ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေ နဲ့ မျောက်ကျောက်ရောဂါ

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကူးစက်ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါက ကိုယ်ဝန်ဆောင်မေမေတွေမှာ ကူးစက်နိုင်လား။ ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရရင် ဘယ်လိုမျိုး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ။ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ မျောက်ကျောက်ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ မျောက်ကျောက်ရောဂါ ဆိုတာ မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။  Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။ မျောက်ကျောက်ရောဂါကို 1958 […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင် အစောပိုင်းကာလ ခေါင်းကိုက်တာ သက်သာစေဖို့

ကိုယ်ဝန်ဆောင် တယ်ဆိုတာက လေဒီတိုင်းအတွက် အစွန့်စားရဆုံးအချိန်ပါ။ ဒီကာလမှာ ခန္ဓာကိုယ်ကပြောင်းလဲမှုတွေအများကြီးဖြစ်သလို ခံစားရတဲ့ ဝေဒနာတွေကလည်း အမျိုးမျိုးပါ။ ဒီပြဿနာတွေထဲကမှ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခေါင်းကိုက်တဲ့အကြောင်းလေး နဲ့ပတ်သက်ပြီး ပြောပြပေးပါရစေ။ ကိုယ်ဝန်ဆောင်မေမေ ခံစားရတဲ့ ခေါင်းကိုက်ဝေဒနာ ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တာကို ခံစားရတာ ကိုယ်တစ်ယောက်တည်းများလားလို့ မတွေးပါနဲ့။ တစ်ယောက်တည်းမဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်တော်တော်များများ ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားကြရတာပါ။ ကိုယ်ဝန်ဆောင်ကာလက အခြားကာလတွေထက်ပိုပြီး ခေါင်းကိုက်နိုင်ခြေများပါတယ်။ ဒါပေမယ့် အန္တရာယ်များလားဆိုတော့ မများပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ ခေါင်းကိုက်တာအပြင် အခြားနာကျင်ကိုက်ခဲမှုတွေကိုပါ ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေ ဘာကြောင့် ခေါင်းကိုက်တာလဲ........ ကိုယ်ဝန်ဆောင်မေမေတွေ ခေါင်းကိုက်ဝေဒနာခံစားရတာက ဟော်မုန်းအပြောင်းအလဲကြောင့် ကိုယ်တွင်းမှာ သွေးပမာဏတိုးလာတာကြောင့် ကိုယ်အလေးချိန် အပြောင်းအလဲကြောင့် ရေဓာတ်မပြည့်ဝတာကြာင့် ကိုယ်ဝန်ဆောင်အစောပိုင်းကာလ ပျို့အန်မှုကြောင့် စိတ်ဖိစီးမှုများတာကြောင့် အိပ်ရေးပျက်တာများတာကြောင့် ကဖင်းစွဲလမ်းတာကြောင့် အာဟာရချို့တဲ့တာကြောင့် သွေးတွင်းသကြားဓာတ်နည်းနေတာကြောင့် ကိုယ်လက်လှုပ်ရှားမှုနည်းတာကြောင့် အလင်းရောင်ကို မခံနိုင်တာကြောင့် ကိုယ်နေဟန်ထား […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်တွေ အန်ပဲအန်နေမယ်ဆိုရင်

ရုပ်ရှင်ထဲမှာ မင်းသမီးအန်နေပြီဆိုရင် ကိုယ်ဝန်ရှိဖို့ ၉၉ရာခိုင်နှုန်းသေချာပါတယ်။ အပြင်မှာလည်း နေလို့မကောင်းဘူး။ အန်တယ်။ ပျို့တယ်ဆိုရင် ကိုယ်ဝန်ရှိနေလားဆိုပြီး အရင်စဥ်းစားကြပါ တယ်။ ကိုယ်ဝန်ဆောင်တွေ မှာ ပျို့တာ၊ အန်တာကပုံမှန်ပါပဲ။ ဒါကို Morning sicknessလို့ခေါ်ပါတယ်။ Morning  ဆိုပေမယ့် တစ်နေကုန်အန်ချင်လည်း အန်နိုင်ပါတယ်။ ၁ရာခိုင်နှုန်းလောက်ကတော့ အပြင်းအထန်အန်တာ၊ ပျို့တာ ဖြစ်နိုင်ပါတယ်။ ဒါကို hyperemesis gravidarum (HG)လို့ခေါ်ပါတယ်။ ပြင်းထန်လွန်းလို့အစားမဝင်တာ၊ ရေမဝင်တာအထိဖြစ်တတ်ပါတယ်။ သိပ်ဆိုးရင် ဆေးရုံတက်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲ။ ဘာကြောင့်လဲဆိုတာ အတိအကျမပြောနိုင်သေးပေမယ့် ဟော်မုန်းအပြောင်းအလဲလို့ကြောင့်လို့ ယူဆကြပါတယ်။ အထူးသဖြင့် အချင်းကထုတ်တဲ့hCGဟော်မုန်းပါ။ သာမန်ကိုယ်ဝန်ဆောင်တွေပျို့အန်တာက ကိုယ်ဝန်၃ ၄လလောက်ဆိုရင် သက်သာသွားတတ်ပေမယ့် HGကတော့ ဒီ့ထက်ပိုကြာတတ်ပါတယ်။ အဖြစ်များတဲ့သူတွေကတော့ အရင်ကမိသားစုထဲမှာ HGဖြစ်ဖူးတဲ့သူတွေ အမြွှာကိုယ်ဝန်ရှိသူတွေ အဝလွန်သူတွေ သားဦးကိုယ်ဝန်တွေ စပျစ်သီးကိုယ်ဝန်ရှိသူတွေမှာ ပိုတွေ့ရတတ်ပါတယ်။ ဘာလက္ခဏာတွေခံစားရမှာလဲ။ HGက သာမန်morning […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

သားအိမ်ပြင်ပသန္ဓေတည် ခြင်း

ကိုယ်ဝန်ရှိဖို့ဆိုရင် အရင်ဆုံးမျိုးအောင်ပြီး သန္ဓေတည်ရပါတယ်။ မမျိုးဥလေးနဲ့ သုက်ကောင်လေးက သားဥပြွန်မှာဆုံတွေ့မယ်။ မျိုးအောင်မယ်။ သန္ဓေသားလေးဖြစ်မယ်။ အဲ့ဒီသန္ဓေသားလေးက သားဥပြွန်ကနေပြန်ဆင်းလာပြီး သူ့အတွက် ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ သားအိမ်နံရံမှာ ပြန်လာတွယ်မယ်။ ဒါကပုံမှန်ကိုယ်ဝန်ဆောင်တဲ့ပုံစံပါ။ တချို့တွေကတော့ ထူးထူးခြားခြား သန္ဓေအောင်ပြီးခါမှ သန္ဓေတည်ခါနီးကျရင် သားအိမ်ကိုဆင်းမလာဘဲ သားဥပြွန်မှာ သန္ဓေတည်လိုက်ပါတယ်။ တချို့ကျတော့လည်း သားဥအိမ်၊ သားအိမ်ခေါင်း၊ ဝမ်းဗိုက်ထဲထိသန္ဓေတည်တတ်ပါတယ်။ ဒါကြောင့် အလွယ်ပြောရင် သားအိမ်ကလွဲပြီး တခြားနေရာမှာ သန္ဓေတည်ရင် သားအိမ်ပြင်ပသန္ဓေတည် တယ်လို့ ခေါ်ပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲ။ သားအိမ်ပြင်ပသန္ဓေတည် တဲ့ထဲမှာ သားဥပြွန်မှာသန္ဓေတည်တာအများဆုံးပါ။ ၉၀ရာခိုင်နှုန်းလောက်ရှိပါတယ်။ သားဥပြွန်ကနေ သားအိမ်ကိုဆင်းလာတဲ့လမ်းမှာ ကြာနေတာကြောင့် သားဥပြွန်မှာ သန္ဓေတည်လိုက်တာပါ။ သားဥပြွန်မှာ ချို့ယွင်းချက်တစ်ခုခုရှိနေရင် သန္ဓေတည်ဖို့ အောက်ကိုဆင်းမလာနိုင်ဘဲ လမ်းမှာတန့်နေမှာပါ။ ဥပမာပြောရရင် သားဥပြွန်မှာ ပိုးဝင်လို့ဖြစ်ဖြစ်၊ ခွဲစိတ်မှုလုပ်ထားရင်ပဲဖြစ်ဖြစ် ရောင်ရမ်းပြီး အနာရွတ်တွယ်လို့ ကျဉ်းသွားတာ ဟော်မုန်းအပြောင်းအလဲတွေ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်လနုချိန်သွေးဆင်း တာဘာကြောင့်လဲ

ကိုယ်ဝန်လနုချိန်သွေးဆင်း ရင် ဘယ်အမေမဆို စိုးရိမ်ကြပါတယ်။ သားဦးကိုယ်ဝန်ဆိုပိုဆိုးပါတယ်။ ကိုယ်ဝန်များတစ်ခုခုထိခိုက်မိပြီလားဆိုပြီး စိုးရိမ်ကြပါတယ်။ ကိုယ်ဝန်လနုတဲ့အချိန်မှာသွေးဆင်းတာက အကြောင်းအမျိုးမျိုးရှိပါတယ်။ တချို့က အန္တရာယ်မရှိပါဘူး။ တချို့အကြောင်းတွေက အရေးကြီးပါတယ်။ ကိုယ်ဝန်လနုချိန်ဆိုတာ ပထမ၃လကို ဆိုလိုတာပါ။ ဒီလတွေမှာ ဘာကြောင့် သွေးဆင်းတာလဲဆိုတဲ့ အကြောင်းရင်းတွေကို ရှာကြည့်ကြရအောင်။ ကိုယ်ဝန်လနုချိန်သွေးဆင်း ရတဲ့ အကြောင်းရင်းတွေက သန္ဓေတည်လို့သွေးဆင်းတာ သန္ဓေတည်တယ်ဆိုတာ မျိုးအောင်ပြီးသား သန္ဓေသားက သားအိမ်နံရံကို တိုးဝင်တွယ်ကပ်တာပါ။ ဒါက မျိုးအောင်ပြီး ၆ရက်ကနေ ၁၂ရက်အတွင်း ဖြစ်ပါတယ်။ ကိုယ်ဝန်အနုဆုံးအချိန်ပါ။ အဲ့ဒီအချိန်မှာ သွေးနည်းနည်းဆင်းပါတယ်။ ဒါက ပုံမှန်ရာသီမလာခင် ရက်အနည်းငယ်အလိုမှာ ဖြစ်တတ်တဲ့အတွက် ရာသီလာတာနဲ့တောင် မှားတတ်ပါသေးတယ်။ ကိုယ်ဝန်ကြောင့်လား၊ ရာသီလာတာလား ခွဲဖို့လည်းမလွယ်ပါဘူး။ ကြွက်နည်းနည်းတက်တာ၊ ခါးနာတာ၊ ခေါင်းကိုက်တာ၊ ပျို့တာ၊ ရင်သားနာတာ စသဖြင့် လက္ခဏာတွေက အတူတူပါပဲ။ ခွဲလို့ရတာဆိုလို့ သွေးဆင်းတဲ့အရောင်ဖျော့တာရယ်၊ နည်းနည်းနဲ့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

စပျစ်သီးကိုယ်ဝန် (Molar pregnancy)

တချို့အမျိုးသမီးတွေက ဆီးစစ်လိုက်တော့ နှစ်ကြောင်းပေါ်တယ်။ ကိုယ်ဝန်ရှိတယ်လို့ထင်တယ်။ ဆေးခန်းသွားပြတယ်။ ဆီးထပ်စစ်တယ်။ နှစ်ကြောင်းပေါ်တာပဲ။ ဒီလိုနဲ့ နေရင်း လနုနုလေးနဲ့ ဗိုက်က ပိုကြီးနေတယ်။ အန်လိုက်တာဆိုတာလည်း မရပ်တော့ဘူး။ သွေးပေါင်တွေလည်းတက်၊ တစ်ချက်တစ်ချက်သွေးကလည်းဆင်းသေးတယ်။ လနဲ့မလိုက်အောင် ခံစားနေရလို့ အယ်လ်ထွာဆောင်းရိုက်ကြည့်လိုက်တဲ့အခါမှာတော့ ဗိုက်ထဲမှာ ကလေးမရှိဘဲ စပျစ်သီးလိုမျိုး အစေ့လေးတွေ အခိုင်လိုက်ရှိနေတာကို တွေ့ရလိမ့်မယ်။ ဒါဟာ စပျစ်သီးကိုယ်ဝန် ပါ။ ရှားရှားပါးပါး ကိုယ်ဝန်ဆောင် ၁၀၀၀မှာ ၁ယောက်ပဲဖြစ်တတ်ပါတယ်။ စပျစ်သီးကိုယ်ဝန် ဘာလို့ဖြစ်တာလဲ။ အကြောင်းက မမျိုးဥမျိုးအောင်တာ မူမမှန်လို့ပါ။ လူရဲ့ဆဲလ်မှာ ခရိုမိုဆုန်း ၂၃စုံ (၄၆ခု)ရှိပါတယ်။ အဖေဆီက တစ်ခု အမေဆီကတစ်ခုပေါင်းပြီး တစ်စုံဖြစ်တာပါ။ စပျစ်သီးကိုယ်ဝန်က နှစ်မျိူးရှိပါတယ်။ Completeနဲ့ Partialပါ။ Completeအမျိုးအစားမှာ ဆဲလ်မရှိတဲ့ မမျိုးဥထဲကို သုက်ကောင် တစ်ကောင် ဒါမှမဟုတ် နှစ်ကောင်ဝင်ပေါင်းပါတယ်။ ဒါကြောင့် ဒီသန္ဓေဥထဲမှာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေ တုပ်ကွေး ဖြစ်ခဲ့ရင်

ကိုယ်ဝန်ဆောင်ချိန်က အခြားအချိန်တွေထက် ထိခိုက်နိုင်ခြေပိုများတာကြောင့် သေချာလေးဂရုစိုက်ဖို့လိုမှာပါ။ ဒီတစ်ခေါက်တော့ ရာသီဥတုအေးအေးမှာ ကိုယ်ဝန်ဆောင်မေမေ တုပ်ကွေး ဖြစ်တဲ့အခါ ဆေးတွေကို ထင်တိုင်းသောက်လို့မဖြစ်တဲ့ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ဘယ်လိုဂရုစိုက်နေထိုင်ရမလဲဆိုတာကို ပြောပြပေးပါရစေ။ ကိုယ်ဝန်ဆောင်မေမေ နဲ့ တုပ်ကွေး ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ အရာရာကို သတိထားရပါတယ်။ အကြောင်းကတော့ ဖျားရင်ပဲဖြစ်ဖြစ်။ ထိခိုက်မှုတစ်စုံတရာဖြစ်ရင်ပဲဖြစ်ဖြစ် ထိခိုက်ခံစားရမယ့်သူက ကိုယ်တစ်ယောက်တည်းမဟုတ်တော့ပါဘူး။ အဖျားဝင်ပြီဆိုရင် ဆေးသောက်ရင် ဘေဘီလေးကို ထိခိုက်မှာစိုးလို့ ကြိတ်မှိတ်ခံစားရတာကများပါတယ်။ ရိုးရိုးဖျားတာဆိုတော်သေးရဲ့ တုပ်ကွေးဖြစ်​ပြီ ဆိုရင်တော့ တော်တော်လေးအခက်တွေ့ပြီပေါ့။ ဆေးသောက်လိုက်ရင် ဘေဘီလေးကို ထိခိုက်မှာလည်း စိုးတယ်။ ဒီတော့ ဘယ်လိုသက်သာအောင်လုပ်ရမလဲ သိချင်တယ်ဆိုရင်တော့ အတူတူဆက်ကြည့်လိုက်ရအောင်လား..... အအေးမိတာလား .... တုပ်ကွေးဖြစ်တာလား..... အအေးမိတာ နဲ့ တုပ်ကွေးဖြစ်တာတွေရဲ့လက္ခဏာတွေက ခပ်ဆင်ဆင်ပါ။ အအေးမိရင်ဖြစ်ဖြစ်၊ တုပ်ကွေးဖြစ်ရင်ဖြစ်ဖြစ် ချောင်းဆိုးမယ် နှာစေးမယ် ကိုယ်ပူမယ်စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။ တုပ်ကွေးဖြစ်မယ်ဆိုရင်တော့ ဒီလက္ခဏာတွေအပြင် ချမ်းတုန်မယ်၊ အော့အန်မယ်၊ ခေါင်းကိုက်မယ်၊ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ပျက်ကျ စေနိုင်တဲ့ အကြောင်းအရင်းများ

ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ မိခင်တိုင်းအတွက် စိတ်ထိခိုက်ရတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒီတစ်ခေါက်တော့ ဆင်ခြင်လို့ရအောင် မေမေတို့ကို ကိုယ်ဝန်ပျက်ကျ စေနိုင်တဲ့ အကြောင်းအရင်းတွေကဘာလဲဆိုတာ ပြောပြပေးပါရစေ။ ကိုယ်ဝန်ပျက်ကျရင် ဘယ်လိုလက္ခဏာတွေရှိနိုင်လဲ........... ကိုယ်ဝန်ပျက်ကျနိုင်ခြေ အများဆုံးက ကိုယ်ဝန်ဆောင်ကာလ ၁၂ ပတ်လောက်မှာပါ။ ကိုယ်ဝန်ပျက်ကျ တဲ့အခါ သွေးဆင်းတာ ဗိုက်အောင့်တာ ဆီးစပ်နားက ကိုက်ခဲတာ မိန်းမကိုယ်ကနေ အရည်တွေဆင်းတာ မျိုးဖြစ်နိုင်ပါတယ်။ ဘာတွေကများ ကိုယ်ဝန်ပျက်ကျစေတာလဲ............. ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ အကြောင်းအရင်းက တစ်ချက်မကရှိနေနိုင်ပါတယ်။ အကြောင်းအရင်း (၁) - ခရိုမိုဇုန်း လို့ခေါ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ ဆဲလ်များ ပုံမှန် မဟုတ်ခြင်း ကိုယ်ဝန်ပထမ ၃ လပတ်အတွင်းမှာ ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ အဓိကအကြောင်းအရင်းက ဘေဘီလေးရဲ့ ခရိုမိုဇုန်း လို့ခေါ်တဲ့ မျိုးဗီဇဆဲလ်တွေ ပုံမှန်မဟုတ်တဲ့ အနေအထားပါ။ ဒီခရိုမိုဇုန်းလို့ ခေါ်တဲ့ မျိုးဗီဇဆဲလ်တွေက ဘေဘီလေးရဲ့ ဆံပင် နဲ့ မျက်လုံးအရောင်တွေကို အခြားသူတွေနဲ့မတူအောင် သတ်မှတ်ပေးတာပါ။ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ဒါတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တယ် ဆိုတာ တကယ်လား......

အမျိုးသမီးတစ်ယောက် အတွက် စိတ်အလှုပ်အရှားရဆုံးအချိန်က မေမေဖြစ်မယ့် အခွင့်အရေးရဲ့ အစပျိုးချိန် ကိုယ်ဝန်ဆောင်ချိန်မှာ ပါ။ မွေးဖွားလာမယ့် ရင်သွေးလေးကို ကျန်းမာပျော်ရွှင်စွာနဲ့ မွေးဖွားချင်တဲ့ဆန္ဒ မိခင်တိုင်းမှာ ရှိပါတယ်။ ဒီဆန္ဒလေးကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ဖို့ ဆင်ခြင်ရတာတွေကလည်း အများကြီးပါ။ ဒီတစ်ခေါက်တော့ မေမေတို့ရဲ့ ပူပန်မှုကို မတိုးစေဖို့ ကိုယ်ဝန်ဆောင်မေမေ တိုင်း သိထားသင့်တဲ့ အကြောင်းလေးကို ပြောပြပေးပါရစေ။ ဒါတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တယ် ဆိုတာ တကယ်လား...... ကိုယ်ဝန်ဆောင်ချိန်က အတိမ်းအစောင်းမခံတဲ့ ကာလပါ။ ဒီကာလမှာ ဒီစကားတွေကြောင့် မေမေရော ဘေ​ဘီလေးပါမထိခိုက်စေဖို့ သတိပြုစေချင်ပါတယ်။ ဒါတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တယ် ဆိုတာ တကယ်လား...... အမှန်က ဘာတွေဖြစ်မလဲ။ ဘာတွေက လွဲမှားစွာ သိထားမိတာလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်နော်။ တစ်ခါကိုယ်ဝန်ပျက်ကျဖူးရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေ များပါတယ် ပထမတစ်ကြိမ် ကိုယ်ဝန်ပျက်ကျဖူးရုံနဲ့တော့ နောက်တစ်ကြိမ်မှာ ကိုယ်ဝန်ထပ်မပျက်ကျနိုင်ပါဘူး။ ခဏခဏ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ထုံတာ၊ ကျဉ်တာ ခံစားရတဲ့အခါ

ကိုယ်ဝန်ဆောင်တဲ့အချိန်ဆို ဟိုနားကတစ်မျိုးဖြစ်သလို ဒီကတစ်မျိုးဖြစ်သလိုနဲ့ အရင်ကနဲ့ မတူတော့တာ သေချာတာပေါ့။ ခန္ဓာကိုယ်က နှစ်ယောက်စာထမ်းပိုးထားရ၊ အားဖြည့်ပေးရတာမို့ မေမေတို့ နေရထိုင်ရတာ အတော်ဂရုစိုက်ရတာပါ။ ဒီလိုအချိန်မှာ အဖြစ်များတဲ့ ခြေလက် ထုံကျဉ် မှု အကြောင်းလေး ပြောပြပေးမယ်နော်။ ကိုယ်ဝန်ဆောင်လရင့်လာတဲ့ မေမေတွေဟာ ဒီပြဿနာကို ခံစားရတတ်ပါတယ်။ လူတိုင်းမှာမဖြစ်ပေမယ့် လက်တွေ ထုံကျဉ် ၊ အားမရှိတဲ့ ဝေဒနာက နေရခက်တာမို့ မေမေတို့ နေထိုင်မှုဘဝမှာ အဆင်မပြေ ဖြစ်တတ်ကြပါတယ်။ လက်ချောင်းလေးတွေ၊ လက်ဖျံ၊ ခြေထောက်၊ ခါး တို့မှာ ထုံသလို ကျဉ်သလို ဖြစ်လာတဲ့အခါ ဘာလုပ်ရမှန်းမသိ၊ စိုးရိမ်လာတတ်ပါတယ်။ ထုံကျဉ်ရတဲ့ လက္ခဏာတွေ ကိုယ်ဝန်ဆောင်ချိန်မှာ လက်က ထိတွေ့တာမသိ၊ ထုံနေတာမျိုး၊ ပူခနဲ ဖြာထွက်သွားတဲ့ခံစားချက်မျိုး၊ ကျဉ်ခနဲနာကျင်မှုမျိုး တွေ ခံစားရတတ်တယ်။ အိပ်ရာထတဲ့အချိန်၊ ညတရေးနိုးချိန်၊ ဒါမှမဟုတ် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ပျက်ကျ ထားတဲ့ အမျိုးသမီးတွေ ဘာတွေဂရုစိုက်ရမလဲ

ကိုယ့်ရင်သွေးလေးကို ဆုံးရှုံးလိုက်ရတဲ့အခါ စိတ်ရောလူပါ အားနည်းသွားမှာ သေချာပါတယ်။ ကိုယ်ဝန်ပျက်ကျ ထားတဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် ဒီအချက်လေးတွေ သိထားချင်ကြမယ်ထင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပါ။ ကိုယ်ဝန်ပျက်ကျ တဲ့လက္ခဏာစပြကတည်းက ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။ ပြန်လည်နာလန်ထူမယ့်အချိန်ကတော့ ကိုယ့်ရဲ့ကျန်းမာရေး၊ ကိုယ်ဝန်လ အနုအရင့် ကိုမူတည်ပြီး ရက်ပိုင်းအနည်းအများ ကွာခြားတတ်ပါတယ်။ ဆရာဝန်ပုံမှန်ပြပြီး ညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်ပါ။ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေအတွက်ကြိုတင်ပြင်ဆင်ပါ။ ကိုယ်ဝန်ပျက်ကျ ခြင်းက ခန္ဓာကိုယ်မှာဘေးထွက်ဆိုးကျိုးတွေ ကျန်ရစ်ခဲ့နိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ အောက်ပါဘေးထွက်ဆိုးကျိုးတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။ ခါးနာတာ ကိုယ်အလေးချိန်ကျတာ ဖြူနှစ်နှစ်အကျိအချွဲတွေ ဆင်းတာ အရောင်ရင့်ရင့်သွေးဆင်းတာ တွေ ဖြစ်လေ့ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးက ပိုဆိုးလာတယ်ဆိုရင် ဆရာဝန်ပြပါ။ လက္ခဏာတွေပြင်းထန်လာရင် အမြန်ဆုံး ဆေးကုသမှုခံယူပါ။ သွေးဆင်းများခြင်း၊ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ အပြင်းအထန်ဗိုက်အောင့်ခြင်းတို့အပါအဝင် လက္ခဏာတွေဆိုးလာရင် မပေါ့ဆပါနဲ့။ အမြန်ဆုံးကုသမှုခံယူပါ။ လိင်ကိစ္စ ရှောင်ပါ။ ကိုယ်ဝန်ပျက်ကျပြီးတဲ့အခါ ၂ ပတ်အတွင်း လိင်ကိစ္စရှောင်သင့်ပါတယ်။ ရာသီသွေးကတော့ ၄ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း