စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓါတ်ကျခြင်း၏အတွေ့ရများသောလက္ခဏာများ

စိတ်ဓါတ်ကျခြင်း(သို့မဟုတ်) စိတ်ကျရောဂါဆိုသည်မှာ အတွေ့ရများသော စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခုဖြစ်သည်။ သင်၏အတွေးအခေါ် ၊ ခံစားချက်နှင့် နေ့စဉ်ဘဝကိုပါ ထိုအခြေအနေကထိခိုက်မှုရှိနိုင်ပါသည်။ သို့သော် သင့်အနေဖြင့်စိတ်ဓါတ်ကျခြင်း၏လက္ခဏာများကို သိရှိပြီးပါပြီလား။ ဤဆောင်းပါးတွင်စိတ်ဓါတ်ကျခြင်း၏အတွေ့ရအများဆုံးလက္ခဏာများကို ဖော်ပြထားသည်။ လူငယ်များတွင်တွေ့ရတတ်သောလက္ခဏာများ • ဝမ်းနည်းခြင်း၊ဘာမှမရှိတော့ဟုခံစားရခြင်း ၊ စိတ်လှုပ်ရှားခြင်း။ • မျှောင်လင့်ချက်မဲ့သည်ဟုခံစားရခြင်း။ • အသေးအဖွဲကိစ္စများ၌ပင်စိတ်ဆိုးလွယ်ခြင်း။ • အားအင်ကုန်ခမ်း၍မောပန်းနေခြင်း။ • သင်စိတ်ဝင်စားသောပြုလုပ်နေကျအရာများကို စိတ်မပါတော့ခြင်း။ • အိပ်မပျော်ခြင်း(သို့မဟုတ်) အလွန်အမင်းအိပ်စက်ခြင်း။ • တွေးခေါ်စွမ်းရည်နှင့် လှုပ်ရှားမှုများနှေးကွေးလာခြင်း။ • စိတ်အာရုံစူးစိုက်ရန်ခက်ခဲခြင်း။ • အကြောင်းပြချက်မရှိဘဲခါးနာခြင်း ၊ ခေါင်းကိုက်ခြင်း။ • မိမိကိုယ်ကိုတန်ဖိုးမဲ့ ၊ အပြစ်ရှိသည်ဟုခံစားရခြင်း။ အခြားသူများ၏အမှားများအတွက် မိမိကိုယ်ကိုအပြစ်တင်ခြင်း။ • မိမိကိုယ်ကိုသေကြောင်းကြံစည်ခြင်းနှင့် အားထုတ်ခြင်း။ အထက်ပါလက္ခဏာများကိုအချိန်တော်တော်များများခံစား နေရပြီး၂ပတ်နှင့်အထက် ကြာမြင့်ပါကသင့်တွင်စိတ်ကျရောဂါရှိနေပြီဖြစ်သည်။ ဆရာဝန်နှင့်တိုင်ပင်ကုသသင့်ပါသည်။ ကလေးများနှင့် ဆယ်ကျော်သက်များတွင် တွေ့ရတတ်သောလက္ခဏာများ ကလေးများနှင့်ဆယ်ကျော်သက်များတွင်တွေ့ရသောလက္ခဏာများမှာအရွယ်ရောက်ပြီးလူငယ်များနှင့် ကွာခြားမှုရှိသည်။ • ကလေးများသည်ဝမ်းနည်းစိတ်ဆတ်လွယ်လာသည်။ စိုးရိမ်မှုများခြင်း၊ ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ ကျောင်းမသွားလိုခြင်း ၊ အစားပုံမှန်မစားတော့ခြင်းတို့ဖြစ်ပွားတတ်သည်။ • ဆယ်ကျော်သက်များတွင်ဝမ်းနည်းလွယ်ခြင်း၊ဒေါသဖြစ်ခြင်း ၊ အဆိုးမြင်ခြင်း ၊ မိမိကိုယ်ကိုတန်ဖိုးမဲ့သည်ဟုခံစားရခြင်း၊ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

လုပ်ငန်းခွင်စိတ်ဖိစီးမှု-ရောဂါလက္ခဏာများ

လုပ်ငန်းခွင်တွင်း တွေ့ကြုံရသော စိတ်ဖိစီးမှုသည် လုပ်ငန်းလိုအပ်ချက်က လုပ်သားများ၏စွမ်းရည်နှင့် လုပ်ကိုင်နိုင်မှုထက် ကျော်လွန်နေသည့်အခါ ဖြစ်ပေါ်လာသော အခြေအနေတစ်ခုဖြစ်သည်။ စိတ်ဖိစီးမှုဖြစ်နေသောအလုပ်သမားများ၏ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုသာမက လုပ်ငန်းအဖွဲ့အစည်း၏ ထုတ်ကုန်စွမ်းအားကိုလည်း ကျဆင်းစေပါသည်။ (၁)စိတ်ဖိစီးမှု အဖြစ်များစေသော အရာများ လုပ်ငန်းခွင်စိတ်ဖိစီးမှုဖြစ်စေနိုင်သော အကြောင်းရင်းများမှာ • အဖွဲ့အစည်း၏ ယဉ်ကျေးမှု • စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း • အလုပ်ခွင် ၏လိုအပ်ချက်များ • လုပ်ငန်းခွင်၏ အနေအထား • လုင်ငန်းခွင်တွင်း တစ်ဦးနှင့်တစ်ဦး ဆက်ဆံမှု • ကူညီထောက်ပံ့မှုများ အားနည်းမှု • စီမံခန့်ခွဲမှု မူဝါဒ ပြောင်းလဲမှု • အလုပ်နေရာ အရေးပါခြင်းအငြင်းပွားမှု • ထိခိုက်ဒဏ်ရာ ရမှု • ကြာမြင့်သော အလုပ်ချိန် • အလုပ်ပြီးစီးရန်သတ်မှတ်ချိန် တင်းကြပ်မှု • လွန်ကဲစွာ စောင့်ကြည့်စေခိုင်းမှု • လုပ်ငန်းသုံး ပစ္စည်းကိရိယာနှင့် အရင်းအမြစ်များရှားပါးမှု • ရာထူးတိုးတက်ရန် အခွင့်အရေးနည်းပါးမှု • လုပ်ငန်းတွင်း အနိုင်ကျင့်ခံရမှု တို့ဖြစ်ပါသည်။ (၂)လုပ်သားများတွင် စိတ်ဖိစီးမှု ခံစားနေရသော လက္ခဏာများ • အဆိုးမြင်စိတ်ရှိလာခြင်း • […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ကျွမ်းကျင်သူများ ပြောပြသောအိမ်ထောင်ကွဲခြင်း အကြောင်းရင်း၈ခု

သင်၏နေ့စဉ်အပြုအမူတို့က သင့်အိမ်ထောင်ရေးကို ဖျက်ဆီးနိုင်ပါသည်။ သုတေသနအဆိုအရ နှစ်ဦးသားဆက်ဆံရေးတွင်ကြီးမားသော ပြဿနာများကိုဖြစ်စေသည်မှာ သေးငယ်သောအမှုကိစ္စများက စသည်ဟုဆိုပါသည်။ သတင်းကောင်းတစ်ခုကတော့ သင့်တွင် ထိုအကျင့်ဆိုးများရှိရုံဖြင့် အိမ်ထောင်ကွဲမည်ဟုမဆိုလိုပါ။ လေ့လာချက်တစ်ခုအရ စုံတွဲများ ပြုလုပ်ကြိုးစားကြည့်နိုင်သော အရာများစွာရှိပါသည်။ ထိုသို့ဆိုလျှင် အောက်ပါ အချက်လေးများကို လေ့လာဆင်ခြင်ကြည့်ပါ။   ကျွမ်းကျင်သူများပြောပြသောအကျင့်ဆိုးများ (၁)တစ်ဦး၏မကောင်းသတင်းကိုတစ်ဦးကကွယ်ရာတွင်ပြောခြင်း သင့်၏အိမ်ထောင်ဖက်အကြောင်း ကွယ်ရာတွင်စကားအတင်းဆိုခြင်းသည် မကြာခဏတွေ့ရတတ်သည်။ အထူးသဖြင့်အမျိုးသမီးများသည် ထိုကဲ့သို့သဘောရှိသောအမျိုးသမီးချင်းဆုံမိသောအခါတွင် ပို၍ပြောမိတတ်ကြသည်။ သင်နှင့်ရင်းနှီးသူများက သူတို့၏ခင်ပွန်းသည်များ မကောင်းကြောင်းကိုပြောမိကြသည့်အခါ သင်ပါအလိုလို ထိုစကားဝိုင်းထဲ ရောက်သွားလိမ့်မည်။ သို့သော်ထိုကိစ္စသည် အသေးအဖွဲတော့မဟုတ်ပါ။ သင့်ခင်ပွန်းသည်က ထိုအကြောင်းကိုသိရှိသွားလျှင် သူ့အပေါ်ထားသော သင်၏လေးစားမှုကိုသိရှိသွားပြီး ဆက်ဆံရေးအဖုအထစ်ဖြစ်လာနိုင်သည်။ ထိုမှတစ်ဆင့်ဝေဖန်ပြစ်တင်မဆုံးဖြစ်လာပြီး သင်မသိလိုက်ခင်မှာပင် သင်တို့ဆက်ဆံရေးသည် လျှင်မြန်စွာပျက်စီးအေးစက်သွားပေလိမ့်မည်။   (၂)ခင်ပွန်းသည်မဖြစ်ချင်သည်များကို ပုံသွင်းရန်ကြိုးစားခြင်း သင့်အနေဖြင့် သင်၏အမျိုးသားကို အခြားသူတို့၏ခင်ပွန်းသည်တို့ကဲ့သို့တည်တံ့ခန့်ညားစွာနေရန်စေခိုင်းခြင်း(သို့မဟုတ်) အခြားသူများနှင့် သူ့ကိုနှိုင်းယှဉ်ခြင်းက အတော်ဆိုးသောအမူအကျင့်ဖြစ်သည်။ ထိုကဲ့သို့သောစိတ် သင့်တွင်ရှိပါက ဆက်ဆံရေးသည် အချိန်တစ်ခုရောက်လျှင် အဆုံးသတ်သွားလိမ့်မည်။ သင်ဆန္ဒရှိ၍ ဖြစ်ချင်သည့်အတိုင်း […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

မိတ်ဖွဲ့ဖို့အတွက် နည်းလမ်းကောင်းများ

မိသားစုလိုပါပဲ၊ သူငယ်ချင်းဘဝဆိုတာလည်း လူတိုင်းကဆုတစ်ဆုအနေနဲ့ ရထားတဲ့ အင်မတန်ပျော်စရာကောင်းတဲ့ ခံစားမှုတစ်ခုပါပဲ။ သူငယ်ချင်းတစ်ယောက်ဟာရုတ်တရက် ကိုယ့်နားကပျောက်ကွယ်သွားတာမျိုးမရှိနိုင်ဘဲချစ်စရာကောင်းတဲ့ သူငယ်ချင်းဘဝဆိုတာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိဖို့လိုပါတယ်။ စိတ်ပညာရှင်များကတော့ လူတစ်ယောက်ချင်းစီမှာအနည်းဆုံးတော့ ယုံကြည်စိတ်ချရပြီးစိတ်ဓါတ်ရေးရာတည်ကြည်မှုရှိတဲ့ သူငယ်ချင်းအရင်း(၃)ယောက်လောက် ရှိနေသင့်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်းအဲဒီလိုယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းမျိုးရဖို့ကတစ်ချို့အတွက်တော့ ရိုးရှင်းပေမယ့် တစ်ချို့အတွက်တော့ ခက်ပါတယ်။ အောက်မှာပြောပြထားတဲ့အချက်တွေကတော့ အပြန်အလှန်လေးစားပြီးယုံကြည်ရတဲ့ သူငယ်ချင်းမျိုးရစေနိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ အချိန်ပေးပြီးဂရုစိုက်ပါ သူလုပ်တဲ့ကိစ္စတွေမှာအားပေးခြင်းဖြင့် ကိုယ့်ရဲ့ ဂရုစိုက်မှုကို ပြသဖို့ လိုပါတယ်။ သူနဲ့ အတူတူတစ်ပတ်ကိုသုံးခါလောက် အားကစားလုပ်တာတို့၊ ပိတ်ရက်တွေမှာကော်ဖီဆိုင်အတူတူထိုင်တာတို့၊ ကိုယ့်ရဲ့အိမ်ကိုဖိတ်ပြီးအင်တာနက်မှာတွေ့တဲ့ ဟင်းချက်နည်းတွေနဲ့ ဟင်းအတူတူချက်စားကြတာတို့ လုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်တွေရဲ့ ရင်းနှီးမှုပိုပြီးခိုင်မာအောင် ရက်တိုခရီးထွက်တာမျိုးတွေလည်းလုပ်နိုင်ပါတယ်။ အဲဒီနည်းနဲ့ သူငယ်ချင်းတွေဟာကိုယ့်ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့်လည်းသူငယ်ချင်းဆက်ဆံရေးမှာတစ်ဖက်သတ်တော့ မဆန်သင့်ပါဘူး။ ဥပမာရုပ်ရှင်အတူသွားကြည့်ရင် သူကြည့်ချင်တဲ့ကားနဲ့ ကိုယ်ကြည့်ချင်တဲ့ကားညှိနှိုင်းကြတာမျိုးလုပ်သင့်ပါတယ်။ ဒါမှသာသူ့အနေနဲ့ ကိုယ်နဲ့ပေါင်းသင်းရတာလွှမ်းမိုးခံနေရသလိုမျိုးမခံစားမိတော့မှာ ဖြစ်ပါတယ်။ ဆက်သွယ်ပြောဆိုပါ ကိုယ့်ရဲ့အတွေးအမြင်တွေ၊ […]


စွဲလမ်းမှုပြဿနာများ

ဆေးစွဲအတွေးတွေ မတွေးမိစေဖို့

“ဒီညနေတော့ တစ်လိပ်ပဲသောက်လိုက်မယ်။ မနက်ဖန်ကျမှဆေးလိပ်ဖြတ်တော့မယ်” လို့ တော်တော်များများက ပြောတတ်ကြတယ်။ ဒါပေမယ့် လက္ခဏာမပြသေးသရွေ့တော့ ဘာတွေဖြစ်နေလဲဆိုတာ သူတို့မသိကြပါဘူး။ ဒီလိုမျိုးကို ရင်းနှီးသလိုဖြစ်နေသလားလို့ မေးစရာရှိပါ တယ်။ စီးကရက်တစ်လိပ်လောက်လေး သောက်နိုင် မယ့်အရေး သင့်ကိုယ်သင် နှစ်သိမ့်ဖို့ကြိုးစာတာမျိုး။ နီကိုတင်းစွဲလမ်းမှုကနေ ပြန်လည်ထူထောင်လာဖို့ ကြိုးစားချိန်မှာ ဖြစ်တတ်တဲ့ပုံမှန်ပြဿနာတစ်ခုပါ။ သင်ဝေခွဲရခက်နေချိန်မှာ သင့်အတွေးထဲမှာသန္နိဌာန် တစ်ခုချနိုင်စေမှာပါ။ ဒါပေမယ့် သင်က မနက်ဖြန် အတွက်တွေးမပူသလို နောက်ဘယ်တော့မှ ဆေးလိပ် မသောက်တော့ဖို့ကိုလည်း စိုးရိမ်မနေပါဘူး။ ဆေးစွဲအတွေးဆိုတာဆေးလိပ်သောက်ခြင်းကို လက်ရှိအချိန်မှာ လုပ်သင့်တဲ့အရာတစ်ခုဖြစ်အောင် ဘယ်လိုလုပ်ရမလဲလို့ ရှာကြံတွေးနေခြင်းဖြစ်ပါတယ်။ ဒါဟာ စွဲလမ်းမှုတစ်မျိုးပါ။ တစ်သက်လုံး ဆေးလိပ်သောက်မှာဖြစ်ပြီး ဘယ်တော့မှ ဆေးလိပ်မဖြတ်တော့ဘူးလို့ ခံစားမိလာနိုင်ပါတယ်။ ဒါပေမယ့် ဒီအတွေးတွေရဲ့အရူးလုပ်မခံပါနဲ့။ မကောင်းတဲ့အတွေးတွေကို လျစ်လျူရှုပြီး ကြိုးစားကြည့်လို့ရနိုင်ပါတယ်။ အောက်ပါအချက်တွေ ကတဆင့် ဆေးလိပ်ဖြတ်ခြင်းအတွက် ခိုင်မာတဲ့စိတ် ပိုင်းဖြတ်မှုကို တည်ဆောက်နိုင်ပါလိမ့်မယ်။ အဲဒီနောက်မှာတော့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အတွေးလွန်ခြင်းကို ဖြေလျှော့နိုင်ဖို့ နည်းလမ်းငါးသွယ်

အတွေးလွန်ခြင်းဆိုတာ တစ်ခါမှအရေးမထားခဲ့ဖူးတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး သင့်ကိုမကြာခဏ စိတ်ဖိစီးမှုပေးတတ်တာကြောင့် အန္တရာယ်ရှိတဲ့အကျင့်တစ်ခုပါ။ ဒါပေမယ့်လည်း တချို့တွေအတွက်ကတော့ ဘဝရဲ့သဘာဝကျတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့စိတ်ထဲမှာ အတွေးတွေက အမျိုးမျိုးဖြစ်ပေါ်နေတာကြောင့် ဒီလိုတွေးနေမိကြောင်းကို သတိတောင်မထားမိကြတာများပါတယ်။ အတွေးလွန်တတ်တဲ့အကျင့်ဆိုးကို တွန်းလှန်နိုင်ဖို့ကတော့ အောက်ပါအဆင့်၅ဆင့်ကို လုပ်ဆောင်နိုင်ပါတယ်။ သင့်မှာအတွေးလွန်တဲ့ပြဿနာရှိနေတယ်လို့ ဝန်ခံလိုက်ပါ ဖြစ်လာတဲ့အကြောင်းအရာတွေကို လက်ခံပေးလိုက်ဖို့ သင့်မှာအခက်အခဲရှိနေရင်၊ ဒါမှမဟုတ် ပြောဆိုခဲ့တဲ့စကားတွေ၊ ကြုံခဲ့တဲ့အကြောင်းအရာတွေကို သင့်စိတ်ထဲမှာ အပြန်ပြန်အလှန်လှန်ပြန်တွေးမိနေရင်၊ ဆုံးဖြတ်ချက်တွေချဖို့ အတော်စဉ်းစားနေရရင်၊ ဒါမှမဟုတ် သင်ဟာ စိတ်မကြည်လောက်စရာကိစ္စတစ်ခုခုရှိလာတဲ့အခါ အဆိုးမြင်လာတာ၊ စိတ်ဓါတ်ကျလာတာတွေဖြစ်လာရင် သင်ဟာ အတွေးလွန်တတ်သူ ဖြစ်နေပါပြီ။ သိပ်မသေချာဘူးဆိုရင်တော့ သင့်အပေါ်မှာ ရိုးသားတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်ခင်ရသူတွေကို မေးကြည့်ပါ။ သူတို့ဟာ သင်ကိုယ်တိုင်မသိနိုင်ရင်တောင် ဒါတွေကို သတိထားမိတတ်ကြပါတယ်။ သင်မေးလိုက်တဲ့သူက သင့်အတွက်ယုံကြည်ရတဲ့သူဖြစ်ရုံမက မျှတတဲ့ဘဝအမြင်ရှိသူတော့ဖြစ်ပါစေ။ ဒီလိုမဟုတ်ခဲ့ရင်တော့ အဲဒီလူက ပြဿနာကို ပုံကြီးချဲ့လာနိုင်ပြီး အားလုံးပိုဆိုးသွားစေနိုင်ပါတယ်။ ပြဿနာအရင်းအမြစ်တွေကို အမည်တပ်ကြည့်ပါ သင့်ကို အတွေးလွန်စေခဲ့တဲ့လူတွေ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

စိတ်ကောင်းနှလုံးကောင်းထားနိုင်ဖို့ နည်းလမ်း ၅ သွယ်

သင့်အနေနဲ့ ဖော်ရွေကြင်နာတတ်တဲ့ စိတ်ကောင်းနှလုံးကောင်းကို ဖော်ပြဖို့ အခက်အခဲဖြစ်နေတယ်ဆိုရင် နောက်ကိုခြေတစ်လှမ်းသာဆုတ်ပေးလိုက်ပါ။ အခြားသူတွေအပေါ် ချစ်ခင် ကြင်နာစိတ်ရှိကြောင်းဖော်ပြနိုင်ဖို့ အရေးကြီးပါတယ်။ သူတို့တွေ ဘဝမှာပိုအဆင်ပြေသွားမယ်ဆိုရင် သင်လည်းချစ်ခင်ကြင်နာမှုကိုရောင်ပြန်ရရှိနိုင်မှာပါ။ သင့်ရဲ့စိတ်နှလုံးကောင်းကိုဖော်ပြနိုင်မယ့် နေ့စဉ်လေ့ကျင့်ခန်း ၅ခုရှိပါတယ်- ၁) မီးနီအဆင့်မှာရပ်လိုက်ပါ သင့်စိတ်ကမီးနီအဆင့်(ဘာကိုမှဆက်မကြားလို၊မပြောလို၊ အားလုံးရပ်တန့်သွားစေလိုတဲ့ စိတ်မကျေနပ်မှုအခြေအနေ) ကိုရောက်နေတဲ့အချိန်တိုင်း အသက်ကိုပြင်းပြင်းရှူပြီး ကိုယ်ဘယ်လိုခံစားနေရသလဲဆိုတာကို သတိထားတွေးကြည့်ပြီးမှ ကိုယ့်အတွက်ရော၊ တခြားသူအတွက်ပါ အဆင်ပြေစေဖို့ဆုတောင်းပေးပါ။ “ပျော်ရွှင်ပါစေ။ အဆင်ပြေပါစေ”ဆိုတဲ့ စကားတွေကို စိတ်မပြေမချင်းစိတ်ထဲကနေပြောနေပါ။ နောက်တစ်ကြိမ် မီးနီအဆင့် ရောက်ပြန်ရင်လည်းဒီအတိုင်းထပ်လုပ်ပါ။ လုံလောက်တဲ့အထိအကြိမ်ကြိမ်လုပ်ဆောင်ပြီးတဲ့အခါ မီးနီအဆင့်က စိတ်ကောင်းနှလုံးကောင်းမွေးမြူရာမှာ သဲလွန်စတစ်ခုဖြစ်လာပြီး စိတ်နှလုံးကောင်းထားရှိတဲ့အလေ့အကျင့်ကို ဖြစ်တည်စေပါတယ်။ ၂) ကုန်စုံဆိုင် အရောင်းဝန်ထမ်းတွေနဲ့ ခင်မင်အောင် ပေါင်းထားပါ ကုန်စုံဆိုင်သွားတဲ့အခါ ၊ ရုပ်ရှင်လက်မှတ်ဝယ်ဖို့ တန်းစီတဲ့အခါ၊ ဒါမှမဟုတ် ဓါတ်ဆီဆိုင်မှာဆီထည့်ချိန်မှာ တခြားလူတွေနဲ့ ချိတ်ဆက်ပေါင်းသင်းပါ။ စိတ်ထဲကနေလည်းသူတို့အတွက် ကောင်းကျိုးကို ဆန္ဒပြုထားပါ။ သူတို့ စကားပြောတဲ့အခါ နားထောင်ပေးပြီး […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လူမှုရေးရာ နှိုင်းယှဉ်ခြင်းများကို လေ့လာခြင်း

လူမှုရေးရာနှိုင်းယှဉ်ခြင်းဆိုတာ (Social comparison ) စိတ်ပညာရှင်တစ်ဥိးဖြစ်တဲ့ Leon Festingerက ၁၉၅၄ခုနှစ်မှာအဆိုပြုခဲ့တဲ့ သီအိုရီတစ်ခုဖြစ်ပါတယ်။ အဓိကအယူအဆကတော့ လူတွေမှာ ကိုယ်ကိုယ်တိုင်နဲ့ အခြားအဆင့်အတန်းကလူတွေကို နှိုင်းယှဉ်တတ်တဲ့အကျင့်တစ်ခုရှိပြီး မျက်စိနဲ့မြင်ရတာပေါ်အခြေခံလို့ ဘဝအဆင့်အတန်းကို သတ်မှတ်လိုက်ကြတယ်ဆိုတဲ့ အယူအဆပါပဲ။ အခြေခံအားဖြင့်တော့ နှိုင်းယှဉ်မှု၂ မျိုးရှိပါတယ်။ • အထက်ကလူနဲ့နှိုင်းယှဉ်ခြင်း (upward comparison) : အဓိပ္ပါယ်ကတော့ ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် အဘက်ဘက်မှာ ကျွန်တော်တို့ထက် ပိုကောင်းပြီးပိုတော်တယ်လို့ ယူဆရသူတွေနဲ့ နှိုင်းယှဉ်လိုက်တာပါပဲ။ ဒါက ကျွန်တော်တို့ကို စိတ်မကောင်းဖြစ်စေပြီး မိမိကိုယ်ကို တိုးတက်အောင်ကြိုးစားဖို့ ဆုံးဖြတ်ချက်တွေဖြစ်လာစေပါတယ်။ • အောက်ကလူနဲ့နှိုင်းယှဉ်ခြင်း (Downward comparison) : ဆိုလိုတာက ကျွန်တော်တို့ဟာ ကျွန်တော်တို့ထက် ပိုဆိုးတယ်လို့ထင်သူတွေနဲ့ နှိုင်းယှဉ်လိုက်ပြီး ကိုယ့်ကိုကိုယ်စိတ်ကျေနပ်မှုရစေတာပါ။ ခုလို မော်ဒန်ခေတ်ကြီးမှာ နည်းပညာတွေတိုးတက်လာပြီး အခြားသူတွေရဲ့ဘဝကို မီဒီယာတွေနဲ့ လူမှုကွန်ရက်ကတစ်ဆင့် ကြည့်ရှုနေနိုင်တာကြောင့် အရင်ကထက်စာရင် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Conversion Disorder (စိတ်ကြောင့်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ ပြဿနာစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Conversion Disorder (စိတ်ကြောင့်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ ပြဿနာစု) ကဘာလဲ။ Conversion disorder (သို့) Trans disorder ဆိုတာလူတစ်ယောက် စိတ်ဖိစီးမှု နဲ့ကြုံလာချိန် စိတ်ဖိစီးမှုများလာချိန် မှာ ခန္ဓါကိုယ်မှာဖြစ်ပေါ်လာတဲ့ရောဂါလက္ခဏာစုတွေကိုဆိုလိုခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Trans disorder ဆိုတာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ စိတ်ခံစားမှုအထွတ်အထိပ်ရောက်နေချိန် (သို့) စိတ်ဒဏ်ရာပြင်းပြင်းထန်ထန်ရနေချိန်မှာစိတ်ထွက်ပေါက်အနေနှင့် ခန္ဓါကိုယ်မှာပုံမှန်မဟုတ်သောပြောင်းလဲမှုတွေဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ မြင်းပေါ်မှလိမ့်ကျချိန်မှာခြေထောက်တွင် ဒဏ်ရာတစ်စုံတစ်ရာမရရှိဘဲခြေထောက်လှုပ်လို့မရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။Trans disorder ရဲ့ရောဂါလက္ခဏာများကအချိန်မရွေးဖြစ်ပေါ်လာနိုင်လို့သင့်အနေနှင့် ထိန်းချုပ်ခြင်း (သို့) ကြိုတင်ခန့်မှန်းခြင်းကိုပြုလုပ်လို့မရနိုင်ပါ။ Conversion Disorder (စိတ်ကြောင့်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ ပြဿနာစု) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာလူဦးရေ ၁၀၀,၀၀၀ မှာ ၁၁ ယောက်ဖြစ်ပွားတတ်ပြီးအများစုဟာအမျိုးသမီးများမှာပိုဖြစ်တတ်ပါတယ်။ အသက် ၁၀ နှစ်အောက်ကလေးတွေနဲ့ ၃၅ နှစ်အထက်လူကြီးတွေမှာ ဖြစ်ပွားမှုအလွန်နည်းပါးပါတယ်။ လက္ခဏာများConversion Disorder (စိတ်ကြောင့်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ ပြဿနာစု) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါလက္ခဏာအများစုဟာစိတ်ဒဏ်ရာရရပြီးချင်းမှာရုတ်တရက်ပေါ်လာတတ်ပြီးမကြာခဏဆိုသလို၂ပတ်အတွင်းမှာပျောက်သွားလေ့ရှိပါ တယ်။ အဓိကအားဖြင့် […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

Bulimia (အစားအသောက်မူမမှန် ပြဿနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bulimia (အစားအသောက်မူမမှန် ပြဿနာ) ကဘာလဲ။ Bulimia (Bulimia Nervosa ဟုလည်းခေါ်သည်) ဆိုသည်မှာ အစားအသောက်စားသည့်ပုံစံပျက်ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်လျင် အစားစားလျင် မထိန်းချုပ်နိုင်ပဲ အလွန်အကျွံစားမိခြင်းများ အမြဲလိုလိုဖြစ်နေတတ်သည်။ ကိုယ်အလေးချိန် ထိန်းချင်သောအခါ၊ သို့မဟုတ် စားပြီးသော အစားအသောက်များကို ရှင်းပစ်ချင်သောအခါ လူအများစုသည် ဝမ်းနှုတ်ဆေးစားခြင်း သို့မဟုတ် လက်ထိုးအန်ခြင်းများကို ပြုလုပ်ကြသည်။ ထိုကဲ့သို့ ပြုလုပ်ဖန်များလာသောအခါ အစာစားချင်စိတ်ပျောက်ဆုံးခြင်း မှ တဆင့် Bulimia ဖြစ်တတ်သည်။ Bulimia (အစားအသောက်မူမမှန် ပြဿနာ) က ဘယ်လောက်အဖြစ်များသလဲ Bulimia သည် ယောင်္ကျားများထက် မိန်းမများတွင် အဖြစ်များသည်။ ဆယ်ကျော်သက်များနှင့် မိန်းကလေးငယ်များတွင် ပို၍ အဖြစ်များသည်။ သင်၏ရင်းနှီးသော တစ်စုံတစ်ယောက်တွင် Bulimia ဖြစ်နေသည်ဟု သံသယဖြစ်ပါက သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများBulimia (အစားအသောက်မူမမှန် ပြဿနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ Bulimia ၏အဖြစ်များသော […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း