စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

Phobias (အကြောက်လွန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Phobias (အကြောက်လွန်ခြင်း) ကဘာလဲ။ အကြောက်လွန်ခြင်း (phobia) ဆိုတာဟာ အန္တရာယ်မပေးနိုင်တဲ့ အခြေအနေတွေ သို့ အရာတွေကို အကြောင်းမဲ့ ကြောက်စိတ်လွန်ကဲနေခြင်း ဖြစ်ပါတယ်။ စကားပြောရာမှာ သို့ စာမေးပွဲ စမ်းသပ်မှုတစ်ခုယူနေစဉ်မှာ ခဏတာ စိတ်ပူပန်ကြောင့်ကျတာမျိုးမဟုတ်ဘဲ အမြဲတမ်းဖြစ်နေတတ်ပြီး ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ဖြစ်စေပါတယ်။ ဒီရောဂါအခြေအနေဟာ အလုပ်မှာ သို့ လူမှုဆက်ဆံရေးတွေမှာ ပုံမှန်ပြောဆိုဆက်ဆံမှုတွေကို ထိခိုက်စေနိုင်ပါတယ်။ အဖြစ်များတဲ့ အကြောက်လွန်ကဲမှုတွေကတော့ ပျံသန်းရမှာ ကြောက်ခြင်း၊ အမြင့်ကြောက်ခြင်း၊ ပင့်ကူကြောက်ခြင်း၊လူစိမ်းကြောက်ခြင်း၊ဆေးထိုးခြင်းကိုကြောက်ခြင်း၊သွေးကြောက်ခြင်း နှင့် အလုံပိတ်အခန်းကြောက်ခြင်း တို့ဖြစ်ကြပါတယ်။ Phobias (အကြောက်လွန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အကြောက်လွန်ခြင်း အများစုကတော့ ပျိုဖော်ချိန်မှာ အဖြစ်များပြီး တိရစ္ဆာန်တွေ၊ သွေးတွေ၊ မုန်တိုင်းနှင့် ရေကြောက်တာတွေက ကလေးဘဝမှာ စဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး အကြောက်လွန်ကဲတတ်ပါတယ်။ ဆက်လက်သိရှိလိုသည်များကို ဆရာဝန်နှင့် […]


စွဲလမ်းမှုပြဿနာများ

Delirium Tremens (အရက်ဖြတ်ရာမှဖြစ်လာသည့် စိတ်ရှုပ်ထွေးမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Delirium Tremens (အရက်ဖြတ်ရာမှဖြစ်လာသည့် စိတ်ရှုပ်ထွေးမှု) ကဘာလဲ။ Delirium tremens ဆိုသည်မှာ အရက်အလွန်သောက်သူများ အရက်ဖြတ်လိုက်သောအခါ ဖြစ်ပေါ်လာသော ရုတ်တရက် စိတ်ရှုပ်ထွေးခြင်း တစ်မျိုး ဖြစ်ပါသည်။ စိတ်ရှုပ်ထွေးရာတွင် ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်ခံစားမှုများ ပြောင်းလဲခြင်း၊ မျက်စိလည်ခြင်း နှင့် ရန်လိုသော သောင်းကျန်းသော အပြုအမှုများ ပါဝင်ပါသည်။ Delirium tremens (DT) သည် အရက်ဖြတ်ခြင်းကြောင့် ဖြစ်သော ဆိုးရွားသော ရောဂါတစ်မျိုး ဖြစ်ပါသည်။ Delirium Tremens (အရက်ဖြတ်ရာမှဖြစ်လာသည့် စိတ်ရှုပ်ထွေးမှု) က ဘယ်လောက်အဖြစ်များသလဲ အရက်ကြောင့်ဖြစ်သော Delirium tremens သည် အရက်ဖြတ်ရောဂါနှင့် ဂနာမငြိမ်ဖြစ်မှု မှတ်တမ်းများ ရှိသော အချိန်အကြာကြီး အရက်အလွန်အကျွံသောက်သောသူများတွင် ဖြစ်ပွားပါသည်။ အန ္တရာယ်ရှိသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက်များအတွက် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) ကဘာလဲ။ စိတ်ကစင့်ကလျားဖြစ်ရောဂါသည် နာတာရှည် စိတ်မကျန်းမာခြင်းတစ်မျိုးဖြစ်ပြီးတွေးခေါ်ခြင်းကိုဆိုးရွှားစွာအနှောင့်အယှက်ပေးပါသည်။ လူနာ၏ တွေးခေါ်ခြင်းသည် ရှုပ်ထွေးနေပြီးလက်ရှိအဖြစ်အပျက်များမှကွဲထွက်နေပါသည်။ တွေးခေါ်နိုင်နှုန်းသည်လည်း မြန်ချင် မြန် နှေးချင်နှေးကာရပ်တန့်ခြင်းတောင် ဖြစ်လာနိုင်ပါသည်။ ထိုကြောင့် စကားပြောနှုန်းသည်လည်း မြန်ခြင်း နှေးခြင်းစကားထစ်ခြင်းတို့ဖြစ်လာပါသည်။ ဤရောဂါသည် လူနာကိုတွေးခေါ်နိုင်စွမ်း နှင့် ပြဿနာကိုနားလည်သဘောပေါက်မှု ဆုံးရှုံးစေပါသည်။ စိတ်ကစင့်ကလျားဖြစ်ရောဂါဖြစ်သောသူများသည် ခေါင်းထဲတွင် အသံများကြားခြင်း နှင့် အမှန် မဟုတ်သည်များကို မြင်ခြင်း၊ တစ်ပါးသူရန်မူမည်ကိုကြောင့်ကြလွန်သောစိတ်ဖောက်ပြန်မှု စသည်တို့ကြောင့် ထူးခြားသောအပြုအမှုများရှိတတ်ကြပါသည်။ စိတ်ကစင့်ကလျားဖြစ်ရောဂါသည် နာတာရှည်ရောဂါဖြစ်၍ ကြာမြင့်စွာကုသမှု ခံယူခြင်းများလိုအပ်ပါသည်။ Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) က ဘယ်လောက်အဖြစ်များသလဲ လူအယောက် ၁၀၀တွင်၁ယောက်သည် စိတ်ကစင့်ကလျားဖြစ်ရောဂါ ရှိပါသည်။ အမျိုးသားများနှင့် အမျိုးသမီးများတွင် တူညီစွာ ဖြစ်ပွားသည်။ အမျိုးသားများတွင် ပျိုဖော်ဝင်ချိန် မှ အသက် ၂၅ အတွင်းငယ်ရွယ်စဉ်တွင် ရောဂါရနိုင်ပြီးအမျိုးသမီးများတွင် အသက် ၂၅ နှင့် အထက် တွင် […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

အလွန်အကျွံစားသုံးမိနေတဲ့ အကျင့်ကို ဒီလိုဖျောက်ပါ

အလွန်အကျွံစားသုံးမိနေတဲ့ အကျင့်ကို ဒီလိုဖျောက်ပါ .... ဗိုက်တင်းအောင်စားထားတာတောင်မှ စားစရာကို မြင်လိုက်ရင် စားချင်လာတယ်၊ တွေးလိုက်တာနဲ့ ကြားလိုက်တာနဲ့ ထပ်စားချင်လာတာမျိုးဖြစ်ဖူးလား။ ဒါဆိုရင်တော့ မဆာဘဲနဲ့ကို စိတ်မထိန်းနိုင်တာကြောင့် စားမိနေတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုကို ခံစားနေရတာပါ။ ဒါဆိုရင်တော့ ဒီလိုဖြစ်နေရတဲ့ အကြောင်းအရင်းကို သိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ပုံမှန်ထက် ပိုစားမိနေပြီလား............ ထမင်းကို ဝဝလင်လင်စားပြီးတာ မကြာသေးခင်မှာ မုန့်စားချင်တယ် ဒါမှမဟုတ် ထမင်းထပ်စားချင်လာတယ်ဆိုတာမျိုးတွေ ဖြစ်လာတဲ့အခါ စိတ်အလိုလိုက်ပြီး ထပ်စားမိလိုက်တယ်။ ဒါက အမှန်တော့ ခန္ဓာကိုယ်က လိုအပ်တဲ့ပမာဏထက် ပိုစားမိတာပါပဲ။ ဒါကို အလွန်အကျွံစားသုံးမိခြင်းလို့ ဆိုရပါမယ်။ ဒီလိုစားသုံးမှုက ခဏတာလောက်ပဲဆိုရင် ကိစ္စမရှိပေမယ့် အချိန်ကြာမြင့်စွာ စားသုံးမိမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်ခြေက တော်တော်လေးများနေပါပြီ။ အလွန်အကျွံစားသုံးမိတာကြောင့် ဘာတွေဖြစ်လာနိုင်လဲ.......... အလွန်အကျွံစားသုံးမိတာက အချိန်ကြာလာတဲ့အခါ အဝလွန်လာမယ် သွေးတွင်းကိုလက်စထရောများလာမယ် ဆီးချိုရောဂါခံစားလာရမယ် နှလုံးရောဂါခံစားလာရမယ် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သင့်အလုပ်ခွင်က သင့်ကိုစိတ်ဖိစီးစေလားဆိုတာကို သိနိုင်ဖို့

စိတ်ဖိစီးမှုကင်းစင်တဲ့ အလုပ်ခွင် နဲ့ လူနေမှုဘဝက ကိုယ်တိုင်ဖန်တီးမှရတာပါ။ တစ်နေ့တာမှာ ကိုယ်မှ စိတ်ဖိစီးနေတာ အခြားသူတွေက စိတ်မဖိစီးဘူးလို့ မထင်လိုက်ပါနဲ့။ လူတိုင်း စိတ်ဖိစီးစရာကိုယ်စီနဲ့ပါ။ဖြေရှင်းတတ်တာနဲ့ မဖြေရှင်းတတ်တာပဲကွာပါတယ်။ တစ်ခါတလေမှာ ကိုယ်တောင်မသိလိုက်ဘဲနဲ့ စိတ်ဖိစီးနေတာမျိုးရှိနေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်လုပ်ကိုင်နေရတဲ့ အလုပ်ခွင်က ကိုယ်မသိလိုက်ဘဲနဲ့ကိုယ့်ကို စိတ်ဖိစီးမှုပေးနေလားဆိုတာကို ဆန်းစစ်ကြည့်ရအောင်လား။ အလုပ်ခွင်က စိတ်ဖိစီးနေစေသလား......... အလုပ်ခွင်မှာ အလုပ်လုပ်ရင်းက အခုလိုခံစားလာရပြီဆိုရင် သင့်အနေနဲ့ အလုပ်ခွင်ကြောင့်စိတ်ဖိစီးနေတာဖြစ်နိုင်ပါတယ်။ အလုပ်ခွင်ကိုရောက်သွားတဲ့အခါတိုင်း စိတ်ရှုပ်သလိုခံစားရတယ် ပင်ပန်းနေတယ်လို့ခံစားရတယ် စိတ်ဓါတ်ကျနေမယ် အလုပ်တွေကို စိတ်မဝင်စားဘူးဖြစ်နေမယ် အာရုံစူးစိုက်ရခက်နေမယ် အိပ်စက်မှုမှာပြဿနာရှိနေမယ် အချိန်တိုင်းလိုလိုခြေကုန်လက်ပမ်းကျနေမယ် ကြွက်သားတွေတောင့်တင်းနာကျင်နေမယ် ခေါင်းကိုက်မယ် အစာအိမ်အောင့်မယ် ဗိုက်အောင့်ဗိုက်နာဖြစ်မယ် လူမှုဆက်ဆံရေးမကောင်းဘူးဖြစ်နေမယ် ဆေးလိပ်တွေ၊ အရက်တွေအများကြီးသောက်မိနေမယ်ဆိုရင်တော့ အလုပ်ခွင်က သင့်ကို စိတ်ဖိစီးနေစေတယ်ဆိုတဲ့ သဘောပါ။ ဘယ်လိုဖြေရှင်းမလဲ...... စိတ်ဖိစီးမှုဆိုတာကရေရှည်မွေးထားလို့ကောင်းတဲ့အရာမဟုတ်ပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုဖြစ်လာတဲ့အခါ အကောင်းဆုံးဖြေရှင်းဖို့လိုပါမယ်။ အကောင်းမြင်စိတ်ထားပါ အလုပ်ခွင်က ဖိအားများတယ်ဆိုရင်တောင်မှ စိတ်ညစ်လိုက်တာဆိုတဲ့ အတွေးနဲ့မရင်ဆိုင်ပါနဲ့။ ဒါက စိတ်ဖိစီးမှုကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း