စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ပြဿနာရဲ့ အကြောင်းရင်းခံကို ရှာဖွေခြင်း

စိတ်ပြဿနာရဲ့ အကြောင်းရင်းခံကို ရှာဖွေခြင်း ကိုကျော်ကြီးက နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုမှာ Digital Marketing Manager အဖြစ် တာဝန်ယူနေတဲ့သူတစ်ယောက်ပါ။ အခုတလော ညဘက်တွေ အိပ်မပျော်ဘူး။ အိပ်ဆေးကူရင်ကူ ဒါမှမဟုတ် အရက်ကိုမူးအောင်သောက်မှ အိပ်ပျော်တယ်။ ညဘက်တွေ မကြာခဏနိုးတယ်။ မနက်ထတဲ့အခါ အိပ်ရေးဝတယ်လို့မခံစားရတဲ့အပြင် တကိုယ်လုံး နာကျင်ကိုက်ခဲနေတာ၊ အာရုံစူးစိုက်လို့မရတာတွေဖြစ်တယ်။ ပိတ်ရက်တွေဆိုလည်း အိပ်ရေးမဝတာက မဝတာပဲ။ ညဘက်တွေဆိုရင် အိပ်ရမှာကြောက်တယ်၊ ငါအိပ်မပျော်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးတွေဆက်ဖြစ်နေမှာကိုစိုးတယ်၊ အိပ်ရေးမဝလို့ နောက်နေ့မှာ အလုပ်မလုပ်နိုင်မှာကိုကြောက်တယ်။ ဒီလိုနဲ့ အစိုးရိမ်လွန်တာကနေပြီး အိပ်မပျော်တာက ပိုဆိုးလာတယ်၊ တချိန်လုံးပင်ပန်းနေပြီး မလှုပ်ချင်မကိုင်ချင်တာ၊ အာရုံစူးစိုက်လို့မရတာ၊ အိမ်ထဲက အိမ်ပြင်မထွက်ချင်တာမျိုးတွေဖြစ်နေတယ်။ နေ့တိုင်းမှာစိတ်မကြည်တော့ အလုပ်ကိုထိခိုက်လာတယ်၊ အလုပ်မှာအပြည့်အဝအာရုံစူးစိုက်လို့မရဘူးလို့တွေးတယ်၊ အဲဒါက ညဘက်အိပ်မပျော်တာပိုဆိုးလာစေပြီး သံသရာလည်နေတယ်။ ဒီလိုမျိုးနဲ့ ရင်းနှီးပါသလား။ အဖြစ်ပျက်ချင်း ထပ်တူမကျနိုင်ပေမယ့် တော်တော်များများမှာ ဒီအဖြစ်ပျက်နဲ့ ဆင်တူတဲ့ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ပြဿနာများကို ကုစားခြင်း

စိတ်ပြဿနာများကို ကုစားခြင်း စိတ်ဟာ ရုပ်ကိုဆောင်တယ်။ စိတ်မကျန်းမာတဲ့သူဟာ ရုပ်မကျန်းမာမှုတွေပါ ဆက်ဖြစ်ပေါ်စေတယ်။ စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ဟာ ခန္ဓာကိုယ်မှာ တခြားပြစ်ချက်မရှိပါဘဲနဲ့ အမြဲတမ်းပင်ပန်းနေတာ၊ မလှုပ်ချင်မကိုင်ချင်အောင် နာကျင်ကိုက်ခဲနေတာမျိုးဖြစ်နိုင်တယ်။ စိတ်ပြဿနာတွေဟာ လူ့လောကထဲကနေထွက်ခွာသွားဖို့အတွက်တောင် အကြောင်းရင်းဖြစ်နေနိုင်တယ်။ မကုစားဘဲထားရင် ပျောက်မသွားဘဲ ရေရှည်မှာပိုဆိုးလာနိုင်တယ်။ ဒါကြောင့် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်း အစရှိတဲ့စိတ်ပြဿနာတွေဟာ အလေးနက်ထားပြီး ကုသမှရမယ်။ စိတ်ပြဿနာများကို ကုစားခြင်း စီးတီးမတ်မှာ ပိုက်ဆံရှင်းတဲ့အချိန် တန်းအရှည်ကြီးစီနေရတယ်ဆိုပါတော့။ သင်က ဘယ်လိုမျိုးဖြစ်မလဲ။ - ဖုန်းလေးပွတ်လိုက်၊ စကားလေးပြောလိုက်နဲ့ အေးရာအေးကြောင်း ကိုယ့်အလှည့်ကိုယ်စောင့်နေမယ့်သူလား။ - တန်းကလည်းရှည်လိုက်တာ၊ တန်းစီရတာ စိတ်ညစ်လိုက်တာ၊ ဘာလို့ ကောင်တာတွေက အပြည့်မဖွင့်ထားတာလဲ၊ လူများနေတာကိုမသိဘူးလားနဲ့ စိတ်တိုပြီး စောင့်နေမယ့်သူလား။တန်းစီနေရတဲ့အခြေနေချင်းတူတူမှာကို လူတွေရဲ့ စိတ်ခံစားချက်တွေနဲ့ ပြုမူပုံတွေကွဲတယ်။ တန်းအရှည်ကြီးကိုမြင်တဲ့အခါ ကိုယ်လုပ်စရာရှိတာလုပ်ရင်း စိတ်အခြေနေမပြောင်းမလဲရှိနေမယ့်သူတွေရှိသလို စိတ်တိုစိတ်ရှုပ်ပြီး သူများတွေကို အပြစ်တင်တာ၊ ကြားဖြတ်တာတွေလုပ်မယ့်သူတွေလည်းရှိတယ်။ စိတ်တိုစိတ်ရှုပ်တယ်ဆိုတာက စိတ်ခံစားချက်ဖြစ်ပြီး သူများကို […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ပြဿနာတွေ ရဲ့ အဓိကဗီလိန်

စိတ်ပြဿနာတွေ မှာ ပတ်ဝန်းကျင်၊ အတွေးတွေ၊ စိတ်ခံစားချက်တွေ၊ ရုပ်ပိုင်းတုံ့ပြန်မှုတွေနဲ့ အကျင့်စရိုက် အခြေနေ (၅)မျိုးဆက်စပ်ဖြစ်ပေါ်တယ်ဆိုတာကို ကျနော်တို့သိပြီးပြီ။ ဒီတစ်ခါတော့ ဒီဆက်စပ်ဖြစ်ပေါ်မှုမှာ ဘယ်အရာက အခရာကျလဲဆိုတာကို မြင်အောင်ကြည့်ကြမယ်။ စိတ်ပြဿနာတွေ ရဲ့ အဓိကဗီလိန် ဖြစ်စဉ် - ဖေ့ဘွတ်ပေါ်မှာ ကိုယ်နဲ့မကြာခဏ စကားပြောပြီး အပြန်လှန်စနောက်လေ့ရှိတဲ့ အသိတစ်ယောက်က ဒီရက်ပိုင်းမှာ ကိုယ်နဲ့စကားမပြောဘူး။ ကိုယ့်ပုံတွေစာတွေလည်း reaction, comment မပေးဘူး။ "ငါနဲ့လည်းစကားမပြောဘူး၊ ငါ့စာတွေပုံတွေလည်း အဖတ်မလုပ်ဘူး။ ငါ့အကြောင်းကို တစ်ယောက်ယောက်ကများ မကောင်းပြောထားလို့လား။" "အမယ် အကောင်းချည်းကနေ ငါ့ကိုအဖတ်မလုပ်ဘူး။ သူအဖတ်မလုပ်ရင် ငါကရော လုပ်စရာလား။ အရေးအရာလုပ်လို့။" "ငါ့သူငယ်ချင်း အဆင်မှပြေရဲ့လားမသိဘူး။ စကားတောင်သိပ်မပြောဖြစ်ဘူး၊ အလုပ်များရှုပ်နေလား တစ်ခုခုများပြဿနာဖြစ်နေလို့လားမသိဘူး။" ဖြစ်စဉ်တစ်ခုတည်းအပေါ်မှာ ပေါ်လာတဲ့အတွေးတွေ မတူဘူး။ ပထမအတွေးက ကိုယ့်အကြောင်းတစ်ယောက်ယောက်များ မကောင်းပြောနေတာလားဆိုတဲ့အပေါ်မှာဖြစ်လာပြီး စိတ်မလုံခြုံမှု၊ ဝမ်းနည်းမှုတွေဖြစ်စေတယ်။ ဒုတိယအတွေးက ကိုယ့်ကိုချိုးနှိမ်တယ် အရေးမလုပ်ဘူးဆိုတဲ့အတွေးကလာပြီး ဒေါသဖြစ်တယ်။ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ဒီ အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေ တယ်ဆိုတာ သိပြီးပြီလား ........

ဒီ အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေ တယ်ဆိုတာ သိပြီးပြီလား ........ လူတွေရဲ့ ဘဝရှင်သန်မှုဟာ တာဝန်တွေ များစွာနဲ့ ပြည့်နှက်နေသလို တစ်နေထွက်လာကစလို့ တစ်နေမဝင်ခင်အထိ ရင်ဆိုင်ရတဲ့ စိတ်ဖိစီးမှုပေါင်းကလည်း များစွာပါ။ ဒီလို စိတ်ဖိစီးမှုတွေက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို လည်း ထိခိုက်စေနိုင်ပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတဲ့ အချို့သောအရာတွေက ပတ်ဝန်းကျင် အကြောင်းတရားတွေကြောင့် ဖြစ်တာဆိုပေမယ့် အချို့သော အကြောင်းအရာတွေက ကိုယ်တိုင်က ဖန်တီးတာပါ။ အလေ့အကျင့်ဆိုးတွေက ဘဝပျော်ရွှင်မှုတွေကို ပျောက်ဆုံးစေနိုင်ပါတယ်။ အလေ့အကျင့်ဆိုးတွေက ဖျားနာစေမယ်လို့ပဲ ထင်ထား​ကြပေမယ့် တကယ်တော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အချို့သော အလေ့အထတွေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေပြီး စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာတွေ ခံစားရစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်တိုင် လုပ်မိနေတဲ့ အလေ့အထတွေထဲမှာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မျှော်လင့်ထားတာနဲ့ လက်တွေ့ အနေအထား ကွာခြားတဲ့အခါ

ခေါင်းစဉ်ကို ကြည့်ပြီး ဘာပြောချင်တာလဲ ငါဖြင့် နားတောင် မလည်ဘူးလို့ တွေးနေပြီလား...... နားမလည်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဒီအခြေအနေကို မကြုံဖူးဘူးဆိုသူကတော့ ခပ်ရှားရှားပါ။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့ ဒီအခြေအနေက ကိုယ်က တစ်ခုခုကို ကြီးကြီးမားမား မျှော်လင့်ထား တယ်။ ဒါပေမယ့် ဖြစ်မလာတာမျိုးပါ။ လွယ်လွယ်ပြောရရင်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးပေါ့။ ဥပမာ အရှေ့အရှေ့ကဖြစ်ခဲ့တဲ့ သမိုင်းကြောင်းတွေထဲက ကပ်ဆိုးကြီးတွေက တစ်နှစ်လောက် ကြာတဲ့အခါ အတော်လေး ဖြစ်ပွားမှုနှုန်း နည်းသွားတယ်လို့ ကြားဖူးလို့ ကိုဗစ်လည်း တစ်နှစ်လောက် ကြာပြီးရင် ပျောက်သွားမယ်လို့ တွေးဖူးကောင်း တွေးဖူးမှာပါ။ မျှော်လင့်ချက်လည်း ထားကောင်း ထားဖူးမှာပါ။ ဒါပေမယ့် လက်တွေ့မှာတော့ ကိုဗစ်ကြောင့် ၂၀၂၀ ခုနှစ်ရဲ့ သင်္ကြန်ကို တိတ်ဆိတ်ခြောက်ကပ်စွာ ဖြတ်သန်းခဲ့ကြရပါတယ်။ ဒီလိုပါပဲ ကိုဗစ်က အချိန်ကြာလာရင် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့။

အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့ ဆိုလို့ ထူးဆန်းသွားသလား ...... နေ့စဉ်ပုံမှန် အရေပြား သန့်စင်တာ၊ ညအိပ်ရာဝင်တဲ့အခါ မျက်နှာကို sheet Mask ကပ်တာ၊ moisturizer လိမ်းတာတွေက အသားအရေ ကိုတင် ကျန်းမာကြည့်ကောင်းစေတာ မဟုတ်ဘဲ စိတ်ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေနိုင်တယ်ဆိုတာ သိထားပြီးပြီလား ...... မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အသားအရေ ထိန်းသိမ်းမှုက စိတ်ကျန်းမာရေးကို ဘယ်များ ထောက်ကူပေးနေတာလဲဆိုတာကို ဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ပါ။ အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့။ အသားအရေ ထိန်းသိမ်းတာက အရေပြား ပြဿနာတွေကို ကင်းစေနိုင်သလို အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ ဝက်ခြံ ချွေးပေါက်ပိတ်တာတွေကို သက်သာစေနိုင်ပါတယ်။ အသားအရေ ကြည်လင်လှပမှုက စိတ်ခံစားမှုကို ကောင်းစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်ပါတယ်။ ဒါတွေအပြင် […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ဝက်ခြံမညှစ်ရမနေနိုင် တဲ့ စိတ်ရောဂါ

ဝက်ခြံ ထွက်လာပြီဆိုရင် လက်နဲ့ သွားသွားမထိဖို့၊ မလိုအပ်ဘဲ မညှစ်ဖို့ အရေပြားဆရာဝန်တွေက သတိပေးလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုး ညှစ်တာက ဝက်ခြံကို ပိုဆိုးစေပြီး လက်က ပိုးတွေ ဝင်သွားခဲ့ရင် ရောင်ရမ်းပြီး ပိုဆိုးစေလို့ပါ။ ဒါပေမယ့် ထူးထူးခြားခြား ဝက်ခြံမညှစ်ရမနေနိုင် တဲ့ လူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဝက်ခြံက ပိုပိုဆိုးလာပါတယ်။ ဒီလိုဝက်ခြံ အမျိုးအစားကို Acne excoriee လို့ ခေါ်ပါတယ်။ ဝက်ခြံမညှစ်ရမနေနိုင် တဲ့ စိတ်ရောဂါ ဟုတ်ပါတယ်။ ဒီဝက်ခြံက ပြောရမယ်ဆိုရင် Obsessive-Compulsive Disorder (OCD) လို့ခေါ်တဲ့ တစ်ခုခုကို မလုပ်ရ မနေနိုင်တဲ့ စိတ်ရောဂါကနေ  စဖြစ်လာတာပါ။ ပစ္စည်းတွေ မညီရင် အတင်းညီအောင် လိုက်ညှိချင်သလိုမျိုး ဝက်ခြံတွေ့ရင်လည်း ညှစ်လိုက်ရမှဆိုတဲ့ လူမျိုးတွေပါ။ သာမန်လူတွေနဲ့ မတူတာက သာမန်လူတွေက […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေ PTSD ကနေ ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။

PTSD ဆိုတာက Post Traumatic Stress Disorder ဖြစ်ပြီး မကောင်းတဲ့ အခြေအနေတစ်ခုကြောင့် စိတ်ဒဏ်ရာရတာကို ဆိုလိုပါတယ်။ အမျိုးသမီးတွေက ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေ ကြုံရတဲ့အတွက် စိတ်ဒဏ်ရာရတာလည်း ပိုများပါတယ်။ PTSDက အမျိုးသားရော၊ အမျိုးသမီးမှာပါ တွေ့ရပေမယ့် တွေ့ရပေမယ့် တုံ့ပြန်ပုံခြင်းက မတူပါဘူး။ အမျိုးသမီးတွေက ကျိတ်ပြီး ခံစားတတ်ကြတဲ့အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေပဲ ရလာပါတယ်။ အမျိုးသမီးတွေမှာ PTSD ဖြစ်ရတဲ့ အကြောင်းရင်း ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေက တစ်ဆင့်နိမ့်တယ်လို့ သတ်မှတ်ပြီး အနိုင်ကျင့်ကြတာ၊ ခွဲခြားဆက်ဆံခံရတာတွေကြောင့် အမျိုးသမီး အများစုက ဘဝတကွေ့ကွေ့မှာ ကြောက်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ခံစားကြရပါတယ်။ တွေ့ရတတ်တာတွေကတော့ စစ်ပွဲတွေ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုတွေ အိမ်တွင်းအကြမ်းဖက်မှုတွေ ကလေးဘဝတည်းက လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာတွေ ချစ်ခင်ရသူတွေ သေဆုံးတာ၊ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ကျန်းမာစေဖို့ ထောက်ကူပေးမယ့် လေ့ကျင့်ခန်းများ

လေ့ကျင့်ခန်း လုပ်တာက ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေဖို့နဲ့ ကြွက်သားတွေ သန်မာစေဖို့ပဲ ထောက်ကူပေးတာလား။ အခြားရော ဘယ်လိုများ ထောက်ကူပေးမလဲ။ လေ့ကျင့်ခန်း လုပ်တာက စိတ်ပိုင်းဆိုင်ရာကိုရော ထောက်ပံ့ပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်စေဖို့ ထောက်ကူပေးပြီး စိတ်ဓာတ်မကျစေဖို့လည်း ထောက်ကူပေးပါသေးတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေသလို စိတ်ခံစားမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ ပျော်ရွှင်တက်ကြွစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ကျန်းမာကြံ့ခိုင်ပြီး နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်စေဖို့အတွက် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းလေးတွေကို ပြောပြပေးသွားပါမယ်။ လေ့ကျင့်ခန်းလုပ်ရင် စိတ်ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးနိုင်မလဲ။ လေ့ကျင့်ခန်း လုပ်တာက စိတ်ကျန်းမာရေးကို အခုလို ထောက်ပံ့ပေးနိုင်ပါတယ်။ စိတ်ဓာတ်မကျစေဖို့ ကာကွယ်ပေးတယ် စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိတ်ခံစားမှု ကောင်းစေတယ် တက်ကြွလန်းဆန်းစေတယ် စိတ်ပျော်ရွှင်စေတယ် သိမြင်မှုစွမ်းရည် ကောင်းစေတယ် စိုးရိမ်မှု လျော့ကျစေတယ် စိတ်ကြည်လင်လန်းဆန်းစေတယ် စိတ်ကျန်းမာစေဖို့ ထောက်ကူပေးမယ့် လေ့ကျင့်ခန်းများ စိတ်ကျန်းမာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဒေါသ ဖြစ်နေလား ...... ဒါတွေ စားပါ။

ဒေါသ မထွက်ဘူးသူရယ်လို့ ခပ်ရှားရှားပါ။ လူတိုင်း ပြင်းပြင်းထန်ထန် မဟုတ်တောင် တစ်လမှာ တစ်ကြိမ်လောက်တော့ ဒေါသ ဖြစ်စမြဲပါ။ ဒေါသက လူတိုင်းမှာ ဖြစ်ပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ သည်းခံနိုင်စွမ်းက ကွာခြားတာကြောင့် ဒေါသကို ထိန်းချုပ်နိုင်တဲ့ အနေအထားကတော့ ကွာခြားနိုင်ပါတယ်။ အချို့က တော်ရုံနဲ့ စိတ်မတို ဒေါသမထွက်ပေမယ့် အချို့ကတော့ သေးသေးဖွဲဖွဲ ကိစ္စတွေအပေါ်မှာတောင် စိတ်တိုတာ ဒေါသဖြစ်တာမျိုး ဖြစ်တတ်ကြပါတယ်။ နောက်တစ်ချက်က ဒေါသကို ဖော်ပြပုံခြင်းလည်း ကွာခြားတတ်ပါတယ်။ ဒေါသ အရမ်းထွက်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ ဒေါသဆိုတာက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ရပ်ကြောင့် ကိုယ်တွင်းမှာ အဒရီနယ်လင်ဟော်မုန်းတွေ မြင့်တက်လာရာကနေ စဖြစ်တာပါ။ ဒီဟော်မုန်းပမာဏ လွန်ကဲတဲ့အခါ တင်းအားများပြီး ခေါင်းကိုက်တာ၊ ခေါင်းကိုက်တာ၊ သွေးတိုးတာ၊ စိတ်ဓာတ်ကျတာတွေကိုခံစားရနိုင်ပါတယ်။ ဒေါသ ဖြစ်နေလား ...... […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း