brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ သူငယ်ချင်းက ယဉ်ကျေးတယ်။ သူက စကားပြောတဲ့အခါ ကိုယ့်ထက်ကြီးတဲ့သူကို ဖြစ်ဖြစ်၊ ငယ်တဲ့သူကိုဖြစ်ဖြစ် ယဉ်ယဉ်ကျေးကျေး ပြောတတ်တယ်။ ကိုယ့်ကိုယ်လည်း အမြဲ ယဉ်ယဉ်ကျေးကျေး ပြောတဲ့အခါ စိတ်ထဲမှာ သူ့ကိုရိုင်းရိုင်းပျပျ ပြောမိမှာကို စိုးရိမ်လာသလို သူ့လိုမျိုး ကိုယ်တိုင်လည်း ယဉ်ယဉ်ကျေးကျေး လိုက်ပြောမိတာမျိုးပါ။

သူငယ်ချင်းက ဆေးလိပ်သောက်လို့ လိုက်သောက်တာ၊ အရက်သောက်လို့ လိုက်သောက်တာ၊ သောက်ဖို့ခေါ်တဲ့အချိန်မှာ အပြစ်မြင်မှာစိုးလို့ မငြင်းတာတွေက ကိုယ့်အပေါ်မှာ ကိုယ်တိုင်တောင် မသိလိုက်ဘဲ သက်ရောက်နေတဲ့ Peer pressureတွေ ဆိုပါတော့။

ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ သက်ရောက်နေတဲ့ Peer pressureတွေ

Peer pressureတွေကပုံသဏ္ဍာန် အမျိုးမျိုးနဲ့ သက်ရောက်နေကြပါတယ်။ အဓိကအားဖြင့်ကတော့ ဒီပုံစံတွေနဲ့ သက်ရောက်နေနိုင်ပါတယ်။

  • ပြောဆိုမှု – သူငယ်ချင်းရဲ့ လွှမ်းမိုးပြောဆိုမှုတွေနောက်မှာ လိုက်လုပ်မိတာမျိုးပါ။
  • အတွေး၊ အမြင်တွေကို လွှမ်းမိုးမှု – အပြုအမူအားဖြင့် အခြားသူတစ်ဦးက အတွေး၊ အမြင်တွေကို လွှမ်းမိုးတာမျိုးပါ။
  • အပြုသဘောဆောင်မှု – ကောင်းမွန်တဲ့ အလေ့အကျင့်တွေနဲ့ လွှမ်းမိုးတာမျိုးပါ။
  • အပျက်သဘောဆောင်မှု – အကျင့်ဆိုးတွေနဲ့ လွှမ်းမိုးတာမျိုးပါ။
  • တိုက်ရိုက်သက်ရောက်မှု – နှုတ်ကပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ၊ မြင်တာနဲ့ လျင်လျင်မြန်မြန် သိနားလည်နိုင်တဲ့ အခြေအနေမျိုးနဲ့ လွှမ်းမိုးတာမျိုးပါ။
  • သွယ်ဝိုက်သက်ရောက်မှု – ဒါကတေ့ အားအကောင်းဆုံးသော Peer pressureအမျိုးအစားပါ။ အခြားသူတွေအပေါ်မှာ အတော်လေး လွှမ်းမိုးသက်ရောက်တဲ့ အနေအထားပါ။

ကောင်းမွန်တဲ့ peer pressureတွေက ပိုမိုကောင်းမွန်တဲ့ အလေ့အထတွေကို ရစေနိုင်တယ်ဆိုပေမယ့် အပျက်သဘောဆောင်နေတဲ့ peer pressureတွေကတော့ စိတ်ဖိစီးတာ၊ စိုးရိမ်စိတ်များစေတာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် သက်ရောက်တာတွေ ရှိလာနိုင်ပါတယ်။

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် အခုလို သက်ရောက်နေပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျက်စီးစေတယ်

Peer pressureတွေက လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို သံသယဖြစ်စေပြီး ယုံကြည်မှု နည်းလာတာ ကိုယ့်ကိုယ်ကိုယ် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ယူဆလာတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေတယ်

Peer pressureတွေက အာရုံစူးစိုက်နိုင်စွမ်းအပေါ်မှာ သက်ရောက်မှု ရှိသလို လူတစ်ယောက်ရဲ့ အတွေးအမြင်တွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိနေပါတယ်။ ဒါဆင်လားဆိုတော့ မဟုတ်ပါဘူး။ လုပ်ဆောင်နိုင်စွမ်း စိတ်ကူးဖန်တီးနိုင်စွမ်းတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

အကျင့်ဆိုးတွေ လုပ်ဆောင်မိစေဖို့ တွန်းအားပေးတယ်

Peer pressureတွေကဆေးလိပ်သောက်တာ၊ အရက်သောက်တာ အပါအဝင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကျင့်ဆိုးတွေ လုပ်ဆောင်ဖြစ်စေဖို့လည်း တွန်းအားပေးပါတယ်။ စိတ်ကျန်းမာရေးကို ထိခိုက်စေပြီး ကိုယ်တိုင်ကိုရော သူတစ်ပါးတွေကိုပါ ထိခိုက်အောင် လုပ်မိစေဖို့အတွက် တွန်းအားပေးပါတယ်။

မိသားစုတွေနဲ့ ဝေးကွာစေတယ်

Peer pressureတွေကစိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာတွေကို ဖြစ်စေပြီး မိသားစုဝင်တွေ၊ ချစ်ရတဲ့သူတွေနဲ့ ဝေးကွာစေဖို့လည်း တွန်းအားပေးပါတယ်။ ကာလကြာရှည် စိတ်ဓာတ်ကျစေတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။

စိတ်ရှုပ်ထွေးစရာတွေ များစေပြီး ချစ်ရသူတွေနဲ့ ခပ်ကင်းကင်းနေဖြစ်အောင် တွန်းအားပေးနေပါတယ်။

စိတ်အားငယ်စေနိုင်တယ်

လူတိုင်းက သူငယ်ချင်း မိတ်တွေတွေက သူတို့ကို လိုလားနှစ်သက်တာ၊ ချစ်ခင်တာကို လိုချင်ကြပါတယ်။ ဒါပေမယ့် Peer pressureတွေကြောင့် ကိုယ်မနှစ်သက်တာတွေကိုတောင် သူများတွေနဲ့ အဆင်ပြေအောင်ဆိုပြီး နှစ်သက်သလို လုပ်ဆောင်လာတတ်ပါတယ်။ ဒီလိုအခြေအနေတွေက များလာလေလေ အားလုံးနဲ့ အဝေးကိုရောက်လာလေလေဖြစ်ပြီး ရေရှည်မှာ စိတ်အားငယ်တာမျိုး ဖြစ်လာနိုင်ပါတယ်။

Peer pressureတွေကြောင့် ထိခိုက်မှုတွေ မဖြစ်လာစေဖို့ဆိုရင်

  • ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ကြိုတင်စဉ်းစားထားပါ
  • မိတ်ဆွေကောင်းရှိပါစေ
  • အရေးကြီးတဲ့ ကိစ္စတွေကို မိသားစုတွေနဲ့ပဲ ဆွေးနွေးတိုင်ပင်ပါ။ အခက်အခဲတွေကိုရောပေါ့။
  • သိစိတ်ရဲ့ အသံကို နားစွင့်ထားပါ။
  • စိတ်ချရသူကို ရင်ဖွင့်တိုင်ပင်ပါ။
Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 29/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။