စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

သူများအဆင်ပြေနေရင် ကိုယ်စိတ်မချမ်းသာတဲ့ FOMO စိတ်ကို ဘယ်လိုကျော်ဖြတ်မလဲ

လူတစ်ဖက်သား အဆင်ပြေပျော်ရွှင်နေတာကို လူတိုင်း မုဒိတာထားနိုင်တယ်လို့ မထင်ပါနဲ့။ တကယ်တော့ လူတိုင်း ဒီလိုမတွေးနိုင်ကြပါဘူး။ ဒါကို စိတ်ပညာမှာတော့ fear of missing out ဒါမှမဟုတ် FOMO လို့ခေါ်ပါတယ်။ FOMO ဟာ ပုံမှန်စိတ်ခံစားချက်မျိုးလို့ ထင်မှတ်စရာရှိပေမယ့် တကယ်တမ်းမှာတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ တပါးသူတွေဟာ ကိုယ့်ထက်ပိုသာနေတယ်၊ ကိုယ့်ထက်ပိုတော်နေတယ်၊ ကိုယ့်ထက်ပိုကောင်းတဲ့ အခွင့်အလမ်းတွေကို ပိုင်ဆိုင်နေတယ်ဆိုတဲ့ အတွေးကြီး အမြဲမပြတ်ဝင်နေတာမျိုးပေါ့။ မြန်မာလူမျိုးတွေပြောနေကြ စကားနဲ့ အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် တဖက်သားအဆင်ပြေနေတာကို မုဒိတာမပွားနိုင်ဘူးဆိုရမှာပေါ့။ ပုံမှန်အားဖြင့်ဆိုရင် ဒီဝေဒနာက ဘာမှမဟုတ်ဘူးလို့ ယူဆချင်စရာဖြစ်ပေမယ့် တကယ်တမ်းမှာတော့ သင့်ဘဝတစ်ဘဝလုံးမှာ ပျော်ရွှင်မှုတွေကို တိတ်ဆိတ်ခြောက်ကပ်သွားအောင် ဒုက္ခပေးနိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ FOMO နဲ့ ပတ်သက်ပြီး တစ်ခုသိထားရမှာက တစ်ဖက်သားရဲ့ အဆင်ပြေနေမှုတွေကြောင့် မပျော်မရွှင်ဖြစ်နေပေမယ့် ကိုယ့်ကိုယ်ကို ညံ့ဖျင်းတယ်လို့ ပြစ်တင်ဝေဖန်ရင်း စိတ်ဓာတ်ကျ၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Zoom Fatigue သို့ Video Call ကြောင့် ဖြစ်လာတဲ့ ဖြစ်လာတဲ့ ကျန်းမာရေးထိခိုက်မှု

နိုင်ငံတကာ လုပ်ငန်းခွင်တွေမှာတော့ Zoom Fatigue ဆိုတဲ့ အသုံးအနှုန်းတစ်ခု ခေတ်စားလာနေပါတယ်။ ကိုဗစ်ကာလ Work from Home ကြောင့် လုပ်ငန်းခွင် အစည်းအဝေးတွေကို အွန်လိုင်းကနေတဆင့် Video Call တွေနဲ့ ပြုလုပ်ရတာတွေ ခေတ်စားလာနေတယ်မဟုတ်လား။ ဒီလိုပြုလုပ်ကြရာမှာ Application အမျိုးမျိုးကို အသုံးချကြပေမယ့် လူသုံးအများဆုံးကတော့ Zoom နဲ့ Meet တို့ပါပဲ။ ဒါကြောင့်လည်း Video Call တွေကြောင့် ပင်ပန်းနွမ်းလျပြီး စိတ်ဖိစီးလာနေတာကို လူသုံးများတဲ့ Zoom ကို အစွဲပြုပြီး Zoom-Fatigue လို့ သုံးနှုန်းခေါ်ဝေါ်လာကြတာပါ။ စိတ်ကျန်းမာရေးပညာရပ်မှာတော့ Zoom Fatigue ဟာ ကိုဗစ်ကပ်ဘေးကြောင့် ဖြစ်ပေါ်လာတဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်မျိုးလို့ ဆိုထားပါတယ်။ လူမှုဆက်ဆံရေးဟာ စိတ်နဲ့ စိတ်ခံစားချက် ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

သောကများနေရင် လုပ်ဆောင်ဖို့ ခက်ခဲနေမယ့် သာမာန်အပြုအမူလေးများ

ပူပင်သောကများတာ မကောင်းဘူးဆိုပေမယ့် သောကဆိုတာမျိုးက လူတိုင်းမှာ အနည်းနဲ့ အများတော့ ရှိနေနိုင်တာပါပဲ။ Anxiety လို့ ခေါ်တဲ့ စိတ်ကျန်းမာရေး အခြေအနေတစ်ခုကို မရောက်သည့်တိုင် လူတိုင်း သောကဖြစ်စရာ အတွေးတွေကို နေ့တိုင်းတွေးနေကြရတာမဟုတ်လား။ ဒီလိုသောကတွေများလာလေလေ လူတစ်ဦးတစ်ယောက်ရဲ့ တွေးခေါ်ပုံ ပြုမူလှုပ်ရှားပုံတွေဟာ ပြောင်းလဲလာလေလေဖြစ်ပြီးတော့ သာမန်အားဖြင့် ဘာမှမဟုတ်ဘူးလို့ ထင်ထားရတဲ့ အသေးအမွှားကိစ္စလေးတွေအပေါ်မှာတောင် သက်ရောက်လာနိုင်ပါတယ်။ လူတစ်ယောက် အရမ်းစိုးရိမ်ပူပန်နေရင်၊ ပူပင်သောကများနေရင် မယုံကြည်နိုင်စရာ အခြေအနေမျိုးတွေ ဖြစ်တာတတ်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ လုပ်ဆောင်နေကျ အရာတွေမှာတောင် တွေဝေလာတာ၊ လွဲချော်လာတာ၊ တွန့်ဆုတ်လာတာတွေ ပိုပြီး ကြုံလာရတတ်ပါတယ်။ ဒါကြောင့်လည်း ဘယ်လိုသာမန်ကိစ္စတွေကို ပူပင်သောကများလွန်းသူတွေ လုပ်ဆောင်ရ ခက်ခဲနေတတ်သလဲဆိုတာကို ပြောပြပါရစေ။ အချိန်တိကျဖို့ ခက်တာ - ချိန်းဆိုထားမှုတွေမှာ နောက်ကျတာ ဒါမှမဟုတ် စောလွန်းနေတာမျိုး အမြဲဖြစ်ပါလိမ့်မယ်။ တဖက်သားကို ဂရုစိုက်ပေးဖို့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှု(Stress) ကို အမြန်ဆုံးလျော့ပါးသက်သာသွားစေမယ့် အစားအစာ ၁၂ မျိုး

လူတိုင်း စိတ်ပင်ပန်းတတ်သလို စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေဆိုတာလည်း မကြာခဏကြုံရတတ်ပါတယ်။ ဒါပေမယ့် ဒီလိုကြုံလာရတိုင်း ကုစားမှုနဲ့ ဖြေရှင်းကြတဲ့ နှုန်းက အလွန်နည်းပါးပါတယ်။ ဒီအတိုင်းပဲ အချိန်တန်ရင် အဆင်ပြေသွားမှာပါလို့ တွေးရင်း စိတ်ပင်ပန်းကြီးစွာနဲ့ ဘဝကို ဖြစ်သလို ဖြတ်သန်းပစ်ကြတာများတယ်မဟုတ်လား။ တကယ်တော့ စိတ်ပင်ပန်းမှုကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှု ဆိုတာက တစ်ခါဖြစ်ပြီးတာနဲ့ အကြိမ်ကြိမ်ပြန်ဖြစ်လာ ပြန်ခံစားလာရမယ့် အရာမျိုးပါ။ ဒီအတိုင်းအချိန်တန်ရင် စိတ်သက်သာသွားမှာပါဆိုပြီး တင်းခံရင် နောက်ဆုံးမှာ လက်လျှော့ပြီး အရှုံးပေးလိုက်ရချိန်မျိုးကို ရောက်သွားတတ်ပါတယ်။ ဒီလိုမဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုတွေ ကင်းနေဖို့က ကိုယ်လက်ကျန်းမာအောင်နေထိုင်စားသောက်ဖို့လိုအပ်ပါတယ်။ ဒါက အရေးအကြီးဆုံးအချက်ပါပဲ။ တကယ်လို့ ကိုယ့်မှာ စိတ်ဖိစီးမှု ဝေဒနာခံစားလာရပြီး ကိုယ်တိုင်ကလည်း ဆေးဝါးကုသဖို့ လက်လှမ်းမမှီတဲ့သူ ဒါမှမဟုတ် ဆေးဝါးကုသဖို့ တွန့်ဆုတ်နေတဲ့သူဆိုရင် သင့်လျော်တဲ့ အစာအဟာရတွေ မှီဝဲပြီး […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ကျန်းမာအောင် ဗီဒီယိုဂိမ်း ကစားပေးရမယ်တဲ့

ငယ်ငယ်ကဆိုရင် ဗီဒီယိုဂိမ်းကစားတာက အပြစ်ကြီးတစ်ခုဖြစ်ခဲ့ဖူးပါတယ်။ ခုခေတ်ကာလမှာတော့ ခေတ်ရေစီးကြောင်းက ပြောင်းလဲလာနေပါပြီ။ ဗီဒီယိုဂိမ်းဟာ အကျိုးအမြတ်ကြီးတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာသလို အားကစားလည်းဖြစ်လာပါတယ်။ ဒီလိုပါပဲ။ ဗီဒီယိုဂိမ်းကစားရင် ရူးတတ်တယ်၊ မျက်စိထိခိုက်တယ်၊ အကြောဆွဲတတ်တယ်ဆိုပြီး ရိုက်နှက်ခံခဲ့ရတဲ့ ခေတ်ကနေ ဗီဒီယိုဂိမ်းကစားရင် ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်ဆိုတဲ့ သက်သေပြချက်တွေ လှိုင်လှိုင်ကြီးထွက်ပေါ်လာတဲ့ ခေတ်ကို ရောက်ရှိလာပါပြီ။ ကမ္ဘာကျော် Oxford Internet Institute Research က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ သုတေသန အစီရင်ခံစာအရဆိုရင် ဗီဒီယိုဂိမ်း ဆော့ကစားတာဟာ စိတ်ပျော်ရွှင်စေပြီး စိတ်ကျန်းမာရေးကို အကြီးအကျယ် အထောက်အကူဖြစ်စေပါတယ်တဲ့။ အဆိုပါ သုတေသနကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခ အန်ဒရူး ပါဇီဘိုင်စကီးကတော့ ယုံတမ်းပုံပြင်တွေထက် ဒေတာအချက်အလက်တွေက ပိုပြီး ယုံချင်စရာဖြစ်တယ်လို့ဆိုခဲ့ပြီး ဗီဒီယိုဂိမ်းတွေဟာ ပါးစပ်ပြောစကားတွေထဲကလို စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ နည်းလမ်းမဟုတ်ဘူးလို့ကို ဆိုသွားတာပါ။   ဂိမ်းဆော့ရင် စိတ်ကျန်းမာမှာလား Nintendo ရဲ့ Animal […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

နေရာတကာ Selfie ဆွဲနေတာဟာ စိတ်ဝေဒနာပါ

ဒီဘက်ခေတ်မှာ စမတ်ဖုန်းတွေက သိပ်ကို အသုံးတည့်လာပါတယ်။ လူနေမှုဘဝမှာ မရှိမဖြစ်အရာတစ်ခုဖြစ်လာသလို တဖက်မှာလည်း စမတ်ဖုန်းနဲ့ ဆက်နွယ်နေတဲ့ ရောဂါဘယတွေကလည်း အမျိုးမျိုး ပေါ်ထွက်လာနေပါတယ်။ ဒီတစ်ခေါက်တော့ နေရာတကာ Selfie ဆွဲနေတာဟာ စိတ်ဝေဒနာပါ ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။ နေရာတကာ Selfie ဆွဲနေတာဟာ စိတ်ဝေဒနာပါ ဒီလို စမတ်ဖုန်းတွေနဲ့ဆက်နွယ်နေတဲ့ ကျန်းမာရေးပြဿနာတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေသာမကပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေလည်း ပါဝင်နေပါတယ်။ ဥပမာတစ်ခုပြောရရင်တော့ Selfie Syndrome ပေါ့။ ရောက်လေရာအရပ်မှာ ဖုန်းလေးဖွင့်ပြီး Selfie ဆွဲနေပြီဆိုရင် ဒီပြဿနာကို သတိထားဆန်းစစ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုရင်တော့ ဒါက Selfie Syndrome ဖြစ်နေတာဖြစ်နိုင်လို့ပါပဲ။ ယျေဘယျအားဖြင့် Selfie ရိုက်တာကို လှချင်ပချင်တဲ့ အမျိုးသမီးငယ်လေးတွေ အများဆုံးပြုမူကြပါတယ်။  ဒီလိုပြောလို့ အမျိုးသားတွေနဲ့ အမျိုးသမီးကြီးတွေရော မရိုက်ဖူးလားလို့တော့ မမေးပါနဲ့။ သူတို့လည်း […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ကြောက်ခြင်းရယ်တဲ့ အဖုံဖုံ

ကြောက်ရွံ့ခြင်း (Phobias) က အဖြစ်များတဲ့ စိတ်ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ လူတိုင်းနီးပါးမှာ ကြောက်ရွံ့ခြင်း တစ်ခုစီ ရှိတတ်ကြပါတယ်။ အရွယ်ရောက်ပြီးသူတွေရဲ့ ၈ ရာခိုင်နှုန်းလောက်က တစ်ခုမကသော ကြောက်ရွံ့ခြင်းတွေကို ခံစားနေရပါတယ်။ အမျိုးသမီး အများစုက အမျိုးသားတွေထက် ကြောက်ရွံ့ခြင်းကို ပိုခံစားရတတ်ကြပါတယ်။ ကြောက်ရွံ့ခြင်း အမျိုးအစားတွေက ဘယ်လောက်ထိ များနေလဲ။ ကိုယ်တိုင်ရော ဘယ်လို ကြောက်ရွံ့ခြင်းတွေကို ခံစားနေရလဲ ဆိုတာကို ဆောင်းပါးလေးထဲမျာ အတူတူ လေ့လာကြည့်ရအောင်လား.......... ကြောက်ရွံခြင်း ခံစားရတဲ့အခါ ဘယ်လိုတွေ ခံစားရနိုင်လဲ။ ကြောက်ရွံ့ခြင်းကို ခံစားရတဲ့အခါ မအီမသာဖြစ်တာ တုန်တုန်ယင်ယင်ဖြစ်တာ နှလုံးခုန် မြန်လာတာ ပုံမှန် မဟုတ်တဲ့ အခြေအနေ တစ်ရပ်ရပ်ကို ခံစားရတာ စိတ်ထဲမှာ ဖိစီးပူပန်မှုတွေ ခံစားရတာမျိုး ဖြစ်လာနိုင်ပါတယ်။ လူအမျိုးမျိုး ကြောက်ရွံ့ခြင်း အဖုံဖုံ ကြောက်ရွံ့ခြင်းတွေက လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝ အပေါ်မှာ ပုံစံ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

အထူးဆန်းဆုံး ကြောက်မှု (၅) သွယ်

လူတစ်ယောက်စီမှာ ကြောက်တတ်တဲ့အရာ တစ်ခုစီတော့ ရှိစမြဲပါ။ ဒီလို ​ကြောက်တယ်ဆိုတာက သာမန် ကြောက်ရုံမဟုတ်ဘဲ။ အခြေအနေ တစ်ရပ်ရပ် ဒါမှမဟုတ် အရာဝတ္ထုတစ်ခုခု၊ သတ္တဝါ တစ်ကောင်ကောင်ကို အတော်လေး ကြောက်ရွံ့တဲ့ အနေအထားပါ။ လူတစ်ယောက်ကို အလွန်အမင်း ကြောက်စေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ ဒီလို ကြောက်ရွံ့မှုတွေက ကိုယ်တိုင်တောင် မသိလိုက်ဘဲ ခံစားမိနေနိုင်ပါတယ်။ ဒီလို ကြောက်ရွံ့မှုတွေထဲကမှ အထူးဆန်းဆုံးလို့ ယူဆထားတဲ့ ကြောက်ရွံ့မှုတွေက ဘာတွေများ ဖြစ်မလဲ.......... အထူးဆန်းဆုံး ကြောက်မှု (၅) သွယ် ကြောက်ရွံ့မှုတွေ အမျိုးမျိုးထဲကမှ အထူးဆန်းဆုံးလို့ ယူဆရတဲ့ ကြောက်မှု (၅) သွယ်က ဘာတွေများ ဖြစ်မလဲ.......... ကြောက်ရွံ့မှုကို ကြောက်ခြင်း (Phobophobia) ဒီကြောက်ရွံ့မှု အမျိုးအစားကတော့ ကြောက်ရွံ့စရာ ဖြစ်ရပ် တစ်ခုခု၊ အခြေအနေ တစ်ရပ်ရပ်၊ အရာဝတ္ထု တစ်ခုခုကို ကြောက်ရွံ့တဲ့ စိတ်အခြေအနေပါ။ ဒီအခြေအနေက […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

မနက်ခင်း အခက်အခဲတွေကို အကောင်းဆုံးကျော်လွှားနိုင်မယ့် ဘဝရဲ့ ဗီတာမင်လေးများ

နေ့တစ်နေ့တာကို အစပြုတဲ့ မနက်ခင်းကို အကောင်းဆုံးသောအရာတွေနဲ့ပဲ အခက်အခဲမရှိ ကျော်ဖြတ်ချင်တဲ့စိတ်ကူးက နိုးလာရင် ပထမဆုံး ခေါင်းထဲဝင်လာတဲ့ အတွေးဟုတ်။ ဒီအတွေးက လူတိုင်းရဲ့ မနက်ခင်း အိပ်ရာထအတွေးတစ်ခုပါ။ အချို့ဆိုရှိသေးတယ် မနက်ခင်းကတည်းက စထွေရင် တစ်နေကုန် လောင်ရောဆိုတာမျိုးလေ။ မနက်ခင်း တစ်ခုခု လွှဲချော်သွားတယ်၊ ဥပမာ ကိုယ်ပေါ် ကော်ဖီ မှောက်ကျတယ်။ သွားပါပြီကွာ တစ်နေကုန်တော့လို့ ငြီးတွားတတ်ကြတယ်လေ။ ကိုယ်တိုင်ကော ပါသေးလား။ တစ်နေ့တာရဲ့ အရေးအကြီးဆုံးအချိန် မနက်ခင်းကို အကောင်းဆုံး ကျော်ဖြတ်ကြရအောင် မနက်ခင်းမှာ လုပ်ငန်းဆောင်တာတွေက အများကြီးနော်။ အိပ်ရာထလို့ မျက်စိနှစ်လုံး ပွင့်ပြီဆိုတာနဲ့။ အိမ်အလုပ်တွေကို အပြေးအလွှားလုပ်ရပြီ။ ပြီးရင် မနက်စာ စားတယ်။ ဒါပေမယ့် အချိန်မပေးနိုင်လို့ မစားဖြစ်ဘူး။ အမျိုးမျိုး ရှိနိုင်တယ်။ ပြီးရင် အလုပ်သွားဖို့ ပြင်ဆင်ရတယ်။ လူလွတ်ဆို တော်လေရဲ့။ သားသားမီးမီး ရှိမယ်ဆိုရင် သူတို့အတွက် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သင့်ရဲ့ စိတ်လေး ကျန်းမာပါစ (သို့မဟုတ်) သင်သိထားဖို့လိုတဲ့ စိတ်ကျန်းမာရေး အချက်ပြလက္ခဏာတွေအကြောင်း

လူတွေက ရုပ်ပိုင်းဆိုင်ရာ မကျန်းမာတာကို အလွယ်တကူ သတိထားမိတတ်ကြတယ်။ ထိခိုက်ဒဏ်ရာလေးဖြစ်ရင် ပလာစတာကပ်တာ၊ ဆေးထည့်တာတွေ လုပ်ကြပေမယ့် စိတ်ကလေး မကျန်းမာတာကိုကျ ကုသပေးဖို့ မေ့နေတတ်ကြပါတယ်။ တကယ်ကတော့ လူတစ်ယောက်ကို ကျန်းမာတယ်လို့ ပြောနိုင်ဖို့ဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာဖို့ လိုမှာပါ။ လူအတော်များများက စိတ်မကျန်းမာမှုကို ခံစားနေရပေမယ့် ကိုယ်တိုင်တောင် စိတ်မကျန်းမာနေဘူးဆိုတာကို မသိလိုက်ကြတာမျိုးပါ။ ဒီတော့ ကိုယ်တွေရဲ့ စိတ်ကရော ကျန်းမာနေရဲ့လား စိတ်ကျန်းမာရေးအချက်ပြလက္ခဏာတွေနဲ့ စိတ်ကျန်းမာစေဖို့ ကိုယ်တိုင်ဘာလုပ်လို့ရမလဲ ဆိုတာကို ဆောင်းပါးလေးဖတ်ရင်း ဆန်းစစ်ကြည့်ကြစို့လား.......... စိတ်ကျန်းမာရေး အရေးကြီးသလား........ စိတ်ကျန်းမာရေးကလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးကြီးပါတယ်။ အကြောင်းကတော့ စိတ်ကျန်းမာရေးက ဘဝမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်တယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေတယ်။ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို ဖန်တီးပေးတယ်။ လူမှုအသိုင်းအဝိုင်းမှ အဆင်ပြေပြေ နေထိုင်နိုင်စေတယ်။ အလုပ်တာဝန်တွေကို အကောင်းဆုံး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း