စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

ကိုယ့်ကိုယ်ကို အကောင်းပြောအားပေးခြင်းက ဘယ်လိုခြားနားခြင်းတွေ ပေးစွမ်းနိုင်သလဲ

ကိုယ့်ကိုယ်ကိုယ်အကောင်းပြောအားပေးခြင်းကခြားနားမှုဖြစ်စေနိုင်လား ကိုယ့်ကိုယ်ကိုစကားပြောတယ်ဆိုတာကစိတ်ထဲမှာသင့်ကိုယ်ကိုသင်စကားပြောနေခြင်းပါ။ ယုံချင်ယုံ၊ မယုံချင်နေပါ။ သင့်ကိုယ်သင်ဘယ်လိုပြောလဲဆိုတာကသင့် စိတ်ခံစားချက်နဲ့အပြုအမူအပေါ်အများကြီးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့်လည်းသင့်ကိုယ် သင် ပြောဖြစ်တဲ့ကိုယ်လက်လှုပ်ရှားမှုအကြောင်းတွေ၊ ကျန်းမာရေးအကြောင်း တွေကိုသတိပြုမိဖို့လိုပါတယ်။ ဒါကသင့်ရဲ့အစီအစဉ်အတိုင်းလုပ်လုပ်မလုပ်လုပ်သင့်ရဲ့လုပ်ဆောင်ချက်တွေအပေါ်အကျိုးသက်ရောက်နိုင်ပါတယ်။ သင့်ကိုယ်သင် “ငါကကြံ့ခိုင်တဲ့အကောင်မှမဟုတ်တာ၊ဒီလိုလေ့ကျင့်ခန်းတွေဆက်လုပ်နိုင်မှာ မဟုတ်ပါဘူး” ဒီလိုမျိုးသင်ကျရှုံးစေနိုင်မယ့်စကားတွေမပြောပါနဲ့။ ကံကောင်းစွာနဲ့ပဲသင့်ရဲ့မကောင်းမြင်တဲ့မိမိကိုယ်ကို ပြောစကားတွေကိုလက်တွေ့ကျတဲ့အကောင်းမြင်တဲ့အတွေးတွေအနေနဲ့ ပြောင်းလဲနိုင်ပါတယ်။ နောက်တစ်ခါ လေ့ကျင့်ခန်းတွေနဲ့ပတ်သက်ပြီးသင့်အနေနဲ့မကောင်းတဲ့အတွေးတွေးမိရင်အဲဒီမကောင်းတဲ့အတွေးကိုပစ်ချပြီး ကောင်းမွန်တဲ့အားပေးစကားကိုမိမိကိုယ်ကိုပြန်ပြောနိုင်အောင်ကြိုးစားပါ။   အဆိုးမြင်အတွေးများနဲ့အကောင်းမြင်အတွေးများ   အဆိုးမြင်အတွေး ဥပမာ-ငါအရင်တစ်ပတ်ကတစ်ရက်မှလမ်းမလျှောက်ခဲ့ဘူး။ ငါဟာလေ့ကျင့်ခန်းဘက်မှာလုံးဝအရှုံးသမားပဲ။ အကောင်းဘက်ကပြန်တွေးရင်အရင်အပတ်က၇ရက်မှာ၄ရက်လမ်းလျှောက်ခဲ့တယ်။ ဘာလေ့ကျင့်ခန်းမှ မလုပ်တာထက်စာရင်တော့ပိုကောင်းတာပေါ့။   အကောင်းကိုအဆိုးတွေးခြင်း ဥပမာ-ငါကားကိုစတိုအပေါက်ဝကနေ အဝေးကြီးမှာ ပါကင်ထိုးတာက အနီးမှာထိုးစရာပါကင်ရှာမတွေ့လို့။ အကောင်းဘက်ပြန်တွေးရင် ။ ။ ငါလမ်းလျှောက်ရတာကြိုက်လို့၊လမ်းလျှောက်တာကကျန်းမာရေးလည်းကောင်းလို့။   အကြမ်းဖျင်းတွေးတောခြင်း ဥပမာ-ငါမပြေးနိုင်ဘူး။ ဒါကြောင့်ငါကျန်းမာရေးကောင်းဖို့လုံလောက်တဲ့လေ့ကျင့်ခန်းမရခဲ့ဘူး။ အကောင်းဘက်ပြန်တွေးရင်။ ။ ငါလမ်းလျှောက်ဖြစ်တာဝမ်းသာတယ်။ ဘာလေ့ကျင့်ခန်းမှမလုပ်တာထက်စာရင်တော့ပိုကောင်းတာပေါ့။   အဆိုးဘက်ကအဓိပ္ပါယ်ကောက်ခြင်း ဥပမာ-ဆရာဝန်ကငါလေ့ကျင့်ခန်းမလုပ်ခင်ခြေထောက်ကိုစစ်ဆေးခိုင်းတယ်။ ဒါက လေ့ကျင့်ခန်းလုပ်တာကငါ့ခြေထောက်အတွက်မကောင်းလို့နေမယ်။ အကောင်းဘက်ကတွေးရင်။ ။ ငါ့မှာဆီးချိုရှိတဲ့အတွက်ငါ့ခြေထောက်ကိုဂရုစိုက်ရမယ်။ ဆရာဝန်ကစစ်ဆေးခိုင်းလိုက်တာကောင်းတယ်။   တစ်ကိုယ်ကောင်းအတွေး ဥပမာ-မိုးလေဝသကငါနဲ့ဆန့်ကျင်ဘက်ပဲ။ ငါလမ်းလျှောက်ဖို့စီစဉ်ထားပေမယ့် မိုးက သည်းကြီးမည်းကြီး တောက်လျှောက်ရွာနေတယ်။ အကောင်းဘက်ကပြန်တွေးရင်။ ။ မိုးလေဝသဆိုတာခန့်မှန်းလို့မှမရပဲ။ ငါဒီနေ့လိုမျိုးမိုးရွာတဲ့နေ့တွေမှာအိမ်ထဲမှာပဲ လေ့ကျင့်ခန်းလုပ်မယ်


စွဲလမ်းမှုပြဿနာများ

လိင်စိတ်စွဲလမ်းခြင်း

ဒါဟာ အကူအညီ ဒါမှမဟုတ် ကုသမှုတစ်ခု ယူရမယ့် အရေးကြီးအခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ဘာတွေ လုပ်ဆောင်ရမယ်ဆိုတာကို ဆက်လက်ဖတ်ရှုကြည့်စေလိုပါတယ်။ လိင်စိတ်စွဲလမ်းခြင်း ဆိုတာ ဘာလဲ။ လူတစ်ယောက်ဟာ များပြားလှတဲ့ လိင်မှုဆိုင်ရာ အပြုအမူများကို ခဏခဏ ပြုလုပ်နေတဲ့ အခြေအနေမျိုးကို ခေါ်တာဖြစ်ပါတယ်။ လိင်စိတ်စွဲလမ်းခြင်းက ဘဝရဲ့ အစိတ်အပိုင်းတော်တော်များများအပေါ် အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိပါတယ်။ လိင်စိတ်စွဲလမ်းခြင်းရဲ့ သက်ရောက်မှုများ လိင်စိတ်စွဲလမ်းခြင်းက လူတစ်ယောက်ရဲ့ ဘဝအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ထင်ထင်ရှားရှားပဲ ရှိနေပါတယ်။ သူငယ်ချင်း၊ မိသားစု၊ စတဲ့ အပေါင်းအဖော်တွေနဲ့ ရင်းနှီးမှုအတိုင်းအတာ လျော့နည်းလာမယ် အလုပ်နဲ့ ပညာသင်ကြားမှုမှာ အာရုံစူးစိုက်မှု လျော့လာပြီး စွမ်းဆောင်ရည် ကျလာမယ် HIV ပိုး၊ ရေယုန်၊ ကြွက်နို့၊စတဲ့ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေလည်း ကူးစက်ခံရနိုင်တယ် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေ ထိခိုက်လာမယ် […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

အကြောင်းရင်းမရှိဘဲ ကြောက်ခြင်း။ သင့်မှာအကြောက်လွန်ရောဂါ ဖြစ်နေပြီလား။

သင်ဟာ ရုတ်တရက်ကြောက်လန့်ခြင်းဖြစ်ပြီး ထိုကြောက်လန့်မှုကို မိနစ်ပေါင်းများစွာကြာသည်အထိ ခံစားရတာမျိုးဖြစ်ဖူးပါသလား။ ဒီအခြေအနေတွင် သင်ဟာ တခြားဘာကိုမှမစဉ်းစားနိုင်အောင် သို့ အလုပ်ဆက်မလုပ်နိုင်အောင် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို အကြောက်လွန်ရောဂါလို့ ခေါ်တယ်။ အကြောက်လွန်ရောဂါအကြောင်းကို သင်ကြားဖူးလား။ ဆန်းစစ်ကြည့်ရအောင်။ သင့်ရဲ့လက္ခဏာတွေကို ဆန်းစစ်ကြည့်ပါ။ လူတော်တော်များများဟာ သူတို့ရဲ့ဘဝမှာ အကြောက်လွန်ခြင်းကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခံစားဖူးကြတယ်။ အကြောက်လွန်ခြင်းဟာ အလွန်ထိတ်လန့်စရာကောင်းပါတယ်။ အကြောက်လွန်နေချိန်တွင် သင်ဟာ ဘာကိုမှမတွေးနိုင်၊ အသက်မရှူနိုင်အောင် အသိစိတ်လွတ်နေတတ်တယ်။ အမှန်တကယ်အန္တရာယ်မရှိသော်လည်း အလွန်အမင်းစိတ်ပူနေတတ်တယ်။ စိတ်ဒဏ်ရာရစေတဲ့ စိတ်ဖိစီးမှု ကိုဖြစ်စေတဲ့ အဖြစ်အပျက်တွေကျော်လွန်သွားတဲ့အခါ ဒီလက္ခဏာတွေဟာ သက်သာသွားတတ်တယ်။ တချို့လူတွေက အကြောက်လွန်ခြင်းကြောင့် နှလုံးရပ်သွားတဲ့အထိ ပြင်းပြင်းထန်ထန်ဖြစ်သွားတတ်ကြတယ်။ အကယ်၍ သင့်မှာ အကြောက်လွန်ရောဂါရှိမယ်ဆိုရင် သင်ဟာဒီလက္ခဏာတွေကို ခံစားရနိုင်တယ်။ • သင်ဟာ ရုတ်တရက် အကြောက်လွန်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းကို ထပ်ခါထပ်ခါ ခံစားရနိုင်တယ်။ ဒီခံစားချက်က အမြဲလွှမ်းမိုးနေတတ်တယ်။ • တခါတလေ သင်ဟာ […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

မိမိကိုယ်ကို သတ်သေလိုခြင်းမှ ကျော်လွှားနိုင်ဖို့ နည်းလမ်း ၅ချက်

လူသားတိုင်းရဲ့ဘဝတွင် စိတ်ခံစားချက်နှင့် အတွေးအခေါ်တွေအပေါ် သက်ရောက်စေသော အကြောင်းအရင်းများစွာရှိတယ်။ လုပ်ငန်းခွင်ပြဿနာ၊ အိမ်ထောင်ရေးအဆင်မပြေမှုနှင့် ငွေကြေးပြဿနာတွေက လူတွေကို သတ်သေလိုစိတ်ဖြစ်စေနိုင်ပါတယ်။ ဒီဆောင်းပါးက လူတွေကို သတ်သေလိုတဲ့စိတ်ခံစားမှု နဲ့ အတွေးအခေါ်တွေကို ကျော်လွှားနိုင်အောင် ကူညီပါလိမ့်မယ်။ သင့်ရဲ့စိတ်ကို သန်မာအောင် ပျိုးထောင်ပါ။ ကြံ့ခိုင်သန်မာတဲ့ စိတ်ဓာတ်နှင့် ကိုယ်ခန္ဓာက သင့်ကို သတ်သေချင်တဲ့ အတွေးအခေါ်၊ ခံစားချက်နှင့် အပြုအမူတွေကနေ ကာကွယ်ပေးလိမ့်မယ်။ သင့်ရဲ့ ခံနိုင်ရည်နှင့် သည်းခံနိုင်မှုကို အောက်တွင်ပြထားတဲ့အချက်တွေက ကူညီနိုင်ပါလိမ့်မယ်။ •သင့်မိသားစုဝင်များ သူငယ်ချင်းများနှင့် ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ပါ။ သင့်ကို ကူညီထောက်ပံ့နေတဲ့သူတွေနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့။ သင်ဟာ တခြားလူတွေနှင့် ဝေးကွာနေတယ်လို့ ခံစားနေရပါက ပြန်လည်ဆက်သွယ်ဖို့ ကြိုးစားပါ။ သင်အကူအညီလိုပါက သူတို့က သင့်ကို ကူညီနိုင်ပါလိမ့်မယ်။ • လိုအပ်ပါက အကူအညီတောင်းပါ။ သင်ပျော်ရွှင်စေမယ့် အရာတွေလုပ်ဆောင်ပါ။ သင့်ပြဿနာဖြေရှင်းတဲ့ စွမ်းရည်ကို တိုးတက်အောင်လုပ်ပါ။ • […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သင်က ဆိုးဝါးတဲ့ ချစ်သူ ဖြစ်နေပြီဆိုတာပြတဲ့ အချက်၅ချက်

သင်ဟာ ဆိုးဝါးတဲ့ ချစ်သူ တစ်ယောက်ဖြစ်နေပြီလို့ သင်စဉ်းစားဖူးပါသလား။ အကယ်၍ သင်တို့ရဲ့ အချစ်ရေးဟာ ကြမ်းတမ်းနေတယ်။ ဒါပေမယ့် အဖြေကို ရှာမတွေ့ဘူး ဆိုရင်တော့ သင့်ကိုသင် ပြန်လည်းဆန်းစစ် ကြည့်သင့်ပါပြီ။ သင်ဟာ ဆိုးဝါးတဲ့ ချစ်သူ တစ်ယောက် ဖြစ်နေပြီဆိုတာ ပြောနိုင်တဲ့ အချက် ၅ချက်ရှိပါတယ်။ သင်က ဆိုးဝါးတဲ့ ချစ်သူ ဖြစ်နေပြီဆိုတာပြတဲ့ အချက်၅ချက် သင်ကဆိုးဝါးတဲ့ ချစ်သူ ဖြစ်နေပြီဆိုတာပြတဲ့ အချက်တွေက ၁။ အရာရာတိုင်းဟာ သင့်ကိစ္စပဲ ဖြစ်နေခြင်း သင်တို့ နှစ်ယောက်ဟာ ဘာပဲ စီစဉ်ထားထား အရာရာတိုင်းဟာ သင့် အရေးကိစ္စပဲ အမြဲဖြစ်နေတတ်ပါတယ်။ သင်တို့နှစ်ယောက် လုပ်မယ့် အရာတွေမလုပ်ခင်မှာ သင့်ရဲ့ ခွင့်ပြုချက်တွေကို ယူနေရတာမျိုးတွေ၊ သူ့မှာ ဘာကိစ္စပဲရှိပါစေ သင့်ရဲ့ဘေးမှာ တစ်နေ့လုံး ရှိနေစေချင်တာမျိုးတွေ၊ သင်ဟာ သူ့ရဲ့ အရေးအကြီးဆုံးနဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ကူးယဉ်တာဟာ ဖန်တီးနိုင်စွမ်းအားကောင်းတာရဲ့ လက္ခဏာတခု

စိတ်ကူးယဉ်တာတွေဟာ ကျွန်တော်တို့ အသက်ကြီးလာတာနဲ့ အမျှ တဖြည်းဖြည်းနဲ့ လျော့နည်းလို့ လာပါတယ်။ စိတ်ကူးယဉ်တဲ့ အရာတွေကို တကယ်လိုက်လုပ်ဖို့ အချိန်ရှားပါးလေ စိတ်ကူးယဉ်တာ နည်းလေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ကူးယဉ်တတ်ခြင်းဟာ သင့်ကို ဖန်တီးနိုင်စွမ်းနဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းစတဲ့ စွမ်းရည်တွေ တိုးတက်လာစေတယ်လို့ နောက်ပိုင်း လေ့လာစမ်းစစ်ချက်တွေအရ သိရပါတယ်။ •တချို့အခြေအနေတွေမှာတော့ စိတ်ကူးယဉ်တာဟာ အကျိုးမရှိတဲ့အပြင် အန္တရာယ်တောင် ရှိနိုင်ပါသေးတယ်။ဥပမာ လွယ်လွယ်ပြရရင် ကျောင်းသားတွေ အရေးကြီးလက်ချာချိန်မှာ စိတ်ကူးယဉ်နေတာမျိုးပေါ့။ ဖန်တီးနိုင်စွမ်း ကောင်းမကောင်းတော့ မသိဖူး၊စာမေးပွဲ ကျဖို့တော့ များနေပါပြီ။ လုပ်ငန်းခွင်မှာ စိတ်ကူးယဉ်ရင်တော့ စာမေးပွဲ ကျတာထက်ဆိုးသွားပါလိမ့်မယ်။ အသက်အန္တရာယ်တွေပါ တသီတတန်းကြီးရှိလာမှာပါ။ လေယာဉ်တွေပျံသန်းတာကို ထိန်းချုပ်တဲ့ အလုပ်မျိုး၊ဆရာဝန်တွေ ခွဲစိတ်တဲ့ အလုပ်မျိုးတွေမှာ အာရုံစူးစိုက်မှုက တစ်ရာ ရာခိုင်နှုန်း အရေးကြီးလှပါတယ်။ •အရှေ့မှာ ပြောခဲ့သလိုပဲ စိတ်ကူးယဉ်ခြင်းဟာ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ချစ်ခြင်းမေတ္တာက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ

လူတွေဟာ မွေးဖွားလာတဲ့ အချိန်ကစပြီး တဦးနဲ့တဦး ဆက်သွယ်ဖို့ ကြိုးစားကြပါတယ်။။ ချစ်ခြင်းမေတ္တာဟာ လူတယောက်နဲ့ တယောက်ကြားမှာ ဆက်သွယ်ပေးနိုင်တဲ့ အလှပဆုံး နဲ့ အားအင်အရှိဆုံးအရာပါ။၁၅၀၀ချစ်ခြင်းကနေ အသည်းကွဲ ပူဆွေးတာတွေ နာကျင်ရတာတွေ ခံစားရတယ်လို့ လူအများစုက ဆိုကြပေမယ့် ပျော်ရွှင်ပြီး တည်ငြိမ်တဲ့ သမီးရည်းစား၊အကြင်လင်မယား ဆက်ဆံရေးဟာ ကျန်းမာရေးအတွက် များစွာ အကျိုးကျေးဇူး ဖြစ်စေတယ်လို့ဆိုပါတယ်။ (၁) ကျန်းမာရေးပိုကောင်းမယ်။ အိမ်ထောင်ရှိသူတွေဟာ လူပျိုလူလွတ်တွေထက် ကျန်းမာရေးပိုကောင်းပြီး ဖျားနာခဲတယ်လို့ ဆိုပါတယ်။ တကယ်လို့ ဖျားပြီနာပြီဟေ့ဆိုရင်တောင် မြန်မြန်ဆန်ဆန်ပဲ ပြန်ကောင်းသွားတတ်ကြပါသတဲ့။ ဒါဟာဘာလို့လဲဆိုတော့ လူတွေဟာ သူတို့ရဲ့ လူမှုဆက်ဆံရေးလိုဘတွေ ပြည့်ဝနေရင် ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ပိုပြီးကောင်းကောင်း အလုပ်လုပ်လို့ပါလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒါတင်မကသေးပါဖူး အိမ်ထောင်ရှိသူတွေဟာ မိမိကိုယ်ကိုလည်း ပိုပြီး ဂရုတစိုက်ရှိတတ်ကြပါတယ်တဲ့။ ဒီလိုမဟုတ်ဖူးဆိုရင်တောင် ကြင်နာယုယ ဂရုစိုက်တတ်တဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

body dysmorphic disorder အကြောင်း သိကောင်းစရာ

body dysmorphic disorder ဟာ အရမ်းအန္တရာယ်ကြီးပါတယ်။ ဘာလို့လည်းဆိုတော့ ဒီရောဂါဟာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်လို့ပါပဲ။ ဒါ့အပြင် ဒီရောဂါဟာ လူအများအပြားရဲ့ ဘဝကို အနှောင့်အယှက်ပေးနေတာကြောင့် body dysmorphic disorder ရောဂါကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါဖူး။ Body dysmorphic disorder ဆိုတာဘာလဲ Body dysmorphic disorder ဆိုတာဟာ လူတယောက်အနေနဲ့ သူ့မှာရှိတဲ့ တခု ဒါမှမဟုတ် တခုထက်ပိုတဲ့ ရုပ်ပိုင်းဆိုင်ရာ အပြစ်အနာအဆာတွေကို တချိန်လုံးစိတ်ထဲမှာ တွေးတွေးပြီး သောကရောက်နေတဲ့ စိတ်ရောဂါ တမျိုးပဲ ဖြစ်ပါတယ်။ ပြဿနာက သူကသာ အကြီးအကျယ် စိတ်ထိခိုက်နေပေမယ့် အဲ့ဒီ အပြစ်အနာအဆာတွေဆိုတာဟာ တခြားသူတွေအတွက် သတိတောင်မထားလိုက်မိမယ့် အသေးအမွှား အပြစ်အနာအဆာမျိုးလေးတွေသာ ဖြစ်နေလေ့ရှိတာပါ။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ဒါကိုသာ စွဲနေတဲ့အတွက် အင်မတန်ရှက်ရွံ့နေသလို […]


စွဲလမ်းမှုပြဿနာများ

ကာမ စွဲလန်းခြင်း -ဖြစ်ပွားမှုအကြောင်းအရင်းများနှင့် ကုသမှု

လိင်စိတ်စွဲလမ်းခြင်း - ဖြစ်စေသော အကြောင်းရင်းနှင့် ကုသမှုများ ဒါဟာ အကူအညီ ဒါမှမဟုတ် ကုသမှုတစ်ခု ယူရမယ့် အရေးကြီးအခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ဘာတွေ လုပ်ဆောင်ရမယ်ဆိုတာကို ဆက်လက်ဖတ်ရှုကြည့်စေလိုပါတယ်။ လိင်စိတ်စွဲလမ်းခြင်း ဆိုတာ ဘာလဲ လူတစ်ယောက်ဟာ များပြားလှတဲ့ လိင်မှုဆိုင်ရာ အပြုအမူများကို ခဏခဏ ပြုလုပ်နေတဲ့ အခြေအနေမျိုးကို ခေါ်တာဖြစ်ပါတယ်။ လိင်စိတ်စွဲလမ်းခြင်းက ဘဝရဲ့ အစိတ်အပိုင်းတော်တော်များများအပေါ် အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိပါတယ်။   လိင်စိတ်စွဲလမ်းခြင်းရဲ့ သက်ရောက်မှုများ လိင်စိတ်စွဲလမ်းခြင်းက လူတစ်ယောက်ရဲ့ ဘဝအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ထင်ထင်ရှားရှားပဲ ရှိနေပါတယ်။ သူငယ်ချင်း၊ မိသားစု၊ စတဲ့ အပေါင်းအဖော်တွေနဲ့ ရင်းနှီးမှုအတိုင်းအတာ လျော့နည်းလာမယ် အလုပ်နဲ့ ပညာသင်ကြားမှုမှာ အာရုံစူးစိုက်မှု လျော့လာပြီး စွမ်းဆောင်ရည် ကျလာမယ် HIV ပိုး၊ ရေယုန်၊ ကြွက်နို့၊စတဲ့ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေလည်း […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အိမ်ရှင်မများ လင်ယောကျ်ားကို မပြောဖြစ်တဲ့ လျှို့ဝှက်ချက် ၁၁ချက်

ကမ္ဘာပေါ်မှာရှိတဲ့ ယောက်ျားအတော်များများအတွက် မိန်းမတွေဆိုတာ အမြဲဆန်းပြားပြီး နားမလည်နိုင်တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဆီမှာ လင်ယောက်ျားကိုတောင် မပြောပြတဲ့ လျှို့ဝှက်တဲ့ အရာတွေ အများကြီးရှိနေတတ်ပါတယ်။ ဒါဟာ ဘာလို့လဲဆိုတော့ မိန်းမတွေဟာ သူတို့သာ အကုန်အမှန်အတိုင်းပြောလိုက်မယ်ဆိုရင် ဖြစ်လာမယ့် အရာတွေ အကုန်လုံးကို ဂရုစိုက်လို့ပါပဲ။ ဒါ့ကြောင့် သူတို့ဆီမှာ လျှို့ဝှက်ချက် တွေ အများကြီးရှိနေတယ်ဆိုတာဟာ နားလည်ဖွယ်ရာဖြစ်ပါတယ်။ ဒီလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ အမျိုးသားတွေဟာ အောက်ဖော်ပြပါ အချက်တွေကိုလေ့လာသင့်ပါတယ်။ အမျိုးသမီးတွေ ထားလေ့ရှိတဲ့ လျှို့ဝှက်ချက် တွေကို ဖော်ထုတ်နိုင်ဖို့ ၁။ သူတို့ဝယ်တဲ့ အရာတွေဟာ သူတို့သင်တို့ကို ပြောထားတဲ့ ဈေးနှုန်းထက် နှစ်ဆယ်ရာခိုင်နှုန်းလောက် ပိုမိုကုန်ကျပါတယ်။ ဒါဟာ ရယ်စရာကောင်းပေမယ့် အမှန်ပါပဲ။ ရိုးသားခြင်းဆိုတာ ဆက်ဆံမှုတစ်ခုမှာအဓိကကျတယ်ဆိုတာ နားလည်ပေမယ့် သူတို့ဝယ်တဲ့ အရာတစ်ခုခု (ခေါင်းလျှော်ရည်၊ အဝတ်အစား၊ ဖိနပ်) ရဲ့ ဈေးနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း