ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေ နဲ့ မျောက်ကျောက်ရောဂါ

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကူးစက်ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါက ကိုယ်ဝန်ဆောင်မေမေတွေမှာ ကူးစက်နိုင်လား။ ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရရင် ဘယ်လိုမျိုး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ။ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ မျောက်ကျောက်ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ မျောက်ကျောက်ရောဂါ ဆိုတာ မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။  Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။ မျောက်ကျောက်ရောဂါကို 1958 […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင် မေမေ ဘာတွေ ခံစားရနိုင်လဲ။

မေမေ တစ်ယောက် ဖြစ်ရတာ မလွယ်ကူလှပါဘူး။ ဒါကြောင့်လည်း မိဘကျေးဇူး မြင့်မိုရ်ဦးလို့ ပြောကြတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက် အနေအထိုင်တင် ဆင်ခြင်ရတာမဟုတ်ဘဲ အစစအရာရာ သတိထားရတာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေး ပြန်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ အစစအရာရာ သတိထားပေမယ့်လည်း မလွှဲမရှောင်သာ ခံစားရတဲ့ ပြဿနာတွေ အများကြီးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတစ်ယောက် ဘယ်လို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်လဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။ ကိုယ်ဝန်ဆောင်မေမေ ဘာတွေ ခံစားရနိုင်လဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ အရမ်း မပြင်းထန်ပေမယ့် သေချာ ဂရုစိုက်ဖို့ လိုအပ်မယ့် အခုလို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ကြွက်တက်တာ မကြာခဏ ဆီးသွားတာ ဆီးမထိန်းနိုင်တာ အစာမကြေတာ ရင်ပူတာ နှာခေါင်းပိတ်တာ ခြေထောက်က သွေးကြောတွေ ရောင်တာကြောင့် ခြေထောက်တွေ ဖောတာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

သွေးတိုးရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်မေမေတွေအတွက် စားသောက်နည်းလမ်းညွှန်

သွေးတိုးရောဂါ ရှိတဲ့ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်ရတာ လွယ်ကူတဲ့ အခြေအနေတစ်ရပ်တော့ မဟုတ်ပါဘူး။ သွေးတိုးရောဂါက ကိုယ်ဝန်ဆောင် အမျိုးသမီး တော်တော်များများ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ ဒီကိစ္စက စိတ်ပူရမယ့် အရာတစ်ခုဖြစ်သလို မိခင်တွေကို တော်တော်လေး နေရကသိကအောင့် ဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်မေမေ ခံစားရနိုင်တဲ့ သွေးတိုးရောဂါ ကိုယ်ဝန်ဆောင်မေမေတိုင်းလိုလို ခံစားရနိုင်တဲ့ သွေးတိုးရောဂါက ဒီအခြေအနေ (၂) ခုပါ။ နာတာရှည် သွေးတိုးရောဂါ ( အရင်ကတည်းက ရှိနေတဲ့ သွေးတိုးရောဂါ၊ ကိုယ်ဝန်ကြောင့် မဟုတ်ဘဲ ကိုယ်ဝန်မဆောင်ခင်ကတည်က ရှိနေတဲ့ သွေးတိုးရောဂါ)။ ကိုယ်ဝန်ကြောင့် ဖြစ်တဲ့ သွေးတိုးရောဂါ၊ ဒါကို ကိုယ်ဝန်ဆောင် သွေးတိုးလို့ သိကြပါတယ်။ ကိုယ်ဝန်ဆောင် ပထမ ၃ လပတ်မှာ သွေးတိုးက ကျသွားတတ်ပြီး ကိုယ်ဝန်ဆောင် ဒုတိယ ၃ လပတ်မှာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ပျက်ကျ ထားတဲ့သူကို ဘယ်လိုဂရုစိုက်မလဲ။

ကိုယ်ဝန်ပျက်ကျ တာက လနုလေလေ ပိုဖြစ်နိုင်လေလေပါ။ အများစုက ကိုယ်ဝန်ပတ်၂၀မတိုင်ခင်မှာ ပျက်ကျကြတာ များပါတယ်။ ကိုယ်ဝန်ပျက်ကျတဲ့ အကြောင်းရင်းက အများကြီးရှိပါတယ်။ ဘာကြောင့်ပဲ ပျက်ပျက်ပါ။ ကိုယ်ဝန်ပျက်သွားတဲ့ မိခင်ဟာ ဒီအချိန်မှာ ကိုယ်ရော စိတ်ပါ ပင်ပန်းနေမှာပါ။ သူတင်မကပါဘူး။ သူ့အမျိုးသားရော၊ သူ့မိသားစုပါ ခံစားနေရမှာပါ။ သိပ်ပြီးမျှော်လင့်ထားတဲ့ ကိုယ်ဝန်၊ သားဦးကိုယ်ဝန်ဆို ပိုဆိုးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ပျက်ပြီးတဲ့ နောက်ပိုင်းမှာ စိတ်ရော ကိုယ်ပါ အားပေးနေဖို့ လိုပါတယ်။ ကိုယ်ဝန်ပျက်ကျ ပြီးရင် ဘာတွေ ဂရုစိုက်ရမလဲ။ အရင်ဆုံး ရုပ်ပိုင်းဆိုင်ရာကစပြောရအောင်။ ကိုယ်ဝန်ပျက်ထားတဲ့ အမျိုးသမီးဟာ ကလေးမွေးထားတဲ့ အမျိုးသမီးလိုပါပဲ။ သူ့အတွက် ကိုယ်ဝန်ပျက်ပြီးစ အချိန်ဟာ မီးတွင်းကာလပါပဲ။ ကိုယ်ဝန်ပျက်တာ ဘယ်နှပတ်မှာ ပျက်တာလဲ၊ နောက်ဆက်တွဲ ဘာပြဿနာတွေ ရှိလဲအပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် နာလန်ထတာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ

အိပ်မပျော်တာက ကိုယ်ဝန်ဆောင် မိခင်တိုင်း ခံစားရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဖြစ်လေ့ရှိတယ်ဆိုပေမယ့်လည်း ဒီကျန်းမာရေး ပြဿနာကို မကုသဘဲ ထားလို့ မဖြစ်ပြန်ပါဘူး။ ကာလရှည်ကြာ အိပ်မပျော်တာက ကိုယ်ဝန်ဆောင် မေမေတွေကို စိတ်ဓာတ်ကျတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကို ဆေးဝါးမလိုဘဲ အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းလေး ပြောပြပေးပါရစေ။ ကိုယ်ဝန်ဆောင် မေမေကို အိပ်မပျော်ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ........... ကိုယ်ဝန်ဆောင်ချိန် အိပ်မပျော်ဖြစ်စေတဲ့ အကြောင်းအရင်းက တစ်ချက်မကရှိနေနိုင်ပါတယ်။ စိုးရိမ်ပူပန်စိတ် များတာ အစာမကြေသလို ခံစားရတာ အယ်လ်ကိုဟော သောက်သုံးမိတာ ခန္ဓာကိုယ် အနေအထား နေရတာ သက်တောင့်သက်သာ မရှိတာ မအိပ်ခင် ရေအများကြီး သောက်မိတာ သက်သောင့်သက်သာ မရှိတဲ့ အဝတ်အစားတွေကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ညဘက် အိပ်မပျော်တာမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် အိပ်ပျော်စေဖို့ အိပ်ဆေး သောက်လို့ရလား.......... ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ပျော်အောင်ဆိုပြီး […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ပြီးနောက် ဖြစ်တဲ့ လိပ်ခေါင်းကို ဘယ်လိုဖြေရှင်းမလဲ

လိပ်ခေါင်းဆိုတာ စအိုလမ်းကြောင်းအတွင်းမှာ ရှိတဲ့ တစ်ရှူးနဲ့ သွေးကြောများ ရောင်ရမ်းခြင်း သို့မဟုတ် စအိုဝ ပတ်လည်မှာ ရှိတဲ့ အရေပြား ပွပြီး ရောင်ရမ်းခြင်းကို ဆိုလိုတာပါ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာလည်း လိပ်ခေါင်းရောဂါ ပိုအဖြစ်များတတ်ပါတယ်။ အကြောင်းရင်းကတော့ ဗိုက်ထဲမှာ ရှိနေတဲ့ ကလေးရဲ့ ဝန်ဟာ စအိုနေရာကို ဖိအားအပို ဖြစ်စေနိုင်လို့ပါ။ ဒီအတွက် ကိုယ်ဝန်ဆောင်နေစဉ်မှာရော ကလေးမွေးပြီးနောက်မှာပါ လိပ်ခေါင်း ဖြစ်နိုင်ခြေက ပိုများလာတတ်ပါတယ်။ အထူးသဖြင့် ဗိုက်ခွဲမွေးတာမဟုတ်ဘဲ ရိုးရိုး မိန်းမကိုယ်လမ်းကြောင်းကနေ ညှစ်ထုတ်ပြီး ကလေးမွေးတဲ့ မေမေတွေမှာလည်း အဖြစ်များနိုင်ပါတယ်။ လိပ်ခေါင်းသည် သူ့အလိုလို ပျောက်သွားနိုင်လား။ တချို့သော လိပ်ခေါင်းတွေဟာ အရမ်း မပြင်းထန်တဲ့အတွက် ကုသမှု ကြီးကြီးမားမား ခံယူစရာ မလိုဘဲ သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။ လိပ်ခေါင်း အရွယ်အစား၊ ဘယ်နေရာမှာ ဖြစ်နေတာလဲ၊ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများ

ကိုယ်ဝန်ဆောင်ချိန်မှာ လေအဆက်မပြတ်တက်ခြင်း၊ လေလည်ခြင်း စတာတွေဟာ သဘာဝပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခန္ဓာတွင်း ပြောင်းလဲမှုမျိုးစုံ ဖြစ်တတ်ပါတယ်။ အဆိုပါ ပြောင်းလဲမှုတွေမှာ လေထခြင်းလည်း ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုဂျက်စထရုန်းဟော်မုန်း ပိုမိုထွက်ရှိလာခြင်းက လေပွလေထခြင်းနဲ့ သွယ်ဝိုက်ဆက်စပ်နေပါတယ်။ ပရိုဂျက်စထရုန်းဟော်မုန်းဟာ ကိုယ်ခန္ဓာရဲ့ ကြွက်သားတွေကို ဖြေလျှော့ပေးပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် အစာအိမ်အူလမ်းကြောင်းကြွက်သားတွေပါ လှုပ်ရှားမှုနည်းသွားပြီး အစာခြေခြင်းကိုပါ နှေးသွားစေပါတယ်။ ဒါကြောင့် အူလမ်းကြောင်းထဲ ဓာတ်ငွေ့များ စုဝေးလာပြီး လေပွခြင်း၊ လေထခြင်း၊ လေလည်ခြင်းတွေ ပိုမိုကြုံတွေ့ရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်မှာ ကြီးထွားလာတဲ့ သားအိမ်ရဲ့ဖိအားကြောင့် အစာကြေဖို့ နှေးပြီး လေပိုပွတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများ ယခုဆက်လက်ဖော်ပြမှာကတော့ ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများ နဲ့ ဘယ်လိုကုသမလဲ ဆိုတာပါပဲ။ ၁။ အရည်များများသောက်ပါ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ရေကို တစ်နေ့တာမှာ ၈ခွက်ကနေ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်း ၆ခု

ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဖြစ်များတဲ့ ဝေဒနာတစ်ခုရှိပါတယ်။ အဲဒါကတော့ခါးနာခြင်းပါပဲ။ ကိုယ်ဝန်ဆောင်ရတဲ့အချိန်မှာ လရင့်လာတာနဲ့အမျှ ကိုယ်အလေးချိန်တက်လာခြင်း၊ ပြောင်းလဲလာတဲ့ ဟော်မုန်းများကြောင့် တင်ပဆုံအရိုးအရွတ်တွေ အားပျော့လာခြင်းစတာတွေကြောင့် ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာကို ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတဲ့ အချက် ၆ချက်ကို ရေးသားဖော်ပြပေးချင်ပါတယ်။ (၁) ကိုယ်ဟန်အနေအထားမှန်မှန်နေထိုင်ခြင်း ကိုယ်ဝန်လရင့်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့အလေးချိန်ဟာ ရှေ့မှာပုံလာပါတယ်။ Centre of Gravityက ခန္ဓာကိုယ်ရှေ့ကိုရွေ့လာတာပါ။  ရှေ့ကိုယိုင်သွားတာကို ထိန်းဖို့ ခန္ဓာကိုယ်က နောက်ကိုလန်လာတတ်ပါတယ်။ အဲ့ဒီလိုနောက်ကိုလန်နေခြင်းဟာ ခါးအောက်ပိုင်းကကြွက်သားတွေကို ဆွဲညှစ်သလိုဖြစ်ပြီး ခါးနာခြင်းကို ပိုခံရစေပါတယ်။ ဒါကြောင့် ကိုယ်ဟန်အနေအထားမှန်ကန်ဖို့အတွက် -ဖြောင့်ဖြောင့်မတ်မတ်ရပ်ပါ။ -ရင်ဖွင့်ပြီးနေပါ။ ​-ပခုံးကိုလည်း အသာလျှော့ပြီးနေပါ။ ရှေ့ကိုကိုင်းတာမျိုး၊ နောက်ကိုလန်တာမျိုးမဖြစ်အောင်ဂရုစိုက်ပါ။ -ဒူးချိတ်ထိုင်တာကိုရှောင်ပါ။ မတ်တတ်အကြာကြီးရပ်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ထိုင်နေရတဲ့အခါမှာလည်း ကျောကို ပုံစံတကျနဲ့ သက်တောင့်သက်သာဖြစ်စေသော ကုလားထိုင်ကို ရွေးချယ်သင့်ပါတယ်။ ခါးနောက်မှာ ခေါင်းအုံးအသေးလေးတစ်ခုကို support အဖြစ် ခုပြီးထိုင်သင့်ပါတယ်။ (၂) ဖိနပ်ရွေးပါ ဖိနပ်စီးတဲ့အခါ High Heel […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ဝမ်းပျက်ခြင်းအတွက် ကုထုံးများ

ကိုယ်ဝန်ဆောင်ချိန်မှာ အစာအိမ်အူလမ်းကြောင်းနဲ့ ပတ်သက်ပြီး ဝမ်းချုပ်ခြင်း၊ ဒါမှမဟုတ် ဝမ်းပျက်ခြင်းကို ကြုံရပါတယ်။ ဟော်မုန်းပြောင်းလဲခြင်း၊ စားသောက်မှုပုံစံ ပြောင်းလဲခြင်း၊ စိတ်ဖိစီးမှု ဖြစ်ပေါ်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ အကယ်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ ဝမ်းပျက်ခြင်းကို အတော်အတန်ကြုံနေရမယ်ဆိုရင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းပျက်ခြင်း ဘာကြောင့်ဖြစ်တတ်သလဲ တစ်နေ့တည်းနဲ့ သုံးလေးကြိမ်လောက် ဝမ်းသွားနေမယ်ဆိုရင်တော့ ဝမ်းပျက်ခြင်းလို့ ဆိုနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယား၊ အူလမ်းကြောင်း ကပ်ပါးကောင်များကြောင့် ဝမ်းပျက်တတ်ပါတယ်။ အစာအဆိပ်သင့်ခြင်းနဲ့ ဆေးဝါးတချို့ သောက်သုံးရာကနေလည်း ဝမ်းပျက်နိုင်ပါတယ်။ IBS လို့ခေါ်တဲ့ မကြာခဏ ဝမ်းပျက်တတ်တဲ့ရောဂါ၊ ခရွမ်းရောဂါ၊ စီးလိယတ်ရောဂါ၊ အူအနာဖြစ်ပြီး ရောင်ရမ်းခြင်း စတဲ့ပြဿနာရှိသူတွေမှာ ဝမ်းပျက်တတ်ပါတယ်။ ကိုယ်ဝန်နဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ - စားသောက်မှုပုံစံ ပြောင်းလဲခြင်း။ ကိုယ်ဝန်ရှိနေချိန်မှာ အမျိုးသမီးများဟာ အစားအသောက် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အချင်းရှေ့ရောက် ခြင်း

အချင်းဆိုတာ ကိုယ်ဝန်ဆောင်စဥ်မှာ ကလေးလေးကို အာဟာရပေးဖို့အတွက်ရော ကလေးလေးဆီက အညစ်အကြေးတွေကို စွန့်ပစ်ဖို့ရော လုပ်ပေးပါတယ်။ လနုစဥ်မှာ အချင်းက သားအိမ်အောက်ခြေမှာရှိပါတယ်။ ဒါကပုံမှန်ပါ။ ဒါပေမယ့် ကိုယ်ဝန်လရင့်လာတာနဲ့အမျှ အချင်းက အပေါ်ကို တက်လာပြီး သားအိမ်ထိပ် ဒါမှမဟုတ် ဘေးနံရံမှာ တွယ်ရပါတယ်။ ဒါမှကလေးက လွတ်လွတ်လပ်လပ်ကြီးထွားနိုင်မှာပါ။ ဒီလိုမှမဟုတ်ဘဲ သားအိမ်အောက်ခြေမှာပဲ ရှိနေမယ်ဆိုရင်တော့ ဒါကို အချင်းရှေ့ရောက် တယ်လို့ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင် ၂၀၀မှာ ၁ယောက်ဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ ပြလိုက်လို့ အားလုံးကောင်းပါတယ်။ အချင်းရှေ့ရောက်နေတာတစ်ခုပဲလို့ပြောရင် နားမလည်တတ်ကြပါဘူး။ ဒါကဘာကိုပြောတာလဲဆိုတာကို လေ့လာရအောင်။ အချင်းရှေ့ရောက် တာက အကြမ်းဖျင်း ၃မျိုးရှိပါတယ်။ သားအိမ်အောက်ခြေမှာ ကပ်နေတာ၊ မွေးလမ်းကြောင်းနားမှာ ကပ်နေတာ၊ မွေးလမ်းကြောင်းကို လုံးဝပိတ်နေတာ စတာတွေပဲဖြစ်ပါတယ်။ ဒီလိုအချင်းရှေ့ရောက်တာက ဘာကြောင့်ဖြစ်တာလဲ။ ကလေးကို ထိခိုက်နိုင်လားဆိုတာ ဆက်ကြည့်ရအောင်။ ဘယ်သူတွေဖြစ်နိုင်လဲ။ အရင်က […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ရေမြွာရည် များ ခြင်း

အယ်ထွာဆောင်း ရိုက်လိုက်လို့များ အဖြေက ကလေးလည်း ကောင်းတယ်။ အချင်းလည်း ပုံမှန်ပဲ။ ကလေးလည်း ပုံမှန်ကြီးတယ်။ ရေမြွာရည်လေးတော့ နည်းနည်းများနေတယ်ဆိုရင် မေမေတွေက ဒါဘာကို ပြောတာလဲဆိုပြီး မေးတတ် ကြပါတယ်။ ကိုယ်ဝန်ဆောင်ဘဝမှာ ဘာပဲစစ်စစ် အဖြေတွေ အကုန်ကောင်းချင်တာ မေမေတွေရဲ့ ဆန္ဒပါ။ ဒါဆို ရေမြွာရည် များ တယ်ဆိုတာ ဘာကိုပြောတာလဲ။ စိုးရိမ်ရလားဆိုတာ မေမေတို့ သိချင်ကြမှာပဲ။ ဒီအကြောင်းလေးကို ဒီမှာဆက်ပြောပေးသွားပါမယ်။ ရေမြွာရည် ဆိုတာဘာလဲ။ ရေမြွာရည် ဆိုတာ ကလေးလေးကို မထိခိုက်မိအောင် ကာကွယ်ထားတဲ့ အရည်အိတ်လေးပါ။ သူက ကလေးကို ထိခိုက်ဒဏ်ရာ မရအောင်၊ အပူအအေးဒဏ် ခံနိုင်အောင်၊ ပိုးမဝင်အောင်၊ အဆုတ်နဲ့ အစာအိမ်ကို ကောင်းကောင်း ဖွံ့ဖြိုးအောင်၊ အရိုးအဆစ်တွေ သန်မာအောင်၊ ခြေချောင်း လက်ချောင်းတွေ ကပ်မနေအောင်၊ ချက်ကြိုးကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း