အဖြစ်အများဆုံးနဲ့ အခံစားရဆုံးပါ။ ရင်သွေးလေးတစ်ယောက်တည်းရှိတုန်းကတောင် စားချင်းသောက်ချင်စိတ်လည်းမရှိ တစ်ချိန်လုံးလည်း ပျို့အန်ချင်နေတာ ဗိုက်ထဲ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ဆီးချိုရှိနေတဲ့မေမေ ဘယ်လိုဆင်ခြင်နေထိုင်ရမလဲ

မိခင်လောင်းတစ်ယောက်ဖြစ်လာချိန်မှာ ကိုယ့်ရင်သွေးလေးအတွက် အာဟာရဖြစ်အောင်တစ်မျိုး၊ ကလေးထွားဖို့တစ်ဖုံ အမျိုးမျိုးကြိုးစားအားဖြည့်ဖို့ ဆန္ဒရှိကြမှာပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာကြီးဖြစ်လာခဲ့ရင် သိပ်စိတ်ညစ်ရမှာပဲနော်။ ဘာစားရမလဲ၊ ဘယ်လိုနေရမလဲတွေးကြောက်ရင်း ဟိုရှောင်ဒီရှောင်နဲ့ လိုအပ်တဲ့အာဟာရတွေချို့တဲ့သွားသူတွေရှိသလို မတွေးဘဲ မဆင်မခြင်စားသောက်နေထိုင်သူတွေမှာနောက်ဆက်တွဲပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။ အချင်းကနေထွက်လာတဲ့ ဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့အင်ဆူလင်ကို ဆန့်ကျင်တဲ့အခါ ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာဖြစ်လာတာပါ။ ကိုယ့်မှာ ဒီဆီးချိုရှိနေတာသိလိုက်ရပြီဆိုတာနဲ့ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ပမာဏက မလုံလောက်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ကိုယ်ဝန်ဆောင်ဆီးချိုရှိနေပြီဆို ဘာတွေဖြစ်လာမှာလဲ ဒီဆီးချိုကြောင့် ကလေးနဲ့ မေမေကိုအောက်ပါပြဿနာတွေဖြစ်လာစေနိုင်တဲ့အတွက် သွေးတွင်းသကြားအတက်အကျကို ထိန်းညှိဖို့အရေးကြီးပါတယ် - သွေးထဲမှာ သကြားဓာတ်တွေကျန်ရှိနေပြီး ကလေးဆီကို လိုတာထက်ပိုပြီး သကြားဓာတ်တွေပေးမိနေမယ်၊ အဆီအဖြစ်သိုလှောင်ထားလိမ့်မယ်။ ကလေးကို ကြီးထွားမှုလွန်ကဲစေတာ၊ မဖြစ်မနေ ခွဲမွေးရနိုင်တာ၊ မိခင်နဲ့ ကလေးအသက်ဆုံးရှုံးရနိုင်ခြေအနည်းငယ်ရှိတာ စတဲ့ ဆိုးကျိုးရလဒ်တွေရှိပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုနဲ့ မွေးဖွားလာတဲ့ကလေးတွေကို မွေးပြီးနောက်ပိုင်းမှာလည်း စောင့်ကြည့်ဂရုစိုက်ဖို့လိုအပ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကျဆင်းမှုကြောင့် ကလေးမှာ တက်တာ လိုမျိုးပြဿနာတွေဖြစ်လာနိုင်တယ်။ ဘယ်လိုထိန်းရမလဲ ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်တာနဲ့ အငတ်ခံစရာမလိုပါဘူး။ စိတ်ကြိုက်တော့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆိပ်တက်တဲ့ ပြဿနာမဖြစ်အောင် ကြိုတင်ကာကွယ်လို့ရလား။

ကိုယ်ဝန်ဆိပ်တက်လို့ ကလေးပျက်ကျသွားတယ်၊ ကိုယ်ဝန်ဆိပ်တက်လွန်းလို့ ခြေထောက်တွေ ဖောရောင်နေပြီး လမ်းလျှောက်လို့တောင် မရတော့ဘူး ၊ကိုယ်ဝန်ဆိပ်တက်လို့ နေ့မစေ့ လမစေ့တဲ့ ကလေး၊ ပေါင်မပြည့်တဲ့ ကလေးလေးတွေ မွေးလာတယ်စသဖြင့် ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေဟာ ကိုယ်ဝန်ဆောင်မိခင်တိုင်း တွေးကြောက်ရတဲ့ အိပ်မက်ဆိုးကြီးတွေပါပဲ။ ဒါပေမယ့် ကိုယ်ဝန်ဆိပ်တက်တဲ့ ပြဿနာဟာလည်း ကိုယ်ဝန်ဆောင် ၂၀၀ မှာ ၁ ယောက်လောက်ကဖြစ်နေပြီး အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်တော့ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အကြောင်းလေးတွေ သိထားဖို့လိုလာပြီပေါ့။ မဖြစ်ခင် ကြိုတင်ကာကွယ်ထားနိုင်တာက အကောင်းဆုံးလေ။ ဒီတော့ ကိုယ်ဝန်ဆိပ် မတက်အောင် ဘယ်လို ကာကွယ်ကြမလဲ။ ။ ကာကွယ်ရမယ့်အကြောင်း အရင်မပြောခင် ကိုယ်ဝန်ဆိပ်တက်ခြင်းအကြောင်း အကျဉ်းလေး ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာ ဘာလဲ ။ ။ ဆေးပညာအရ ကိုယ်ဝန်ဆောင်ချိန် ကိုယ်ဝန်ဆိပ်တက်တဲ့ ပြဿနာကို Preeclampsia နဲ့ eclampsia ဆိုပြီး […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Blighted Ovum - ကိုယ်ဝန်လနုစဉ် ပျက်ကျခြင်းကို ဖြစ်စေတဲ့အဓိကအကြောင်းအရင်း ။

ကိုယ်ဝန်ရှိတာမှ မကြာသေးဘူး။ ချော်လဲမလဲ၊ သေချာလည်း ဂရုစိုက်နေပါရက်နဲ့ ကိုယ်ဝန်ပျက်ကျသွားတယ်ဆိုရင် Blighted Ovum ကြောင့်လို့ပြောလို့ရပါတယ်။ ရင်သွေးလိုချင်လို့ ကြိုးစားပါတယ်ဆိုမှ Blighted Ovum ကြောင့် ကိုယ်ဝန်ပျက်သွားရရင် ယူကျုံးမရဝမ်းနည်းတတ်ကြသူချည်းပါပဲ။ ဒီတော့ ကိုယ်ဝန်ပျက်ကျစေတဲ့ Blighted Ovum ဆိုတာ ဘယ်လိုကြီးလဲ။ Blighted Ovum ဆိုတာဘာလဲ။ ။ Blighted Ovum ဆိုတာ သုတ်ကောင်လေးနဲ့မမျိုးဥ ထိတွေ့သွားပြီး သန္ဓေအောင်တဲ့အဆင့်ရောက်သွားတဲ့ ဥလေးဟာ သားအိမ်ထဲကိုဆင်းလာပေမယ့် သန္ဓေသားလောင်းအဖြစ် ဆက်မဖွံ့ဖြိုးတဲ့ ဖြစ်စဉ်ကို ပြောတာဖြစ်ပါတယ်။ အလွယ်ပြောရရင် အဆင်းသာရှိပေမယ့် အချင်းမရှိတဲ့သဘောပေါ့။ သန္ဓေအောင်တဲ့ဥလေးသာရှိပေမယ့် သန္ဓေသားလောင်းအဖြစ် ဆက်မဖွံ့ဖြိုးနိုင်တာပေါ့ ။ ဒီလိုနဲ့ကျန်ခဲ့တဲ့ သန္ဓေအောင်ဥလေးကို Blighted Ovum လို့ခေါ်တာဖြစ်ပါတယ်။ ကိုယ်ဝန်လနုတဲ့အချိန် သားပျက်သားလျှောဖြစ်တာ ၂ ယောက်ရှိတယ်ဆို ၁ ယောက်က Blighted […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေတို့ သိချင်နေမယ့် ဆင်တုပ်ကွေးအကြောင်း

မေမေတစ်ယောက်မှာ ကိုယ်တိုင်ထက်ဘေဘီလေးကို စိတ်ပူတာကမေမေ့ရဲ့မေတ္တာလို့ပဲပြောရမလား။ ကိုယ်ဝန်ရှိလာပြီဆိုတာနဲ့မေမေတွေက ကိုယ့်အတွက်ထက်ဘေဘီလေးအတွက်ပိုတွေးမိနေတတ်ကြပါတယ်။ ဖျားရင်တောင်ဘေဘီလေးကို ထိခိုက်သွားမှာစိုးလို့ဆိုပြီးဆေးမသောက်ဘဲနေတာမျိုးလေ။ အခုတစ်ခေါက်တော့ မိုးနဲ့အတူ မဖိတ်ခေါ်ဘဲရောက်လာတဲ့ဆင်တုပ်ကွေး ကိုယ်ဝန်ဆောင်မေမေကူးစက်ခံရရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာကိုပြောပြပေးပါရစေ။ ကိုယ်ဝန်ဆောင်မေမေ ဆင်တုပ်ကွေး ကူးစက်ခံရရင်ဘေဘီလေးကို ထိခိုက်နိုင်လား........ ပုံမှန်အားဖြင့်ကတော့ ဆင်တုပ်ကွေးက ကိုယ်ဝန်ဆောင်ကာလအတွင်းမှာဆိုရင် မိခင်ကနေ ကလေးဆီကို ကူးစက်နိုင်ခြေက တော်တော်လေးနည်းပါတယ်။ ဒါပေမယ့် ကလေးမမွေးခင်မှာရောဂါပိုးကူးစက်ခံရတာဖြစ်တာကြောင့် တစ်ခါတလေမှာမေမေ့ဆီကနေဘေဘီလေးကို ကူးစက်နိုင်ပါတယ်။နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက ကိုယ်ဝန်ဆောင် တတိယကာလပတ်မှာ ဆင်တုပ်ကွေးရောဂါကူးစက်ခံရမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျနိုင်တာပါ။ ဒါကလည်းဖြစ်ခဲတာကြောင့် အရမ်းကြီးတော့ မစိုးရိမ်စေချင်ပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာမေမေကရောဂါတစ်ခုခုခံစားရမယ်ဆိုရင်ဘေဘီလေးကို တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်တဲ့နည်းနဲ့ထိခိုက်နိုင်ပါတယ်။ဆင်တုပ်ကွေးကလည်း ဒီလိုပါပဲ။ ဒါပေမယ့်ဆင်တုပ်ကွေးကို ကိုယ်ဝန်ဆောင်ကာလအစောပိုင်းချိန်မှာ ခံစားရမယ်ဆိုရင်တော့ ဘေဘီလေးကို ထထိခိုက်နိုင်ခြေကပိုများနေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ ဆင်တုပ်ကွေး ကူးစက်မခံရအောင် ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ တကယ်လို့ ကူးစက်ခံလိုက်ရမယ်ဆိုရင်လည်း အခုပြောပြတဲ့ နည်းလမ်းလေးတွေအတိုင်းနေထိုင်စေချင်ပါတယ်။ ဆင်တုပ်ကွေးကူးစက်ခံရမှုက ကိုယ်ဝန်ဆောင်မေမေတွေမှာရော အတူတူပဲလား...... ဆင်တုပ်ကွေးကူးစက်ခံရမှုက ကိုယ်ဝန်ဆောင်မေမေတွေမှာလည်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း