brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

မျှဝေပါ။

အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

လူတိုင်း စမတ်ခ်ဖုန်းသုံးနေကြတဲ့ ခေတ်ထဲမှာ ဖုန်းမကြည့်နဲ့ဆိုလို့ပြောလိုက်တော့ စိတ်ထဲတစ်မျိုးဖြစ်သွားမယ်ထင်ပါရဲ့။ တကယ်တော့ ကိုယ့်ဖုန်းကိုကြည့်တဲ့အချိန်က ကိုယ့်ရဲ့ သက်တမ်းနဲ့ တိုက်ရိုက်ဆက်စပ်နေတာပါ။

အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

Screen Time လို့လူသိများတဲ့ စကားလုံးက တီဗွီ၊ ကွန်ပျူတာ၊ ဖုန်း၊ လက်ကိုင်ဂိမ်းစက်တွေနဲ့ တက်ဘလက်တွေကို ကြည့်ရှုချိန်၊ အသုံးပြုချိန်ကို ဆိုလိုတာပါ။ အထူးသဖြင့်တော့ ဖုန်းပေါ့။ ခုခေတ်မှာက ဖုန်းကို လူတိုင်းက လက်ကမချနိုင်အောင် ကြည့်ဖြစ်ကြတယ်မဟုတ်လား။ ဘယ်လို ဒစ်ဂျစ်တယ်ပုံရိပ်လွှာတွေကို ကြည့်ရှုချိန်တိုင်းဟာ Screen Time ထဲမှာ အကျုံးဝင်ပါတယ်။

ဒီ Screen Time ဆိုတာကြီးဟာ သတင်းအချက်အလက်တွေနဲ့ သိကောင်းစရာတွေ၊ မိတ်ဆွေအေပေါင်းအသင်းတွေ၊ ပျော်ရွှင်စရာတွေကို ယူဆောင်လာပေးသလို လူသားတိုင်းရှောင်လွှဲလို့မရနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း ဆောင်ယူလာပါတယ်။

ပြောရရင်တော့ ကျန်းမာရေးပြဿနာတွေပေါ့။ လေ့လာချက်တွေအရ Screen Time များလေလေ ကျန်းမာရေး ယိုယွင်းထိခိုက်မှု များလေလေပါတဲ့။ Screen Time များတဲ့လူတွေဟာ အောက်ပါ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

Screen Time များခြင်းကနေ ပေးတဲ့ ဆိုးကျိုးတွေက ဒါတွေချည်းမဟုတ်ပါဘူး။ Screen Time များတဲ့လူတွေဟာ လူဘဝမှာ နေထိုင်ရတဲ့သက်တမ်းလည်းတိုကြတယ်လို့ ဗြိတိသျှသိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေကဆိုထားပါတယ်။ ပြောရမယ်ဆိုရင် Screen Time များရင် စောစောသေမယ်ဆိုတဲ့ သဘောပေါ့။

လူတစ်ယောက်ဟာ တစ်နေ့ကို ၂ နာရီထက်ပိုပြီး ဒစ်ဂျစ်တယ်မျက်နှာပြင်တွေကို ကြည့်ရှုနေမိမယ်ဆိုရင် ကျန်းမာရေးယိုယွင်းနိုင်ခြေ အဆပေါင်းများစွာ မြင့်တက်လာမှာဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် Screen Time များတဲ့လူတွေဟာ နှလုံးရောဂါတစ်ခုတည်းတင် ဖြစ်နိုင်ခြေ ၈% အထိတိုးလာမှာဖြစ်ပါတယ်။ ကင်ဆာ၊ အဝလွန်တာနဲ့ သွေးတိုးဆီးချိုဖြစ်နိုင်ခြေတွေဟာလည်း မြင့်တက်လာဦးမှာပါ။

လေ့လာချက်အရဆိုရင် ရှိသင့်တဲ့အသက်အရွယ်ထက်ပိုပြီး စောလျှင်စွာ သေဆုံးတာမျိုးဖြစ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။ Screen Time ကို တစ်နေ့ ၂ နာရီအောင် လျှော့ချလိုက်မယ်ဆိုရင် အရွယ်မတိုင်မီ သေဆုံးနှုန်းကို ၅.၆၂% လျှော့ချပေးနိုင်သလို နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း ၇.၉၇% အထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

လေ့လာချက်တွေအရ Screen Time ၂ နာရီနဲ့အထက် ရှိတဲ့လူတွေအနေနဲ့ တစ်ပတ်မှာ ၇၅ မိနစ်ကနေ ၁၅၀ မိနစ်လောက်အထိ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးဖို့လိုအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Screen Time ကို စနစ်တကျ လျှော့ချနိုင်မယ်ဆိုရင် အသက်အရွယ်တိုင်းမှာ အကျိုးကျေးဇူးတွေဖြစ်ထွန်းစေနိုင်ပါတယ်။ လေ့လာနိုင်စွမ်းမြင့်မားလာတာ၊ ပင်ပန်းမှုပြေပျောက်တာနဲ့ စိတ်ဖိစီးမှုလျော့ကျစေတာမျိုးတွေပေါ့။ ဒါ့အပြင်

  • ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ဖြစ်တာ
  • အဝလွန်နိုင်ခြေ နည်းသွားတာ
  • စိတ်ခံစားမှု ကောင်းလာတာ
  • ပေါင်းသင်းဆက်ဆံရေး ကောင်းလာတာ
  • ဆန်းသစ်တီထွင်နိုင်စွမ်း မြင့်မားလာတာ
  • အသက်ရှည်စေတာ
  • မိသားစုကို အချိန် ပိုပေးလာနိုင်တာတွေလိုမျိုး အကျိုးတွေ ခံစားရနိုင်ပါတယ်။ နောက်ပြီး ကျန်းမာစေမယ်ဆိုတဲ့ အချက်လည်းပါတာပေါ့။
fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Ye Zon Aung မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။