သင်ဟာ ပထမ ကိုယ်ဝန်တုန်းက ကိုယ်ဝန်ဆိပ်တက်ဖူးလျှင် နောက်ကိုယ်ဝန်တွေမှာလည်း ကိုယ်ဝန်ဆိပ်တက်နိုင်မှု ဖြစ်နိုင်ချေ မြင့်မားပါတယ်။
ဖြစ်ပွားနိုင်ချေဟာ အရင် ကိုယ်ဝန်မှာတုန်းက ကိုယ်ဝန်ဆိပ်တက်တဲ့ အချိန်နဲ့ ရောဂါရဲ့ ပြင်းထန်မှုအပေါ်မူတည်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တာ စောတာနဲ့ အမျှ ရောဂါပြင်းထန်နိုင်ပြီး နောက်တစ်ခါလည်း ထပ်ဖြစ်နိုင်ပါတယ်။
HELLP syngdrome ဆိုတာ ကိုယ်ဝန်ဆောင်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါဖြစ်ပြီး ကိုယ်ဝန်ဆိပ်တက်ခြင်းကနေ ခွဲထွက်တဲ့ ရောဂါအမျိုးအစားဖြစ်တယ်လို့ ယူဆရပါတယ်။ ဒီ အခြေအနေ နှစ်ရပ်လုံးဟာ ကိုယ်ဝန်ရင့်ချိန်နဲ့ ကလေးမွေးပြီးချိန်တို့မှာ အဖြစ်များပါတယ်။
HELLP syndrome ကို Dr.Louis Weinstein က ၁၉၈၂ မှာ အောက်ပါအချက်အလက်တွေ အရ နာမည် ပေးခဲ့ခြင်းဖြစ်ပါတယ်။
သင့်မှာ အရင်ကိုယ်ဝန်တုန်းက HELLP syndrome ရှိခဲ့မယ်ဆိုလျှင် နောက်ကိုယ်ဝန်တွေမှာ HELLP syndrome ပြန်ဖြစ်နိုင်မှုဟာ ၅%၊ ကိုယ်ဝန်ဆိပ်တက်နိုင်မှုဟာ ၂၀% ရှိပါတယ်။ အရင်ကိုယ်ဝန်မှာတူန်းက ကိုယ်ဝန်ဆိပ်တက်ခဲ့ဖူးလျှင် ထပ်ဖြစ်နိုင်ချေ ၂% ရှိပြီး နောက်ကိုယ်ဝန်တွေမှာ ကိုယ်ဝန်ဆိပ်တက်နိုင်မှုဟာ ၂၅% ထိရှိပါတယ်။ သင်မှာ အရင်ကိုယ်ဝန်ဆောင်စဉ်က သွေးတိုးခြင်း သို့ အချင်းစောကွာခြင်းတို့ဖြစ်ဖူးခဲ့လျှင် နောက်ထပ်ဖြစ်နိုင်ဖွယ် ၁၀% ရှိပါတယ်။
ဒုတိယကိုယ်ဝန်မှာ ကိုယ်ဝန်ဆိပ်တက်မှုကို လျှော့ချရန် အောက်ပါအချက်အလက်တွေကို ထည့်သွင်းစဉ်းစားပါ။
ကိုယ်ဝန်မဆောင်ခင် ဆရာဝန်အား မိမိ သွေးပေါင်နဲ့ ကျောက်ကပ်စွမ်းရည်ကို ပြီးပြည့်စုံအောင် စစ်ဖို့တောင်းဆိုပါ။
သင့်နီးစပ်ရာဆွေမျိုးသားချင်းမှာ သွေးပြန်ကြော သို့ အဆုတ်သွေးခဲ ရောဂါရှိလျှင် သင့်မှာ သွေးခဲမှု မူမမှန်ခြင်း(thrombophilias) ရှိမရှိ စမ်းသပ်ရန်တောင်းဆိုပါ။ ဒီမျိုးရိုးဗီဇရောဂါတွေက သင့်မှာ ကိုယ်ဝန်ဆိပ်တက်ခြင်းနှင့် အချင်းတိုင်သွေးခဲရောဂါတွေ ဖြစ်ပွားနိုင်ချေ မြင့်စေပါတယ်။
သင်က အဝလွန်နေလျှင် ကိုယ်အလေးချိန်လျှော့ပါ။ ကိုယ်အလေးချိန်ကျခြင်းဟာ ကိုယ်ဝန်ဆိပ်တက်ခြင်းဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။
Insulin ကိုမှီခိုနေရတဲ့ သွေးချိုရောဂါရှိနေလျှင် သွေးတွင်းသကြားဓါတ်ကို ကိုယ်ဝန်မဆောင်ခင်နှင့် ကိုယ်ဝန်နုတုန်းမှာ ကောင်းကောင်းထိန်းထားနိုင်လျှင် ကိုယ်ဝန်ဆိပ်တက်မှုကို လျော့နည်းစေပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ကိုယ်ဝန်ဆိပ်တက်ခြင်းအား ကာကွယ်ခြင်းဟာ ဆေးကုသမှုပိုင်းမှာ အဓိကထားအာရုံစိုက်နေတဲ့ အရာဖြစ်ပါတယ်။ အောက်ပါဆေးဝါးတွေနဲ့ အားဆေးတွေဟာ ကိုယ်ဝန်ဆိပ်တက်ခြင်းကို ကာကွယ်နိုင်စွမ်းရှိကြောင်းလေ့လာတွေ့ရှိထားပါတယ်။
သို့သော် calcium supplementation, baby aspirin, or fish oil supplementation တွေက ကိုယ်ဝန်ဆိပ်တက်ခြင်းကို ကာကွယ်ရာမှာ အသုံးမဝင်တာကို လေ့လာတွေ့ရှိရပါတယ်။ vitamin C နဲ့ vitamin E တို့က အကျိုးပြုနိုင်ချေရှိပေမဲ့ လက်တွေ့မှာ ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်ရန် ထပ်မံပြီးလေ့လာဖို့လိုအပ်နေပါသေးတယ်။
သင့်ကိုယ်ဝန်ရဲ့ ရလဒ်ကောင်းရဖို့အတွက်ကတော့ ဆရာဝန်နှင့် ပုံမှန်ပြခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ်ဝန်လ အစရက်ချိန်းတွေကို မှန်မှန်သွားခြင်းဖြင့် သင့်ရဲ့ ကိုယ်ဝန်အစောပိုင်း ကာကွယ်မှုတွေကို စလိုက်ပါ။ အစောပိုင်းဆေးခန်းပြတဲ့ အချိန်မှာ ဆရာဝန်က သင့်ရှိက သွေးနဲ့ ဆီးကိုယူပြီး အခြေခံလိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်နေစဉ်တစ်လျှောက် ဒီစစ်ဆေးမှုတွေဟာ သင်မှာ ကိုယ်ဝန်ဆိပ်တက်နေမှုရှိမရှိကို အစပိုင်းသိရှိနိုင်ရာမှာ အထောက်အကူပေးတာကြောင့် ထပ်ခါထပ်ခါစစ်နေရပါမယ်။ ကိုယ်ဝန် အစောပိုင်းပြသမှုတွေကို တိုးမြှင့်ဖို့လိုလာပါမယ်။
သင်ဟာ ကိုယ်ဝန်ဆိပ်တက်ခဲ့မယ်ဆိုလျှင် သင်နှင့် သင့်ကလေးကို ပုံမှန်စောင့်ကြည့်ခံရပါလိမ့်မယ်။ ဆိုးရွားတဲ့ ရောဂါတွေ မဖြစ်ရအောင်၊ နေ့မစေ့ဘဲ စောမမွေးနိုင်အောင်ကုသမှု အနေနဲ့ သင့်ကိုယ်သင် လှုပ်ရှားမှုတွေကို ဂရုစိုက်ရန်နှင့် သွေးပေါင်ပုံမှန်ချိန်ဖို့လိုအပ်ပါတယ်။ သင့် အခြေအနေ တစ်ခုခုထူးခြားလျှင် ဆေးရုံအမြန်တင်ဖို့လိုအပ်ပါလိမ့်မယ်။