စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ကိုယ်ရောစိတ်ပါ အနားရအောင် ဘယ်လိုအနားယူမလဲ

ယနေ့လူမှုအဖွဲ့အစည်းဟာ အပြိုင်အဆိုင်ပိုများပြီး စိတ်ဖိစီးမှုတွေနဲ့ နေ့စဉ်ကြုံတွေ့နေရပါတယ်။ လုပ်ငန်းခွင်မှာဖြစ်စေ၊ ကျောင်းစာသင်ခန်းမှာဖြစ်စေ၊ မိသားစုတွင်းမှာဖြစ်စေ ဖြေရှင်းစရာ တပုံတပင်နဲ့ စိတ်ရောကိုယ်ပါ ပင်ပန်းစရာတွေ များပါတယ်။ တစ်ခါတရံမှာ မိမိကိုယ်တိုင်အတွက်တောင် အချိန်မပေးနိုင်တာ ဖြစ်လာနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာ ပါဝင်ဆောင်ရွက်စရာ ကိစ္စတွေ မည်သို့ပင် များနေစေကာမူ မိမိရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးအတွက်လည်း အချိန်ပေးသင့်ပါတယ်။ အနားယူသင့်တဲ့ အချိန်မှာ အနားမယူဘဲ ဆက်တိုက်အလုပ်လုပ်နေခြင်းဟာ စိတ်ရောကိုယ်ပါ ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုလည်း ပိုများလာနိုင်ပါတယ်။ ကြာလာရင် ပင်ပန်းနွမ်းနယ်လွန်းပြီး ဘာမှဆက်မလုပ်နိုင်တော့တဲ့ အခြေအနေ (burnout)၊ ဦးနှောက်ထိုင်းသွားပြီး တွေးတောဆင်ခြင်ခြင်း၊ အာရုံစူးစိုက်ခြင်း မပြုနိုင်တော့တဲ့ အခြေအနေ (brain fog) တွေ ကြုံလာနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြလိုတာကတော့ သင့်အနေနဲ့ ကိုယ်ရောစိတ်ပါ အနားရအောင် ကျင့်သုံးသင့်တဲ့ နည်းလမ်းအချို့ ဖြစ်ပါတယ်။ ကိုယ်ရောစိတ်ပါ အနားရအောင် ဘယ်လိုအနားယူမလဲ သင့်အနေနဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကိုဗစ်ကာလ စိတ်ကျန်းမာရေးအတွက် ဆိုရှယ်မီဒီယာကို လျှော့သုံးကြမယ်

ခုလို ကိုဗစ်ကာလမှာ လူတော်တော်များများက အလုပ်သွားစရာလည်း မလို၊ အိမ်မှာလည်း အလုပ်မလုပ်ရတဲ့အတွက် အားလပ်ပြီး ဆိုရှယ်မီဒီယာကို ပိုမိုအချိန်ပေး အသုံးပြုလာကြပါတယ်။ တကယ်တော့ ဆိုရှယ်မီဒီယာဆိုတာ စိတ်ဓာတ်ပေါင်းစုံ၊ လူတန်းစားပေါင်းစုံ အသုံးပြုနေကြတဲ့ အရာပါ။ ခေတ်ကာလနဲ့ နည်းပညာတိုးတက်မှုလို့ ဆိုရပေမယ့် ဆိုးကျိုးအရကြည့်မယ်ဆိုရင်လည်း စိတ်ကျန်းမာရေးကို တော်တော်ဒုက္ခဖြစ်စေပါတယ်။ ဆိုရှယ်မီဒီယာ အဆိပ်အတောက် ဆိုရှယ်မီဒီယာဟာ လူ့ဘဝနဲ့ စိတ်ကျန်းမာရေးအတွက် အဆိပ်အတောက်လို့ကို ဆိုနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ လူပေါင်းစုံအသုံးပြုနေတာဖြစ်တဲ့ လူတွေရဲ့ အရေးတယူ အာရုံစိုက်မှုတွေကို လိုချင်တာဖြစ်စေ၊ အမုန်းတရားကို ဖြန့်ချိတာဖြစ်စေ၊ မှားယွင်းတဲ့ သတင်းအတုတွေကို ဖြန့်ချိတဲ့အခါဖြစ်စေ၊ အွန်လိုင်းပေါ်ကနေ အပြန်အလှန် ဆဲဆိုရန်ဖြစ်တာမျိုး အစရှိသဖြင့် နေ့စဉ် စိတ်ညစ်စရာ သတင်းပေါင်းစုံကို မြင်ရ၊ တွေ့နေရတဲ့အခါ စိတ်က ဘယ်လိုမှ ချမ်းသာနေနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ခန္ဓာအပြင် စိတ်ရဲ့ကျန်းမာရေးကပါ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုက သင့်ရဲ့ မျက်နှာလှလှလေးကို ဖျက်ဆီးပစ်နိုင်တယ်နော်

စိတ်ဖိစီးမှု (Stress) က သင့်ရဲ့ ကျန်းမာရေးကို ဒုက္ခအမျိုးမျိုးပေးတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်မျိုးဆိုပေမယ့် ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေပါ ခံစားရစေတာပါ။ ဒီလို စိတ်ဖိစီးမှုကြောင့် ထိပါးခံရတဲ့ ရုပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေထဲမှာ မျက်နှာလှလှလေး လည်း ပါဝင်နေပါတယ်။ များသောအားဖြင့် စိတ်ဖိစီးမှုများလာတဲ့အခါ ကိုယ်ခံအားစနစ်ကျဆင်းလာပြီး ခန္ဓာကိုယ်တစ်ခုလုံးက လုပ်ငန်းဆောင်တာတွေ ကမောက်မဖြစ်တတ်ပါတယ်။ ဒီအချက်ကြောင့်ပဲ မျက်နှာပေါ်မှာလည်း သက်ရောက်မှုတွေရှိလာပါတော့တယ်။ အကြမ်းဖျဉ်းပြောရမယ်ဆိုရင် လူတစ်ယောက်စိတ်ဖိစီးနေသလားဆိုတာကို မျက်နှာကိုကြည့်ရင်းနဲ့တောင် ပြောနိုင်တယ်လို့ ပညာရှင်တစ်ချို့က ပြောကြပါတယ်။ စိတ်ဖိစီးမှုကြောင့် Stress ဟိုမုန်းတွေ ပိုထွက်လာပြီး အရေပြားပေါ်မှာ အပြောင်းအလဲတွေရှိလာတာကြောင့် အောက်ပါပြဿနာတွေ ဖြစ်ပေါ်လာတာကြောင့်ပါပဲ။ ဝက်ခြံ စိတ်ဖိစီးနေချိန်မှာ ဝက်ခြံပိုထွက်ပါတယ်။ နဂိုက ဝက်ခြံမထွက်တတ်သူတွေတောင် စိတ်ဖိစီးရင် ဝက်ခြံထွက်တတ်ပါတယ်။ စိတ်ဖိစီးတဲ့အခါ ဦးနှောက်က Corticotrophin-releasing Hormone (CRH) တွေကို ပိုထုတ်ပါတယ်။ ဒီဟိုမုန်းဟာ မျက်နှာအရေပြားပေါ်မှရှိတဲ့ အဆီဂလင်းတွေကနေ အဆီတွေပိုထုတ်အောင် တွန်းအားပေးတာမို့ ဝက်ခြံတွေ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လိင်ဆက်ဆံပြီးချိန်မှာ ငိုကြွေးတာ ဘာကြောင့်လဲ

လိင်ဆက်ဆံတယ်ဆိုတာ စိတ်ကျေနပ်နှစ်သက်မှုအတွက်လို့ ယျေဘုယျအားဖြင့် မှတ်ယူလို့ ရပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံမှု ပြီးမြောက်သွားချိန်တွေမှာ ရုတ်တရက်ငိုကြွေးကြတာမျိုးတွေက ဖြစ်တတ်တဲ့ ပြဿနာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။ ပုံမှန်အားဖြင့် လိင်ဆက်ဆံပြီးချိန်တွေမှာ လူတိုင်းဟာ စိတ်ကျေနပ်မှု၊ နှစ်ခြိုက်ဖွယ်ရာလိင်အတွေ့အကြုံ၊ ပျော်ရွှင်မှုနဲ့ အပန်းပြေမှုတွေကို ခံစားရတတ်ပါတယ်။ ဒါပေမယ့် တချို့လူတွေကတော့ ဒီလို မခံစားရတတ်ပါဘူး။ ဝမ်းနည်းတာ၊ စိတ်ပင်ပန်းတာ၊ ဖြေမဆည်နိုင်အောင် မျက်ရည်ကျတာနဲ့ စိတ်အနှောင့်အယှက်ဖြစ်တာတွေကို တွေ့ကြုံ ခံစားကြရတာပါပဲ။ လိင်ဆက်ဆံပြီးချိန်မှာ ငိုကြွေးတာ ဘာကြောင့်လဲ လိင်ဆက်ဆံပြီးချိန်မှာ ငိုကြွေးတာ ဘာကြောင့်လဲ ......... လိင်ဆက်ဆံပြီးချိန် ဒီလိုစိတ်ခံစားချက်တွေ ခံစားရပြီး ငိုကြွေးမိတာကို Post-coital Tristesse (PCT) လို့ခေါ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးပါ။ ဒီပြဿနာမျိုးက အလိုမတူပဲ လိင်ဆက်ဆံခံရလို့ ငိုကြွေးတာနဲ့ မတူပါဘူး။ PCT က စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာ တစ်မျိုးလို့ […]


စွဲလမ်းမှုပြဿနာများ

ဆိုရှယ်မီဒီယာ စွဲလမ်းမှုကို လွယ်ကူတဲ့နည်းလမ်းတွေနဲ့ ဘယ်လိုလျှော့ချမလဲ

ဒီကနေ့ခေတ်မှာ ဆိုရှယ်မီဒီယာ အသုံးပြုတယ်ဆိုတဲ့ကိစ္စက နေ့စဉ်လူနေမှုဘဝထဲက အစိတ်အပိုင်းတစ်ခုလိုကိုဖြစ်နေတာပါ။ အသုံးပြုချိန်တွေ မြင့်မားလာသလို အလွန်အကျွံအသုံးပြုတာတွေလည်း ရှိလာပါတယ်။ စွဲလမ်းလာတယ်ပေါ့။ ဆိုရှယ်မီဒီယာတွေဟာ လူအချင်းချင်းဆက်သွယ်ပြောဆိုမှုနဲ့ သတင်းအချက်အလက်မျှဝေဖို့ ရည်ရွယ်ဖန်တီးထားတာဖြစ်ပေမယ့် ဒီကနေ့ခေတ်မှာတော့ ဒီထက်အများကြီး ပိုမိုကျယ်ပြန့်လာနေပါပြီ။ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ နိုင်ငံရေးစတာတွေရဲ့ ဗဟိုချက်တစ်ခုလိုကိုဖြစ်လာနေပါတယ်။ လူငယ်တွေအတွက်ဆိုရင်လည်း နေ့စဉ်ဘဝအတွက် မရှိမဖြစ် ပျော်စရာ နည်းလမ်းတစ်ခုဖြစ်သလို စိတ်ထွက်ပေါက်လို့လည်းဆိုလို့ရပါတယ်။ ဒီတော့လည်း အချိန်ပြည့်ဆိုရှယ်မီဒီယာတွေကို အသုံးပြုနေတာတွေ၊ ဖုန်းကိုလက်ကမချနိုင် တကိုင်ကိုင်ဖြစ်နေတာတွေက သိပ်တော့ ထူးဆန်းလှတယ်လို့ မဆိုသာပါဘူး။ လက်ရှိအချိန်ဟာလည်း COVID-19 ကာလမို့ လူတစ်ဦးချင်းစီရဲ့ ဆိုရှယ်မီဒီယာအသုံးပြုမှုပမာဏက ပိုလို့တောင်မြင့်တက်လာပါသေးတယ်။ Updated ဖြစ်တဲ့ သတင်းအချက်အလက်တွေကို သိဖို့နဲ့ စိတ်အပန်းပြေဖို့ပေါ့။ ပျော်ရွှင်စေဖို့ဆိုပေမယ့် ဆိုရှယ်မီဒီယာတွေဟာ စိတ်ကျန်းမာရေး၊ အရိုး၊ အကြော၊ မျက်စိကျန်းမာရေးနဲ့ လူမှုရေးပြဿနာတွေကို ယူဆောင်လာနိုင်တာမို့ အလွန်အကျွံအသုံးပြုလာရင် အဆင်မပြေမှုတွေ၊ စိတ်ကသိအအောက်ဖြစ်တာတွေ ခံစားရလာနိုင်ပါတယ်။ အထူးသဖြင့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အကြောက်လွန်ရောဂါ

အကြောက်တရားဆိုတာလူတိုင်းမှာရှိပါတယ်။ ဒါပေမယ့် တချို့သောသူတွေမှာတော့ အထူးအထွေ အကြောင်းပြချက်မရှိဘဲ တစ်စုံတစ်ခုကို အလွန်အမင်းကြောက်နေတတ်ပါတယ်။ ထိုတစ်စုံတစ်ရာကို တွေ့ကြုံလိုက် ရတဲ့အခါမှာအလွန်အမင်းစိုးရိမ်ပူပန်မှုကိုခံစားရပြီးပြောမပြတတ်တဲ့ကြောက်ရွံ့မှုမျိုးနဲ့ ကြောက်ရွံ့ နေတာပါ။ ကြောက်ရွံ့တဲ့အရာဟာ နေရာတစ်နေရာလည်းဖြစ်နိုင်သလို၊  ပစ္စည်း(ဒါမှမဟုတ်) အခြေအနေတစ်ရပ်ရပ်လည်းဖြစ်နေနိုင်ပါသေးတယ်။ တခြားသော   စိုးရိမ်ပူပန်မှုမျိုးနဲ့ မတူတာကတော့ အကြောက်လွန်ရောဂါဆိုတာဟာမိမိဘာကိုကြောက်သလဲ ဆိုတာ တိတိကျကျ ရှိနေပါတယ်။ အကြောက်လွန်ရောဂါကို Phobia လို့သုံးနှုန်းပါတယ်။ Phobia ရှိနေသူ တစ်ယောက်ဟာ  သူတို့ကြောက်ရွံတဲ့အရာတွေနဲ့ ပတ်သက်လာရင် ဘာဆိုဘာမှ မလုပ်ရဲ၊ မကိုင်ရဲကြပါဘူး။ ကြောက်ရွံမှုရဲ့ အကျိုးဆက်ကြောင့် ပြင်းထန်စွာထိခိုက်နာကျင်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။ အလုပ်တွေ၊ ကျောင်းတွေမှာ လုပ်ငန်းစွမ်းဆောင်ရည်တွေလျော့ကျစေလာနိုင်သလို လူမှုပတ်ဝန်းကျင်မှာလည်းနည်းအမျိုးမျိုးနဲ့ ထိခိုက်လာနိုင်ပါတယ်။ Phobia ဘာကြောင့်ဖြစ်ရသလဲ။ မျိုးရိုးလိုက်တာကြောင့်ဖြစ်နိုင်သလို ပတ်ဝန်းကျင်ကြောင့်လည်း Phobia ရောဂါ ခံစားသွားရနိုင်ပါတယ်။  စိတ်ပိုင်းဆိုင်ရာရောဂါ ခံစားနေရသူ တစ်ယောက်ယောက် မိမိဆွေမျိုးထဲမှာ ရှိခဲ့မယ်ဆိုရင်လည်း အကြောက်လွန်ရောဂါခံစားရနိုင်ပါတယ်။ မိမိမျက်စိရှေ့မှာ ရေနစ်ခြင်းကဲ့သို့သောကြောက်မက်ဖွယ်ဖြစ်ရပ်တစ်မျိုးမျိုး […]


စွဲလမ်းမှုပြဿနာများ

အမျိုးသမီးလေးတွေ ဘာကြောင့် ဆေးစွဲရတာလဲ။

လူတွေက ဆေးစွဲတယ်ပြောလိုက်ရင် အမျိုးသားတွေပဲ ဖြစ်တတ်သလို မြင်တတ်ကြပါတယ်။ တကယ်ကတော့ အမျိုးသမီးလေးတွေလည်း ဆေးစွဲနိုင်ပါတယ်။ အမျိုးသားတွေမှာတင် မဟုတ်ဘဲ အမျိုးသမီးတွေမှာလည်း စိတ်ဖိစီးတာ၊ စိတ်ဒဏ်ရာတွေ နဲ့ စိတ်ပင်ပန်းမှုတွေ ရှိနေတာပါ။ အမျိုးသမီးဆိုတဲ့ထဲမှာမှ ဆယ်ကျော်သက်ကနေ သက်လတ်ပိုင်းတွေက ဆေးစွဲနိုင်ခြေ အမြင့်ဆုံးပါလို့ စစ်တမ်းတစ်ရပ်အရ သိရပါတယ်။ ဒီတော့ အမျိုးသမီးလေးတွေ ဘာကြောင့် ဆေးစွဲရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ လေဒီလေးတွေ ဘာကြောင့် ဆေးစွဲကြတာလဲ.......... ဆေးစွဲတယ်ဆိုတာ မူးယစ်ဆေးကို အသုံးပြုတာကိုပဲ ဆိုလိုချင်တာ မဟုတ်ပါဘူး။ ဆေးလိပ်သောက်တာ အရက်သောက်တာကစလို့ မူးယစ်စေတတ်တဲ့အရာတွေကို သုံးစွဲမှုကို ဆိုလိုချင်တာပါ။ လေဒီလေးတွေဟာ စိတ်ဓာတ်ကျလို့ စိတ်ဓာတ်ကျတာက ဆယ်ကျော်သက် လေဒီလေးတိုင်းမှာ ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ရပ်ပါ။ ဆယ်ကျော်သက် လေဒီလေးတွေရဲ့ ၃ ပုံ ၁ ပုံလောက် အမြဲခံစားရပါတယ်။ ဒီလို စိတ်ဓာတ်ကျမှုကို အကောင်းဆုံး မကျော်လွှားနိုင်တဲ့အခါ မူးယစ်ဆေးရဲ့ သားကောင်ဖြစ်သွားပါတော့တယ်။ စိတ်ဒဏ်ရာရှိလို့ ကလေးဘဝက […]


စွဲလမ်းမှုပြဿနာများ

လူတွေ ဘာကြောင့် ဆေးစွဲကြတာလဲ။

လူတွေ မူးယစ်ဆေးစွဲတာ ဒါမှမဟုတ် ဆေးဝါးတစ်ခုခုကို အလွန်အကျွံ သုံးစွဲကြတာမျိုး မြင်ဖူးကြမှာပေါ့။ ဒီအခြအနေကို ဆေးစွဲတယ်လို့ သတ်မှတ်ကြပါတယ်။ ဆေးစွဲတဲ့သူတွေကို မြင်တဲ့အခါ လူတွေက ကိုယ့်ဘာသာ လူညွှန့်တုံးအောင် လုပ်နေတယ်။ အောင်မြင်မှုဒဏ် မခံနိုင်တာလေ။ အသိဉာဏ် မဲ့လိုက်တာဆိုပြီး ပြစ်တင် စကား ဆိုတတ်ကြပါတယ်။ ဒါကလည်း ဂရုဏာ ဒေါသောနဲ့ပေါ့။ ဒီလိုဖြစ်ရတာက အကြောင်းအရင်း အမျိုးမျိုး ရှိပါတယ်။ ဘာတွေကြောင့်များ လူတွေက သူတို့ကိုယ်သူတို့ အထိခိုက်ခံပြီး ဆေးစွဲတာလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။ လူတွေကို စွဲလမ်းစေတတ်တဲ့ အရာများ လူတွေကို စွဲလမ်းစေတဲ့အရာတွေက တစ်ခုမက ရှိနိုင်ပါတယ်။ အရက် ဆေးခြောက် ကိုကင်း ဘိန်း ဆေးလိပ် ဆေးဝါး စိတ်ကြွမူးယစ်ဆေး စတာတွေက လူတွကို စွဲလမ်းစေတတ်တဲ့ အရာတွေပေါ့။ လူတွေဘာကြောင့် မူးယစ်စေတဲ့ အရာတွေကို စွဲလမ်းတာလဲ................. မူးယစ်ဆေးကို […]


စွဲလမ်းမှုပြဿနာများ

ဆေးစွဲခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ

ဆေးစွဲခြင်းက ပစ္စုပ္ပန် တည့်တည့်အတွက်လည်း မကောင်းသလို နောက်ပိုင်းမှာလည်း ဆိုးကျိုးတွေကို ပေးပါတယ်။ ဆေးစွဲတာက ဘဝတိုးတက်မှုကိုတင် အဟန့်အတား ဖြစ်စေတာ မဟုတ်ဘဲ စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေတာပါ။ ပေါင်းသင်းဆက်ဆံရေးရော အလုပ်ခွင်မှာပါ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ အပျော်သဘောကနေ စလုပ်မိရာက စိတ်မထိန်းနိုင်ပဲ ဆေးစွဲသွားတဲ့အခါ ရေရှည်မှာ ဘယ်လို ဆိုးကျိုးတွေ ရလာနိုင်မလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဆေးစွဲခြင်းရဲ့ ကာလတို ပြဿနာ ဆေးစွဲတာက ကာလတိုမှာ အခုလို ပြဿနာလေးတွေ ရှိနိုင်ပါတယ်။ အစာစားချင်စိတ် မရှိတာ အိပ်မပျော်တာ နှလုံးခုန် မြန်တာ စကားတွေ တောင်စဉ်ရေမရ ပြောတာ စဉ်းစားတွေးခေါ်နိုင်စွမ်း ကျသွားတာ ဆင်ခြင်တုံတရား နည်းသွားတာ ပေါင်းသင်းဆက်ဆံရေး ပြဿနာ အလုပ်လုပ်နိုင်စွမ်း ကျသွားတာ တစ်ကိုယ်ရေ သန့်ရှင်းရေး အားနည်းတာ ကိုယ်အလေးချိန် တအားကျသွားတာ အရင်က […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကိုယ့်အလှအပတရားကို အကောင်းမြင်စိတ်နဲ့ ကြည့်ပါ

လူဆိုတာ သိပ်ခက်တယ်ဗျ။ ဘယ်နတ်ဘုရား၊ ဘယ်သဘာဝကမှ ဖန်ဆင်းသတ်မှတ်ထားခြင်း မရှိတဲ့ စံနှုန်းတွေကို လူတွေကိုယ်တိုင် ဖန်တီးယူပြီး သတ်မှတ်ကြတယ်။ ဒီသတ်မှတ်ချက်တွေက လူ့ပတ်ဝန်းကျင်ထဲ လျင်မြန်စွာ ပျံ့နှံ့သွားတဲ့အခါ Trend လို့ခေါ်တဲ့ ခေတ်ရေစီးကြောင်းတွေ ဖြစ်လာကြတယ်။ လူတိုင်းဟာ မွေးလာကတည်းက ကိုယ်ပိုင်အလှတရားကိုယ်စီနဲ့ မွေးလာကြတာပါ။ တစ်နေရာတည်းမှာ ကွက်လှတဲ့သူရှိသလို၊ အစိတ်အပိုင်း အားလုံးခြုံကြည့်ပြီး လှတဲ့သူတွေလည်း ရှိတယ်။ အတွင်းစိတ်ထားလှတဲ့သူတွေလည်း ရှိသလို အပြင်ပိုင်း ရုပ်ဆင်းသဏ္ဍာန်လှတဲ့သူတွေ ရှိကြတယ်။ ဒါပေမယ့် ပြစ်မျိုးမှဲ့မထင် အချိန်တိုင်း၊ နေရာတိုင်း လှနေတဲ့သူဆိုတာတော့ မရှိပါဘူး။ ကိုယ့်ရဲ့ အလှအပကို ကိုယ်တိုင်မြင်ပါ။ ကိုယ့်ရဲ့ အတွင်း၊ အပြင်အစိတ်အပိုင်းအားလုံးမှာ ဘယ်နေရာကတော့ လှပလဲ၊ ကြည့်ကောင်းလဲ၊ ပြေပြစ်လဲ စတာတွေက သူများပြောစရာမလိုဘဲ ကိုယ့်ဘာသာ သိနားလည်အောင် အရင်ဆန်းစစ်ကြည့်ဖို့က အရေးကြီးပါတယ်။ ကိုယ့်ရဲ့အလှကို ကိုယ်တိုင်သိမှ ဒီအလှအပကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း