စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ဒေါသတွေ တအားထွက်လာတဲ့အခါ

ဒေါသ မထွက်ဖူးသူရယ်လို့ မရှိပါဘူး။ လူတိုင်းကတော့ ဒေါသဖြစ်ဖူးကြမှာပါ။ ဥပမာ - ကားမောင်းနေရင်း signal မပြဘဲ အတင်း ဖြတ်ဝင်တာမျိုး၊ ကိုယ်တိုင်ကို ဖြစ်စေ၊ မိသားစုထဲက ချစ်ခင်ရသူ တစ်ဦးဦးကို ဖြစ်စေ ထိခိုက်နာကျင်အောင် လုပ်တာမျိုးကို မြင်ရတဲ့အခါ ဒေါသက အလိုလို ထွက်လာတတ်ပါတယ်။ ဒေါသက ပုံမှန် အခြေအနေမှာ ပြဿနာမရှိဘူးဆိုပေမယ့် အရမ်းဒေါသထွက်လာမယ်ဆိုရင်တော့ သွေးပေါင်တက်တာ နဲ့ အခြားသော ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ တစ်ခါတလေမှာ ဒေါသကြောင့် ပြင်းပြင်းထန်ထန် လုပ်ဆောင်မိတာတွေ ရှိတတ်ပါတယ်။ ဒီပြဿနာတွေကနေ ကင်းဖို့ဆိုရင် ပြဿနာ ကြီးကြီးမားမား မဖြစ်ခင်မှာ ဒေါသကို သေချာလေး ထိန်းချုပ် ဖြေရှင်းဖို့ လိုပါမယ်။ ဒေါသတွေ တအားထွက်လာတဲ့အခါ ဒေါသတွေ တအားထွက်လာတဲ့အခါ ပြဿနာ ကြီးကြီးမားမား မဖြစ်စေဖို့အတွက် တစ်ခုခု မပြောခင်မှာ သေချာ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ပူပင်သောကကြောင့် အစာစားချင်စိတ်ပျောက်ဆုံး ခဲ့မယ်ဆိုရင်

အစားအသောက်ပျက်တယ်၊ အစာစားချင်စိတ်ပျောက်ဆုံး တယ်ဆိုတာက အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်း အခြေအနေ အမျိုးမျိုးကြောင့် ခုလိုမျိုး ကြုံရတတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အစာစားချင်စိတ်ပျောက်ဆုံးတာဟာ ဘာမှမဟုတ်လောက်ပါဘူးလို့ ထင်မြင်စရာရှိပေမယ့် အစာစားခြင်းဟာ ခန္ဓာကိုယ်ကြီးအတွက် လိုအပ်တဲ့ အာဟာရဓာတ် အားလုံးနီးပါးကို ဖြည့်တင်းပေးနေတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တာမို့ အစာစားချင်စိတ်ပျောက်ဆုံးတာဟာ ရောဂါဘယပေါင်းစုံကို ဖိတ်ခေါ်နေတဲ့ ပြဿနာကြီးတစ်ရပ်ပါ။ အစားစားချင်စိတ်ပျောက်ဆုံး ခဲ့မယ်ဆိုရင် အစားအသောက် စားသုံးမှု ပမာဏလည်း တဖြည်းဖြည်း လျော့ကျလာပြီး လျင်လျင်မြန်မြန် ကုစားနိုင်ခြင်းမရှိဘူးဆိုရင် ကျန်းမာရေးပြဿနာအမြောက်အများနဲ့ ထိပ်တိုက်ရင်ဆိုင်သွားရတာမျိုး ဖြစ်လာနိုင်ပါတယ်။ ပူပင်သောကကြောင့် အစာစားချင်စိတ်ပျောက်ဆုံး ခြင်း အစာစားချင်စိတ်ပျောက်ဆုံး တာကို အကြမ်းဖျဉ်းအားဖြင့် အမျိုးအစား ၄ မျိုး ခွဲခြားထားပါတယ်။ ဒါတွေကတော့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အစားအသောက်ပျက်တာ၊ ကျန်းမာရေး အခြေအနေကြောင့် အစားအသောက်ပျက်တာ၊ ဆေးဝါးတွေကြောင့် အစားအသောက်ပျက်တာနဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

မျှော်လင့်ချက်ထား တာဟာ လူတိုင်း လုပ်လို့ရတဲ့ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ပုံတစ်မျိုးပါ။ တစ်ခါတစ်ရံမှာ မျှော်လင့်ချက်ထားဖို့ ခက်နေတတ်တာမျိုး၊ မျှော်လင့်ချက်မထားနိုင်လောက်အောင် ရည်မှန်းချက်ပျောက်ဆုံးနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အလျှော့မပေးပါနဲ့။ မျှော်လင့်ချက်ထား ပါ။ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ မျှော်လင့်ချက် မပျောက်ဆုံးပါစေနဲ့။ ဘာလို့ ဒီလိုပြောနေရတာလဲဆိုရင် မျှော်လင့်ချက်မရှိတော့ဘူးလို့ ခံစားရနေရပြီဆိုရင် သင် အရာရာကို ဆုံးရှုံးတော့မှာပါ။ လောကမှာ မျှော်လင့်ချက်ကောင်းလေးတွေကို စိတ်ထဲစွဲမှတ်ပြီး ကြိုးစားနေမှ ဘဝတစ်သက်တာ ပျော်ရွှင်မှုနဲ့ ကျန်းမာမှုကို ရစေမှာဖြစ်တယ်လို့ လေ့လာချက်တွေကဆိုထားကြပါတယ်။ မျှော်လင့်ချက်ကင်းမဲ့သွားတာနဲ့ သင့်ရဲ့ ဘဝကြီးဟာ အရာရာ အဓိပ္ပာယ်မရှိတော့သလို ခံစားလာရပြီး စိတ်ရောလူပါ ချုံးချုံးကျ ကျရှုံးသွားပါလိမ့်မယ်။ ဒါကြောင့် ဘာကြောင့်မှ မျှော်လင့်ချက်မမဲ့ပါစေနဲ့။ ဘယ်အခြေအနေမှာမဆို အကောင်းဘက်ကတွေးပြီး ဘာမဆိုဖြစ်နိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်ကောင်းလေးတွေထားဖို့ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ လူမှုဆက်ဆံရေးပညာရှင်တွေက တိုက်တွန်းကြတာပါ။ မျှော်လင့်ချက်ထား ပါ ၊ သင်ကျန်းမာပါလိမ့်မယ် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

မျှဝေခံစားလိုစိတ် ဟာ လူတိုင်းအတွက် အရေးကြီးတဲ့ အမူအကျင့်တစ်ခုပါ။ တစ်ဖက်သားကို နားလည်ပေးတယ်၊ သဘောပေါက်ပေးတယ်၊ လက်ခံပေးတယ်ဆိုတဲ့ ကိစ္စဟာ အမူအကျင့်ကောင်းလို့ ဆိုရမယ်မဟုတ်လား။ အခြေခံအားဖြင့် ဒီကနေ့ခေတ်မှာ လူတိုင်းဟာ သတင်းကို စားသုံးကြတယ်။ သတင်းဆိုတာမျိုးကလည်း သတင်းဌာနကတွေက ပြောဆိုတာတွေကို ချည်းဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အသိုင်းအဝိုင်း ကိုယ့်အနီးအနားက အဖြစ်အပျက်တိုင်းက သတင်းလို့ဆိုပါတယ်။ ဒီလို သတင်းကို စားသုံးကြတဲ့လူသားတွေဟာ ပတ်ဝန်းကျင်က ကြားရမြင်ရသမျှ သတင်းတွေ၊ အဖြစ်အပျက်တွေကြောင့်ပဲ စိတ်ပျော်ရွှင်မှု၊ ဝမ်းသာ၊ ဝမ်းနည်း၊ ဒေါသထွက်တာတွေနဲ့ စိတ်ဖိစီးမှုကို အမျိုးမျိုးအဖုံဖုံခံစားကြရပါတယ်။ ဒါက လူ့သဘောပါပဲ။ စစ်ဖြစ်၊ ဆန္ဒပြ၊ ဗုံးကွဲ၊ ကိုဗစ်ကပ်ဘေးစတဲ့ ဖြစ်ပျက်လာသမျှ အဖြစ်အပျက်တွေတိုင်းကြောင့် လူတိုင်းစိတ်ခံစားမှု တစ်စုံတစ်ရာတော့ ကြုံဆုံခံစားကြရတာပါပဲ။ ဒီလို ခံစားချက်တွေကြောင့် စိတ်ဓာတ်ကျတာတွေ၊ စိတ်ဖိစီးမှုတွေ၊ ဝမ်းနည်းစိတ်ပျက်ရတာတွေကို မဖြစ်မနေ ကြုံဆုံရမှာပါ။ ခုလိုမျိုး Shocking […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

Internet rage (သို့) အင်တာနက်လိုင်းကြောင့်ဖြစ်တဲ့ ဒေါသစိတ်

အင်တာနက် ပြတ်တောက်နေတဲ့အခါ ဒါမှမဟုတ် အင်တာနက်လိုင်း နှေးကွေးနေတဲ့အခါမျိုးမှာ ဘာကြောင့်များ စိတ်တွေတို၊ စိတ်ဆိုးဒေါသတွေ ထွက်နေမိတာပါလဲ။ ဒီလိုမျိုး တွေ့ကြုံခံစားရတာကို Internet rage လို့ ခေါ်ကြပါတယ်။ သာမန်စိတ်အနှောင့်အယှက်ဖြစ်မှု ဒါမှမဟုတ် စိတ်တိုစိတ်ရှုပ်တဲ့ ခံစားချက်တစ်ခုလို့ ထင်မြင်ရပေမယ့် အင်တာနက်လိုင်းကြောင့်ဖြစ်တဲ့ ဒေါသစိတ် ဟာ အင်တာနက်စွဲလမ်းမှုရဲ့ လက္ခဏာတစ်ရပ်ပါ။ သင့်အနေနဲ့ နည်းပညာကို ပုံမှန်ထက်ပိုပြီး စွဲလန်းနေတာမို့ ခုလိုစိတ်ခံစားချက်မျိုး ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ သင့်ရဲ့ Wifi အင်တာနက်လိုင်း နှေးကွေးနေတာမျိုး၊ မိုဘိုင်းဒေတာ ပြတ်တောက်နေတာမျိုး၊ အင်တာနက်က အဝိုင်းလည်နေတာမျိုးတွေ ကြုံဆုံရချိန်တိုင်းမှာ နေမထိထိုင်မသာ ခံစားရပြီး အကြောင်းအရာ မယ်မယ်ရရမရှိပဲ စိတ်ဆိုး ဒေါသထွက်နေမိတာမျိုးပေါ့။ ဒီအခြေအနေကို Daily technological annoyances လို့လည်း တချို့က ခေါ်ဆိုကြပါသေးတယ်။ လေ့လာချက်တွေအရ အင်တာနက်စွဲလန်းနေသူတွေဟာ 350-microsecond ထက်ပိုမိုနှေးကွေးတဲ့ အင်တာနက်အမြန်နှုန်းမျိုးနဲ့ […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

စားသောက်ပုံ မူမမှန် တဲ့ စိတ်ရောဂါများ

စိတ်ခံစားချက်ကြောင့် စားသောက်နေထိုင်ပုံ ထိခိုက်ပြီး အစားအသောက် ပုံစံပြောင်းလဲတာ၊ စားသောက်ပုံ မူမမှန် တာတွေ ဖြစ်လာနိုင်ပါတယ်။ ရေရှည်မှာတော့ စိတ်ကျန်းမာရေးအပြင် ကိုယ်ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။ ဒီပြဿနာတွေက ပိန်ခြင်းဝခြင်းကို သိပ်အလေးပေးလွန်းတဲ့ သူတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အရွယ်မရွေး ဖြစ်တတ်ပေမယ့် လှချင်ပချင်တဲ့ မြီးကောင်ပေါက်အရွယ်တွေနဲ့ လူငယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ စားသောက်ပုံ မူမမှန်တဲ့ လက္ခဏာများ စားသောက်ပုံ မူမှန်တဲ့ ပြဿနာက အများကြီးရှိပြီး တစ်ခုနဲ့ တစ်ခု လက္ခဏာ အနည်းငယ် ကွာခြားပါတယ်။ အတွေ့ရများတဲ အမျိုးအစားတွေကတော့ Anorexia nervosa  ဝမှာကြောက်ပြီး မစားတဲ့ ပြဿနာပါ။ လူကို ကြည့်လိုက်ရင် ရှိသင့်တာထက် တော်တော်ကြီး ပိန်နေတယ် ဆိုပေမယ့် ဝလာမှာကို အင်မတန်ကြောက်ပါတယ်။ အစားအသောက်ကို လိုတာထက် ပိုရှောင်တဲ့အတွက် နေ့စဉ်အလုပ်လုပ်ဖို့တောင် အားမရှိဘဲ အာဟာရပြတ်ပြီး ကျန်းမာရေး […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲဆိုတာ ရှင်းပြချင်ပါတယ်။ ကြောက်တယ်ဆိုတာက တစ်ခုခု အန္တရာယ် ကျရောက်တော့မယ်ဆိုပြီး အချက်ပြမှု တစ်ရပ်ရပ်အတွက် စိတ်ရောကိုယ်ပါ ကြိုတင် ပြင်ဆင်တာပါ။ ကြောက်တာက သဘာဝ ဖြစ်စဉ်တစ်ရပ် ဖြစ်သလို စွမ်းအားရှိတဲ့ အခြေခံကျတဲ့ ခံစားချက်တစ်ရပ်ပါ။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ် ကြုံတွေ့ရချိန်မှာ ဖြစ်ပေါ်လာတဲ့ အရာပါ။ များသောအားဖြင့် အကြောက်တရားတွေက ခြိမ်းခြောက်မှုတွေကနေ အခြေခံလာတာ ဖြစ်သလို စိတ်ထဲမှာ ထိခိုက်မှု ဖြစ်လာတော့မယ်ဆိုတဲ့ ခြိမ်းခြောက်မှု တစ်ရပ်ရပ်ကို ခံစားရချိန်မှာ သူ့အလိုလို ခံစားဖြစ်ပေါ်လာတာပါ။ ကြောက်တယ်ဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေတဲ့ အကြောက်တရားက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ကြောက်တယ်ဆိုတာကို ခံစားနေရတာလား............. ကြောက်တယ်ဆိုတဲ့ ခံစားချက်ကို ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ အခုလိုတွေ ခံစားရနိုင်ပါတယ်။ ချွေးတွေ ပြန်မယ် […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

ကြောက်စိတ် ဆိုတာ လူတွေရဲ့ စိတ်ခံစားမှု တစ်ခုပါ။ စိတ်လှုပ်ရှားစရာ အခြေအနေတစ်ခုနဲ့ ကြုံတဲ့အခါ ဖြစ်ဖြစ်၊ အန္တရာယ်ရှိတဲ့ အနေအထား တစ်ခုကို ကြုံတွေ့ရင် ဖြစ်ဖြစ် ကြောက်စိတ်ဆိုတာ ပေါ်လာတတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကြောက်ရမယ့် ကိစ္စပြီးရင် အကြောက်ပြေသွားကြပါတယ်။ ဘယ်သူမှ အကြာကြီး မကြောက်ကြပါဘူး။ အကြာကြီး ကြောက်နေရပြီဆိုရင်တော့ သင့်ရဲ့ နေ့စဉ်ဘဝမှာ အနှောင့်အယှက် ဖြစ်လာမှာပါ။ လေ့လာချက်တွေအရ နေ့ဘက်နဲ့ ညဘက်နဲ့ ယှဉ်ရင် ညဘက်မှာ အကြောက်တရား ကြီးစိုးတာ ပိုများပါတယ်တဲ့။ ပညာရှင်တွေကတော့ ဒါက အိပ်ရေးပျက်တာကြောင့်လို့ ထင်ပါတယ်တဲ့။ ဟိုးအရင်တွေတည်းကလည်း စိတ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေက အိပ်ရေးပျက်ရင် ပိုဆိုးတယ်ဆိုတာ လက်ခံကြပြီးသား ကိစ္စတစ်ခုပါ။ ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်နေမယ်ဆိုရင် ရေရှည်မှာ အိပ်ရေးပျက်ပြီး ကျန်းမာရေး ထိခိုက်လာမှာကိုလည်း စိုးရိမ်ရပါတယ်။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

တကယ်မရှိတဲ့ အသံ တွေ၊ သူများမကြားတဲ့ အသံတွေကို ကြားနေရတာ ကိုယ်တစ်ယောက်တည်းဆိုရင် ဒါဟာ ကိုယ့်မှာ ပြဿနာ တစ်ခုခု ရှိနေတာပါ၊ ဒါကို ဆေးပညာအရ Auditory hallucination လို့ ခေါ်ပါတယ်။ ဒီလိုမဟုတ်ဘဲ အတော်များများက ကြားရတယ်။ ကြားတဲ့သူတွေကလည်း စိတ်ကျန်းမာရေးချို့တဲ့မှု မရှိတဲ့ လူကောင်းတွေပဲ ဆိုရင်တော့ ဒါဟာ ရောဂါလို့ ပြောဖို့ ခက်နေပါပြီ။ ဘာကြောင့်များ လူတွေက အသံတွေကို စွဲလမ်းပြီး ကြားနေရတာလဲ။ တကယ်မရှိတဲ့ အသံ တွေကို ကြားနေရတာက ဒါကို Earwormsလို့ ခေါ်ပါတယ်။ အသံတစ်ခုခုကို စွဲပြီး ထပ်ကာထပ်ကာ ကြားနေရတဲ့ အခြေအနေပါ။ အများစုက သီချင်းတွေကို ပြန်ကြားတာ များပါတယ်။ တခြားအသံတွေကိုလည်း ကြားတာမျိုးလည်း ရှိပါတယ်။ ဒီလို ထပ်ကာထပ်ကာ ကြားနေရပေမယ့် […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိုးရိမ်ပူပန်စိတ် ကြောင့် အိပ်ရေးပျက်ညတွေ များနေရင် ဒီနည်းလေးတွေ သုံးကြည့်ပါ

ခုရက်ပိုင်းတွေမှာ လူအတော်များများ အိပ်ရေးတွေပျက်ကြ၊ စိုးရိမ်ပူပန်စိတ် တွေဖြစ်ကြနဲ့ နေရထိုင်ရအဆင်မပြေကြဘူးလို့ မကြာခနငြီးတွားတာမျိုး ကြုံရပါတယ်။ အကြောင်းကြောင်းသော စိုးရိမ်ပူပန်စိတ်ကြောင့် အိပ်ရေးပျက်ညတွေ များလာနေတဲ့ သဘောမျိုးပေါ့။ လူတိုင်း စိုးရိမ်ပူပန်တတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခံနိုင်ရည်အားတူညီမှုမရှိပါဘူး။ ဒီလိုပဲ တစ်ယောက်နဲ့ တစ်ယောက်လည်း အဆိုးဆုံး အဆုံးအစွန် ပူပန်မှုလို့ သတ်မှတ်နိုင်မယ့် အခြေအနေခြေင်းလဲ မတူညီနိုင်ပါဘူး။ စိုးရိမ်ပူပန်တာ၊ သံသယလွန်ကဲတာ၊ သောကများတာတွေဟာ လူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာကို လက်ခံထားဖို့ လိုအပ်ပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် ဒီလိုစိတ်ခံစားချက်မျိုးကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ကိုင်တွယ်ထိမ်းချုပ်နိုင်စွမ်းမရှိတဲ့ အခြေအနေတစ်မျိုးမျိုးကြောင့် ဖြစ်လာတဲ့ စိုးရိမ်ပူပန်စိတ်မျိုးကတော့ ထိမ်းချုပ်ဖို့ ခက်ခဲလေ့ရှိပါတယ်။ ဒါမျိုးက သာမန် စိုးရိမ်ပူပန်မှုမျိုး မဟုတ်တော့ပါဘူး။ ပြောရရင် သာမန်နေ့စဉ်ဘဝမှာ ဖြစ်ပျက်နေတဲ့ ပူပင်သောကမျိုးမဟုတ်ပဲ သဘာဝဘေးလို၊ တိုင်းရေးပြည်ရေး အကျပ်အတည်းလို၊ အကြမ်းဖက်ဖြစ်စဉ်တွေလို၊ ကျန်းမာရေးပြဿနာတွေလို အဖြစ်အပျက်တွေကြောင့်ဖြစ်လာတာမျိုးတွေပါ။ ဒီလိုကြီးမားတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း