ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေ နဲ့ မျောက်ကျောက်ရောဂါ

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကူးစက်ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါက ကိုယ်ဝန်ဆောင်မေမေတွေမှာ ကူးစက်နိုင်လား။ ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရရင် ဘယ်လိုမျိုး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ။ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ မျောက်ကျောက်ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ မျောက်ကျောက်ရောဂါ ဆိုတာ မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။  Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။ မျောက်ကျောက်ရောဂါကို 1958 […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးခဏခဏသွားခြင်း

ကိုယ်ဝန်ဆောင်ချိန်တွင် သင်သည် များစွာသော ပြောင်းလဲမှုများကို ခံစားရမည်ဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးသွားများခြင်းသည်လည်း ပြောင်းလဲမှုများထဲမှတစ်ခုဖြစ်သည်။ သင်သည် ရေအိမ်ကို မကြာခဏသွားရခြင်းအပေါ် သည်းခံနိုင်စွမ်းရည်များ ကုန်ဆုံးလာနိုင်ပါသည်။ ညတိုင်းလည်း သင့်ကို အနှောင့်အယှက်ပေးနေပါလိမ့်မည်။ အောက်ဖော်ပြပါဆောင်းပါးတွင် ကိုယ်ဝန်ဆောင်ချိန်တွင် မကြာခဏ ဆီးသွားရခြင်း၏အကြောင်းများနှင့် ယင်းဖြစ်စဉ်ကို ကာကွယ်ရန်ဖော်ပြထားပါလိမ့်မည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးခဏခဏသွားခြင်းကို ဖြစ်စေသော အကြောင်းတွေက ဘာတွေလဲ။ Progestrone ဟော်မုန်းနှင့် Gonadotrophin ဟော်မုန်း အဆင့်များမြင့်တက်လာခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးသွားများလာရခြင်းဖြစ်သည်။ သို့သော် ကိုယ်ဝန် အလယ်ပိုင်းကာလရောက်လာလျှင် သားအိမ်သည် အပေါ်သို့မြင့်တက်လာခြင်းကြောင့် ဆီးအိမ်ပေါ်တွင် ဖိအားသက်ရောက်မှုနည်းသွားကာ ဆီးသွားချင်သော အကြိမ်ရေသည်လည်း လျော့နည်းသွားမည်ဖြစ်သည်။ ထို့ပြင် ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ထဲတွင် အရည်ဓာတ်များပိုများလာသည့်အတွက် ကျောက်ကပ်သည် အရည်များကို ပိုစွန့်ထုတ်ရခြင်းကြောင့် ဆီးများလာခြင်းဖြစ်သည်။ သန္ဓေသား၏ကြီးထွားလာမှုကြောင့် ဆီးအိမ်ပေါ်တွင်ဖိအားသက်ရောက်ကာ ဆီးသွားချင်စိတ်ကို ဖြစ်စေပါသည်။ ဘယ်လို လက္ခဏာတွေကို ခံစားရမလဲ။ သိသာသော လက္ခဏာမှာ ဆီးသွားချင်စိတ် မကြာခဏဖြစ်သော်လည်း […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အုပ်စု ဘီ စထရပ်ရောဂါပိုးကူးဆက်ခြင်း

Group B strep ဆိုတာ လူတွေရဲ့ အူလမ်းကြောင်းထဲမှာ သဘာဝအတိုင်းတွေ့ရတဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် သင့်အစာဟောင်းအိမ်မှာရှိတဲ့ Group B strep ဘက်တီးရီးယားတွေက သင့်ယောနိဆီရောက်တတ်ရှိပြီး၊ သင်ကလေးမွေးတဲ့အချိန်မှာ သင့်ကလေးဆီ ရောက်ရှိသွားတတ်ပါတယ်။ ဒီဘက်တီးရီးယားအမျိုးအစား ကိုယ့်ဆီမှာရှိတာကို အမျိုးသမီးတော်တော်များများက သတိမထားမိတတ်ပါဘူး။ Group B Strep ရှိမရှိဆိုတာ ဘယ်လိုသိမလဲ။ Group B strep ဘက်တီးရီးယားတွေက အရွယ်ရောက်ပြီးသားလူတွေမှာ အန္တရာယ်မရှိတတ်ပါဘူး။ ဒါပေမယ့် ကလေးငယ်တွေမှာတော့ ( မွေးဖွားလာမှာရယ်၊ ပြင်းထန်တဲ့ ရောဂါပိုးကူးစက်မှု ) ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါ့ကြောင့် Group B strep အတွက် စစ်ဆေးဖို့ လိုအပ်ပါတယ်။ မီးဖွားစဉ် ပိုးသတ်ဆေးတွေနဲ့ အချိန်မီကုသမှုက သင့်ကလေးရဲ့ Group B strep ရနိုင်တဲ့ အန္တရာယ်ကို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် အူကျွံခြင်း

အူကျွံတယ်ဆိုတာ ဘာလဲ။ အတွင်းကလီစာတစ်စိတ်တစ်ပိုင်းက သူတို့ကို ထိန်းထားတဲ့ ကြွက်သား သို့မဟုတ် တစ်သျှူး အတွင်းရှိ အပေါက်မှတဆင့် အပြင်ကို တွန်းထွက်လာတဲ့အခါ အူကျွံခြင်းကို ခံစားရနိုင်ပါတယ်။ အူကျွံခြင်းဟာ ဝမ်းဗိုက်ပိုင်းနဲ့ ပေါင်ခြံဧရိယာတဝိုက်မှာ အဖြစ်များပေမယ့် ပေါင်အထက်ပိုင်းနဲ့ ဝမ်းဗိုက်အောက်ပိုင်းတွေမှာလည်း ဖြစ်ပွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အတော်များများက အူကျွံခြင်း ဖြစ်နေပေမယ့် နာကျင်မှုကို ခံစားရလေ့ မရှိပါဘူး။ သို့ပေမယ့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ မဟုတ်ရင် ပိုမို ဆိုးရွားလာတတ်ပြီး အသက်အန္တရာယ် ထိခိုက်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်နဲ့ ဆောင်နေစဉ်အတွင်း သင်အူကျွံနေပါက ဆရာဝန်ကို အသိပေးပါ။ ဒါမှ ဖြစ်ပွားနိုင်တဲ့ နောက်ဆက်တွဲ ရောဂါတွေကို စစ်ဆေးနိုင်မယ်၊ သင့်တော်တဲ့ ကုသမှုတွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။   အူကျွံရတဲ့ အကြောင်းအရင်းများ အူကျွံခြင်းဆိုတာ ကြွက်သားနံရံတွေ အားနည်းခြင်း သို့မဟုတ် အတူတကွ ဖွံ့ဖြိုးရမယ့် ကြွက်သားတွေ လုံးဝ မပြည့်စုံခြင်းတို့ကြောင့် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် တင်ပါးဆုံ နာကျင်ခြင်း

ကိုယ်ဝန်ရင့်မာတဲ့ အချိန် အထူးသဖြင့် နှစ်တစ်နှစ်ရဲ့ တတိယမြောက် ၃လအပိုင်းအခြားမှာ ကိုယ်ဝန်ဆောင်အများစုဟာ တင်ပါးဆုံ နာကျင်မှုကို ခံစားရတတ်ကြပါတယ်။ ဒီလိုခံစားရတာဟာ သင့်ခန္ဓါကိုယ်က မီးဖွားဖို့အတွက် အသင့်ဖြစ်အောင် ပြင်ဆင်နေလို့ပါ။ သန္ဓေသား တည်ရှိတဲ့ သားအိမ်ဖက် အခြမ်းမှာ ပြင်းထန်တဲ့ နာကျင်မှု ဝေဒနာကို ခံစားရနိုင်ပါတယ်။   ကိုယ်ဝန်ဆောင်စဉ် ဘယ်အရာ တင်ပါးဆုံကို နာကျင်စေရသလဲ ကိုယ်ဝန်ဆောင်စဉ်မှာ သင့်တင်ပါးဆုံရဲ့ အလုပ်လုပ်တဲ့ စနစ်က သင်မီးဖွားတဲ့အခါ ကလေးထွက်ရ အဆင်ပြေအောင် အပြောင်းအလဲ အချို့ ပြုလုပ်ပါတယ်။ ဒီစနစ်တကျ ထိန်းညှိမှုဟာ သက်ဆိုင်တဲ့ တစ်သျှူးတွေ ပြေလျော့ဖို့၊ ပျော့ပျောင်းဖို့ တာဝန်ယူရတဲ့ ဟော်မုန်းတွေ အလိုအလျောက် ထွက်ပေါ်တာကနေ စတင်ပေးပါတယ်။ ဒါကြောင့် သင့် တင်ပါးဆုံ အရိုးကြားရှိ အဆစ်နဲ့ အရွတ်တွေ စတင် ပြေလျော့လာပြီး ပြောင်းလွယ်ပြင်လွယ် ဖြစ်လာပါတယ်။ ဒါက […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အရေပြားလေးဖက်နာ က ကိုယ်ဝန်အပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်မလဲ

Psoriasis သည် ကိုယ်ဝန်ရနိုင်မရနိုင်အပေါ် လွှမ်းမိုးမှုရှိဟန် မတူပါ။ သို့သော် ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးပြုစုစဉ်၌ ကုသမှုပုံစံ ပြောင်းလဲဖို့ လိုပါလိမ့်မည်။   ကိုယ်ဝန်ဆောင်ခြင်းက Psoriasis အပေါ် ဘယ်လိုလွှမ်းမိုးမှုရှိသလဲ။ ကိုယ်ဝန်ဆောင်ခြင်များသည် ကွဲပြားသောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးစီနှင့် Psoriasis သည်လည်း တစ်ဦးနှင့်တစ်ဦးမတူပါ။ ၆၀%သော အမျိုးသမီးများတွင် ကိုယ်ဝန်ကိုးလဆောင်နေစဉ်၌ Psoriasis ၏လက္ခဏာများ တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် ပရိုဂျက်စတီရုမ်း ဟော်မုန်းတိုးလာသောကြောင့်ဖြစ်ပြီး Psoriasis လက္ခဏာများကို ဖြစ်စေသည့် ကိုယ်ခံအားစနစ် တုန့်ပြန်လွန်ခြင်းကို လျော့ချပေးသောကြောင့်ဖြစ်သည်။ ၁၀ မှ ၂၀% သော အမျိုးသမီးများတွင်တော့ ကိုယ်ဝန်ဆောင်လျှင် Psoriasis ပိုဆိုးလာကြောင်း တွေ့ရ၏။ သင်လည်း သူတို့ထဲမှတစ်ယောက်ဆိုပါက ကလေးကိုမထိခိုက်စေနိုင်မည့် ရောဂါထိန်းချုပ်ရေး နည်းလမ်းများကို ဆရာဝန်နှင့်တိုင်ပင်ဖို့ လိုအပ်ပါသည်။   Psoriasis က ကိုယ်ဝန်အပေါ် ဘယ်လိုလွှမ်းမိုးမှုရှိနိုင်မလဲ။ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်နိုင်သည့်အပေါ်တွင် Psoriasis က […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ပျက်ကျပြီးနောက် အန္တရာယ်ကင်းကင်းနဲ့ ကိုယ်ဝန်ဘယ်လိုဆောင်ရမလဲ

ကိုယ်ဝန်ပျက်ကျခြင်းသည် ယနေ့ခေတ်တွင် ပိုပိုပြီး အဖြစ်များလာ၏။ ထိုစိတ်ညစ်ညူးဖွယ်ရာ တစ်ကိုယ်တည်း ခွဲခြားခံရသလို အခြေအနေသည် အမျိုးသမီးအား နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ဖို့ရာ တားဆီးသွားနိုင်သည်။ သို့သော် ဘဝတွင် အိန်ဂျယ်လေးများကို အသည်းအသန် လိုချင်သူများအဖို့တော့ အောက်ပါအချက်များက ကိုယ်ဝန်ပျက်ပြီး နောက်တစ်ဖန် အန္တရာယ်ကင်းကင်းနှင့် ကိုယ်ဝန်ဆောင်နိုင်ဖို့ အကူအညီပေးပါလိမ့်မည်။   သင်ခံစားရသည့် ကြေကွဲဝမ်းနည်းမှု ပပျောက်သွားရန် ခက်၏။ ထိုကြောင့် စိတ်ခံစားချက်ကို ပြင်ဆင်ထားရန်မှာ အလွန်အရေးကြီးပါသည်။ ကိုယ်ဝန်ပျက်ကျဖူးသော အမျိုးသမီးများသည် ထိခိုက်ပိုလွယ်သလို ခံစားရပြီး အရာအားလုံးတစ်ဖန်ပြန်စရန် မဝံ့မရဲ ဖြစ်နေတတ်သည်။ နောက်တစ်ခါ ထပ်ပျက်ကျနိုင်မလားဆိုသည့် ကြောက်စိတ်ကို ဖြေရှင်းဖို့ရာ လွယ်ကူသောအဖြေမရှိတာကြောင့် သင့်ပါတနာကို ပွင့်ပွင့်လင်းလင်းပြောပြီး ဆရာဝန်ဖြင့်ဆွေးနွေးခြင်းက ကြမ်းတမ်းသည့်အချိန်များကို ဖြတ်ကျော်နိုင်ရန် အကူအညီရပါသည်။ ထို့အပြင် ဒုတိယအခွင့်အရေးရန် မျှော်လင့်ချက်မပျောက်ပါနှင့်။ တတိယအခွင့်အရေးဆိုရင်တောင်မှ ဖြစ်နိုင်ပါသေးသည်။ ကိုယ်ဝန်ဆောင်မရနိုင်သည့် အောက်ခံရောဂါများ မရှိဘူးဆိုပါက အနာဂတ်တွင် ကိုယ်ဝန်အောင်မြင်နိုင်ချေက […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

သန္ဓေသားသေဆုံးမှု,ပျက်ကျခြင်းနဲ့ သားအိမ်အတွင်းသေဆုံးခြင်း

ကိုယ်ဝန်ဆောင်စဉ်မှာ သန္ဓေသားဟာ အန္တရာယ်များစွာရင်ဆိုင်ရပါတယ်။ ဆိုးဝါးရင် သေဆုံးစေနိုင်ပါတယ်။ သန္ဓေသားသေဆုံးမှုကို နှစ်မျိုးခွဲနိုင်ပါတယ်။ ပျက်ကျခြင်းနဲ့ သားအိမ်အတွင်းသေဆုံးခြင်းတို့ဖြစ်ပါတယ်။ ပျက်ကျခြင်း မိခင်လောင်းဟာ ကိုယ်ဝန်ပျက်ကျမှာ ထိခိုက်မှာ သိပ်သတိမမူမိရင် သန္ဓေသားသေဆုံးပြီး ပျက်ကျနိုင်ပါတယ်။ ဒါက ပထမဆုံးကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဖြစ်တတ်ပါတယ်။ မိခင်တွေမှာ အတွေ့အကြုံမရှိတဲ့အချိန် သွေးထွက်လွန်ပြီး ဗိုက်အောင့်တာတွေဖြစ်တာ သတိမပြုမိဖြစ်တတ်ပါတယ်။ အရေအိတ်က ဟော်မုန်းတွေထုတ်လွှတ်နေသရွှေ့ ကိုယ်ဝန်ဆောင်နိုင်ပါသေးတယ်။ အမျိုးသမီးတွေကိုယ်ဝန်ပျက်ကျတာက သေချာတဲ့လက္ခဏာရယ်လို့မရှိပါဘူး။ တစ်ချို့ကတော့ သွေးအညိုရောင် အပုပ်ရောင်ဆင်းပြီး ရင်အုံနာခြင်း၊ တစ်ချို့ကတော့ အလွန်ပင်ပန်းနေခြင်းဖြစ်တတ်ပါတယ်။ ဆရာဝန်တွေနဲ့သေချာစစ်ဆေးပေးသင့်ပါတယ်။ ပျက်ကျမှုတော်တော်များများက သန္ဓေသားမှာ လက္ခဏာပြတတ်ပါတယ်။ ဒါတွေက ကိုယ်ဝန်ဆောင်တာကို နှောင့်ယှက်နိုင်ပါတယ်။   သားအိမ်အတွင်း သေဆုံးခြင်း သူကတော့ ကိုယ်ဝန်ဆောင်ကာလ ၂၂ပတ်မှာ ကလေးကိုဆုံးရှုံးခြင်းဖြစ်ပါတယ်။ ဒါက ၂၀၀ပုံ ၁ပုံသာဖြစ်လေ့ရှိပါတယ်။ မမွေးခင် ဆရာဝန်တွေက ရှောရှောရှုရှုမွေးနိုင်ဖို့ ဆေးတွေပေးကြပါတယ်။ ဒါမှမဟုတ် ခွဲမွေးဖို့လုပ်ပေးကြပါတယ်။ မိခင်တွေသတိထားရမှာကတော့ ၁။ သန္ဓေသားလှုပ်ရှားမှုတစ်ဖြည်းဖြည်းငြိမ်သက်လာတာ ၂။ ရင်သားတွေ ပြန်ကျုံ့လာတာ ၃။ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

လမစေ့မီ ကလေးမွေးခြင်း

လမစေ့မီ ကလေးမွေးခြင်းဆိုတာ ဘာလဲ။ လမစေ့မီ ကလေးမွေးခြင်းသည် ကိုယ်ဝန် ၃၇ ပတ်မပြည့်မီတွင် မွေးဖွားခြင်းကို ခေါ်ပါသည်။ ပုံမှန်အားဖြင့် ကိုယ်ဝန်သည် အပတ်၄၀ ခန့်မျှ လစေ့သညါဟုခေါ်ပါသည်။ လမစေ့မီမွေးသော ကလေးများသည် မိခင်၏ဝမ်းဗိုက်ထဲတွင် ကြီးထွားချိန် တိုတောင်းသည့်အတွက် မွေးပြီး ချိန်တွင်လည်း နောက်ဆက်တွဲဆိုးကျိုးများ ပိုများပါသည်။ စောမွေးသည့် အချိန်ကာလအပေါ်မူတည်ပြီး ထိုကလေးငယ်ကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားသည်။ ၃၄ ပတ်မှ ၃၆ ပတ်အတွင်းမွေးသော ကလေးများကို အနှောင်းပိုင်းကာလ လမစေ့ခြင်း ဟုခေါ်သည်။ ၃၂ ပတ်မှ ၃၆ ပတ်အတွင်းမွေးသော ကလေးများကို အသင့်အတင့် အနှောင်းပိုင်းကာလ လမစေ့ခြင်း ဟုခေါ်သည်။ ၃၂ ပတ်အောက် မွေးသောသူများကို လွန်စွာ အနှောင်းပိုင်းကာလ လမစေ့ခြင်း ဟုခေါ်သည်။ ၂၅ ပတ်နှင့် အောက် မွေးသောသူများကို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Uterine Rupture (သားအိမ်ကွဲခြင်းဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Uterine Rupture (သားအိမ်ကွဲခြင်းဆိုတာဘာလဲ) ကဘာလဲ။ Uterine rupture ဆိုတာဟာ သားအိမ်ရဲ့ တစ်နေရာရာမှာ ပြဲသွားတာကို ခေါ်ပါတယ်။ တင်ပဆုံရိုးဖွဲ့စည်းပုံ တွင်ပြသနာရှိတဲ့သူတွေ၊ ကလေးခွဲမွေးထားတဲ့သူတွေ မှာ ဖြစ်လေ့ရှိပါတယ်။ အဲဒီလို ကွဲသွားတာဟာ သားအိမ်ရဲ့ အစိတ်အပိုင်းတစ်ခု(သို့) သားအိမ် အလွှာအားလုံးအပေါ်သက်ရောက်မှု ရှိနိုင်ပါတယ်။ သားအိမ်ကွဲခြင်းဟာ မိခင်ရော၊ ကလေးအတွက်ပါ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ အများစု သော သားအိမ်ကွဲခြင်းတွေဟာ ကလေးမွေးနေစဉ်အတွင်းမှာ ဖြစ်တတ်ပြီး အရင်က ဗိုက်ခွဲကလေးမွေးခဲ့တာမျိုး၊ အရင်က သားအိမ်ကွဲ ဖူးတာမျိုး မရှိခဲ့ဖူးရင် ဒီလို ဖြစ်ဖို့ ခဲယဉ်းပါတယ်။ Uterine Rupture (သားအိမ်ကွဲခြင်းဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ၁/၅၇၀၀ မှ ၁/၂၀၀၀၀ လောက်ထိ သားအိမ်ကွဲတဲ့ အခြေအနေ ဖြစ်နိုင်ပါတယ်။ သိပ်မဖွံ့ဖြိုး သေးတဲ့ နိုင်ငံတွေမှာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Eclampsia (ကိုယ်ဝန်ဆိပ်တက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Eclampsia(ကိုယ်ဝန်ဆိပ်တက်ခြင်း) ဆိုတာဘာလဲ။ Eclampsia(ကိုယ်ဝန်ဆိပ်တက်ခြင်း)ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ တက်ခြင်း၊ ကိုယ်ဝန်ရခြင်း ဖြစ်ပါတယ်။ သူဟာ ရှားပါးပြီး ပြင်းထန်တဲ့ အခြေအနေဖြစ်ကာ pre-eclumpsia (ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်တက်ခြင်းနဲ့ အခြားလက္ခဏာများ) ရဲ့ ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုး ဖြစ်ပါတယ်။ ဒီလိုတက်ခြင်းတွေမှာ ဦးနှောက်မှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ဆက်စပ်မှု မရှိပါဘူး။ Preeclumpsia နဲ့ Eclampsia ဟာ အောက်စီဂျင်၊ အာဟာရဓါတ်နဲ့ သွေးတွေကို သန္ဓေသားကို သယ်ပို့ပေးတဲ့ အချင်းကို သက်ရောက်မှုရှိပါတယ်။ သွေးါပင်တက်ခြင်းဟာ သွေးစီးနှုန်းကို နည်းစေတဲ့အခါ အချင်းဟာ ကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိတော့ပါဘူး။ ဒါဟာ ကလေးငယ်တွေကို မွေးဖွားစဉ် ကိုယ်အလေးချိန်နည်းခြင်းနဲ့ အခြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အချင်း ပြဿနာတွေကြောင့် အချိန်မတိုင်မီ ကလေးမွေးဖွားဖို့ လိုအပ်နိုင်ပါတယ်။ ရှားပါးတဲ့ အခြေအနေတွေမှာ ကလေးအသေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း