စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psychological warfare (Psywar) ဆိုတာ လတ်တလောမှာ ခဏခဏ ကြားနေရတဲ့ စကားလုံးပါ။ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ကိုယ့်ရဲ့ ပြိုင်ဘက်ကို အနိုင်ယူဖို့ အရင်လို လူအင်အားတွေ၊ လက်နက်အင်အားတွေ မသုံးဘဲ စိတ်ပိုင်းဆိုင်ရာအနိုင်ယူတဲ့ ပုံစံပါ။ Psywarဆိုတာ ဘာလဲ။ Psywarတွေကြောင့် စိတ်ကျန်းမာရေး မထိခိုက်အောင် ဘယ်လို လုပ်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ Psywar ဆိုတာ Psychological warfare လို့ အရှည်ကောက် ခေါ်ပြီး ဟိုးအရင်တွေတည်းက စစ်ပွဲတွေမှာ တစ်ဖက်ရန်သူကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ဝါဒဖြန့်ပြီး အားနည်းအောင် လုပ်တဲ့နည်းပါ။ ခေတ်ပြောင်းလာတာနဲ့အမျှ Psywarကို စစ်မြေပြင်တင်မှာမက နိုင်ငံရေးနဲ့ စီးပွားရေး လုပ်ငန်းတွေမှာပါ သုံးလာတာကို တွေ့ရပါတယ်။ Psywarမှာ အဓိက သုံးတဲ့ နည်းလမ်းက တစ်ဖက်ရန်သူကို ကြောက်စိတ်ဝင်အောင်၊ ယုန်ထင်ကြောင်ထင် ဖြစ်အောင်၊ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ကိုယ်အမူအရာ ကပြောပြနေတဲ့ စိတ်ဆန္ဒများ

Body Language လို့ခေါ်တဲ့ ကိုယ်အမူအရာ ဟာ လူအချင်းချင်းအကြား ဆက်ဆံရေးမှာ သိပ်ကိုအရေးပါလှတဲ့ အရာတစ်ခုပါ။ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ စိတ်ခံစားချက်နဲ့ အမူအကျင့်တွေကို ကောင်းကောင်းကြီးကို ကိုယ်အမူအရာကပြောပြနိုင်ပါတယ်။ တစ်ချို့သော ကိုယ်အမူအရာတွေဟာ ကိုယ့်ရဲ့ အတွင်းစိတ်ခံစားချက်နဲ့ ကုန်ကုန်ပြောရရင် လိင်စိတ်ခံစားချက်ကိုပါ ဖွင့်ဟအချက်ပြနေတာ ဖြစ်တယ်ဆိုတာကိုတော့ သိသူနည်းလှပါတယ်။ ကိုယ့်စိတ်မှာ တွေးမိလိုက်တဲ့ အတွေးစလေးကို ခန္ဓာကိုယ်က ရုတ်တရက်တုန့်ပြန်လိုက်တာမို့ တစ်ခါတစ်ရံမှာ ထိမ်းချုပ်ဖို့တောင် အချိန်မရလိုက်တာမျိုးဖြစ်သွားတတ်ပါတယ်။ ကိုယ့်ရဲ့ အသိမိတ်တွေ၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် ချစ်သူရဲ့ အပြုအမူတွေ၊ ကိုယ်နေဟန် တွေ၊ ကိုယ်အမူအရာတွေက ဘယ်လိုစိတ်ခံစားချက်မျိုးကို အချက်ပြနေတာလဲဆိုတာကို သိနားလည်ထားတယ်ဆိုရင်လည်း ဆက်ဆံပြောဆိုရမယ့် ကိစ္စအဝအဝမှာ ပိုပြီးအဆင်ပြေနိုင်တာပေါ့။ လူတွေရဲ့ အတွင်းစိတ်က တစ်စုံတစ်ရာကို တွေးတောမိချိန်မှာ ဘယ်လို ကိုယ်အမူအရာတွေကို တုန့်ပြန်ပြသတတ်သလဲဆိုတာကို ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်။ ကိုယ်အမူအရာ က အချက်ပြနေတဲ့ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိတ်ပူပင်လို့ ရင်တုန်လာတာလား... နှလုံးရောဂါလား....

စိတ်ပူပင်လို့ ရင်တုန်လာတာလား ... နှလုံးရောဂါလား.... ရင်တွေ တုန်လိုက်တာ နှလုံးရောဂါ ဖြစ်နေပြီထင်တယ်။ အခုတလော ရင်တွေ အရမ်းတုန်တာပဲ ဆိုသူလေးတွေရှိလား............ ဒါဆိုရင် ရင်တုန်နေတာ နှလုံးရောဂါ ရှိနေလို့လား အခြား ဘာကြောင့် ဖြစ်တာလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။ ရင်တုန်တိုင်း နှလုံးရောဂါလို့ ဆိုလို့ မရပါ။ ရင်တုန်နေတိုင်း နှလုံးရောဂါ ဖြစ်နေပြီလို့ တထစ်ချ မယူဆစေချင်ပါဘူး။ ရင်တုန်လာပြီဆိုရင် စိတ်ဖိစီးစရာတွေ ရှိနေတာလား။ လတ်တလောမှာ ပူပင်စရာတွေ များနေလား။ ကိုယ်က ဘယ်လို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရလဲ ဆိုတာကို အရင်ဆုံး ဆန်းစစ်ကြည့် စေချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ရင်တုန်စေတဲ့ အကြောင်းအရင်းက နှလုံးရောဂါကြောင့် ဆိုတာအပြင် ဒီအချက်တွေကြောင့်လည်း ဖြစ်နေနိုင်လို့ပါ။ နှလုံးရောဂါ မျိုးရိုး ရှိတာ ဆေးလိပ်သောက်သုံးတာ အဝလွန်တာ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိတ်ပူပင်စရာ ကြောင့် ဖြစ်လာနိုင်တဲ့ ဝေဒနာများ

စိတ်ပူပင်စရာ ဆိုတာက ဖယ်ထုတ်ထားလို့ မရတဲ့ ဘဝရဲ့ အစိတ်အပိုင်း တစ်ရပ်ပေါ့။ လူတိုင်းလိုလိုမှာ အမျိုးမျိုးသော စိုးရိမ်ပူပန်မှုတွေကို ခံစားနေရတာက ပုံမှန်ပါပဲ။ ဒါပေမယ့် စိုးရိမ်ပူပန်မှုက လိုတာထက် ပိုလာပြီဆိုရင်တော့ စိတ်ရောကိုယ်ပါ ထိခိုက်စေလာမှာပါ။ ဒါကြောင့် စိတ်ရောကိုယ်ပါ မထိခိုက်စေဖို့ဆိုရင် စိုးရိမ်ပူပန်မှု ဖြစ်နေပြီလားဆိုတာကို သိရှိပြီး အချိန်မီ ကာကွယ်ဖို့ လိုပါမယ်။ ဒီတော့ စိုးရိမ်ပူပန်မှုတွေ ဖြစ်နေပြီလားဆိုတာကို ဒီဆောင်းပါးလေး ကြည့်ရင်း ဆန်းစစ်ကြည့်ရအောင်နော်။ စိုးရိမ်ပူပန်မှုကို ဘယ်သူတွေ ခံစားရနိုင်လဲ။ စိုးရိမ်ပူပန်မှုကို ကလေးတွေကစလို့ ဆယ်ကျော်သက်၊ လူလတ်ပိုင်းနဲ့ လူကြီး အားလုံးလိုလို ခံစားရနိုင်ပါတယ်။ စိုးရိမ်ပူပန်မှုကို လူတိုင်း ခံစားရနိုင်ပေမယ့် ခံစားရတဲ့ အတိုင်းအတာတွေကတော့ ကွာခြားနိုင်ပါတယ်။ စိတ်ပူပန်စရာဆိုတာ ဘာလဲ။ စိတ်ပူပန်စရာ ကိုတော့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်မှု လွန်ကဲတဲ့သူတွေမှာတော့ မကြာခဏ ဆိုသလို ပြင်းထန်ပြီး […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ကပ်ဘေးကာလ မှာ စိတ်ဒုက္ခနည်းစေဖို့

ကပ်ဆိုး ဘေးဆိုးဆိုတာက တစ်ဦးတစ်ယောက်တည်းနဲ့ ဆိုင်တာမဟုတ်ဘဲ လူအများစု ကိစ္စပါ။ ဒါကြောင့်  တစ်ခုခု မကောင်းတာတွေ ဖြစ်မယ်၊ ခံစားရမယ်ဆိုရင်လည်း လူတိုင်း ခံစားရမှာပါ။ ကပ်ဘေးကာလ ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ရေရှည်တိုက်ပွဲ ဖြစ်တဲ့အတွက် လူတွေမှာ ထူးခြားတဲ့ စွမ်းရည်တွေ၊ ထူးခြားတဲ့ ပြောင်းလဲနေထိုင်နည်းတွေ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။ ကပ်ဘေးကာလကြာလာတာနဲ့အမျှ လူတွေမှာ စိတ်အား၊ ကိုယ်အားတွေ ကျဆင်းလာမှာ အနည်းနဲ့ အများပါပဲ။ ဒါတွေကို ကျော်လွှားဖို့ ကပ်ဘေးကာလမှာ ဘယ်လိုခံယူချက်တွေ ထားသင့်သလဲ။ ဘယ်လိုမျိုး နေထိုင်သင့်သလဲဆိုတာ ပြောပြပေးပါ့မယ်။ ကပ်ဘေးကာလ မှာ ဘယ်လိုနေထိုင်ကြမလဲ။ အရင်ဆုံး ပြောချင်တာက လူအများစု ပြဿနာဆိုပေမယ့် လူတွေအများကြီးကို လိုက်ပြီး ဂရုစိုက်နေတာမျိုးထက် တစ်ဦးတစ်ယောက်ချင်းစီက ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီတွေ  […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု ဆိုတာ လူတိုင်းမှာ ရှိကြတာပါပဲ။ ဒါရေရှည် သိမ်းမထားသင့်တဲ့အရာဆိုတာလည်း အားလုံးသိကြပါတယ်။ ဒါပေမယ့် မနေနိုင်ဘဲ စိတ်ကတွေးနေမိပြီး ပိုပိုစိုးရိမ်မိတဲ့အခါကျတော့ ကိုယ့်ကျန်းမာရေးပဲ ထိခိုက်ရပါတယ်။ အများစုထင်ကြတာက စိုးရိမ်ပူပန်မှုကြောင့် စိတ်ကျန်းမာရေးလောက်ပဲ ထိခိုက်နိုင်ပါတယ်ပေါ့။ လက်တွေ့လေ့လာကြည့်တဲ့အခါကျတော့ စိုးရိမ်ပူပန်မှုကြောင့် စိတ်တင်ထိခိုက်တာ မဟုတ်ပါဘူးတဲ့။ ကိုယ်ကျန်းမာရေးရော၊ ကိုယ့်ရဲ့ အပြုအမူပိုင်းဆိုင်ရာမှာပါ ပြောင်းလဲထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ စိုးရိမ်ပူပန်မှု တွေက ကြောက်စရာကောင်းသလား။ စိုးရိမ်ပူပန်မှုဆိုတာ လျှော့တွက်လို့ရတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ ဒါတွေအားလုံးက စိတ်ဖိစီးမှုက စတာပါ။ စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ရှိဖို့လည်း လိုပါတယ်။ ဒါ natural reactionပါ။ သဘာဝပါ။ တွန်းအားဆိုတာရှိမှ အလုပ်လုပ်ကြတာကိုး။ ဒါပေမယ့် ဒါက တော်ရုံပဲ ကောင်းပါတယ်။ လိုအပ်တာထက် ပိုလာရင် တစ်နည်းအားဖြင့် တုံ့ပြန်နိုင်တာထက် ပိုလာရင် နောက်ဆုံးထိခိုက်မှာက […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ဆိုရှယ်မီဒီယာ က စိတ်ရှုပ်စရာတွေကို ဘယ်လိုကျော်လွှားကြမလဲ။

ဆိုရှယ်မီဒီယာ သုံးတယ်ဆိုတာ အရင်က ဖျော်ဖြေရေး တစ်ခုအနေနဲ့ သုံးခဲ့ကြပေမယ့် လက်ရှိမှာတော့ ဖျော်ဖြေရေးဆိုတာထက် ပိုနေပါပြီ။ စီးပွားရေးတွေ၊ ပညာရေးတွေ၊ ကိုယ့်ရဲ့ အောင်မြင်ကျော်ကြားမှုတွေ စတာတွေက ဆိုရှယ်မီဒီယာကို မှီခိုနေရပါပြီ။ ဒါတွေက ကောင်းတယ်ဆိုပေမယ့် သူတို့နဲ့အတူ တွဲပါလာတာကတော့ ဆိုရှယ်မီဒီယာက သတင်းအမှားတွေ၊ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ပို့စ်တွေပါပဲ။ တစ်နေ့ကို နာရီပေါင်းများစွာ ဒီဆိုရှယ်မီဒီယာမှာ နေနေကြတဲ့အခါကျတော့ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ကိုယ်ကြည့်နေတဲ့ သတင်းတွေပေါ်လိုက်ပြီး စိတ်ကျန်းမာရေး အနည်းနဲ့အများ ထိခိုက်နိုင်ပါတယ်။ ဒီလိုဆိုပြီး ဆိုရှယ်မီဒီယာကို လုံးဝမသုံးဖို့ဆိုတာကလည်း ခက်ပါတယ်။ ဒီတော့ ဆိုရှယ်မီဒီယာကို သန့်သန့်ရှင်းရှင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုသုံးကြမလဲ။ ဆိုရှယ်မီဒီယာ က စိတ်ရှုပ်စရာတွေကို ကျော်လွှားနိုင်စေဖို့ သတင်းတွေကို သတိထားပါ။ ဆိုရှယ်မီဒီယာမှာ ပေ့ချ်ထောင်တာ၊ လိုက်ခ်တွေရှာရတာ သိပ်လွယ်ပါတယ်။ ဒါကြောင့် သတင်းတစ်ခုရပြီဆိုတာနဲ့ ဟိုက […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

မျှော်လင့်ချက်မဲ့ သလို ခံစားနေရတယ်ဆိုရင်

မျှော်လင့်ချက်မဲ့ သလို ခံစားရတယ်ဆိုတာ အဆိုးရွားဆုံး ခံစားမှုပါ။ အသက်သာ ရှင်နေရတယ်၊ ဘာကို မျှော်လင့်ပြီး ရှင်နေရမှန်း မသိ။ လုပ်ချင်တာ ဖြစ်ချင်တာရယ်လို့လည်း သီးသီးသန့်သန့်မရှိ။ အကောင်းမြင်ဖို့၊ ပျော်အောင်နေဖို့ဆိုတာ ဝေးရော။ ရင်ထဲမှာ တင်းကျပ်ကျပ်နဲ့ နေရခက်တဲ့ ခံစားမှုမျိုးပါ။ သက်ပြင်းတွေအခါခါချပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့အချိန်ပါ။ ထွက်ပေါက်ပိတ်နေသလို ခံစားချက်နဲ့ လက်ရှိလုပ်နေတာတွေကိုလည်း ဆက်မလုပ်ချင်၊ နောင်အနာဂတ်ဆိုတာကိုလည်း ထည့်မတွေးချင် (တွေးစရာလည်း မရှိ)ဘဲ တအုံနွေးနွေး ခံစားနေရတာမျိုးပါ။ ဒီလိုဆို မတွေးပါနဲ့လားဆိုတော့လည်း မတွေးဘဲကို ခေါင်းထဲကို အလိုလို ရောက်လာ၊ ရောက်လာလို့ တွေးမိတိုင်းလည်း သက်ပြင်းချရုံအပြင် ဘာမှမတတ်နိုင်တာမျိုးပေါ့။ ဒီလိုနဲ့ သံသရာတွေလည်ပြီး နောက်ဆုံးတော့ မျှော်လင့်ချက်မဲ့တဲ့ ဒီလှောင်အိမ်ထဲမှာပဲ ပြန်ပိတ်မိနေပြန်ရော။ ဒါပေမယ့် ဒီတိုင်းနေလို့တော့ မဖြစ်သေးပြန်ဘူး။ ကြာလာလေလေ ထိခိုက်လေလေက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်မှာပါ။ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား

လူတိုင်းတွက် စိတ်ချမ်းသာမှုက အရေးကြီးလှပါတယ်။ ခုလို ကပ်ဘေးတွေ အပြောင်းအလဲတွေနဲ့ရင်ဆိုင်နေရတဲ့ ကာလမျိုးမှာ စိတ်ပျော်ရွှင်နေဖို့ ပိုပြီးလိုအပ်ပါတယ်။ ဒါပေမယ့် ဆိုရှယ်မီဒီယာခေတ်ကြီးမှာ လူတိုင်း စိတ်ချမ်းသာနေဖို့ကတော့ မလွယ်ကူလှပါဘူး။ ဖေ့စ်ဘုတ်ကြီးပေါ်မှာဆို စိတ်ပင်ပန်း စရာ စိတ်ဖိစီးစရာအကြောင်းအရာတွေ အလွန်မှကို များလှတယ်မဟုတ်လား။ ဒီနေ့လို ဒစ်ဂျစ်တယ်ခေတ်မှာ သတင်းတုယောင်တွေ၊ သတင်းဆိုးတွေ၊ အနိတ္ထာရုံတွေကို ရှောင်လွှဲနိုင်ဖို့ ခက်ခဲလှပါတယ်။ နေ့စဉ်နဲ့အမျှ ဆိုးရွားလှတဲ့သတင်းတွေ၊ ပြဿနာတွေဟာ နေရာတိုင်းကနေ ပေါပေါသီသီထွက်ပေါ်လာနေပါတယ်။ အထူးသဖြင့်တော့ ဖေ့စ်ဘုတ်လို ဆိုရှယ်မီဒီယာတွေဆီကနေပေါ့။ ဒီလိုအကြောင်းအရာ သတင်းစကားမျိုးတွေဟာ စိတ်ကျန်းမာရေး အားနည်းသူတွေကိုမပြောနဲ့။ သာမန်လူတွေအတွက်တောင် စိတ်ထဲ တမျိုးတမည် စိတ်မချမ်းမသာဖြစ်စေမှာတော့ အမှန်ပါပဲ။ နေ့စဉ်မြင်တွေ့ကြားသိနေရရင် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲ့မှုတွေကို မသိမသာရော သိသိသာသာပါ ခံစားရလိမ့်မယ်လို့လည်း ကျွမ်းကျင်သူတွေက သတိပေးထားကြပါရဲ့။ စိတ်ဓာတ်ကျတာတွေ၊ စိတ်ထိခိုက်တာတွေအပြင် စိတ်ရောဂါအဆင့်အထိ ဖြစ်သွားနိုင်လောက်တာပါ။ အထူးသဖြင့် သိသာထင်ရှားတဲ့အပြောင်းအလဲကြီးတွေကို […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဆိုရှယ်မီဒီယာ သုံးရတာ ပင်ပန်းလာရင် Digital Detox လုပ်ကြည့်စမ်းပါလား

Detoxing ဆိုတာ ညစ်ညမ်းနေတဲ့ အရာတွေကို သန့်စင်သွားအောင် ဖယ်ရှားရှင်းလင်းတာ မဟုတ်လား။ ခန္ဓာကိုယ်ကြီးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ Detox Water သောက်ကြတာလိုမျိုးပေါ့။ ခုလည်း ဆိုရှယ်မီဒီယာတွေ အသုံးပြုရခက်နေချိန်မှာ Digital Detox လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ Digital Detox ဆိုတာက ခုနောက်ပိုင်းနှစ်တွေမှာ အတော်လေး ခေတ်စားလာနေတဲ့ စကားလုံးတစ်ခုပါ။ အချိန်ကာလတစ်ခု သတ်မှတ်ပြီး စမတ်ဖုန်း၊ ရုပ်မြင်သံကြားစက်၊ တက်ဘလက်၊ ကွန်ပျူတာ၊ ဆိုရှယ်မီဒီယာနဲ့ အင်တာနက်အသုံးပြုမှုတွေကို ကန့်သတ်နေထိုင်ခြင်းကို ဆိုလိုပါတယ်။ လူသားတစ်ယောက်ကို တကယ့်လူမှုဘဝနေထိုင်မှု ပုံစံဆီကို ပြန်သွားစေပြီး နည်းပညာအနှောင့်အယှက်မရှိပဲ အချိန်အတိုင်းအတာတစ်ခုစာ နေထိုင်ရှင်သန်စေတဲ့နည်းလမ်းဆိုပါတော့။   ဘာကြောင့် Digital Detox လုပ်သင့်တာလဲ ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ နေ့စဉ် ဒစ်ဂျစ်တယ်နည်းပညာနဲ့ထိတွေ့မှု ၁၁ နာရီဝန်းကျင်လောက်ရှိပါတယ်။ ဒီလိုအသုံးပြုနေရင်းမှာပဲ စမတ်ဖုန်းတွေ၊ ဆိုရှယ်မီဒီယာတွေကို စွန့်ခွာချင်စိတ်ကလည်း တစ်ပြိုင်နက်တည်းဖြစ်လာတတ်ပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း