စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဓာတ်ကျနေတာလား...... အတူကျော်လွှားစို့လေ...............

အကြောင်းအရင်း သေသေချာချာ မရှိပါဘဲ ငိုချင်သလိုလို ရင်ထဲက ဟာတာတာကြီး ဖြစ်နေတယ်။ ဘာမှ မလုပ်နိုင်တဲ့ လူတစ်ယောက်လို ခံစားနေရတယ်။ ဘာမှလည်း ဆက်မလုပ်ချင်တော့ဘူး။ ရှင်သန်ရတာ အဓိပ္ပာယ် မဲ့သလို ခံစားနေရပြီလား........... သေချာပါတယ်။ ဒါက စိတ်ဓာတ်ကျနေပြီ ဆိုတာကို အချက်ပြနေတာပါ။ အရင်က ပျော်ခဲ့ရတဲ့ အရာလေးတွေကတောင် ပျော်ရွှင်မှု မပေးနိုင်တော့ဘူး။ နေ့စဉ် ကြုံတွေ့နေကျ အခက်အခဲ အသေးအမွှားလေးကိုတောင် မဖြေရှင်းနိုင်လောက်ဘူးထင်တယ်ဆိုပြီး ခံစားနေရပြီဆိုရင် ဒီအတွေးတွေကို ချက်ချင်း ရပ်တန့်လိုက်ပါ။ ဆက်မတွေးပါနဲ့။ လူတိုင်းမှာ တန်ဖိုး ကိုယ်စီ အစွမ်းအစ ကိုယ်စီ ရှိတယ်ဆိုတာကို သတိရပေးပါ။ စိတ်ဓာတ်ကျမှုက တံခါးလာခေါက်နေချိန်မှာ ဝင်ခွင့်သာ ပြုလိုက်လို့ကတော့ နေ့စဉ် လူမှု ဆက်ဆံရေး၊ ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ပါ။ စိတ်ဓာတ်ကျရင် ရွေးချယ်စရာ နှစ်ခု ရှိတယ်။ ဒါကတော့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဘုရားပုံတော်တွေကို ကြည့်တိုင်း စိတ်ထဲမှာ ပြစ်မှားချင်စိတ်ပေါ်နေတာ . . .

ဖေ့ဘွတ်မှာ ပို့စ်လေးတစ်ခုပေါ်လာလို့ ဖတ်မိတာ ကလေးမလေးက ဘုရားရှိခိုးတိုင်း ဘုရားကို စေ့စေ့ကြည့်မိရင် ပြစ်မှားလိုစိတ်ပေါ်လာလို့တဲ့။ တခြားအချိန်တွေ သောက်တော်ရေကပ်၊ ပန်းလဲဆိုအကောင်း။ ဘုရားရှိခိုးမယ်။ တရားထိုင်မယ်လို့ အာရုံပြုလိုက်တာနဲ့ စပြီ။ စိတ်ထဲမှာ အလိုလိုနေရင်း ပြစ်မှားချင်စိတ်တွေ ပေါ်လာတယ်။ နောက်တစ်ယောက်ကတော့ ဆေးခန်းလာပြတာ။ ဘုရားပုံတော်ကို မြင်လိုက်တာနဲ့ မဟုတ်တဲ့ စိတ်တွေ ပေါ်လာလို့တဲ့။ မမြင်ရင်အကောင်းအတိုင်းပဲ။ တခြားလူတွေလိုပဲ နေထိုင်သွားလာလို့ရတယ်။ ဒီကိစ္စတွေကို တွေးကြည့်ရင် ဒီလူတွေကို ဝဋ်နာ ကံနာတွေ၊ အကုသိုလ်ကြီးလိုက်တဲ့သူတွေ၊ ပေါက်ကရတွေးတတ်တဲ့သူတွေ၊ ငရဲကြီးမယ့်သူတွေလို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါတကယ်ပဲလား။ OCD (Obsessive-Compulsive Disorder)ဆို ကြားဖူးကြလားမသိ။ စိတ်စွဲလမ်းလွန်ရောဂါလို့ ခေါ်တာပေါ့။ တစ်ခုခုကို မထိန်းချုပ်နိုင်ဘဲ ထပ်ခါထပ်ခါ လုပ်မိနေတာ (Compulsion)၊ မသင့်တော်မှန်း သိပါရက်နဲ့ မတွေးနိုင်အောင်၊ မလုပ်နိုင်အောင် စွဲလမ်းနေတာမျိုးပေါ့ (Obsession)။ သန့်ပြီးသားလက်ကို ခဏခဏဆေးနေမိတာ၊ ပိတ်ပြီးသားမီးကို […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓာတ်ကျခြင်းရဲ့ ကနဦးလက္ခဏာများ

စိတ်ဓာတ်ကျ တယ်ဆိုတာ လူတိုင်းကြုံတွေ့ရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာ တစ်မျိုးပါ။ ပြင်းထန်လာရင်တော့ စိတ်ကျဝေဒနာအထိ ဖြစ်သွားစေနိုင်တဲ့ ပြဿနာမျိုးပေါ့။ ဒါပေမယ့် လူတော်တော်များများက သူတို့စိတ်ဓာတ်ကျနေတယ်ဆိုတာကို စောလျင်စွာ သိရှိကြခြင်းမရှိကြပါဘူး။ အကြောင်းကတော့ စတင်ပြသလာနေတဲ့ ရောဂါလက္ခဏာတွေကို သတိမထားမိတာကြောင့်ပါ။ စိတ်ဓာတ်ကျခြင်းရဲ့ ကနဦးလက္ခဏာများ ကို သတိမမူမိတာကြောင့် အသိနောက်ကျလေ့ရှိပြီး အခြေအနေရင့်မာလာချိန်မှာတော့ စိတ်ကျဝေဒနာစွဲကပ်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် မိမိစိတ်ဓာတ်ကျနေပြီဆိုတာကို သိနားလည်စေနိုင်မယ့် ကနဦးလက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။ လူတစ်ယောက် စိတ်ကျလာပြီဆိုရင် ကနဦးပိုင်းမှာတင် အောက်ပါ လက္ခဏာတွေ ကို ပြသမှာဖြစ်ပါတယ်။ စိတ်ဓာတ်ကျ ခြင်းရဲ့ ကနဦးလက္ခဏာများ စိတ်ဓာတ်ကျခြင်းရဲ့ ကနဦးလက္ခဏာများ ကတော့ ဝမ်းနည်းခြင်း၊ စိတ်အားငယ်ခြင်း နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ် စိတ်ပါဝင်စားမှု လျော့ကျခြင်း အပေါင်းအသင်း၊ မိသားစု၊ မိတ်ဆွေတွေနဲ့ ဝေးကွာလာခြင်း ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ချိန်ပြောင်းလဲလာခြင်း၊ အစာစားချင်စိတ် ပြောင်းလဲလာခြင်း၊ အာရုံစူးစိုက်မှု နည်းပါးလာခြင်း စတာတွေပါပဲ။ ဒီ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လိင်တူချစ်ခြင်းဟာ စိတ်ရောဂါလား

၂၁ ရာစုရဲ့ ဆယ်စုနှစ်တစ်ခု ကုန်ဆုံးပြီးသွားတဲ့နောက်မှာ အရာရာက ပွင့်လင်းမြင်သာလာပါပြီ။ လိင်တူ ချစ်ခြင်းတွေကိုလည်း ကြည်ကြည်သာသာ လက်ခံပေးလာကြပါပြီ။ ဒါပေမဲ့ တချို့တွေရဲ့ အမြင်မှာတော့ လိင်တူ ချစ်ခြင်းဟာ သဘာဝတရားနဲ့ လွန်ဆန်နေတုန်းပါပဲ။ လက်မခံကြတဲ့ သူတွေအဖို့ LGBT တွေရဲ့ ဖြစ်တည်မှုဟာ မုန်းစရာ၊ ရွံစရာ၊ ရှောင်ဖယ်စရာ ဖြစ်နေဆဲပါ။ သူတို့အမြင်အရတော့ ရုပ်ရှင်တွေရဲ့ လွှမ်းမိုးမှုအရ ပြုပြင်ပေးလို့ ရတယ်၊ တစ်နည်းအားဖြင့် လိင်ကွဲတွေနဲ့ ပေးစားလိုက်ရင် ကုသလို့ ရနိုင်တဲ့၊ ပုံမှန်ပြန်ဖြစ်သွားနိုင်တဲ့ စိတ်ရောဂါတစ်မျိုးလို့ သတ်မှတ်ထားကြတာပါ။ ဒါဖြင့် လိင်တူချစ်သူတွေအပါအဝင် LGBT တွေဟာ စိတ်ရောဂါ ဝေဒနာရှင်တွေလား။ ၁၉၅၀၊ ၆၀ ပြည့်နှစ်တွေတုန်းက လိင်တူချစ်သူ အမျိုးသားတွေကို ဆေးတိုက်ခြင်း၊ လျှပ်စစ်နဲ့ ရှော့ခ်တိုက်ခြင်း၊ အော့အန်စေဖို့ ဆေးပေးခြင်းတွေကို ကုသမှုအဖြစ် ပြုလုပ်ခဲ့ကြပြီး လူနာတွေ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Homophobia - လိင်တူချစ်သူများကို မုန်းတီးကြောက်ရွံ့ခြင်း

ဂေးဖြစ်ခြင်း၊ တစ်နည်းအားဖြင့် လိင်တူ ချစ်သူ ဖြစ်ခြင်း၊ လိင်တူ၊လိင်ကွဲ နှစ်မျိုးလုံးကို ချစ်ခြင်း စတာတွေကို မုန်းတီးရွံရှာပြီး ခွဲခြားဆက်ဆံတာ၊ နှိမ့်ချပြောဆိုတာ၊ ဖယ်ကြဉ်ထားတာတွေဟာ Homophobia တွေရဲ့ လက္ခဏာတစ်ခုပါ။ ထပ်ပြီး ရှင်းအောင်ပြောရရင် လိင်တူချစ်သူ အမျိုးသမီးတွေ၊ အမျိုးသားတွေကို မုန်းတီးကြောက်ရွံ့ ရွံရှာခြင်း စိတ်ဝေဒနာ တစ်ရပ်ပါပဲ။ Homophobia ကို အမျိုးသမီးတွေထက် အမျိုးသားတွေမှာ တွေ့ရတာ ပိုများပါတယ်။ Homophobia ပြဿနာဟာ ဘာကြောင့် ဖြစ်လာသလဲဆိုတာကိုတော့ မရှင်းလင်းသေးပေမဲ့ စစ်တမ်းတွေ၊ စိတ်ပညာဆိုင်ရာ ဖြေရှင်းချက်တွေအရတော့ Homophobia ဟာ စိုးရိမ်ပူပန်မှုကို အခြေခံတဲ့ ဖြစ်စဉ်တစ်ရပ်လို့ သုံးသပ်ကြပါတယ်။ ကိုယ့်ကိုယ်ကို လိင်တူချစ်သူတစ်ဘောက်လို့ လက်ခံရမှာ ဒါမှမဟုတ် လိင်တူချစ်သူ ဖြစ်သွားမှာကို အစိုးရိမ်လွန်ကြခြင်းက Homophobia ကို ဖြစ်ပေါ်စေတဲ့ အဓိက […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မိဘတွေ ရန်ဖြစ်ခြင်းက ကလေးတွေအပေါ် ဘယ်လို ထိခိုက်စေနိုင်သလဲ

အတွဲတွေ ဘယ်လောက်ချစ်ချစ်၊ တစ်ခါတလေ သဘောထားမတိုက်ဆိုင်လို့ စကားများ၊ ရန်ဖြစ်ကြရတာမျိုးတွေ အနည်းနဲ့အများတော့ ရှိကြမှာပါ။ မထူးဆန်းတဲ့ ကိစ္စပဲပေါ့။ ဒါပေမဲ့ ကလေးတွေ ရှိလာပြီဆိုရင်တော့ ပြောစရာတွေ ရှိလာပါပြီ။ မိဘတွေ ရန်ဖြစ်တာက ကလေးတွေကို ရိုက်နှက်နာကျင်နေတာမျိုး မဟုတ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် အများကြီး ဆိုးကျိုးသက်ရောက်စေပါတယ်။ ဘာကြောင့်လဲ။ (၆) လအရွယ် ကလေးတွေကစပြီး အသက် (၁၉) နှစ်လောက် လူငယ်တွေထိ မိဘတွေရဲ့ ငြင်းခုန်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာ ရကြပါတယ်။ ဒါဟာ အနောက်တိုင်း စံနှုန်းအရ (၁၈) နှစ်ကျော်ရင် မိဘတွေနဲ့ ခွဲနေရတဲ့ ဓလေ့ကြောင့်ပါ။ မိဘတွေနဲ့ အသက်ကြီးတဲ့ထိ အတူနေကြတဲ့ သား၊သမီးတွေဟာ မိဘတွေ ရန်ဖြစ်တိုင်း အသက်အရွယ်မရွေး စိတ်ဒဏ်ရာကို ခံစားကြရတယ်လို့ ဆိုပါတယ်။ ဘယ်လိုတွေ ထိခိုက်စေနိုင်တာလဲ။ မိဘတွေ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ချစ်ရသူ တစ်ယောက်ကို အပြီးတိုင် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အခါ

ကိုယ် ချစ်ရသူ တစ်ယောက်ကို အပြီးတိုင် လက်လွှတ်ဆုံးရှုံးလိုက်ရခြင်း ဆိုတာဟာ ဘဝရဲ့ အခက်ခဲဆုံး အချိန်တွေထဲက တစ်ခုပါပဲ။ ဒီလို လက်လွှတ်လိုက်ရပြီဆိုရင် ယေဘုယျအားဖြင့် ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ အဆင့် (၅) ဆင့် ရှိပါတယ်။ ချစ်ရသူ တစ်ယောက်ကို အပြီးတိုင် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အခါ ချစ်ရသူ တစ်ယောက်ကို အပြီးတိုင် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အခါ အခုလို အခြေအနေတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ အဆင့် (၁)။        ။ ငြင်းဆန်ခြင်း တစ်နည်းအားဖြင့် ချက်ချင်း လက်မခံနိုင်လိုက်တာပါ။ ကိုယ်ချစ်ရတဲ့သူတစ်ယောက်က လောကကြီးထဲမှာ မရှိတော့ဘူးဆိုတာကို ချက်ချင်း ဘယ်လက်ခံနိုင်ပါ့မလဲ။ ဒါဟာ သဘာဝပါပဲ။ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေစဉ်ကာလပေါ့။ အဆင့် (၂)။         ။ ဒေါသ အမှန်တရားကို တစ်ဖက်က သိပါလျက်နဲ့ ငြင်းဆန်နေရာက ဘယ်လိုမှ ငြင်းပယ်မရတဲ့ အခြေအနေကို ရောက်လာတဲ့အခါမှာ အလိုလို ဒေါသတွေ ထွက်လာပါတယ်။ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ရာသီဥတု အကူးအပြောင်းမှာ ဖြစ်လာမယ့် စိတ်အပြောင်းအလဲကို ဘယ်လိုထိန်းချုပ်မလဲ

နေ့စဉ်လူနေမှုဘဝမှာ စိတ်ကျန်းမာပျော်ရွှင်နေဖို့က အရေးကြီးလှပါတယ်။ စိတ်ချမ်းသာမှု ဒါမှမဟုတ် စိတ်ကျန်းမာမှုမရှိဘူးဆိုရင် ဘဝက နေပျော်စရာဖြစ်လာမှာမဟုတ်တော့ပါဘူး။ ဒီလိုစိတ်မချမ်းမြေ့မှု၊ စိတ်မကျန်းမာမှုတွေဟာ ရာသီဥတု သက်ရောက်မှုကြောင့်လည်း ပိုဆိုးရွားနိုင်တယ်ဆိုရင် သင် အံ့သြနေမလား။ လူမှုရေး၊ စီးပွားရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေအပြင် COVID-19 လို ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကလည်း ဆီးကြိုနေတာမို့ ဒီခေတ်ဒီကာလမှာ လူဖြစ်ရတာ ခက်ခဲလိုက်တာလို့ လူအများစုက တွေးမိနေကြမယ် ထင်ပါရဲ့။ ဒီလို ရှုပ်ထွေးများမြောင်လှတဲ့ လူဘဝထဲမှာ ရာသီဥတုတွေကလည်း သက်ရောက်မှုတွေ ပေးပါတယ်။ အေးရင်လည်း အေးလို့၊ ပူရင်လည်း ပူလို့၊ စိုစွတ်နေပြန်ရင်လည်း ပြဿနာတစ်မျိုးပေါ့။ ဒီလိုရာသီအကူးအပြောင်းတွေဟာ စိတ်ကျန်းမာရေး ပြဿနာရှိသူတွေအတွက်တော့ သာမန်ထက်ပိုမိုပြီး မလွယ်ကူလှတဲ့အခြေအနေမျိုးပါ။ ရာသီဥတု အခြေအနေပေါ် မူတည်ပြီး ဖြစ်တတ်တဲ့ စိတ်ကျန်းမာရေးပြဿနာကို Seasonal affective disorder (SAD) လို့ခေါ်ပါတယ်။ ရာသီအကူးအပြောင်းတွေမှာ အဖြစ်တတ်ဆုံး […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

နှလုံးသားကလာတဲ့စကားတွေက နှလုံးသားဆီရောက်တယ်လို့ ရာဘင်ဒြာနာ့သ် တဂိုးက ပြောဖူးပါတယ်။ ဆိုလိုချင်တာက ရင်ထဲအသဲထဲကနေ နက်နက်ရှိုင်းရှိုင်းထုတ်ပြောလာတဲ့ ရိုးသားတဲ့စကားတွေဟာ တစ်ဖက်သားကို နားဝင်စေနိုင်တယ် စိတ်ချမ်းမြေ့စေနိုင်တယ်ပေါ့။ ဒါတင်မကပါဘူး ရိုးသားခြင်းဟာ တဖက်သားကိုသာမက ကိုယ်တိုင်အတွက်လည်း အကျိုးထူးစေပါတယ်။ အထူးသဖြင့် ကျန်းမာရေးပိုင်းမှာပေါ့။ ရိုးသားတဲ့လူတွေဟာ ကျန်းမာကြတယ်လို့ပြောရင် လူအတော်များများက ဆိုင်ပါ့မလားလို့ တွေးမိကြမယ်ထင်ပါတယ်။ တကယ်တော့ ရိုးသားခြင်းဟာ ကျန်းမာခြင်းဆိုတဲ့ လာဘ်ကြီးတစ်ပါးကို ပေးစွမ်းနိုင်ပါတယ်။ တကယ်ပါ။ စိတ်ပညာဆိုင်ရာ လေ့လာချက်တွေအရ ရိုးသားတဲ့လူတွေဟာ လိမ်ညာတတ်တဲ့လူတွေထက်ပိုပြီး ကျန်းမာကြပါတယ်တဲ့။ ရိုးသားမှုဟာ လူ့အဖွဲ့အစည်းအတွင်းက လူအချင်းချင်းဆက်ဆံရေးမှာတင် တန်ဖိုးရှိတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။ ဟန်မဆောင်ပဲ ရင်ထဲမှာရှိတဲ့အတိုင်း မှန်မှန်ကန်ကန်ပြောဆိုတတ်သူတွေဟာ စိတ်ကျန်းမာကြပါတယ်။ စိတ်ကျန်းမာတဲ့အခါ ရုပ်ခန္ဓာကြီးလည်း အကျိုးရှိလာပါတယ်။ အဓိကအားဖြင့် ရိုးသားတဲ့သူတွေဟာ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး ၃ ခု ရရှိပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးတယ် မလိမ်မညာတဲ့အခါ စိုးရိမ်ပူပန်စရာမရှိတော့ပါဘူး။ […]


စွဲလမ်းမှုပြဿနာများ

အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

လူတိုင်း စမတ်ခ်ဖုန်းသုံးနေကြတဲ့ ခေတ်ထဲမှာ ဖုန်းမကြည့်နဲ့ဆိုလို့ပြောလိုက်တော့ စိတ်ထဲတစ်မျိုးဖြစ်သွားမယ်ထင်ပါရဲ့။ တကယ်တော့ ကိုယ့်ဖုန်းကိုကြည့်တဲ့အချိန်က ကိုယ့်ရဲ့ သက်တမ်းနဲ့ တိုက်ရိုက်ဆက်စပ်နေတာပါ။ Screen Time လို့လူသိများတဲ့ စကားလုံးက တီဗွီ၊ ကွန်ပျူတာ၊ ဖုန်း၊ လက်ကိုင်ဂိမ်းစက်တွေနဲ့ တက်ဘလက်တွေကို ကြည့်ရှုချိန်၊ အသုံးပြုချိန်ကို ဆိုလိုတာပါ။ အထူးသဖြင့်တော့ ဖုန်းပေါ့။ ခုခေတ်မှာက ဖုန်းကို လူတိုင်းက လက်ကမချနိုင်အောင် ကြည့်ဖြစ်ကြတယ်မဟုတ်လား။ ဘယ်လို ဒစ်ဂျစ်တယ်ပုံရိပ်လွှာတွေကို ကြည့်ရှုချိန်တိုင်းဟာ Screen Time ထဲမှာ အကျုံးဝင်ပါတယ်။ ဒီ Screen Time ဆိုတာကြီးဟာ သတင်းအချက်အလက်တွေနဲ့ သိကောင်းစရာတွေ၊ မိတ်ဆွေအေပေါင်းအသင်းတွေ၊ ပျော်ရွှင်စရာတွေကို ယူဆောင်လာပေးသလို လူသားတိုင်းရှောင်လွှဲလို့မရနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း ဆောင်ယူလာပါတယ်။ ပြောရရင်တော့ ကျန်းမာရေးပြဿနာတွေပေါ့။ လေ့လာချက်တွေအရ Screen Time များလေလေ ကျန်းမာရေး ယိုယွင်းထိခိုက်မှု များလေလေပါတဲ့။ Screen […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း