စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ထွက်ပေါက်ပိတ်နေတဲ့ အခြေအနေကြောင့် လူတော်တော်များများမှာ ခံစားလာရတဲ့ Apathy

အရင်လိုမျိုး အချိန်တွေ ဘယ်တော့များမှ ပြန်ရပါ့မလဲ။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြော စားသောက်ကြရတာတွေ၊ အလုပ်တွေလုပ်ရတာ၊ သင်တန်းတွေ ကျောင်းတွေတက်ရတာ၊ ခရီးတွေ သွားရတာလိုမျိုး ပေါ့ပါးလွတ်လပ်မှုတွေကို ဘယ်တော့မှများ ပြန်ရပါ့မလဲဆိုတဲ့ အတွေးတွေက အခုလို ကာလမှာ လူတိုင်း လိုလိုရဲ့ ခေါင်းထဲမှာ တွေးမိနေမယ့် အရာပါ။ ကပ်ဆိုးကြီးရဲ့ ဖိစီးမှုကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး စိတ်ညစ်နေရသူတွေ၊ ချစ်ခင်ရတဲ့ မိသားစုဝင်တွေကို လက်လွှတ်ဆုံးရှုံးလိုက်ရသူတွေက ကပ်ကြီးအချိန် ကြာလာတာနဲ့အမျှ ပိုများလာလေပါ။ ဒီလို ဆုံးရှုံးမှုတွေနဲ့အတူ စိတ်ထဲမှာ ခံစားလာရတဲ့ စိတ်ကျန်းမာရေး ပြဿနာ တစ်ခု ရှိပါတယ်။ ဒါကတော့ Apathyလို့ ခေါ်တဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ်မှာ စိတ်ဝင်စားနိုင်စွမ်း၊ လုပ်ဆောင်လိုစိတ်တွေ ကင်းမဲ့လာတာပါ။ ဒီတစ်ခေါက်တော့ လူတော်တော်များများမှာ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ခံစားနေရတဲ့ စိတ်ကျန်းမာရေး ပြဿနာတစ်ရပ် Apathyအကြောင်းလေး ပြောပြပေးချင်ပါတယ်။ Apathy […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်အတက်အကျ ဆိုင်ရာ ရောဂါများ

ဒီနေ့ Mood မကောင်းဘူးလို့ ပြောတာ ကြားဖူးမှာပါ။ စိတ်ဆိုတာက ဒီလိုပါပဲ။ အမြဲတသမတ်တည်း မရှိနိုင်ပါဘူး။ တစ်ခါတလေ ပျော်တာမျိုး ရှိနိုင်သလို တစ်ခါတလေ စိတ်ကျနေတာမျိုး ရှိနေနိုင်ပါတယ်။ စိတ်အတက်အကျ ဖြစ်တတ်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် နေ့စဉ်ဘဝကို ထိခိုက်နိုင်လောက်တဲ့ စိတ်အတက်အကျမျိုး ဖြစ်နေရင်တော့ ဒါကို Mood disorder လို့ ခေါ်ပြီး စိတ်ရောဂါအဖြစ်သတ်မှတ်ပါတယ်။ စိတ်အတက်အကျ ရောဂါအမျိုးအစားများ အများစုသိကြတာက တက်လိုက်ကျလိုက် ဖြစ်နေတဲ့ Bipolarမျိုးပါ။ တကယ်က ဒီထက်မကများပါတယ်။ Major depression နေ့စဉ်လုပ်နေကျ အလုပ်တွေမှာ စိတ်ဝင်စားမှု မရှိတော့တာ၊ အမြဲလိုလို ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေတာအပြင် တခြားစိတ်ကျတဲ့ လက္ခဏာတွေကို ၂ပတ်ထက် ပိုပြီး ခံစားနေရတာပဲ ဖြစ်ပါတယ်။ Cyclothymic disorder Bipolarလောက် မဆိုးတဲ့ စိတ်အတက်အကျ ရောဂါတစ်မျိုးပါ။ အနည်းဆုံး […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

အဖြစ်များတဲ့ အစိုးရိမ်လွန် ခြင်း ပြဿနာများ

ကိုယ်မနှစ်သက်တာတစ်ခုခုနဲ့ တွေ့တဲ့အခါ စိတ်ထဲမှာ စိုးရိမ်တာ၊ ကြောက်လန့်တာ ဖြစ်တတ်ပါတယ်။ ဒါက ကမ္ဘာဦး အစတည်းက လူသားတွေရဲ့ ကိုယ်ထဲမှာ အသက်ရှင်ဖို့အတွက် ထည့်ပေးထားတဲ့ စွမ်းရည်တစ်ခုပါ။ ဥပမာ ကျားနဲ့ တွေ့တဲ့အခါ ကြောက်စိတ်မဖြစ်ရင် ထွက်ပြေးဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ နက်ဖြန်စာမေးပွဲရှိတာကို စိုးရိမ်စိတ်မဝင်ရင်လည်း စာကျက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်ဆိုတာက ရှိသင့်ပါတယ်။ ဒါပေမယ့် ရှိသင့်တာထက် အစိုးရိမ်လွန် လာပြီဆိုရင်တော့ ဒါရောဂါတစ်ခုဖြစ်သွားပါပြီ။ အစိုးရိမ်လွန် နေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။ လူတိုင်း ကြောက်တတ်၊ စိုးရိမ်တတ်ပါတယ်။ ဒါက ပြဿနာ မဟုတ်ပါ။ ဒါပေမယ့် လိုတာထက် ပိုလာပြီဆိုရင်တော့ စိတ်ရောဂါလို့ သတ်မှတ်နိုင်ပါတယ်။ လိုတာထက်ပိုတယ်ဆိုတာက အခြေအနေတစ်ခုကို အလွန်အကျွံ တုံ့ပြန်တာ၊ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့အထိ တုံ့ပြန်တာပဲ ဖြစ်ပါတယ်။ အင်တာဗျုးဖြေရမယ်ဆိုရင် လူတိုင်း […]


စွဲလမ်းမှုပြဿနာများ

မကောင်းမှန်း သိလျက်နဲ့ စွဲလမ်း နေရတဲ့အကြောင်းရင်း

တစ်ခုခုကို စွဲလမ်း တတ်တဲ့ သူတွေက မကောင်းမှန်း သိပေမယ့်လည်း ဖြတ်ဖို့ ရပ်ဖို့ ခက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစွဲလမ်းမှုရဲ့ နောက်ကွယ်မှာ သူတို့ကို မရပ်နိုင်လောက်အောင် ဆွဲဆောင်နိုင်လောက်တဲ့ အရာတစ်ခုခု ရှိနေလို့ပါ။ ဒါကြောင့် ဆက်လုပ်ရင် ကိုယ့်အတွက် မကောင်းဘူးဆိုတာ သိပေမယ့် ရပ်တန့်မရဘဲ စွဲလမ်းနေတာပါ။ စွဲလမ်းစိတ်တွေထဲမှာ ရုပ်ဝတ္ထုတစ်ခုခု (ဥပမာ အရက်)ကို စွဲလမ်းတာရှိသလို အပြုအမူတစ်ခုခု (ဥပမာ လောင်းကစား)ကို စွဲလမ်းတာမျိုးလည်း ရှိပါတယ်။ စွဲလမ်း မှုတွေ ဘယ်လိုဖြစ်လာရသလဲ။ လေ့လာချက်တွေအရ စွဲလမ်းမှုတွေ အားလုံးမှာ တူညီတဲ့ ဖြစ်စဉ်တွေကို တွေ့ရပါတယ်။ ဦးနှောက်ထဲမှာ ရှိတဲ့ ဒိုပါမင်းလို့ ခေါ်တဲ့ ဓာတုပစ္စည်းနဲ့အတူ ဆုလာဘ်ရတာ၊ ထပ်လုပ်ချင်အောင် တိုက်တွန်းတာ စတဲ့ ဦးနှောက်အစိတ်အပိုင်းတွေပါ ပါဝင်ပတ်သက်နေပါတယ်။ ဒီလိုနဲ့ စွဲလမ်းစေတဲ့ ကိစ္စတစ်ခုကို […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

Minimalism က စိတ်ကျန်းမာရေးကို ဘယ်လိုအထောက်အကူဖြစ်စေလဲ။

ရုပ်ဝတ္ထုတွေ တိုးတက်လာပြီး တစ်နေ့ထက် တစ်နေ့ အသစ်အဆန်းတွေ ပေါ်ထွက်လာတဲ့အချိန်မှာ ဒါတွေကို နောက်ကလိုက်ဝယ်နေရင် ပြီးတော့မှာ မဟုတ်ပါဘူး။ ဒီလို ဝယ်ယူနေတာက ကိုယ့်ပျော်ရွှင်မှုအတွက်လား၊ သူများကို အထင်ကြီးစေချင်လို့လားဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့ လိုပါတယ်။ ဒီလို လိုက်ဝယ်ရင်း လိုက်ဝယ်ရင်း ပျော်ရွှင်မှုထက် စိတ်ဖိစီးမှုတွေပဲ ရလာတဲ့အခါကျတော့ Minimalism ဆိုတဲ့ နေထိုင်မှု ပုံစံခေတ်စားလာပါတယ်။ Minimalism ဆိုတာ Minimalism နဲ့ ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြပေမယ့် ဘုံတူညီနေတာကတော့ မလိုတာတွေကို မဝယ်ဘူး။ မဖြစ်မနေ လိုအပ်တဲ့ ပစ္စည်းနည်းနည်းနဲ့ပဲ နေထိုင်တာကို ဆိုလိုတာပါ။ ကပ်စီးနည်းတာလား ဆိုတော့လည်း မဟုတ်ပါဘူး။ ကပ်စီးနည်းတာက ကိုယ်အသက်ရှင်ဖို့ လိုအပ်တဲ့ အရာတွေအပေါ်မှာတောင် ငွေမသုံးချင်တာပါ။ Minimalism ကတော့ ကပ်စီးနည်းတာနဲ့ အသုံးအဖြုန်းကြီးတာရဲ့ ကြားလို့ ပြောလို့ရပါတယ်။ Minimalismနဲ့ […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

သေကြောင်းကြံစည်တာ နဲ့ပတ်သက်ပြီး အထင်မှားနေကြတဲ့ အချက်အချို့

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တယ်လို့ ကြားလိုက်တိုင်း ပျော့ညံ့လိုက်တာ၊ အလွယ်တကူနဲ့ အရှုံးပေးတယ်လို့ မြင်လိုက်တတ်ကြပါတယ်။ တကယ်ရော ဒီထက်မြင်ချက်တွေက မှန်ရဲ့လားဆိုတာကို ဆန်းစစ်ဖူးရဲ့လား........... လူတစ်ယောက် ကိုယ့်အသက်ကိုကိုယ် ရန်ရှာရတယ်ဆိုကတည်းက အကြောင်းရင်းခံက ဘာရယ်မဟုတ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ သက်ရှိတိုင်းလိုလိုက ရှင်သန်နေထိုင်ဖို့ စိတ်အားထက်သန်ကြပါတယ်။ ရှင်သန်နေထိုင်ဖို့ ဆန္ဒပြင်းပြတဲ့ သက်ရှိတွေထဲမှာမှ ဉာဏ်ရည်အမြင့်ဆုံး လူသားတွေက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာ နဲ့ ပတ်သက်ပြီး အမှတ်မှားနေတဲ့ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာ နဲ့ပတ်သက်ပြီး အထင်မှားနေကြတဲ့ အချက်အချို့ သေကြောင်းကြံစည်တာနဲ့ပတ်သက်လို့ သိထားတာတွေ မှန်ရဲ့လား........ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မယ့်သူတွေက တစ်ကိုယ်တည်း ကြိတ်ကြံစည်ကြတယ် အများစုက ဒီလိုထင်ကြတာပါ။ တကယ်ကတော့ သေကြောင်းကြံစည်သူတွေက အခြားသူတွေဆီမှာ သူကြုံနေရတဲ့ အခက်အခဲတွေကို ပြေလည်စေဖို့ နည်းလမ်းတွေ တောင်းလေ့ရှိပါတယ်။ သူတို့အနေနဲ့ လုံးဝ အကူအညီမရမှဘဲ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

Phobias (အကြောက်လွန်ခြင်း) တို့၏ အကျိုးဆက်

Phobias (အကြောက်လွန်ခြင်း) တွေက သဘာဝအတိုင်း ဖြစ်လာတာတွေ ရှိသလို အရာဝတ္ထုတွေ၊ နေရာတွေနဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်ပေါ်ခံစားလာရနိုင်ပါတယ်။ ကြောက်လန့်ခြင်းတွေက စိုးရိမ်ပူပန်မှုတွေနဲ့ မတူပါဘူး။ အကြောက်လွန်မှုက သူစိတ်ထဲက ကြောက်နေတဲ့ အရာကို မြင်တိုင်း အရမ်း ထိတ်လန့်တာမျိုး ဖြစ်နိုင်သလို ကြောက်လန့်တဲ့ အခြေအနေကို တွေ့ကြုံရတိုင်း အရမ်း ထိတ်လန့်တာမျိုးပါ။ အကြောက်လွန်ခြင်းတွေက ထိခိုက်စေတာမျိုး မရှိဘူးလို့ ထင်စရာရှိပေမယ့် တကယ်ကတော့ အကြောက်လွန်ခြင်းက လူတွေရဲ့ နေ့စဉ်ဘ​ဝ လှုပ်ရှားမှုတွေမှာ ထိခိုက်တာတွေရှိသလို ဆက်ဆံရေးတွေ အပေါ်မှာလည်း ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒီတော့ အကြောက်လွန်ခြင်း (Phobias) တွေက ဘယ်လိုတွေများ ထိခိုက်စေနိုင်သလဲဆိုတာကို ပြောပြပေးသွားမယ်။ အကြောက်လွန်ခြင်း  (Phobias) တွေက ဘယ်လိုတွေများ ထိခိုက်စေနိုင်သလဲ အကြောက်လွန်ခြင်း (Phobias) တွေကြောင့် အခုလို ထိခိုက်စေနိုင်ပါတယ်။ ပြင်းထန်တဲ့ စိုးရိမ်မှုတွေကြောင့် အရွယ်မတိုင်ခင် […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ခွေးကြောက်တဲ့ စိတ်ရောဂါ (Cynophobia)

ခေါင်းစဉ်ကြည့်ပြီး ခွေးကြောက်တဲ့ စိတ်ရောဂါ (Cynophobia) ဆိုလို့ ထူးဆန်းသွားလား..... ခွေးက လူသားတွေအတွက် သစ္စာအရှိဆုံး မိတ်ဆွေပါ။ ဒါပေမယ့် ခွေးတွေကို လူတိုင်းက ချစ်တာ မဟုတ်သလို ခွေးကို မကြောက်တဲ့ သူတွေချည်းပဲ မဟုတ်ပါဘူး။ လူတိုင်းမှာ စိတ်ထဲက စိုးကြောက်တဲ့အရာ တစ်ခုထက်မနည်း ရှိပါတယ်။ ခွေးကြောက်တာကတော့ အဖြစ်သိပ်မများတဲ့ စိတ်ပိုင်းဆိုင်ရာ စိုးထိတ်မှု တစ်ရပ်ပါ။ ပင့်ကူကို ကြောက်တာ မြွေကိုကြောက်တာတွေကတော့ အဖြစ်များတဲ့ စိတ်ပိုင်းဆိုင်ရာ စိုးထိတ်မှုတွေပါ။ ခွေးကြောက်တဲ့ စိတ်ရောဂါ (Cynophobia) အခုဒီစာကို ဖတ်နေတဲ့ စာဖတ်ပရိသတ်ကြီးမှာရော ခွေးကြောက်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေရှိပါသလား...... ပင့်ကူကို ကြောက်တာက အမွေးတွေ ထူလို့ ခြေလက်တွေက ၈ ချောင်းတောင်ပါလို့ စသဖြင့်ရှိနိုင်သလို မြွေကိုက အဆိပ်ရှိလို့ ကြောက်တာမျိုးလို့ တွေးလို့လွယ်ပါတယ်။ ဒါပေမယ့် ခွေးကတော့ လူသားတွေနဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ကျေးဇူးတင် တတ်ပါစေ။

တစ်နေ့တာမှာ ကျေးဇူးတင် လောက်တဲ့ အရေးစိုက်မှုတွေ၊ ကူညီမှုတွေကို ရတဲ့အခါ ကျေးဇူးတင်ပါတယ် လို့ ပြောမိရဲ့လား။ အလုပ်တွေနဲ့ ဗျာများနေတဲ့ ကာလမှာ လူတွေဟာ တစ်ဦးတစ်ယောက်က ကိုယ့်ကို ကူညီပေးတဲ့အခါမျိုးမှာတောင် ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ မေ့နေကြပါတယ်။ တကယ်ကတော့ ကူညီမှုတွေ ဖေးမမှုတွေ ရရှိတဲ့အခါတိုင်းမှာ ကျေးဇူးတင်တယ်လို့ ပြောသင့်ပါတယ်။ ဒီလိုပြောရတာက ကျေးဇူးတင်တတ်ခြင်းက ကောင်းမွန်တဲ့ အပြုအမူ တစ်ခုဆိုတာထက် ပိုလို့ပါ။ ကိုယ်တိုင်ကိုရော ကျေးဇူးတင်စကား ပြောခံရသူကိုရောပါ စိတ်ကျန်းမာစေနိုင်ပါတယ်။ ကျေးဇူးတင်တတ်ပါစေ။ ကျေးဇူးတင်စကား ဆိုတတ်တာက ထင်ထားတာထက် အများကြီး အကျိုးများပါတယ်။ ကျေးဇူးတင်စကားဆိုတာက ခန္ဓာကိုယ် ကျန်းမာရေးအပေါ်မှာရော ဦးနှောက် ကျန်းမာရေးအပေါ်မှာပါ အများကြီး အထောက်အကူပြုပေးပါတယ်။ ဒီအကျိုးကျေးဇူးက နှစ်ဦးနှစ်ဖက်စလုံးဆီမှာ အကျိုးများစေတာပါ။ အလုပ်ခွင်ထဲမှာဖြစ်ဖြစ်၊ မိသားစုဘဝမှာဖြစ်ဖြစ်၊ သူငယ်ချင်းတွေကိုဖြစ်ဖြစ်၊ နေ့စဉ်ဘဝမှာဖြစ်ဖြစ် ကျေးဇူးတင်စကားပြောတတ်တာက ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေမှာပါ။ ကျေးဇူးတင် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

မနက်ခင်းကို သီချင်းလေးတွေ နဲ့ နိုးထပါ

သီချင်းကို ဖျော်ဖြေရေး တစ်ခုလို့ပဲ အများက သိထားကြပါတယ်။ တကယ်ကတော့ သီချင်းက ဖျော်ဖြေရေးဆိုတာထက် ပိုပါတယ်။ သီချင်းနားထောင်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အခုတစ်ခေါက်တော့ မနက်ခင်းကို သီချင်းလေးတွေ နဲ့ နိုးထတာက ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။ မနက်ခင်းခါ တေးသံသာသာ နားဆင်ပါ မနက်ခင်းမှာ တေးသီချင်းတွေ နားထောင်တာက စိတ်ကို သက်သောင့်သက်သာ ဖြစ်စေပြီး စိတ်ဖိစီးမှုတွေကို ပြေစေပါတယ်။ စိတ်ပျော်ရွှင်စေပြီး တစ်နေ့တာလုံးကို တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ပါတယ်။ မနက်ခင်းမှာ ငြိမ့်ငြိမ့်ညောင်းညောင်း တေးသံလေးတွေ နားဆင်ရတာက စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနိုင်မှာပါ။ သီချင်း အမျိုးအစားတွေကတော့ စိတ်ကြိုက် ရွေးချယ်လို့ ရပါတယ်။ မနက်ခင်းကို သီချင်းလေးတွေ နဲ့ နိုးထပါ မနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်ရင်းဖြစ်ဖြစ် မနက်စာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း