စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စွဲလမ်းမှုပြဿနာများ

စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ

မရှိမကောင်း၊ ရှိမကောင်းဆိုတဲ့ အရာတွေထဲမှာ စမတ်ဖုန်းတွေဟာလည်း ထိပ်ဆုံးကပါပဲ။ နည်းပညာနဲ့ ခေတ်တိုးတက်ပြောင်းလဲမှုနဲ့အတူ လိုက်ပါလာတဲ့ စမတ်ဖုန်းတွေကို လူကြီး၊ လူငယ်တွေအပြင် ကလေးတွေပါ အများအပြားသုံးစွဲလာတာကို တွေ့ရပါတယ်။ ကောင်းတဲ့ဘက်က ကြည့်ရင်တော့ လိုအပ်တဲ့ အချက်အလက်တွေကို လျင်မြန်စွာ ရှာဖွေလို့ရတယ်၊ ဝေးလံတဲ့နေရာမှာ နေထိုင်နေသူတွေနဲ့ ဆက်သွယ်စကားပြောဆိုလို့ ရတယ်၊ ကမ္ဘာ့အရေးအခင်း၊ ကျန်းမာရေးသတင်းတွေကို မျက်ခြေမပြတ်တမ်း စောင့်ကြည့်လို့ရတယ်။ မကောင်းတဲ့ဘက်ကနေကြည့်လိုက်တဲ့အခါ လူတော်တော်များများက စမတ်ဖုန်းကို ကောင်းတဲ့အချက်တွေထက်စာရင် ဖေ့ဘုတ်လို လူမှုကွန်ယက်တွေ သုံးဖို့၊ ဂိမ်းဆော့ဖို့သက်သက်သာ အသုံးပြုနေတာကို တွေ့ရပါတယ်။ ဖုန်းကို အလွန်အကျွံ မှားယွင်းစွာ အသုံးပြုတဲ့အခါ နောက်ဆက်တွဲ ဘာဖြစ်လာနိုင်လဲ။ ၁။ ဖုန်းကင်မရာနဲ့ ဆယ်လ်ဖီပုံတွေ ရိုက်တဲ့အခါ ကိုယ့်မျက်နှာပုံနဲ့ အနောက်ဘက်မှာ ရှိတဲ့ ရှုခင်းတွေအကုန်ပါဖို့ လက်မောင်းကို ရှည်နိုင်သလောက် ရှည်အောင် အပေါ်ထိမြှင့်ပြီး ဆန့်တန်းထားရပါတယ်။ ဒီအခါ တံတောင်ဆစ်ပတ်လည်က […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အဆုံးသတ်တော့မယ့် Relationship တစ်ခုရဲ့ လက္ခဏာများ

လူတိုင်းနီးပါး Relationship တစ်ခု ကို စတင်ကြတာက အဆုံးသတ်ဖို့ရည်ရွယ်ချက်နဲ့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် Relationship အများစုဟာ လမ်းခွဲခြင်းနဲ့ အဆုံးသတ်သွားတတ်ကြပါတယ်။ ကမ္ဘာပေါ်က Relationship တွေဟာ ပေါင်းစည်းရတာထက် လမ်းခွဲတာနဲ့ အဆုံးသတ်ရတာက ပိုများတယ်လို့ အဆိုရှိပါတယ်။ Relationshipတစ်ခုခိုင်မြဲနေဖို့ဆိုရင် နမိတ်လက္ခဏာတွေနဲ့ အပြုအမူတွေကို သိနားသဘောပေါက်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ အဆုံးသတ်တော့မယ့် Relationship တစ်ခုရဲ့ လက္ခဏာများ အဆုံးသတ်တော့မယ့် Relationship တစ်ခုရဲ့ လက္ခဏာတွေကို သိထားမယ်။ ကိုယ့်ရဲ့ Relationship ဟာ ဘယ်လိုအခြေအနေမျိုးကို ဦးတည်နေသလဲဆိုတာကိုလည်း သိထားမယ်ဆိုရင် အဆုံးသတ်ဆိုတဲ့အခြေအနေကို ကောင်းမွန်စွာ ကျော်ဖြတ်ရှောင်လွဲနိုင်ဖို့ ရာခိုင်နှုန်းသိသိသာသာမြင့်မားသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ Relationshipက ဘယ်လိုအခြေအနေမျိုးမှာရှိနေလဲဆိုတာကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ အောက်က အခြေအနေတွေရှိနေပြီဆိုရင်တော့ သင့်ရဲ့ Relationshipဟာ အန္တရာယ်ဇုံထဲကိုရောက်နေပြီလို့ မှတ်ယူရပါလိမ့်မယ်။ တစ်ယောက်နဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

နေ့ရက်တိုင်းကို စိတ်တက်ကြွလန်းဆန်းစွာ ဖြတ်သန်းစေနိုင်ဖို့

ဒီခေတ်ဟာ အပြိုင်အဆိုင်များတဲ့ ခေတ်ဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ အားကုန်ထုတ် ကြိုးစားနေရပါတယ်။ စီးပွားရေးမှာပဲဖြစ်ဖြစ်၊ ပညာရေးမှာပဲဖြစ်ဖြစ် သူများတွေထက် ရှေ့ရောက်နေဖို့ဆိုရင် ကျန်းကျန်းမာမာနဲ့ အလုပ်လုပ်နေနိုင်ဖို့ လိုတာပေါ့။ တနင်္လာနေ့လောက်က စလုပ်လိုက်တာ တစ်ရက်ထက် တစ်ရက် ပင်ပန်းလာပြီး သောကြာနေ့လောက်ဆို ဒေါင်းနေပြီ။ နောက်တစ်ပတ် တနင်္လာနေ့တိုင်အောင် အလုပ်သွား၊ ကျောင်းသွားဖို့ ရုန်းကန်နေရတာ ကြုံဖူးမှာပါ။ ဒီလိုဆို သိပ်ကို ရှေ့ရောက်ချင်နေတဲ့ ကိုယ့်အတွက် အဆင်ပြေပါ့မလား။ စိတ်ထောင်းလို့ ကိုယ်ကြေဆိုသလိုပဲ တစ်နေ့တစ်နေ့ ကြုံရတဲ့ စိတ်ဖိစီးတွေကြောင့် ခန္ဓာကိုယ်မှာပါ ဝန်ပိပြီး အလွယ်တကူပင်ပန်းနွမ်းနယ်တာတွေ၊ စိတ်ရှုပ်ထွေးတာ၊ အာရုံမစူးစိုက်နိုင်တာတွေ ဖြစ်လာမှာပါ။ ဒါတွေက ကျော်လွှားလို့ မရတဲ့ ကိစ္စတွေတော့ မဟုတ်ပါဘူး။ အောက်ကနည်းလမ်းတွေကို လိုက်လုပ်ကြည့်ရအောင်လား။ နေ့ရက်တိုင်းမှာ စိတ်ကြည်လင်နေစေဖို့ အာဟာရပြည့်အောင် စားသောက်ပါ။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ စုံလင်အောင် စားပါ။ နေ့စဉ်စားတဲ့ထဲမှာ အသားငါး၊ အသီးအရွက် […]


စိတ်ကျန်းမာရေး

စိတ်ကျန်းမာရေးအကြောင်း

စိတ်ကျန်းမာရေး ဟာ ကျယ်ပြန့်တဲ့ နယ်ပယ်တစ်ရပ်ဖြစ်ပါတယ်။ စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါဘယတွေက အမျိုးမျိုးအဖုံဖုံရှိနေကြတဲ့အပြင် အဖြစ်များပြီး လူတိုင်းနီးပါးနဲ့နွယ်စပ်နေတတ်ပါတယ်။ လူတစ်ဦးရဲ့ စိတ်ခံစားချက်နဲ့ တွေးတောကြံစည်ပုံအခြေအနေကောင်းမွန်နေရင် စိတ်ကျန်းမာတယ်လို့ ဆိုနိုင်ပါတယ်။ Healthy Mind ဖြစ်တယ်၊ Mental Well-being ဖြစ်တယ်ပေါ့။ စိတ်ကျန်းမာပြီး ပျော်ရွှင်နေခြင်းဟာ စိတ်ပိုင်းဆိုင်ရာကိုသာမက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတချို့ကိုပါ တားဆီးပေးနိုင်ပါတယ်။ စိတ်ကျန်းမာရေး ပြင်းထန်စွာချို့ယွင်းလာတဲ့အခါ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အထိ တွန်းအားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်လည်း စိတ်ကျန်းမာမှ ကိုယ်ချမ်းသာမယ်လို့ အဆိုရှိတာပါ။ သက်ရှိလူသားတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေဟာ အမျိုးမျိုးသော သက်ရောက်မှုတွေကြောင့် ထိခိုက်ပျက်ယွင်းနိုင်ပါတယ်။ အဓိကကျတဲ့ အချက်တွေကတော့ ဘဝထဲမှာရင်ဆိုင်ရတဲ့ အဖြစ်အပျက်တွေနဲ့ မျိုးရိုးဗီဇတွေကြောင့်ဖြစ်ပါတယ်။ ယျေဘုယျအားဖြင့် ဘဝမှာ စိတ်ကျန်းမာစွာနေထိုင်ချင်တယ်ဆိုရင် အောက်ပါအချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ်။ အပြုသဘောဆောင်စွာ တွေးတောကြံစည်တာ၊ ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွစွာနေထိုင်တာ၊ လူတစ်ဖက်သားကို ကူညီဖေးမတာ၊ လုံလောက်မျှတစွာ အိပ်စက်အနားယူတာ၊ အာဟာရပြည့်ဝစွာ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ကြောက်လန့်ဖွယ်ရာ စိတ်ကျဝေဒနာ

စိတ်ကျရောဂါကို အသံတိတ်လူသတ်သမားလို့တောင် တင်စားကြတာ ကြားဖူးကြပါလိမ့်မယ်။ ဒါဆိုရင်တော့ စိတ်ရောဂါဟာ မိမိအသက်ရောဂါကိုတောင် ခြိမ်းခြောက်နိုင်တဲ့ရောဂါဖြစ်တယ်ဆိုတာ ခန့်မှန်းမိကြပါလိမ့်မယ်။ အမှန်တကယ်ကိုပဲ ကောင်းစွာမကုသ မထိန်းချူပ်နိုင်တဲ့ စိတ်ကျရောဂါရှိသူတွေအနေနဲ့ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးလိုက်ပါတယ်။ (၁) စိတ်ကျခြင်းနဲ့ နှလုံးရောဂါ လေ့လာချက်များစွာအရ စိတ်ကျခြင်းဟာ နှလုံးရောဂါဖြစ်ခြင်းကို ဦးတည်ခြင်း၊ ရှိပြီးသားနှလုံးရောဂါကို ပိုဆိုးလာစေခြင်းနဲ့ နှလုံးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိူးတွေကနေ ပြန်လည်သက်သာစေဖို့ ခက်ခဲခြင်းတို့နဲ့ ဆက်စပ်လျက်ရှိနေပါတယ်။ စိတ်ကျရောဂါရှိသူတွေအနေနဲ့ နှလုံးထိခိုက်မှုဖြစ်ပေါ်ပြီးနောက် ပထမ(၆)လမှာ သေဆုံးနိုင်ချေကို ၂၀ရာနှုန်းနီးပါးမြင့်တက်စေနိုင်ပါတယ်။ စိတ်ကျရောဂါရှိခြင်းအပြင် ကျန်းမာရေးနှင့်ညီညွတ်အောင် မစားသောက်ခြင်း၊ ဆေးလိပ်နဲ့ အရက်သောက်ခြင်းတို့ရှိနေပါက နှလုံးရောဂါဖြစ်ဖို့အလားအလာပိုများစေပါလိမ့်မယ်။ (၂) စိတ်ကျခြင်းနဲ့ ဆီးချိုရောဂါ စိတ်ကျခြင်းကြောင့် Type 2 Diabetesဖြစ်နှုန်းကို တက်စေနိုင်ပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်သူ၊ ဝဖြိုးသူတွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် မစားသောက်သူတွေမှာပေါ့။ စစ်တမ်းများအရ ဆီးချိုရောဂါရှိသူတွေရဲ့ ၂၀ရာနှုန်းလောက်ဟာ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှုများတာမကောင်းပါဘူး။ ဒါပေမယ့် ဘယ်အခြေအနေကို စိတ်ဖိစီးမှုများတယ်လို့ ဆိုနိုင်မလဲ။ ဘယ်လောက်အတိုင်းအတာဆိုရင် ဆိုးဆိုးရွားရွား လွန်ကဲနေပြီလို့ ပြောနိုင်မလဲ။ ဒီလိုမေးခွန်းမျိုးကိုကျ ဖြေဖို့ ခက်ပါလိမ့်မယ်။ ဒီကနေ့ခေတ်မှာ လူတိုင်းအတွက် စားဝတ်နေရေးပူပင်သောကတွေအပြင် တခြားသော စိတ်ဖိစီးစရာ အခြေအနေတွေက ပိုပြီးတိုးပွားလို့လာနေပါတယ်။ ဒါကြောင့်လည်း လူတိုင်းရဲ့ ပါးစပ်ဖျားမှာ စိတ်ဖိစီးတယ်၊ သောကများတယ်၊ စိတ်ဓာတ်ကျတယ်ဆိုတဲ့ စကားတွေ မကြာခဏကြားနေရတတ်ပါတယ်။ အရွယ်ရောက်ပြီးသူတိုင်းရဲ့ ၃၃% လောက်မှာ ဒီဝေဒနာခံစားရတတ်တာမို့ ဘယ်လောက်အဖြစ်များတယ်ဆိုတာကို သိမြင်နိုင်မယ်ထင်ပါတယ်။ ဒါပေမယ့် ကိုယ်ဘယ်လောက် စိတ်ဖိစီးမှုများနေလဲ၊ ဘယ်လောက် အန္တရာယ်များတဲ့အဆင့်ကိုရောက်နေပြီလဲဆိုတာကိုတော့ သာမန်လူတစ်ယောက်အနေနဲ့ ပြောနိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့်ဒီဆောင်းပါးမှာတော့ အလွန်အမင်းစိတ်ဖိစီးမှု ဝေဒနာခံစားနေရသူတွေမှာ ပြသတတ်တဲ့ လက္ခဏာ ၁၀ ရပ်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ၁။ ဝက်ခြံ စိတ်ဖိစီးမှုများလာပြီဆိုရင် ဝက်ခြံတွေ သိသိသာသာထွက်လာတတ်ပါတယ်။ တချို့ဝက်ခြံမထွက်တတ်သူတွေမှာဆိုရင် သိသာတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ ဟော်မုန်းအပြောင်းအလဲဖြစ်စေပြီး ဝက်ခြံတွေပိုထွက်လာအောင် တွန်းအားပေးနိုင်ပါတယ်။ ၂။ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

သောကများရင် ရောဂါပွားမယ်

“သောကများမနေစမ်းပါနဲ့” လို့ မိတ်ဆွေအပေါင်းအသင်း အချင်းချင်းပြောလေ့ပြောထရှိတယ်မဟုတ်လား။ တကယ်တော့ သောကများတာမကောင်းပါဘူး။ ပူပင်သောကများခြင်းဟာ စိတ်ဝေဒနာတစ်မျိုးပါ။ ပူပင်သောကများတာကြောင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြီးကိုပါ ထိခိုက်နိုင်ပါတယ်။ Anxiety လို့ခေါ်တဲ့ ပူပင်သောကများတာဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်မျိုးဖြစ်ပါတယ်။ ဘဝတစ်သက်တာလုံးကို ဒုက္ခပေးနိုင်တဲ့ဝေဒနာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သောကများတယ်ဆိုတဲ့စကားကို မကြာခဏကြားနေကြဖြစ်နေတာမို့သာ သိပ်ပြီးကြောက်စရာမကောင်းလှဘူးလို့ ထင်နေကြတာပါ။ တကယ်တော့ ဒီပြဿနာကအတော်လေး လူကို ဒုက္ခပေးနိုင်ပါတယ်။ သောကများတဲ့လူတွေဟာ ဘဝတန်ဖိုးလျော့ကျပြီး စိတ်ရောကိုယ်ပါထိခိုက်နိုင်တယ်လို့ လေ့လာချက်တွေကဆိုထားပါတယ်။ တချို့သောဝေဒနာတွေဟာ အလွန်ပြင်းထန်တဲ့ရောဂါတွေဖြစ်တာမို့ မဖြစ်မနေ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ဟာ ပူပင်သောကတွေဖိစီးလာပြီဆိုရင် ခန္ဓာကိုယ်မှာ အောက်ပါ သက်ရောက်မှုတွေ ရှိလာတာ့မှာဖြစ်ပါတယ်။ ဒါတွေကတာ့ Generalized anxiety disorder (GAD) GAD ဆိုတာ စိုးရိမ်သောကလွန်ရောဂါဖြစ်ပါတယ်။ သာမန် စိုးရိမ်ပူပန်ပြီး သောကပွားတတ်တဲ့အဆင့်ကနေ ရောဂါအဆင့်ကို ကူးပြောင်းသွားတာပါ။ ဒီလိုဖြစ်သွားတဲ့ဝေဒနာသည်တွေအများအပြားရှိနေပြီးတော့ အမေရိကန်တစ်နိုင်ငံတည်းမှာတင် ၆.၈ သန်းလောက်ရှိတယ်လို့ The […]


စွဲလမ်းမှုပြဿနာများ

အန်ဖက်တမင်း အလွဲသုံးခြင်းဆိုသည်မှာ

လူတွေ အလွဲသုံးမိနေနိုင်တဲ့ အရာတွေက အတော်များများရှိပါတယ်။ ဒီထဲမှာ အန်ဖက်တမင်းကလည်း တစ်ခုအပါအဝင်ပေါ့။ အခုနောက်ပိုင်းမှာ အန်ဖက်တမင်း အလွဲသုံးမှုက အများအပြားတွေ့လာရပါတယ် အထူးသဖြင့်တော့ လူငယ်တွေကြားမှာပေါ့။ ဒီတစ်ခေါက်တော့ အန်ဖက်တမင်း အလွဲသုံးခြင်းအကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဘာလဲဟဲ့ အန်ဖက်တမင်း အန်ဖက်တမင်း (Amphetamine) ဆိုတာက ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးတဲ့ အရာပါ။ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို မြင့်တက်စေဖို့ အသုံးပြုကြသလို ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေစေဖို့၊ အာရုံစူးစိုက်မှု ကောင်းစေဖို့၊ ကိုယ့်ကိုယ်ကို ယုံ​ကြည်မှု မြင့်မားစေဖို့ ညဘက်မအိပ်ဘဲ နေနိုင်စေဖို့၊ အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ စတဲ့ အကြောင်းအရင်း အမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ ဘယ်လို ပုံစံနဲ့ အသုံးပြုကြလဲ.......... အန်ဖတ်တမင်းကို အလွဲသုံးတဲ့ ပုံစံခြင်း မတူနိုင်ပါဘူး။ ဆေးလုံးလိုက် သောက်သူတွေရှိသလို အာနိသင် မြန်မြန် ပြအောင်ဆိုပြီး ဆေးလုံးကိုကြိတ် ရေနဲ့ ဖျော်ပြီး သွေးကြောထဲ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်လှုပ်ရှားနေပြီဆိုရင် ဒီနည်းလမ်းတွေနဲ့ ထိန်းကြည့်ပါ။

စိတ်လှုပ်ရှားတယ်၊ ကြောက်ရွံ့တယ်ဆိုတာ လူတိုင်းမှာ ဖြစ်တတ်တာပါပဲ။ အင်တာဗျူးဖြေရတော့မှာမို့လို့ ကြောက်နေတာတွေ၊ လူအများရှေ့ စင်ပေါ်မှာ စကားပြောရတော့မှာမို့လို့ လန့်နေတာတွေ၊ စာမေးပွဲခန်းရှေ့မှာ ကြောက်ဒူးတုန်နေတာတွေက ဖြစ်တတ်တဲ့ သဘာဝပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ကြောက်တာခြင်းတော့ မတူဘူးပေါ့။ ဒါပေမယ့် စိတ်လှုပ်ရှားတာ၊ ကြောက်တာက ပြင်းထန်လာပြီး ထိန်းမရအောင် ဖြစ်လာတဲ့အခါ လူကြားထဲမှာ သိပ်ဒုက္ခရောက်ပါတယ်။ ထိုင်ရမလို ထရမလို၊ အိမ်သာသွားချင်သလိုလို၊ အန်ချင်သလိုလို စသဖြင့်ပေါ့။ ဒီလို လွန်ကဲတဲ့ တုံ့ပြန်မှုတွေဖြစ်လာပြီဆိုရင် ဒါကို panic attackလို့ ခေါ်ပါတယ်။ တစ်ချိန်မဟုတ် တစ်ချိန်မှာ ကြုံလာနိုင်တဲ့ ကိစ္စမို့လို့ အမြန်ဖြေရှင်းနိုင်အောင် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။ Panic attack ဖြစ်လာပြီဆိုရင် Panic attackမှာ ကြုံရတဲ့ ကြောက်လန့်မှုတွေက လက်တွေ့မှာတော့ ကိုယ့်ကို အန္တရာယ်မပေးနိုင်ပါဘူး။ ဥပမာ စာမေးပွဲဖြေတာက အသက်အန္တရာယ်မှ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

လူမှုဆက်ဆံရေးကိစ္စရပ်များကို ကြောက်ရွံ့စိုးရိမ်တတ်ခြင်း

လူမှုပေါင်းသင်းဆက်ဆံရေးကိစ္စတွေကို ရှောင်ရှားလိုတဲ့၊ လူမှုရေးကိစ္စတွေကို စိုးရိမ်ပူပန်မှုများတဲ့ အခြေအနေကို Social Anxiety Disorder လို့ ခေါ်ဝေါ်ပါတယ်။ မိမိ မနှစ်ခြိုက်တဲ့ ပတ်ဝန်းကျင်ကို ရှောင်ရှားလိုတာ သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် လူအများနဲ့ ဆက်ဆံပြောဆိုရမှာကို ကြောက်ရွံ့စိုးရိမ်စိတ်များနေတာ၊ သူစိမ်းတရံစာများနဲ့ မတွေ့ဆုံလိုတာ၊ မိတ်ဆုံစားပွဲ တွေ့ဆုံပွဲတွေကို ရှောင်ကြဉ်တာ စတာတွေကတော့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာပဲ ဖြစ်ပါတယ်။ မိမိကို အများက ဝေဖန်မှာ၊ ကဲ့ရဲ့မှာ စတာတွေကို စိုးရိမ်စိတ်များနေတာကြောင့် ဖြစ်ပါတယ်။ တခါတရံမှာ ဒီပြဿနာကို ခံစားနေရသူများကိုယ်တိုင်က သူတို့အနေနဲ့ ဖြစ်သင့်တာထက် လွန်ကဲနေတာကို သိမြင်ကြပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို မထိန်းနိုင်ကြပါဘူး။ လူမှုဆက်ဆံရေးကို ကြောက်ရွံ့ရှောင်ရှားတာဟာ သာမန်ရှက်ကြောက်တတ်တဲ့ အခြေအနေနဲ့ မတူပါဘူး။ ရှက်ကြောက်ခြင်းဟာ တခဏတာပဲဖြစ်ပြီး နေ့စဉ်ဘဝကို အနှောက်အယှက်မပေးနိုင်ပါဘူး။ လူမှုဆက်ဆံရေးကို ရှောင်ရှားခြင်းကတော့ အစွဲအလန်းတခုလို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း