စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

ကိုဗစ်ကာလအတွင်း အမျိုးသား ၁၀ ဦးလျှင် ၄ ဦးနှုန်း စိတ်ပိုင်းဆိုင်ရာ ပြဿနာခံစားနေရ

COVID-19 ရောဂါကပ်ဘေးကြီးဟာ တစ်နှစ်နီးပါး ခရီးရောက်လာခဲ့ပါပြီ။ လူမှုရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး အမျိုးမျိုးနဲ့ လူသားတွေကို ဒုက္ခပေးနေခဲ့တာပါ။ ကူးစက်ရောဂါဆိုးတစ်ခုဖြစ်ပေမယ့် တိုက်ရိုက်ပြဿနာတွေထက် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေက လူသန်းပေါင်းရာချီအပေါ် သက်ရောက်နေခဲ့ပါတယ်။ အထူးသဖြင့်တော့ စိတ်ကျန်းမာရေးပြဿနာတွေပါပဲ။ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျဆင်းမှုနဲ့ ပူပင်သောကများတာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို COVID-19 ရောဂါကပ်ဘေးသင့်နေချိန်မှာ ပိုပြီးခံစားရနိုင်ပါတယ်။ ဒီလို ဝေဒနာတွေ ကပ်ညိလာချိန်၊ စိတ်ဝေဒနာတစ်မျိုးမျိုးစတင် ခံစားလာရချိန်မှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအကြား တုန့်ပြန်မှုတွေ မတူညီတတ်ကြပါဘူး။ အထူးသဖြင့် အမျိုးသားတွေဟာ စိတ်ကျန်းမာရေးပြဿနာတွေကို ပိုမိုခံစားနေရပါတယ်။ ကိုဗစ်ထက် ကြောက်ဖို့ကောင်းနေတဲ့ ပြဿနာ ဗြိတိန်က ဆေးသိပ္ပံပညာရှင်တွေရဲ့ စစ်တမ်းတွေအရ ကိုဗစ်ကာလအတွင်းမှာ အမျိုးသား ၁၀ ဦးလျှင် ၄ ဦးနှုန်းနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ မိသားစုရဲ့ စီးပွားရေးဝန်ထုပ်ကို ထမ်းပိုးထားရတဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဂျင်ဆင်းတို့ သူရဲကောင်း သုံးယောက် ထိန်းသိမ်းစောင့်ရှောက်ပေးမယ့် ပျော်ရွှင်ခြင်းအကြောင်း

နေ့စဉ်ပျော်ရွှင်နေစေဖို့ ...မနက်မိုးလင်း အိပ်ရာထကတည်းက ညအိပ်ရာဝင်တဲ့အချိန်အထိ အလုပ်တွေကို အင်တိုက်အားတိုက်နဲ့ စူးစူးစိုက်စိုက် လုပ်နိုင်ဖို့ဆိုရင် စွမ်းအားတွေ ပြည့်ဝနေမှ ရမှာပါ။ အိပ်ရာထထချင်းမှာ လန်းဆန်းနေပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကိုယ်ထဲမှာအင်အားတွေ ကျလာတာ၊ စိတ်တွေ ရှုပ်ထွေးပြီး ဖိစီးလာတာက သဘာဝဆိုပေမယ့် ဒီလိုမဖြစ်အောင် ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။ နေ့ရက်တိုင်းကို အားအင်အပြည့်နဲ့ ကျော်ဖြတ်နိုင်ဖို့ဆိုတာ ထင်ထားသလောက် မလွယ်ပါဘူး။ ကိုယ်ကျန်းမာပေမယ့် စိတ်ရှုပ်ထွေး၊ စိတ်ကြည်နေရင်တောင် ကိုယ်မကျန်းမာ တစ်ခုမဟုတ် တစ်ခု ချို့ယွင်းနေတာဆိုတော့ အားအင်အပြည့်ရဖို့ ခက်ခဲတယ်လို့ ပြောရမှာပေါ့။ ဒါပေမယ့် ကိုယ်ရော စိတ်ပါ ကျန်းမာ ကြည်လင် ပျော်ရွှင်မှုအတွက် အသင့်ဖြစ်နေအောင် ဒီအာဟာရသုံးမျိုးကို ဖြည့်တင်းထားမယ်ဆိုရင်တော့ သက်လုံကောင်းနေမှာ အမှန်ပါပဲ။ ကိုယ်ရော စိတ်ပါ ကျန်းမာအောင် ကူညီပေးမယ့် သူရဲကောင်း သုံးယောက် နေ့ရက်တိုင်းမှာ ကိုယ်ရော စိတ်ပါ ကျန်းမာစေဖို့၊ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သိမ်းဆည်းထားရမယ့် အရာတွေထဲမှာ စိတ်ဖိစီးမှု မပါပါ။

စုဆောင်းတတ်တဲ့ အလေ့အထက ကောင်းပေမယ့် စုဆောင်းသင့်တဲ့အရာထဲမှာတော့ စိတ်ဖိစီးမှု မပါပါဘူး။ လူတွေက တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ စိတ်ညစ်စရာ၊ စိတ်တိုစရာ၊ ဖိအားစတာတွေကို မသိလိုက်ဘဲ စိတ်ထဲမှာ သိမ်းဆည်းထားတတ်ကြပါတယ်။ ဒါတင် မဟုတ်သေးဘဲ မဖြစ်သေးတဲ့အရာကို တွေးပူပြီး စိတ်ဖိစီးမှုကို တင်ကြိုရယူထားတတ်ကြပါသေးတယ်။ ဒီလိုနဲ့ စိတ်ဖိစီးမှုတွေက သေးသေးလေးကနေ ချေဖျက်ဖို့ ခက်တဲ့ အဆင့်တွေအထိရောက်လာပါတော့တယ်။ ဒီအခြေအနေက စိတ်ရောကိုယ်ပါ ကျန်းမာမှုကို ထိခိုက်စေပြီး ပေါင်းသင်းဆက်ဆံရေးနဲ့ တီထွင်ဖန်တီးနိုင်စွမ်းစတာတွေကို ထိခိုက်စေပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ စိတ်ဖိစီးလို့ စားမဝင်၊ အိပ်မပျော်ရာက ကိုယ်ခံအားကိုပါ ထိခိုက်လာတာပါ။ စိတ်ဖိစီးမှု မွေးမထားသင့်ပါ။ ဖျားချင်သလိုလို ဖြစ်နေတယ်။ ခေါင်းထဲက ကိုက်လိုက်တာ၊ ကြွက်သားတွေ တောင့်တင်းနာကျင်နေတာပဲ။ စိတ်ထဲက မကြည်မလင်နဲ့ ဘာလုပ်လုပ် စိတ်တိုလိုက်တာဆိုတာတွေက စိတ်ဖိစီးမှု ပမဏ အတော်များများကို စုထားမိပြီဆိုတဲ့ လက္ခဏာပါ။ စိတ်ဖိစီးမှုက […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သင်ချစ်ရတဲ့သူတွေ စိတ်ဖိစီးမှုမှ လွတ်မြောက်ဖို့ ဘယ်လိုကူညီပေးမလဲ

စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာရှိကြတာပါပဲ။ စိတ်ဖိစီးရတဲ့ အကြောင်းအရင်း၊ အနည်းအများသာ ကွာရင် ကွာမယ်။ လူတိုင်းက သူ့နည်း သူ့ဟန်နဲ့တော့ စိတ်ဖိစီးကြတာချည်းပါပဲ။ စိတ်ဖိစီးမှုဆိုတာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အရ အနည်းငယ်တော့ လိုအပ်ပါတယ်။ ဒါမှ အရေးကြီးတဲ့အခြေအနေမျိုးမှာ 'fight or flight response'နဲ့ တုံ့ပြန်နိုင်မှာပါ။ ဒါပေမယ့် စိတ်ဖိစီးမှုက ခံနိုင်စွမ်းထက် ကျော်လွန်ပြီး များပြားလာရင်တော့ လူကို ဝါးမျိုပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေမှာ ထိခိုက်မှုတွေ ရှိလာမှာပါ။ ဒီအဆင့် ထိရောက်မသွားအောင်တော့ ကာကွယ်ဖို့လိုပါတယ်။ ခုလို ကိုဗစ်ကာလမှာ လူတိုင်းက စိတ်ဖိစီးနေကြပါတယ်။ အလုပ်လုပ်တဲ့သူတွေ၊ စီးပွားရေးသမားတွေပဲ ဖိစီးတာ မဟုတ်ပါဘူး။ ဟိုးကလေးလေးက စလို့ လူကြီးပိုင်းအထိ အားလုံးက ကိုယ့်အပူနဲ့ ကိုယ်ပါ။ ကလေးလေးတွေဆိုရင်လည်း သူ့သူငယ်ချင်းတွေနဲ့ မတွေ့ရတဲ့အခါ၊ အပြင်ထွက် မဆော့ရတဲ့အခါ စိတ်ဖိစီးတာပဲ။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေမှားသိထားကြလဲ

စိတ်ကျန်းမာရေးဆိုတာ ပုံမှန်လူသားတိုင်း နားလည်နိုင်စွမ်း အလွန်နည်းပါတဲ့ ကျန်းမာရေးခေါင်းစဉ်တစ်ခုပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံလိုမျိုး ကျန်းမာရေးဗဟုသုတနည်းတဲ့ နိုင်ငံမျိုးတင်မကဘဲ တကယ့် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာပါ ပြည်သူလူထုများက စိတ်ကျန်းမာရေးကို ကောင်းစွာ နားလည်နိုင်ခြင်းမရှိကြပါဘူး။ စိတ်ကျန်းမာရေးဆိုတာ ဘာလဲလို့ မေးခွန်းထုတ်လိုက်ရင် လူအယောက် ၁၀၀ မှာ ၉၉ ယောက်က ရူးနေတာ၊ လွတ်နေတာ၊ ဆိုက်ကိုဖောက်နေတာ၊ နည်းနည်းလေး ကြောင်တောင်တောင်ဖြစ်နေတာဆိုပြီးတော့ ပြန်ဖြေပါလိမ့်မယ်။ စိတ်ကျန်းမာရေးဆိုသည်မှာ စိတ်ခံစားချက်၊ တွေးခေါ်ပုံ၊ အပြုအမူတွေအပေါ် သက်ရောက်မှုရှိပြီး ပြောင်းလဲစေတဲ့ တွေးခေါ်မှုပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို စိတ်ကျန်းမာရေးပြဿနာလို့ ခေါ်ပါတယ်။ လိင်သတ်မှတ်ချက်၊ အသားအရောင်၊ လူမျိုး၊ အသက်အရွယ်၊ ပညာရေး၊ စီးပွားရေးနောက်ခံ၊ ကိုးကွယ်ယုံကြည်ရာ ဘာသာရေး စတာတွေနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘဲ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာမှာ ပုံမှန်မဟုတ်တဲ့ ချို့ယွင်းမှုတွေ ရှိနေတာပါ။ စိတ်ကျန်းမာရေးပြဿနာတွေဟာ လူနည်းစုမှာသာ ဖြစ်နိုင်တာလား။ ပြောရင်တော့ ယုံချင်မှ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ကျနေတဲ့ စိတ်ဓာတ်ကို ဆွဲတင်ကြစို့

ဘဝဆိုတာ တိုက်ပွဲတဲ့။ လူရယ်လို့ဖြစ်လာရင် ရင်ဆိုင်ရမယ့် အနိုင်ယူရမယ့် ကျော်လွှားရမယ့်အခက်အခဲတွေက အများသားရယ်။ အမြဲစိတ်ဓာတ်တွေကျနေရင် ဘယ်လိုလုပ် ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်နိုင်တော့မှာလဲ။ ဒီတော့ စိတ်ဓာတ်ကျ (Depression) နေပြီဆိုရင် တိုက်ထုတ်လိုက်ပါ။ ဘာလို့ စိတ်ဓာတ်ကျနေတာကို လျှင်လျှင်မြန်မြန်တိုက်ထုတ်သင့်တာလဲဆိုရင် လူတစ်ယောက် စိတ်ဓာတ်ကျနေပြီဆိုရင် အလိုလိုနေရင်း ပျော်ရွှင်မှုတွေ ပျောက်ဆုံးကုန်သလို ဝမ်းနည်းကြေကွဲစိတ် ကြီးစိုးလာတာ၊ အစားစားချင်စိတ် နည်းပါးလာတာ၊ ပတ်ဝန်းကျင်ကို ရှောင်ကျဉ်လာတာ၊ ပုံမှန်လူနေမှုဘဝနဲ့ ကင်းကွာလာတာ၊ အာရုံစူးစိုက်ရခက်ခဲလာတာနဲ့ အိပ်စက်ရခက်ခဲလာတာတွေခံစားလာရပြီး ဘဝကြီးတစ်ခုလုံး အဓိပ္ပါယ်မဲ့သွားသလိုမျိုး ဖြစ်သွားတတ်တယ်လေ။ တကယ်ဆိုရင် စိတ်ဓာတ်ကျတာကို လူတိုင်းနီးပါး ကြုံဖူးကြပါတယ်။ ဒါပေမယ့် တချို့က ကျော်ဖြတ်ပြီး အောင်မြင်မှုဆီ တက်လှမ်းသွားကြတယ်။ တစ်ချို့ကတော့ အရှုံးပေးလိုက်ကြတယ်။ အဲ့ဒီမှာ လူတစ်ယောက်ချင်းစီရဲ့ ဘဝတွေကလည်း ကွာခြားသွားကြတာပေါ့။ အကြမ်ဖျဉ်းအားဖြင့်ဆိုရင် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ၊ ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုတွေ၊ […]


စွဲလမ်းမှုပြဿနာများ

မိုဘိုင်းလ်ဖုန်းကို လက်ကမချနိုင်ဖြစ်နေတာ ဘာကြောင့်လဲ

မနက်မိုးလင်းတာနဲ ကောက်ကိုင်မိတာက မိုဘိုင်းလ်ဖုန်းဖြစ်နေပြီး ညအိပ်ချိန်မှာ နောက်ဆုံးထိတွေ့ခဲ့တာကလည်း မိုဘိုင်းလ်ဖုန်းဖြစ်နေပြီလား။ ဘယ်အချိန်မဆို ဖုန်းကို တကိုင်ကိုင်နဲ့ ဖြစ်နေတယ်ဆိုရင် ဒါက မိုဘိုင်းလ်ဖုန်းကို နှစ်သက်တဲ့အခြေအနေမျိုးမဟုတ်တော့ပါဘူး။ စွဲလမ်းတဲ့အဆင့်ကို ရောက်နေတာဖြစ်နိုင်ပါတယ်။ ခုလို Work from Home ၊ Stay at Home အစီအစဉ်တွေနဲ့ နေအိမ်တွေမှာနေထိုင်နေရတဲ့အချိန်ကာလမျိုးမှာဆိုရင် မိုဘိုင်းလ်ဖုန်းအသုံးပြုတဲ့အချိန်ပမာဏက ပိုမြင့်တက်လာသလို ဆိုရှယ်မီဒီယာတွေမှာ အချိန်ဖြုန်းတဲ့နှုန်းကလည်း ပိုများလာနေပါတယ်။ ပျင်းလို့၊ စိတ်ပျော်ရွှင်ချင်လို့ ဖုန်းကိုပိုသုံးမိပြီး ဖုန်းပိုသုံးမိတော့ ပိုပြီးလက်က မချနိုင်ဖြစ်ရင်း သံသရာလည်နေတယ်ဆိုပါတော့။ ဒီလိုအခြေအနေတွေတင်မကပါဘူး အောက်ပါလက္ခဏာတွေသင့်မှာ ရှိနေပြီဆိုရင် သာမန်စွဲလမ်းမှုမျိုးမဟုတ်တော့ပါဘူး။ ဖုန်းနဲ့ မကင်းကွာအောင် တမင်ဂရုစိုက်နေထိုင်တာ၊ ဖုန်းမရှိချိန်တွေမှာ စိတ်မတည်မငြိမ်ဖြစ်တာ၊ ဖုန်းမရှိရင် စိတ်တို ဒေါသထွက်နေတတ်တာ၊ ကိစ္စအားလုံးကို ဖုန်းနဲ့ ဆက်စပ်တွေးခေါ် ပြုမူနေတတ်တာ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ လုပ်ငန်းခွင်မှာ အာရုံစိုက်မှုလျော့ကျလာတာ၊ လူမှုဆက်ဆံရေးနယ်ပယ်မှာ အားနည်းချက်တွေ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

တိုင်းရေးပြည်ရာ အတွေးစတွေကြောင့် စိတ်ဖိစီးနေပြီလား

လူဆိုတာ နိုင်ငံရေးသတ္တဝါလို့ ဆိုစကားရှိတယ်။ လူရယ်လို့ဖြစ်လာပြီဆိုရင် နိုင်ငံသားတစ်ဦးဦးဖြစ်နေမှာဖြစ်ပြီးတော့ ပါချင်သည်ဖြစ်စေ မပါချင်သည်ဖြစ်စေ တိုင်းရေးပြည်ရာ ကိစ္စရပ်တွေနဲ့ ဆက်နွယ်နေတော့မှာပါပဲ။ ဒီတော့ တိုင်းရေးပြည်ရေးကြောင့် စိတ်ဖိစီးမှုလည်း ကြုံလာနိုင်တော့တာပေါ့။ တိုင်းရေးပြည်ရေး၊ နိုင်ငံရေးလို့ပြောလိုက်တာနဲ့ လက်ခံခြင်း၊ လက်မခံခြင်း၊ သဘောထားတိုက်ဆိုင်မှု ရှိခြင်း၊ မရှိခြင်း၊ အယူအဆ တူညီခြင်း၊ မတူညီခြင်းတွေက ခေါင်းထဲ တသီကြီးပြေးဝင်လာတော့မှာပါ။ ဒီမှာတင် အတွေးအခေါ်၊ အယူအဆ၊ လက်ခံနိုင်စွမ်း တူခြင်း မတူခြင်းတွေနဲ့ တိုင်းရေးပြည်ရေးအခြေအတွေကြောင့် ခံစားရတဲ့ စိတ်ပင်ပန်းမှုနဲ့ စိတ်ဖိစီးမှုတွေကို ခံစားမိကြမယ်ထင်ပါရဲ့။ မြန်မာနိုင်ငံမှာဆိုရင် ခုလို ရွေးကောက်ပွဲကာလမျိုးမှာ နိုင်ငံရေးသမားတွေ၊ ရွေးကောက်ခံပုဂ္ဂိုလ်တွေနဲ့ တိုင်းပြည်ကိုဦးဆောင်နေသူတွေသာမက ပြည်သူလူထုတွေမှာပါ စိတ်ဖိစီးမှုကို အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ရင်ဆိုင်ကြရမှာပါ။ နိုင်ငံရေးက ဘယ်နည်းဘယ်ပုံ စိတ်ဖိစီးစေသလဲ တီဗီကို ဖွင့်လိုက်ပါ။ နိုင်ငံရေးသတင်းတွေက ၂၄ နာရီမပြတ်လုံး ထုတ်လွှင့်နေပါတယ်။ သတင်းစာတွေ၊ အင်တာနက်စာမျက်နှာတွေမှာလဲ ဒီအတိုင်းပါပဲ။ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

သင် စိတ်ဓာတ်ကျနေပြီလို့ ညွှန်းဆိုနေတဲ့ လက္ခဏာ ၁၀ ခု

လူတိုင်း စိတ်ဓာတ်ကျတတ်ပါတယ်။ စိတ်ဓာတ်ကျတယ်ဆိုတာကို မကြာခဏလည်း ပြောဖြစ်ကြတယ်။ ဒါပေမယ့် ဘယ်လိုအရာတွေက သင့်ကို စိတ်ဓာတ်ကျစပြီး စိတ်ဓာတ်ကျတယ်ဆိုတဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာကိုရော တိတိကျကျသိထားကြရဲ့လား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ သင် စိတ်ဓာတ်ကျနေပြီလို့ ညွှန်းဆိုနေတဲ့ လက္ခဏာ ၁၀ ခု အကြောင်း ပြောပြပေးချင်ပါတယ်။ စိတ်ဓာတ်ကျတယ် (Depress) ဆိုတာက စိတ်ကျရောဂါ (Depression) ရဲ့ မူလဇစ်မြစ်ဖြစ်ပါတယ်။ စိတ်ဓာတ်ကျခြင်းဟာ စိတ်ဖိစီးမှု (Stress) လိုပဲ အဖြစ်များတဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပြီး မြန်မာပြည်မှာ အဖြစ်အများဆုံးစိတ်ဝေဒနာလို့လည်း မှတ်တမ်းတွေကဆိုပါတယ်။ သင် စိတ်ဓာတ်ကျနေပြီလို့ ညွှန်းဆိုနေတဲ့ လက္ခဏာ ၁၀ ခု တချို့ဝေဒနာရှင်တွေဟာ သူတို့မှာ စိတ်ကျဝေဒနာရှိနေတယ်ဆိုတာကို သတိထားမိကြခြင်းမရှိကြပါဘူး။ အသက်အရွယ်၊ လိင်၊ မိသားစုအခြေအနေ၊ လုပ်ငန်းခွင်နဲ့ ငွေကြေးအခြေအနေတွေကြောင့် လူအတော်များများမှာ စိတ်ကျဝေဒနာခံစားရလေ့ရှိပါတယ်။ အခုလို လက္ခဏာတွေ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

နောင်တမရဘဲ ပျော်ရွှင်စေမယ့် နည်းလမ်းများ

နောင်တ ဆိုတာ ဘယ်အချိန်အတွက်မဆို မရသင့်တဲ့ အရာတစ်ခုပါ။ လုပ်သင့်တာတွေကို မလုပ်မိဘဲနဲ့ မလုပ်သင့်တာတွေကိုပဲ လုပ်မိမယ်ဆိုရင်တော့ အချိန်လွန်ရင် နောင်တဆိုတာကြီးကို တပွေ့တပိုက်နဲ့ သယ်ပိုးရမှာပဲလေ။ လူတိုင်း ဒီလိုမဖြစ်ချင်ကြပါဘူး။ လူ့ဘဝတိုတိုလေးအတွင်းမှာ လုပ်သင့်လိုပ်ထိုက်တာတွေကို အချိန်ဆွဲမနေဘဲနဲ့ လုပ်သင့်ပါတယ်။ နောင်တဆိုတာ နောင်မှ တရတယ်လို့ မဖြစ်ရလေအောင် ဒီအချက်တွေကို အခုချက်ချင်း လုပ်လိုက်ကြရအောင်။ နောင်တမရဘဲ ပျော်ရွှင်စေမယ့် နည်းလမ်းများ က ဘာတွေများလဲ နောင်တမရဘဲ ပျော်ရွှင်စေမယ့် နည်းလမ်းများ ၁။ ဖုန်းချည်း လှိမ့်သုံးမနေနဲ့ အရင်တုန်းက ဘော်ဒါတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီဆိုရင် စလိုက်၊ နောက်လိုက်နဲ့ အကြမ်းအိုး ၃ အိုးလောက် ကုန်မှ ထပြန်တာ။ ပေါ့ပါးလွတ်လပ်ခြင်းဆိုတဲ့ အရသာကို အပြည့်အဝခံစားရတယ်လေ။ အခုခေတ်ကျတော့ လက်ဖက်ရည်ဆိုင်ထိုင်တယ်လို့သာ ပြောတာ၊ ဖုန်းလေးတွေကို ကိုယ်စီပွတ်လို့၊ တစ်ယောက်ကိုတစ်ယောက် စကားကောင်းကောင်း မပြောဖြစ်ဖူး။ သူငယ်ချင်းရေ . […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း