စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျရောဂါခံစားရသူများတွင် တွေ့ရလေ့ရှိသည့် လက္ခဏာများ

စိတ်ညစ်ညူးရခြင်းသည် ဘဝတွင်ဖြစ်လေ့ဖြစ်ထရှိသောလက္ခဏာတစ်ခုပင်ဖြစ်သည်။ လူရယ်လို့ဖြစ်လာလျှင် ခံစားချက်များနှင့်ပတ်သက်၍ အားနည်းချက်များရှိစမြဲပင်ဖြစ်သည်။ အလုပ်တွင်မအောင်မြင်၍ သို့မဟုတ် ချစ်သူရည်းစားနှင့် အဆင်မပြေဖြစ်၍ စိတ်ဓါတ်ကျဆင်းခြင်းသည် သင့်မှာစိတ်ကျရောဂါ ဖြစ်ပွားနေပြီဟု မဆိုလိုပါ။ သို့သော် သင့်ဘဝအား အနှောင့်အယှက်ပေးလာသည်အထိ လွန်ကဲသောစိုးရိမ်ကြောင့်ကြမှုနှင့် ဝမ်းနည်းစိတ်ထိခိုက်ရခြင်းများ ခံစားနေရပြီဆိုလျှင်တော့ ဆေးပညာရှင်များထံတွင် အကူအညီတောင်းခံသင့်ပြီဖြစ်သည်။ စိတ်ကျရောဂါခံစားရသူများထံတွင် တွေ့ရလေ့ရှိသည့် လက္ခဏာများ စိတ်ကျန်းမာရေးတက္ကသိုလ်မှ စိတ်ကျရောဂါခံစားရသူများ၏ လက္ခဏာများကိုအောက်ပါကဲ့သို့ ဖော်ပြထားသည်။ အာရုံစူးစိုက်၍မရခြင်း သတိမေ့လျော့တတ်ခြင်း ဆုံးဖြတ်ရခက်ခဲခြင်း မိမိကိုယ်ကိုအပြစ်တင်ခြင်း မိမိကိုယ်ကိုစိတ်ပျက်ခြင်း ကူကယ်ရာမဲ့ ခံစားရခြင်း အဆိုးမြင်ခြင်း အိပ်ချိန်ပုံမှန်မဟုတ်ခြင်း (အလွန်အကျွံအိပ်စက်ခြင်းသို့မဟုတ် အိပ်မပျော်ခြင်း) ဂနာမငြိမ်ဖြစ်ခြင်း မည်သည့်အရာကိုမျှ စိတ်ဝင်စားမှုမရှိခြင်း (လိင်ဆက်ဆံခြင်းအပါအဝင်) အစားအသောက်ပုံစံပြောင်းလဲလာခြင်း (အစာစားချင်စိတ်တိုးလာခြင်းသို့မဟုတ် လျော့ကျသွားခြင်း) ဆေးဝါးဖြင့်မသက်သာသည့် ခန္ဓါကိုယ်ပိုင်းဆိုင်ရာနာကျင်ခြင်း အထီးကျန်သည်ဟုခံစားရခြင်း မိမိကိုယ်ကိုသတ်သေမည့်အတွေးများတွေးခြင်း၊ သတ်သေရန်ကြိုးစားအားထုတ်ခြင်း   စိတ်ကျခြင်းကြောင့် မိမိကိုယ်ကိုသတ်သေလိုသည့် လက္ခဏာများ စိတ်ကျခြင်းသည် မိမိကိုယ်ကိုသတ်သေခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။ မိမိကိုယ်ကိုသတ်သေချင်စိတ်ပေါ်လာလျှင် လေးလေးနက်နက် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အသက် ၂၀ ကျော် ၃၀ ကြား ဘဝအခက်အခဲများ ဘယ်လိုကျော်ဖြတ်မလဲ

သင်ဟာ ငယ်ရွယ်တယ်၊ အကြမ်းခံနိုင်တယ်၊ လွတ်လပ်တယ်။ ဒါတွေကြောင့် အသက် ၂၀ ကျော် ၃၀ကြား ကာလဟာ သင့်ဘဝအတွက် အကောင်းဆုံး နှစ်တွေဖြစ်နိုင်ပါတယ်။ သင့်ကိုယ်သင် သတ်မှတ်နိုင်ပြီးတော့ သင်နှစ်သက်တဲ့ အလုပ်လမ်းကြောင်းကို ဦးတည်နိုင်ပါတယ်။ ဒါပေမယ့် သင်ဘယ်သူလဲ၊ ဘာလိုချင်တာလဲ၊ ဘယ်ကိုသွားမှာလဲဆိုတာ ကိုယ့်ကိုယ်တိုင်မသိဘဲ အရွယ်ရောက်ဖို့ သိပ်မလိုတော့ဘူးဆိုတာ နားလည်ချိန်မှာတော့ တုန်လှုပ်သွားနိုင်ပါတယ်။ အောက်ဖော်ပြပါ အချက်တွေကတော့ ဒီအရွယ်မှာ တွေ့ရတတ်တဲ့ ဘေးကျပ်နံကျပ်ကာလကို ဘယ်လိုရင်ဆိုင်မလဲဆိုတာတွေ ဖြစ်ပါတယ်။ ကဲ ..... အသက် ၂၀ ကျော် ၃၀ ကြား ဘဝအခက်အခဲများ ဘယ်လိုကျော်ဖြတ်မလဲ ..... ဆိုတာ ကြည့်လိုက်ရအောင်နော်။ အသက် ၂၀ ကျော် ၃၀ ကြား ဘဝအခက်အခဲများ ဘယ်လိုကျော်ဖြတ်မလဲ အသက် ၂၀ ကျော် ၃၀ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အာရုံစူးစိုက်မှုကို တိုးတက်စေမယ့် နည်းလမ်း ၁၂ခု

အာရုံစူးစိုက်နိုင်မှုဟာသင့်ဘဝအောင်မြင်မှု ရရှိဖို့ မရှိမဖြစ်ပါ။ တစ်ကယ်လို့ သင့်မှာအာရုံမစူးစိုက်နိုင်တဲ့ရောဂါ (ADHD) ရှိခဲ့မယ်ဆိုရင် (သို့) ပုံမှန်ကကိုလျှောက်တွေးနေမိမယ်ဆိုရင် သင်လုပ်ရမယ့်တာဝန်တွေကို ပြီးဆုံးအောင် လုပ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် စိုးရိမ်စရာမရှိပါဘူး။ သင့်ဦးနှောက်ကို အကောင်းဆုံးအာရုံစူးစိုက်မှု ရနိုင်အောင် ပြုပြင်မရနိုင်သော်လည်း သင့်မှာရှိသလောက်နဲ့ တိုးတက်အောင်လုပ်လို့ရပါတယ်။ ဘယ်ဟာတွေကိုအရင်လုပ်ရမလဲဆုံးဖြတ်ပါ။ အာရုံစူးစိုက်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ဘာပြီးရင် ဘာလုပ်မယ်ဆိုတာကိုရေးမှတ်ထားပါ။ ပြီးရင် အရေးကြီးတဲ့ အရာတွေလုပ်ဖို့ သင့်အာရုံကိုအသုံးပြုပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အာရုံစိုက်လို့မရတော့ဘူးဆိုရင်တောင် အရေးမကြီးတဲ့အရာတွေပဲကျန်တော့လို့ ကိစ္စမရှိတော့ပါဘူး။ အီးမေးလ်တွေဖတ်ဖို့ အချိန်သတ်မှတ်ပါ။ အီးမေးလ်တွေကိုရောက်ရောက်ချင်းဖတ်မယ့် အစားအီးမေးလ်ရောက်ကြောင်းအသိပေးချက်တွေကိုပိတ်ထားပြီးနောက်မှ အကုန်လုံးဖတ်ဖို့ အချိန်သတ်မှတ်လို့ရပါတယ်။ ဝင်လာတဲ့ အီးမေးလ်တွေဟာသင့်ကိုအာရုံပျက်ပြားစေတာကြောင့် အချိန်တစ်ခုသတ်မှတ်ပြီးဖတ်ခြင်းဟာသင့်ကိုဒုက္ခကင်းဝေးစေပါလိမ့်မယ်။ ကွန်ပျူတာကိုလည်းအပေါ်ကအတိုင်းပြုလုပ်ပါ။ တကယ်လို့ သင့်အလုပ်ကကွန်ပြူတာအသုံးပြုဖို့မလိုဘူးဆိုရင် သင့်အလုပ်ကို အွန်လိုင်းပေါ်ကအရာတွေနှောက်ယှက်မှုက ကင်းဝေးအောင် ကွန်ပျူတာသာ ပိတ်ထားလိုက်ပါ။ ဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေ ထားပါ။ တကယ်လို့ အလုပ်တစ်ခုကသင့်အတွက် အရမ်းကြီးမားနေပြီး သင့်ကိုစိုးရိမ်စေတယ်ဆိုရင် အလုပ်ကိုကိုယ်ပြီးမြောက်နိုင်တဲ့ သေးငယ်တဲ့အပိုင်းလေးတွေ အဖြစ်ခွဲထားလိုက်ပါ။ ဒါဆိုအလုပ်ကိုသင်လုပ်နိုင်တယ်လို့ ခံစားရပါလိမ့်မယ်။ အလုပ်လုပ်ဖို့ နေရာရွေးချယ်ပါ။ မတူညီတဲ့နေရာတွေမှာ […]


စွဲလမ်းမှုပြဿနာများ

လိင်မှုဆိုင်ရာ ဆွဲဆောင်မှုနှင့် တိမ်းညွတ်မှု

လိင်မှုဆိုင်ရာဆွဲဆောင်မှုနှင့် တိမ်းညွတ်မှု လူတွေဟာကလေးဘဝကို ဖြတ်သန်းပြီးဆယ်ကျော်သက်ဘဝနဲ့ နောက်ပိုင်း ဖြစ်လာခဲ့အခါ သူတို့ရဲ့ ကိုယ်ခန္ဓါတွေဟာလည်းပြောင်းလဲတိုးတက်လာပါတယ်။ သူတို့ရဲ့ စိတ်ခံစားမှုတွေဟာလည်းဒီအတိုင်းပါပဲ။ ဆယ်ကျော်သက်အရွယ်ဆိုတာပြောင်းလဲတတ်တဲ့ အရွယ်ပါပဲ။ ဆယ်ကျော်သက်အရွယ်မှာပျိုဖော်ဝင်ချိန်ရဲ့ ဟော်မုန်းတွေ ခန္ဓါကိုယ်အပြောင်းအလွဲတွေဟာလိင်ပိုင်းဆိုင်ရာခံစားမှုတွေကို နှိုးဆွစေနိုင်ပါတယ်။ ဆန်းသစ်တဲ့ လိင်ပိုင်းဆိုင်ရာခံစားမှုတွေကိုတွေးတောတာ၊ တစ်ခါတစ်ရံစိတ်ပူပန်တာဟာအဖြစ်များတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဘယ်လိုလူလဲ၊ ဘာဖြစ်လာမှာဆိုတာနားလည်ဖို့အတွက် အချိန်ကြာတတ်ကြပါတယ်။ ကိုယ့်ရဲ့ ဆန်းသစ်တဲ့ လိင်မှုဆိုင်ရာခံစားချက်တွေကိုနဲ့ ကိုယ်ဘယ်သူ့ကို ကြိုက်နှစ်သက်လဲဆိုတာသေချာနားလည်ဖို့ဟာလည်းအထက်ဖေါ်ပြပါ အချက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လိင်မှုဆိုင်ရာတိမ်းညွတ်မှုဆိုတာဘာလဲ။ လိင်မှုဆိုင်ရာတိမ်းညွတ်မှုဆိုတာအခြားသူတစ်ယောက်ထံစိတ်ခံစားမှုဆိုင်ရာ၊ စိတ်ကူးယဉ်ဆန်မှုဆိုင်ရာနဲ့လိင်ပိုင်းဆိုင်ရာဆွဲဆောင်ခြင်းခံရမှုကိုဆိုလိုပါတယ်။ လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှု အများအပြားရှိပါတယ်။ ဥပမာ လိင်မတူကာမဆက်ဆံမှုကို နှစ်သက်သောအမျိုးအစား - ကိုယ်နဲ့ လိင်မတူသူကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ကြိုက်နှစ်သက်တာဖြစ်ပါတယ်။ ယောက်ျားလေးတွေဟာမိန်းကလေးတွေကို ကြိုက်နှစ်သက်တာမျိုးဖြစ်ပြီးမိန်းကလေးတွေဟာယောက်ျားလေးတွေကို နှစ်သက်တာမျိုးဖြစ်ပါတယ်။ သူတို့ကို “straight” လို့ ခေါ်ဆိုကြပါတယ်။ လိင်တူကာမဆက်ဆံမှုကို ကြိုက်နှစ်သက်သူ - လိင်တူကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ကြိုက်နှစ်သက်တာဖြစ်ပါတယ်။ မိန်းကလေးတွေဟာတစ်ခြားမိန်းကလေးကို ကြိုက်နှစ်သက်ခြင်းကိုယောက်ကလျာ (lesbian) လို့ သတ်မှတ်ပြီးယောက်ျားအချင်းချင်း ကြိုက်နှစ်သက်တာကိုတော့ ဂေးလို့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ပျော်ရွှင်မှုကိုတိုင်းတာနည်း

ပျော်ရွှင်မှုကိုစိတ်ကျေနပ်နေသော ခံစားမှုများဟုယေဘူယျအားဖြင့်အဓိပ္ပါယ်သတ်မှတ်သည်။ ထို့ကြောင့် ထိုခံစားမှုကိုမည်သို့တိုင်းတာမည်နည်း။ ထိုကိစ္စမှာကိုင်တွယ်၍လက်ဆုပ်လက်ကိုင်ပြ၍မရသောစိတ်ဖြစ်သည့်အတွက် အနည်းငယ်ခက်ခဲပါသည်။ လက်တွေ့အသုံးချစိတ်ပညာတွင် ကျွမ်းကျင်သူနှင့် သုတေသီများက လူတစ်ဦးချင်းစီ၏ဘ၀ ၊ စိတ်အခြေအနေနှင့် ခံစားမှုများကိုတိုင်းတာရန် “ တစ်ဦးချင်းစီ၏ကျေနပ်ကျန်းမာခြင်း ” ဟူသောသဘောတရားကိုအသုံးပြုထားပါသည်။ တစ်ဦးချင်းစီ၏ကျေနပ်ကျန်းမာခြင်းကိုဖွဲ့စည်းထားရှိမှု အကြောင်းအရာ ( ၃) ခုပါဝင်ပါသည်။ အပြုသဘောအကျိုးသက်ရောက်မှု ၊ အဆိုးမြင်သက်ရောက်မှု နှင့်ဘဝကိုကျေနပ်လက်ခံခြင်းတို့ဖြစ်သည်။ ထိုအကြောင်းအရာများသည် သင့်ဘဝ၏တွေ့ကြုံခဲ့ရသည်များမှတစ်ဆင့် သင့်စိတ်အခြေအနေနှင့် ခံစားမှုများကိုထင်ဟပ်နေသည်။ သင်ခံစားခဲ့ရသည်များကကောင်းမွန်သာယာသောအခါ “ အပြုသဘောအကျိုးသက်ရောက်မှု ” မှုများဖြစ်လာပြီး ၊ ကျေနပ်ဖွယ်မကောင်းသောအခါ “ အဆိုးမြင်သက်ရောက်မှု” များဖြစ်လာသည်။ နောက်ဆုံးဖြစ်သော “ဘဝကိုကျေနပ် လက်ခံခြင်း ” သည်သင်ကိုယ်တိုင်ကသင့်ဘဝတစ်ခုလုံးကိုအကဲဖြတ်ခြင်းဖြစ်သည်။ ထိုကိစ္စတွင်သင်ကိုယ်တိုင်မေးခွန်းများကိုမေး၍ ဖြေဆိုရမည်။ ဥပမာ “မင်းဘဝကိုမင်းကျေနပ်သလား” (သို့မဟုတ်) “မင်းဘဝမှာလိုချင်တာတွေကိုမင်းရခဲ့လား” (သို့မဟုတ်) “မင်းကြုံတွေ့ခံစားခဲ့ရတာတွေအားလုံးကိုပြောင်းလဲပစ်ချင်သလား” စသည်တို့ဖြစ်သည်။ လူတို့သည်ကြုံတွေ့ခဲ့ရသည်များကိုရွေး၍မှတ်မိတတ်ရာလူတို့၏ဘဝကိုလက်ခံခြင်း၌ အကဲဖြတ်ခြင်းသည်သင့်ဘဝသင်ကျေနပ်ခြင်းက ဘဝတစ်ခုလုံးတွင်ခံစားခဲ့ရသော […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

သင့်အား စိတ်ဆင်းရဲစေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အမူအကျင့် ကိုးခု

အချိန်ကြာလာတာနဲ့အမျှ သင့်ကိုစိတ်ဆင်းရဲစေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာအမူအကျင့် ကိုးမျိုးအကြောင်းကို ဒီဆောင်းပါးတွင် အသေးစိတ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ 1. အခြားသူများကိုခွင့်မလွှတ်ခြင်း လူတစ်ယောက်ကို ခွင့်လွှတ်ခြင်းဆိုတာ သူတို့ရဲ့ဆိုးဝါးတဲ့ အပြုအမူကိုသက်သာအောင်၊ အမှားတွေကိုသေးအောင်ပြုလုပ်ပေးတာမျိုးကို မဆိုလိုပါဘူး။ ဘာကိုဆိုလိုလဲဆိုတော့ သူတို့ရဲ့ အပြုအမူဟာ သင့်ကိုထိခိုက်အောင် မလုပ်နိုင်တော့တာပဲ ဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်းကြောင့် သင့်ရဲ့ စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျခြင်း၊ ရန်လိုခြင်းတွေကိုလျော့ကျစေပြီးမိမိကိုယ်ကိုတန်ဖိုးထားမှုနဲ့ ခန္ဓါကိုယ်ကျန်းမာရေးကိုတိုးတက်စေနိုင်ပါတယ်။ 2. သင့်ကိုယ်သင် ခွင့်မလွှတ်ခြင်း ကိုယ်အရင်တုံးကပုခဲ့မိတဲ့ အရာတစ်ခုကြောင့် မိမိကိုယ်ကိုခွင့်မလွှတ်နိုင်ခြင်းဟာလည်း သင့်ဘဝကို ခါးသီးစေမှာပါ။ အတိတ်မှာပဲတစ်ဝဲလည်လည် ဖြစ်နေမယ့်အစား ကောင်းမွန်တဲ့အရာတွေကို ပစ္စုပ္ပန်မှာလုပ်နိုင်အောင်ပဲ ကြိုးစားရမှာပါ။ 3. တွေးခေါ်ပုံမှားယွင်းခြင်း တွေးခေါ်ပုံမှားယွင်းတယ်ဆိုတာ သင်ပြုလုပ်ခဲ့တဲ့ ကောင်းတဲ့အရောတွေထက် မှားယွင်းခဲ့တဲ့ အရာတွေကို ပိုမိုအာရုံစိုက်တွေးတောမိတာကို ဆိုလိုတာပါ။ ဒီလိုတွေးပုံတွေးနည်းမျိုးဟာလူတွေ၊ ပစ္စည်းတွေ၊ နေရာတွေနဲ့ ပြုလုပ်ပုံတွေကိုအကုန် မကောင်းတဲ့ ဘက်ကပဲ မြင်တာမျိုး ဖြစ်စေနိုင်ပါတယ်။ 4. အခြားလူများအပေါ် စံနှုန်းမြင့်မားစွာထားခြင်း လူတွေကသင့်ကိုမကြာခဏစိတ်ပျက်စေတယ်လို့ တွေးမိပြီဆိုရင်တော့ သင်ကိုယ်တိုင်လိုက်နာဖို့ခက်ခဲတဲ့စံနှုန်းတွေနဲ့ အခြားသူတွေပေါ်မှာသင်တိုင်းတာနေလို့ပဲဖြစ်မှာပါ။ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အောက်ဆီတိုစင်ဟော်မုန်း Oxytocin၏ ကျွန်ုပ်တို့၏စိတ်ခံစားမှုများအပေါ်အကျိုးသက်ရောက်မှု

အကျိုးသက်ရောက်မှုများအောက်ဆီတိုစင်ဟော်မုန်း၏ ချစ်ခြင်းမေတ္တာဆိုင်ရာ ခံစားရမှုများနှင့် လူမှုပေါင်းသင်း ဆက်ဆံရေးဆိုင်ရာ အခန်းကဏ္ဍများကို ကောင်းစွာသိရှိခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် မကြာခင်က ပြုလုပ်သော လေ့လာမှုအသစ် တစ်ခုတွင် ထိုဟော်မုန်း၏ ကျေးဇူးတရားနှင့် ပတ်သက်သော ခံစားချက်များ ၊ အကောင်းမြင်ခြင်း ခံစားချက်များတွင် ပါဝင်မှုကိုလည်း ဖော်ပြခဲ့သည့်အတွက် သုတေသီများက ကျွန်ုပ်တို့၏ ကျန်းမာရေးနှင့် နေထိုင်ကောင်းမှုတွင် စိတ်တည်ငြိမ်ခြင်း မှတစ်ဆင့် ရရှိလာသော အကျိုးကျေးဇူးများတွင်လည်း ထိုဟော်မုန်းက ပါဝင်ပတ်သက်နေမှုများကို လေ့လာရန် အချက်အလက်များကို ဖော်ပြခဲ့ကြသည်။ အောက်ဆီတိုစင်ဟော်မုန်း၏အခန်းကဏ္ဍ အမျိုးသမီးများတွင် အောက်ဆီတိုစင်ဟော်မုန်းသည် အရေးပါသော ဟော်မုန်းတစ်ခု ဖြစ်ပါသည်။ ဦးနှောက်တွင်းရှိ ဟိုက်ပိုသဲလ်မက်စ် ( Hypothalamus ) ဟုခေါ်သော နေရာမှ ထိုဟော်မုန်းကို ထုတ်လုပ်သည်။ မီးဖွားခြင်း ၊ နို့ချိုတိုက်ကျွေးခြင်း နှင့် လိင်မှုရေးရာကိစ္စများတွင် အရေးပါသော အခန်းကဏ္ဍမှ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပူဆွေးသောကဖြစ်ခြင်းကိုသက်သာစေမည့်နည်းလမ်းများ

တစ်စုံတစ်ဦးနှင့်ကွဲကွာရခြင်းသည်နာကျင်မှုကိုဖြစ်စေသည်။ မိမိချစ်ခင်နှစ်သက်ရသောတစ်ဦးဦးနှင့် ခွဲခွာခြင်းကြောင့်ရရှိလာသောဝေဒနာသည် လူတစ်ဦးကိုအကြီးအကျယ် ခံစားရစေနိုင်ပါသည်။ ထိုသူသည်ကြေကွဲဝမ်းနည်းမှုဖြစ်စဉ်၏ အဆင့် ( ၇) ဆင့်ကိုဖြတ်ကျော်ရမည်။ ထိုအဆင့်တို့မှာအဖြေကိုရှာဖွေခြင်း ၊ ငြင်းပယ်ခြင်း၊ ဆွေးနွေးခြင်း ၊ ပို၍ပို၍ခံစားရခြင်း၊ ဒေါသဖြစ်ခြင်း ၊ အစပိုင်းတွင်လက်ခံခြင်းနှင့် မျှော်လင့်ချက်ကိုတခြားလမ်းကြောင်းသို့ပြောင်းလဲပစ်ခြင်းတို့ ဖြစ်ကြပါသည်။ သို့သော်လည်းထိုအဆင့်များတွင်ခံစားရသော နာကျင်မှုဝေဒနာသည် လူတစ်ဦးအတွက်အလွန်အမင်းခံစားမှုကိုဖြစ်စေသည်။ ထိုခံစားမှုများမှလွတ်မြောက်ရန်အချိန်အတော်ကြာယူရ ပါသည်။ ထို့ကြောင့် ထိုကဲ့သို့သောကိစ္စမျိုးဝမ်းနည်းခြင်းဖြစ်စဉ်ကို သက်သာစေရန် ကျွန်ုပ်တို့မည်ကဲ့သို့ပြုလုပ်နိုင်ပါသလဲ။   သင်၏ခံစားချက်များကိုရေးချပါ ၊ပြောဆိုပါ ၊ ရင်ဆိုင်ပါ မည်သူမဆိုမဆိုကွဲကွာခြင်း၏အစပိုင်းအခြေအနေများတွင် စိတ်ပိုင်းဆိုင်ရာခံစားချက်မကောင်းနိုင်ပါ။ ရုတ်တရက်ဆိုသလို ဝမ်းနည်းမှု ၊ အထီးကျန်မှု ၊ ဘာမှမရှိတော့ဟုခံစားရခြင်းများနှင့် အဆိုးမြင်သောခံစားချက်များသည် တပြိုင်နက်တည်းဖြစ်ပေါ်လာတတ်သည်။ ထိုခံစားမှုများကို ဖြစ်ခွင့်မပေးပါနှင့် ရင်ဆိုင်ပါ။ သင့်အနေဖြင့် ထိုကဲ့သို့တစ်စုံတစ်ဦးနှင့်လမ်းခွဲရသည့်အခါ အထက်ဖော်ပြပါခံစားချက်များကို ကြံ့ကြံ့ခံနိုင်ဖို့အရေးကြီးပါသည်။ စာရွက်တစ်ရွက်ကိုယူ၍သင်ခံစားနေရသမျှကိုချရေးလိုက်ပါ။ ချရေးပြီးသောအခါ သင့်အနေဖြင့် ဖြစ်ရပ်တစ်ခုချင်းစီအတွက် သင်လုပ်နိုင်တာဘာတွေရှိလဲဆိုတာကိုသိလာပေလိမ့်မည်။ ဘာကြောင့်ထိုကဲ့သို့လမ်းခွဲခြင်းဖြစ်ရသည်ကိုဆွေးနွေးအဖြေရှာပါ။ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

မနှစ်မြို့ဖွယ်ဆက်ဆံရေးမှလွတ်မြောက်ရန်နည်းလမ်းများ

နှလုံးသားရေးရာ ၊သူငယ်ချင်းမိတ်ဆွေနှင့် မိသားစုအပြင် သင့်ကိုစိတ်ကုန်ပင်ပန်း၍ အဆက်ဖြတ်လိုသော အခြားသောဆက်ဆံရေးမျိုးလည်းရှိနေနိုင်ရာ ဤဆောင်းပါးတွင် ထိုမနှစ်မြို့ဖွယ်ဆက်ဆံရေးမျိုးကို အဆုံးသတ်ရန် နည်းလမ်းများကို ဖော်ပြထားပါသည်။ မနှစ်မြို့ဖွယ်ဆက်ဆံရေးဆိုသည်မှာ မနှစ်မြို့ဖွယ်ဆက်ဆံရေးဆိုသည်မှာ တစ်ခါတရံကိုင်တွယ်ဖြေရှင်းရ ခက်တတ်သည်။ သင်ကိုယ်တိုင်က ဘာလဲ နှင့် သင်ကဘာကိုအကောင်းဆုံးလုပ်နိုင်လဲကိုပါ မေ့လျော့သွားစေနိုင်သည်။ ထိုဆိုးရွားသောဆက်ဆံရေးကြောင့် တစ်ခါတရံ သင်ကိုယ်တိုင်က အခြေအနေအခါကိုလိုက်၍ တွေးတောဆင်ခြင်နိုင်စွမ်းပါ ကင်းမဲ့သွားတတ်သည်။ အောက်ပါတို့မှာမနှစ်မြို့ဖွယ်ဆက်ဆံရေး၏ အတွေ့ရများသော လက္ခဏာများဖြစ်သည်။ (၁) နစ်နာအောင်ဝေဖန်ခံရခြင်း လူတစ်ဦးနှင့်တစ်ဦး နီးကပ်လေ တစ်ဦး၏အားနည်းချက်များ၊ လိုအပ်ချက်များကို မြင်လာလေဖြစ်သည်။ အပြုသဘောဝေဖန်ထောက်ပြခြင်းဖြင့် ပိုမိုတိုးတက်စေနိုင်သော်လည်း သင့်ကို (သို့မဟုတ်) အခြားတစ်စုံတစ်ယောက်ကို နာကျင်အောင်၊ ဂုဏ်သိက္ခါထိခိုက်အောင်ပြောဆိုလာပြီဆိုလျှင်တော့ ထိုဆက်ဆံရေးမျိုးကို ရပ်တန့်ပစ်သင့်သည်။ (၂) အပြန်အလှန်မဆွေးနွေးဘဲငြင်းခုံခြင်း တစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် ပဋိပက္ခများ၊ ငြင်းခုန်မှုများ တစ်ချိန်မဟုတ်တစ်ချိန် ကြုံနိုင်မည်ဖြစ်သည်။ သို့သော် အချိန်ရှိသရွေ့ ထိုကဲ့သို့ဖြစ်နေပြီး စေ့စပ်ဆွေးနွေးအဖြေရှာခြင်းမပြုလျှင်တော့ နှစ်ဦးသားဆက်ဆံရေးတွင့်ပဿနာတစ်စုံတရာ ရှိလာနိုင်သည်။ (၃) မိမိကိုယ်မိမိလက်ခံနိုင်မှုပျောက်ဆုံးခြင်း ဆက်ဆံရေးတစ်ခုကြောင့်ဖြစ်ပေါ်လာသော အပြောင်းအလဲသည် သင့်ကိုယ်သင်ကောင်းသောပြောင်းလဲမှုဖြစ်စေလျှင် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေနိုင်သော နည်းလမ်းများ

လူအတော်များများသည် စာပေလေ့လာခြင်း၊ လုပ်ငန်းခွင်နှင့် ဖျော်ဖြေရေးကိစ္စများတွင်မှာပါ စိတ်အာရုံစူးစိုက်ရခက်ခဲခြင်းမျိုး ရှိတတ်ကြသည်။ အာရုံစူးစိုက်နိုင်စွမ်းမှာ ခန္ဓါကိုယ်တွင်းရော ပတ်ဝန်းကျင် အကြောင်းတရားများပေါ်မှာပါ မူတည်နေသည်။ သင်သည် စိတ်အာရုံစူးစိုက်မှု တိုးတက်စေနည်းများကို ရှာဖွေနေသော ကျောင်းသား (သို့မဟုတ်) ရုံးဝန်ထမ်းတစ်ဦးဆိုပါက ဤဆောင်းပါးကို ဖတ်ရှုကြည့်ပါ။ စိတ်အာရုံစူးစိုက်ရခက်ခဲခြင်းဆိုသည်မှာ စိတ်အာရုံစူးစိုက်ရခက်ခဲခြင်းဆိုသည်မှာ အချိန်အကြာထိ အကြောင်းအရာတစ်ခုပေါ်တွင် အားရုံစူးစိုက်ထားနိုင်မှုအားနည်းလာခြင်း ဖြစ်သည်။ အာရုံစူးစိုက်မှာပြဿနာနှင့်တွဲဖက်၍ အခြားသောပြဿနာများလည်း ဖြစ်တတ်ပါသည်။ အိပ်မပျော်ခြင်း၊ စိတ်လိုက်မာန်ပါပြုတတ်ခြင်း၊ အတွေးနှင့် စိတ်ပူပန်မှုများလာခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အာရုံပျံ့လွင့်ခြင်း စသည်တို့ဖြစ်ကြသည်။ စိတ်အာရုံစူးစိုက်ရခက်ခြင်း၏အကြောင်းရင်းများ မောပန်းနွမ်းနယ်ခြင်း ပင်ပန်းနွမ်းနယ်မှုသည် အာရုံစူးစိုက်မှု၏အဆိုးဆုံး ရန်သူများဖြစ်ကြသည်။ သုတေသနတစ်ခုကဦးနှောက်သည် အချို့အခြေအနေများတွင် ကောင်းစွာဖွံ့ဖြိုးအလုပ်လုပ်ပြီး ပင်ပန်းနွမ်းနယ်လာသောအခါ ၎င်း၏စွမ်းဆောင်ရည်လည်း ကျဆင်းလာသည်ဟုဆိုသည်။ သုတေသနပါအညွှန်းကိန်းများအရ လူတစ်ဦးသည် တစ်ညခန့်အိပ်ရေးပျက်လျှင် အာရုံစူးစိုက်မှုလည်း ကျဆင်းပြီး နေ့စဉ်လုပ်နေကျတာန်များလည်း ပြုလုပ်ရန် အခက်အခဲရှိနိုင်သည်ဟုဆိုသည်။ အလုပ်တာဝန်များစွာထမ်းဆောင်ရခြင်း အချို့လူများသည် အလုပ်တာဝန်များစွာထမ်းဆောင်နိုင်ကြောင်း ယုံကြည်မှုရှိကြသော်လည်း ထိုအရာသည် တကယ်တော့ မကောင်းပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း